ရှေ့သို့ခြေတလှမ်း
Vol. 70 Ch. 698
မူလစွမ်းအင်ကျောင်းတော်သည်ကား မူလစွမ်းအင်များကို ရေတံခွန်ပမာ သွန်ချနေ၏။
တလစပ်စီးဆင်းနေသော မူလစွမ်းအင်များကြောင့် စုချန်း၏ ကြာပန်းအုတ်မြစ်မှာ ပို၍ ပုံသဏ္ဍာန်ပီပြင်လာခဲ့ပြီ ဖြစ်သည်။
သို့သော်ငြားလည်း သူ၏ ကြာပန်းအုတ်မြစ် ပုံစံပီပြင်လာပြီး အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်အား မွေးရာပါစွမ်းရည်အဖြစ် သွတ်သွင်းပြီးသကာလ သူ့ကြာပန်းအုတ်မြစ်သည် တခြားလူများနှင့် မတူပဲ ကွဲပြားနေကြောင်း စုချန်း သိလိုက်ရလေသည်။
သာမာန်အခြေအနေများတွင် ကြာပန်းအုတ်ဖြစ်သည် လက်သီးဆုပ်အရွယ်ခန့်သာ ရှိတတ်၏။ ယခုတော့ စုချန်း၏ ကြာပန်းအုတ်မြစ်သည် ဦးခေါင်းအရွယ်အစားခန့် ရှိနေလေသည်။
၎င်းမှာ မူလစွမ်းအင်များ လုံလုံလောက်လောက် မသိပ်သည်းနိုင်၍ မဟုတ်ပဲ သူ့လေ့ကျင့်ထားသည့် ခြောက်ပစ်ကင်းနည်းစနစ်ကြောင့်သာ ဖြစ်ကြောင်း စုချန်း ချက်ချင်းသဘောပေါက်လိုက်၏။ စုချန်း စုဆောင်းထားသည့့် မူလစွမ်းအင်များသည် တခြားလူများထက် များစွာ ပိုမိုနေ၏။ ထို့ကြောင့် ကြာပန်းအုတ်မြစ်၏ အရွယ်အစားမှာလည်း ဆတူကြီးမားလာခြင်းပင်။
ထိုအနေအထားကြောင့် နောက်ထပ်မူလစွမ်းရည်တမျိုးကိုပါ မွေးရာပါစွမ်းရည်အဖြစ် ပြောင်းလဲနိုင်ကြောင်း စုချန်း သိလိုက်၏။
သူ အလွန်ဝမ်းသာသွားလေသည်။
သာမာန်အားဖြင့်ဆိုလျင် လူအများစုသည် ၎င်းတို့၏ အစွမ်းအထက်ဆုံး စွမ်းရည်များကိုသာ မွေးရာပါစွမ်းရည်အဖြစ် ပြောင်းလဲတတ်ကြသည်။ သို့သော် စုချန်း၏ အစွမ်းအထက်ဆုံးစွမ်းရည်မှာ ကမ္ဘာဦးသွေးပုံရိပ် ဖြစ်သည်။ ၎င်းကို မွေးရာပါစွမ်းရည်အဖြစ် ပြောင်းလဲ၍မရ။ ထို့ကြောင့် နောက်ဆုံးတွင် ရှီကိုင်းဟွမ်၏ ဆူမာရုလေဟာနယ်ကို မွေးရာပါစွမ်းရည်အဖြစ် ပြောင်းလဲရန် စုချန်း ဆုံးဖြတ်လိုက်လေသည်။
ဆူမာရုလေဟာနယ်မှာ လေဟာနယ်အမျိုးအစား မူလစွမ်းရည်ဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်အား ပိတ်ချပစ်နိုင်၏။ ရန်သူများအား နှေးကွေးသွားစေနိုငိ၏။ ဤနည်းအားဖြင့် သူသည် တိုက်ခိုက်ရာတွင် ပိုမိုလွယ်ကူလာပေလိမ့်မည်။
ကြာပန်းအုတ်မြစ်၏ ပတ်ပတ်လည်တွင် ရှုပ်ထွေးသော ပုံစံများစွာ ပေါ်လာ၏။ ကြာပန်းပလ္လင်မှာ ပြီးစီးသွားလေပြီ။ ဆူမာရုလေဟာနယ်မှာလဲ ကြာပန်းပလ္လင်တွင် တံဆိပ်ခတ်နှိပ်ပြီးသွား၏။
မူလစွမ်းရည်နှစ်မျိုးအား မွေးရာပါစွမ်းရည်အဖြစ် ပြောင်းလဲပြီးသွားသော်လည်း စုချန်း၏ ကြာပန်းအုတ်မြစ်မှာ မပြည့်စုံသေး။
ထိုအခါ စုချန်းသည် ကြာပန်းအုတ်မြစ်ပေါ်တွင် ဝိညာဥ်အား တံဆိပ်ခတ်နှိပ်ရပြန်၏။ ထိုသို့ တံဆိပ်ခတ်နှိပ်ခြင်းကြောင့် စုချန်း၏ ဝိညာဥ်သည် ပို၍ အားကောင်းသန်မာလာတော့မည် ဖြစ်သည်။ လူသားကျင့်ကြံသူတဦးအနေနှင့် ထိုအဆင့့်အတန်းသို့ ရောက်ရှိသွားပါက ၎င်း၏ ဝိညာဥ်စွမ်းအားသည် အဆပေါင်းများစွာ မြင့်မားသွားခဲ့လေပြီ။
ရုတ်ချည်းဆိုသလိုပင် စုချန်း၏ စိတ်ဝိညာဥ်သည် ကြာပန်းအုတ်မြစ်အတွင်း ဝင်ရောက်သွား၏။ ထိုအခါ ကြာပန်းအုတ်မြစ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး လေထဲတွင် ကြေးစည်သံများ သာယာညှင်းပျောင်းစွာ ပေါ်ထွက်လာ၏။ တဆက်တည်းမှာပင် ကောင်းကင်ယံမှ ပန်းပွင့်များ တဖွဲဖွဲ ပြုတ်ကျလာလေသည်။
အဆိုပါ ပန်းများသည် မူလစွမ်းအင်များဖြင့် ဖွဲ့စည်းထား၏။ စုချန်း၏ ထိန်းချုပ်မှုကြောင့် ၎င်းစွမ်းအင်များ မရေမတွက်နိုင်သော ပန်းချပ်လွှာများအဖြစ် ပြောင်းလဲသွားကြခြင်းပင်။
အလုံပိတ်ခန်း ဖြစ်နေ၍သာ တော်တော့သည်။ အဆိုပါမြင်ကွင်းအား တခြားသူများ တွေ့သွားပါက ပါးစပ်အဟောင်းသား ဖြစ်သွားလောက်ပေသည်။
ယေဘုယျအားဖြင့်ဆိုရလျင် တစုံတဦး၏ ဝိညာဥ်သည် ကြာပန်းအုတ်မြစ်ပေါ်တွင် အကြိမ်အနည်းငယ်ခန့့်သာ လှုပ်ရှားနိုင်ပြီး အလင်းရောင်များ၊ အရိပ်များသာ ပေါ်ထွက်လာတတ်၏။ သို့သော် ယခုတွင်တော့ စုချန်း၏ ကြာပန်းအုတ်ဖြစ်သည် ရှေ့တိုးနောက်ငင် လှုပ်ရှားလျက်ရှိ၏။ ကောင်းကင်ပေါ်မှလည်း ပန်းများ တဖွဲဖွဲ ပြုတ်ကျနေ၏။ ကြာပန်းအုတ်မြစ်မှ ထွက်ပေါ်လာသော အလင်းရောင်များသည်လည်း ကြာပန်းအတောင်ပံများအဖြစ် ပြောင်းလဲသွားကုန်၏။ ကြာပန်းပလ္လင်ပေါ်တွင်တော့ စုချန်းနှင့် ဆင်တူသည့့် လူတယောက်က် တင်ပျဥ်ခွေထိုင်လျက်ရှိလေသည်။
ယခင့့်ယခင် မည်သည့့်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မှ မစွမ်းွမ်းဆောင်နိငင်ဖူးသည့့် ဖြစ်ရပ်ပေတည်း။
နတ်ဘုရားကြာပန်းပလ္လင်ပေတကား။
ထိုအခိုက်အတန့့်ဝယ် မူလစွမ်းအင်ကျောင်းတော်တခွင်လုံး မျက်စေ့ကျိန်းစပ်လုမတတ် အလင်းရောင်များနှင့် ပြည့်လျှမ်းလျက်ရှိသည်။ စုချန်း၏ စိတ်ဝိညာဥ်သည်လည်း မူလစွမ်းအင်ကျောင်းတော်နှင့် ပေါင်းစပ်သွား၏။ ကြာပန်းအုတ်မြစ်၏ အားဖြည့်မှုကြောင့် စိတ်ဝိညာဥ်စွမ်းအား ထပ်မံတိုးပွားသွားပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်လေသည်။
သို့သော် ၎င်းကို စုချန်း အာရုံမစိုက်ိုက်နိုင်သေး။ သူသည် ကြာပန်းအုတ်မြစ်ဖန်တီးခြင်း၏ နောက်ဆုံးအဆင့့်အား ပြီးပြည့်စုံရန်စေသာ အပြည့်အဝ အာရုံစိုက်ထား၏။
မူလစွမ်းအင်နှင့် စိတ်ဝိညာဥ်စွမ်းအင်တို့ ပေါင်းစပ်မိသည့့်ခနတွင်တော့ ကြာပန်းအုတ်မြစ်၏ ပတ်ပတ်လည်တွင် ကွင်းဆက်သဏ္ဍာန်ကြိုးများ ပေါ်ပေါက်လာပြီး ၎င်းသည် အမျိုးအမည်မသိရသောနေရာသို့ ဦးတည်ရွေ့လျားသွားလေသည်။
၎င်းမှာ နောက်ဆုံးတံတားတည်ဆောက်ခြင်းဖြစ်ပြီး အနှီတံတားသည် လူသား၊ ကြာပန်းနှင့် ကမ္ဘာတို့အား တသားားတည်းဖြစ်အောင် ပေါင်းစပ်ပေးပေလိမ့်မည်။
သို့သော် စုချန်း၏ ကွင်းဆက်ကြိုးများသည် ဤတကြိမ်တွင်လည်း တခြားသူများနှင့်မတူပဲ ကွဲပြားနေပြန်၏။
တခြားသူများသည် အဖြူရောင်ကွင်းဆက်များအား တံတားအုတ်မြစ်အဖြစ် အသုံးပြုကြလေ့ရှိသည်။ ကွင်းဆက်အရေအတွက်မှာလည်း ခြောက်ခုမှ ရှစ်ခုအထိ ရှိနေတတ်၏။
သို့သော် စုချန်း၏ ကွင်းဆက်များမှာ ရွှေရောင်ဖြစ်ပြီး ကွင်းဆက်၁၈ခုထိ ရှိနေ၏။ ကွင်းဆက်များပေါ်တွင်လည်း အလွန်ရှေးကျပြီး ဆန်းကြယ်သည့့် ရေစာများနှင့် ပြည့်နှက်နေလေသည်။
တံတားတည်ဆောက်ခြင်းသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်မည့့်ကျင့်ကြံသူ နောက်ဆုံး ဆောင်ရွက်ရမည့်အရာ ဖြစ်သည်။ ၎င်းအဆင့့်ကို ကျော်ဖြတ်ပြီးပါက ထိုသူကို အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း ဝင်ရောက်ပြီးပြီဟု သတ်မှတ်နိုင်၏။ ထိုအဆင့့်သို့ရောက်ပါက ကမ္ဘာကြီးပေါ်မှ စွမ်းအင်များအား ထုတ်ယူသုံးစွဲနိုင်ပြီ ဖြစ်သည်။
ထိုစွမ်းအင်များ ထုတ်ယူသုံးစွဲနိုင်သည့့် နှုန်းထားမှာလည်း တံတားအပေါ်တွင် အလုံစုံ မူတည်နေပေသည်။
စုချန်းသည် အားကုန်သုံးပြီး ရွှေကွင်းဆက်များအား လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာထိ ဆန့့်ထုတ်လိုက်၏။
၎င်းသည် အခြားကမ္ဘာတခုအတွင်း ဝင်ရောက်သည်နှင့် တူနေ၏။ စုချန်း၏ တကိုယ်လုံးမှာ ပြင်းထန်စွာ တုန်ခါနေခဲ့လေပြီ။
နောက်ဆုံးတွင်ရွှေရောင်ကွင်းဆက်များသည် တည်ငြိမ်လာပြီး ချီပင်လယ်ပြင်းကြီး အံဝင်ခွင်ကျ ဆက်သွယ်မိသွားတော့သည်။ ထို့နောက် ၎င်းကွင်းဆက်များသည် အစအနပင် မကျန်ျန်ပဲ ပျောက်ကွယ်သွားလေသည်။
ကြာပန်းအုတ်မြစ်သည်လည်း စုချန်း၏ ကိုယ်တွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ တဆက်တည်းမှာပင် စုချန်းထံမှာ အလင်းရောင်များ ပြိုးပြိုးပျက်ပျက် ထွက်ပေါ်လာ၏။
ထိုအခါကျမှ စုချန်း မျက်လုံးအစုံကို ဖွင့်ကြည့်ပြီး သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။
နောက်ဆုံးတော့ သူ အောင်မြင်သွားပြီ မဟုတ်ပါလား။
ဤယနေ့တွင် လူသားများ၏ ကျင့်ကြံခြင်းစနစ်အတွက် တံခါးသစ်တချပ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီမှန်း စုချန်း ကောင်းစွာ သဘောပေါက်လိုက်သည်။
ထိုတံခါးကို ဖြတ်သန်းရန် ကန့့်သတ်ချက်များ ရှိနေသေးသည်မှာ အမှန်ပင်။ သို့သော် ပြသနာ၏ အဖြေကို သူ ရှာတွေ့မည်ဟု စုချန်း တထစ်ချ ယုံကြည်ထား၏။
သို့တိုင်အောင် မူလစွမ်းအင်ကျောင်းတော်၏ မူလစွမ်းအင်များမှာ ဆက်လက်စီးဆင်းနေသေး၏။ ထိုအခါ စုချန်းက သတ်ဖြတ်သူများ၏ နည်းစနစ်အတိုင်း လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သတ်ဖြတ်သူများ၏ ရုပ်ပိုင်းဆိုင်ရာသည် သာမာန်လူများနှင့် များစွာ ကွဲပြားနေ၏။ လေ့လာနေသည်မှာ အတော်ပင် ကြာနေပြီဖြစ်၍ စုချန်းသည် ၎င်းတို့၏ လျှို့ဝှက်ချက်တချို့ကို သိရှိထားပြီး ဖြစ်သည်။ ထိုအခါ စုချန်းသည် ပထမဦးစွာ ဆေးဆချို့ကို မော့သောက်ချလိုက်ပြီး သတ်ဖြတ်သူလမ်းစဥ်အတိုင်း ချီပင်လယ်ပြင်ကို လှည့်ပတ်စေလိုက်၏။ ထိုခနမှာပင် သူ၏ အသက်ဓာတ်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာလေသည်။
စုချန်း၏ ကိုယ်ခန္ဓာသည် အပြင်ပန်းတွင်သာ သတ်ဖြတ်သူများနှင့် တူညီနေခြင်းမဟုတ်တော့ပဲ အတွင်းပိုင်းလက္ခဏာတချို့သည်လည်း သတ်ဖြတ်သူများကဲ့သို့ ပြောင်းလဲလာတော့၏။ သက်စောင့်ဓာတ်၏ အခြေခံပြောင်းလဲမှုကြောင့် စုချန်းတယောက်က် သတ်ဖြတ်သူတဦး၏ ရုပ်ပိုင်းလက္ခဏာတချို့ကို ပိုင်ဆိုင်သွားသည့့် သဘောပင်။
တဖန် စုချန်းသည် ကျောင်းတော်၏ မူလစွမ်းအင်များအား ရုပ်ပိုင်းခန္ဓာအဖြစ် ပြောင်းလဲရန် ကြိုးစားကြည့်ပြန်၏။ စုချန်းသည် ကျောင်းတော်၏ မူလပုံစံကွက်များအား ကျွမ်းကျင်နေ၍သာ ထ်ိုသို့ လုပ်ဆောင်နိုင်ခြင်းပင်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးဖြစ်နေ၍လည်း ထိုလုပ်ဆောင်ချက်သည် တနည်းည်းတဖုံ လွယ်ကူလာ၏။
ထိုခနတွင် စုချန်း၏ ကြာပန်းအုတ်မြစ်သည် လေထဲတွင် ပြန်လည်ထွက်ပေါ်လာပြန်သည်။ ထိုအခါ ကျောင်းတော်၏ မူလစွမ်းအင်များသည် ကြာပန်းအုတ်မြစ်နှင့် စုချန်းကိုယ်အတွင်းသို့ ပြိုင်တူစီးဝင်နေတော့၏။ တဆက်တည်းမှာပင် စုချန်း၏ ကိုယ်ခန္ဓာသည် သူ့ကိုယ်တွင်းသို့ စီးဝင်နေသော မူလစွမ်းအင်များအား သက်စောင့်ဓာတ်အဖြစ် ပြောင်းလဲပေးနေ၏။ အဆ််ို််ိုပါ ပြောင်းလဲမှုနှုန်းထားသည် သတ်ဖြတ်သူတဦးနှင့်စာလျင် နှေးတော့နှေး၏။ သို့သော် လူသားတဦးအတွက်တော့ မယုံကြည်နိုင်လောက်စရာ ပမာဏဖြစ်သည်။ ထိုအခါ စုချန်း၏ ရုပ်ပိုင်းဆိုင်ရာသည်လည်း မြန်မြန်ဆန်ဆန်ပင် ဖွံ့ဖြိုးတိုးတက်လာ၏။
သတ်ဖြတ်သူတဦးသာ ထိုမြင်ကွင်းကို မြင်သွားပါက အံ့သြလွန်း၍ ပက်လက်လန်သွားပေလိမ့်မည်။
သက်ရောက်မှုမှာ သိသာလှပေရာ စုချန်း၏ သက်စောင့်အားသည် သန်မာသည်ထက် သန်မာလာ၏။ သူကြွက်သားများသည်လည်း သန်မာထွားကျိုင်းလာလေသည်။ သူ့ကိုယ်ဆီမှလည်း အားကောင်းလှသော သက်စောင့်အရှိန်အဝါများ ထွက်ပေါ်နေ၏။ စုချန်း၏ ကိုယ်တွင်းကလပ်စည်းတခုစီတိုင်းတွင် ကြောက်စရာအင်အားများနှင့် ပြည့်နှက်နေခဲ့လေပြီတည်း။
အချိန်ကျလာခဲ့ပေပြီ။
သူ့ကိုယ်ခန္ဓာသည် ကန့့်သတ်ချက်သို့ ရောက်ရှိနေပြီမှန်း စုချန်း ခံစားမိလိုက်သည်။
ကြည့်နေရင်းနှင့်ပင် မူလစွမ်းအင်ကျောင်းတော်၏ အပေါ်ရှိ အလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်ဖျော့တော့သွား၏။
စုချန်း အသက်ကိုဝအောင်ရှုသွင်းပြီး သတ္တုကန်အတွင်းမှ ထရပ်လိုက်သည်။ ထို့နောက် သူသည် အဝတ်အစားများကို ပြန်လည်ဝတ်ဆင်ပြီး တံခါးပွင့်လာမည့့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
မူလစွမ်းအင်ကျောင်းတော်ခရီးစဥ်ကား စုချန်းအတွက် များစွာ အကျိုးအမြတ်ရှိစေခဲ့လေပြီ။ သူသည် အလင်းတုန်ခါခြင်းနယ်ပယ်အတွင်း ဝင်ရောက်နိုင်ခဲ့သည့့်အပြင် ရုပ်ပိုင်းဆိုင်ရာနှင့် တိုက်စွမ်းအားမှာ များစွာ မြင့်မားလာခဲ့ပြီ မဟုတ်ပါလား။
စုချန်း၏ လက်ရှိအဆင့့်အတန်းအရ ကြာပန်းခုနှစ်ပွင့်အဆင့့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှင့် ရင်ဆိုင်ရလျင်ပင် အထူးအထွေ ပြသနာမရှိတော့။ အချိန်တခုကြာလာပါက သူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်နှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။
သိပ်မကြာမီ မူလစွမ်းအင်ကျောင်းတော်၏ တံခါးသည် ကျွီခနဲ ပွင့်သွား၏။ ထိုအခါ စုချန်းလည်း ကျောင်းတော်အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့လေသည်။
ကျောင်းတော်အပြင်သို့ရောက်ခိုက်မှာပင် သူ့ထံသို့ ဦးတည်လာသော သတ်ဖြတ်သူစစ်သားအုပ်ကို စုချန်း တွေ့လိုက်ရ၏။
အစောင့်များနှင့်မတူသည်မှာကား အဆိုပါ စစ်သားများသည် ပုံစံကျနစွာ ဆင်ယင်ထားပြီး လမ်းလျှောက်ရာတွင်လည်း စနစ်ကျလှသည်။
၎င်းတို့တယောက်က်ချင်းစီသည် နတ်ဆိုးသားရဲအရေခွံများနှင့် ပြုလုပ်ထားသည့့် ချပ်ဝတ်များကို ဝတ်ဆင်ထား၏။ ၎င်းတို့လက်ထဲတွင်တော့ ဓားများကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။ ၎င်းတို့၏ ဦးခေါင်းတွင််တော့ ဦးချိုပါ စစ်သုံးခမောက်များကို ဆောင်းထား၏။
ဘုရင့့်ကိုယ်ရံတော်တပ်ဖွဲ့ဝင်များပေတကား။ ၎င်းတို့သည် ဂေါလန်ရဲတိုက်၏ ထိပ်တန်းဘုရင့့်ကိုယ်ရံတော်တပ်ဖွဲ့ဝင်များမှန်း ယုံမှားသံသယရှိနေစရာမလိုတော့။
ဒီကောင်တွေ ဘာကြောင့် ဒီရောက်လာတာလဲ...
ငါ့အကြောင်း သိကုန်ကြပြီလား...
ဒန်ဘာ ငါ့ကို ရောင်းစားလိုက်ပြီလား...
စုချန်း၏ ခေါင်းထဲတွင် အမျိုးမျိုးသော အတွေးများ ပေါ်ပေါက်နေလေသည်။
အထက်ပါအတိုင်း တွေးတောနေစဥ်မှာပင် စစ်သားအုပ်ကြီးသည် နှစ်ခြမ်းခွဲလိုက်ရာ အလယ်တွင် လျှောက်လမ်းတခု ပေါ်လာသည်။ ထို့နောက် လျှောက်လမ်းတလျှောက် ကော်ဇောနီတခု ပေါ်လာပြန်သည်။ ကော်ဇာနီခင်းလျှောက်လမ်းသည် မူလစွမ်းအင်ကျောင်းတော်ဆီသို့ ဦးတည်နေ၏။
လျှောက်လမ်းတလျှောက် စစ်သားတစု လမ်းလျှောက်လာ၏။ ထိပ်ဆုံးမှ စစ်သားသည် သရဖူတခုကို ဆောင်းထားပြီး သွေးနီရောင်ဝတ်ရုံကို ဆင်မြန်းထားသည်။ ၎င်း၏ လက်တွင် နတ်ဆိုးဧကရာဇ်သလင်း မြှုပ်နှံထားသော တောင်ဝှေးတချောင်းကို ကိုင်ဆောင်ထား၏။
၎င်းကိုင်ဆောင်ထားသည့့် တောင်ဝှေးမှာ အရိုးတခုနှင့် ဖန်တီးထားသော တောင်ဝှေးဖြစ်သည်။
သွေးနီရောင်တောင်ဝှေးသည် မည်သည့့်အလင်းရောင်မှ ထွက်ပေါ်နေခြင်းမရှိ။ သို့သော် ၎င်းကို ဖြတ်ခနဲ ကြည့်မိရုံနှင့် ထူးခြားဆန်းကြယ်မှုများနှင့် ပြည့်နှက်နေကြောင်း ခံစားမိနိုင်ပေသည်။
***