← Chapters

အခန်း ၄၆၀-၄၆၂

Vol. 31 Ch. 460-462

အခန်း ၄၆၀-၄၆၂

Vol. 31 Ch. 460-462

အခန်း (၄၆၀)

ဝူကျန်းဝမ်၏ မြောက်ပိုင်းပြည်နယ် ခရီးစဉ် (၂)

မြောက်ပိုင်းနယ်စားမင်းသား၏ အင်အားတိုးတက်မှု ဤမျှမြန်ဆန်ရခြင်းမှာ

တစ်စိတ်တစ်ပိုင်းအားဖြင့် သူ့တွင်ထူးခြားသော သိုင်းပညာပါရမီကို ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်၏။ နောက်တစ်ချက်အနေနှင့် သူ့တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ပြင် ကျူးကဲ့ကျုံကောင်းသည် နှစ်ပေါင်းများစွာ ကောင်းကင်လူသားအဆင့်သို့ မရောက်ရှိနိုင်ခဲ့သော်လည်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီး တစ်နှစ်မပြည့်မီတွင် ထိုအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းက မြောက်ပိုင်းနယ်စားမင်းသား၏ ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယဖြစ်စရာဖြစ်လာသည်။

ဝူကျန်းဝမ်သည် သူမနှင့် မနီးမဝေးရှိသော ထိုလူငယ်အကြောင်းကို ပို၍ပို၍ သိလိုလာပြီး သူဖုံးကွယ်ထားနိုင်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုခဲ့သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က ပြုံးလျက် “မြောက်ပိုင်းနယ်စားမင်းသားဟာ အလွန်ချောမောတယ်လို့ နာမည်ကြီးပါတယ်။ ဒီနေ့ တွေ့ရတာ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်။”

ဝူကျန်းဝမ်၏ ချီးမွမ်းစကားကို ကြားသောအခါ လုချန်းက ပြုံးလျက်

“မင်းသမီးကျန်းဝမ်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။”

“မင်းသမီးကျန်းဝမ်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ပိုင်းပြည်နယ်ကို လာရောက်လည်ပတ်တာဟာ ပြည်နယ်အတွက် ဂုဏ်ယူစရာပါ။ ကျွန်တော် နေ့လယ်စာ စီစဉ်ပြီးပါပြီ။ အဲဒီမှာ ထမင်းစားရင်း အကြောင်းကိစ္စတွေကို ဆွေးနွေးကြတာပေါ့”

ဟု သူက ထပ်လောင်းပြောကြားလိုက်သည်။

ထိုစကားများဖြင့် လုချန်း သူ၏မြင်းကို လှည့်လိုက်ပြီး

“မြို့ထဲကို”

ဟုအော်ပြောလိုက်သည်။

သူ၏အသံအဆုံးတွင် ကြိုဆိုသည့်အဖွဲ့သည် မြို့ထဲသို့ ဝင်ရောက်သွားပြီး ဝူကျန်းဝမ်၏ ယဉ်တန်းလည်း နောက်မှ ဆက်လက်လိုက်ပါသွားသည်။

ထိုအချိန်တွင် ပေဟုန်သည် မြောက်ပိုင်းနယ်စားမင်းသား ထွက်ခွာသွားသော ပုံရိပ်ကြည့်ရင်း ရင်းနှီးနေသလို ခံစားလိုက်ရ၏။ အထူးသဖြင့် သူ၏အသံကို အရင်က တစ်နေရာရာတွင် ကြားဖူးသလို ခံစားရသည်။

ယခုက သူ ဒုတိယအကြိမ် မြောက်ပိုင်းပြည်နယ်သို့ လာရောက်ခြင်းဖြစ်ပြီး

ယခင်က မြောက်ပိုင်းနယ်စားမင်းသားကို မတွေ့ဖူးသောကြောင့် ဘယ်လိုလုပ် ထိုအသံကို ရင်းနှီးနေရတာလဲဟု ပေဟုန် တွေးမိသည်။

ထိုအသံကို မည်သည့်နေရာတွင် ကြားဖူးခဲ့သည်ကို ပေဟုန် စဉ်းစားနေစဉ်

ရထားအတွင်းမှ ဝူကျန်းဝမ်၏ အသံ ထွက်ပေါ်လာသည်။

“ အဖိုးပေလည်း မြောက်ပိုင်းနယ်စားမင်းသားရဲ့ အသံကို ရင်းနှီးနေသလို ခံစားရလား”

ထိုခံစားချက်ကို ပေဟုန်တစ်ဦးတည် မဟုတ်ပဲ ဝူကျန်းဝမ်လည်း ခံစားခဲ့ရသည်။ ထောက်လှမ်းရေးလုပ်ငန်းတွင် ပါဝင်နေသူတစ်ဦးအနေနှင့် သူမသည် အသေးစိတ်အချက်အလက်များကို အထူးဂရုပြုတတ်ပြီး မထင်ရှားသော အချက်များကိုပင် ကောင်းစွာ မှတ်မိနိုင်စွမ်းရှိသည်။

မြောက်ပိုင်းနယ်စားမင်းသား၏ အသံ အလွန်ရင်းနှီးသည်ဟု သူမခံစားခဲ့ရပြီး သူမအရင်က တွေ့ဖူးသူတစ်ဦးနှင့်တူ နေသည်ဟူသော ခံစားချက်က သူမကို နှောင့်ယှက်နေသည်။

ဝူကျန်းဝမ်လည်း သူ့ကဲ့သို့ ခံစားမိနေကြောင်း သိသောအခါ ပေဟုန်၏ မျက်ခုံးများ တွန့်သွားသည်။ ထိုအရာမှာ သူ၏စိတ်ထင်မှုသက်သက် မဟုတ်ဟု ရုတ်တရက် နားလည်လိုက်သည်။

တစ်ဦးတည်းက မြောက်ပိုင်းနယ်စားမင်းသား၏အသံ ရင်းနှီးနေသည်ဟု ထင်ပါကထိုအရာကို စိတ်ထင်မှုတစ်ခုဟု ပယ်ချနိုင်သော်လည်း ယခုအခါ နှစ်ဦးစလုံးတွင် တူညီသောခံစားချက်ရှိနေသည်။ သူတို့သည် အမှန်ပင် လုချန်း၏အသံကို တစ်နေရာတွင် ကြားဖူးခဲ့ကြသည်ဟု ဆိုလိုသည်။

ပေဟုန်၏ ဦးနှောက်က သူတို့ ရန်ခရိုင်သို့ နောက်ဆုံးအကြိမ် လာရောက်စဉ်က တွေ့ဆုံခဲ့သော လူများကို အလျင်အမြန် ပြန်လည် စဉ်းစားကြည့်လိုက်၏။ မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်တွင် နေထိုင်သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားပါက သူတို့ ယခင်တစ်ခေါက် ရန်ခရိုင်သို့ လာရောက်စဉ်က ကြားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။

အနည်းငယ် တွေးတောပြီးနောက်

မြောက်ပိုင်းနယ်စားမင်းသား၏ အသံနှင့် ဆင်တူသော အသံကို ဘယ်မှာ ကြားဖူးခဲ့ကြောင်း ပေဟုန် ချက်ချင်း သတိရလာသည်။

ထိုအချိန်တွင် ပေဟုန်၏ မျက်နှာ တင်းမာသွားပြီး လှည်းထဲရှိ ဝူကျန်းဝမ်ကို

“မင်းသမီး မြောက်ပိုင်းနယ်စားမင်းသားဟာ မိုးစက်ရဲတိုက်ရဲ့သခင် ဖြစ်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်။”

ယခင်က ရန်ခရိုင်သို့ လာရောက်စဉ်က

မိုးစက်ရဲတိုက်သခင်၏ မျက်နှာကို မမြင်ရသော်လည်းသူ၏ အသံနှင့် ကိုယ်ဟန်အနေအထားမှ အလွန်ငယ်ရွယ်သော လူငယ်တစ်ဦးဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြသည်။

ထိုစဉ်က ရဲတိုက်သခင်သည် မြောက်ပိုင်းနယ်စားမင်းသား၏ နောက်ကွယ်ရှိ လျှို့ဝှက်အင်အားစုမှ လူတစ်ဦးဖြစ်မည်ဟု သံသယရှိခဲ့ကြသည်။

ယခုမူ မိုးစက်ရဲတိုက်၏ နောက်ကွယ်မှ ထိန်းချုပ်ထားသူများသည် မြောက်ပိုင်းနယ်စားမင်းသား၏ နောက်ကွယ်မှ ပုဂ္ဂိုလ်များမဟုတ်ပဲ မြောက်ပိုင်းနယ်စားမင်းသား ကိုယ်တိုင်ဖြစ်ပုံရသည်။

သူတို့အားလုံး မြောက်ပိုင်းနယ်စားမင်းသား၏ လှည့်စားခြင်းကို ခံခဲ့ရသည်။

ပေဟုန်၏ သတိပေးချက်ကို ကြားပြီးနောက် ဝူကျန်းဝမ်လည်း သူတို့ ရန်ခရိုင်တွင် မိုးစက်ရဲတိုက်သခင်နှင့် တွေ့ဆုံခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည် စဉ်းစားမိသည်။

ထိုသို့ ပြန်လည်သုံးသပ်သောအခါ

မြောက်ပိုင်းနယ်စားမင်းသား၏ အသံသည်

ရဲတိုက်သခင်၏ အသံနှင့် တစ်ထပ်တည်းဖြစ်နေပြီး ကိုယ်ဟန်အနေအထားလည်း အများအားဖြင့် ကိုက်ညီနေသည်ကို

သဘောပေါက်လာခဲ့သည်။

အထူးသဖြင့် မိုးစက်ရဲတိုက်သခင်နှင့်

မြောက်ပိုင်းနယ်စားမင်းသားတို့ နှစ်ဦးစလုံးသည် အလွန်ငယ်ရွယ်နေခြင်းဖြစ်သည်။

ဝူကျန်းဝမ်၏ မျက်နှာ တင်းမာလာပြီး “မြောက်ပိုင်းနယ်စားမင်းသားဟာ ကျွန်မတို့ရန်ခရိုင်ကို နောက်ဆုံးအကြိမ် လာတုန်းကတည်းက မှတ်မိနေပုံရတယ်”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုအချက်အလက်အရ ချွမ်ဟိုင် ကုန်သည်အုပ်စုသည် သူမ၏ အင်အားစုဖြစ်ကြောင်း မြောက်ပိုင်းနယ်စားမင်းသားက ကြာမြင့်စွာကတည်းက သိရှိထားပြီး မိုးစက်ရဲတိုက်ကို ချွမ်ဟိုင် ကုန်သည်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပြုခြင်းဖြင့် ဝူနိုင်ငံတော်အကြောင်း ထောက်လှမ်းရေး သတင်းအချက်အလက်များကို ပြန်လည်ရယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုအချက်ကို သိသွားသောအခါ သူမ လှည့်စားခံခဲ့ရခြင်းအတွက် ဝူကျန်းဝမ် စိတ်မကျေမနပ်ဖြစ်မိသည်။

ဝူကျန်းဝမ်ထက်ပင် စိတ်မသက်မသာဖြစ်ပြီး ပို၍ပင် မကျေနပ် ဖြစ်‌နေသော နောက်ထပ်လူတစ်ဦးမှာ ဝူနိုင်ငံတော်မှ မင်းသား ဝူမင်းဖြစ်သည်။

မင်းသား ဝူမင်း၏ လှည်းသည် ဝူကျန်းဝမ်၏ လှည်းနောက်မှ လိုက်ပါလာပြီး ထိုအချိန်တွင် သူသည် လှည်းတွင်း၌ မျက်နှာရှုံ့မဲ့ကာ လက်သီးဆုပ်လျက်

ဒေါသများ မပြေလျော့နိုင်အောင် ဖြစ်နေသည်။

ဝူနိုင်ငံ‌တော်၏ ဒုတိယမင်းသားဖြစ်သော

ဝူမင်းသည် မင်းသမီးကျန်းဝမ်နှင့်အတူ မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် လိုက်ပါလာခဲ့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားသည် မင်းသမီးကျန်းဝမ်ကိုသာ သီးသန့် ကြိုဆိုခဲ့ပြီး သူ၏တည်ရှိမှုကို လျစ်လျူရှုခဲ့သည်။

သူတို့၏ သံတမန်ခရီးစဉ်မတိုင်မီ ဝူနိုင်ငံမှ မြောက်ပိုင်းပြည်နယ်အား အသိပေးခဲ့ပြီးဖြစ်သောကြောင့် မင်းသမီးကျန်းဝမ်နှင့်အတူ သူလိုက်ပါလာကြောင်းကို မြောက်ပိုင်းပြည်နယ်ဘက်က မသိရှိနိုင်စရာ အကြောင်းမရှိပေ။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားသည် သူ့ကို လုံးဝ ဂရုမစိုက်သလို သူ့နာမည်ကိုပင် တစ်ခါမှ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ မင်းသမီးကျန်းဝမ်၏ အနားတွင် သူ၏ ဒုတိယမင်းသားဟူသော ရာထူးသည် အရေးမပါသကဲ့သို့ ဖြစ်နေသည်။

မြောက်ပိုင်းပြည်နယ်၏ မြင့်မားသော ဧည့်ခံမှုအဆင့်သည် မင်းသမီးကျန်းဝမ်အတွက်သာဖြစ်ပြီး ဒုတိယမင်းသားဖြစ်သော သူ့အတွက် မဟုတ်ကြောင်းကိုလည်း ဝူမင်း သတိပြုမိခဲ့သည်။

မိန်းမတစ်ဦး ဖြစ်ပါလျက် အဘယ်ကြောင့် ထိုကဲ့သို့ မြင့်မားသော ဆက်ဆံမှုကို ရရှိနေတာလဲ။

သူသည် မင်းသားဖြစ်ပြီး ထီးနန်း၏ တရားဝင် အမွေခံဖြစ်သော်လည်း လျစ်လျူရှုခံခဲ့ရသည်။

............

အခန်း (၄၆၁)

ဝူကျန်းဝမ်၏ မြောက်ပိုင်းပြည်နယ် ခရီးစဉ် (၃)

ဝူကျန်းဝမ်ဆိုသည်မှာ အမျိုးသမီးတစ်ဦးသာဖြစ်ပြီး သူ့ကဲ့သို့သော မင်းသားတစ်ဦး၏ အရေးပါမှုကို မည်သို့ယုတ်‌လျော့စေနိုင်မည်နည်း။ သူမသည် သူပုန်ထမှုကို နှိမ်နင်းပြီး ဂုဏ်ပြုခံရမှုကို လုယူခဲ့ခြင်းကပင် တရားလွန်နေပြီဖြစ်သည်။ ယခုတစ်ကြိမ် မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် စေလွှတ်ခံရချိန်တွင်လည်း သူမက ထပ်မံ၍ ဂုဏ်ပြုခံရမှုကို လုယူရန် ကြိုးစားနေပြန်သည်။

အစကတည်းက သူ၏ ဖခင်ဝူဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် စေလွှတ်ရာ၌ ဝူနိုင်ငံ‌တော် ကိုယ်စားပြုအဖြစ် သူ့ကိုသာ ရည်ရွယ်ခဲ့သည်။ ထိုအကြောင်းကို ကြားသိစဉ်က သူအလွန်စိတ်လှုပ်ရှားခဲ့သည်။ သူ၏အမြင်တွင် ဒါက သူ့ကို ယုံကြည်ကြောင်း အောင်မြင်မှုများ ပိုမိုရရှိစေလိုကြောင်း ဖခင်ဧကရာဇ်က ပြသခြင်းဖြစ်သည်။

ထို့နောက် မျှော်လင့်မထားသော အခြေအနေတစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။ ဝူကျန်းဝမ် ပါလာခြင်းပင်ဖြစ်သည်။ အကြောင်းရင်းမှာ ထိုလူယုတ်မာ ချိုင်ကျိလျှံကြောင့်ဖြစ်သည်။ ချိုင်ကျိလျှံသာ သူ၏ဖခင်ကို မတိုက်တွန်းခဲ့လျှင် ဝူကျန်းဝမ်ကို သူ့နှင့်အတူ မြောက်ပိုင်းပြည်နယ်သို့ လိုက်ပါခွင့်ပြုမည် မဟုတ်ပေ။

ဝူမင်း ထိုအကြောင်းကို ပို၍တွေးလေ ပို၍ ဒေါသထွက်လေဖြစ်နေ ‌သည်။ နောက်ဆုံးတွင် သူသည် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ

“ခွေးနှစ်ကောင်...”

ဟု ကျိန်ဆဲလိုက်သည်။

ဝူမင်း၏ အသံဆုံးသည်နှင့် သူ့ဘေးတွင် ထိုင်နေသော အဖိုးအိုက သူ့ကို

“မင်းသား။စကားကို ဆင်ခြင်ပါ”

ဟု သတိပေးလိုက်သည်။

ထိုအသံကို ကြားသောအခါ ဝူမင်း အနည်းငယ် ငြိမ်သက်သွားသည်။

.....

မကြာမီ။

လုချန်းနှင့် သူ၏အဖွဲ့သည် နိုင်ငံရေးရာခန်းမသို့ ရောက်ရှိလာပြီး ဝူနိုင်ငံတော်မှ သံတမန်များသည်လည်း သတ်မှတ်နေရာများတွင် ထိုင်လိုက်ကြသည်။

ထိုင်ပြီးသည်နှင့် လုချန်းက အကပညာရှင်များနှင့် ဂီတပညာရှင်များအား ဖျော်ဖြေရန် အမိန့်ပေးလိုက်သည်။

သို့သော် ဝူနိုင်ငံတော်မှ သံတမန်များ၏ အာရုံသည် ဖျော်ဖြေမှုပေါ်တွင် မရှိပေ။ သူတို့သည် နိုင်ငံရေးရာအဆောင်အား လှည့်ပတ်ကြည့်ရှုနေကြပြီး တစ်စုံတစ်ရာကို ရှာဖွေနေဟန် တူသည်။

သူတို့၏ သိမ်မွေ့သော လှုပ်ရှားမှုများက လုချန်း၏ မျက်လုံးများမှ မလွတ်မြောက်ခဲ့ပေ။ သူတို့ ဘာကို ရှာဖွေနေသည်ကိုလည်း သူသိသည်။

သူတို့သည် ကျူးကဲ့ကျုံကောင်း ယနေ့ နေ့လယ်စာစားပွဲသို့ တက်ရောက်လာခြင်း ရှိမရှိကို သိလိုကြပြီး ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခဲ့ခြင်း ရှိမရှိကို အတည်ပြုလိုကြခြင်းဖြစ်သည်။

သို့သော် လုချန်း သူတို့အား ထိုအခွင့်အရေး မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျူးကဲ့ကျုံကောင်းသည် ယခုစားပွဲသို့ တက်ရောက်ခြင်း မရှိသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်ဘေးတွင် ထိုင်နေသော သပ်ရပ်သန့်ရှင်းသော လူငယ်ကိုလည်း လုချန်း သတိပြုမိသည်။ ထိုလူငယ်သည် ရွှေချည်ထိုးထားသော အဖြူရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်အထက်တန်းကျသော အပြုအမူရှိသည်။ ဂုဏ်အဆင့်အတန်း မြင့်မားသူတစ်ဦးမှန်း သိသာထင်ရှားသည်။

ထိုသူမည်သူဖြစ်ကြောင်းကို လုချန်း သိသော်လည်း မသိချင်ယောင်ဆောင်ကာ “ခင်ဗျားဘေးမှာ ထိုင်နေတဲ့ ဒီလူကြီးမင်းက ဘယ်သူပါလဲ မင်းသမီးကျန်းဝမ်။”

ဟု မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ ဝူကျန်းဝမ် အနည်းငယ် အံ့အားသင့်သွားသည်။ တည်ငြိမ်မှုကို ပြန်လည်ရရှိပြီး သူမက ပြုံးလျက်

“မြောက်ပိုင်းနယ်စားမင်းသားကို မိတ်ဆက်‌ ပေးဖို့ မေ့သွားတယ်။ ဒီလူကြီးမင်းက ဝူနိုင်ငံ တော်က မင်းသား ဝူမင်းပါ”

ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလျက်

“ မင်းသား ဝူမင်းပဲကိုး။ ကျွန်တော် ခင်ဗျားရဲ့ ဂုဏ်သတင်းကို အတော်ကြာကတည်းက လေးစားခဲ့တာပါ။”

ဟု ပြောလိုက်သည်။

သူတို့နှစ်ဦး၏ ပြောဆိုနေမှုကို ကြားသောအခါ ဝူမင်းအလွန် ဒေါသထွက်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူအား ဝူနိုင်ငံတော်မှ မင်းသား ဝူမင်းဖြစ်ကြောင်းပင် မသိပေ။ သူ့ကို မိတ်ဆက်ပေးရန် ထိုမိန်းမ ဝူကျန်းဝမ်ကို လိုအပ်ခဲ့သည်။ ဝူကျန်းဝမ် သူ့ကို မိတ်ဆက်မပေးခဲ့လျှင် သူ မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် လာရောက်ခဲ့သည်ကိုပင် မြောက်ပိုင်းနယ်စားမင်းသားက သိနိုင်ပါ့မလား။

မြောက်ပိုင်းပြည်နယ် ခရီးစဉ်သည် သူ ဂုဏ်ပြုခံရမည့် အခွင့်အရေးဖြစ်ပြီး သူ့ဘေးတွင်ရှိသော မိန်းမ ဂုဏ်ပြုခံရမှုအားလုံးကို ခိုးယူသွားမှာကို သူလုံးဝခွင့်မပြုနိုင်ပေ။

သူလုပ်စရာရှိတာ လုပ်ရမည်။ ဝူကျန်းဝမ်ရှေ့တွင် အမြဲလိုလို ရှင်းပြမရသော ဖိအားတစ်ခု ရှိနေသော်လည်း အိမ်ရှေ့စံရာထူးအတွက်

ဝူကျန်းဝမ်ဆိုသော မိန်းမတစ်ဦး၏ ဖိနှိပ်မှုကို ခံရကာ ခေါင်းမော့နိုင်စွမ်းပင် မရှိသည့် ဘဝမျိုး အရောက်မခံနိုင်ပေ။

ထိုအတွေးဖြင့် ဝူမင်းက ပြုံးလျက်

“မြောက်ပိုင်းနယ်စားမင်းသားက နောက်ပြောင်တတ်တာပဲ။ ဝူနိုင်ငံ‌တော်မှာ ကျွန်တော်နာမည်သိပ်မရှိပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားက ကျွန်တော့်အကြောင်း ဘယ်လိုကြားဖူးမှာလဲ။ တကယ်တော့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ကျော်ကြားမှုက ဝူနိုင်ငံတစ်ခုလုံးမှာ ပျံ့နှံ့နေပါပြီ။ အခုဆိုရင် ဝူနိုင်ငံမှာရှိတဲ့ အိမ်တိုင်းလိုလိုဟာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို အကြိမ်ကြိမ် ခုခံကာကွယ်န်ိုင်ခဲ့တဲ့ ရှနိုင်ငံတော်သား သူရဲကောင်းကြီးတစ်ယောက်အကြောင်းကို သိကြပါတယ်။”

လုချန်းက ရယ်မောလိုက်ပြီး

“ကျွန်တော်က ဘယ်လိုလုပ် သူရဲကောင်းဖြစ်မှာလဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နယ်မြေလေးကို ကာကွယ်ဖို့ ကြိုးစားနေရတာပါ”

ဟု ပြန်ပြောလိုက်သည်။

ဝူကျန်းဝမ်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ဝူမင်က ရုတ်တရက် ဝင်ပြောလိုက်သည်။

“အဘိုးကျူးက မြောက်ပိုင်းပြည်နယ်မှာ အဓိကနေရာတစ်ခုကို ရယူထားတယ်လို့ ကြားတယ်။ ဒါပေမဲ့ ဒီနေ့ အဘိုးကျူးကို မတွေ့ရဘူး။”

လုချန်းက အေးဆေးစွာဖြင့်

“သူ မကြာသေးခင်ကမှ အဆင့်တက်သွားတာကို ခင်ဗျားလည်း သိမှာပါ။ သူ့ရဲ့ အဆင့်က မတည်ငြိမ်သေးလို့ ဒီရက်ပိုင်း တံခါးပိတ် လေ့ကျင့်နေတာပါ။”

ဝူမင်းက

“အဘိုးကျူးအကြောင်းပြောတော့မှ သတိရလာတယ်။ ကောင်းကင်လူသား အဆင့် ပုဂ္ဂိုလ်တစ်ဦးကို ရာထူးခန့်အပ်နိုင်တဲ့အတွက် မြောက်ပိုင်းနယ်စားမင်းသားကို ကျွန်တော် မချီးကျူးရသေးဘူး။”

ထိုအခါ လုချန်းက ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။

ကျူးကဲ့ကျုံကောင်း၏ ကိစ္စနှင့်ပတ်သက်၍ သူသည် ပို၍ပြောလိုစိတ် မရှိပေ။ ကျူးကဲ့ကျုံကောင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားပြီး ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီလားဟု သူတို့အား ခန့်မှန်းစေလိုသည်။

ဝူမင်းသည် လုချန်း အထင်ကြီးစေရန် ကြိုးစားနေပုံရပြီး အခွင့်အရေးရတိုင်း စကားပြောဖို့ ကြိုးစားနေသည်ကို

ဝူကျန်းဝမ် သတိပြုမိလိုက်သည်။ သူမက အနည်းငယ် ပြုံးလိုက်ပြီး

“ကျွန်မ ပို့လိုက်တဲ့ စာကို ရောက်ပြီးပြီမဟုတ်လား မြောက်ပိုင်းနယ်စားမင်းသား”

ဟု မေးလိုက်သည်။

မြောက်ပိုင်းပြည်နယ်သို့ တရားဝင် သံတမန်အဖွဲ့ မသွားရောက်မီ ဝူနိုင်ငံ‌တော်မှ တရားဝင်စာအပြင် ဝူကျန်းဝမ်ထံမှ စာတစ်စောင်လည်း ရောက်ရှိခဲ့သည်။ စာထဲတွင် ယခုခရီးစဉ်အတွင်း ဆွေးနွေးရန် ရည်ရွယ်ထားသော အကြောင်းအရာအချို့ကို ဖော်ပြထားသည်။

ဝူကျန်းဝမ် လုချန်းဆီ စာကြိုတင်ရေးသားခဲ့ရသည့် ရည်ရွယ်ချက်မှာ ထင်ရှားသည်။

ထိုအချိန်တွင် လုချန်းက

“ရပြီးပါပြီ။”

ဟု ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ကြားသောအခါ ဝူမင်းသည် စိတ်ထဲ အံ့အားသင့်သွားသည်။

စာတစ်စောင်လား။

ဘာစာလဲ။

ထိုယုတ်မာသော မိန်းမ ဝူကျန်းဝမ်သည် မြောက်ပိုင်းနယ်စားမင်းသားထံ စာတစ်စောင် ကြိုတင် ပေးပို့ခဲ့သည်။

သူ ထိုအကြောင်းကို ဘာမှမသိခဲ့ပေ။

ထိုစာပါ အကြောင်းအရာကိုလည်း သူ မသိခဲ့ချေ။

သူ ဘယ်လို ဝင်ပြောရမလဲ။

ဝူကျန်းဝမ်က ဆက်ပြောလိုက်သည်။

“မြောက်ပိုင်းပြည်နယ်မှာ အခု ကောင်းကင်လူသားအဆင့်တစ်ဦး ရှိနေပြီဆိုတော့ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်ရေးအင်အားဟာ ရှနိုင်ငံတော်ရဲ့ နေပြည်တော်ထက် သာလွန်သွားပါပြီ။ မြောက်ပိုင်းနယ်စားမင်းသားမှာ ထီးနန်းအတွက် ဘာအစီအစဉ်တွေများ ရှိပါလဲ။ မြောက်ပိုင်းနယ်စားမင်းသား အဲဒီရာထူးကို လိုချင်တယ်ဆိုရင် ဝူနိုင်ငံ‌တော်က အင်အားအကုန်သုံးပြီး မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံဖို့ ဆန္ဒရှိပါတယ်။”

ဝူကျန်းဝမ်၏ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုကို ကြားသောအခါ လုချန်းက

“မင်းသမီးကျန်းဝမ်က သွယ်ဝိုက်ပြီးပြောမယ် ထင်ထားတာ။ မင်းသမီးက ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောလိမ့်မယ်လို့ မထင်ထားဘူး။”

ဝူကျန်းဝမ်က

“မြောက်ပိုင်းပြည်နယ်ရဲ့ တိုးတက်မှုက လူတိုင်းအတွက် ထင်ရှားပါတယ်။ မြောက်ပိုင်းနယ်စားမင်းသား အထွတ်အထိပ်နေရာကို တက်လှမ်းဖို့ဆိုတာ အချိန်တစ်ခုပဲ လိုပါတော့တယ်။ ဒါ့ကြောင့် တချို့အရာတွေကို ဖုံးကွယ်ထားဖို့ မလိုဘူးလို့ ကျွန်မထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောတာ ပိုကောင်းပါတယ်။”

“မြောက်ပိုင်းနယ်စားမင်းသား အဲဒီရာထူးကို တက်လှမ်းပြီးတာနဲ့ ဝူနိုင်ငံ‌တော်က ရှနိုင်ငံတော်နဲ့ မဟာမိတ်စာချုပ်ချုပ်ပြီး နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု နှစ်ပေါင်းများစွာ ထိန်းသိမ်းဖို့ ဆန္ဒရှိပါတယ်။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်းက သူ၏ ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ပြုံးလျက်

“ဝူနိုင်ငံ‌တော်က ရှနိုင်ငံတော်နဲ့ မဟာမိတ်စာချုပ် အခုဘာကြောင့် မချုပ်ဆိုတာလဲ”

ဟု မေးလိုက်သည်။

ဝူကျန်းဝမ်က

“အခု ရှနိုင်ငံတော်ရဲ့ နန်းတွင်းနဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုလိုက်ရင် မြောက်ပိုင်းနယ်စားမင်းသား အဲ့ဒီရာထူးကို တက်လှမ်းတဲ့အခါ မဟာမိတ်စာချုပ်က ပျက်ပြယ်သွားမှာပါ။ မြောက်ပိုင်းနယ်စားမင်းသားက မကြာခင် အဲဒီရာထူးကို တက်လှမ်းတော့မှာဆိုတော့ မဟာမိတ်ဖွဲ့ဖို့အကြောင်းကို မြောက်ပိုင်းနယ်စားမင်းသားနဲ့ တိုက်ရိုက် ဆွေးနွေးတာက သဘာဝကျပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

...........

အခန်း( ၄၆၂)

ချွမ်သခင်မကို စတွေ့ကတည်းက သဘောကျခဲ့တာ (၁)

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး

“မင်းသမီးကျန်းဝမ် နားလည်မှု လွဲနေပုံရတယ်။ ကျွန်တော် နေပြည်တော်က ရာထူးကို ဘယ်တုန်းကမှ မတပ်မက်ခဲ့ပါဘူး”

ဟု ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့ ဖခင် ဆွမ်ဧကရာဇ်ဟာ သူ့ရဲ့ လက်အောက်ငယ်သားတွေကို သူ့ရဲ့ ကိုယ်ပိုင်သားသမီးတွေလို ချစ်ခင်ပြီး သနားကြင်နာတတ်သလို ဉာဏ်ပညာ အမြော်အမြင်လည်း ကြီးပါတယ်။ သူက သူ့ရဲ့ သားသမီးတွေကို အထူးဂရုစိုက်ပြီး စာနာတတ်ပြီး ကျွန်တော်ဟာ သူ့ရဲ့ အဂုဏ်အယူရဆုံး သားတော်ပါ။ ကျွန်တော်က ဘယ်လိုလုပ် အာဏာကို လိုချင်ပြီး ထီးနန်းကို လုယူတာလိုမျိုး မသမာတဲ့ လုပ်ရပ်ကို ကျူးလွန်နိုင်မှာလဲ။”

လုချန်း၏ စကားကို နားထောင်ပြီးနောက် ဝူကျန်းဝမ်က ညင်သာစွာ ရယ်မောလိုက်ပြီး

“မြောက်ပိုင်းနယ်စားမင်းသားက တကယ်ကို နောက်ပြောင်တတ်တာပဲ။”

“မင်းသားနဲ့ ဆွမ်ဧကရာဇ်ရဲ့ ဆက်ဆံရေးက ရှင်ပြောသလို တကယ် သဟဇာတဖြစ်တယ်ဆိုရင် ရှနန်းတွင်းက ချီပြည်နယ်မှာ စစ်တပ်တွေ ချထားမှာ မဟုတ်သလို မြောက်ပိုင်းပြည်နယ်ကလည်း ချီပြည်နယ်ရဲ့ နယ်စပ်မှာ စစ်သား တစ်သိန်းလွှတ်ထားမှာ မဟုတ်ဘူး။”

လုချန်းက

“ဒီအကြောင်းကို ဆက်ပြီးဆွေးနွေးစရာ မလိုတော့ပါဘူး။ ကျွန်တော်ဟာ ရှနိုင်ငံတော်မှာ ပြည်တွင်းစစ်ဖြစ်အောင် လုံးဝလုပ်မှာ မဟုတ်ပါဘူး။ ဝူနိုင်ငံတော်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ်။”

လုချန်း စကားကို လုံးဝဖြတ်တောက်လိုက်သည်ကို မြင်သောအခါ လုချန်းသည် မကြာမီကာလအတွင်း ရှနိုင်ငံတော်တွင် ပြည်တွင်းစစ် မီးမွှေးရန် အလားအလာ အလွန်နည်းပါးကြောင်း အခြေခံအားဖြင့်

ဝူကျန်းဝမ် နားလည်လိုက်သည်။

လုချန်းသည် မိုးစက်ရဲတိုက်သခင် အမှန်တကယ်ဖြစ်ခဲ့ပါက သူသည် အစကတည်းက ထောက်လှမ်းရေးလုပ်ငန်းကို အလွန်အလေးထားခဲ့သည်ဟု ဆိုလိုသည်။ ယခုအခါ မိုးစက်ရဲတိုက်သည် နိုင်ငံအတော်များများတွင် ပျံ့နှံ့နေပြီဖြစ်သောကြောင့် ထောက်လှမ်းရေးသတင်းအချက်အလက်များ စုဆောင်းရန် လွယ်ကူလာပြီဖြစ်သည်။

ထောက်လှမ်းရေးအချက်အလက်များကို ပိုမိုအာရုံစိုက်သော အုပ်ချုပ်သူတစ်ဦးသည် ပိုမိုလိမ္မာပါးနပ်ပြီး အလွယ်တကူ လှည့်စားခံရမည် မဟုတ်ပေ။

ချွမ်ဟိုင် ကုန်သည်အုပ်စု မိုးစက်ရဲတိုက်နှင့် ပူးပေါင်းဆောင်ရွက်လာကတည်းက မိုးစက်ရဲတိုက်သည် ဝူနိုင်ငံတော်၏ အတွင်းရေးများစွာကို ရရှိပြီးဖြစ်နိုင်သည်။

ယခု မြောက်ပိုင်းပြည်နယ်သို့ သူတို့လာရောက်ရခြင်း ရည်ရွယ်ချက်ကို မြောက်ပိုင်းနယ်စားမင်းသားနှင့် အလွန်ရှင်းလင်းစွာ ဆွေးနွေးပြီးပြီဖြစ်သည်။ ရှနိုင်ငံတော်တွင်း ပြည်တွင်းစစ်စတင်စေရန် မြောက်ပိုင်းနယ်စားမင်းသားအား လှုံ့ဆော်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်းလည်း သေချာသွားပြီဖြစ်သည်။

ငှက်နှင့် ဂုံးတို့ တိုက်ခိုက်ကြသောအခါ တံငါသည် အကျိုးအမြတ်ရရှိသည်။ သို့သော် ဝူနိုင်ငံသည် ထိုတံငါသည်ဖြစ်ရန် မလွယ်ကူပေ။

ယခု ဒုတိယအကြံအစည်ကိုသာ အာရုံစိုက်ရမည်ဖြစ်သည်။ ထိုအစီအစဉ်မှာ မြောက်ပိုင်းပြည်နယ်နှင့် သဘောတူညီမှုတစ်ခုရရှိပြီး ရှနိုင်ငံတော်၏နန်းတော်အား စစ်တပ်စေလွှတ်စေရန် လှုံ့ဆော်ခြင်းပင်ဖြစ်သည်။

ထို့နောက် ဝူကျန်းဝမ်က အနည်းငယ် ပြုံးလျက်

“မြောက်ပိုင်းနယ်စားမင်းသားဟာ ကျူးနိုင်ငံတော်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးပြီး ကုန်သွယ်ရေးဆက်ဆံမှုတွေကို မြှင့်တင်ခဲ့တယ်လို့ ကျွန်မကြားတယ်။ မြောက်ပိုင်းနယ်စားမင်းသားဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားမယ်ထင်တယ်။ ကျွန်မအမြင်အရ ဝူနိုင်ငံ‌တော်မှာလည်း မြောက်ပိုင်းပြည်နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေရှိပါတယ်။”

“ဝူနိုင်ငံက ကျူးနိုင်ငံလိုပဲ မြောက်ပိုင်းပြည်နယ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးနိုင်မလားလို့ ကျွန်မတွေးမိတယ်။”

ဝူကျန်းဝမ်၏ စကားကို ကြားသောအခါ ရှနိုင်ငံတော်ကို ဖျက်ဆီးရန် သူမအားမလျှော့သေးကြောင်း လုချန်းသိလိုက်သည်။ သို့သော် သူထိုအရာကို လုံးဝဂရုမစိုက်ပေ။

ဝူနိုင်ငံတော်ဘက်က သူတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက် ချုပ်ဆိုလိုပါက ချုပ်ဆိုနိုင်သည်။ လက်ရှိအချိန်တွင် မြောက်ပိုင်းပြည်နယ်သည် အချို့သော အရင်းအမြစ်များကို တစ်ခုတည်းသော နေရာမှ မဖြစ်မနေ ရယူနေရဆဲဖြစ်သည်။

မြောက်ပိုင်းဒေသကို ပြည်နယ်၏မြေပုံထဲ ထည့်သွင်းထားသော်လည်း မြောက်ပိုင်းဒေသရှိ အရင်းအမြစ်များကို စတင်တူးဖော်ခြင်း မပြုရသေးပေ။ အချို့သော သတ္တုရိုင်းများ၏ တည်နေရာကိုပင် ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။ ထို့ကြောင့် ကုန်သွယ်ရေးအပေါ် မှီခိုနေရဆဲဖြစ်သည်။

ဝူနိုင်ငံတော်သည် ကျယ်ဝန်းပြီး အရင်းအမြစ်ကြွယ်ဝသဖြင့် သူတို့သာ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်လိုပါက မြောက်ပိုင်းပြည်နယ်အတွက် အလွန်ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်။

ဤနည်းဖြင့် မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်၏ အရင်းအမြစ်များအပေါ် မှီခိုမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

သို့သော် ဒါက မြောက်ပိုင်းပြည်နယ်အတွက် ယာယီ အခြေအနေတစ်ခုသာဖြစ်ပြီး ကြာရှည်မတည်တံ့နိုင်ပေ။

လုချန်းက ပြုံးလျက်

“ဒါက ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ မင်းသမီးကျန်းဝမ်က ဒီနေ့မှ မြောက်ပိုင်းပြည်နယ်ကို ရောက်တာဆိုတော့ နိုင်ငံရေးကိစ္စတွေ အများကြီး ဆွေးနွေးဖို့ မသင့်တော်ဘူး။ ကုန်သွယ်ရေးသဘောတူညီချက်ကိစ္စကို မနက်ဖြန်မှပဲ စဆွေးနွေးကြရအောင်။”

ဝူကျန်းဝမ် တစ်ခုခုပြန်ပြောရန် ပြင်လိုက်စဉ် လုချန်းက ဆက်ပြောလိုက်သည်။

“ဝူနိုင်ငံ‌တော်မှာ ပြည်တွင်းပဋိပက္ခ ငြှိမ်းသတ်နိုင်ခဲ့တာဟာ မင်းသမီးကျန်းဝမ်ရဲ့ ကျေးဇူးကြောင့်လို့ ကြားပါတယ်။ ဝူနိုင်ငံမှာ စာပေရော စစ်ရေးမှာပါ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ဦးရှိတာဟာ တကယ့်ကို ကံကောင်းခြင်း တစ်ရပ်ပါပဲ။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က အသာအယာ ပြုံးလိုက်ပြီး

“မြောက်ပိုင်းနယ်စားမင်းသားက စနောက်တတ်တာပဲ။ သူပုန်တွေကို တိုက်ခိုက်ပြီး ဝူနိုင်ငံတော်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်တွေကသာ အရှေ့တောင်ပိုင်းအုံကြွမှုကို တည်ငြိမ်အောင် လုပ်ခဲ့တာပါ။ ကျွန်မက စစ်သည်တွေရဲ့ စွမ်းဆောင်မှုကို ဘယ်လိုလုပ် ခိုးယူနိုင်မှာလဲ။”

လုချန်းက ပြုံးလျက်

“မင်းသမီးကျန်းဝမ် အရမ်းနှိမ့်ချလွန်းပါတယ်။ အရမ်းတော်တဲ့ စစ်သည်တွေတောင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ဖို့ အရည်အချင်းရှိတဲ့ တပ်မှူးတစ်ယောက် လိုအပ်ပါတယ်။ မင်းသမီးကျန်းဝမ်က တပ်တွေကို မဦးဆောင်ခင် ဝူနိုင်ငံ‌တော်က မင်းသားနှစ်ပါးဟာ လက်ရွေးစင် တပ်တွေနဲ့ သူပုန်တွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့တယ်လို့ ကြားပါတယ်။”

လုချန်းက ထိုနေရာတွင် မရပ်သေးပဲ

“ရလဒ်အနေနဲ့ မင်းသားနှစ်ပါးဟာ သူပုန်တွေကို မချေမှုန်းနိုင်ရုံတင်မကဘူး လက်ရွေးစင်စားစစ်သည် အတော်များများ ဆုံးရှုံးခဲ့ရတယ်။”

လုချန်း၏ မှတ်ချက်ကို ကြားသောအခါ ဝူကျန်းဝမ်ဘေးရှိ ဝူမင်း၏ မျက်နှာချက်ချင်း မှောင်မိုက်သွားသည်။

လုချန်းပြောသော မင်းသားများထဲမှ တစ်ပါးမှာ ဝူမင်းကိုယ်တိုင်ဖြစ်သောကြောင့် လုချန်းက သူ့ကို လှောင်ပြောင်နေသည်ဟု ခံစားလိုက်ရသည်။

သူစိတ်တိုနေသော်လည်း မြောက်ပိုင်းပြည်နယ်သို့ လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို ထည့်သွင်းစဉ်းစားကာ မည်မျှ စိတ်မသက်မသာဖြစ်နေစေကာမူ သူ၏မကျေနပ်မှုများကို မြိုသိပ်ထားရသည်။

ထိုအချိန်တွင် ဝူကျန်းဝမ်ကတော့ လုချန်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ဝူမင်းသည် ထိုမင်းသားနှစ်ပါးထဲမှ တစ်ပါးဖြစ်ကြောင်း လုချန်း မသိဟု သူမမယုံကြည်ပေ။ သို့သော် လုချန်းသည် ဤအချိန်ကို ရွေးချယ်ကာ ထိုကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့ပြီး မိန်းမတစ်ဦးဖြစ်‌သော သူမနှင့် ဝူမင်းကိုနှိုင်းယှဉ်ခဲ့သည်။

လုချန်းသည် သူမနှင့် ဝူမင်းကြား သွေးကွဲစေရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ရှင်းနေသည်။

လုချန်းအား သွေးထိုးလှုံ့ဆော်မှု ဆက်လက်မလုပ်နိုင်စေရန် ဝူကျန်းဝမ်က အလျင်အမြန်ပင်

“အိုး။ မြောက်ပိုင်းနယ်စားမင်းသားကို ပြောဖို့ မေ့သွားတာတစ်ခုရှိတယ်။ မြောက်ပိုင်းနယ်စားမင်းသားဟာ အလှအပတွေကို နှစ်သက်တယ်လို့ ကြားထားတော့ မြောက်ပိုင်းပြည်နယ်ကို လာတဲ့အခါ မင်းသားအတွက် အထူးလက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက ရယ်မောလျက်

“မင်းသမီးကျန်းဝမ် ကျွန်တော့်အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်က အလှမယ်တစ်ယောက်များလား”

ဟု မေးလိုက်သည်။

ဝူကျန်းဝမ်က အနည်းငယ် ပြုံးလျက် “တစ်ယောက်တည်းမဟုတ်ပါဘူး။ အရမ်း တော်တဲ့ အကသမား ဆယ်ယောက်ပါ။ သူတို့ကို ဝင်လာခွင့်ပေးလို့ရမလား။”

လုချန်းက

“ရပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က သူမ၏ အခြွေအရံများကို

“သူတို့ကို ခေါ်လာခဲ့”

ဟုအမိန့်ပေးလိုက်သည်။

..........

All Chapters