← Chapters

မူလအရိုးတောင်ဝှေး

Vol. 70 Ch. 699

မူလအရိုးတောင်ဝှေး

Vol. 70 Ch. 699

မူလအရိုးတောင်ဝှေးကို မြင်လိုက်သည့်ခနမှာပင် မည်သူ ရောက်ရှိလာမှန်း စုချန်း သဘောပေါက်လိုက်လေသည်။

သတ်ဖြတ်သူမျိုးစိတ်၏ ဧကရာဇ်၊ အရူးဘုရင် အနူဘီမီးလျံပေတကား။

သူ့အတွက် မည်သည့်အဓိပ္ပာယ်မှ မရှိစေကာမူ မူလအရိုးနှင့် ပြုလုပ်ထားသည့်တောင်ဝှေးအား အရူးဘုရင်အနူဘီတဦးသာလျင် ကိုင်ဆောင်ခွင့်ရှိ၏။

တကယ်တော့ မူလအရိုးသည် တောက်ပခြင်းနဂါး၏ ဦးခေါင်းအူတိုင်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ တကယ်တော့ ၎င်းသည် အရိုးစစ်စစ်ပင် ဟုတ်ပုံမရပဲ တောက်ပခြင်းနဂါး၏ စိတ်ဝိညာဥ်ဟုပင် ဆိုနိုင်သည်။ နဂါးကြီးသေဆုံးသွားပြီးနောက် ၎င်း၏ စိတ်ဝိညာဥ်သည် အစိုင်အခဲပုံသဏ္ဍာန် လက်ရှိမြင်နေရသော အနေအထားအတိုင်း ပြောင်းလဲသွားခြင်းပင်။

၎င်းမှာ ကောလဟလ ဖြစ်စေကာမူ အရေးမကြီး။ အရေးကြီးသည်မှာ ၎င်းတွင် သဲနာရီကဲ့သို့ အတိတ်နှင့်အနာဂတ်အား မြင်တွေ့စေနိုင်သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခြင်းပင်။

အရိုးနတ်ဆရာများသည်လည်း မူလအရိုးနှင့် ဆက်သွယ်ပြီး အနာဂတ်ကို ဖတ်ကြားနိုင်စွမ်း ရှိကြ၏။ သေချာပေါက်ပြောနိုင်သည်မှာ အရိုးနတ်ဆရာများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာကို သုံးကာ မူလအရိုးအား အားဖြည့်ပေး၏။ မူလအရိုးကလည်း ၎င်းတို့အား အတိတ်၊ အနာဂတ်ကို မြင်တွေ့စေနိုင်သည့် အစွမ်းသတ္တိမျိုး ပြန်ပေးလေသည်။

ထို့ကြောင့် သတ်ဖြတ်သူများသည် ရှေးအတီတေကာလတုန်းက မူလအရိုးအား နတ်ဘုရားကျောင်းတော်၏ ယစ်ပူဇော်ရာခန်းမတွင်သာ သိမ်းဆည်းထားလေ့ရှိကြ၏။ အရိုးနတ်ဆရာများသာ မူလအရိုးနှင့် ဆက်သွယ်ခွင့်ရှိကြလေသည်။

သို့သော် ထိုအခြေအနေမှာပင် သတ်ဖြတ်သူများ၏ မိုက်ရူးရဲဆန်သော ဗီဇက ပြန်ပေါ်လာပြန်၏။

လွန်ခဲ့သော နှစ်ပေါင်း၁၈၀၀ခန့်တွင် ချာနာသည် တာရစ်အား သတ်ပစ်ပြီး သူမကိုယ်သူမ ဘုရင်မအဖြစ် ကြေငြာလိုက်၏။ ၎င်းကို မကျေနပ်သော ဘားနတ်သည် မူလအရိုးကို ခိုးယူသွားပြီး တစင်ထောင်ကာ သူ့အသိုက်ကို သံမဏိအရိုးအသိုက်ဟု နာမည်ပေးလိုက်လေသည်။

သို့သော် နတ်ဘုရားကျောင်းတော်၏ အထောက်အပံ့ကို မရခြင်းကြောင့် ဘားနတ်အနေနှင့် မူလအရိုး၏ စွမ်းရည်ကိုတော့ အသုံးပြုနိုင်ခြင်း မရှိခဲ့။

သတ်ဖြတ်သူများသည် စဥ်းစားရမည်ကို ကြောက်ရွံ့ကြ၏။ ကမူးးထိုးရှုးထိုး လုပ်တတ်ကြ၏။ ဤတကြိမ်တွင်လည်း ၎င်းတို့ကို ရူးသွပ်မိုက်မဲသော စိတ်ကူးစိတ်သန်းကို အကောင်အထည် ဖော်ကြပြန်၏။ ၎င်းမှာ မူလအရိုးကို တိုက်ပွဲတွင် အသုံးချရန် သူတို့ ကြိုးစားကြခြင်းပင်။

နှစ်ပေါင်းရာချီအောင် ပြင်းပြင်းထန်ထန် ကြိုးစားကြပြီးနောက် သူတို့၏ အဆိုပါစိတ်ကူးမှာ အမှန်တကယ်ပင် အကောင်အထည်ပေါ်သွား၏။

သံမဏိအရိုးအသိုက်သည် အချိန်စွမ်းရည်များကို ပိုင်ဆိုင်သော နတ်ဆိုးဧကရာဇ်တကောင်ကို သတ်ပစ်ပြီး ၎င်းထံမှ မူလသလင်းကို အရိုးတွင် တပ်ဆင်လိုက်ကြ၏။ ဤနည်းအားဖြင့် မူလအရိုးသည် အချိန်စွမ်းရည်များကို အသုံးချနိုင်သော လက်နက်အဖြစ် ပြောင်းလဲသွားတော့သည်။ တနည်းအားဖြင့် မူလအရိုးသည် မဟာဗျူရာဆိုင်ရာ အသုံးချခံမဟုတ်တော့ပဲ တိုက်ခိုက်ရေးလက်နက်တခုအဖြစ်ပါ ပြောင်းလဲသွားသည့် သဘောပင်။

သို့သော် ၎င်းမှာ ကောင်းသောကိစ္စတော့ မဟုတ်။

အကြောင်းမှာ သံမဏိအရိုးအသိုက်၏ မိုက်ရူးရဲဆန်သောလုပ်ရပ်ကြောင့် မူလအရိုး၏ နတ်ဘုရားဆန်သော စွမ်းရည်များ များစွာ ယုတ်လျော့သောကြောင့်ပင်။

သံမဏိအသိုက် ပြိုကွဲသွားပြီးနောက် နတ်ဘုရားကျောင်းတော်သည် မူလအရိုးတောင်ဝှေးအား ပြန်လည်သိမ်းဆည်းရန် ကြိုးပမ်းလာပြန်၏။ သို့သော် ထိုခေတ်အခါက အုပ်ချုပ်သူ အနီရောင်သိမ်းငှက်အသိုက်ကမူ တောင်ဝှေးအား နိုင်ငံရတနာအဖြစ် ဘုရင့်နန်းတော်တွင်သာ သိမ်းဆည်းထားလို၏။

အငြင်းပွားမှုသည် ရာစုနှစ်ချီ ကြာမြင့်ခဲ့သော်လည်း တိကျသောအဖြေတော့ ထွက်မလာခဲ့။

သာမာန်အာဖြင့် မူလအရိုးတောင်ဝှေးသည် နတ်ဘုရားကျောင်းတော်တွင်သာ ရှိသင့်သည့်အရာ ဖြစ်သည်။ တဖက်တွင်လည်း ၎င်းသည် ဧကရာဇ်၏ အရေးကြီးသော အမှတ်အသားတခု ဖြစ်နေပြန်၏။ ဧကရာဇ်အနေနှင့် တောင်ဝှေးကို အရေးကြီးသော အခမ်းအနားများတွင် အသုံးပြုနိုင်သည်။ သို့တည်းမဟုတ် ခရီးသွားရာတွင် သုံးနိုင်သည်။

သဘောတရားမှာ ရိုးရှင်း၏။ ဧကရာဇ်အနေနှင့် တောင်ဝှေးကို အသုံးလိုသောအချိန်တွင် သုံးနိုင်သည်။ အသုံးမလိုသောအချိန်တွင် တောင်ဝှေးသည် နတ်ဘုရားကျောင်းတော်တွင်သာ ရှိနေရမည် ဖြစ်သည်။

ထိုသဘောတရားမှာ ယနေ့တိုင် အတည်ဖြစ်နေဆဲပင်။

ထိုအတွက်ကြောင့်လည်း အနူဘီနှင့် တောင်ဝှေးကို တွဲလျက်သာ စုချန်း တွေ့လိုက်ရခြင်းပင်။

သို့သော် အနူဘီတယောက်က် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရလေသနည်း။

လူသားတယောက် ရောက်နေမှန်း သိပါက ဘုရင်ကြီးကိုယ်တိုင် ရောက်လာစရာ မလို။ ယခုတော့ ကိုယ်တိုင်လာရုံမက မူလအရိုးတောင်ဝှေးကိုပါ ယူဆောင်လာသေး၏။

ထိုအကြောင်းကိုတွေးမိသည်နှင့် အနူဘီသည် သူ့ကြောင့်မဟုတ်ပဲ အခြားအကြောင်းတခုကြောင့် ရောက်လာခြင်းမှန်း စုချန်း သဘောပေါက်လိုက်သည်။

အနူဘီသည် ဘယ်ဖက်လက်တွင် မူလအရိုးတောင်ဝှေးကိုကိုင်ကာ ညာဖက်လက်တွင် ကြက်ဖကြီးကို ပွေ့ပြီး လျှောက်လာနေ၏။

ဟာ...ကြက်ဖကြီး...

စုချန်း မျက်လုံးပြူးသွားလေပြီ။

ဟာ...ဒါ...ငါတို့စမ်းသပ်ထားတဲ့ ကြက်နဲ့တူလှချည်လားဟ

ထိုအခိုက်မှာပင် ကျယ်လောင်လှသော အမိန့်သံ ထွက်ပေါ်လာ၏။

"ဘုရင်ကြီးအနူဘီကိုယ်တိုင်ကြွရောက်လာတာကို ခုချိန်ထိ ဒူးမထောက်သေးဘူးလား"

စုချန်း ကပျာကယာပင် ဒူးထောက်အရိုအသေပြုလိုက်၏။

"လွန်တူး အရှင်မင်းင်းကြီးကို အရိုအသေပြုပါတယ် အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

အနူဘီသည် စုချန်းဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာ၏။

"လွန်တူး ဟုတ်လား မင်း မဆိုးဘူး အမိန့်နာခံမှုရှိသားပဲ ဒီတော့ မင်းကို ဆုချလိုက်မယ်"

စကားဆုံးသည်နှင့် အနူဘီ၏ လက်ဝါးက စုချန်းဆီသို့ ကျရောက်လာ၏။

စုချန်း မျက်လုံးပြူးသွားပြီး မူလစွမ်းအင်များကို တကိုယ်လုံးအနှံ့ လှည့်ပတ်ကာ ကာကွယ်လိုက်ရသည်ည်။ လက်ဝါးရိုက်ချက်ကြောင့် စုချန်း လွင့်စင်သွား၏။

ကံကောင်းသည်မှာ အနူဘီသည် အင်အားကို အပြည့်အဝ ထုတ်မသုံးထားခြင်းပင်။ ထို့ပြင် စုချန်းကိုယ်တိုင်ကလည်း ယခင်ကထက် များစွာ သန်မာလာ၍သာ တော်သေးသည်။ သို့မဟုတ်ပါက မသေသည့်တိုင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

စုချန်း မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ့ပါးစပ်အတွင်းမှလည်း သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။

စုချန်းကို လှမ်းကြည့်ရင်း အနူဘီက ပြောလိုက်၏။

"မင်း မဆိုးဘူး အတော်လေး ခံနိုင်ရည်ရှိသားပဲ ဒါပေမဲ့ ကျုပ်ကို အပြင်မှာ အကြာကြီးစောင့်ရအောင်တော့ မင်း မလုပ်သင့်ဘူးလေကွာ"

ထိုအခါကျမှ အနူဘီ သူ့ကို အဘယ်ကြောင့် တိုက်ခိုက်မှန်း စုချန်း နားလည်သွားတော့သည်။ လက်စသတ်တော့ ကျောင်းတော်တံခါး ပိတ်နေ၍ စိတ်တိုနေခြင်းပေတကား။

စုချန်း ကြိတ်၍ သက်ပြင်းချလိုက်၏။

ထိုအချိန်တွင် သတ်ဖြတ်သူစစ်သားများသည် စုချန်းအား ဂရုမစိုက်တော့။ ထိုအခါ စုချန်းလည်း တဖြည်းဖြည်း နောက်သို့ဆုတ်လာခဲ့လေသည်။

ထိုအခါ ဒန်ဘာသည် စုချန်းဆီသို့ လျှောက်လာပြီး လေသံမျှနှင့် မေးလိုက်၏။

"မင်း အဆင်ပြေရဲ့လား"

"ပြေတယ် ဒါနဲ့ ဒီကောင် ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"

"သူ ကိုင်ထားတဲ့ကြက်ကို မင်း မမြင်ဘူးလား"

"ဒါဆို..."

"ဟုတ်တယ် အဲဲဒါ ကျုပ်တို့ စမ်းသပ်ထားတဲ့ကြက်ပဲ"

"သေစမ်း ဒါ အတော်ဆိုးသွားပြီကွ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်လေသည်။

တဆက်တည်းမှာပင် အနူဘီ ဘာကြောင့် မူလစွမ်းအင်ကျောင်းတော်သို့ ရောက်လာမှန်း စုချန်း သဘောပေါက်သွား၏။ အဆိုပါကြက်သည် မူလစွမ်းအင်နှစ်ခြင်းခံထားသော ကြက်ဖြစ်နေသည် မဟုတ်ပါလား။

သတ်ဖြတ်သူမျိုးစိတ်များသည် မည်မျှပင် ရူးမိုက်စေကာမူ မူလစွမ်းအင်နှစ်ခြင်းခံထားသည့် လက္ခဏာများအား မသိနိုင်စရာတော့မရှိ။ အကြောင်းမှာ ထိုအရာသည် သူတို့ နှစ်ပေါင်းထောင်သောင်းချီ လုပ်ဆောင်ခဲ့သောအရာ ဖြစ်နေသည် မဟုတ်ပါလား။

မူလစွမ်းအင်နှစ်ခြင်းခံထားသည့် လက္ခဏာရှိနေသော ကြက်ဖကြီး ကီတူလူနန်းတော်သို့ ရောက်လာသည့်အခါ သတ်ဖြတ်သူတိုင်း အကြီးအကျယ် အံ့သြကုန်၏။ ကြက်ဖကြီး ရရှိလာသော စွမ်းအားများသည် သတ်ဖြတ်သူများနှင့်လည်း ကွဲပြားနေသည် မဟုတ်ပါလား။ အကြောင်းမှာ ကြက်ဖကြီးသည် ခွန်အားသာ တိုးလာသည်မဟုတ်ပဲ ညဏ်ရည်ပါ မြင့်မားလာသောကြောင့်ပင်။

ထူးဆန်းသော ဖြစ်ရပ်သည် ကီတူလူနန်းတော်အား အုံအုံကြွက်ကြွက် ဖြစ်သွားစေ၏။ သတ်ဖြတ်သူအဆင့်အတန်းအားလုံးသည် ထ်ိုဖြစ်ရပ်အား မေးခွန်းထုတ်ကုန်ကြလေသည်။ အနူဘီ၏ စိတ်ဝင်စားမှုမှာလည်း အထွတ်အထိပ်သို့ ရောက်ကုန်၏။

အနူဘီသည် မည်မျှပင် ရူးသွပ်စေကာမူ ငတုံးတော့ မဟုတ်။ ဤကိစ္စ မည်မျှအရေးကြီးမှန်း သူ ကောင်းကောင်းသိထား၏။

ထိုအခါ အနူဘီသည် ကြက်ဖကြီးအား ယူငင်ကာ မူလစွမ်းအင်ကျောင်းတော်သို့ ပေါက်ချလာတော့၏။ သူ့ရည်ရွယ်ချက်မှာကား သဲလွန်စတစုံတရာ ရှာဖွေရန်ပင်။

သို့သော် လာသာလာရသည်။ ဘာလုပ်ရမည်မှန်း သူတို့ မသိကြချေ။

မူလစွမ်းအင်ကျောင်းတော်အတွင်း အုတ်အုတ်ကြွက်ကြွက် ဖြစ်နေသော အနူဘီတို့အုပ်စုကို ကြည့်ပြီး စုချန်းနှင့်ဒန်ဘာတို့ တီးတိုးပြောဆိုလျက် ရှိကြ၏။

"ဒီလိုဆိုတော့လဲ မဆိုးပါဘူး"

စုချန်းက မူလအရိုးတောင်ဝှေးအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း ဒါကိုယူဖို့ စဥ်းစားနေတာတော့ မဟုတ်ပါဘူးနော် မလုပ်နဲ့ ဒါကိုတော့ ကျုပ် မကူညီနိုင်ဘူး"

ဒန်ဘာက ယတိပြတ်ပင် ငြင်းလိုက်၏။

"ဒီလိုမပြောစမ်းပါနဲ့ကွာ မင်း ကျုပ်ဆီ မူလအရိုးယူလာပေးရင် ကျုပ်ကမင်းကို သတ်ဖြတ်သူမျိုးစိတ်အားလုံးကျင့်ကြံလို့ရမဲ့နည်းလမ်းကို ပြောပြမယ်လို့ သဘောတူထားတာ ကျုပ် မှတ်မိနေသေးတယ် ခု ကြည့်စမ်း အခွင့်အရေးက ကျုပ်တို့ လက်တကမ်းမှာ ရောက်နေပြီ"

"ဒါပေမဲ့ ဒီနည်းလမ်းကို မင်း ပေးပြီးနေပြီလေ"

"နောက်တဆင့်အတွက် ဆိုရင်ကောကွာ"

"လျှောက်ပြောမနေစမ်းပါနဲ့ကွာ အဲလိုနည်းလမ်းမျိုး တကယ်ရှိရင်တောင် မင်း ကျုပ်လက်ထဲ ထည့်ပေးချင်မှာ မဟုတ်ဘူးဆိုတာ ကျုပ် သိတယ်"

ဒန်ဘာက ချက်ချင်းပင် ပြန်ပြောလိုက်၏။

"ကျုပ် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့ခဲ့ပြီ မင်းတို့သတ်ဖြတ်သူတွေ နောက်ထပ်ကျင့်ကြံခြင်းနယ်ပယ်ကို တက်လှမ်းနိုင်မဲ့ နည်းလမ်းမျိုး ပေးလိုက်ရင်လဲ ကျုပ်အတွက် ပြသနာမရှိတော့ဘူး"

"ဒါပေမဲ့ မင်းနည်းလမ်းက သတ်ဖြတ်သူတိုင်း သုံးလို့မှမရပဲ"

"ကျုပ်လက်ထဲ မူလအရိုးရှိနေရင် သတ်ဖြတ်သူတိုင်းသုံးလို့ရမဲ့နည်းလမ်းကို အလွယ်တကူ ရှာနိင်လိမ့်မယ်"

ဒန်ဘာ မျက်လုံးပြူးသွား၏။

"မူလအရိုးကို စမ်းသပ်တဲ့နေရာမှသုံးဖို့ မင်း စိတ်ကူးနေတာလား"

စုချန်း ပြန်ဖြေလိုက်သည်။

"အတိတ်နဲ့အနာဂတ်ကို ကူးသန်းနိုင်တဲ့ ရတနာမျိုးကို အမှန်တရားကို ရှာတဲ့နေရာမှာ သိပ်ပြီးအသုံးဝင်တာပေါ့ကွာ"

"အနာဂတ်က ပြောင်းလဲနိုင်တယ် အမှန်တရားကတော့ ဘယ်တော့မှ မပြောင်းလဲဘူး မင်းအနေနဲ့ အနာဂတ်မှာ ဒီလိုနည်းလမ်းမျိုး တကယ်ဖန်တီးနိုင်ခဲ့ရင် ဒီနည်းလမ်းရဲ့လုပ်ဆောင်မှုအဆင့်ဆင့်ကို တကယ်ကြိုတင်ပြီးသိနိုင်ခဲ့ရင် ဒါက...."

"အချိန်ကုန်အများကြီး သက်သာသွားမယ်ကွာ"

စုချန်းက စကားဖြတ်ပြောလိုက်၏။

အနာဂတ်အား ကြိုတင်ခန့်မှန်းရန်မှာ ခက်ခဲလှ၏။ အကြောင်းမှာ အတိတ်တွင် ပြုလုပ်သမျှသည် အနာဂတ်အား ပြောင်းလဲသွားစေနိုင်သောကြောင့်ပင်။

ထို့ကြောင့် သတ်ဖြတ်သူများ မူလအရိုးကိုသုံးပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းတိုင်း မသေချာမရေသော အဖြေများကိုသာ ရရှိလေ့ရှိကြ၏။ မူလအရိုး၏ စွမ်းအင် ယုတ်လျော့လာသည့်နောက်ပိုင်းတွင်တော့ အဆိုပါ အဖြေများသည် ပို၍ပင် ပဟေဠိဆန်လာတော့သည်။

သို့သော် ကမ္ဘာလောကကြီး၏ အမှန်တရားနှင့် ပတ်သက်၍ မေးခွန်းထုတ်သောအခါတွင်တော့ အရာတိုင်းသည် များစွာ ကွဲပြားသွားတော့၏။ အကြောင်းမှာ အမှန်တရားဟူသည် တသမတ်တည်းတည်နေပြီး မပြောင်းလဲသောကြောင့်ပင်။

ဥပမာအားဖြင့် ကမ္ဘာကြီး၏ ဆွဲငင်အားနှင့် ပတ်သက်သော အဖြေမျိုးသည် ဘယ်တော့မှ ပြောင်းလဲသွားစရာ မရှိပေ။ အကြောင်းမှာ ကမ္ဘာ့ဆွဲငင်အားဟူသည် အမြဲတမ်း တည်ရှိနေသောအရာ ဖြစ်သည်မဟုတ်ပါလား။

မူလအရိုးသည် ဘုရားသခင်မဟုတ်။ ထို့ကြောင့် အဖြေတိုင်းကို မသိနိုင်။

သို့သော် ၎င်းသည် အနာဂတ်ကိုတော့ ကြိုမြင်နိုင်စွမ်းရှိနေ၏။

ဥပမာအားဖြင့် စုချန်းသည် တီထွင်မှုတခု အောင်မြင်ရန် ဆယ်နှစ်မျှ အချိန်ယူရ၏။ သို့သော် မူလအရိုးနှင့်ဆိုပါက ချက်ချင်းပင်လျင် အောင်မြင်သွားနိုင်သည်။ ဤနေရာတွင် ပြောင်းလဲမှုဟူ၍ အချိန်ကာလမျှသာ ဖြစ်သည်။ စုချန်း၏ တီထွင်ဖန်တီးမှုကတော့ ​ပြောင်းလဲသွားခြင်းမရှိ။ ဤမျှဆိုလျင် လုံလောက်ပေပြီ။

ထို့ကြောင့် မူလအရိုးသည် စုချန်းအတွက် အနာဂတ်၏ လမ်းပြမြေပုံသဖွယ် ဖြစ်လာပေလိမ့်မည်။

သို့သော် ဒန်ဘာက ခေါင်းခါလိုက်၏။

"မင်းတွေးတာတော့ ကောင်းပါတယ် ဒါပေမဲ့ အနူဘီဘယ်လောက် အင်အားကြီးသလဲ မင်းသိလား ပြီးတော့ သူ့ဘေးမှာ ကျွမ်းကျင်ပညာရှင်တွေ ဘယ်နှစ်ယောက်တောင်ရှိနေသလဲ မင်းသိလား"

စုချန်း တဟဲဟဲ ရယ်မောလိုက်၏။

"ဒီကိစ္စကို အင်အားသုံးပြီးလုပ်မယ်လို့ ကျုပ် မပြောမိပါဘူးကွ"

"ဒါဆို ဘယ်လိုလုပ်မှာလဲ"

"အနူဘီရဲ့လက်ထဲမှာ တောင်ဝှေးရှိနေတာဆိုတော့ သူ့အနားကိုကပ်ဖို့ သူ့လက်အောက်ငယ်သားအဖြစ် ဟန်ဆောင်တာ အကောင်းဆုံးပေါ့ကွာ"

ဒန်ဘာ ခေါင်းခါလိုက်၏။

"တစိမ်းတယောက်က်ကို ကိုယ်ရံတော်အဖြစ် သူ ဘယ်လက်ခံမလဲကွ"

"သာမာန်ဘုရင်ဆိုရင်တော့ ဟုတ်တာပေါ့ ဒါပေမဲ့ အရူးဘုရင်အတွက် မဖြစ်နိုင်တာ ဘာမှမရှိဘူးကွ"

"ဒါဆို သူ့ကို ဆွဲဆောင်ဖို့ မင်း ဘယ်လိုစဥ်းစားထားသလဲ"

စုချန်း ရယ်မောလိုက်သည်။

"မေးနေစရာလိုသေးသလားကွာ သူ့လက်ထဲ ဘာကိုင်ထားမှန်း မင်းလဲ မြင်နေတာပဲကို"

***

All Chapters