← Chapters

အခန်း ၄၆၆-၄၆၈

Vol. 32 Ch. 466-468

အခန်း ၄၆၆-၄၆၈

Vol. 32 Ch. 466-468

အခန်း (၄၆၆)

မကြာခင် သူ့မိန်းမ ဖြစ်လာလိမ့်မယ်(၂)

ဝူယွမ်က

“ဟုတ်ကဲ့။ ကျွန်တော် ချက်ချင်း သွားအကြောင်းကြားပါ့မယ်”

ထို့နောက် ဝူယွမ် လှည့်၍ စာကြည့်ခန်းမှ ထွက်သွားသည်။

မကြာမီပင် ဝူယွမ်သည် ရွှမ်ယွမ်ချောင်ကဲကို ခေါ်ဆောင်ကာ လုချန်း၏ စာကြည့်ခန်းသို့ ရောက်ရှိလာသည်။

ရွှမ်ယွမ်ချောင်ကဲက ချက်ချင်းပင် အရိုအသေပြု၍

“မင်းသားကို ဂါရဝပြုပါတယ်”

ဟု ပြောလိုက်သည်။

လုချန်းက ပြုံးလျက်

“ထုံးတမ်းတွေ မလိုပါဘူး သခင်ကြီးရွှမ်ယွမ် ။”

ထို့နောက် လုချန်းက တိုက်ရိုက် မေးလိုက်သည်။

“ ကျွန်တော် တော်တော် စူးစမ်း‌ချင်နေမိတာရှိတယ် သခင်ကြီးရွှမ်ယွမ်။ ခင်ဗျား ဘယ်လိုလုပ် ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်ခဲ့တာလဲ။”

“ကျွန်တော် သိသလောက်ဆိုရင် ကောင်းကင်လူသားအဆင့်ကို တက်လှမ်းဖို့ဆိုရင် ဒီလောကရဲ့ စမ်းသပ်မှုတွေကို ခံယူရမယ်။ ဒီလောကရဲ့ စမ်းသပ်မှုတွေကို မအောင်မြင်ပဲ တက်လှမ်းလို့ မဖြစ်နိုင်ဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ချောင်ကဲ ခဏခန့် တန့်သွားသည်။ ထို့နောက်

“လောကရဲ့ စမ်းသပ်မှုတွေလား။ မှန်ပါတယ် မင်းသား။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒါကို ညီညွတ်ခြင်းလို့ ခေါ်ကြတယ်။”

“လူတိုင်းက သိုင်းပညာလမ်းစဉ်ကို လိုက်စားကြတာ မှန်ပေမဲ့ လမ်းတစ်လျှောက်မှာ ဘာသာရပ်ခွဲတွေ အများကြီး ရှိတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ် ရှိတယ်။ ကိုယ့်လမ်းစဉ်ကို နားလည်မှပဲ ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်မှာ။”

“မင်းသား ယူမြို့တော်ကို လာရောက်ပြီးတဲ့နောက် ကျွန်တော့်ရဲ့ စိတ်ထဲက အစိုင်အခဲတွေ ပြေလည်သွားပြီး ကိုယ့်လမ်းစဉ်ကို နားလည်ခဲ့တယ်။ ဒါကြောင့် ညီညွတ်ခြင်းကို အောင်မြင်စွာ ရရှိပြီး ကောင်းကင်နှင့်လူသား ညီညွတ်ခြင်းအဆင့်ကို ရောက်ခဲ့တာပါ။”

ရွှမ်ယွမ်ချောင်ကဲ၏ စကားကို ကြားသောအခါ ရွှမ်ယွမ်ချောင်ကဲ၏ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ သူ့နှင့် တကယ်ပင် ပတ်သက်နေသည်ဟု လုချန်း၏ စိတ်ထဲက တွေးမိလိုက်သည်။

လုချန်း ဆက်၍

“ရန်ခရိုင်မှာ အဆင့်လွန်ပညာရှင်တစ်ယောက် ရှိတယ်။ သူက မကြာသေးခင်က ကောင်းကင်ဖြစ်ရပ်ဆန်းတစ်ခုကို ဖြစ်စေခဲ့ပေမဲ့ ညီညွတ်ခြင်းကို မအောင်မြင်ခဲ့ဘူး။ အဲဒီအစား ကောင်းကင်လူသားအဆင့်ကို တက်လှမ်းနိုင်မယ့် နည်းလမ်းတစ်ခုကိုပဲ နားလည်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒါ ဘယ် ဖြစ်နိုင်လဲ။”

“သူက ကောင်းကင်လူသားအဆင့်ကို ဘယ်လို တက်လှမ်းရမယ်ဆိုတာ သိပြီးသားဆိုတော့ ယုတ္တိရှိရှိ ပြောရရင် သူက သူ့ကိုယ်ပိုင် လမ်းစဉ်ကို နားလည်ပြီးသား ဖြစ်သွားပါပြီ။ ဒါဆို ဘာလို့ သူ ကောင်းကင်လူသားအဆင့်ကို မတက်လှမ်းနိုင်သေးတာလဲ”

ရွှမ်ယွမ်ချောင်ကဲ ပြန်ဖြေသည်။

“မင်းသားက ကျူးကဲ့ကျုံကောင်းကို ပြောတာ ဖြစ်ရမယ်။ သူ့အခြေအနေကိုလည်း ကျွန်တော် ကြားသိခဲ့ရပါတယ်”

ရွှမ်ယွမ်ချောင်ကဲသည် ယူမြို့တော်တွင် ရှိစဉ်ကပင် ကျူးကဲ့ကျုံကောင်း၏ စွမ်းဆောင်ချက်များကို ကြားသိခဲ့ရသည်။ ယူမြို့တော်နှင့် ရန်ခရိုင်တို့ မကြာခဏ အပြန်အလှန် ဆက်သွယ်မှု ရှိသည့်အပြင် ကုန်သည်ယာဉ်တန်းများလည်း ရန်ခရိုင်သို့ နေ့စဉ်နီးပါး ဝင်ထွက်နေသောကြောင့် ထိုနေရာတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို ရွှမ်ယွမ်ချောင်ကဲ လျင်မြန်စွာ သိရှိခဲ့သည်။

အစပိုင်းတွင် သူလည်း ရန်ခရိုင်တွင် ကောင်းကင်လူဟားအဆင့် စွမ်းအားရှင်တစ်ဦး ပေါ်ပေါက်လာသည်ဟု ထင်ခဲ့သည်။ သို့သော် မြို့ထဲသို့ ရောက်သောအခါ ထိုသို့သော ကောင်းကင်အဆင့် စွမ်းအားရှင် ရှိနေခြင်းကို မခံစားမိခဲ့ပေ။ ဒါက မြောက်ပိုင်းနယ်စားမင်းသား၏ နည်းပရိယာယ်သက်သက်သာ ဖြစ်‌ကြောင်းကို မကြာမီပင် သူ သဘောပေါက်သွားသည်။

လုချန်းက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်ပါတယ်။ သူပါပဲ”

ဟု ပြောလိုက်သည်။

ရွှမ်ယွမ်ချောင်ကဲ ဆက်ပြောသည်။

“ကောင်းကင်ဖြစ်ရပ်ဆန်းကို ဖြစ်စေနိုင်တာက ညီညွတ်ခြင်းကို ရဖို့ နီးစပ်နေပြီဆိုတာ ပြနေတယ်။ ကောင်းကင်နဲ့လူသား ညီညွတ်ခြင်းကို မရနိုင်သေးတာက သူ လိုက်စားနေတဲ့ လမ်းစဉ်ကို နားလည်မှု မလုံလောက် သေးလို့ ဖြစ်နိုင်တယ်။”

“မင်းသား မြောက်ပိုင်းပြည်နယ်ကို ရောက်နေတယ်လို့ ကြားသိရတုန်းကလည်း ကျွန်တော့်အတွက်လည်း ကောင်းကင်ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ကောင်းကင်လူသားအဆင့်ကို တက်လှမ်းဖို့ဆိုရင် ယူမြို့တော်ကို ကောင်းကောင်း စီမံခန့်ခွဲရမယ်လို့ အသံတစ်ခုက ပြောခဲ့တယ်”

ရွှမ်ယွမ်ချောင်ကဲ၏စကားများကို ကြားသော လုချန်း ခဏမျှ တွေးတောသွားပြီး ဤအရာအားလုံးသည် အလွန်ရှုပ်ထွေးနေသည်ဟု ခံစားရသည်။

သိုင်းပညာ၏ ပထမအဆင့်မှ အဆင့်လွန်ပညာရှင်အဆင့်အထိ လေ့ကျင့်မှုများ တိုးတက်လာပါက အဆင့်များကို ဆက်လက်ကျော်လွှားနိုင်ကြောင်း လုချန်း အတော်အတန် နားလည်ထားသည်။

သို့သော် အဆင့်လွန်ပညာရှင်အဆင့်မှ ကောင်းကင်လူသားအဆင့်အထိ တက်လှမ်းခြင်းကတော့ ထိုသို့မဟုတ်ပေ။ ထိုအဆင့်သို့ တက်လှမ်းရန် ထိုးထွင်းသိမြင်မှု လိုအပ်သည်။

မည်သို့ တက်လှမ်းရမည် ဆိုသည့် အသေးစိတ်အချက်အလက်များမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အမျိုးမျိုး ကွဲပြားကာ လူတစ်ဦးစီအတွက် မတူညီကြပေ။

အစပိုင်းတွင် သူနှင့် ကျူးကဲ့ကျုံကောင်းတို့သည် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် ဤလောက၏ အသိအမှတ်ပြုမှု လိုအပ်သည်ဟု ထင်ခဲ့ကြသည်။ ယခုမူ ထိုအချက်သည်လည်း သူတို့၏ ထင်မြင်ယူဆချက်သက်သက်သာ ဖြစ်သည်ဟု ထင်ရပြန်သည်။

လုချန်းလည်း သူ၏နားထင်ကို ပွတ်လိုက်ပြီး ဆက်စဉ်းစားခြင်းကို ရပ်လိုက်သည်။

“အင်း အခုဒီအကြောင်းတွေစဉ်းစားနေရုံနဲ့ အကျိုးမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကင်လူသားအဆင့်ကို တက်လှမ်းဖို့က မလွယ်ဘူးဆိုတာ သူ သိရုံနဲ့ လုံလောက်ပါပြီ။

ထို့နောက် လုချန်းက

“ကျွန်တော် ပညာရှိကြီး ကျူးကဲ့ကို ခင်ဗျားဆီ နောက်မှ လာလေ့လာခိုင်းမယ်။ ကောင်းကင်လူသားအဆင့်ကို တက်လှမ်းခဲ့တဲ့ ခင်ဗျားရဲ့ အတွေ့အကြုံတွေကို သူ့ကို ပြောပြပြီး သူ ဘာများ နားလည်နိုင်မလဲဆိုတာ ကြည့်ရအောင်။”

ရွှမ်ယွမ်ချောင်ကဲက

“မင်းသားရဲ့ ဆန္ဒအတိုင်းပါပဲ။”

ထိုစဉ် ရွှမ်ယွမ်ချောင်ကဲက

“ကျွန်တော် ရန်ခရိုင်မှာ ဘယ်တာဝန်ယူရမလဲ”

ဟု မေးလိုက်သည်။

ကောင်းကင်လူသားအဆင့်ကို တက်လှမ်းပြီးပြီ ဖြစ်သဖြင့် ရွှမ်ယွမ်ချောင်ကဲလို ရာထူးမြင့်သူတစ်ဦးသည် အလုပ်လုပ်ရန် မလိုအပ်တော့ပေ။ သို့သော် မြို့‌ တော်ဝန် အနေနှင့် စီမံခန့်ခွဲရသည်ကို အကျင့်ဖြစ်နေသောကြောင့် ဒီအတိုင်းနေရခြင်းက သူ့ကိုစိတ်မသက်မသာ ဖြစ်စေသည်။

ရွှမ်ယွမ်ချောင်ကဲ၏ မေးခွန်းကို ကြားသောအခါ လုချန်း ခဏမျှ စဉ်းစားလိုက်ပြီး

“ကျွန်တော် အစပိုင်းမှာ ရွမ်ယွမ်သခင်ကြီးကို နန်းတွင်းပညာရှိကြီးအဖြစ် ခန့်အပ်ဖို့ စဉ်းစားခဲ့တာ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ခင်ဗျားရဲ့ တည်ရှိနေမှကို အခုချက်ချင်း ဖော်ထုတ်ဖို့က မသင့်သေးဘူး။ အဲ့ဒီတော့ ခဏလောက် ခင်ဗျားကို ဒုက္ခပေးရ‌တော့မယ်။ ရွမ်ယွမ်သခင်ကြီးက မြောက်ပိုင်းပြည်နယ်ရဲ့ လက်နက်ထုတ်လုပ်ရေးကို စီမံခန့်ခွဲရမယ်။ ရေနွေးငွေ့အင်ဂျင်တွေနဲ့ ရထားတွေ ထုတ်လုပ်တာလည်း ပါဝင်တယ်။”

ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်ကို မတက်လှမ်းနိုင်ခင်က ရွှမ်ယွမ်ချောင်ကဲသည် အဖိုးတန်သော ဖဲချပ်တစ်ချပ်ဖြစ်သည်။ အဖိုးတန်သော ဖဲချပ်ကို နောက်ဆုံးမှ ထုတ်သုံးသင့်သောကြောင့် ရွှမ်ယွမ်ချောင်ကဲ တည်ရှိနေခြင်းကို အလျင်စလို မဖော်ထုတ်သင့်ပေ။

ရွှမ်ယွမ်ချောင်ကဲက စိတ်အားထက်သန်စွာဖြင့်

“ဘာမှ အခက်အခဲ မရှိပါဘူး။ မင်းသားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။”

ထိုစဉ် စာကြည့်ခန်းတံခါးဝရှိ အစေခံတစ်ဦးက

“ ဝူနိုင်ငံတော်က မင်းသမီးကျန်းဝမ်က စာတစ်စောင် ပို့လိုက်ပါတယ် မင်းသား။”

လုချန်းက ချက်ချင်းပင်

“ယူလာခဲ့”

အစေခံမလေးက ဝူကျန်းဝမ်၏ စာကို လုချန်းထံ ပေးလိုက်သည်။ စာကို ဖွင့်ဖတ်ပြီးနောက် လုချန်း ပြုံးလိုက်သည်။ ထို့နောက် တံခါးဝရှိ အစေခံအား

“မင်းသားက ဒီနေ့ ကိုးနာရီမှာ အချိန်ရမယ်လို့ ပြန်ပြောခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့ပါ မင်းသား။”

........

မွန်းလွဲပိုင်း။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အပြင်ဆောင်ရှိ အဆောင်ငယ်တစ်ခုတွင် ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ဝူကျန်းဝမ် ကျောက်ခုံတန်းပေါ် ထိုင်နေသည်။ သူမက ကျောက်စားပွဲတွင် သူမနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော လုချန်းကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။ ထို့နောက်

“ကျွန်မရဲ့ မောင်ငယ် မနေ့က ဒီနေရာမှာ ထိုင်နေခဲ့တယ် မဟုတ်လား။”

............

အခန်း (၄၆၇ )

မကြာခင် သူ့မိန်းမ ဖြစ်လာလိမ့်မယ် (၃)

လုချန်းက ပြုံးလျက်

“မင်းသမီးကျန်းဝမ် ခန့်မှန်းတာ မှားသွားပုံရတယ်။ သူက ခင်ဗျားရဲ့ ညာဘက်က ကျောက်ခုံပေါ်မှာ ထိုင်နေခဲ့တာ။”

ထို့နောက် လုချန်းက

“မင်းသမီးကျန်းဝမ် ကျွန်တော့်နှင့် သီးသန့်တွေ့ဆုံရတဲ့ အကြောင်းရင်းကို သိခွင့်ရမလား။”

ဟု မေးလိုက်သည်။

ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မနေတဲ့နေရာကို လူလွှတ်ပြီး ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ကျွန်မ မောင်ရဲ့ လက်မှတ်ထိုးရမယ်လို့ အထူးညွှန်ကြားချက်ပေးခဲ့တယ်။ အခု ရှင်က ကျွန်မ ဘာလာလုပ်တာလဲလို့ မေးနေတာလား။ ဒါက ရှင်သိပြီးသားကို ပြန်မေးနေတာ မဟုတ်ဘူးလား။”

အနည်းငယ်ပြုံးလျက် လုချန်းက

“မင်းသား ဝူမင်းဟာ ဝူနိုင်ငံတော်ရဲ့ ဒုတိယမင်းသားဖြစ်ပြီး ထီးနန်းဆက်ခံဖို့ အရည်အချင်းရှိပါတယ်။ သူ့ကို စာချုပ်လက်မှတ်ထိုးခိုင်းတာ ဘာပြဿနာမှ မရှိသင့်ဘူး မဟုတ်လား။”

လုချန်း၏ စကားကို ကြားသာ်လည်း ဝူကျန်းဝမ်၏ မျက်နှာတွင် မည်သည့်အမူအရာမှ မပြ‌ပေ။ လုချန်းက သူမသည် မိန်းမသားဖြစ်သောကြောင့် ထီးနန်းဆက်ခံရန် အရည်အချင်းမရှိကြောင်း ရည်ညွှန်းပြောဆိုနေသည်ကို သူမ ရှင်းရှင်းလင်းလင်း သိလိုက်သည်။

ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသားက ယောက်ျားတစ်ယောက်သာ ဝူနိုင်ငံတော်ရဲ့ ဧကရာဇ်ဖြစ်နိုင်တယ်လို့ တကယ်ပဲ ယုံကြည်နေတာလား။ ကျူးနိုင်ငံတော်မှာ ဧကရာဇ်မ တစ်ဦးရှိတယ်။ ကျူးနိုင်ငံတော်မှာ ရှိတယ်ဆိုရင် ဝူနိုင်ငံတော်မှာ ဘာကြောင့်မရှိနိုင်ရမှာလဲ။”

လုချန်းက

“ဝူနိုင်ငံတော်ရဲ့ ဧကရာဇ် ယောက်ျားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကျွန်တော်နှင့်မဆိုင်ပါဘူး။ မင်းသမီးကျန်းဝမ်က ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို လက်မှတ်ထိုးချင်တယ်ဆိုရင် တကယ့်စိတ်ရင်းအမှန်ပြဖို့ လိုအပ်ပါတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်က အနည်းငယ် ပြုံးလိုက်ပြီး

“မြောက်ပိုင်းနယ်စားမင်းသားက ဘယ်လို စိတ်ထားမျိုးကို မြင်ချင်တာလဲ”

ဟု မေးလိုက်သည်။

လုချန်းက ပြုံးလိုက်ပြီး ကျောက်စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ လက်ဖက်ရည်တစ်ငုံသောက်ပြီး

“မနေ့က နေ့လယ်စာစားပွဲမှာ ကျွန်တော်ပြောခဲ့တဲ့ ချွမ်မိသားစုက ချွမ်သခင်မကို မှတ်မိသေးလား မင်းသမီးကျန်းဝမ်။”

ထိုစကားကြောင့် ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ လုချန်းက ယခုအချိန်တွင် ချွမ်သခင်မအကြောင်းကို အဘယ်ကြောင့် ထုတ်ပြောနေသည်ကို သူမနားမလည်နိုင်ပေ။ အခြေအနေက ယခုလို ဖြစ်နေတာတောင် လုချန်းက ဆက်ပြီး ဟန်ဆောင်နေသည်။ ထို ချွမ်သခင်မဟု ခေါ်ဆိုသောသူသည် သူမ ရန်ခရိုင်သို့ နောက်ဆုံးအကြိမ် လာရောက်စဉ်က ဖန်တီးခဲ့သော အတုအယောင် ဇာတ်ကောင်တစ်ခုသာဖြစ်သည်။

မဆိုင်းမတွပင် ဝူကျန်းဝမ်က

“ ဒီအခြေအနေကို ရောက်လာပြီဆိုတော့ ကျွန်မတို့ လုပ်ငန်းကိစ္စတွေကိုပဲ ပွင့်ပွင့်လင်းလင်း တိုက်ရိုက်ပြောကြရအောင်လား မြောက်ပိုင်းနယ်စားမင်းသား”

အသာအယာပြုံးလျက် လုချန်းက ဆက်ပြောလိုက်သည်။

“ချွမ်မိသားစုက ချွမ်သခင်မ ကွယ်လွန်သွားပြီလို့ ကျွန်တော့်ကို ပြောခဲ့ပေမဲ့ ကျွန်တော်က နည်းလမ်းအချို့နဲ့ ချွမ်သခင်မဟာ တကယ်တော့ မသေသေးပဲ ဝူနိုင်ငံ‌တော်ရဲ့ ချွမ်ဟိုင် ကုန်သည်အုပ်စုထဲမှာ ရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်တော် ချွမ်သခင်မကို ပထမဆုံးမြင်တွေ့ချိန်မှာပဲ အတော်လေး နှစ်သက်မိတယ်။”

“မင်းသမီးကျန်းဝမ်က ကျေးဇူးပြုပြီး ချွမ်သခင်မကို ကျွန်တော့်ရဲ့ ဇနီးဖြစ်ခွင့်ပြုပေးနိုင်မလား မသိဘူး။”

ဝူကျန်းဝမ်က လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး သူ၏ နောက်ဆုံးစကားသည် နောက်ပြောင်မှုတစ်ခု ဟုတ်မဟုတ်ကို အကဲခတ်ရန် ကြိုးစားလိုက်သည်။

သို့သော် လုချန်းက ပြုံးလျက် သူမ၏ မျက်လုံးများကို ပြန်ကြည့်နေ၏။ နောက်ပြောင်ခြင်း၏ အရိပ်အယောင် နည်းနည်းပင် မရှိပေ။

“မင်းသားက ကာမဂုဏ်လိုက်စားပြီး အလှအပကို နှစ်သက်တဲ့သူလို့ ပြောကြတယ်။ အစက ကျွန်မ မယုံခဲ့ဘူး။ ဒီနေ့မှ အဲ့ဒီဂုဏ်သတင်းက အမှန်မှန်း သိရတော့‌တယ်။”

လုချန်းသည် ထိုမျှငယ်ရွယ်သော အသက်အရွယ်တွင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သောကြောင့် အလှအပ၏ သွေးဆောင်မှုကို သိပ်စိတ်မဝင်စားဟု ဝူကျန်းဝမ် ထင်ခဲ့သည်။ ယခုအခါတွင်မူသူက သူမအား ဤကဲ့သို့ ပေါ့ပေါ့တန်တန် စကားမျာ ပြောဆိုနေပြီဖြစ်သည်။

ဤလူသည် ဂုဏ်သရေရှိ မင်းသမီး ဝူကျန်းဝမ်ကိုပင် မှန်းရဲနေသည်။

လုချန်းက

“ချောမောလှပတဲ့ မိန်းကလေးကို ယောက်ျားကောင်းတို့ နှစ်သက်တတ်ကြပါတယ်။ ကျွန်တော်က ကာမဂုဏ်လိုက်စားသူ မဟုတ်ပေမဲ့ လှပတဲ့အရာတွေကိုတော့ ကြိုက်ပါတယ်။”

လုချန်းက သူမကို “အရာဝတ္ထု” နှင့်ပင် နှိုင်းယှဉ်သည်ကို မြင်သောအခါ သူ့အပေါ် သူမ၏ အထင်အမြင်မှာ ပို၍ ဆိုးရွားလာသည်။

ဝူကျန်းဝမ်က

“ချွမ်သခင်မက ရှင့်ကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ရှင်သိသင့်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီး တခြားအခြေအနေတစ်ခု တင်ပြပါ မြောက်ပိုင်းနယ်စားမင်းသား။”

“မင်းသမီးကျန်းဝမ်က ကျွန်တော့်အကြောင်းကို ချွမ်ဟိုင် ကုန်သည်အုပ်စုကနေတစ်ဆင့် သတင်းအချက်အလက်တွေ အများကြီး စုဆောင်းထားတော့ ခင်ဗျား ရှင်းရှင်းလင်းလင်း သိသင့်တယ်။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဝါသနာက မိန်းမတွေပဲ။ မင်းသမီးကျန်းဝမ် ဘယ်လိုအခြေအနေမျိုး အကြံပြုပါစေ ကျွန်တော့်မျက်လုံးထဲမှာ ချွမ်သခင်မထက် တန်ဖိုးရှိတာ ဘာမှ မရှိဘူး။”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ဝူကျန်းဝမ်၏ စိတ်ထဲတွင် အမျက်ဒေါသများ တဖွားဖွားပေါ်လာခဲ့ပြီး ပါးပြင်များ အနည်းငယ်နီမြန်းလာခဲ့သည်။

ဤ အသက် ၁၇ ၊ ၁၈ နှစ်မျှသာ ရှိသေးသောလူငယ်က သူမကို အမှန်တကယ် ကြိုးစားနေတာလား။

ထို့နောက် ဝူကျန်းဝမ်က

“ချွမ်သခင်မက အသက် ၃၀ ကျော်နေပြီ။ မြောက်ပိုင်းနယ်စားမင်းသားနဲ့ သိပ်မသင့်တော်ဘူး။”

လုချန်းက

“ကျွန်တော့်ရဲ့ အမျိုးသမီး အများအပြားက အသက် ၃၀ ကျော်နေပြီ။ တစ်ယောက်ဆို ကျွန်တော့်ကလေးကို လွယ်ထားပြီ။ ကျွန်တော် အနှစ်သက်ဆုံး အမျိုးအစားက အသက် ၃၀ ကျော် အရွယ်ရောက်ပြီး အမျိုးသမီးတွေပဲ။ ချွမ်သခင်မ လိုမျိုးပေါ့။”

အေးစက်စွာဖြင့် ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသား နောက်ပြောင်တာ ရပ်ဖို့ ကျေးဇူးပြုပြီး တောင်းဆိုပါတယ်။”

ထိုအချိန်တွင် လုချန်းက ဂရုမစိုက်ဟန်ဖြင့် “မင်းသမီးကျန်းဝမ် ချွမ်သခင်မကို ကျွန်တော့်ဆီ မပေးချင်ဘူးဆိုရင် ဒီကိစ္စကို ပယ်ချလိုက်ကြရအောင်။ မင်းသမီး အခု သွားလို့ရပါပြီ။”

လုချန်းက သူမအား ငြင်းလိုက်သည်ကို မြင်သောအခါ ဝူကျန်းဝမ် သူမဘာသာ တွေးလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူမနှင့် အခြေအနေညှိနှိုင်းရန် အစကတည်းက ရည်ရွယ်ထားခြင်း မရှိပဲ ယခုစကားဝိုင်းကို လှည့်ကွက်တစ်ခုအနေဖြင့် အသုံးပြုနေခြင်းလား။

သူမသိသည်မှာ မြောက်ပိုင်းနယ်စားမင်းသားသည် သူမ၏ အလှအပကို မည်သို့မှ မနှစ်သက်နိုင်ပေ။

ဝူကျန်းဝမ် ချက်ချင်းပင် ထရပ်လိုက်ပြီး အဆောင်မှ ထွက်ခွာသွားသည်။ သူမ၏ လှပသော ပုံရိပ် ထွက်ခွာသွားသည်ကို ကြည့်နေစဉ် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

ဝူနိုင်ငံတော်၏ မင်းသမီးလား....

တစ်နေ့တော့ သူမလည်း သူ့အမျိုးသမီး ဖြစ်လာရမည် ဖြစ်သည်။

................

အခန်း (၄၆၈ )

လက်စားချေမယ် ဟုတ်လား (၁)

ဝူကျန်းဝမ်သည် သူမ၏ စိတ်ထဲတွင် ဒေါသအချို့ ကျန်ရှိနေသေးသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာလာခဲ့သည်။ လုချန်း၏ စော်ကားသောစကားများသည် သူမကို ရှောင်ဖယ်ရန် ရည်ရွယ်ချက်သာဖြစ်သည်ဟု သူမထင်သော်လည်း စိတ်မသက်မသာဖြစ်သောခံစားမှုကို မတားဆီးနိုင်ခဲ့ပေ။

ထိုလူငယ်သည် ဝူနိုင်ငံတော်၏မင်းသမီးဖြစ်သူ သူမကိုပင် စနောက်ရဲခဲ့သည်။ ထိုမင်းသမီးမှာ အသက် ၃၀ ကျော်ပြီဖြစ်ကာ သူ၏မိခင်အရွယ်ပင်ရှိပြီဖြစ်သည်။

လုချန်းအား စာချုပ်တွင် လက်မှတ်ထိုးစေရန် မည်သို့စည်းရုံးရမည်ကို ဝူကျန်းဝမ် စဉ်းစားနေစဉ် ပေဟုန်၏ အသံ ရထားအပြင်မှ ထွက်ပေါ်လာသည်။

“မင်းသမီးကျန်းဝမ် ခံစားမိလား။”

ဝူကျန်းဝမ်က လိုက်ကာကို လှန်တင်လိုက်ပြီး ရှုပ်ထွေးစွာဖြင့်

“ဘာလဲ အဖိုးပေ”

ဟု မေးလိုက်သည်။

ဝူကျန်းဝမ် မည်သည့်အရာကိုမှ ခံစားရပုံ မရသည်ကို မြင်သောအခါ ပေဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး

“ခုနက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ကျွန်တော့်ရဲ့ အတွင်းစွမ်းအင် အလွန်ရှုပ်ထွေးသွားတယ်လို့ ခံစားခဲ့ရတယ်။ ပြီးတော့ ကျွန်တော့်နှလုံးထဲမှာ ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်ပေါ်လာတယ်။ အသက်ရှူရတာတောင် မလွယ်ဘူး။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်သည် အံ့အားသင့်သွားသည်။

ဤစကားကို ကြားလိုက်ရသော ဝူကျန်းဝမ်သည် အံ့အားသင့်သွားခဲ့သည်။

အဘယ်ကြောင့် သူမတွင် ထိုသို့သော ခံစားချက်မျိုး မရှိရသနည်း။

ထို့နောက် ဝူကျန်းဝမ်က

“ထူးဆန်းတယ်။ ဘာလို့ ကျွန်မ ဒီခံစားချက်ကို မခံစားရတာလဲ။”

ပေဟုန်က ခဏတာမျှ စဉ်းစားပြီး

“ကျူးကဲ့ကျုံကောင်းက ကျွန်တော့်အပေါ် ဖိအားပေးနေတာများလား။”

ပေဟုန်က ထိုသို့ပြောသောအခါမှ ဝူကျန်းဝမ်လည်း နားလည်သွားခဲ့သည်။ အကယ်၍ ကျူးကဲ့ကျုံကောင်းသည် တကယ်ပင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်ဖြစ်နေပါက ထိုကဲ့သို့သောသူသည် သူ၏အာရုံခံနိုင်သည့် နယ်ပယ်အတွင်းရှိ လူတစ်ဦးကို မြင်တွေ့ရန်မလိုပဲ ဖိအားပေးနိုင်သည်။

ထိုအတွေးနှင့်အတူ ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး သူမက ဆက်ပြောလိုက်သည်။

“ဆိုလိုတာက ကျူးကဲ့ကျုံကောင်းဟာ တကယ်ပဲ ကောင်းကင်လူသားအဆင့်ကို ရောက်သွားပြီလား။”

ပေဟုန်က

“ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ကျူးကဲ့ကျုံကောင်းဟာ အဆင့်လွန် ပညာရှင်အဆင့်တုန်းကတောင် ကျွန်တော့်အပေါ် ဒီလိုဖိအားမျိုး မပေးနိုင်ခဲ့ဘူး။ ကောင်းကင်လူသားအဆင့် စွမ်းအားရှိသူတစ်ဦးသာ ဒီလိုကြီးမားတဲ့ ဖိအားကို ပေးနိုင်မှာပါ။”

ပေဟုန်ပြောပြီးနောက် ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။ ယခုအခါ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် ရှိသူတစ်ဦး ရှိနေခြင်းနှင့် မြောက်ပိုင်းနယ်စားမင်းသား၏ ကြီးမားသော သိုင်းပညာပါရမီနှင့် ရည်မှန်းချက်များကြောင့် အနာဂတ်တွင် မြောက်ပိုင်းပြည်နယ်နှင့် ဝူနိုင်ငံတော်ကြား

သေချာပေါက် စစ်ပွဲဖြစ်ပွားလာနိုင်သည်။

မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်။

သူမ ပြန်ရောက်သည်နှင့် သူမ၏ ဖခင် ဧကရာဇ်အား ရှနိုင်ငံသို့ သံတမန်စေလွှတ်ရန် တိုက်တွန်းရမည် ထင်သည်။

မြောက်ပိုင်းပြည်နယ်သည် ကောင်းကင်လူသားအဆင့် ရှိသူတစ်ဦးကို ပိုင်ဆိုင်ထားသောကြောင့် ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်နှင့် တစ်ဦးချင်း ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ အထူးသဖြင့် မြောက်ပိုင်းပြည်နယ် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော ကာလတွင် ဖြစ်သည်။

လက်ရှိတွင် မြောက်ပိုင်းပြည်နယ်၏ လူဦးရေ မများသော်လည်း တစ်နေ့တွင် လုချန်းသည် ရှနိုင်ငံတစ်ခုလုံးကို သိမ်းပိုက်ပြီး ဧကရာဇ်ဖြစ်လာကာ ရှနိုင်ငံတော် တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့လျှင် ဝူနိုင်ငံတော် အနေနှင့် သူတို့ကို မယှဉ်ပြိုင်နိုင်တော့ပေ။

မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်နန်းတွင်းကြား အချင်းများစေရန်၊ စစ်ပွဲဖြစ်ပွားစေရန် လှုံ့ဆော်လိုသော်လည်း ရှနိုင်ငံတော်တစ်ခုလုံး မြောက်ပိုင်းပြည်နယ်လက်အောက် အလွယ်တကူ ကျရောက်သွားသည်ကို ဝူကျန်းဝမ် မမြင်လိုပေ။

ရှနိုင်ငံတော်နန်းတွင်း ပြိုလဲသွားပါက ဝူနိုင်ငံတော်သည် ပို၍ပင် အားကောင်းသော ရန်သူကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းမှာ ဝူနိုင်ငံတော်အတွက် ဘေးအန္တရာယ်တစ်ရပ်ပင်ဖြစ်သည်။

ရှနိုင်ငံတော်နန်းတွင်းတွင် မြောက်ပိုင်းပြည်နယ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိဆဲဖြစ်သည်။ မကြာသေးမီက ရှနိုင်ငံတော် တော်ဝင်မိသားစုတွင် ကောင်းကင်လူသားအဆင့်ရှိသူများကို တန်ပြန်နိုင်သည့် နည်းလမ်းများရှိကြောင်း ကောလာဟလများပင်ပေါ်ခဲ့သည်။ ရှနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နိုင်စွမ်းရှိသည့်အတွက် ဝူနိုင်ငံတော်အနေနှင့် ရှနိုင်ငံတော် နန်းတွင်းဘက်မှ ရပ်တည်ကာ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် ကူညီခြင်းက အကောင်းဆုံး ဖြစ်သည်။

အကောင်းဆုံးရလဒ်မှာ ရှနိုင်ငံတော်နန်းတွင်းနှင့် မြောက်ပိုင်းပြည်နယ်တို့နှစ်ဘက်စလုံး ထိခိုက်ပြီး ဝူနိုင်ငံတော် အကျိုးအမြတ်ရယူနိုင်ခြင်းပင်ဖြစ်သည်။

ညနေပိုင်း။

လုချန်းသည် သူ၏ စာကြည့်ခန်းတွင် စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် အခန်းအပြင်ဘက်မှ

“ ရွန်ရွန့်ဆီက သတင်းရောက်လာပါတယ်မင်းသား”

ဟူသော အသံ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသောအခါ လုချန်း အနည်းငယ် တုန်လှုပ်သွားသည်။ ထို့နောက် သူ၏ ကလောင်ကို ချကာ တံခါးဝရှိ လင်ဝမ်ရွန်အား

“ဝင်ခဲ့ပါ ဒေါ်လေးလင်။”

လုချန်း စကားဆုံးသည်နှင့် လင်ဝမ်ရွန် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည်။ သူမသည် ယခုညနေခင်းတွင် အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ပြည့်တင်းသော ကိုယ်ခန္ဓာနှင့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုကို ဖော်ညွှန်းနေသည်။

လင်ဝမ်ရွန်သည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီးနောက် တံခါးကို ပိတ်လိုက်ကာ စာတစ်စောင် ထုတ်လိုက်သည်။

လင်ဝမ်ရွန်၏ လက်ထဲရှိ စာကို မြင်သောအခါ လုချန်းက

“ဒီစာက...”

ဟု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

လင်ဝမ်ရွန်က

“ ရွန်ရွန်က တပည့်တစ်ယောက်ကို တောင်ပေါ်ကနေ ယူလာခိုင်းလိုက်တဲ့ စာပါ”

ဟု ပြန်ဖြေလိုက်သည်။

လုချန်း စိတ်ထဲ အံ့အားသင့်သွားသည်။ ချန်ဝမ်ရွန်ကို သူမဆရာမက အကျဉ်းချထားသည် မဟုတ်ပါလား။ သို့သော် သူမသည် တပည့်တစ်ဦးကို တောင်ပေါ်မှ စာတစ်စောင် ယူလာခိုင်းနိုင်သေးသည်။

လင်ဝမ်ရွန်သည် သူမ၏ လက်ချောင်းသွယ်သွယ်များကို ဆန့်တန်းကာ ချန်ဝမ်ရွန်၏ စာကို လုချန်းအား ပေးလိုက်သည်။ လုချန်းလည်း ချက်ချင်းပင် စာကိုယူကာ အာရုံစိုက်ဖတ်ရှုလိုက်သည်။

စာ၏ အကြောင်းအရာများကို ဖတ်ပြီးနောက် လုချန်း ပို၍ပင် အံ့အားသင့်သွားသည်။ အံ့အားသင့်မှုအပြင် ပျော်ရွှင်မှု အနည်းငယ်ကိုလည်း ခံစားရသည်။ ချန်ဝမ်ရွန်၏ ဆရာမသည် သူနှင့် သူမကြား ဆက်ဆံရေးကို မုချတားမြစ်မည်ဟု လုချန်း ထင်ထားခဲ့သည်။

သို့သော်လည်း…

လုချန်း စာကို ငေးကြည့်နေသည်ကို မြင်သောအခါ လင်ဝမ်ရွန်က

“ရွန်ရွန်က စာထဲမှာ ဘာပြောထားလဲ”

ဟု စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

လင်ဝမ်ရွန်သည် စာကို ရရချင်း လုချန်းထံသို့ တိုက်ရိုက်လာခဲ့ခြင်းဖြစ်ပြီး စာပါ အကြောင်းအရာများကို မသိခဲ့ပေ။

လုချန်းက

“သူရဲ့ ဆရာမက ကျွန်တော်နဲ့သူ အတူရှိတာကို တားဆီးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ရွန်ရွန်က ပြောတယ်။ ဒါပေမဲ့ သူမရဲ့ ဆရာမက ကျွန်တော် ဘယ်လိုလူမျိုးလဲဆိုတာ သိရအောင် စမ်းသပ်ဖို့ အချိန်တစ်ခုမှာ တောင်ပေါ်ကနေ ကိုယ်တိုင် ဆင်းလာလိမ့်မယ်။ ဆရာမ မြောက်ပိုင်းပြည်နယ်ကို လာတဲ့အချိန်မှာ မိန်းမကိစ္စတွေကို အရမ်းအာရုံမစိုက်ဖို့ သတိပေးထားတယ်။”

လုချန်း၏ အဖြေကို ကြားသောအခါ လင်ဝမ်ရွန်က အံ့အားသင့်စွာဖြင့်

“တကယ်လား။ ဆရာမက မင်းတို့ရဲ့ ဆက်ဆံရေးကို သဘောတူလိုက်တာလား”

ဟု မေးလိုက်သည်။

လင်ဝမ်ရွန်အဖို့ သူတို့၏ ဆရာမသည် အတော်ပင် တင်းကြပ်သူတစ်ဦး ဖြစ်သည်။ အထူးသဖြင့် ချန်ဝမ်ရွန်နှင့် ပတ်သက်လျှင် ပို၍ပင် တင်းကြပ်သည်။ ချူးယွဲ့နှင့် ပတ်သက်သည့် ဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းတွင် ဆရာမသည် ချန်ဝမ်ရွန်ကို အမျိုးသားများနှင့် မပတ်သက်ရန် မကြာခဏ သတိပေးခဲ့သည်။ အမျိုးသားအားလုံး မကောင်းဟုပင် ကြေညာခဲ့သေးသည်။

............

All Chapters