← Chapters

လက်ဆောင် ၂

Vol. 71 Ch. 709

လက်ဆောင် ၂

Vol. 71 Ch. 709

ဆိုင်းကလော့့နတ်ဆိုးဟူသည် သတ်ဖြတ်သူနယ်မြေအတွင်းတွင် နေထိုင်လေ့ရှိသည့့် ရှားပါးသက်ရှိတမျိုး ဖြစ်သည်။

၎င်းမျိုးစိတ်များသည် စင်စစ်အားဖြင့် မူလမျိုးစိတ်များထဲတွင် ပါဝင်ကြသည်။ ညဏ်ရည်မြင့်မျိုးစိတ်များနှင့် ၎င်းတို့ ဘာမှ မသက်ဆိုင်ချေ။

၎င်းတို့သည် ပင်ကိုယ်အားဖြင့် အရွယ်အစားကြီးမား၏။ အင်အားကြီး၏။ ထို့ကြောင့် ၎င်းတို့အရွယ်နှင့် လိုက်ဖက်အောင်လည်း အစားအသောက်က သောင်းကျန်းလှသည်။

နှိုင်းယှဥ်ရလျင် ရွှံ့ဘီလူးများသည် အရွယ်အစားအလွန်ကြီးမားကြသော်လည်း ၎င်းတို့၏ ကိုယ်ခန္ဓာမှာမူကား အခြေခံမူလဘူတဲဒြပ်ထုများနှင့်သာ ဖွဲ့စည်းထား၍ ဆိုင်းကလော့့များနှင့် ကွာခြားနေ၏။ ထို့ကြောင့် ရွှံ့ဘီလူးကဲ့သို့ သက်ရှိများအား မူလဘူတဒြပ်ထုမျိုးစိတ်များဟု ခေါ်ဝေါ်ကြပြီး ဆိုင်းကလော့့ကဲ့သို့ သက်ရှိအုပ်စုများကိုတော့ ဘီလူးနတ်ဆိုးမျိုးစိတ်များဟု ခေါ်ဝေါ်ကြလေသည်။

မူလကမ္ဘာကြီး၏ ခေတ်ဦးပိုင်းတွင် သားရဲမျိုးစိတ်၊ မူလဘူတဒြပ်ထုမျိုးစိတ်နှင့် ဘီလူးနတ်ဆိုးမျိုးစိတ်ဟူ၍ မျိုးစိတ်ကြီးသုံးစိတ်သာလျင် ရှိခဲ့ဖူးသည်။ နောက်ဆုံးတွင်တော့ သားရဲမျိုးစိတ်များသည် အောင်နိုင်သူများ ဖြစ်လာကြကုန်၏။

အကျိုးဆက်အနေနှင့် ကျန်မျိုးစိတ်နှစ်စိတ်သည် အင်အားနည်းကုန်ပြီး ညဏ်ရည်မြင့်မျိုးစိတ်များ၏ နယ်မြေများတွင် ပုန်းလျှိူးကွယ်လျှိုးနှင့် ရှင်သန်နိုင်အောင် ကြိုးစားနေထိုင်ကြရတော့သည်။

သတ်ဖြတ်သူနယ်မြေကြီးထဲတွင် ဘီလူးနတ်ဆိုးမျိုးစိတ်ပိုင် နယ်မြေလေး ရှိနေ၏။ ၎င်းတို့သည် ထိုနယ်မြေတွင် ကြိုးစားရုန်းကန်ကာ ရှင်သန်နေကြရလေသည်။

သတ်ဖြတ်သူများသည် ၎င်းတို့အား အမြဲတစေ ဖမ်းဆီးသတ်ဖြတ်နိုင်ရန် ကြိုးစားနေကြ၏။ သို့သော် ၎င်းတို့နေထိုင်သော နယ်မြေ၏ ထူးခြားသောသဘာဝအပေါ် မှီခိုပြီး ဆိုင်းကလော့့တို့အုပ်စုသည် သေမင်းနှုတ်ခမ်းဝပေါ်တွင် စင်္ကြန်လျှောက်နေကြလေသည်။

ဘီလူးနတ်ဆိုးမျိုးစိတ်များသည် မူလမျိုးစိတ်များအနက်မှ တမျိုးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လွန်စွာ အင်အားကြီးမားကြ၏။ ၎င်းတို့၏ ရှုံးနိမ့်မှုမှာ အရေအတွက်နည်းပါးခြင်းနှင့် ညဏ်ရည်နိမ့်ခြင်းကြောင့်သာ ဖြစ်သည်။ အင်အားနည်းခြင်းကြောင့့် မဟုတ်ချေ။

အရွယ်ရောက်ပြီး ဆိုင်းကလော့့တကောင်သည် နတ်ဆိုးအရှင်သခင်သားရဲနှင့် အဆင့့်ချင်းတူညီနေလေရာ ၎င်း၏ အင်အားကို မှန်းဆနိုင်၏။ သတ်ဖြတ်သူများပင် ဆိုင်းကလော့့တကောင်ကို ထိပ်တိုက်ရင်မဆိုင်ရဲကြချေ။

ယခုတော့ စုချန်းက သူ့စစ်သည်များကို ဆိုင်းကလော့့တကောင်နှင့် စီးချင်းထိုးခိုင်းခဲ့လေပြီ။

၎င်းကိုကြည့်ရင်း အနူဘီ၏ ရင်ထဲတွင် ပထမဆုံးအကြိမ် မအီမသာ ဖြစ်လာ၏။ ဤလူသားများသည် သူ့အား ဒူးထောက်အရိုုအသေပေးသူများ၊ သူ့ကျေးကျွန်သစ်များ ဖြစ်နေသည် မဟုတ်ပါလား။

အနူဘီသည် သွေးဆာတတ်သူ မှန်၏။ သို့သော် လူသားစစ်သည်တော်များအား တကြိမ်တည်းနှင့် သတ်ပစ်ရမည်ကို သူ နှမြောနေမိသည်ကတော့ အမှန်ပင်။

ထိုအချိန်မှာပင် စုချန်း၏ တုံ့ပြန်စကားကို အနူဘီ ကြားလိုက်ရခြင်း ဖြစ်သည်။

"ဒါမှမဟုတ် ဆန့့်ကျင်ဘက်လဲ ဖြစ်နိုင်ပါတယ် အရှင်မင်းကြီး"

"မင်း ဘာတွေပြောနေတာတုန်း"

အနူဘီ အံ့သြသွား၏။

"ကိုယ်တိုင်ပဲ ရှုစားကြည့်လိုက်ပါ အရှင်မင်းကြီး"

ဆိုင်းကလော့့ရောက်လာသည်နှင့် ပြိုင်ကွင်းအတွင်းရှိ တိုက်ပွဲမှာ အစပြုနေခဲ့ပြီ ဖြစ်သည်။

ဆိုင်းကလော့သည် မူလမျိုးစိတ်ဝင်ဖြစ်၍ မူလစွမ်းအင်အား မွေးရာပါထိန်းချုပ်နိုင်စွမ်း ရှိနေ၏။ သို့သော် ၎င်းသည် သတ်ဖြတ်သူများကဲ့သို့ပင် လက်များနှင့်ပင် စတင်တိုက်ခိုက်လာ၏။

ဆိုင်းကလော့့သည် ချက်ချင်းဆိုသလိုပင် ရှေ့သို့ခြေတလှမ်းတိုးပြီး ၎င်း၏ လက်ထဲရှိတူကြီးကို ဝေ့ယမ်းကာ လူသားများအား ရိုက်ချလိုက်လေသည်။

လွန်ခဲ့သော နှစ်လသာဆိုပါက ဤတချက်တည်းနှင့်ပင် လူသားများ အသက်ပျောက်သွားဖွယ်ရာ ရှိ၏။ သို့သော် လက်ရှိတွင် လူသားများမှာ လွန်ခဲ့သော နှစ်လက အခြေအနေမျိုး မဟုတ်ကြတော့။

လူသားစစ်သူရဲကောင်းများအနက် သုံးယောက်သည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ ဖြစ်နေခဲ့လေပြီ။ ထိုအထဲတွင် လီဖန်းးသည် အင်အားအကြီးမားဆုံး ဖြစ်လေရာ သူတဦးတည်းနှင့်ပင် ဆိုင်းကလော့့အား ယှဥ်နိုင်၏။

သို့သော် လူသားစစ်သည်များ၏ ပကတိအင်အားကို စုချန်းက ဖုံးကွယ်ထားစေ၏။ ယုတ်စွအဆုံး လီဖန်းး၏ အဓိကတာဝန်မှာပင် သူ့စစ်သည်များ အသက်မဆုံးရှုံးစေရေး ကာကွယ်သွားရန်ပင် ဖြစ်သည်။ အရေးအကြောင်း မရှိသရွေ့ လီဖန်းးအနေနှင့် သူ့ပကတိအင်အားကို ဖော်ပြလိမ့်မည် မဟုတ်။

ဆိုင်းကလော့့ စတင်လှုပ်ရှားလာသည်နှင့် လူသားများသည် သူတို့၏ ဓားများအား ပြိုင်တူဆွဲထုတ်လိုက်ကြ၏။ တချိန်တည်းမှာပင် ၎င်းတို့ဓားဖျားမှ ချီအလင်းတန်းများ ထွက်ပေါ်လာလေသည်။

လူသားစစ်သူရဲကောင်းများ၏ လက်ထဲရှိ ဓားတိုင်းသည် ဝိညာဥ်လက်နက်များ ဖြစ်နေ၍ ထွက်ပေါ်လာသော ချီအလင်းတန်းများမှာ ထက်မြက်ပြီး ကြောက်စရာကောင်းလှ၏။ ယုတ်စွအဆုံး သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်၏ တိုက်ခိုက်မှုသည်ပင် ဆိုင်းကလော့့အား ဒဏ်ရာများ ကျန်ရစ်ခဲ့စေလေသည်။

ဒဏ်ရာများမှာ သိပ်မနက်ရှိုင်းက်ရှိုင်းလှ။ သို့သော် ဆိုင်းကလော့အား ပြင်းပြင်းထန်ထန် ထိခိုက်စေသည်ကတော့ အမှန်ပင်။

မျက်စေ့တမှိတ်အတွင်း ဆိုင်းကလော့ကား ဆယ့်နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီးလေပြီ။

ဆိုင်းကလော့ ဒေါသထွက်လာဟန်တူသည်။ ကျယ်လောင်စွာ အော်ဟစ်ပြီး တူကြီးကို ဝေ့ယမ်းလိုက်ပြန်သည်။ သို့သော် လူသားစစ်သူရဲကောင်းများကား မြန်ဆန်လှပေရာ ဆိုင်းကလော့၏ တိုက်ခိုက်မှုမှာ အဟောသိကံသာ ဖြစ်သွားရပြန်၏။

ထိုအခိုက်မှာပင် လူသားစစ်သူရဲကောင်းသုံးဆယ်သည် အုပ်စုငါးစု ခွဲလိုက်ကြ၏။ အုပ်စု တစုစီတိုင်းအား လီဖန်းးနှင့် ကျန်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လေးဦးက ဦးဆောင်ထားလေသည်။ ထို့နောက် အုပ်စုတိုင်းသည် ရှေ့တိုးနောက်ဆုတ်လုပ်ကာ ညီညီညာညာဖြင့် ဆိုင်းကလော့့အား ဝိုင်းဝန်းတိုက်ခိုက်ကြတော့၏။ အဆိုပါ ပူးပေါင်းတ်ိုက်ကွက်မှာ လွန်စွာ ပိရိသေသပ်လှပေသည်။ တိုက်စစ်နှင့် ခံစစ်ကို ချိန်သားကိုက် ပေါင်းစပ်ထားသော တိုက်ကွက်မျိုး ဖြစ်၏။ ဆိုင်းကလော့့ကား ပြိုင်ဘက်ကောင်းနှင့် ရင်ဆိုင်နေရလေပြီ။

ဆိုင်းကလော့့သည် အင်အားကြီးမားသည်မှန်သော်လည်း မြန်ဆန်လှသော လူသားစစ်သူရဲကောင်းများအား လက်ဖျားနှင့်ပင် မထိနိုင်။ ၎င်း၏ ကိုယ်ခန္ဓာအနှံ့အပြားတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေခဲ့လေပြီ။

၎င်းမှာ မြန်ဆန်လှသည့့် ငှက်ကလေးအကောင်၃၀က ထုံထိုင်းသော ဝက်ဝံကြီးအား ဝိုင်းဝန်းစနောက်ာက်နေသည်နှင့်ပင် တူနေသေး၏။

"ကောင်းလိုက်တဲ့ ပူးပေါင်းတ်ိုက်ကွက် မြင်ဖူးသမျှထဲမှာ အလှဆုံးတိုက်ပွဲပဲဟေ့"

သတ်ဖြတ်သူအထက်တန်းလွှာတဦးက မနေနိုင်တော့ဟန်ဖြင့် ချီးကျူးလိုက်သည်။

"မှန်တယ်ဟေ့ ခါတိုင်းလို ခပ်ရိုးရိုးခပ်ကြမ်းကြမ်းတိုက်ပွဲမျိုးမဟုတ်ပဲ ခုလို စနစ်တကျ လှလှပပတိုက်ခိုက်နေတာကျတော့လဲ အတော်လေး စိတ်ဝင်စားစရာကောင်းသားပဲ"

"စနစ်တကျ လှလှပပတိုက်ခိုက်နေတာ ဟုတ်လား ဆာပိုကွာ့ရဲ့ မှတ်ချက်က စိတ်ဝင်စားဖို့ကောင်းတယ် ပိုပြီးအရေးကြီးတာက ဒီလိုပြကွက်မျိုးကို သတ်ဖြတ်သူမျိုးစိတ် တီထွင်နိုင်ခဲ့ပြီ ဆိုတာပဲ"

"ပြီးတော့ သူက ဒါကို လူသားတွေကိုတောင် ပြန်သင်ပေးလိုက်သေးသတဲ့"

"ဘုရားသခင် ဒီကမ္ဘာကြီးမှာ ဘာတွေများ ဖြစ်ကုန်ပြီလဲ"

"ဟား ဟား ဟား"

တယောက်က်တပေါက် ပြောဆိုသံများ၊ ရယ်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

"သူတို့ နိုင်တော့မယ်"

စုချန်းက တိုက်ပွဲကိုကြည့်ရင်း မှတ်ချက်ပြုလိုက်ပြန်သည်။

"ဒီလောက်လဲလွယ်မယ်မထင်ပါနဲ့လေ"

ကင်ဝူးက အေးစက်စက်လေသံနှင့် ပြန်လည်ကန့့်ကွက်လိုက်သည်။

"ဘာပဲပြောပြော ဆိုင်းကလော့ဟာ မူလမျိုးစိတ်ဝင် ဖြစ်နေတုန်းပဲ မူလမျိုးစိတ်တွေရဲ့အင်အားဟာ သာမာန်မဟုတ်ဘူးကွ"

ကင်ဝူး၏ စကားသံကိုကြားသည်နှင့်တပြိုင်နက် ဆိုင်းကလော့့ကိုယ်တိုင်သည်လည်း ပြိုင်ဘက်များအား သမာာရိုးကျ တိုက်ခိုက်ရုံနှင့် အနိုင်မရနိုင်မှန်း သဘောပေါက်သွားပုံရ၏။ ဆိုင်းကလော့့၏ ပါးစပ်မှ ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ၎င်း၏ ကိုယ်ဆီမှလည်း သွေးကဲ့သို့ နီရဲသော အလင်းတန်းများ ဖျာထွက်လာလေသည်။

ထိုခနမှာပင် မူလက လေးလံနှေးကွေးလှသော ဆိုင်ကလော့့၏ လှုပ်ရှားမှုများသည် တမုဟုတ်ချင်း မြန်ဆန်လာ၏။ ထို့နောက် ၎င်းသည် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ရှေ့သို့ဝုန်းခနဲ ခုန်ထွက်ပြီး လူသားများအား ၎င်း၏ တူကြီးနှင့့် ရိုက်ချလိုက်တော့သည်။

ဆိုင်းကလော့့၏ လှုပ်ရှားမှုမှာ တကယ်ပင် မြန်ဆန်လှ၏။ လူသားစစ်သူရဲကောင်းများအနေနှင့် ရှောင်တိမ်းချိန်မရတော့။ ထ်ိုအခါ ၎င်းတို့သည် လက်ထဲရှိ ဓားများကို ပြိုင်တူဝေ့ယမ်းပြီး ဓားကွန်ယက်ကြီးတခုအဖြစ် ပေါင်းစပ်ကာ ဆိုင်းကလော့့၏ တူချက်ကို ခံဆောင်ပေးလိုက်ကြလေသည်။ တူကြီးနှင့် ဓားကွန်ယက်ကြီး ထိတွေ့ချိန်ဝယ် ဖော်ပြရန်ခဲယဥ်းသည့့် အလင်းရောင်မျိုးစုံ ထွက်ပေါ်လာ၏။

အံ့သြစရာကောင်းလောက်အောင်ပင် ဆိုင်းကလော့့၏ ကြီးမားလှသောတူကြီးသည် ဓားကွန်ယက်ကို ထိုးဖောက်နိုင်စွမ်းမရှိပဲ နောက်သို့ ပြန်ကန်လာလေသည်။

"သူတို့ ကာကွယ်နိုင်တယ်ဟ"

"သူတို့ ဘယ်လိုလုပ် ကာကွယ်နိုင်လိုက်တာလဲ"

စောင့်ကြည့်သူတိုင်း မျက်လုံးပြူးကုန်ကြသည်မှာ အမှန်ပင်။

တကယ်တွင်လည်း နတ်ဆိုးအရှင်သခင်သားရဲတကောင်နှင့် အဆင့့်ချင်းတူသော ဆိုင်းကလော့့၏ တိုက်ခိုက်မှုကို ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်၊ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်များ၏ စုပေါင်းအားနှင့် ကာကွယ်နိုင်စရာ အကြောင်းမရှိ။

ဘာဖြစ်သွားမှန်းကို စုချန်းတယောက်က်သာ အတိအကျ သိလိုက်၏။

လီဖန်းတယောက် သူ့အင်အားကို တိတ်တဆိတ် ထုတ်နှုတ်သုံးစွဲလိုက်ရခြင်းပင်။ မည်သို့ဆိုစေ လီဖန်းးသည် သူ့အင်အားကို တိတ်ိကျကျပင် ထိန်းချုပ်နိုင်ခဲ့သဖြင့် မည်သူမှ သတိမထားမိလိုက်။

ဤမျှဆိုလျင် လုံလောက်သွားလေပြီ။

တချိန်တည်းမှာပင် လူသားစစ်သူရဲကောင်းများဘက်မှ တန်ပြန်တိုက်စစ် စတင်လာ၏။ ၎င်းတို၏ လက်ထဲရှိ ဓားများမှ ထွက်ပေါ်လာသော အလင်းတန်းများသည် အလင်းတန်းကြီးတခုအဖြစ် စုပေါင်းသွားပြီး ဆိုင်းကလော့့ဆီသို့ တိုးဝင်သွားတော့သည်။

အလင်းတန်းသည် မည်မျှထိ အင်အားကြီးမားသနည်းဆိုသော် ဆိုင်းကလော့့ပင် ကြောက်လန့့်တကြား ထအော်ရ၏။ ၎င်း၏ လက်ထဲရှိ တူကြီးသည်လည်း အလင်းတန်းအား တောင့်ခံနိုင်ပုံမပေါ်။ မြင်ကွင်းသည် သတ်ဖြတ်သူအထက်တန်းအလွှာများအား မှင်သက်နေစေခဲ့လေပြီ။

နောက်ဆုံးတော့ ဆိုင်းကလော့့သည် လူသားစစ်သူရဲကောင်း၃၀အား မည်သ်ို့မှ အနိုင်မရနိုင်မှန်း သိသာနေခဲ့လေပြီ။ ၎င်း၏ ကံကြမ္မာသည်လည်း ဘယ်သောင်ဘယ်စခန်းသို့ ဆိုက်မည်မှန်း ပေါ်လွင်နေခဲ့လေပြီ။

အားလုံးသိရှိထားသည့့်အတိုင်း လူသားစစ်သူရဲကောင်းများသည် ဆိုင်းကလော့့အား အလွယ်တကူပင် အနိုင်ယူလိုက်ကြ၏။ လူသားများဘက်မှ သုံးဦးသာလျင် အသေးစားဒဏ်ရာတချို့ ရရှိကုန်ကြသည်။

ဆိုင်းကလော့့၏ ကြီးမားလှသော ကိုယ်ကာယကြီး မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားချိန်တွင် သတ်ဖြတ်သူတိုင်း စိတ်လှုပ်တရှားနှင့် အော်ဟစ်အားပေးကြကုန်၏။

အနူဘီကိုယ်တိုင် မတ်တပ်ရပ်ကာ လက်ခုပ်တီးအားပေးလေသည်။

"ကြည့်လို့ကောင်းလိုက်တဲ့ပွဲကွာ အိမ်တော်ဝန်လေး ဒါ ကျုပ် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပွဲပဲကွ"

အနူဘီ စိတ်ပါလက်ပါပင်င် ချီးကျူးလိုက်၏။

"အရှင်မင်းင်းကြီး ချီးကျူးလို့ ဂုဏ်ယူရပါတယ်ခင်ဗျာ"

စုချန်းက ဂုဏ်ယူဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒီလိုဖြစ်လာအောင် မင်း ဘယ်လ််ိုများ လုပ်လိုက်တာလဲ"

အထက်တန်းလွှာတဦးက ဝင်မေးလိုက်၏။

"မြင်တဲ့အတိုင်းပဲလေ ကျုပ် သူတို့ကို လေ့ကျင့်ပေးရတာပေါ့"

"လေ့ကျင့်ပေးတယ် ဟုတ်လား"

စကားသံတသံံ ထွက်ပေါ်လာ၏။ အသံရှင်မှာ စစ်နတ်ဘုရား ဗရီဂတ်စ်ပေတည်း။

စုချန်း ပြန်ဖြေလိုက်သည်။

"မှန်ပါတယ်ခင်ဗျာ"

"မင်း သူတို့ကို နှစ်လအတွင်း ဒီလိုအခြေအနေထိ ရောက်လာအောင် လေ့ကျင့်ပေးနိုင်တယ် လူသားတွေကို လေ့ကျင့်ပေးနိုင်ရင် သတ်ဖြတ်သူတွေကိုလဲ မင်း လေ့ကျင့်ပေးနိုင်မှာပေါ့ ဟုတ်လား"

စုချန်း ပြုံးလိုက်၏။

"မှန်ပါတယ် အရှင်ဗရီဂတ်စ်ခင်ဗျာ"

***

All Chapters