လက်ဆောင် ၁
Vol. 71 Ch. 708
နောက်ဆုံးတွင် အနူဘီ၏ မွေးနေ့မင်္ဂလာရက်မြတ် ရောက်လာခဲ့ပြီ ဖြစ်သည်။
မည်သို့ဆိုစေ ဤနေ့ကို သတ်ဖြတ်သူတိုင်း သံသယကြီးစွာ စောင့်ကြည့်နေရသည်မှာည်မှာကား အမှန်ပင်။ အကြောင်းမှာ ဤနေ့တွင် အနူဘီ မည်သို့မည်ပုံ ပေါက်ကရလုပ်မည်ကို မည်သူမှ မသိနိင်သောကြောင့်ပင်။
နောက်ဆုံး မွေးနေ့တုန်းက အနူဘီသည် သူ့အိမ်များကို မီးတင်ရှို့ခဲ့၏။ သူ့ရည်ရွယ်ချက်မှာ သူသည် သက်ဦးဆံပိုင်ဖြစ်၍ သူအလိုရှိရာကို လုပ်နိုင်ကြောင်းသေချာစေရန်ပင်။ ဆာချာရောက်လာသည့့်အချိန်တွင် အိမ်အတော်များများမှာ ပြာကျကုန်လေပြီ။ ထိုအခါ ဆာချာသည် ဒေါသတကြီးနှင့် အနူဘီအား ထိုးကြိတ်ခဲ့၏။ အနူဘီကား အထိုးခံအကြိတ်ခံရင်းပင် အားရပါးရ ရယ်မောနေခဲ့လေသည်။
တကြိမ်တွင်လည်း အနူဘီသည် အထက်တန်းအလွှာတိုင်း၏ ရှေ့ ပြိုင်ကွင်းထဲတွင် နတ်ဆိုးသားရဲတကောင်နှင့် ကိုယ်တိုင် တိုက်ခိုက်ခဲ့သေး၏။
ဆာချာလည်း ထုံးစံအတိုင်း ဒေါသထွက်ရပြန်သည်။ မည်သို့ဆိုစေ သူ့အနေနှင့် အနူဘီ၏ ပေါက်ကရလုပ်ရပ်များကို တားဆီးနိုင်စွမ်းရှိနေသည်ကတော့ အမှန်ပင်။ သို့သော် ဆာချာသည် အနူဘီ၏ ကာမစိတ်ကိုတော့ မတားဆီးနိုင်။ အကြောင်းမှာ ၎င်းသည် အနူဘီ၏ ကိုယ်ရေးကိုယ်တာ ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် မွေးနေ့တိုင်းလိုလိုတွင် အနူဘီသည် ရှင်းပြရန်ခက်ခဲသော အရူးဆန်ဆန် လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိကြောင်း သတ်ဖြတ်သူတိုင်း သိထားနှင့်လေပြီ။
ယခုနှစ် မွေးနေ့ကား ဆာချာသေဆုံးပြီးနောက် ပထမဆုံး မွေးနေ့ဖြစ်သည်။ အနူဘီ ဘာတွေများ ပေါက်ကရလုပ်အုံးမည်နည်း။ သတ်ဖြတ်သူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။
ယနေ့ အစောပိုင်းတွင် စုချန်းသည် နန်းတော်သို့ ရောက်လာ၏။
နန်းတွင်းအစေခံများဆိုင်ရာ စီမံကွပ်ကဲသူတယောက်အနေနှင့် စုချန်း၏ အဓိကတာဝန်မှာ အနူဘီအား ပျော်အောင်ထားရန်ပင်။ ထို့ကြောင့် လီဖန်းနှင့် တခြားလူများအား လေ့ကျင့်ပေးနေသည့်အချိန်တွင် စုချန်းသည် လှည့်ကွက်တချို့နှင့် အနူဘီကို ဖျော်ဖြေပေးနေရ၏။
သို့သော် ထိုတာဝန်မှာ စုချန်းအတွက် သိပ်မခက်လှ။
အကြောင်းမှာ အနူဘီ၏ တုံ့ပြန်မှုများသည် နားလည်ရန် လွယ်ကူလွန်းလှနေသောကြောင့်ပင်။
ဧကရာဇ်တပါးအနေနှင့် အနူဘီသည် အရာရာတိုင်းကို အုပ်စိုးထားနိုင်၏။ အရာရာတိုင်းသည် သူ့အတွက် ရရှိရန် လွယ်ကူလွန်းနေ၏။ ဤအနေအထားတွင် ထိုအရာများသည် သူ့အတွက် မည်သို့မှ တန်ဖိုးမရှိတော့ပေ။
ထို့ကြောင့် အနူဘီသည် အသစ်အသစ်သော အရာများကိုသာ အစဥ်အမြဲ တောင့်တနေလေ့ရှိသည်။
သတ်ဖြတ်သူများဟူသည်ကား တီထွင်ဖန်တီးနိုင်စွမ်းအရာတွင် အတော်ပင် နိမ့်ကျသူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေနှင့် အနူဘီ တောင့်တနေသည့်အရာကို မည်သို့မှ ဖြည့်ဆည်းနိုင်စွမ်းမရှိ။
သို့သော် စုချန်းအတွက်တော့ ထိုပြသနာမှာ ဘာမှမဟုတ်။ အသေးအဖွဲတချို့ကို ဖန်တီးပေးလိုက်ရုံနှင့် အနူဘီ၏ စိတ်ဝင်စားမှုကို သူ သိမ်းပိုက်နိုင်စွမ်း ရှိလေသည်။
နန်းဆောင်အတွင်းရောက်သည်နှင့် စုချန်းက အနူဘီထံသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားပြီး ဦးညွတ်ရင်း နှုတ်ဆက်လိုက်၏။
"အရှင်မင်းကြီး"
"အိုး လွန်တူး ချစ်လှစွာသော အိမ်တော်ဝန်ကြီး နောက်ဆုံးတော့ မင်း ရောက်လာပြီကိုး"
အနူဘီကလည်း ဝမ်းမြောက်ဝမ်းသာပင် ပြန်နှုတ်ဆက်လိုက်၏။
"ကျုပ် ခုပဲ မင်းကို စောင့်နေတာ"
"လူသားမျိုးစိတ်ဆီက ကစားစရာအရုပ်လေးတချို့ ရလာပါတယ် အရှင်မင်းကြီး...အရှင်မင်းကြီး သူတို့ကို သဘောကျမှပါ"
"လူသားမျိုးစိတ်ဆီက ဟုတ်လား မင်း ဘယ်လိုလုပ်ရလာတာလဲ"
ကင်းဝူးက ဝင်မေးလိုက်၏။
"သတ်ဖြတ်သူတချို့ကို လူသားတွေဆီရောင်းစားပြီး အလှဲဲအလှယ် လုပ်လာတာနေမှာပေါ့"
သတ်ဖြတ်သူစစ်သားတဦးက ဝင်ရောက်ချောက်တွန်းလိုက်၏။ ၎င်းသည် ကင်ဝူး၏ အမာခံမှန်း သိသာနေ၏။ စုချန်းကို မည်သို့ ချောက်တွန်းရမည်မှန်း သူ ကောင်းကောင်းသိနေသည် မဟုတ်ပါလား။
"သူတို့ လူသားမျိုးစိတ်ကနေ ရောက်လာတာမဟုတ်ဘူး သူတို့နဲ့အလှဲဲအလှယ်ယ်လုပ်ဖို့ ဘာကိုမှလဲ ရောင်းစားနေစရာမလိုဘူး တကယ်တော့ သူတို့လိုတာ အစားအသောက်နည်းနည်းလောက်ပါပဲ"
စုချန်းက ပြန်ဖြေလိုက်၏။
"တကယ်တော့ သူတို့ကို ခင်ဗျားဆီကနေ ရလာတာပါ ဆရာကင်ဝူး"
ကင်ဝူး မျက်လုံးပြူးသွား၏။
"မင်းပြောနေတာ လူသားစစ်သူရဲကောင်းတွေလား"
စုချန်း ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားဆီက ရလာတဲ့ လူသားတွေကို ကျုပ် ကောင်းကောင်းလေး ပြုစုကုသပေးထားတယ် အားလုံးသိတဲ့အတိုင်း လူသားတွေဟာ အာကင်နာတွေပြီးရင် ညဏ်ရည်ညဏ်သွေးမှာ ဒုတိယလိုက်တယ် သူတို့ဦးနှောက်ဟာ တကယ် အသုံးဝင်တယ် ကျုပ်တို့အနေနဲ့ သူတို့ဦးနှောက်ကို ခန်းသွားတဲ့အထိ ညှစ်ထုတ်ပြီးမှ ဒီကောင်တွေကို သတ်သင့်တယ် ဘာမှအသုံးမချရသေးပဲ သတ်ပစ်ရင် သိပ်နှမြောစရာကောင်းသွားမယ်"
"စိတ်ကူးကောင်းပဲကွ"
ကင်ဝူး တစုံတခု ထပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် အနူဘီက လက်ကာပြရင်း ပြောလိုက်၏။
"ကင်ဝူး မင်း လွန်တူးကို သဘောမကျမှန်း ကျုပ် သိတယ် ဒါပေမဲ့ အဆင့်နိမ့်စကားလုံးတွေနဲ့ သူ့ကို ဒုက္ခပေးမနေနဲ့တော့ ခုနက ဝင်ပြောတဲ့ ဟိုကောင်..အဲကောင်ကို ချက်ချင်းဆွဲထုတ်ပြီး ကွပ်မျက်လိုက်ကြစမ်းကွာ"
စုချန်းအား ကန့်လန့်ဝင်တိုက်သည့် ကနဦးစစ်သား ချက်ချင်းပင် အခန်းပြင်သို့ ဆွဲထုတ်ခံသွားရ၏။ ကင်ဝူးလည်း ဘာမှမပြောရဲတော့။
အနူဘီက အမိန့်ပေးလိုက်ပြန်သည်။
"ခုနက လူသားတွေအကြောင်း ဆက်စမ်းပါအုံး မင်း ပြောနေတဲ့အထဲမှာ စိတ်ဝင်စားစရာတွေများ ပါသလား"
စုချန်းက ပြန်ဖြေလိုက်သည်။
"အကုန်လုံးတော့ မဟုတ်ပေမဲ့ အတော်အသင့်တော့ ပါပါတယ် အရှင်မင်းကြီး"
အနူဘီ အားရပါးရ ရယ်မောလိုက်၏။
"သေးသေးမွှားမွှားကိစ္စတွေနဲ့ ကျုပ်ကိုလာလျှောက်မဲ့ကောင်မျိုးထဲ မင်း မပါဘူးဆိုတာ ကျုပ်သိတယ် ပြောစမ်းဟေ့ ဒီနေ့ ကျုပ်အတွက် ဘယ်လိုအံ့သြသင့်စရာတွေများ စီစဥ်ထားသလဲ"
"အံ့သြသင့်မှုဆိုတာ အစီအစဥ်ကြီးတခုလုံးရဲ့ တခုတည်းသော အစိတ်အပိုင်း မဟုတ်ပါဘူး အရှင်မင်းကြီး ရလဒ်ကို မထိခိုက်စေမဲ့ တခြားသော အစီအမံတွေလဲ ရှိနေတတ်ပါတယ် အရှင်မင်းကြီးသာ ကျုပ်ကို ခေါင်းမဖြတ်ဘူးဆိုရင် ပြောပြပါမယ်"
အနူဘီ အမိန့်ပေးလိုက်သည်။
"အိုး ဒါဆိုလဲ ပြောပြစမ်းကွာ"
"တကယ်လို့ ဒီလူသားတွေဟာ အရှင်မင်းကြီးရဲ့ ခြေတော်ရင်းမှာ ဒူးထောက်ပြီး အရှင်မင်းကြီးကို သစ္စာရှိပါမယ် အရှင်မင်းကြီးရဲ့အမိန့်ကို နာခံပါမယ် အရှင်းမင်းကြီးရဲ့ ဂုဏ်ပုဒ်တွေကို သီချင်းလုပ်ပြီး သီဆိုကြမယ်လို့ လျှောက်လာခဲ့ရင်ကော"
ကင်ဝူး ရယ်မောလိုက်၏။
"ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီလောက်ခေါင်းမာတဲ့လူသားတွေ ဒီလောက်လွယ်လွယ်နဲ့ အညံ့ခံဖို့ မဖြစ်နိုင်ဘူး"
စုချန်း ပြုံးလိုက်၏။
"ဒါကြောင့်မို့ ကျုပ် ပြောတာပေါ့ ရှေးတုန်းက ဘယ်သူမှ မလုပ်ဆောင်နိုင်တဲ့အရာတခုကို လုပ်ဆောင်နိုင်တာဟာလဲ ပျော်ရွှင်မှုကို ရစေနိုင်တယ် လူသားတွေရဲ့ သစ္စာခံမှုကိုသာ အရှင်မင်းကြီး လက်ခံလိုက်ရင် ဒါ မီးလျံအသိုက်ကိုပါ ဂုဏ်တက်စေလိမ့်မယ်လို့ ကျုပ် ပြောရဲတယ်"
"ဟား ဟား ဟား သိပ်ကောင်းတဲ့စိတ်ကူးပဲ ဒါဆိုလဲ ကျုပ်တို့ ဘာကိုစောင့်နေကြအုံးမှာလဲ ကဲ သွေးသောက်တို့ ခုပဲ လူသားတွေ ကျုပ်ခြေရင်းမှာ ဒူးထောက်နေတာကို သွားပြီး ကြည့်ကြစို့လား"
အနူဘီ၏ စကားသံဆုံးသည်နှင့် ရာနှင့်ချီသော သတ်ဖြတ်သူစစ်သားများ နန်းတော်၏ ဟိုမှသည်မှ ရှေ့သို့ခုန်ထွက်လာကြ၏။
ပြိုင်ကွင်းဆီသို့ရောက်သည်နှင့် ၎င်းတို့သည် အရက်များအလွန်အကျူးသောက်ကာ ပြကွက်များအား ရှုစားကြလေသည်။
ဧကရာဇ်၏ မွေးနေ့မင်္ဂလာဖြစ်၍ ပြကွက်တိုင်းသည် အကောင်းဆုံး ဖန်တီးထားပြီး သွေးများနှင့်အတိပြီးနေသည်မှာ ယုံမှားသံသယ ဖြစ်နေစရာမလိုတော့။
ပြကွက် ရှစ်ကွက်မြောက်တွင်တော့ စုချန်း၏ လူသားစစ်သူရဲကောင်းများသည် စင်မြင့်ဆီသို့ တက်လှမ်းလာ၏။ တူညီဝတ်စုံများ ဝတ်ဆင်ထားသော ၎င်းတို့၏ ပုံစံမှာ စိတ်ဓာတ်မြင့်မားနေဟန် ရှိလေသည်။
စင်မြင့်အစွန်းသို့ရောက်သည်နှင့် စစ်သူရဲကောင်းသုံးဆယ်သည် ဒူးထောက်ချလိုက်ပြီး အောက်ပါအတိုင်း အနူဘီအား နှုတ်ခွန်းဆက်လိုက်ကြသည်။
"ကြီးမြတ်တဲ့အရှင်ခေါင်းဆောင်ကြီးခင်ဗျား သင့်ရဲ့သစ္စာရှိစစ်သည်တွေဟာ ဒီကနေ့မှာ သင့်အတွက် သေဖို့အသင့်ဖြစ်နေပါပြီ ဒီအတွက် ဘယ်တော့မှ နောင်တမရပါဘူးခင်ဗျာ"
၎င်းတို့၏ ဟစ်ကြွေးသံသည် မိုးသို့တိုင် ညံသွား၏။ သတ်ဖြတ်သူတိုင်း မှင်သက်ကုန်လေပြီ။
ဒီလူသားတွေက ငါတို့ကို ဒူးထောက်နေသတဲ့လား...
တယောက်စ နှစ်ယောက်စ ဒူးထောက်ခြင်းမဟုတ်ပဲ လူသားအုပ်လိုက်ကြီး အမှန်တကယ် သစ္စာခံဟန်ဖြင့် ဒူးထောက်နေကြခြင်းမှာ အံ့သြစရာ ဖြစ်နေသည်အမှန်ပင်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
သတ်ဖြတ်သူများသည် တိုက်ခိုက်ရာတွင်သာ ထူးချွန်သူများ ဖြစ်သည်။ သူတပါးကိုယ်တော့ ကိုယ့်ဖက်ပါအောင် မသိမ်းသွင်းတတ်။
ဒီကောင်တွေ ရူးများရူးကုန်တာလား...
အနူဘီ ဟားတိုက်ရယ်မောလိုက်၏။
"လွန်တူး မင်းပြောတဲ့အတိုင်း သူတို့ငါ့ကို ဒူးထောက်နေပြီကွ"
သူ့စိတ်ထဲတွင်လည်း ဖော်မပြနိုင်သော ကျေနပ်နှစ်သိမ့်မှုများအား ခံစားနေရလေသည်။
သိပ်မကြာမီ ကျယ်လောင်လှသော အော်ဟစ်အားပေးသံများ ဘဝဂ်သို့တိုင် ညံသွား၏။
သတ်ဖြတ်သူများကား အကြီးအကျယ် မာန်တက်ကုန်ကြလေပြီ။ သူတို့သည် ထပ်ခါထပ်ခါ အော်ဟစ်အားပေးနေကြ၏။ သူတို့စိတ်ထဲတွင်လည်း ကမ္ဘာကြီးတခုလုံးကို သိမ်းပိုက်သွားနိုင်သယောင် ခံစားနေရလေသည်။
လီဖန်းသည် ၎င်းတို့အား အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်ပြီး စိတ်ထဲတွင် ကျုံးဝါးလျက်ရှိသည်။
သွေးကြေးဟာ အနှေးနဲ့အမြန် ရောက်လာမှာပေါ့ကွာ...
သတ်ဖြတ်သူများကား လီဖန်းတို့လူစု ဒူးထောက်နေသည်မှာ အနူဘီမဟုတ်ပဲ စုချန်းကိုသာဖြစ်ကြောင်း အနည်းငယ်မှ သဘောမပေါက်ကြချေ။
စုချန်းအား သူတို့ရင်ထဲတွင် စစ်မှန်သော ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ထားပြီးလေပြီတည်း။
အတန်ကြာသော လူသားစစ်သူရဲကောင်းများသည် မတ်တပ်ပြန်ရပ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။
မည်မျှပင် အညံ့ခံစေကာမူ တိုက်ပွဲကိုတော့ သူတို့ ရှောင်လွှဲ၍ မရ။
သိပ်မကြာမီ တဖက်ခြမ်းမှ တံခါးတချပ် ပွင့်လာပြီး ကြီးမားသော အရိပ်ကြီးတရိပ် ထွက်ပေါ်လာ၏။
၎င်းသည် ၁၅ပေခန့်မြင့်ပြီး လက်ထဲတွင် သံမဏိတူကြီးတလက်အား ကိုင်ဆောင်ထား၏။ ၎င်း၏ တကိုယ်လုံးကိုတော့ သံကြိုးများဖြင့် ရစ်ပတ်ထားလေသည်။ ၎င်း၏ မျက်လုံးမှာကား နှစ်လုံးမဟုတ်။ တလုံးတည်းသာ ဖြစ်၏။
"အာဝူး"
၎င်း၏ အော်သံသည် ပြိုင်ကွင်းတခုလုံးအား ပဲ့တင်ခတ်သွားလေသည်။
"ဆိုင်းကလော့နတ်ဆိုး ဒါ တကယ် ဆိုင်းကလော့နတ်ဆိုးကြီးဟ"
အနူဘီ ထအော်လိုက်၏။
"လွန်တူး မင်း တကယ်ပဲ သူတို့ကို ဆိုင်းကလော့နတ်ဆိုးနဲ့ ချခိုင်းမလို့လား ဒီကောင်တွေအကုန် သေကုန်မှာပေါ့"
"ဒါမှမဟုတ် ဆန့်ကျင်ဘက်လဲ ဖြစ်သွားနိုင်ပါတယ် အရှင်မင်းကြီး"
စုချန်းက ပြန်ဖြေလိုက်သည်။
***