နန်းတော်အတွင်း ဝင်ရောက်ခြင်း
Vol. 70 Ch. 700
ကျောင်းတော်ထဲတွင် သတ်ဖြတ်သူအုပ်စုသည် ကြက်ဖကြီးအား ဝိုင်းအုံကာ ငြင်းခုန်နေကြ၏။
တချို့ကလည်း ကြက်ဖကြီးအား ခွဲစိတ်လိုကြလေသည်။
ဘာ...ကျောင်းတော်ထဲမှာ ခွဲစိတ်မှာတဲ့ ဟုတ်လား...ဟာသပဲ..ခွဲတော့ကော မင်းတို့ နားလည်မှာတဲ့လား...
တချို့ကလည်း ကြက်ဖကြီးအား နောက်တကြိမ် နှစ်ခြင်းခံလိုကြသည်။ တချို့ကလည်း ကြက်ဖကြီး နှစ်ခြင်းခံနိုင်လျင် ကျန်သတ္တဝါငယ်များလည်း နှစ်ခြင်းခံနိုင်မည်ဟု ယုံကြည်နေကြ၏။ ထို့ကြောင့် တခြားသတ္တဝါငယ်များကိုပါ စမ်းသပ်လိုကြလေသည်။
ထိုအတွေးအခေါ်မှာ အတော်အသင့် ယုတ္တိရှိသည်ဟု ဆိုနိုင်ပေ၏။
ပြသနာမှာ ကနဦးက စုချန်းတယောက်က် နှစ်ခြင်းခံပြီးသွားပြီဖြစ်၍ နောက်တကြိမ် နှစ်ခြင်းခံရန် လေးနာရီ စောင့်ဆိုင်းရမည့်အနေအထားမျိုး ဖြစ်နေခြင်းပင်။
ထိုအတောအတွင်းဝယ် သူတို့အနေနှင့် ဘာမှလုပ်စရာမရှိ။ ထိုအခါ သတ်ဖြတ်သူများလည်း ကြက်ဖကြီးနှင့်ပတ်သက်၍ အပြိုင်အဆိုင် ငြင်းခုန်နေကြလေသည်။ ထိုအခါ သတ်ဖြတ်သူများ၏ ထုံးစံအတိုင်း ကပေါက်တိကပေါက်ချာနိုင်သော စိတ်ကူးများစွာ ပေါ်ပေါက်လာတော့၏။
ကြာသော် စုချန်း မည်သို့မှ သည်းမခံနိုင်တော့။ ထိုအခါ သူက ရှေ့သို့လှမ်းထွက်ရင်း ပြောလိုက်သည်။
"ဒီကြက်ဟာ ကျောင်းတော်ရဲ့ နှစ်ခြင်းခံခြင်းကြောင့် ဖြစ်လာတဲ့ကြက် မဟုတ်ဘူး ကျောင်းတော်ရဲ့ စွမ်းအားထက် အပုံတထောင်ပုံ တပုံလောက်ပဲ ရှိတဲ့အရာတခုရဲ့ နှစ်ခြင်းခံခြင်းကြောင့် ဖြစ်လာတဲ့ကြက်ပဲ ဖြစ်ဖို့များတယ်"
ထိုအခါ သတ်ဖြတ်သူတိုင်း၏ မျက်လုံးအစုံသည် စုချန်းထံသို့ ကျရောက်လာတော့၏။
သတ်ဖြတ်သူများတွင် စည်းမျဥ်းစည်းကမ်း အများအပြား မရှိသော်ငြား သာမာန်အသိုက်စစ်သည်တော်တဦးက ထိပ်တန်းသတ်ဖြတ်သူများအကြား ဝင်ရောက်ပြောဆိုခြင်းမှာ ဖြစ်ရိုးဖြစ်စဥ်တော့ မဟုတ်ချေ။
သို့သော် အရူးဘုရင်ဟူသည်ကား အရူးဘုရင်သာတည်း။ မည်သည့် စည်းမျဥ်းဥပဒေမှ သူ့အပေါ် သက်ရောက်ခြင်းမရှိ။ လုပ်ချင်သည်ကို စွတ်လုပ်တတ်၍လည်း အရူးဘုရင်ဟူ၍ နာမည်တွင်နေသည် မဟုတ်ပါလား။
ထို့ကြောင့် အရူးဘုရင်အနေနှင့် စုချန်း၏ ကြားဖြတ်ပြောဆိုခြင်းကို စိတ်ကွက်သွားခြင်းမရှိ။ မရှိသည့်အပြင် သူက စိတ်ဝင်စားလာ၏။ ထိုအခါ သူက မေးလိုက်သည်။
"ဟာ သဘောတရားအသစ်ပဲကွ လုပ်စမ်းပါအုံး မင်း ဘယ်လိုထင်သလဲ"
ဘယ်လိုထင်သလဲပဲ ဖြစ်ရသေးတယ်...အဲဒီလိုဖြစ်အောင် လုပ်တာ ငါကိုယ်တိုင်ပဲကွ...
ထိုအခါ စုချန်းက အောက်ပါအတိုင်း ရှင်းပြလိုက်လေသည်။
"အရှင်မင်းကြီး ကြည့်ပါ ဒီကြက်ရဲ့ အမောက်ဟာ အတော်ကို ဖြူနေတယ် ဒါ မူလစွမ်းအင်ရဲ့ သက်ရောက်မှုကြောင့်ပဲ ဒါက ဒီကောင် မူလစွမ်းအင် တိုက်ရိုက်သက်ရောက်ခြင်းခံထားရတယ်လို့ ဆိုလိုတာ ဒါပေမဲ့ သူ့အရောင်ကိုကြည့်ရင် မူလစွမ်းအင်သက်ရောက်မှုက အားပျော့လွန်းတယ် ဒါ မူလစွမ်းအင်ကျောင်းတော်ရဲ့ မူလစွမ်းအင်မျိုးတော့ မဟုတ်နိုင်ဘူး ဒီကောင့်ရဲ့အရေပြားကို ကြည့်မယ်ဆိုရင်လဲ မူလစွမ်းအင်ပုံစံကွက်တွေ ရှိနေတာကို တွေ့နိုင်ပေမဲ့ မူလစွမ်းအင်ကျောင်းတော်ရဲ့ ပုံစံကွက်စစ်စစ်တွေ မဟုတ်ပြန်ဘူး ဒါ ကူးချထားတာ ဒါ တယောက်ယောက် ဖန်တီးထားတာပဲ အရှင်မင်းကြီး"
အနူဘီသည် ကြက်ကို စူးစမ်းလိုက်ရာ စုချန်းပြောသည်နှင့် တထပ်တည်းကျနေကြောင်း တွေ့လိုက်ရ၏။ ထိုအခါ သူက ခေါင်းကို အထပ်ထပ်အခါခါညိတ်ရင်း ပြောလိုက်သည်။
"မင်း ပြောတာ ယုတ္တိရှိတယ်ကွ ဒါပေမဲ့ မူလစွမ်းအင်ကျောင်းတော်ရဲ့ ပုံစံကွက်ကို ဘယ်သူက ကူးချမှာလဲ ပြီးတော့ ဘာလို့ ဒီလိုလုပ်နေမှာလဲ"
စုချန်း ပါးစပ်ပိတ်ထားလိုက်၏။ ထိုမေးခွန်းကို သူ ဖြေစရာမလို။
ထိုစဥ် သတ်ဖြတ်သူစစ်သည်တဦးက ဝင်ပြောလိုက်၏။
"တခြားမျိုးစိတ်ဝင်တဦး ဖြစ်နိုင်တယ်အရှင်မင်င်းကြီး"
"လူသားလဲ ဖြစ်နိုင်တယ် အရှင်မင်းကြီး"
"လူသားက ဘာကြောင့် ဒီကိုလာမှာလဲ"
"ရုပ်ဖျက်ထားတာဖြစ်နိုင်တယ် အရှင်မင်းကြီး လူသားတွေဟာ နတ်ဆိုးသားရဲတွေရဲ့ သွေးဗီဇကို ဆက်ခံထားကြတယ် ဒါကြောင့် သူတို့ ရုပ်ဖျက်ရုပ်ပြောင်းနိုင်ကြတယ်"
"ခွေးမသားလူသားတွေ တမြို့လုံး ပိတ်စိတ်တိုက်ရှာကြစမ်းကွာ ရှိသမျှ အကြားအမြင်ပညာရှင်တွေ အကုန်လွှတ်လိုက်"
အနူဘီက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ ထို့နောက် သူက စုချန်းကို လှမ်းကြည့်ပြီး ပြောလိုက်၏။
"ကြာပါတယ် ဒီကောင်ကနေ စရှာစမ်းဟေ့"
အရူးဘုရင်ကား အရူးဘုရင်သာတည်း။ သူလိုချင်သော အဖြေကိုသိရသည့်အတွက် စုချန်း ပထဆုံးရလိုက်သောဆုလာဘ်မှာ သိမ်းငှက်မျက်လုံးပိုင်ရှင် အကြားအမြင်ပညာရှင်တဦးနှင့် စစ်ဆေးခံလိုက်ရခြင်းပင်။
သို့သော်ငြားလည်း ဤတကြိမ်တွင် သိမ်းငှက်မျက်လုံးမှာ အလုံးစုံပင် ကျရှုံးသွား၏။
ဤတကြိမ်တွင် စုချန်းသည် သတ်ဖြတ်သူနည်းလမ်းအတိုင်း မူလစွမ်းအင်ကျောင်းတော်တွင် နှစ်ခြင်းခံပြီးဖြစ်၍ သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ သတ်ဖြတ်သူတယောက်က်အဖြစ် တစိတ်တပိုင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ တနည်းအားဖြင့် စုချန်းသည် သတ်ဖြတ်သူတဦးတွင် ရှိနေရမည့် ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်၏။ အဆိုပါ ဝိသေသလက္ခဏာများမှာ အတုအယောင် မဟုတ်။ အစစ် ဖြစ်သည်။ သို့သော် စုချန်း၏ အတွင်းပိုင်းမှာမူကား လူသားအဖြစ်သာ ရှိနေသေး၏။ ထို့ကြောင့် စုချန်းသည် လူသားတဦး၏ လျင်မြန်ဖြတ်လတ်မှုမျိုးနှင့် သတ်ဖြတ်သူတဦး၏ ကြံ့ခိုင်မှုမျိုးကို ပိုင်ဆိုင်ထားပြီဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် သိမ်းငှက်မျက်လုံးသည် သတ်ဖြတ်သူတဦး၏ အပြင်ပန်းဆိုင်ရာ စစ်မှန်သော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားသော စုချန်းအား မည်သို့မှ ခွဲခြားနိုင်စွမ်းမရှိ။ ဤနေရာတွင် ပြသနာဟူ၍ တခုသာရှိ၏။ အကြောင်းမှာ စုချန်းကိုယ်တွင်းမှ ထွက်ပေါ်နေသော စွမ်းအင်များသည် အလွန်မြင့်မားနေသောကြောင့်ပင်။
သို့သော် စုချန်းသည် ကနဦးကမှ နှစ်ခြင်းခံထားသူဖြစ်၍ စွမ်းအင်မတည်ငြိမ်သေးကြောင်း သိမ်းငှက်မျက်လုံး နားလည်သွား၏။ ထိုအခါ သူက ပြောလိုက်သည်။
"အရှင်မင်းကြီး သူက အစစ်ပါပဲ"
အနူဘီကိုယ်တိုင်လည်း အမိန့်သာပေးလိုက်ရသည်ည်။ ဘာမှထူးထူးခြားခြား တွေ့လိမ့်မည်ဟု မျှော်လင့်ထားသည် မဟုတ်။ ထိုအခါ သူက ပြောလိုက်၏။
"သတ်ဖြတ်သူတွေထဲမှာ ညဏ်ကောင်းတဲ့ကောင် အတော်ရှားတယ် မင်းနာမည် လွန်တူး ဟုတ်လား မင်း ကျုပ်ဆီမှာ အမှုတော်ထမ်းမလား"
စုချန်း ဝမ်းသာဟန်ပြုပြီး ဒူးထောက်အရိုအသေပြုကာ ပြောလိုက်၏။
"ကျုပ် အရှင်မင်းကြီးဆီမှာ အမှုတော်ထမ်းချင်ပါတယ်ခင်ဗျာ"
သတ်ဖြတ်သူများဟူသည် သစ္စာတရားကို အလေးထားသူများ ဖြစ်သည်။ ယခုကဲ့သို့ မိမ်ိအသိုက်ကို ချက်ချင်းသစ္စာဖောက်ပြီး အနူဘီထံ သစ္စာခံလိုက်ခြင်းသည် စုချန်းအား တခြားသတ်ဖြတ်သူများ အထင်သေးသွားစေ၏။
သို့သော် စုချန်း ကြိုတင်မျှော်တွေးထားသကဲ့သို့ပင် ၎င်းသည်လည်း အနူဘီအတွက် ပြသနာတခု မဟုတ်ပြန်။
ထိုအခါ အနူဘီက ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်၏။
"ကောင်းတယ် သိပ်ကောင်းတယ် ညဏ်ကောင်းတဲ့ကောင်တွေရဲ့ ဦးနှောက်ဟာ အမြဲတမ်း လှည့်ကွက်တွေနဲ့ ပြည့်နေပြီး ဒါက ကျုပ်ကို ပျော်ရွှင်စေတယ် ကဲ ကောင်လေး မင်းကော ကျုပ်အတွက် ဘာအသစ်အဆန်းတွေ ယူလာပေးမှာလဲ"
ကိုယ်ပျော်ချင်လို့ ညဏ်ကောင်းတဲ့ကောင်တွေကို စုသတဲ့လား...
အနူဘီ၏ရူးသွပ်မှုအား စုချန်း အံ့သြသွားသည်မှာ အမှန်ပင်။
အတန်ကြာစဥ်းစားပြီးနောက် စုချန်းက ပြောလိုက်ပြန်၏။
"ဒါကတော့ အရှင်မင်းကြီးမှာ ဘာရှိသလဲ ဘာမရှိဘူးလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်နေပါတယ် ကျုပ် နားလည်သလောက်ကတော့ တကယ့်ပျော်ရွှင်မှုဆိုတာ ရနိုင်ခဲတဲ့ အရာပေါ်မှာ အခြေတည်နေတယ်ဆိုတာပါပဲ သူ့မှာ မရှိတဲ့ဟာ ရှိလာရင် သူ မလုပ်နိုင်တာတွေ လုပ်နိုင်လာမယ် အလွယ်တကူရနေတဲ့အရာပေါ်မှာ အခြေတည်တဲ့ ပျော်ရွှင်မှုမျိုးကတော့ အကန့်အသတ်နဲ့သာ ဖြစ်ပြီး ကြာကြာမခံတတ်ပါဘူး အရှင်မင်းကြီး"
စုချန်း၏ စကားကိုကြားသည်နှင့် အနူဘီ ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်၏။
"မင်းတို့အားလုံး ကြားကြတယ်နော် ကျုပ်ရဲ့ကောင်လေးက တကယ့်ပျော်ရွှင်မှုရဲ့ အဓိပ္ပာယ်ကို သိနေတယ် သူ့ကိုနန်းတော်ထဲခေါ်သွားပြီး လိုက်ပြပေးလိုက်စမ်း သုံးရက်အတွက် ကျုပ်ကိုပျော်အောင်မလုပ်နိုင်ရင် ဒီကောင် သေရမယ်"
ထို့နောက် အနူဘီသည် သူ့လက်ထဲရှိ ကြက်ဖကြီးအား ငယ်သားတဦးလက်ထဲထည့်ပေးရင်း ပြောလိုက်၏။
"ဒီကြက်ကို ကျုပ်အတွက် ချက်ပေးစမ်း"
ထို့နောက် သူ ထွက်ခွာသွားလေသည်။
အနူဘီ ထွက်ခွာသွားသည်ကိုကြည့်ရင်း စုချန်းနှင့်ဒန်ဘာ တယောက်က်မျက်နှာကိုတယောက်က် စိုက်ကြည့်လိုက်ကြ၏။ ထို့နောက် ဒန်ဘာက စုချန်းအား လက်မထောင်ပြလိုက်သည်။
မင်း တော်တယ် ဟူသော သဘောပင်။
_____________×××_____________×××_____________
ကီတီလူနန်းတော်သည် သတ်ဖြတ်သူမျိုးစိတ်၏ သမိုင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသော နေရာ ဖြစ်သည်။
နန်းတော်၏ မူရင်းပုံစံကို လူပျံတော်ပညာရှင်တဦး ဆွဲပေးထားသည်မှန်သော်လည်း သတ်ဖြတ်သူမျိုးစိတ်၏ အငွေ့အသက်၊ အရှိန်အဝါများကိုတော့ ဖုံးကွယ်ထားရန် ခက်လှ၏။
နန်းတော်၏ ပင်မအဆောက်အဦးကြီးအား အဖြူရောင်ကျောက်တုံးကြီးများဖြင့် ဆောက်လုပ်ထားလေသည်။ နန်းတော်၏ အလယ်ဗဟိုကို အုပ်ချုပ်ရေး၊ တရားစီရင်ရေးဧရိယာအဖြစ် သတ်ဖြတ်ထားပြီး ကျန်နေရာများကိုတော့ ခြောက်ပိုင်းခွဲထား၏။ ထိုနေရာခြောက်ဌာနမှာကား ဘုရင်ကြီး၏ စက်တော်ခန်း၊ ကိုယ်လုပ်တော်များ နားနေဆောင်၊ အစေခံများ နားနေဆောင်၊ ဖျော်ဖြေရေးဆောင်၊ အစောင့်များနားနေဆောင်ဟူ၍ ဖြစ်သည်။
စုချန်းသည် နန်းတော်အတွင်း ရောက်သည်နှင့် ဖျော်ဖြေရေးဆောင်သို့ တည့်တည့်မတ်မတ်ပင် လျှောက်လာခဲ့၏။
အရူးဘုရင်၏ ဖျော်ဖြေရေးဆောင်ကား နုံချာလှ၏။ အရက်တချို့၊ စားစရာတချို့နှင့် အမျိုးသမီးတချို့မျှသာ ရှိလေသည်။
အရူးဘုရင်၏ အခြားသော ပျော်စရာတခုမှာ တိုက်ခိုက်ခြင်းပင်။
မနက်တိုင်း ၎င်းသည် နတ်ဆိုးသားရဲတချို့၊ ကျွန်တချို့နှင့် တိုက်ခိုက်လေ့ရှိ၏။ တခါတရံတွင် ၎င်းသည် သားရဲအချင်းချင်းသော်လည်းကောင်း၊ သတ်ဖြတ်သူအချင်းချင်းသော်လည်းကောင်း၊ သားရဲနှင့်သတ်ဖြတ်သူများကိုသော်လည်း တိုက်ခိုက်စေတတ်လေသည်။
ဆာချာရှိစဥ်တုန်းကတော့ အချင်းချင်း တိုက်ခိုက်စေခြင်းကို ပြစ်မှုဟုသတ်မှတ်ကာ ပြင်းပြင်းထန်ထန် တားမြစ်လေ့ရှိတော့။ ယခုတော့ ဆာချာ သေသွားလေပြီ။ အနူဘီ ဘာလုပ်လုပ် တားမြစ်သူ မရှိတော့။
ထို့ပြင် ဖျော်ဖြေရေးခန်းမအတွင်း၌ ပန်းဥယျဥ်များ၊ ရေတံခွန်ငယ်များလည်း ရှိနေ၏။ သို့သော် အရူးဘုရင်သည် သဘာဝရှုခင်းများကို ခံစားတတ်သူ မဟုတ်။ သူ သဘောကျကြည့်ရှုလေ့ရှိသည့် တခုတည်းသောအရာမှာ အမျိုးသမီးများ၏ အဝတ်မဲ့ကိုယ်ခန္ဓာသာ ဖြစ်သည်။
တကယ်တော့ ကီတီလူနန်းတော်တွင် နေထိုင်ရသည်ကို အနူဘီ သဘောမကျသည်မှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ ယခုတော့ ဤနန်းတော်အတွင်း အနူဘီ သဘောကျနိုင်မည့် တစုံတရာကို စုချန်း သုံးရက်အတွင်း ရှာဖွေရပေတော့မည်။
သို့သော် စုချန်းကား အလျင်လိုခြင်းမရှိ။ နန်းတော်တခွင်လုံးကို စိတ်အေးလက်အေးသာ လှည့်ပတ်ကြည့်ရှုနေ၏။
ကီတီလူနန်းတော်၏ အရှိန်အဝါမှာ တမျိုးတဖုံ ဆန်းကြယ်နေ၏။ ရှုခင်းများမှာလည်း သာမောဖွယ်ကောင်းလှ၏။ အနူဘီ သဘောမတွေ့သည့်တိုင် စုချန်းကတော့ အတော်ပင် သဘောကျမိလေသည်။
အတန်ကြာ လှည့်ပတ်လျှောက်ကြည့်ပြီးနောက် စုချန်းသည် ကီတီလူနန်းတော်၏ နောက်ကျောကျကျတွင် တည်ရှိနေသော ပြိုင်ကွင်းတခုသို့ ရောက်ရှိလာ၏။ အဆိုပါ ကြီးမားပြီး စက်ဝိုင်းပုံပြိုင်ကွင်းသည် မြင်ရုံနှင့် ကီတီလူနန်းတော် တည်ဆောက်သူ၏ လက်ရာမဟုတ်မှန်း သိသာနေ၏။
စင်စစ် ၎င်းကား အနူဘီ၏ ညွှန်ကြားမှုဖြင့် တည်ဆောက်ထားခြင်းပင်။
ပြိုင်ကွင်းရှေ့သို့ ရောက်သည်နှင့် စုချန်းအား လမ်းပြနေသည့့် အရာရှိက ပြောလိုက်သည်။
"ဒီပြိုင်ကွင်းမှာ တရက်ကို အနည်းဆုံး ပြိုင်ပွဲတပွဲတော့ ကျင်းပလေ့ရှိတယ် ဘယ်လောက်များများ ကျင်းပမလဲဆိုတာကတော့ အရှင်မင်းင်းကြီးရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်နေတယ် ပြီးတော့ ဒီနေရာဟာ အရှင်မင်းကြီး သဘောအကျဆုံးနေရာပဲ ဆရာလွန်တူးအနေနဲ့ အရှင်မင်းကြီး ပျော်ရွှင်အောင် ကြိုးပမ်းလိုရင် ဒီပြိုင်ကွင်းနဲ့ပတ်သက်ပြီး စိတ်ကူးကောင်းကောင်းလေး ကြံဆသင့်တယ် လွယ်တော့မလွယ်လှဘူး ဆိုပေမဲ့ပေါ့လေ"
စုချန်း ရယ်မောလိုက်သည်။
"ခုလို ညွှန်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ အိုး ဒါနဲ့ နောက်ထပ်ပြိုင်ပွဲက ဘယ်တော့လဲ ကျုပ် ကြည့်ချင်တယ်"
"ကိစ္စမရှိပါဘူး မနက်ဖြန် ကျုပ် စီစဥ်ပေးလို့ရပါတယ်"
***