သူ့အကြိုက် ၂
Vol. 71 Ch. 702
သုံးရက်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ စုချန်း အစစ်ဆေးခံရရမည့်နေ့ကား ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့လေပြီ။
ဤယနေ့တွင်လည်း အနူဘီသည် ထုံးစံအတိုင်း ပြိုင်ကွင်းသို့ ရောက်ရှိလာ၏။ စုချန်းကား အနူဘီ၏ ဘေးနားတွင် ပထမဆုံးအကြိမ်အဖြစ် မတ်တပ်ရပ်လျက်ရှိသည်။
အနူဘီက လက်တဖက်က််ို ဝေ့ယမ်းရင်း စကားစလိုက်၏။
"သုံးရက်တော့ ကုန်သွားပြီ ကောင်လေး မင်း ဘယ်လိုစိတ်ဝင်စားစရာတွေများ ပြင်ဆင်ထားတုန်း"
စုချန်း ပြန်ဖြေလိုက်သည်။
"အရှင်မင်းကြီး ခနလေးစောင့်ပြီး ကြည့်နေပေးပါ"
ထိုအခါ အနူဘီက ပြောလိုက်၏။
"အိုး အဲဒီလိုလား ဟေ့ ကင်ဝူး မင်းမှန်းသလို ဖြစ်နေပြီနဲ့ တူတယ်ကွ"
အနူဘီ၏ ဘေးနားရှိ ကင်ဝူးအမည်ရ သတ်ဖြတ်သူက ရက်စက်ကြမ်းကြုတ်စွာ ပြုံးရင်း ပြောလိုက်သည်။
"ဒီလို အဆင့်နိမ့်ကောင်တွေမှာ ဘာများ ထူးထူးဆန်းဆန်းစိတ်ကူးတွေ ရှိနေမှာမို့လို့လဲ အရှင်မင်းကြီး ကျုပ် ထင်ထားတာသာ မမှားရင် ရှားရှားပါးပါး သားရဲတချို့လောက် ရှာလာပြီး ချခိုင်းတာပဲ နေမှာပေါ့ ဘာကြောင့်လဲဆိုတော့ တောသားတွေမှ အဆင့်မြင့်စစ်သည်တော်တွေရဲ့ ထိပ်တန်းတိုက်ပွဲတွေကို မမြင်ဖူးပဲကိုး ဒါကြောင့်မို့ ကျုပ်တို့ နှစ်ပေါင်းအတော်ကြာကတည်းက စွန့်ပစ်ခဲ့တဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဒီကောင်တွေ တွေးမိတာပေါ့"
"ဟား ဟား ဟား"
ကင်ဝူး၏ စကားကြောင့် အနီးအပါးရှိ သတ်ဖြတ်သူများ ဟားတိုက်ရယ်မောလိုက်ကြ၏။
သူ့အား လှောင်ပြောင်နေသည့် ကင်ဝူးအမည်ရှိ သတ်ဖြတ်သူကို စုချန်း မှတ်သားထားလိုက်၏။ ၎င်းသည် နန်းတော်၏ တာဝန်ခံဖြစ်ပြီး နန်းတော်အတွင်းပိုင်း ပွဲလမ်းများနှင့် အစေခံများအား စီမံရာတွင် အဓိက တာဝန်ရှိသူ ဖြစ်သည်။ သို့သော် ၎င်း၏ အဓိကတာဝန်မှာကား အနူဘီအတွက် နေ့တိုင်း ပျော်စရာများ ဖန်တီးပေးရန်ပင်။
ထိုအခိုက်အတန့်ဝယ် အနူဘီ၏ ဘေးနားတွင် သူ တခါမှ မမြင်ဖူးသည့် သတ်ဖြတ်သူအမျိုးသမီးငယ်တဦး ရှိနေ၏။ သူမက်ိုက်ို ကင်ဝူး ပို့ပေးထားသည်မှာ ယုံမှားသံသယဖြစ်ဖွယ်ရာ မရှိပေ။
ကင်ဝူးအတွက် စုချန်းသည် သူ့အလုပ်အား လုယူရန် ကြိုးပမ်းနေသူပင်။ ထို့ကြောင့် စုချန်းကိုသူ ခပ်ကြမ်းကြမ်းလေး နှိပ်ကွပ်လိုက်ခြင်းပင်။
သို့သော် စုချန်းကား ကင်ဝူး၏ စကားကို စိတ်ထဲပင်မထားဟန်ဖြင့် ပြောလိုက်သည်။
"အရှင်မင်းင်းကြီး ကျုပ်ရဲ့ဖျော်ဖြေမှုကို သဘောမကျဘူးဆိုရင် ထိုက်တန်တဲ့အပြစ်ဒဏ်က်ို ခံယူပါ့မယ်"
"ဒါဆိုလဲ စပေတော့"
အနူဘီက အမိန့်ပေးလိုက်၏။ ထိုအခါ စုချန်းလည်း အနူဘီ၏ ဘေးနားတွင် ကပ်လျက် ထိုင်ချလိုက်သည်။ ဤတကြိမ်သည် အနူဘီ၏ အနီးဆုံးတွင် စုချန်း ပထမဆုံးအကြိမ် နေရာယူလိုက်ခြင်း ဖြစ်သည်။ ယခုတွင် ထ်ိုသို့မလုပ်ရဲပါက အနာဂတ်တွင် မည်သို့လုပ်နိုင်အံ့နည်း။
ပထမတိုက်ပွဲကား စတင်ခဲ့လေပြီ။
စစ်သည်တော်လေးယောက် ထွက်ပေါ်လာ၏။ သို့သော် နှစ်ယောက်တွဲတိုက်ပွဲတော့မဟုတ်။ သုံးယောက် တစ်ယောက် တိုက်ပွဲ ဖြစ်သည်။
ပြိုင်ကွင်းအတွင်းရှိ တိုက်ပွဲများသည် တရားမျှတရန်မလို။ ဤတိုက်ပွဲများအတွက် အဓိကလိုအပ်ချက်မှာ အနူဘီ သဘောကျရန်၊ အားပေးသူများ နှစ်သက်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် သွေးထွက်သံယိုဖြစ်ရပ်များအား နည်းမျိုးစုံဖြင့် ဖန်တီးကာ စိတ်ဓာတ်တက်ကြွစေရန် လှုံ့ဆော်ကြရ၏။ ပြိုင်ကွင်းအတွက် ရောက်ရှိသွားသည်နှင့် အဆိုပါ စစ်သူရဲကောင်း သေသည်ရှင်သည်ကို မည်သူမှ ဂရုမစိုက်တော့။
ထို့ပြင် တိုက်ပွဲ အမြန်ဆုံး အဆုံးမသတ်သွားစေရန် ထိုက်သင့်သော ခွန်အားရှိရန်လည်း လိုအပ်သေး၏။
ယခုတိုက်ပွဲသည်လည်း သုံးယောက်တစ်ယောက် တိုက်ပွဲဖြစ်သည့်တိုင် တယောက်က်တည်းသမားမှာ ပြိုင်ကွင်းအတွင်း တိုက်ပွဲအတော်များများကို အနိုင်ရထားသည့် တောင်စစ်သည်တော် ဘားကစ် ဖြစ်နေ၏။
ဘားကစ်ကား လွတ်လပ်သူတဦး ဖြစ်ပြီး ငွေကြေးကြောင့် လာရောက်တိုက်ခိုက်သူ ဖြစ်သည်။ ၎င်းသည် အတော်ပင် သန်မာပြီး တိုက်ရည်ခိုက်ရည် ကောင်းမွန်၏။ သူနှင့်လယ်ဗယ်တန်းများတွင် ပြိုင်ဘက်ကင်းဟုပင် သတ်မှတ်နိုင်သူ ဖြစ်သည်။
ယခုလည်း သုံးယောက်တစ်ယောက် ဖြစ်နေသည့်တိုင် ဘားကစ်မှာ အနည်းငယ်မှ ကြောက်ရွံ့ဟန်မရှိ။
"တိုက်ပွဲကို မြန်မြန်လေး အဆုံးသတ်ပေးမယ် အားပေးဖို့သာ ပြင်ထားကြပေတော့"
ဘားကစ်က ထောင်လွှားသည့် လေသံဖြင့် အော်ဟစ်လိုက်၏။
"ဟေး"
"ဘားကစ်"
ဘားကစ်"
"ဘားကစ်"
ရပ်ကြည့်သူများထံမှ အရူးပမာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။
တိုက်ပွဲစပြီ ဖြစ်သည်။
ဘားကစ်သည် ရှေ့သို့ တဟုန်ထိုးခုန်ထွက်လာပြီး သူ၏ ကြမ်းကြုတ်သော တ်ိုက်ကွက်များကိုသုံးကာ ပြိုင်ဘက်များအား ပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်တော့၏။ သူသည် တဖက်ရန်သူများ၏ တိုက်ခိုက်မှုကို ဒိုင်းကာကြီးနှင့် ကာကွယ်ကာ သူ့လက်ထဲရှိ ချိန်းကြိုးတပ်တူကြီးကို ဝေ့ကာဝိုက်ကာနှင့် တိုက်ခိုက်နေလေသည်။ အကြိမ်ရေအတော်များများတိုက်ခိုက်ပြီးနောက် သူ့တူကြီးသည် ပြိုင်ဘက်တဦးအား ထိမှန်သွားတော့၏။
သုံးယောက်အဖွဲ့မှတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီဖြစ်၍ ၎င်းတို့အဖွဲ့၏ စိတ်ပိုင်းဆိုင်ရာမှာ မြန်မြန်ဆန်ဆန်ပင် ကျဆင်းသွားလေသည်။ ထိုအခိုက်မှာပင် ဘားကစ်သည် သူ့ဒိုင်းကာနှင့် ပြိုင်ဘက်တဦး၏ ဦးခေါင်းအား ရိုက်ခွဲလိုက်ပြန်သည်။ ထို့နောက် သူသည် ချက်ချင်းဆိုလိုပင် သန်မာသော လက်မောင်းဖြင့် တတိယပြိုင်ဘက်အား ဖမ်းချုပ်ထားလိုက်၏။ သူ၏ လက်များကြားတွင် တတိယပြိုင်ဘက်သည် ယက်ကန်ယက်ကန်ဖြစ်ကာ လည်ပင်းရိုးကျိုးပြီး အသက်ပျောက်သွားရှာသည်။
ထိုအချိန်တွင် ပထမဆုံး ဒဏ်ရာရှိသွားသည့့် ပြိုင်ဘက်သည် ဘားကစ်ထံသို့ ထပ်မံခုန်ဝင်ကာ တိုက်ခိုက်လိုက်ပြန်သည်။ ထိုအခါ ဘားကစ်သည်လည်ပင်းရိုးကျိုးကုန်သော တတိယပြိုင်ဘက်အား ဘေးသို့လွှင့်ပစ်ပြီး ပထမပြိုင်ဘက်၏ တိုက်ခိုက်မှုကို လက်ဖြင့်ကာကာ သူ၏ ကြီးမားသော လက်သီးများဖြင့် ဆက်တိုက်ဆိုသလို ထိုးချလိုက်တော့၏။
"ကယ်ပါအုံး"
ပထမပြိုင်ဘက် ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။ သို့သော် ဘားကစ်၏ ပြင်းထန်အားပါသော လက်သီးချက်များအောက်ဝယ် ၎င်းသည် ဖွဲအိတ်ကြီးပမာ အထိုးခံရကာ အသက်ပျောက်သွားရှာ၏။ ထိုအချိန်တွင် ဦးခေါင်းအား ဒိုင်းကာကြီးနှင့် အနှံခံထားရသော ဒုတိယပြိုင်ဘက်သည် ဘားကစ်ဆီသို့ ခုန်ဝင်လာပြီး ဓားနှင့် ထိုးချလိုက်၏။ ဓားသည် ဘားကစ်၏ နောက်ကျောသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။ သို့သော် ဘားကစ်ကား နာကျင်ဟန်ပင် မရှိ။ ချက်ချင်းဆိုသလို နောက်လှည့်ပြီး ဒုတိယပြိုင်ဘက်၏ လည်မြိုအား ပါးစပ်ဖြင့်ကိုက်ကာ ဆွဲဖြတ်လိုက်လေသည်။
တိုက်ပွဲမှာ သိပ်မကြာလိုက်။
ဘားကစ် လက်သီးလက်မောင်းတန်းကာ အောင်ပွဲခံလိုက်သည်။ သူ့ပါးစပ်မှာ ပြိုင်ဘက်၏ သွေးများဖြင့် ရွှဲနစ်နေ၏။
"မဆိုးဘူး ခက်တာက ဒီပွဲဟာ မင်း စီစဥ်ထားတဲ့ပွဲ ဟုတ်မနေတာပဲ"
ကင်ဝူးက လက်ခုပ်တီးပေးရင်း စုချန်းအား ရှုတ်ချလိုက်သည်။
စုချန်း ပြုံးလိုက်၏။
"ဒါပေါ့ ဒါပေါ့ ကျုပ်ရဲ့အစီအစဥ်က နောက်ဆုံးပွဲမှ လာမှာကိုး အထွတ်အထိပ်ဆိုတာ အမြဲတမ်း နောက်ဆုံးမှ လာတတ်တယ်လေဗျာ"
"တယ်လဲတိုက်ဆိုင်ပါလား ကျုပ်လဲ ဒီနေ့ တပွဲစီစဥ်ထားတယ် ကျုပ်ပွဲကလဲ နောက်ဆုံးမှပဲ"
စုချန်း မျက်မှောင်ကုတ်လိုက်၏။
ကင်ဝူး သူ့ကို တချိန်လုံး ထောက်လှမ်းနေမှန်း စုချန်း ကောင်းကောင်းသိထား၏။ သို့သော် စုချန်း၏ အစီအစဥ်မှာ လျှို့ဝှက်ထားခြင်းဖြစ်လေရာ ကင်ဝူးအနေနှင့် အတိအကျတော့ မသ်ိနိုင်။
မည်သို့စေဆို ကင်ဝူးကို စုချန်း အတော်လေး မုန်းတီးလာသည်ကတော့ အမှန်ပင်။
စုချန်း ရယ်မောရုံသာ ရယ်မောလိုက်သည်။ ဘာမှပြန်မပြောလိုက်။
ဒုတိယတိုက်ပွဲမှာကား အမျိုးသမီးများ၏ တိုက်ပွဲပင်။ အတိအကျပြောရလျင် တဖက်ကို ၁၅ယောက်စီပါသော အမျိုးသမီး၃၀၏ တိုက်ပွဲ ဖြစ်သည်။
သာမာန်အားဖြင့် ဦးရေများလာလျင် ပြိုင်ပွဲသည် ပို၍ ကြမ်းတမ်းလာ၏။ ပို၍ သွေးမြေကျလာ၏။ ထိုအခါ ပြိုင်ပွဲ၏ အရှိန်အဟုန်မှာလည်း ပို၍ မြင့်မားလာလေ့ရှိသည်။
ဤယနေ့ပြိုင်ပွဲကို သုံးသပ်ရလျင် ပထမတပွဲတွင် နာမည်ကြီးစစ်သူရဲကောင်းဖြစ်သော ဘားကစ်ပါဝင်နေပြီး ဒုတိယပွဲတွင် အမျိုးသမီးစစ်သူရဲကောင်းအများအပြား ပါဝင်လာ၏။ တနည်းအားဖြင့် ပြိုင်ပွဲ၏ အရည်အသွေးမှာ မြင့်မားလာသည့်သဘောပင်။ သို့သော် ၎င်းမှာ စုချန်း စီစဥ်ထားခြင်းမဟုတ်။ ကင်ဝူး၏ အကြံအစည်ပင် ဖြစ်သည်။ ကင်ဝူးကို စုချန်း အကြပ်ရိုက်စေရန် ပြိုင်ပွဲ၏ အရည်အသွေးကို မြှင့်တင်ထားခြင်းပေတည်း။
ရိုးစင်းပြီး ရက်စက်သည်ဟု နာမည်ကြီးသော သတ်ဖြတ်သူများပင် တဖက်သူကို အကြပ်ရိုက်စေရန် လှည့်ကွက်သုံးတတ်ကြချေသည်တကား။
မည်သို့ဆိုစေ ကင်ဝူး၏ နည်းလမ်းက လက်သင့်ခံနိုင်ဖွယ်ရာတော့ ရှိနေပေသည်။
ထိုအချိန်တွင် အမျိုးသမီးစစ်သူရဲကောင်းများ၏ ပြိုင်ပွဲကလည်း အစပြုနေခဲ့ပေပြီ။ ပြိုင်ပွဲတွင် ခုနှစ်ယောက်သေကာ တဝက်ကျော်ခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား၏။ ဤသို့နှင့် ပြိုင်ပွဲမှာ အဆုံးသတ်သွားလေသည်။
တတိယမြောက်ပြိုင်ပွဲမှာကား အလတ်အလတ်အဆင့် ရှားပါးနတ်ဆိုးသားရဲနှစ်ကောင်၏ ပြိုင်ပွဲ ဖြစ်သည်။ အလယ်အလတ်အဆင့် နတ်ဆိုးသားရဲများဟူသည် မူလကတည်းက မူလစွမ်းရည်များကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ယခုနှစ်ကောင်မှာ ရှားပါးသားရဲများဖြစ်၍ ပို၍ပင် ဆန်းကြယ်သော မူလစွမ်းရည်များကို ပိုင်ဆိုင်ထားကြ၏။ အဆိုပါ သားရဲနှစ်ကောင် စတင်တ်ိုက်ခိုက်သောအခါ ဆန်းကြယ်လှသော မြင်ကွင်းများ ဖြစ်ပေါ်လာတော့သည်။ ပြိုင်ကွင်းအား ဖုံးအုပ်ထားသည့့် အကာအကွယ်သည်လည်း စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကြောင့် တဖြတ်ဖြတ်လင်းလက်နေ၏။ ပြိုင်ကွင်းတခုလုံး အုံးအုံးကြွက်ကြွက် ဆူညံနေခဲ့လေပြီ။ သို့သော် အနူဘီ၏ စိတ်ထဲတွင်တော့ ထိုမြင်ကွင်းမှာ သာမာန်ပင်။
နတ်ဆိုးသားရဲနှစ်ကောင်၏ ပြိုင်ပွဲမှာ သိပ်မကြာမီ ပြီးဆုံးသွား၏။ ဤတကြိမ် အလှည့်ကျလာသူမှာ စုချန်းပင် ဖြစ်သည်။
၂၀ဝန်းကျင်သော စစ်သူရဲကောင်းများ ကွင်းအတွင်း လှမ်းဝင်လာ၏။ တဖက်တွင်လည်း ပြိုင်ပွဲစီစဥ်သူများသည် ကြီးမားသော ဖွတ်ကြီးတကောင်အား ပြိုင်ကွင်းအတွင်း အတင်းယူဆောင်လာကြသည်။
အဆိုပါဖွတ်ကြီးမှာ အတော်အသင့် အင်အားကြီးမားသော အဆင့်နိမ့်နတ်ဆိုးသားရဲကြီးပင် ဖြစ်သည်။
သို့သော် တဖက်မှ စစ်သူရဲကောင်းနှစ်ဆယ်၏ အင်အားမှာ ပို၍ပင် သာလွန်နေသေး၏။။ ၎င်းတို့အားလုံးသည် ဘုရားကျောင်းစစ်သည်တော်များ မဟုတ်သည့်တိုင် အဆင့်မြင့်ဆေးမင်ထိုးစစ်သည်တော်များတော့ ဖြစ်ကြသည် မဟုတ်ပါလား။ ထို့ပြင် ၎င်းတို့သည် ပူးပေါင်းတိုက်ခိုက်ရာတွင်လည်း များစွာ ကျွမ်းကျင်ကြသေး၏။ အကယ်၍ ဖွတ်ကြီးတကောင်တည်းသာ မဟုတ်ပါက စစ်သူရဲကောင်းများ၏ သခင်များအနေနှင့် အဆုံးအရှုံး အလွန်များပြားနိုင်သောကြောင့် ပြိုင်ပွဲဝင်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
မည်သို့ဆိုစေ လက်ရှိအခြေအရ ဖွတ်ကြီးဖက်မှ ရှုံးနိမ့်မည်မှာ သေချာနေ၏။
၎င်းကိုမြင်သော် အနူဘီ အတော်လေး အံ့သြသွား၏။
"ဒီတော့ မင်းစီစဥ်ထားတဲ့ပြိုင်ပွဲက ဒါပဲပေါ့ ဟုတ်လား အမဲသားခုတ်ထစ်ပွဲပေါ့လေ"
စုချန်း ပြုံးလိုက်၏။
"အရှင်မင်းကြီး ကျုပ်နဲ့ နည်းနည်းပါးပါး လောင်းအုံးမလား"
"ဒါပေါ့ လောင်းတာပေါ့ မင်း တကယ်ပဲ ကျုပ်နဲ့လောင်းချင်တာလား"
"လောင်းချင်ပါတယ် အရှင်မင်းကြီး ကျုပ် ဖွတ်ကြီးဘက်က လောင်းကြေးထပ်ပါတယ် တကယ်လို့ ကျုပ်သာနိုင်သွားရင်"
"ဒီပွဲကို ကျုပ် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မင်းကိုကျုပ် အသက်ချမ်းသာခွင့် ပေးနိင်တယ် ဒါပေမဲ့ လောင်းကြေးအရ မင်း ရှုံးသွားရင်...အေး ထားပါတော့ ကျုပ်တို့ လောင်းကြတာပေါ့"
ထိုအခါ စုချန်းက ပြောလိုက်ပြန်၏။
"ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ကျုပ်အနေနဲ့ တခြားဆုလာဘ်တချို့လဲ တောင်းခံချင်ပါသေးတယ် အရှင်မင်းကြီး"
အနူဘီ အံ့သြစပြုလာ၏။
"မင်းကိုကြည့်ရတာ နိုင်ဖို့အတော်သေချာနေပုံပဲ ကဲ ပြောစမ်းကွာ မင်း ဘာလိုချင်တာလဲ"
"ဘာဖြစ်ဖြစ်ပါလေ အရှင်မင်းကြီးပေးတဲ့ဆုလာဘ်ဆိုရင် ပြီးတာပါပဲ"
အနူဘီ ခေါင်းညိတ်လိုက်၏။
"ဘယ်လိုစကားပြောရမယ်မှန်း မင်း ကောင်းကောင်းသိပုံရတယ်"
ပြိုင်ပွဲကား အစပြုခဲ့လေပြီ။
စစ်သူရဲကောင်း၂၀သည် စုပေါင်းတိုက်ကွက်နှင့် ဖွတ်ကြီးအား ရင်ဆိုင်၏။ ၎င်းတို့သည် ဒိုင်းကာမြားကို လေပေါ်တွင် မြှောက်လိုက်ပြီး လှံများကို ဝင့်လိုက်ကြသည်။ ၎င်းတို့၏ ကိုယ်ဆီမှ အားကောင်းသောအရှိန်အဝါများ ထွက်ပေါ်လာ၏။
သို့သော် ဖွတ်ကြီးမှာ လှုပ်ရှားခြင်းမရှိ။ ၎င်း၏ ဦးချိုကို အောက်သို့နှိမ့်ကာ စစ်သူရဲကောင်းများထံ ချိန်ရွယ်လိုက်လေသည်။
ထူးဆန်းသောအလင်းတန်းတခု ဦးချိုမှ ထွက်ပေါ်လာပြီး စစ်သူရဲကောင်းများ၏ ဒိုင်းအကာအရံအား ထိမှန်သွား၏။
စစ်သူရဲကောင်းများလည်း ၎င်းတို့အင်အားအား စုစည်းကာ ဖွတ်ကြီး၏ မူလစွမ်းရည်အား တောင့်ခံလိုက်ကြသည်။ ထိုအချိန်မှာပင် မြေကြီးအောက်မှ လက်တံတခု ထွက်ပေါ်လာပြီး စစ်သူရဲကောင်း၂၀အနက်မှ တဦး၏ နောက်ကျောကို စိုက်ဝင်သွားတော့သည်။
သတ်ဖြတ်သူစစ်သူရဲကောင်းသည် သွေးများပွက်ခနဲ အန်ထုတ်လိုက်ပြီး လေထဲဲသို့ လွင့်စင်သွား၏။ တဆက်တည်းမှာပင် အဆိုပါ လက်တံကြီးသည် စစ်သူရဲကောင်းများအား တယောက်ပြီးတယောက် ဖောက်ထွင်းသွားတော့သည်။
ထိုအခါ ကျန်စစ်သူရဲကောင်းများလည်း ဒိုင်းကာများကို ၎င်းတို့၏ နောက်ကျောအား ကာရံထားလိုက်ရလေသည်။
သို့သော် ၎င်းမှာ သေစေလောက်သော အမှားကို ကျူးလွန်မိခြင်းပေတည်း။
အကြောင်းမှာ ၎င်းကိုအခွင့်အရေးယူကာ ဖွတ်ကြီးသည် ရှေ့သို့ပြေးထွက်လာပြီး စစ်သူရဲကောင်းများအား ဝါးလုံးထိုးဝင်ရောက်တိုက်ခိုက်လိုက်သောကြောင့်ပင်။ မျက်စေ့တမှိတ်အတွင် သတ်ဖြတ်သူစစ်သူရဲကောင်း ရှစ်ယောက်ခန့် အပြင်းအထန် ဒဏ်ရာရကုန်၏။
အနူဘီ အံ့သြသွား၏။
"လက်စသတ်တော့ မြေကြီးအောက်က ထွက်လာတာ သူ့အမြီးကိုးကွ ဒီကောင်မှာ ဒီလိုအမြီးမျိုးရှိတယ်လို့ ကျုပ် တခါမှ မကြားဖူးပါလား"
"နည်းနည်းပါးပါး ပြုပြင်ထားတာပါအရှင်မင်းကြီး"
ထိုအခါ အနူဘီက ပြောလိုက်ပြန်သည်။
"မင်းရဲ့ပြပွဲက ကျုပ်ကို အံ့သြစေတာတော့ မှန်တယ် ဒါပေမဲ့ ပျော်စရာကောင်းတယ်လို့ ကျုပ် မခံစားရသေးဘူး မင်းမှာ တခြားစီစဥ်ထားတာတွေ ရှိသေးလား"
"ကျုပ်ကလဲ အရှင်မင်းကြီး စိတ်ကျေနပ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူးခင်ဗျာ"
"ဒီတော့ မင်း ဆိုလိုတာ..."
"ဒါ အစပဲရှိပါသေးတယ် အရှင်မင်းကြီး"
ထို့နောက် အချက်ပေးခေါင်းလောင်းသံတချက် ထွက်ပေါ်လာပြီး အခြေအနေမှာ ရုတ်ချည်းပင် ပြောင်းလဲသွားလေသည်။
***