သူ့အကြိုက် ၃
Vol. 71 Ch. 703
ပြိုင်ကွင်းအတွင်းရှိ ဖွတ်ကြီးသည် သတ်ဖြတ်သူစစ်သူရဲကောင်းများအား ရက်ရက်စက်စက်ပင် သတ်ဖြတ်ပစ်လိုက်၏။
စုချန်း၏ ပြုပြင်ပေးမှုကြောင့် ဖွတ်ကြီး၏ အမြီးသည်ပင် ရှည်ထွက်လာသည်မဟုတ် ၎င်း၏ အင်အားနှင့် ခံနိုင်ရည်မှာလည်း များစွာ တိုးပွားလာ၏။ ထိုမျှသာမကသေး ၎င်း၏ ညဏ်ရည်မှာလည်း မြင့်မားလာပြီ ဖြစ်သည်။
ရှင်းရှင်းဆိုရလျင် လက်ရှိ ဖွတ်ကြီး၏ အဆင့့်အတန်းသည် ထိပ်တန်းအဆင့့် နတ်ဆိုးသားရဲတကောင်နှင့်ပင် ညီနေ၏။
ဤမျှ ကြောက်စရာကောင်းသော သတ္တဝါမျိုးနှင့် ရင်ဆိုင်ရသောအခါ သတ်ဖြတ်သူစစ်သူရဲကောင်း၂၀လုံးသည် အတုံးအရုံး ဖြစ်ကုန်ကြ၏။ စစ်သူရဲကောင်းများ၏ ပိုင်ရှင်မှာကား ခံပြင်းလွန်း၍ ထိုင်မရထမရ ဖြစ်နေလေသည်။
သို့တိုင်အောင် တိုက်ပွဲမှာကား မပြီးဆုံးသေးချေ။
စစ်သူရဲကောင်းများအား ရှင်းလင်းပြီးသည်နှင့် ဖွတ်ကြီးသည် ပြိုင်ကွင်းအား ကာရံထားသည့့် အကာအကွယ်အား ပြင်းထန်စွာ ဝင်ဆောင့်တော့၏။ မူလပုံစံကွက်ဖြင့် ဖန်တီးထားသော အကာအကွယ်ကြောင့် ပြင်းထန်သော အားလှိုင်းများ ဖွတ်ကြီးအား ထိမှန်သွား၏။ ဖွတ်ကြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ သို့သော် ၎င်းသည် နောက်ဆုတ်မသွားသည့့်အပြင် ပို၍ပင်ဒေါသထွက်လာ၏။
ထိုအနေအထားမျိုးမှာ ပြိုင်ကွင်းအား အမြဲတစေ လာကြည့်တတ်သည့့် သတ်ဖြတ်သူအထက်တန်းလွှာများအဖို့ကား ကြုံတောင့်ကြုံခဲပင်။ ထိုအခါ ၎င်းတို့သည် ရူးသွပ်နေသောငါးတကောင် ငါးကန်အား ဖျက်ဆီးရန် ကြိုးစားနေသည်ကို ဝိုင်းဝန်းကြည့်ရှုနေသည့့်ပမာ ဖွတ်ကြီးအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေကြလေသည်။
သို့သော် တခုခုမှားယွင်းနေပြီဖြစ်ကြောင်း သူတို့ မြန်မြန်ဆန်ဆန်ပင် သဘောပေါက်သွားကြ၏။
ဖွတ်ကြီးသည် ပြင်းပြင်းထန်ထန်ပင် အကာအကွယ်အား ဝင်ဆောင့်နေ၏။ အကာအကွယ်မှာလည်း တဖြည်းဖြည်း အားနည်းလာပြီ ဖြစ်သည်။
တချီတွင်တော့ ဖွတ်ကြီး၏ ဦးခေါင်းသည် အကာအကွယ်အား ဖောက်ထွက်ပြီး ပြိုင်ကွင်းအတွင်း ရောက်လာ၏။ ထိုအခါ သွေးကြောင်သော သတ်ဖြတ်သူအမျိုးသမီးတချို့ ကြောက်လန့့်တကြားနှင့် ထအော်ကြတော့သည်။
အာဝူး!!!
အကာအကွယ်၏ အပြင်သို့ ရောက်လာသည့့်နောက်တွင် ဖွတ်ကြီး၏ အော်သံသည် ပို၍ ကြည်လင်လာ၏။
"မကောင်းတော့ဘူးဟေ့"
အနူဘီအနီးရှိ ဗိုလ်ချုပ်တဦးက ထအော်လိုက်လေသည်။
သို့သော် သူဘာမှမလှုပ်ရှားုပ်ရှားနိုင်ခင်မှာပင် ဖွတ်ကြီး၏ ဦးခေါင်းရှိ ချိုသည် အလင်းရောင်များ တောက်ပလာ၏။ ထို့နောက် အားလှိုင်းတခုသည် ပြိုင်ကွင်းခုံတန်းအား ထိမှန်သွားလေရာ သတ်ဖြတ်သူအယောက်၃၀ခန့် ပါသွားလိမ့်မည်ဟု ယူဆရသည်ည်။ ဘယ်နှစ်ယောက် အသက်ရှင်မည်ည်ကိုတော့ မည်သူမှ မသိနိုင်။
သွားပြီ။ ပြိုင်ကွင်းတခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်လေပြီ။
သတ်ဖြတ်သူမျိုးစိတ်များ၏ သတ္တိကောင်းခြင်းဟူသော မွေးရာပါအရည်အချင်းသည် ကီတီလူနန်းတော်၏ အထက်တန်းလွှာများကိုယ်တွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့လေပြီ။ နှစ်ပေါင်းများစွာ သက်တောင့်သက်သာ နေလာခဲ့ရခြင်းကြောင့် ၎င်းတို့အားလုံး ပျင်းရိကုန်လေပြီ။ ကြောက်သွေးများဖုံးလွှမ်းကုန်ကြလေပြီ။ ထို့ကြောင့် ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ သူတို့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသ်ိတော့။ ထိုအခါ ၎င်းတို့သည် ဖွတ်ကြီးအား ဝိုင်းဝန်းတိုက်ခိုက်ရမည့်အစား ၎င်းတို့၏ ဧကရာဇ်ဖြစ်သော အနူဘီကိုသာ ဝန်းရံပြီး ကာကွယ်ရန် ကြိုးပမ်းနေကြ၏။
ထိုအချိန်တွင် ဖွတ်ကြီးသည် အကာအကွယ်၏ အပြင်ကို အလုံးစုံ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထို့နောက် ၎င်းသည် ပြိုင်ကွင်း၏ ခုံတန်းများအတိုင်း တွားတက်လာ၏။ အချိန်မီမပြေးနိုင်သော သတ်ဖြတ်သူအမျိုးသမီးတဦး ဖွတ်ကြီး၏ ပါးစပ်တွင် အသက်ပျောက်သွားလေသည်။
ကြီးကျယ်လှသော ပြိုင်ကွင်းကြီးကား အကြောက်တရားများနှင့် ဖုံးလွှမ်းနေခဲ့လေပြီတည်း။
အနူဘီတဦးတည်းသာလျင် မြင်ကွင်းကို စ်ိတ်ဝင်တစားနှင့် ထိုင်ကြည့်နေ၏။ ၎င်းကား ကြောက်ရွံ့ဟန်မရှိသလို ကသောင်းကနင်းနိုင်သောအဖြစ်ကြီးကို ဂရုစိုက်ဟန်လည်းမတူချေ။ ပိုဆိုးသည်မှာ ၎င်း၏ ရူးသွပ်မိုက်မဲသော မျက်လုံးထဲတွင် စိတ်လှုပ်ရှားဟန်များ ပေါ်ပေါက်နေခြင်းပင်။
ပြိုင်ကွင်းအတွင်း သွေးရူးသွေးတန်းနှင့် ပြေးလွှားနေကြသော အထက်တန်းလွှာများကိုကြည့်ရင်း ၎င်းက စိတ်အေးလက်အေးနိုင်သော အမူအရာနှင့် စုချန်းအား ပြောလိုက်သည်။
"ကောင်လေးလွန်တူး ကြည့်ရတာ မင်းရဲ့အစီအမံ တခုခုတော့ လွဲမှားနေပြီနဲ့တူတယ်"
"ပြောင်းပြန်ပါပဲ အရှင်မင်းင်းကြီး အကုန်လုံး အစီအစဥ်အတိုင်း အတိအကျကို ဖြစ်နေတာပါ"
စုချန်းကလည်း စိတ်အေးလက်အေးပင် ပြန်ပြောလိုက်သည်။
"အိုး"
အနူဘီ စုချန်းက လှမ်းကြည့်လိုက်၏။
"မင်း ဘာတွေလုပ်လိုက်တာလဲ"
စုချန်း၏ အင်္ကျီရင်ဘတ်အား ဆုတ်ကိုင်ရင်း ကင်ဝူး ဒေါသတကြီးနှင့် ကြိမ်းမောင်းလိုက်သည်။
"သူ့ကိုလွှတ်လိုက်စမ်း ကင်ဝူး"
"အရှင်မင်းကြီး"
"ကျုပ် အမိန့်ပေးနေတယ်လေ သူ့က်ိုလွှတ်လိုက်လ်ို့"
ကင်ဝူး ဘာမှမတတ်နိုင်ပဲ စုချန်းအား လွှတ်ပေးလိုက်ရလေသည်။
ထို့နောက် အနူဘီက စုချန်းဘက်သို့ လှည့်ရင်း မေးလိုက်၏။
"ဒီတော့ ကျုပ်ကို စိတ်ကျေနပ်စေဖို့ ကျုပ်မျိုးစိတ်ဝင်တွေ အစုလိုက်အပြုံလိုက်သေအောင် မင်း စီစဥ်ထားတယ်လို့ ပြောနေတာလား"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဒီလိုတော့လဲ မဟုတ်ပါဘူး အရှင်မင်းကြီး နောက်ပိုင်းဖြစ်ရပ်တွေကတော့ မတော်တဆ ဖြစ်သွားတာပါ အကာအကွယ်မူလပုံစံဟာ နှစ်ပေါင်းများစွာ ကြာလှပါပြီ ဒါကြောင့် သူ့ရဲ့အရေးကြီးအစိတ်အပိုင်းတချို့ ပျက်စီးကုန်ပြီး အကာအကွယ်ဟာ မတည်ငြိမ်တော့ပါဘူး ဘာစမ်းသပ်မှုမှ ပေါ်မလာခင်ထိတော့ ဒီအကာအကွယ်က ပြသနာမဟုတ်ဘူးလို့ ဆိုနိုင်ပါတယ် ဒါပေမဲ့ ကျုပ် ပြုပြင်ထားတဲ့ ဖွတ်ကြီးကျတော့ ကွဲပြားသွားပြီ ဒီကောင်ကြီးက နာတာကျင်တာလဲ သိပ်မရှိတော့ဘူး အင်အားကလဲ အများကြီးတိုးလာတယ် ပိုဆိုးတာက ဒီကောင်ကြီး လွန်ခဲ့တဲ့ သုံးရက်က အပြင်းအထန် နှိပ်စက်ခံထားရတာပဲ သူ သတ်ဖြတ်သူမျိုးစိတ်ကို အကြီးအကျယ် မုန်းတီးနေပြီ ဒီလိုအနေအထားမှာ သတ်ဖြတ်သူအုပ်လိုက်ကြီးတွေ့ရာက ဒေါသအိုးပေါက်ကွဲပြီး ဒီလိုတွေ ဖြစ်ကုန်တော့တာပါပဲ"
အနူဘီသည် ဖွတ်ကြီးအား လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် သတ်ဖြတ်သူဗိုလ်ချုပ်တချို့သည် ဖွတ်ကြီးအား ထိန်းချုပ်ထားလိုက်နိုင်ပြီ ဖြစ်သည်။ ထိုအခါ အနူဘီက စုချန်းအား ပြန်ကြည့်ပြီး ခပ်တည်တည်နှင့် မေးလိုက်၏။
"ဒီတော့ ဒါကြီးတခုလုံးက ကျုပ်အတွက် အထူးတလည် စီစဥ်ထားတာ မဟုတ်ပြန်ဘူးပေါ့"
"ကျုပ် ပထမပြောခဲ့သလို နောက်ပိုင်းဖြစ်ရပ်တွေက မတော်တဆပါအရှင်မင်းကြီး လောကကြီးမှာ မတော်တဆဖြစ်ရပ်တွေ အများကြီးရှ်ိတယ် ဒီလိုမတော်တဆဖြစ်ရပ်တွေကနေလဲ နှစ်လိုဖွယ်ရာ အံ့သြသင့့်စရာတွေ ပေါ်ပေါက်လာတတ်ပါတယ်"
ထိုအချိန်တွင် အထက်တန်းလွှာတဦးက ဒေါသတကြီးနှင့် ပြောလိုက်သည်။
"မင်း ဘာတွေလျှောက်ပြောနေတာလဲ ဘာကို နှစ်လိုဖွယ်အံ့သြသင့့်စရာလဲ ခု မင်းကြောင့် အထက်တန်းလွှာတွေ အများကြီးသေကုန်ပြီ မင်း သေသင့့်တယ် မင်းကို သေဒဏ်ပေးရမယ်"
"မဟုတ်ဘူး"
အနူဘီ ဟန့့်တားလိုက်သည်။
ထို့နောက် အနူဘီ၏ တကိုယ်လုံး တသိိမ့်သိမ့်တုန်လာ၏။ အနီးကပ်ကြည့်လျင် အနူဘီ ရယ်မောနေကြောင်း မြင်တွေ့ရပေလိမ့်မည်။
အနူဘီကား ထိမ်းမနိုင်သိမ်းမရ ရယ်မောနေခဲ့လေပြီတကား။
အနူဘီ ခေါင်းမော့ရင်း အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"ဟား ဟား ဟား အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ မတော်တဆ နှစ်လိုဖွယ်မတော်တဆ ဟုတ်တယ်ဟေ့ မင်းတို့ကော အဲဒီလို မခံစားရဘူးလားကွ ဟေ"
သတ်ဖြတ်သူအထက်တန်းလွှာများအားလုံး တွန့်ဆုတ်ဆုတ် ဖြစ်ကုန်ကြ၏။
"ဒါပေမဲ့ အရှင်မင်းကြီး..."
"တိတ်စမ်း"
အနူဘီ ဒေါသတကြီးနှင့် ငေါက်ငမ်းလိုက်သည်။
"မင်းတို့ သုံးစားမရတဲ့ကောင်တွေကို ကျုပ် စိတ်ကုန်နေပြီကွ အကုန်လုံး စီစဥ်ထားတယ် အကုန်လုံး ကျုပ် ကျေနပ်အောင် စနစ်တကျ စီစဥ်ထားတယ် မင်းတို့အားလုံး ကျုပ်ကို အရူးများ ထင်နေတာလား ဒါကြီးတခုလုံးကို ကျုပ် မုန်းတီးနေပြီကွ"
တဆက်တည်းမှာပင် အနူဘီ၏ ကိုယ်တွင်းမှာ ထွက်ပေါ်လာသော အားလှိုင်းကြောင့် ပြိုင်ကွင်းတခုလုံးရှိ သတ်ဖြတ်သူများ လွင့်စင်ကုန်ကြ၏။ ၎င်း၏ ဘေးနားတွင် ရပ်နေသော စုချန်းသာလျင် ဘာမှမခံစားလိုက်ရချေ။ အနူဘီ၏ ထိတ်လန့့်စရာအင်အားကို စုချန်း အံ့သြသွားသည်ကတော့ အမှန်ပင်။
အနူဘီက ထပ်မံအော်ဟစ်လိုက်ပြန်သည်။
"နှစ်လိုဖွယ်ရာ မတော်တဆ ပျော်စရာမတော်တဆ ကဲ ကြည့်စမ်း ဘယ်အရာမှ စီစဥ်ထားသလိုမဟုတ်ဘူး ဘယ်အရာမှ အစီအစဥ်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး အကုန်လုံး အသစ်တွေ အံ့သြစရာကောင်းတယ် ဖန်တီးမှုရှိတယ် ကြည့် မင်းတို့ ဒါမျိုး မြင်ဖူးကြလား"
ဒါသည်ပင်ည်ပင်လျင် စည်းမျဥ်းစည်းကမ်းနှင့်ကြပ်တည်းသော ဘဝကို မုန်းတီးသော အရူးဘုရင်၏ အကြိုက်ပေတည်း။
စုချန်းကား အနူဘီ၏ အကြိုက်က်ို တိတိကျကျပင် ရှာဖွေနိုင်ခဲ့လေပြီ။
သို့တိုင်အောင် စစ်သားတဦးက မဝံ့မရဲနှင့် ကန့့်ကွက်လိုက်၏။
"ဒါပေမဲ့ အရှင်မင်းကြီး အတော်များများ သေကုန်ကြ..."
"တိတ်စမ်း မင်းတို့ကို တိတ်စမ်းလို့ ကျုပ် ပြောထားတယ်မလား"
အနူဘီက အဆိုပါစစ်သား၏ ဦးခေါင်းကို လှမ်းကုပ်ပြီး ပြောလိုက်သည်။
"အထက်တန်းလွှာမှုးမတ်တချို့လောက်ပဲ ဒါ ဘယ်လောက်များ အရေးကြီးလို့တုန်း ကျုပ် တချို့ကို ရာထူးတိုးပေးလိုက်မယ် ဘာလဲ မင်းက နန်းတော်ထဲမှာ အမတ်တွေ ကုန်သွားမှာ ကြောက်နေသလား"
ထို့နောက် အနူဘီက ဖြတ်ခနဲလှုပ်ရှားလိုက်ရာ အဆိုပါ စစ်သား၏ဦးခေါင်းကြေမွသွားလေသည်။
တဖန် အနူဘီက စုချန်းအား ကြည့်ရင်း ပြောလိုက်ပြန်၏။
"ကျုပ် မင်းရဲ့အစီအစဥ်ကို သဘောကျတယ် လွန်တူး ဒါပေမဲ့.."
"အရှင်မင်းကြီး!!!"
ထိုအခိုက်မှာပင် သတ်ဖြတ်သူစစ်သားတဦး လျှောက်လာပြီး အနူဘီအား ကြားဖြတ်အော်ခေါ်လိုက်၏။ ၎င်းသည် သတ်ဖြတ်သူနှင့်မတူပဲ ရုပ်ရည်ခန့့်ညား၏။ ၎င်း၏ မျက်နှာမှာ လေးနက်တည်ကြည်ပြီး မျက်လုံးအစုံမှာ အရောင်တဖိတ်ဖိတ်တောက်နေလေသည်။
၎င်း၏ နာမည်မှာ ဗရီဂတ်စ်ဖြစ်ပြီး မီးလျံအသိုက်၏ ခေါင်းဆောင်တဦးပင်။
ဗရီဂတ်စ်ကား သတ်ဖြတ်သူမျိုးစိတ်နှင့် နတ်ဆိုးမျိုးစိတ်သွေး တဝက်စီပါသူ ဖြစ်သည်။ သူသည် မ်ိခင်ဘက်မှ သွေးတဝက်ပါသူဖြစ်၍ ရုပ်ရည်ချောမောခန့့်ညားနေခြင်းပင်။
သို့သော် ဗရီဂတ်စ်တယောက်က် သတ်ဖြတ်သူစစ်တပ်၏ ဗိုလ်ချုပ်တဦးဖြစ်လာသည်မှာ ၎င်း၏ ရုပ်ရည်ကြောင့်မဟုတ်။ ၎င်း၏စွမ်းဆောင်ရည်ကြောင့်ပင် ဖြစ်သည်။
ဗရီဂတ်စ်၏ ကျေးဇူးကြောင့် သတ်ဖြတ်သူများသည် အနောက်ဘက်စစ်မျက်နှာတွင် ဝိညာဥ်မျိုးစိတ်များအား နှစ်ပေါင်းများစွာ ဖိနှိပ်ထားနိုင်ခဲ့၏။ ၎င်းမှာ သတ်ဖြတ်သူများ၏ သမိုိုင်းတွင် ကြုံတောင့်ကြုံခဲဟု ဆိုနိုင်သည်။ ထိုအတွက်ကြောင့်ပင် သူသည် မီးလျံအသိုက်၏ စစ်နတ်ဘုရားတဦး ဖြစ်လာခြင်းပင်။
မှန်၏။ ဗရီဂတ်စ်သည် မီးလျံအသိုက်၏ စစ်နတ်ဘုရားသုံးပါးအနက်မှ အလယ်စစ်နတ်ဘုရားပင် ဖြစ်သည်။ အလယ်စစ်နတ်ဘုရားဖြစ်သည့့်တိုင် ၎င်း၏ ဂုဏ်ဒြပ်မှာ မသေးလှ။ ၎င်းသည် မီးလျံအသိုက်၏ နေမင်းသဖွယ်ပင် ဖြစ်သည်။ ၎င်းအား သတ်ဖြတ်သူစစ်သားတိုင်းက ယုံကြည်ကိုးစားကြ၏။
အထက်ပါဂုဏ်ပုဒ်များကြောင့် ဗရီဂတ်စ်သည် အနူဘီကို မကြောက်။
အနူဘီ၏ ရှေ့သို့ရောက်သည်နှင့် သူက ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီအထက်တန်းလွှာတွေရဲ့အသက်ဟာ အရှင်မင်းကြီးပျော်ဖို့အတွက် သေပေးစရာလား ဒီတခါတော့ အရှင်မင်းကြီး တော်တော်လွန်သွားပြီ"
အနူဘီကလည်း ပြန်ပြောလ်ိုက်သည်။
"သေတော့ဘာဖြစ်သလဲ ဒီကောင်တွေဟာ ကျုပ်နိုင်ငံကို ဖျက်ဆီးနေတဲ့ ကပ်ပါးကောင်တွေ ကျုပ်ရတနာတွေကို ခိုးနေတဲ့ သူခိုးတွေ"
"ဒီကောင်တွေ အသုံးမကျျမှန်း ကျုပ် သိတယ် ဒါနဲ့ပဲ သူတ်ို့ရဲ့အသက်ကို အရှင်မင်းကြီး စတေးပစ်လို့မရဘူး ကျုပ်တို့မှာ စည်းမျဥ်းဥပဒေတွေ ရှိတယ် ဒီကောင်လွန်တူးဆိုရင် ပိုတောင်လိုက်နာရအုံးမယ် အရှင်မင်းင်းကြီးပျော်အောင်လ်ို့ သူတို့အသက်ကို ဒီကောင် စတေးရဲတယ် ဒီကောင် ကွပ်မျက်ခံသင့့်တယ်"
"ဒီလိုကျတော့လဲ အဓိပ္ပာယ်ရှိသလ်ိုလဲ လွန်တူး မင်းကော ဘယ်လိုထင်သလဲကွ"
အနူဘီက စုချန်းအား မေးလိုက်၏။
စုချန်း ပြုံးလိုက်သည်။
"ကြီးမြတ်လှတဲ့စစ်နတ်ဘုရားကြီး ဗရီဂတ်စ်ခင်ဗျာ ဒီတခါ ခင်ဗျားမှားသွားမှာ ကျုပ်တကယ် ကြောက်လန့့်မိပါတယ် ကျုပ် အထက်တန်းလွှာတွေရဲ့အသက်ကို စတေးဖို့ ဘယ်တုန်းကမှ တွေးမထားပါဘူးခင်ဗျာ ဒီကိစ္စဟာ စကတည်းက ကျုပ်နဲ့ ဘာမှမဆိုင်ဘူးလို့ ဆိုပါရစေ"
"မင်း ဘာစကားပြောတာလဲကွ"
ဗရီဂတ်စ် ဒေါသထွက်လာ၏။
"ဒါတွေအားလုံး မတော်တဆဖြစ်တာပါလို့ ကျုပ် ပြောထားပြီးပြီလေ မတော်တဆဖြစ်တာကို ဘယ်လိုဖြစ်လို့ ကျုပ်ကို အပြစ်လာတင်နေရတာပါလိမ့်"
"မင်း ဖွတ်ကြီးကို ဆေးတိုက်လိုက်တာကနေ ဒီလိုတွေ ဖြစ်ကုန်တာမဟုတ်ဘူးလား"
စုချန်း ခေါင်းညိတ်လိုက်သည်။
"ဖွတ်ကြီးကို ကျုပ် ဆေးတိုက်လိုက်တာက မှန်ပါတယ် ဒါကြောင့် ဒီကောင်ကြီး ထိပ်တန်းအဆင့့် နတ်ဆိုးသားရဲတကောင်နဲ့ တူသွားတယ် ဒီတော့ ကြီးမြတ်လှတဲ့ စစ်နတ်ဘုရားကြီး ဆိုလိုတာ ဒီပြိုင်ကွင်းရဲ့ အကာအကွယ်ဟာ အလယ်အလတ်အဆင့်လောက်ပဲရှိတယ်လို့ ဆိုလိုတာလား"
"ဒါ...."
ဗရီဂတ်စ် ဘာပြောရမှန်းမသိ ဖြစ်သွား၏။
"အကာအကွယ်ပျက်စီးသွားတာ မင်းနဲ့မဆိုင်ဘူးလို့ ဆိုလိုတာလား"
စုချန်း ပုခုံးတွန့်လိုက်သည်။
"အမှန်ပါပဲ အကာအကွယ်ဟာ နှစ်ကြာနေပြီ ပြုပြင်ဖို့ လိုနေပြီလို့ ကျုပ် ခုနကလဲ ပြောခဲ့သားပဲ ဒါက ပြိုင်ကွင်းတာဝန်ခံနဲ့ပဲ ဆိုင်တယ် ကျုပ်နဲ့ မဆိုင်ပါဘူး"
"ဒါပေမဲ့ ဒီအားနည်းချက်ကို မင်း ဘယ်လိုလုပ်တွေ့သွားတာလဲ"
"အရှင်မင်းင်းကြီးကို စိတ်ပျော်အောင်လုပ်ဖို့ ပြိုင်ကွင်းကို လာလေ့လာရင်း တွေသွားတာပါ ဒီအကြောင်းကို ကျုပ် ပြိုင်ကွင်းတာဝန်ခံဆို အစီရင်ခံစာတောင် တင်လိုက်ပါသေးတယ်"
"အဲဒီအစီရင်ခံစာ ဘယ်မှာလဲ"
"ပြိုင်ကွင်းတာဝန်ခံရဲ့ ရုံးခန်းမှာ ရှိပါလိမ့်မယ် ဒါပေမဲ့ မြန်မြန်သွားဖို့တော့ လိုတယ် တာဝန်ခံ အစီရင်ခံစာကို ဖျက်ဆီးမပစ်ခင်ပေါ့"
ဗရီဂတ်စ် နောက်သို့လှည့်ကြည့်လ်ိုက်ရာ စစ်သားတချို့ လျင်မြန်စွာ ပြေးထွက်သွား၏။
သို့သော် စစ်သားများ ယူလာမည့့်သတင်းကို သူ့ကို စိတ်ပျက်စေလိမ့်မည်မှန်း ဗရီဂတ်စ် ကြိုတင်သိရှိထားလေသည်။
***