အခန်း ၄၅၁-၄၅၃
Vol. 31 Ch. 451-453
အခန်း( ၄၅၁)
ဇာတိမြေကို ဘယ်တော့ ပြန်ရောက်မလဲ (၂)
ထိုအချက်က ချိုင်ကျိလျှံ ဝူဧကရာဇ်အားအား ရှင်းပြရန် ပြင်ဆင်ထားသော အကြောင်းပြချက် ဖြစ်သည်။ ဝူဧကရာဇ်၏ ဆုံးဖြတ်ချက်ကိုလည်း ချိုင်ကျိလျှံ ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။
ဧကရာဇ်သည် ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်ကို သံတမန်အဖြစ် စေလွှတ်ဖို့ သဘောတူနိုင်ခြေ အလွန်များ၏။ သို့သော် သူ တန်ဖိုးထားသောမင်းသားတစ်ပါးကိုလည်း သူမနဲ့အတူ လိုက်ပါစေပြီး သူမ၏ အကျိုးဆောင်မှုကို အနည်းငယ် ခွဲဝေယူစေကာ ဝူကျန်းဝမ်ကို ထိန်းချုပ်ထားဖို့ ကြိုးစားလိမ့်မည်ဖြစ်သည်။
အကြောင်းမှာ ဝူကျန်းဝမ်သည် အရှေ့တောင်ဒေသ၏ အရှုပ်တော်ပုံကို ဖြေရှင်းပြီးချိန်ဖြစ်ကာ လူသိများနေသည်။ အကယ်၍ သူမသည် ရှနိုင်ငံတော်ကိုပါ မငြိမ်မသက်ဖြစ်စေပါက ဤကြီးမားသောအောင်မြင်မှုသည် ဝူကျန်းဝမ်၏လက်ထဲသို့ ရောက်ရှိသွားပြီး သူမ အောင်မြင်မူများ မိုးပေါ်ထိ ရောက်သွားနိုင်သည်။
ချိုင်ကျိလျှံ၏ ယုံကြည်ချက်အပြည့်ရှိသောပုံကို မြင်တော့ ဝူကျန်းဝမ်က ပျင်းရိစွာဖြင့်
“ဒါဆိုရင်တော့ အားလုံးက ရှင့်အပေါ်မှာပဲ မူတည်သွားပြီ။”
ချိုင်ကျိလျှံက
“မင်းသမီးမှာ အခြားကိစ္စ မရှိရင် ကျွန်တော့်ကို ခွင့်ပြုပါဦး။”
ဝူကျန်းဝမ်က “ကောင်းပါပြီ ချိုင်လူကြီးမင်း။ ရှင့်ရဲ့ ကိစ္စတွေကို ဆက်လက် လုပ်ဆောင်ပါ။”
...
အနောက်မြောက်ပိုင်းဒေသ။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ တော်ဝင်နန်းတော် အပျက်အစီးများကြား။
ရွှေရောင်တောက်ပသော ပါးလွှာသည့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရှေးဟောင်းမြို့ရိုးထိပ်တွင် ရပ်နေပြီး အဝေးကို ငေးကြည့်နေသည်။ သူမ၏ ကိုယ်လုံးအလှသည် နှစ်လိုဖွယ်ကောင်းပြီး သူမ၏ ရှည်လျားသော ခြေတံများကို ပိုးသားအောက်မှ အနည်းငယ် မြင်နေရ၏။ သူမ၏ဝတ်စုံက လက်တစ်ဖက်ဖြင့်ချီပွေ့နိုင်လောက်အောင် သွယ်လျသော ခါးကိုလည်း ပေါ်လွင်စေသည်။ ကံမကောင်းစွာဖြင့် သူမ၏ မျက်နှာကို နီရဲသော မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသောကြောင့် သူမ၏အံ့ဖွယ်အလှကို မြင်တွေ့နိုင်ခြင်းမရှိပေ။
အကယ်၍ လုချန်းသာ ဤနေရာတွင် ရှိနေပါက ထိုအမျိုးသမီး၏ ထူးခြားသော ဆွဲဆောင်မှုကို ခံစားရမည်မှာ သေချာသည်။
ထိုအချိန်တွင် တိရစ္ဆာန်သားရေ ဝတ်စုံကို ဝတ်ဆင်ထားသည့် ကြံ့ခိုင်သည့် အမျိုးသားတစ်ဦး အမျိုးသမီးထံ ချဉ်းကပ်လာပြီး သားရေလိပ်တစ်ခုကို ပေးအပ်ကာ
“အရှင်မ။ ဒါက ကျွန်တော်တို့ အခုမှ ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်ပါ။”
အမျိုးသမီးက အမျိုးသားထံမှ သားရေလိပ်ကို ယူကာ ဖွင့်ပြီး အတွင်းရှိ အကြောင်းအရာများကို ကြည့်လိုက်သောအခါ သူမ၏ မျက်ခုံးများ ချက်ချင်း တွန့်သွားသည်။
“အမိန့်ကို နားမထောင်ပဲ ကိုယ့်သဘောနှင့်ကိုယ် လုပ်တတ်တဲ့ မိုက်မဲတဲ့ သတ္တဝါ။”
သူမ၏ အသံသည် အေးစက်သော်လည်း ဆွဲဆောင်မှုအငွေ့အသက်များ ပါဝင်နေသည်။ သူမဒေါသထွက်နေပုံရသော်လည်း သူမ၏ အသံသည် ကြားသူတိုင်းအတွက် ထူးဆန်းသော နှစ်သိမ့်မှုတစ်ခု ဖြစ်စေသည်။
ကြံ့ခိုင်သော အမျိုးသားက
“တခြားမျိုးနွယ်တွေလည်း ထျန်းချီဘုရင်ရဲ့ သေဆုံးမှုသတင်းကို ရရှိထားကြပါတယ်။ သူတို့က ထျန်းချီဘုရင်ဟာ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ မဟာမိတ်တစ်ဦးဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်စားချေရပါမယ်။ အကယ်၍ မချေဘူးဆိုရင် ဒီခြေနှစ်ချောင်း သိုးတွေက ကျွန်တော်တို့ကို အထင်သေးနေကြပါမယ်။”
အမျိုးသမီးက ဂရုမစိုက်ဟန်ဖြင့်
“ထျန်းချီဘုရင် ဘယ်လို အရှုံးပေးခဲ့ရတယ်ဆိုတာတောင် သူတို့ မသိကြသေးပဲ အဲဒီလောက် မြန်မြန် သေဖို့ အလျင်စလို လုပ်နေကြတယ်။ ဒီလို ဦးနှောက်တွေနဲ့ဆိုရင် လွင်ပြင်ဒေသ မျိုးနွယ်စုတွေဟာ ပျက်စီးဖို့ သေချာတယ်။”
ထိုစကားကို ကြားသောအခါ အမျိုးသားလည်း သူ၏ ဦးခေါင်းကို ကုတ်လိုက်ပြီး “အစကတော့ ကျွန်တော်တို့လည်း လက်စားချေသင့်တယ်လို့ ထင်ခဲ့တာပါ အရှင်မ။ ဘာပဲဖြစ်ဖြစ် ထျန်းချီဘုရင်ဟာ ကျွန်တော်တို့ တော်ဝင်မျိုးနွယ်ရဲ့ အဆက်အနွယ်ဖြစ်ပါတယ်။ သူရှနိုင်ငံတော်သားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာဟာ ကျွန်တော်တို့ လွင်ပြင်ဒေသ မျိုးနွယ်စုရဲ့ တော်ဝင်နန်းတော်အတွက် အရှက်ရစရာပဲ။”
အမျိုးသမီးက အေးဆေးစွာဖြင့်
“ရှင်ကအခုထိ နန်းတော်အကြောင်း သတိရနေသေးတာလား။ နန်းတော်ဆိုတာ ပြိုကွဲသွားတာကြာပြီ။ အခုဘယ်မျိုးနွယ်စုမှာ ကိုယ်ပိုင် နန်းတော် ရှိတော့လို့လဲ။”
အမျိုးသမီး၏ စကားကို ကြားလိုက်ရသည့် လွင်ပြင်ဒေသမျိုးနွယ်စုဝင် ကြံ့ခိုင်သော အမျိုးသားလည်း နောက်ထပ် ဘာမှ မပြောတော့ပေ။
အမျိုးသမီးက ဆက်ပြောလိုက်သည်
“ပထမဦးဆုံး ကျူးနိုင်ငံတော်ထဲကို လူလွှတ်ပြီး ထောက်လှမ်းပါ။ ပြီးတော့ ကျူးနိုင်ငံတော်ကနေ မြောက်ပိုင်းပြည်နယ်ကို သွားပါ။ ထျန်းချီဘုရင် ဘယ်လို အရှုံးပေးခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းပါ။”
“သူက ဘာပဲဖြစ်ဖြစ် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး တပ်အင်အား လေးသိန်းလည်း ရှိတယ်။ အဲဒီလောက်ထိ အပြတ်အသတ် အရှုံးပေးခဲ့ရမှာ မဟုတ်ဘူး”
လွင်ပြင်ဒေသသား အမျိုးသားက “ကျွန်တော် နားလည်ပါပြီ။ ကျူးနိုင်ငံတော်ထဲကို လူလွှတ်ပြီး ထောက်လှမ်းဖို့ နည်းလမ်းရှာပါ့မယ်။”
သူ၏စကားသံမပျောက်မီ ထိုသူလည်း လှည့်ထွက်သွားခဲ့သည်။
အမျိုးသမီးသည် ကောင်းကင်ယံရှိ အနီရောင်နေဝင်ဆည်းဆာနှင့် အုပ်စုဖွဲ့ ပျံသန်းနေသော ငန်းများတို့ကို ကြည့်ရင်းရေရွတ်လိုက်သည်။
“ငါ့ဇာတိမြေကို ဘယ်တော့ ပြန်ရောက်မလဲ...”
.....
ရန်ခရိုင်။
ယူမြို့တော်တွင် ရေနွေးငွေ့အင်ဂျင်နှင့် ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းများ စီစဉ်ပေးပြီးနောက် လုချန်းသည် ရွှမ်ယွမ်ယွမ်ချီနှင့်အတူ ရန်ခရိုင်သို့ ပြန်လာခဲ့သည်။
သူသည် ရန်ခရိုင်သို့ ပြန်ရောက်ပြီး ရေချိုးချိန်ပင် မရသေးခင် အစေခံမလေးတစ်ဦးက သူ့ကို လာရှာပြီး
“ ဝမ်မိန်းကလေး ရှာနေပါတယ် မင်းသား။”
ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ အံ့အားသင့်သွားသည်။ သူ မင်းသားစံအိမ်သို့ အခုမှ ရောက်ရှိလာခြင်းဖြစ်၏။ ထိုမိန်းမဆိုးက သူ့ကို ချက်ချင်း လာရှာနေတာလား။ သူမက အပြင်းအထန် ကိုင်တွယ်ခံချင်နေတာလား။
လုချန်းက
“သူ အခု ဘယ်မှာလဲ။”
အစေခံမလေးက
“စာကြည့်ခန်းမှာပါ။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့်
“သူ့အခန်းထဲမှာ ငါ့ကို စောင့်ခိုင်းလိုက်။ ငါ အရင် ရေချိုးဖို့ လိုတယ်။”
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် အစေခံမလေး လှည့်ထွက်သွားသည်။
ထို့နောက် လုချန်း ပင်မခန်းမဆောင်သို့ ပြန်လာပြီး မုကျိရွှမ်းအား ရေနွေး ပြင်ဆင်ခိုင်းသည်။ ထို့နောက် ရေချိုးကန်ထဲတွင် ဇိမ်ကျစွာဖြင့် ရေနွေးဖြင့် ရေချိုးခဲ့သည်။
ရေချိုးပြီးနောက် လုချန်း ဝမ်ချင်းစီကို သွားရှာသည်။
သူတံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သည်နှင့် ဝမ်ချင်းစီက ခုတင်ပေါ်တွင် အားနည်းသော အနေအထားဖြင့် တစ်စောင်း မှီနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ဝမ်ချင်းစီက ဖြားယောင်းသော အသံဖြင့်
“ကျွန်မ နေမကောင်းဖြစ်နေတာမင်းသား။ ကျေးဇူးပြုပြီး ကျွန်မကို ကုသပေးနိုင်မလား။”
ဝမ်ချင်းစီ၏ ဖြားယောင်းသော လေသံကို ကြားသော်လည်း လုချန်း သူမကို လိုက်လျောမနေပါ။ အခန်းထဲသို့ ဝင်ကာ လက်ကို ဝှေ့ယမ်းပြီး သူမကို ခုတင်ပေါ်သို့ ဖိချကာ ကောင်းစွာ ပြုစုပေးခဲ့သည်။
လုချန်း၏ ကုသမှုကြောင့် ဝမ်ချင်းစီသည် မကြာမီ လုံးဝ ပြန်လည်ကောင်းမွန်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ အသစ်အတိုင်း ဖြစ်သွားသည်။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် လုချန်းက ဝမ်ချင်းစီ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ
“ကဲ ပြောပါဦး။ မင်း ဘာလိုအပ်လဲ”
ဟု မေးလိုက်သည်။
“ဒီကိစ္စတစ်ခုတည်းအတွက်နဲ့ မင်း ကိုယ့်ကို လာတွေ့ဖို့ ဒီလောက် အသည်းအသန် ဖြစ်နေလိမ့်မယ်လို့ ကိုယ်လုံးဝ မထင်ဘူး။”
ထိုမိန်းမဆိုး ဝမ်ချင်းစီ သက်တောင့်သက်သာရှိစေရန် ပုံမှန်အားဖြင့် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း လုချန်း သိသော်လည်း သူမ သူ့ထံ လာရောက်တိုင်း သတင်းအချက်အလက်များ ယူဆောင်လာ လေ့ရှိသည်။ မည်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်မှ မပါပဲ ဝမ်ချင်းစီ သူ့ထံ လာမည်မဟုတ်ပေ။
ပေးစရာ ထောက်လှမ်းရေးသတင်းအချက်အလက်များ မရှိပါက သူ၏ အိပ်ရာကို မျှဝေရန် မထိုက်တန်ဟု ဝမ်ချင်းစီ မြင်ပုံရသည်။ ထို့ကြောင့် သူမ အမြဲတစေ ထောက်လှမ်းရေးသတင်းအချက်အလက်အချို့ ယူဆောင်လာတတ်သည်။
လုချန်း၏ ပွေ့ဖက်မှုအောက်တွင် ဝမ်ချင်းစီသည် ညင်သာစွာ လက်ကို ဆန့်တန်းလိုက်ပြီး ခေါင်းအုံးအောက်ကို စမ်းကြည့်ကာ စာအိတ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်ကို မြှောက်ကာ သူမ၏ နောက်ကျောမှ လုချန်းထံ ပေးလိုက်သည်။
..........
အခန်း( ၄၅၂)
ဇာတိမြေကို ဘယ်တော့ ပြန်ရောက်မလဲ (၃)
လုချန်း ဝမ်ချင်းစီထံမှ စာအိတ်ကိုလက်ခံယူကာ ဖွင့်ကြည့်လိုက်သည်။
အတွင်းရှိအကြောင်းအရာကိုမြင်သောအခါ လုချန်း သူ့ဘာသာသူ ပြုံးရယ်လိုက်သည်။
လုချန်း၏ ရယ်သံကို ကြားသောအခါ ဝမ်ချင်းစီက
“မင်းသားက အရမ်းလှတဲ့ ဝူကျန်းဝမ် လာတော့မယ်ဆိုတာ သိလို့ ပျော်ပြီး ရယ်နေတာလား”
ဟု စနောက်လိုက်သည်။
ထိုစကားကိုကြားသော လုချန်းက ပြုံးရယ်ကာ
“ဒီမိန်းမပျက်လေးက ကိုယ့်သခင်ကို နောက်ပြောင်ရဲနေပါလား။ အပြစ်ပေးခံရတာ မလုံလောက်သေးဘူးလား။”
“ကျွန်မက အပြစ်ပေးခံရတာ ကျင့်သားရနေပါပြီ။ မကြောက်တော့ဘူး”
ဟု ပြန်ပြောသည်။
ဝမ်ချင်းစီ၏ စိန်ခေါ်မှုကို ရင်ဆိုင်လိုက်ရသော လုချန်းက
“ဪ။ အဲဒီလိုလား။”
“ဒါဆို မနက်ဖြန်ညနေအထိ အခန်းထဲမှာပဲ ဝမ်မိန်းကလေးနဲ့ ရင်းရင်းနှီးနှီး နေတော့မယ်။”
ထိုသို့ပြောပြီး လုချန်းက သူ၏အတွင်းအားကိုအသုံးပြုကာ လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲလိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်လိုက်ကာ ဝမ်ချင်းစီနှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
.......
မင်းသားစံအိမ်အတွင်း။
လင်ဝမ်ရွန်သည် ပင်မဆောင်အပြင်ဘက်တွင် ဟိုဟိုသည်သည် လျှောက်သွားနေပြီး တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။ ထိုစဉ် ချူးယုချင်သည် မုကျိရွှမ်းကို ကိစ္စတစ်ခုဖြင့် လာရှာရင်း အဝင်ဝတွင် လင်ဝမ်ရွန် လျှောက်သွားနေသည်ကို တွေ့လိုက်သည်။
သိလိုစိတ်ကြောင့် ချူးယုချင်က
“လင်။ နင်ချန်းလေးနဲ့ ပြောစရာ တစ်ခုခု ရှိလို့လား”
ဟု မေးလိုက်သည်။
ချူးယုချင်၏ အသံကို ကြားသောအခါ လင်ဝမ်ရွန် ခဏရပ်လိုက်ပြီး ချူးယုချင်ကို လှည့်ကြည့်ကာ
“အင်း။ သူ့ကို ပြောသင့်သလား မပြောသင့်ဘူးလားဆိုတာ မသေချာဘူး။”
ချူးယုချင် ချက်ချင်း သဘောပေါက်သွားပြီး ဖြစ်နိုင်သည့်အရာကို ခန့်မှန်းမိသလောက် ဖြစ်သွားသည်။ လင်ဝမ်ရွန်ကို ဤမျှ စိုးရိမ်ပူပန်စေနိုင်သည့် တစ်ခုတည်းသောအရာမှာ ချန်ဝမ်ရွန်နှင့် ပတ်သက်နေရမည်ဖြစ်သည်။
ချန်ဝမ်ရွန် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရောက်ပြီးနောက် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့နိုင်ခြေ အလွန်များသည်။
ထိုအတွေးဖြင့် ချူးယုချင်က ဆက်မေးလိုက်သည်။
“ချန်မိန်းကလေး နဲ့ပတ်သက်တာလား။”
လင်ဝမ်ရွန် ခေါင်းညိတ်လိုက်၏။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော်လည်း ဘာမှ မပြောပေ။
ချူးယုချင်က
“ချန်းလေးက ပင်မဆောင်မှာ မရှိဘူး။ အခုလေးတင်ပဲ အဲဒီမိန်းမဆိုး ဝမ်ချင်းစီရဲ့ အခန်းထဲက ဆူညံသံတချို့ ကြားလိုက်ရတယ်။ သူက အဲဒီအစေခံမကို ဆုံးမနေတာ ဖြစ်နိုင်တယ်။”
လင်ဝမ်ရွန်က
“ငါ နားလည်ပြီ။”
ထို့နောက် လင်ဝမ်ရွန် ပင်မဆောင်မှ လှည့်ထွက်သွားသော်လည်း ဝမ်ချင်းစီ၏ အဆောင်ဘက်သို့ မသွားပဲ ဆန့်ကျင်ဘက်လမ်းကြောင်းကို လျှောက်သွားခဲ့သည်။ ချန်ဝမ်ရွန်၏အခြေအနေကို လုချန်းအား အခုအချိန်တွင် ဖွင့်မပြောသေးရန် ဆုံးဖြတ်လိုက်ပုံ ရသည်။
ချူးယုချင်လည်း ထိုအကြောင်းကို များများစားစား မစဉ်းစားတော့ပဲ ပင်မဆောင်ထဲသို့ တိုက်ရိုက်ဝင်သွားကာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနည်းလမ်းများကို မုကျိရွှမ်းအား မေးမြန်းခဲ့သည်။
.....
နောက်တစ်နေ့ နံနက်။
အခန်းတံခါးတွင် လှပသော လက်တစ်ဖက် ရောက်လာပြီး နောက်လက်တစ်ဖက်က အမြန်ဆွဲလိုက်သည်။ ထို့နောက် အနီးနားအဆောင်မှ ရဲလိနန်ရန်နှင့် ရှောင်ဝမ်ယောင်တို့ ဝမ်ချင်းစီ၏ တောင်းပန်သံကို ထပ်ခါထပ်ခါ ကြားနေရသည်။
ထိုအချိန်တွင် ရှောင်ဝမ်ယောင်သည် ရဲလိနန်ရန်၏ အခန်းတွင် နံနက်စာ စားနေသည်။ ပေါက်စီကို တစ်ကိုက်စားပြီး ပြောင်းဖူးဆန်ပြုတ်တစ်ငုံ သောက်ပြီးနောက် သူမက
“မနေ့ညက ဝမ်မိန်းကလေး မင်းသားကို စိတ်ဆိုးအောင် လုပ်ခဲ့တာ ဖြစ်ရမယ်။”
“မင်းသားက ပုံမှန်ဆို ဒီလောက် ရက်စက်တတ်တဲ့သူ မဟုတ်ဘူး။”
ရှောင်ဝမ်ယောင်သည် လုချန်းနှင့်အတူ ယူမြို့တော်သို့ လိုက်ပါလာပြီး နေ့စဉ် သူ့ကို ပြုစုပေးခဲ့သည်။ မုကျိရွှမ်းတို့ထက် သူမကို ပိုမိုကြမ်းတမ်းစွာ ဆက်ဆံခဲ့သော်လည်း အသည်းအသန် အော်ဟစ်ရသည်အထိ သူမကို ရက်စက်ခဲ့ဖူးခြင်း မရှိပေ။
ဝမ်ချင်းစီမှာမူ မတူပါ။ မနေ့ညမှစ၍ မနက်အထိ အဆက်မပြတ်အော်ဟစ်နေရပြီး အိမ်နီးချင်း အဆောင်မှပင် ကြားနေရသည်။
မင်းသား ဒေါသထွက်နေသောကြောင့် သူ အလွန် ရက်စက်နေခြင်းဖြစ်သည်ဟု ရှောင်ဝမ်ယောင်မြင်၏။
ရှောင်ဝမ်ယောင်၏ မှတ်ချက်ကို အနည်းငယ် ပြုံးရင်း ရဲလိနန်ရန်က
“ဒေါသထွက်တာ မထွက်တာနဲ့ မဆိုင်ပါဘူး။ ဒါက မင်းသားနဲ့ ညီမ ဝမ်ရဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံပါ။”
“မင်းသား သူ့ရဲ့ ဇနီးတစ်ဦးစီနဲ့ ဆက်ဆံတဲ့ ပုံစံက မတူဘူး။ သူက တို့ရဲ့ သဘာဝနဲ့ကိုက်ညီတဲ့နည်းလမ်းကို ရွေးချယ်ဆက်ဆံတယ်။”
“သူ ညီမဝမ်ရဲ့ အခန်းကို လာတိုင်း ဒီလိုပဲ မဟုတ်ဘူးလား”
ရှောင်ဝမ်ယောင် ခဏမျှ စဉ်းစားသွားပြီး ကျန်နေသော မုန့်ကို ပါးစပ်ထဲ ထည့်ကာ အနည်းငယ် ဝါးပြီး
“ဟုတ်တယ်။ မင်းသား ဝမ်အစ်မအခန်းကိုသွားတိုင်း သူ့အတွက် ပျော်စရာမကောင်းဘူး။”
ထိုစဉ် ဝမ်ချင်းစီ၏ အသံ ရုတ်တရက် ကျယ်လောင်လာပြီး ရှောင်ဝမ်ယောင်ကို လန့်သွားစေသည်။ အနည်းငယ် မနာလိုဝန်တိုသည့် အမူအရာဖြင့် ရှောင်ဝမ်ယောင်က
“ကံကောင်းတာက မင်းသားက ကျွန်မအပေါ် တော်တော်လေး နူးညံ့ပါတယ်။ သူကျွန်မကို အဲဒီလောက် ရက်စက်ခဲ့ဖူးတာ မရှိဘူး။”
...
ညနေဆည်းဆာချိန်
အနီရောင် ဆည်းဆာရောင်ခြည်များသည် ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ တိုးဝင်လာပြီး ချွေးများစိုရွှဲနေသော အခန်းတွင်းရှိသူများ၏ အသားအရေကို ကြေးဝါရောင်သန်းစေသည်။
ထိုအချိန်တွင် လုချန်းက ကုတင်အစွန်းတွင် ထိုင်ကာ ပြတင်းပေါက်ကို လှည့်ကြည့်လိုက်ပြီး ခုတင်ပေါ်တွင် ပက်လက်လန်နေသော ဝမ်ချင်းစီကို ကြည့်ကာ
“ကျွန်တော်ကပြောတဲ့အတိုင်း လုပ်တတ်တယ်။ အပြစ်ပေးမှုကို ကျေနပ်ပြီလား ဝမ်မိန်းကလေး။”
“ဝမ်မိန်းကလေး မကျေနပ်ဘူးဆိုရင် လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ ကျွန် တော်ဆက်အပြစ်ပေးမယ်။”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက အလျင်အမြန်ပင်
“မင်းသားဟာ အင်မတန် အစွမ်းထက်ပါတယ်။ ကျွန်မ မိုက်မဲပြီး မင်းသားကို စိန်ခေါ်ရဲခဲ့ပါတယ်။ ကျွန်မကို သနားပါ...”
လုချန်းက ရယ်မောကာ သူမ၏ တင်ပါးကို ပုတ်၍ ထရပ်လိုက်ပြီး အဝတ်အစားများ ဝတ်ဆင်ကာ အခန်းထဲမှ ချက်ချင်း ထွက်သွားသည်။
အခန်းအပြင်ဘက်သို့ရောက်သောအခါ ညနေခင်း၏ ကောင်းကင်ကို ကြည့်ရင်း သူယူမြို့တော်မှ ပြန်ရောက်ပြီး ပထမဆုံးနေ့တွင် ဤမျှပျော်ပါးနေမိခြင်းမှာ မကောင်းဟုလုချန်းတွေးမိသည်။
သို့သော် နှမြောစရာကောင်းသည်မှာ သူထင်ထားထက် အချိန်ပို မရခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက ဝမ်ချင်းစီ သူမ၏ အတွင်းအားဖြင့် ခန္ဓာကိုယ်မှ အညစ်အကြေးများကို မစွန့်ထုတ်နိုင်ပဲ နောက်ဆုံးတွင်ချူးယုချင်ကဲ့သို့ဖြစ်အောင် လုပ်နိုင်ခဲ့လိမ့်မည်။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူ၏ အစီအစဉ် ပျက်သွားခဲ့သည်။
ရဲလိနန်ရန်ကိုလည်းစမ်းသပ်ကြည့်ရမည်။ အချိန်ကို ပိုကြာအောင် ဆွဲဆန့်ခြင်းဖြင့် သူ အောင်မြင်နိုင်ပေလိမ့်မည်။
လုချန်း ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပဲ ညစာစားရန် ပင်မဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။ တစ်နေကုန် တစ်ညလုံး အလုပ်များနေပြီးနောက် သူလည်း ဗိုက်ဆာနေပြီဖြစ်သည်။
သူပင်မခန်းမဆောင်ကြီးသို့ ရောက်သောအခါ လုချန်း၏ ဇနီးတော်တော်များများ ထမင်းစားပွဲ၌ ထိုင်နေကြပြီဖြစ်သည်။ လုချန်း ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံးက သူ့ကို စူးစိုက်ကြည့်နေကြသည်။
ပြုံးရင်း လုချန်းက
“ခင်ဗျားတို့ ဘာလို့ ကျွန်တော့်ကို အဲဒီလို စိုက်ကြည့်နေကြတာလဲ။ ကျွန်တော့်မျက်နှာမှာ ဘာများ ရှိနေလို့လဲ။”
ထို့နောက် ချူးယုချင်က ထိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ချန်းလေး။ မနေ့က လင် မင်းကို ပင်မဆောင်မှာ လာရှာတယ်။”
လုချန်းက သိလိုစိတ်ဖြင့်
“ကျွန်တော့်ကို လာရှာတာလား။ ဘာကိစ္စနဲ့လဲ။”
ချူးယုချင်က
“သူရဲ့ စိတ်သောကရောက်နေတဲ့ မျက်နှာကို ကြည့်ရတာ ချန်မိန်းကလေးနဲ့ ပတ်သက်တာပဲဖြစ်မယ်။”
ထိုစကားများအဆုံးတွင် လုချန်း၏ မျက်နှာပေါ်မှ အပြုံး ချက်ချင်း တောင့်တင်းသွားသည်။
သူက ချက်ချင်း ထရပ်လိုက်ပြီး
“ညစာစားနှင့်ကြပါ။ ကျွန်တော့်ကိုမစောင့်နဲ့။”
သူ၏ စကားဆုံးသည်နှင့် လုချန်း ဝမ်ရွန်ဆောင်သို့ ထွက်သွားတော့သည်။
..............
အခန်း( ၄၅၃ )
သူက နင့်အစ်မရဲ့ကလေးဆိုတာ သိသေးတယ်လား (၁)
လုချန်း ဝမ်ရွန်ဆောင်သို့ ရောက်လာတော့ အဆောင်ငယ်တစ်ခုထဲရှိ ကျောက်ခုံတန်းလျားပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသော လင်ဝမ်ရွန် ကို တွေ့လိုက်ရသည်။
လုချန်းက
“ရွန်ရွန်တစ်ခုခုဖြစ်လို့လား ဒေါ်လေးလင်”
ဟု ချက်ချင်းမေးလိုက်သည်။
လုချန်း၏အသံကို ကြားသောအခါ
လင်ဝမ်ရွန် သူ့ကို လှည့်ကြည့်လိုက်သည်။
သူမတစ်ခုခုပြောတော့မလိုဖြစ်သွားပြီးမှ စကားလုံးများကို ပြန်မျိုချလိုက်သည်။
ထို့နောက် လုချန်းလည်း လင်ဝမ်ရွန်အနားသို့ ချဉ်းကပ်သွားပြီး
“ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို တိုက်ရိုက်ပြောပါ။”
လင်ဝမ်ရွန်က သက်ပြင်းချပြီး
“နန်းတော်သခင်မကြီးက ရွန်ရွန်အပျိုစင်ဘဝ ဆုံးရှုံးသွားတာကို သိသွားပြီ။”
ဒါက...
လုချန်း ခဏမျှ ကြောင်အသွားပြီး
“ဒေါ်လေးတို့ရဲ့ နန်းတော်သခင်မကြီးက တံခါးပိတ်ပြီး လေ့ကျင့်နေတာ မဟုတ်ဘူးလား”
ဟု မေးလိုက်သည်။
“ကျွန်တော်မှတ်မိသလောက်တော့ သူ အချိန်ကာလတစ်ခုအတွင်း ထွက်လာမှာမဟုတ်ဘူးလို့ ရွန်ရွန်က ပြောခဲ့တယ်။ ဒါကို သူ ဘယ်လိုသိသွားတာလဲ။”
လင်ဝမ်ရွန်က သက်ပြင်းထပ်ချလိုက်ပြီး
“ဘယ်လိုဖြစ်တာလဲတော့ ဒေါ်လေးမသိဘူး။ ဒါပေမဲ့ လူတစ်ယောက် ကောင်းကင်လူသားနယ်ပယ် ရောက်သွားတာကို နန်းတော်သခင်မကြီ သိသွားလို့လို့ ထင်ရတယ်။ ဒါ့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လုံခြုံရေးကို စိုးရိမ်ပြီး သူရဲ့ ကျင့်စဉ်ကို စောစောစီးစီး အဆုံးသတ်လိုက်တာလို့ ယူဆကြတယ်။”
လုချန်းက မျက်မှောင်ကြုတ်လိုက်ပြီး
“ဒါဆိုရင် ရွန်ရွန့်ကို သူ့ရဲ့ဆရာက ထောင်ချထားတယ်ဆိုတဲ့ အဓိပ္ပာယ်လား”
ဟု မေးလိုက်သည်။
လင်ဝမ်ရွန်က
“ထောင်ချထားသလား မချထားဘူးလားဆိုတာတော့ မသိဘူး။ ဒေါ်လေးက ကြားရုံပဲ ကြားတာပါ။ အခု လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးက ဒီအကြောင်းကို သိနေကြပြီ” ဟု ပြန်ဖြေလိုက်သည်။
လျှို့ဝှက်လဝန်းနန်းတော်သည် တပည့်များ ချစ်သူရှာဖွေခွင့်ကို တားမြစ်ထားခြင်းမရှိသော်လည်း သားသမီးမမွေးဖွားခြင်းကိုတော့ တားမြစ်ထားသည်။ သို့သော် ချန်ဝမ်ရွန်သည် နန်းတော်သခင်ဖြစ်သည့်အတွက် အထူးအဆင့်အတန်းရှိသူဖြစ်ပြီး သူမအတွက် စည်းကမ်းများက ပို၍တင်းကြပ်သည်။
လျှို့ဝှက်လဝန်းနန်းတော် အဖွဲ့ဝင်များကြား ယခုအခါ အုပ်စုနှစ်စုကွဲသွားပြီဖြစ်သည်။
ပထမအုပ်စုက ချစ်သူရှာခွင့်ကို တားမြစ်ထားခြင်းမရှိသော်လည်း နန်းတော်သခင်သည် စင်ကြယ်စွာနေထိုင်သင့်ပြီး အထူးသဖြင့် နန်းတော်ပြင်ပမှ သူတစ်ဦးဦးနှင့် ဆက်ဆံခြင်းမပြုသင့်ဟု ယူဆကြသည်။
တစ်နေ့တွင် နန်းတော်သခင် ချန်ဝမ်ရွန် အချစ်ကြောင့် မဆင်မခြင် လုပ်မိပါက လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။
သို့သော် အခြားအုပ်စုက ချန်ဝမ်ရွန်သည် နန်းတော်သခင်ဖြစ်သော်လည်း လူသားတစ်ဦးဖြစ်ပြီး လူ့သဘာဝအရ ဆန္ဒများရှိသည်မှာ သဘာဝကျသည်ဟု ယူဆကြသည်။ ထို့ကြောင့် သူမ၏ ချစ်သူရှာခွင့်ကို မတားမြစ်သင့်ဟု ဆိုကြသည်။
ချန်ဝမ်ရွန်၏ကိစ္စ လျှို့ဝှက်လဝန်းနန်းတော်အတွင်း လူသိများလာသည်နှင့်အမျှ အုပ်စုနှစ်စု အပြင်းအထန် အငြင်းပွားနေကြသည်။ နောက်ဆုံးတွင် နန်းတော်သခင် ချန်ဝမ်ရွန်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဟူသော ဆုံးဖြတ်ချက်သည် နန်းတော်သခင်၏ ဆရာဖြစ်သူ၏ လက်ထဲတွင်သာရှိသည်။ အခြားသူများ မည်မျှပင် အငြင်းပွားနေပါစေ နန်းတော်သခင်မကြီး၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။
လင်ဝမ်ရွန်၏ အဖြေကို ကြားပြီးနောက် လုချန်း၏ မျက်နှာမဲမှောင်သွားသည်။ ချန်ဝမ်ရွန်၏ ဆရာ သူမ၏ ကျင့်စဉ်မှ ဤမျှ မြန်မြန်ထွက်လာပြီး ချန်ဝမ်ရွန် အပျိုစင်ဘဝ ဆုံးရှုံးခြင်းအကြောင်းကို သိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဒါက ဒုက္ခပေးမည့် ကိစ္စဖြစ်သည်။
သူမ၏ ဆရာသည် ကောင်းကင်လူသားနယ်ပယ်မှ သို့မဟုတ် ထို့ထက်ပင် မြင့်မားသော နယ်ပယ်မှ ဖြစ်ပုံရပြီး ယခုအချိန်တွင် ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားနယ်ပယ်ကို အမှန်တကယ် မရောက်ရှိသေးပေ။ ချန်ဝမ်ရွန်၏ ဆရာက ပြဿနာရှာလာပါက သူမနှင့် သူတို့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
လုချန်း၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ လင်ဝမ်ရွန်က သူ့ကို နှစ်သိမ့်လိုက်၏။
“ချန်းလေး။ နန်းတော်သခင်မ မင်းဆီကို တိုက်ရိုက်လာမယ်ထင်ပြီး စိတ်ပူနေစရာ မလိုဘူး။ သူက စွမ်းအားကြီးပေမယ့် နောက်ပိုင်း သူရဲ့ ကျင့်စဉ်မှာ ပြဿနာတွေ ကြုံခဲ့ပုံရတယ်။ သူ့မှာ ကောင်းကင်လူသားအဆင့်ရဲ့ စွမ်းအားရှိသေးလားဆိုတာ မသေချာဘူး။”
“ နောက်ပြီးတော့ မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားနယ်ပယ်က တစ်ယောက် ရှိပြီးသား။ ရွန်ရွန်ကိစ္စရဲ့ တရားခံက မင်းမှန်း သူသိရင်တောင် မြောက်ပိုင်းပြည်နယ်မှာ စွမ်းအားကြီးတဲ့ ကောင်းကင်လူသားအဆင့်တစ်ယောက် ရှိနေတာကို ထည့်စဉ်းစားပြီး သူမင်းကို လာရှာမှာ မဟုတတ်ဘူး “
လင်ဝမ်ရွန်၏ စကားများကြောင့် လုချန်း စိတ်သက်သာရာ မရခဲ့ပါ။ အကြောင်းမှာ ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားနယ်ပယ်သို့ အမှန်တကယ် မရောက်ရှိသေးကြောင်း သူ ကောင်းစွာ သိသောကြောင့် ဖြစ်သည်။ ထိုကိစ္စက အခြားသူများကို ခြိမ်းခြောက်ရန် လုပ်ထားသော လှည့်ကွက်တစ်ခုသာဖြစ်သည်။
လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“နန်းတော်သခင်မကြီးဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မြင့်မြတ်တဲ့ ပစ္စည်းကို ပြန်ယူဖို့ ရှနိုင်ငံတော်ရဲ့ နန်းတွင်းကို မသွားသေးတာကို ကြည့်ခြင်းအားဖြင့် သူရဲ့ စွမ်းအား သိသိသာသာ ကျဆင်းသွားပြီဆိုတာကို ပြနေတယ်။ မဟုတ်ရင် နန်းတော်ထဲက မြင့်မြတ်တဲ့ပစ္စည်းကို သူအရင်ကတည်းက ပြန်လုယူပြီးသွားလောက်ပြီ။”
လင်ဝမ်ရွန်၏ ယုတ္တိရှိသောအတွေးကို ကြားသောအခါ လုချန်း သဘောပေါက်သွားသည်။ ဟုတ်ပါသည်။ ထိုနန်းတော်သခင်မသည် အမှန်တကယ် စွမ်းအားကြီးမားပြီး ကမ္ဘာပေါ်တွင် မည်သူမှ မယှဉ်နိုင်လောက်သော စွမ်းအားရှိပါက သူမ အဘယ်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ မြင့်မြတ်သော ရတနာပစ္စည်း ခိုးယူခံရချိန်ကတည်းက ပြန်လည်ရယူရန် မကြိုးစားသနည်း။
သူမ၏ စွမ်းအားသည် အဆင့်လွန်ပညာရှင်အဆင့်သို့ ကျဆင်းသွားပြီး မြင့်မြတ်သော ရတနာ ပစ္စည်းကို ပိုင်ဆိုင်ထားသော ဆွမ်ဧကရာဇ်ကို အနိုင်ယူနိုင်မည်လား ဆိုတာကို မသေချာသောကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် မြင့်မြတ်သော ရတနာပစ္စည်းသည် လူတစ်ဦး၏ စွမ်းအားကို ကောင်းကင်လူသားအဆင့်သို့ ယာယီမြှင့်တင်ပေးနိုင်ပြီး အဆင့်လွန်ပညာရှင်တစ်ယောက်သည် ကောင်းကင်လူသားအဆင့်ကို လုံးဝ မယှဉ်နိုင်သောကြောင့် ဖြစ်သည်။
ကျူးကဲ့ကျုံကောင်း၏ “ ကောင်းကင်လူသားအဆင့်” ဟူသော အခြေအနေကသည် ချန်ဝမ်ရွန်၏ ဆရာကို လှည့်စားနိုင်ပြီး သူမ မြောက်ပိုင်းပြည်နယ်သို့ ရဲရဲတင်းတင်း မလာရောက်အောင် တားဆီးနိုင်လိမ့်မည်ဟု လုချန်း တွေးလိုက်သည်။
ထိုအတွေးနှင့်အတူ လုချန်း သက်ပြင်းချကာ “ဒေါ်လေးတို့ရဲ့ နန်းတော်သခင်မကြီးက ရွန်ရွန့်ကို ဘယ်လို ဆက်ဆံမလဲဆိုတာ ဘယ်သူသိနိုင်မလဲ။”
လင်ဝမ်ရွန်က
“ဘယ်လိုပဲဖြစ်ဖြစ် ရွန်ရွန်ဟာ နန်းတော်သခင်မကြီးရဲ့ ကျန်ရှိတဲ့ တစ်ဦးတည်းသော တပည့်ပဲလေ။ သူ့ကို ထိခိုက်အောင် လုပ်မယ်လို့တော့ မထင်ဘူး။ ဒါပေမဲ့ သူ့ကို နန်းတော်သခင်မ ရာထူးကနေ ဖယ်ရှားပြီး ချုပ်နှောင်ထားဖို့ကတော့ ဖြစ်နိုင်ခြေ အတော်များတယ်။”
သူမ စကားပြောနေစဉ် လင်ဝမ်ရွန် လုချန်း၏ တုံ့ပြန်မှုကို တစ်ချက်ကြည့်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဤကိစ္စကို လုချန်းအား ပြောပြရန် သူမတွန့်ဆုတ်နေခဲ့သည်။ အကြောင်းမှာ ယင်းကိစ္စသည် လုချန်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကြား ရန်ငြိုးဖွဲ့မှုကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။
လက်ရှိ မြောက်ပိုင်းပြည်နယ်၏ အင်အားမှာ အလွန်ကြီးမားလွန်းနေပြီဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်နှင့် မယှဉ်နိုင်သေးသော်လည်း လျှို့ဝှက်လဝန်းနန်းတော်သည် ယခုအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာခဲ့သည်။ သို့သော် လုချန်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီး နှစ်အနည်းငယ်အတွင်း၌ပင် မြောက်ပိုင်းပြည်နယ်၏ အင်အားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးထွားလာခဲ့ပြီး ကောင်းကင်လူသားအဆင့်ရှိ စစ်သည်တစ်ဦးပင် ရှိလာခဲ့သည်။
နောက်ထပ် နှစ်အနည်းငယ် ဆက်လက်ကြီးထွားခွင့်ရပါက မြောက်ပိုင်းပြည်နယ်သည် လျှို့ဝှက်လဝန်းနန်းတော်ကို ကျော်လွန်သွားမှာ မဖြစ်နိုင်ဟု မပြောနိုင်ပေ။
.............