← Chapters

အခန်း ၄၄၅-၄၄၇

Vol. 30 Ch. 445-447

အခန်း ၄၄၅-၄၄၇

Vol. 30 Ch. 445-447

အခန်း (၄၄၅)

အသက် သုံးရာ အဘိုးအို (၂)

လဲကျသွားပြီးနောက် လုရှုယွမ် နောက်သို့ဆုတ်ကာ ဆက်တိုက်ထွက်ပြေးခဲ့သည်။

ထွက်ပြေးရင်း သူကပြောလိုက်သည်။

“မင်းဘယ်သူ့လူလဲ။ ကျုပ်ဘက်ကို ပြောင်းလာပါ။ ကျုပ်ချိီပြည်နယ်ရောက်ရင် မင်းကို ရွှေစင်တစ်သောင်း ကျုပ်ဦး‌လေးကို ပေးခိုင်းမယ်။ တစ်နေ့ ကျုပ်ထီးနန်းရရင် မင်းကို မြို့စားခန့်မယ်။”

လုရှုယွမ်၏စကားကို ကြားသောအခါ

လျှံဇွန်းက ရယ်မောကာ

“အိမ်ရှေ့မင်းသား။ ကျွန်တော်က ချူးဟုန်းဖေးမဟုတ်ဘူး။ မင်းသားရဲ့ လှပတဲ့ ကတိကဝတ်တွေထဲ အလွယ်တကူ လှုတ်ခတ်သွားမှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီး လျှံဇွန်း သူ့အားစီရင်ရန် အသင့်ဖြစ်နေစဉ် လုရှုယွမ်က

“ငါက အိမ်ရှေ့မင်းသား။ မင်းငါ့ကို မသတ်ရဘူး။ ငါပုန်ကန်ခဲ့ရင်တောင် ငါက ဆွမ်ဧကရာဇ်က ခန့်အပ်ထားတဲ့ အိမ်ရှေ့မင်းသားပဲ။ မင်းငါ့ကိုသတ်ရင် မင်းလည်း အဆုံးသတ် မကောင်းနိုင်ဘူး။”

လျှံဇွန်းက လုရှုယွမ်၏ စကားများကို ဂရုမစိုက်ပဲ သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားရောင် လက်သွားပြီးနောက် လုရှုယွမ်၏ ခန္ဓာကိုယ်လည်း ဖြည်းညှင်းစွာ မြေပေါ်သို့ လဲကျသွား၏။ သို့သော် သူ သတိအနည်းငယ် ရှိနေသေးသည်။

ထိုအချိန်တွင် လျှံဇွန်းက

“နောက်ဆုံးအကြိမ် မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော်က မြောက်ပိုင်းပြည်နယ်ရဲ့ အထူးကိုယ်ရံတော်တပ်မှူး လျှံဇွန်းပါ။ အိမ်ရှေ့မင်းသားရဲ့ ခရီးလမ်း ချောမွေ့ပါစေ။”

လုရှုယွမ် သွေးများကို အန်ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် ဖြည်းညှင်းစွာ လဲကျသွားကာ အားနည်းသော အသံဖြင့်

“မင်း... မင်းက... လုချန်းရဲ့ လူ”

ဟု တီးတိုး ရေရွတ်လိုက်သည်။

သူ၏ နောက်ဆုံးစကားများအပြီးတွင် လုရှုယွမ် လုံးဝ သတိလစ်သွားပြီး လျှံဇွန်းလည်းနောက်ထပ် အချိန်မဖြုန်းတော့ပဲ ထွက်ခွာသွားတော့သည်။

လုရှုယွမ်သေဆုံးပြီးနောက် သူ၏လျှိုဝှက်တာဝန်လည်း ပြီးဆုံးသွားခဲ့သည်။ မြောက်ပိုင်းပြည်နယ်သို့ပြန်၍ မြောက်ပိုင်းနယ်စားမင်းသားထံ အစီရင်ခံရန် အချိန်တန်ပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား အထူးကိုယ်ရံတော်တပ်ဖွဲ့ကို စတင်အသုံးပြုကတည်းက သူတစ်ကြိမ်တစ်ခါမှ မြောက်ပိုင်းနယ်စားမင်းသားထံ တိုက်ရိုက်အစီရင်ခံဖူးခြင်း မရှိသေးပေ။

လုရှုယွမ် ထွက်ပြေးပြီးနောက် ဆူဖုန်းမြို့ရှိ အဓိက အာဏာရှိမိသားစုများသည် လုရှုယွမ် ပျောက်ဆုံးသွားကြောင်းကို လျင်မြန်စွာ သိရှိသွားကြ၏။ သို့သော် မည်မျှပင် ရှာဖွေစေကာမူ သူ့ကို ရှာမတွေ့နိုင်ခဲ့ပေ။

နှစ်ရက်အကြာတွင် နန်းတွင်းတပ် ဆူဖုန်းမြို့ကို ထိုးဖောက်ဝင်ရာက် နိုင်ခဲ့သည်။ တောင်ပိုင်းမှ အဆင့်လွန်ပညာရှင်များနှင့် နန်းတွင်းမှ အဆင့်လွန်ပညာရှင်များ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

နောက်ဆုံးတွင် တောင်ပိုင်းမှ အဆင့်လွန်ပညာရှင်များ လုံးဝ ချေမှုန်းခံခဲ့ရပြီး နန်းတွင်းမှ အဆင့်လွန်ပညာရှင် သုံးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

အချို့သော အာဏာရှိမိသားစုဝင်များသည် ထိုအခွင့်အရေးကို အသုံးချ၍ ဆွေမျိုးများနှင့်အတူ ဆူဖုန်းမြို့မှ အလျင်အမြန် ထွက်ခွာသွားကြသည်။ နန်းတွင်းစစ်တပ်က မြို့တံခါးများကို ပိတ်ဆို့ရန် ကြိုးစားသော်လည်း အာဏာရှိမိသားစုများ၏ အခြေစိုက်စခန်းများမှာ အားကောင်းနေဆဲဖြစ်ပြီး ထိပ်သီးပညာရှင်များအပါအဝင် စွမ်းရည်ရှိသူများ အများအပြားရှိသောကြောင့် အတော်များများ လွတ်မြောက်သွားခဲ့ကြသည်။

ကျောင်းကွမ်းသည် ထွက်ပြေးသွားသော အာဏာရှိမိသားစုဝင်များကို ချက်ချင်း လိုက်လံဖမ်းဆီးရန် နန်းတွင်းစစ်သားများကိုလည်း စေလွှတ်ခဲ့သည်။ ထွက်ပြေးသူ အတော်များများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း အချို့မှာမူ လွတ်မြောက်သွားခဲ့သည်။

သို့သော် ထိုသူများက အရေးမပါတော့ပေ။ ဆူဖုန်းမြို့ရှိ အာဏာရှိမိသားစုများ၏ အထက်တန်းလွှာအများစုမှာ ထိုနေရာတွင်ပင် ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရကာ သူတို့၏ စည်းစိမ်ဥစ္စာအားလုံးကို သိမ်းယူခံခဲ့ရသည်။ မြေယာ သို့မဟုတ် ငွေကြေးမရှိသော ထွက်ပြေးသူများသည် နောင်တွင် မည်သည့် ထကြွမှုမှ ပြုနိုင်တော့မည် မဟုတ်ပေ။

ကျောင်းကွမ်းသည် လုရှုယွမ်ကို ဖမ်းဆီး၍ ဆွမ်ဧကရာဇ် ကိုယ်တိုင်စီရင်နိုင်ရန် အတွက် နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်လိုခဲ့သည်။ မြို့ကို သိမ်းပိုက်ခြင်းမပြုမီ နှစ်ရက်အလိုတွင် လုရှုယွမ် ထွက်ပြေးသွားကြောင်း ကြားသိရသောအခါ သူ၏ လူများအား လုရှုယွမ်ကို ရှာဖွေရန် စေလွှတ်ခဲ့ရသည်။

သို့‌သော် လုရှုယွမ်၏ အလောင်းကိုသာ တွေ့ရှိခဲ့ရသည်။ အခြားရွေးချယ်စရာ မရှိသောကြောင့် အလောင်းကို သေချာစွာ ထားသို၍ နေပြည်တော်သို့ ပြန်လည်သယ်ဆောင်ရန် အမိန့်ပေးခဲ့သည်။

ဤသို့ဖြင့် တောင်ပိုင်းရှိ အုံကြွမှုများ အဆုံးသတ်သွားခဲ့သည်။

မကြာမီ လုရှုယွမ် ပင်လယ်ကမ်းခြေတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းဆွမ်ဧကရာဇ်ထံ ရောက်ရှိလာခဲ့သည်။ သို့သော် သူဝမ်းမြောက်ခြင်း မရှိခဲ့ပေ။ လုရှုယွမ်၏ သေဆုံးမှုနှင့်ပတ်သက်၍ သူ့တွင် မည်သည့်အပြစ်ရှိသည်ဟု ‌ခံစားရ‌ သောကြောင့် မဟုတ်ပါ။ လုရှုယွမ်မှာ သူ၏ သားတော်များထဲမှ တစ်ဦးမျှသာ ဖြစ်သည်။ သူ့အတွက် တစ်ဦးသေဆုံးလျှင်လည်း သေဆုံးသွားခြင်းပင် ဖြစ်သည်။

သူ ဝမ်းမြောက်နိုင်ခြင်း မရှိသည်မှာ မြောက်ပိုင်းရှိ လှုပ်ရှားမှုများ တဖြည်းဖြည်း ပိုများလာသောကြောင့် ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်မှ စစ်သားများသည် အလွန်ရန်လိုနေကြပြီး ချီပြည်နယ် နယ်စပ်တွင် တပ်စွဲထားသော နန်းတွင်းစစ်တပ်ကိုပင် ရန်စနေကြသည်။

မြောက်ပိုင်းပြည်နယ်သည် နန်းတွင်းအား စစ်ပွဲစတင်ရန် လှုံ့ဆော်လိုပြီး ထို့နောက် တန်ပြန်တိုက်ခိုက်ရန် အကြောင်းပြချက်ရှာဖွေလိုသည်မှာ ရှင်းနေသည်။

ကံကောင်းစွာဖြင့် ချီပြည်နယ် နယ်စပ်ရှိ နန်းတွင်းတပ်အား တင်းကျပ်သောအမိန့်တစ်ခု ထုတ်ပြန်ထားပြီးဖြစ်သည်။ မြောက်ပိုင်းပြည်နယ်မှ စစ်သားများ ချီပြည်နယ်ကို မတိုက်ခိုက်သရွေ့ မည်သည့်အ‌ကြောင်းရှိရှိ မြောက်ပိုင်းပြည်နယ်မှ စစ်သားများကို မတိုက်ခိုက်ရန် အမိန့်ဖြစ်သည်။

ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်၍ မကြာသေးမီက အရိပ်ကိုယ်ရံတော်များထံမှ အစီရင်ခံစာတစ်ခုကို ဆွမ်ဧကရာဇ် ရရှိခဲ့သည်။

ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသား နယ်ပယ်သို့ ရောက်ရှိခဲ့ကြောင်း တိုက်ရိုက်သက်သေမရှိသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ကောင်းကင်သို့ ထိုးတက်သွားသော ရွှေရောင်အလင်းတန်းနှင့် မိုးကောင်းကင်တွင် ပေါ်ထွန်းခဲ့သော တိမ်တိုက်များကို ရန်ခရိုင်နေသူတိုင်း မြင်တွေ့ခဲ့ကြသည်။

ဤဖြစ်ရပ်သည် အဆင့်လွန်ပညာရှင်တစ်ဦး ဖန်တီးနိုင်သောအရာ မဟုတ်သည်မှာ ရှင်းနေသောကြောင့် ကျူးကဲ့ကျုံကောင်း ထာဝရတန်ခိုးရှင်နယ်ပယ်သို့ တကယ် တက်လှမ်းသွားတာက အလွန်ဖြစ်နိုင်‌ခြေရှိနေသည်။ ချီပြည်နယ် နယ်စပ်ရှိ မြောက်ပိုင်းပြည်နယ်စစ်သားများ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအချက် မှန်ကန်ကြောင်း ပိုမိုခိုင်မာစေသည်။ ဆွမ်ဧကရာဇ် တဖြည်းဖြည်း ပို၍စိုးရိမ်လာတော့သည်။

မကြာမီ တောင်ပိုင်းမှ နန်းတွင်းစစ်တပ်၏ လက်ရွေးစင်စစ်သည်များကို မြောက်ပိုင်းသို့ ပြောင်းစေပြီး မြောက်ပိုင်းပြည်နယ် အမှန်အကယ် ပုန်ကန်လာနိုင်မည့် အခြေအနေအတွက် ပြင်ဆင်ခဲ့သည်။

.....

တစ်ချိန်တည်းမှာပင်။

မြောက်ပိုင်းနယ်မြေ။

ယူမြို့ တော်၌။

ခရီးရှည်တစ်ခု၏ အဆုံးတွင် လုချန်းနှင့် သူ၏အဖွဲ့သည် နောက်ဆုံးတွင် ယူမြို့တော်သို့ ရောက်ရှိခဲ့သည်။

ယူမြို့တော်၏ သာမန်ပြည်သူများသည် လုချန်း ရောက်ရှိမည့်အကြောင်းကို ကြိုတင်အသိပေးခြင်း ခံထားရ၏။ သူတို့၏ ဘုရင် လာမည်ဟု ကြားရသဖြင့် အိမ်များကို မီးအိမ်များနှင့် တန်ဆာဆင်ခဲ့ကြသည်။

ယူမြို့သားများနှင့် မြို့ဝန်ကိုယ်တိုင် လုချန်းအား ကြိုဆိုရန် မြို့တံခါးသို့ လာရောက်ခဲ့ကြသည်။

ယူမြို့‌တံခါးသို့ ရောက်သောအခါ သူ၏ လှည်းပေါ်မှ လုချန်း ဆင်းလိုက်သည်။

သူ၏ အောက်လက်ငယ်သားများနှင့် တွေ့ဆုံရန်အတွက် သူလှည်းအတွင်း၌ ဆက်နေ၍ မဖြစ်ပေ။

မြင်းစီးလျက် ဝင်ပေါက်လမ်းတစ်လျှောက် လုချန်း ဖြည်းဖြည်းချင်း ခရီးဆက်ခဲ့ပြီး လမ်းဘေးတစ်လျှောက်တွင် လူများ တန်းစီ‌ စောင့်ကြိုနေကြပြီး အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။

လုချန်း မြို့တံခါးသို့ ရောက်သောအခါ အရိုအသေပြု၍ စောင့်ဆိုင်းနေသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။

ထို့နောက် လုချန်း မြင်းပေါ်မှ ဆင်းလိုက်သည့် အချိန်တွင် အဘိုးအိုက ဒူးထောက်လိုက်သည်။

“ကျွန်တော် ရွှမ်ယွမ်ချောင်ကဲ မင်းသားအား ဦးညွှတ်ပါတယ်။”

ရွှမ်ယွမ်ချောင်ကဲ ဒူးထောက်သည်နှင့် လမ်းဘေးတွင် စီတန်းရပ်နေသော သာမန်ပြည်သူများလည်း ဒူးထောက်၍

“မင်းသားအား ဦးညွှတ်ပါတယ်။ မင်းသားသက်ကျော်ရာကျော် ရှည်ပါစေ။”

...........

အခန်း (၄၄၆)

အသက် သုံးရာ အဘိုးအို (၃)

ရွှမ်ယွမ်ချောင်ကဲဟူသောအမည်ကို ကြားသောအခါ လုချန်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စနစ်ကို အသုံးပြု၍ သူ့ကို စစ်ဆေးလိုက်ရာ ယူမြို့တော်၏ မြို့တော်ဝန်သည် အမှန်ပင် ရွှမ်ယွမ်ချောင်ကဲဟု အမည်တွင်ကြောင်း တွေ့ရှိခဲ့သည်။

ချောင်ကဲ.....

ဒီနာမည်က...

ထိုအရာသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ရမည်ဟု လုချန်းတွေးလိုက်ပြီးနောက် ထိုကိစ္စကို ဆက်၍ မစဉ်းစားတော့ပေ။

ထို့နောက် ရွှမ်ယွမ်ချောင်ကဲဘေးတွင် ရပ်နေသော ရွှမ်ယွမ်ယွမ်ချီကို လုချန်း လှမ်းကြည့်လိုက်သည်။

ရွှမ်ယွမ်ယွမ်ချီသည် သူမ နောက်ဆုံး ရန်ခရိုင်သို့ ရောက်ခဲ့စဉ်ကကဲ့သို့ပင် အနက်ရောင်နှင့် ရွှေရောင်သံချပ်ကာများ ဝတ်ဆင်ထားပြီး ဆံပင်ကိုမြင့်မြင့် စည်းနှောင်ထားကာ သူမ၏ ဖြူဖွေးသော နဖူးကို ပေါ်လွင်စေကာ လှပနေသလို စစ်သူရဲတို့၏ အသွင်သဏ္ဍန်ကိုလည်း ပေးစွမ်းနေသည်။

သူမ၏ သူ့အပေါ်ထားရှိသော နှစ်သက်မှုသည် အတော်အတန် မြင့်တက်လာပုံရသည်။

[အမည် - ရွှမ်ယွမ်ယွမ်ချီ]

[အဆင့်အတန်း - ယူမြို့တော်ရှိ ရွှမ်ယွမ်မိသားစုခေါင်းဆောင် ရွှမ်ယွမ်ချောင်ကဲ၏သမီး၊ ယခုနှစ်တွင် အသက် ၂၃ နှစ်၊ ရွှမ်ယွမ်ချန်း၏ညီမ၊ အဆင့်မြင့် ပညာရှင်အဆင့်ရှိသူ။ သခင်ယူမြို့တော်သို့ ရောက်လာမည်ကိုကြားသိရသောအခါ ဖခင်နှင့်အတူ ကြိုဆိုရန် ထွက်လာခြင်းဖြစ်သည်။]

[အဆင့် - ၉၈]

[သစ္စာရှိမှု - ၁၀၀]

[သဘောကျမှု - ၆၀]

သဘောကျ နှစ်သက်မှု တိုးလာခဲ့သည်။သို့သော် အဘယ့်ကြောင့် ဤမျှသာ တိုးလာသနည်း။

လုချန်းသည် သူ့ဘာသူ တွေးလိုက်သည်။ သူမှတ်တာ မမှားပါက ရွှမ်ယွမ်ယွမ်ချီ ရန်ခရိုင်တွင် သူ့ကို နောက်ဆုံးတွေ့သောအခါက သူမ၏ နှစ်သက်မှုသည် ၅၀ ရှိသည် မဟုတ်ပါလား။ အခု ၁၀ မှတ်သာ တိုးလာခြင်းဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားဖြစ်တဲ့ သူပဲ ညံ့ဖျင်းနေလို့လား။ စနစ်ဖြင့် ဆင့်ခေါ်ထားသူများ‌တောင် သူအပေါ် ဤမျှသာ နှစ်သက်မှု ရှိကြတာလား။

ထိုအရာကို ဆက်လက်၍ မစဉ်းစားတော့ပဲ

ရွှမ်ယွမ်ချောင်ကဲထံ ချက်ချင်း လျှောက်သွားပြီးနောက် သူ့လက်မောင်းများကို ဆွဲကိုင်ကာ ထူပေးလိုက်ပြီး

“ကျေးဇူးပြု၍ ထပါ ရွှမ်ယွမ်သခင်ကြီး။”

ဆက်လက်၍ လုချန်းက ပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း

“အားလုံး ထကြပါ”

ဟု ပြောလိုက်သည်။

ထိုအသံကို ကြားသောအခါ

ရွှမ်ယွမ်ချောင်ကဲက ပထမဆုံး

“မင်းသားကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် ပတ်ဝန်းကျင်ရှိ ပြည်သူများကလည်း

“မင်းသားကို ကျေးဇူးတင်ပါတယ်”

ဟု လိုက်၍ ပြောကြသည်။

ထို့နောက် ရွှမ်ယွမ်ချောင်ကဲ ထလာပြီး အနည်းငယ် စိတ်လှုပ်ရှားဟန်ဖြင့်

“နောက်ဆုံးတော့ မင်းသား ရောက်လာပြီ။”

သူရောက်လာခြင်းအတွက် ရွှမ်ယွမ်ချောင်ကဲ အမှန်တကယ် စိတ်လှုပ်ရှားနေကြောင်း လုချန်း သိနိုင်ခဲ့သည်။ ရွှမ်ယွမ်ချောင်ကဲ၏ ကိုယ်ခန္ဓာသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး သူ၏မျက်လုံးများ၌ မျက်ရည်များဖြင့် ပြည့်လျှံနေ၏။ ဒီနေ့ကို သူနှစ်ပေါင်းမည်မျှ စောင့်မျှော်ခဲ့မှန်း မသိနိုင်ပေ။

ရွှမ်ယွမ်ချောင်ကဲ၏ မျက်နှာပေါ်တွင် အိုမင်းခြင်း၏ လက္ခဏာများကို တွေ့မြင် နေရပြီဖြစ်သည်။

ထို့‌နောက် လုချန်းက စနစ်ကို အသုံးပြု၍ ရွှမ်ယွမ်ချောင်ကဲ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးလိုက်သည်။

[အမည်- ရွှမ်ယွမ်ချောင်ကဲ]

[အဆင့်အတန်း- ယူမြို့တော်၏ မြို့ဝန်၊ ယခုနှစ်တွင် အသက် ၃၀၀ ၊ သခင်ရောက်ရှိခြင်းအတွက် သူ အလွန်ပျော်ရွှင်နေသည်။]

[အင်အား- အဆင့်လွန်ပညာရှင်]

[သစ္စာစောင့်သိမှု- ၁၀၀]

လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ အသက် ၃၀၀ တောင် ရှိပြီလား....

နေပါဦး....

သူက အသက် ၃၀၀ ရှိရင် သူ့သမီး ရွှမ်ယွမ်ယွမ်ချီက ဘာလို့ အသက် ၂၀ ကျော်ပဲ ရှိတာလဲ။ သူ့သား ရွှမ်ယွမ်ချန်းကလည်း အသက် ငယ်ငယ်ပဲ ရှိသေးတယ်။

အိုမင်းမစွမ်းအရွယ်တွင် ရရှိသော သားသမီးများလား....

ဤမျှအိုမင်းနေပြီဖြစ်သော အရွယ်တွင် သားသမီးရနိုင်သေးလား....

နှစ်ပေါင်း ၂၀၀ ကျော်အကြာမှ သားသမီးမွေးဖွားတာလား....

ထိုအချိန်တွင် လုချန်းသည် ပြုံးရွှင်စွာဖြင့်

“ရွှမ်ယွမ်သခင်ကြီးက ကျွန်တော့်ကို ဒီနေရာမှာပဲ ရပ်နေခိုင်းတော့မလို့လား။ မြို့ကို လိုက်မပြတော့ဘူးလား”

ဟု မေးလိုက်သည်။

သတိပြန်ဝင်လာသော

ရွှမ်ယွမ်ချောင်ကဲက အလျင်အမြန်ပင်

“မြင်းပေါ် တက်ပါ မင်းသား။ ကျွန်တော် မြင်းကို ဆွဲပေးပါမယ်။”

လုချန်းက

“မလိုပါဘူး။ ကျွန်တော်က လမ်းလျှောက်တာ ပိုကြိုက်တယ်။ လမ်းလျှောက်တာက ကျန်းမာရေးအတွက် ကောင်းတယ်။”

ထို့နောက် သူသည် မြင်းကို ဘေးနားရှိ စစ်သားတစ်ဦးထံ ပေးလိုက်ကာ

“သွားကြရအောင်”

ဟု လုချန်းက ပြောလိုက်သည်။

လုချန်းက လမ်းလျှောက်ရန် အခိုင်အမာ တောင်းဆိုနေသည်ကို မြင်သောအခါ ရွှမ်ယွမ်ချောင်ကဲ နောက်ထပ် ဘာမှ မပြောတော့ပေ။ ထို့နောက် သူ လုချန်းကို ယူမြို့ တော်ထဲသို့ ခေါ်ဆောင်သွားသည်။

ယူမြို့တော်ထဲသို့ ဝင်ရောက်သည်နှင့် မြို့၏ ကြွယ်ဝမှုနှင့် စည်းစနစ်ကျမှုကို လုချန်း ချက်ချင်း ခံစားနိုင်ခဲ့သည်။

ယူမြို့တော်၏ လမ်းများသည် အလွန်သန့်ရှင်းလှ၏။ သို့သော် ဒါက သူလာရောက်လည်ပတ်ရန် စီစဉ်ထားသောကြောင့် သန့်ရှင်းရေး လုပ်ထားခြင်းလားဆိုသည့် ဖြစ်နိုင်ခြေကိုလည်း ထည့်မတွက်၍ မရ‌‌ပေ။

လုချန်း မြို့ထဲသို့ ဝင်ပြီး လျှောက်သွားစဉ် ယူမြို့တော်ရှိ အဆောက်အအုံများ၏ ခိုင်ခံ့မှုသည် ရန်ခရိုင်ရှိ အဆောက်အအုံများထက် များစွာသာလွန်ကြောင်း သူ သတိပြုမိသည်။

ရန်ခရိုင်တွင် မြေသားအိမ်များ ရှိနေသေးပြီး သာမန်ပြည်သူများ၏ အိမ်အချို့မှာ မသပ်မရပ် မညီညာဖြစ်နေလည်း ယူမြို့တော်တွင်မူ ကွဲပြားခြားနားသည်။ ထိုနေရာရှိ အိမ်များသည် ကျောက်သား၊ သစ်သားများဖြင့် ဆောက်လုပ်ထားပြီး အိမ်များသည် စနစ်တကျ တန်းစီနေကာ ရန်ခရိုင် မြို့‌‌ ဟောင်း၏ ရှုပ်ထွေးသော မြို့ကွက်နှင့် မတူပဲ စနစ်တကျ ရှိနေသည်။

ယူမြို့တော်၏ ဗိသုကာလက်ရာကို ကြည့်ရုံဖြင့် ထိုနေရာရှိ သာမန်ပြည်သူများ၏ ဘဝသည် ရန်ခရိုင် မြို့ဟောင်းမှ လူများထက် များစွာ သာလွန်ကြောင်း သိရှိနိုင်သည်။

ယူမြို့သည် မြောက်ဘက်ပိုကျပြီး ဆောင်းရာသီက ပိုရှည်ကာ ပို၍အေးသော်လည်း ယူမြို့သူ မြို့သားများ၏ နေ့စဉ်ဘဝသည် သည် ရန်ခရိုင်ရှိ လူများထက်ပင် ပိုကောင်းမွန်ပုံရ၏။ ထိုအရာက မြို့ဝန် ရွှမ်ယွမ်ချောင်ကဲ၏ ခေါင်းဆောင်မှု မည်မျှ ကောင်းကြောင်း ပြသနေသည်။

ထိုစဉ် လုချန်းက ပြုံးလျက်

“ရွှမ်ယွမ် သခင်ကြီး အခုနှစ်မှာ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ မေးမြန်းခွင့်ပြုပါ။”

ရွှမ်ယွမ်ချောင်ကဲက

“ကျွန်တော် အခုနှစ်ဆို အသက် ၃၀၀ တိတိ ပြည့်ပါပြီ”

ဟု ဖြေလိုက်သည်။

လုချန်းက

“အသက် ၃၀၀....ဒီနှစ်တွေအတွင်း သခင်ကြီး အတော်ပင် ပင်ပန်းခဲ့ပြီ”

ဟု အာမေဋိတ်စကား ဆိုလိုက်သည်။

ရွှမ်ယွမ်ချောင်ကဲက

“မင်းသားအတွက်ဆိုရင် ဒါဟာ ပင်ပန်းတယ်လို့ မခေါ်ပါဘူး။”

ထို့နောက် ရွှမ်ယွမ်ချောင်ကဲလည်း လုချန်းကို ယူမြို့တော်တစ်ဝိုက် ဆက်လက်ပြသရန် ခေါ်ဆောင်သွားခဲ့သည်။ ညရောက်သောအခါ ရွှမ်ယွမ်ချောင်ကဲက လုချန်းအား မြို့ဝန်စံအိမ်တွင် တည်းခိုရန် စီစဉ်ပေးပြီး သူ့နေထိုင်ရန်အတွက် အကြီးဆုံး ခန်းမကိုပင် ပေးအပ်ခဲ့သည်။

သူ့ရှေ့မှ ခမ်းနားသော ခန်းမကို ကြည့်ရင်း ဤခန်းမ၏ အဆင့်အတန်း အတော်အတန် မြင့်မားမည်ဟု လုချန်း တွေးလိုက်သည်။

ထိုအချိန်တွင် ရှောင်ဝမ်ယောင်သည် ရေချိုးပြီးနောက် စိမ်းပြာရောင် ပါးလွှာသော ပိုး ဝတ်စုံကို ဝတ်ဆင်လျက် လုချန်းထံသို့ ချဉ်းကပ်လာသည်။ သူမက လုချန်း၏ ဘေးတွင် ထိုင်ကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ သို့သော် သူက သူမကို ချက်ချင်း လက်ရောက်ကိုင်တွယ်ခြင်း သို့မဟုတ် ချစ်တင်း‌နှောခြင်း မပြုပဲ ခန်းမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူ၏အာရုံက ခန်းမအတွင်းရှိ အစေခံများပေါ်သို့ ရောက်သွားသည်။

သူက တိုက်ရိုက်မေးလိုက်သည်

“ဒီခန်းမမှာ ပုံမှန်အားဖြင့် ဘယ်သူနေလဲ။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ မြို့ဝန်စံအိမ်မှ အစေခံက ချက်ချင်း ပြန်ဖြေလိုက်သည်။

“ ဒီခန်းမကို မင်းသားအတွက် အထူးပြင်ဆင်ထားတာပါ။ ပုံမှန်အားဖြင့် ဘယ်သူမှ ဒီနေရာမှာ မနေထိုင်ပါဘူး။”

လုချန်း အလွန်အံ့အားသင့်သွားသည်။ သူ့အတွက် ပြင်ဆင်ထားတာတဲ့လား။

ထို့နောက် လုချန်းသည် ဆက်မေးမြန်းလိုက်သည်

“ခင်ဗျာတို့ရဲ့ မြို့ဝန်က အသက် ၃၀၀ ရှိနေပြီ။ သူ့သားနဲ့သမီးက ဘာကြောင့် အသက် ငယ်ငယ်ပဲ ရှိသေးတာလဲ။”

အစေခံက

“မြို့ဝန်မှာ သားသမီးများစွာ ရှိပါတယ်။ ဒါပေမဲ့ သူတို့အများစုက သိုင်းပညာအဆင့် အလယ်အလတ်ပဲ ရှိတာကြောင့် သက်တမ်း အနည်းငယ်ပဲ နေထိုင်နိုင်ကြပြီး အများစုက ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။”

“မြို့ဝန်ဟာ မင်းသားရောက်ရှိလာတာကို မမြင်ရမှာကို စိုးရိမ်တဲ့အတွက်ကြောင့် သားသမီးများ ပိုမိုရရှိဖို့ အဆက်မပြတ် ကြိုးစားခဲ့ပါတယ်။ နောက်ဆုံး အသက်နှစ်ရာကျော်မှာ မိုးသခင်မဟာ အလွန်မြင့်မားတဲ့ သိုင်းပညာအရည်အချင်းရှိတဲ့ သားတော်

ချန်းကို ဖွားမြင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် မိုးသခင်မဟာ သမီးတော် ယွမ်ချီကို ဖွားမြင်ခဲ့ပါတယ်။ သခင်မလေး ယွမ်ချီဟာလည်း ထူးခြားတဲ့ သိုင်းပညာပါရမီကို ပိုင်ဆိုင်ထားပါတယ်။”

ထိုအရာကို ကြားသောအခါ လုချန်း ခဏမျှ တွေးတောလိုက်သည်။ စနစ်က သူ့အတွက် စီစဉ်ပေးထားသော ဇာတ်ကောင်များ သူ့ကို ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့သည်ဟု သူ မထင်ထားခဲ့ပေ။

တုန်းဖန်မိသားစုလည်း ထိုသို့ပင်ဖြစ်သည်။ ဝေမိသားစုလည်း အလားတူပင်။ ချွမ်မိသားစုလည်း ထိုနည်းအတိုင်းဖြစ်သည်။

ရွှမ်ယွမ်မိသားစုမှာဆိုလျှင် စောင့်မျှော်နေရသည်မှာ ပို၍ပင် ကြာပြီဖြစ်သည်။

အသက် ၃၀၀...

ရွှမ်ယွမ်ချောင်ကဲသည် မွေးဖွားချိန်မှစ၍ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ယနေ့ သူ့ကိုတွေ့ရသည့်အခါ အရမ်းစိတ်လှုပ်ရှားသွားခြင်းက အံ့ဩစရာ မဟုတ်ပေ။

.........

အခန်း (၄၄၇ )

ရှက်ရွံ့သွားသော ရွှမ်ယွမ်ယွမ်ချီ (၁)

လုချန်းက ရှောင်ဝမ်ယောင်ကို ဖက်ထားရင်း မြို့တော်ဝန်စံအိမ်မှ အစေခံမိန်းကလေးများအား ရွှမ်ယွမ်ချောင်ကဲနှင့် ယူမြို့တော်အကြောင်း များစွာကို မေးမြန်းခဲ့သည်။

လုချန်း ယူမြို့တော်၏ အရေးကိစ္စများကို မည်မျှ ဂရုစိုက်ကြောင်းနှင့် အလွန်အလေးအနက်ထားကြောင်း မြင်ရသောအခါ ရှောင်ဝမ်ယောင်လည်း လုချန်း၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နေလျက်ရှိသည်။

မေးမြန်း စုံစမ်းမေးမြန်းမှုများမှတစ်ဆင့် ယူမြို့တော်၏ အခြေအနေကို လုချန်းအတော်အတန် နားလည်လာခဲ့သည်။ ယူမြို့တော်သည် သူထင်ထားသည်ထက်ပင် ပို၍ တိုးတက်နေခဲ့သည်။

အစပိုင်းတွင် ယူမြို့တော်သည် ရန်ခရိုင်ထက် ပိုချမ်းသာသည်ဟုသာ သူထင်ခဲ့သော်လည်း သူနားလည်လာသည်နှင့်အမျှ ယူမြို့တော်ရှိ သာမန်ပြည်သူများ၏ ဘဝများသည် ရှနိုင်ငံတော်၏ နေပြည်တော်ရှိ ပြည်သူများ၏ ဘဝထက်ပင် များစွာ သာလွန်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဤလူများ ရန်ခရိုင်သို့ သွားလိုစိတ်မရှိသည်မှာ အံ့ဩစရာမရှိပေ။

အခြားတစ်ဖက်တွင်လည်း ယူမြို့တော်သည် စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ပေးစွမ်း‌နေသည်။ ပထမအချက် အနေနှင့် ယူမြို့တော်တွင် လက်မှုပညာရှင်များ ပေါများ၏။ ရှနိုင်ငံတော်၏ အခြားဒေသများတွင် ပညာရှင်၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည် စသည့် အဆင့်အတန်း ခွဲခြားမှုများ ရှိနေဆဲဖြစ်သော်လည်း ယူမြို့တော်တွင် ထိုသို့မဟုတ်ပေ။

ယူမြို့တော်ရှိ အချို့သော အရာရှိများသည် လက်မှုပညာရှင်များမှ ဆင်းသက်လာသူများဖြစ်သောကြောင့် ယူမြို့တော်တွင် ပညာရှင်၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည် စသည့် အဆင့်အတန်း ခွဲခြားမှုများ မရှိပေ။

မိုးရှင်းအား ယူမြို့တော်သို့ ပြန်လွှတ်၍ ရေနွေးငွေ့အင်ဂျင်များနှင့် ရထားများကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် လုံးဝမှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း လုချန်း ခံစားမိလိုက်သည်။ ယူမြို့တော်တွင် စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အတော်အတန် တည်ငြိမ်သော ပတ်ဝန်းကျင်နှင့် လက်မှုပညာရှင်များစွာ ရှိနေသည်။ အရေးအကြီးဆုံးမှာ ဤလက်မှုပညာရှင်များ၏ အသစ်အဆန်းများကို လက်ခံနိုင်စွမ်းမှာ ရှနိုင်ငံတော်၏ သာမန်ပြည်သူများထက် သာလွန်နေခြင်းဖြစ်သည်။

လုချန်း အတွေးများတွင် နစ်မြောနေစဉ် ရုတ်တရက် သူ၏ ရင်ခွင်ထဲရှိ နူးညံ့သော အလှတရား လူးလွန့်လာသည်ကို ခံစားလိုက်ရသည်။

လုချန်း သတိပြန်ဝင်လာပြီး ရှောင်ဝမ်ယောင်၏ နားနားသို့ ကပ်၍

“ဘာဖြစ်လို့လဲ”

ဟု မေးလိုက်သည်။

လုချန်း၏ မေးခွန်းကို ကြားသောအခါ ရှောင်ဝမ်ယောင်၏ မျက်နှာ ပူနွေးလာပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

“မင်းသား... ကျွန်မ... နည်းနည်း မသက်မသာ ခံစားရပါတယ်။”

ထိုစကားကို ကြားသည်နှင့် လုချန်းချက်ချင်း သဘောပေါက်သွားပြီး ပြုံး၍

“တောင်းပန်ပါတယ်။ ကိုယ် ဂရုမစိုက်မိဘူး။ ကိုယ်အခု ချက်ချင်း ပြန်ကောင်းအောင် လုပ်ပေးပါ့မယ်။”

ထိုသို့ပြောပြီး လုချန်းသည် ရှောင်ဝမ်ယောင်၏ နူးညံ့သော ကိုယ်ခန္ဓာကို တိုက်ရိုက် ပွေ့ချီကာ ခုတင်ကြီးပေါ်တွင် တင်လိုက်ပြီး ညင်သာစွာ ဖိချလိုက်သည်။

......

နောက်တစ်နေ့ နံနက် စောစော။

အိပ်ရာထပြီးနောက် လုချန်းသည် ခမ်းနားသော နံနက်စာကို သုံးဆောင်ခဲ့သည်။ ရွှမ်ယွမ်ချောင်ကဲ စီစဉ်ပေးထားသော အစားအစာ၊ အဆောင်အယောင်နှင့် နေထိုင်မှုအခြေအနေအားလုံးသည် အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။

စနစ်မှ ခေါ်ယူထားသူများသည် အမှန်တကယ် သစ္စာရှိသည်ဟု ဆိုရမည်။

နံနက်စာစားပြီးနောက် လုချန်းသည် ယူမြို့တော်၏ မြောက်ပိုင်းမှ မွေးမြူရေးခြံသို့ သွားရန် စီစဉ်ခဲ့သည်။ ယူမြို့တော်၏ လူနေမှုအဆင့်အတန်း မြင့်မားရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ ယူမြို့တော်သည် အချိန်အတော်ကြာကတည်းက ကြီးမားသော မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သောကြောင့်ဖြစ်သည်။ ယူမြို့သူမြို့သားများသည် နေ့စဉ်အသားစားနိုင်ခြင်းမရှိသော်လည်း သာမန်မြို့များရှိ ပြည်သူများထက် အသားပိုမိုစားသုံးနိုင်သည်။

ထိုအချိန်တွင် လုချန်းက ရွှမ်ယွမ်ချောင်ကဲအား

“ရွှမ်ယွမ်သခင်ကြီးမှာ အလုပ်တွေ ရှိ‌နေမှာဆို‌တော့ ဒီနေ့ ကျွန်တော်နဲ့ လိုက်ပါဖို့ မလိုပါဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ချောင်ကဲလည်း မနေ့က လုချန်း ရွှမ်ယွမ်ယွမ်ချီကို ကြည့်ခဲ့သော အကြည့်ကို ချက်ချင်း သတိရသွားပြီး လုချန်းအား ချက်ချင်း ပြောလိုက်သည်။

“မင်းသားဟာ ယူမြို့တော်ကို ပထမဆုံးအကြိမ် လာရောက်ဖူးတာဆိုတော့ မြို့နဲ့ အကျွမ်းတဝင် မရှိသေးပါဘူး။ ကျွန်တော့်သမီးကို လမ်းပြခိုင်းမယ်ဆို မင်းသားဘယ်လို သဘောရပါသလဲ။”

ထို့‌နောက်ရွှမ်ယွမ်ချောင်ကဲက ဘေးနားရှိ အစေခံတစ်ဦးကို လှည့်ကြည့်ကာ

“ယွမ်ချီကို သွားခေါ်ပြီး မင်းသားကို လမ်းပြခိုင်းလိုက်ပါ”

ဟု ညွှန်ကြားလိုက်သည်။

ရွှမ်ယွမ်ချောင်ကဲ အလွန်နားလည်မှုရှိကြောင်း မြင်သောအခါ လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး

“ဒါဆိုရင် ယွမ်ချီကိုပဲ ဒုက္ခပေးရတော့မှာပဲ”

လုချန်းက ရွှမ်ယွမ်ယွမ်ချီကို “ယွမ်ချီ” ဟု အလွန် ရင်းနှီးစွာ ခေါ်သည်ကို ကြားသောအခါ ရွှမ်ယွမ်ချောင်ကဲလည်း အခွင့်အရေးရှိသည်ကို သိမြင်လိုက်သည်။ အသက်နှစ်ရာကျော်မှ မွေးဖွားလာသော သူ၏သမီးသည် အနာဂတ် လူသားဧကရာဇ်၏ မျက်စိကို ဖမ်းစားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရွမ်ယွမ်မိသားစု ပြန်လည်ကြီးပွားရန်အတွက် ကံတရား၏ အလိုဆန္ဒပင် ဖြစ်ပုံရသည်။

ခဏအကြာတွင်။

မြို့တော်ဝန်အိမ်တော်။

ရွှမ်ယွမ်ယွမ်ချီ၏ အိပ်ခန်း။

ရွှမ်ယွမ်ယွမ်ချီသည် အနက်နှင့်ရွှေရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ပြီး မြို့ပြင်ရှိ စစ်စခန်းသို့ သွားရန် အသင့်ပြင်နေစဉ် အစေခံတစ်ဦး အလျင်အမြန် ဝင်ရောက်လာသည်။

“သခင်မလေး။ သခင်ကြီးက ဒီနေ့ မင်းသားကို လိုက်ပို့ခိုင်းလိုက်ပါတယ်”

ထိုစကားကို ကြားသောအခါ ရွှမ်ယွမ်ယွမ်ချီ အံ့သြသွားသည်။

ရိုးရိုးသားသား ပြောရလျှင် သူမ လုချန်းအပေါ် အထင်ကြီးလှသည်မဟုတ်ပေ။ လူသားဧကရာဇ် ပေါ်ထွန်းလာသည်ကို သိရှိပြီးနောက် လုချန်းနှင့်ပတ်သက်သော အချက်အလက်များကို ရှာဖွေစုံစမ်းခဲ့ရာ အနာဂတ်ဧကရာဇ်သည် အမျိုးသမီးများနှင့် ပတ်သက်၍ စိတ်ဝင်စားလွန်းသူဖြစ်ကြောင်း သိရသည်။

ယောက်ျားတစ်ဦးအတွက် မယားများစွာထားရှိခြင်းသည် ပုံမှန်ဖြစ်၏။ သူမ၏ ဖခင်၌ပင် ဇနီးတစ်ဦးထက်ပို၍ ရှိသည်။

သို့သော် သူမ၏ ဖခင်က သားသမီးရယူလိုသော ရည်ရွယ်ချက်ကြောင့် ယူခြင်းဖြစ်သည်။ တဏှာကြောင့်သက်သက်‌ကြောင့် မဟုတ်ပေ။ လူသားဧကရာဇ် မပေါ်မီတွင် အမွေခံမရှိမည်ကို စိုးရိမ်နေသောကြောင့် ထူးချွန်သော သိုင်းပညာ ပါရမီရှိသည့် သားသမီးကို လိုချင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူမ၏ ဖခင်သည် တစ်ချိန်တည်းတွင် မိန်းမများစွာကို လက်မထပ်ခဲ့ပေ။ ယခင်ဇနီးသည် ကွယ်လွန်ပြီးမှသာ အခြားဇနီးတစ်ဦးကို ထပ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် ဤမြောက်ပိုင်းနယ်စားမင်းသားမှာမူ ကွဲပြားသည်။ သူမ၏ အစ်ကို ပေးပို့သော စာများအရ မြောက်ပိုင်းမင်းသား၏ အတွင်းဆောင်တွင် လှပသော မိန်းမများစွာ ရှိနှင့်ပြီးဖြစ်ကာ သားသမီး ခြောက်ဦးကိုပင် မွေးဖွားထားပြီးဖြစ်သည်။

သူမ၏အမြင်တွင် ဤအနာဂတ် လူသားဧကရာဇ်သည် အလှအပကို နှစ်သက်လွန်းသူ တစ်ဦးသာဖြစ်သည်။

ဟုတ်ပါသည်။ ထိုလူသားဧကရာဇ်၏ အလှအပကို ခုံမင်တတ်သော အကျင့်ကို သူမသိသော်လည်း သူ့ကို မထီမဲ့မြင် မပြုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် အနာဂါတ် လူသားဧကရာဇ်ဖြစ်ပြီး သူမ၏ ဖခင်နှင့် ဘိုးဘေးများ ရာစုနှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူဖြစ်သည်။ ရွှမ်ယွမ်မျိုးနွယ်၏ တာဝန်မှာ လူသားဧကရာဇ်အား ကြီးကျယ်သော အောင်မြင်မှုများ ရရှိအောင် ကူညီရန်ဖြစ်သည်။

ထို့ပြင် လုချန်းသည် အမျိုးသမီးများကို နှစ်သက်၍ အမျိုးသမီးမရှိပဲ မနေနိုင်သော်လည်း မြောက်ပိုင်းပြည်နယ်မှ လူများအပေါ် အတော်အတန် ကြင်နာကြောင်းကိုလည်း ရွှမ်ယွမ်ယွမ်ချီ မြင်တွေ့ခဲ့သည်။

ထို့အပြင် မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းဒေသရှိ အင်အားကြီးမားသော လွင်ပြင်ဒေသ မျိုးနွယ်စုနှစ်စုကို နှိမ်နင်းနိုင်ခဲ့ပြီး အဆင့်လွန်ပညာရှင်ဖြစ်သော ထျန်းချီဘုရင်ကိုပင် အနိုင်ယူနိုင်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်နိုင်သည်။

.........

All Chapters