← Chapters

အခန်း ၄၆၉-၄၇၁

Vol. 32 Ch. 469-471

အခန်း ၄၆၉-၄၇၁

Vol. 32 Ch. 469-471

အခန်း (၄၆၉)

လက်စားချေမယ်... ဟုတ်လား(၂)

လုချန်း၏ကြောင့် ချန်ဝမ်ရွန် ဒုက္ခရောက်သည်ဟူသော သတင်းကိုကြားလျှင် ဆရာမက ရန်ခရိုင်သို့ လာကာ လုချန်းအား ဒုက္ခပေးလိမ့်မည်ဟု လင်ဝမ်ရွန် ထင်မှတ်ခဲ့သည်။ သို့သော် ဆရာမက လုချန်းအား ဒုက္ခမပေးပဲ ထိုသူတို့၏ ပေါင်းစပ်ခွင့်ကိုပင် သဘောတူလိုက်သည်မှာ အံ့ဩစရာဖြစ်သည်။

လုချန်းက

“ စာထဲမှာ သူ့ဆရာမက ကျွန်တော့်မှာ အရည်အချင်းရှိရင် တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောထားသေးတယ်။”

လင်ဝမ်ရွန်က စိတ်လှုပ်ရှားစွာဖြင့်

“အဲ့လိုဆိုရင်တော့ ဒါ့ထက်ကောင်းတာ မရှိတော့ဘူးပေါ့။ ဒီနည်းနဲ့ဆို့ မင်းနဲ့ ရွန်ရွန်ကြားက ဆက်ဆံရေးက ပိုပြီး တရားဝင်သွားပြီ။”

လုချန်း ဆရာမ၏ တပည့်ဖြစ်လာပါက လျှို့ဝှက်လဝန်းနန်းတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။ နန်းတော်အတွင်းမှပုဂ္ဂိုလ်တစ်ဦးကိုသာ ချန်ဝမ်ရွန် ရွေးချယ်မည်ဆိုပါက နန်းတော်တွင်း၌ ကန့်ကွက်မည့်သူ ရှိမည်မဟုတ်တော့ပေ။

ထိုအချိန်တွင် လုချန်းသည် လက်ထဲရှိစာကိုကြည့်ရင်း အတွေးနက်သွားသည်။ တကယ်တော့ စာပါအကြောင်းအရာများ မှန်ကန်မှုရှိမရှိ သူ မသေချာပေ။ အကြောင်းမှာ သူသည် ချန်ဝမ်ရွန်၏ လက်ရေးကိုမြင်ဖူးခြင်းမရှိသေးသလို ချန်ဝမ်ရွန်ကလည်း လျှို့ဝှက်လဝန်းနန်းတော်တွင်း၌သာ ရှိနေဆဲဖြစ်သည်။

ထို့အပြင် သူမအကျဉ်းချခံထားရတာ ဟုတ်မဟုတ်ဆိုတာကိုလည်း သူမသိပေ။ ဤစာမှာ လျှို့ဝှက်လဝန်းနန်းတော်မှ ပေးပို့ခြင်းဖြစ်နိုင်သလို တစ်စုံတစ်ဦးက ချန်ဝမ်ရွန်အမည်ကိုအသုံးပြု၍ ရေးသားထားခြင်းလည်း ဖြစ်နိုင်သည်။

ထိုအတွေးဖြင့် လုချန်းက စာကိုလင်ဝမ်ရွန်ထံပေးလိုက်ပြီး

“ဒေါ်လေးလင်။ စာထဲက လက်ရေးက

ရွှန်ရွှန့် လက်ရေးဟုတ်မဟုတ် စစ်ဆေးပေးပါလား”

ဟု တောင်းဆိုလိုက်သည်။

လုချန်း၏မေးခွန်းကိုကြားသောအခါ လင်ဝမ်ရွန်လည်း သူ၏စိုးရိမ်မှုကို နားလည်သွားသည်။

သူမက လုချန်းလက်ထဲမှစာကိုယူကာ စစ်ဆေးပြီးနောက်

“ဒါက ရွှန်ရွှန်ရဲ့ လက်ရေးအစစ်ပါ” ဟု အတည်ပြုလိုက်သည်။

လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေကို ရွန်ရွန်ရဲ့ လက်ရှိအခြေအနေကို မေးကြည့်ပြီးပြီလား။”

လင်ဝမ်ရွန်က

“မေးပြီးပါပြီ။ ရွန်ရွန် ပြန်ရောက်ပြီးနောက်ပိုင်း ဆရာမနဲ့ နှစ်ယောက်တည်း အကြိမ်အတော်များများ တွေ့ခဲ့တယ်လို့ ပြောတယ်။ ဆရာမက သူ့ကို အပြစ်ပေးပုံမရဘူး။ သူက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်အဖြစ် ရှိနေဆဲပဲ။ အခု နန်းတော်တွင်းက ကိစ္စအားလုံးကို စီမံခန့်ခွဲနေတယ်။”

ချန်ဝမ်ရွန်၏ ဆရာမက သူမကို အပြစ်မပေးခဲ့သောကြောင့် စာပါအကြောင်းအရာများသည် အမှန်ဖြစ်နိုင်ခြေများသည်ဟု လုချန်း စိတ်ထဲက တွေးလိုက်သည်။

ချန်ဝမ်ရွန်ရဲ့ ဆရာမ အတကယ်ပဲ တရားအသိဉာဏ်တွေ ပွင့်လန်းသွားပြီလား။

သူတို့နှစ်ဦး ပေါင်းဖက်ခြင်းကို အလွယ်တကူ သဘောတူခဲ့သည်။ သူမ၏ ဆရာမ အလွန် ဒေါသထွက်လိမ့်မည်ဟု လုချန်း ထင်ထားခဲ့သည်။

လုချန်း စိုးရိမ်နေသည်ကို လင်ဝမ်ရွန် ရိပ်မိသွားပြီး

“တကယ်တော့ ဆရာမ သဘောတူတာ မထူးဆန်းပါဘူး။ မင်းအမေ ဆွမ်ဧကရာဇ်နဲ့ လက်ထပ်တုန်းကလည်း အစက ကန့်ကွက်ခဲ့ပေမဲ့ နောက်ဆုံးတော့ သဘောတူခဲ့ရတာပဲ။”

“မင်းနဲ့ ရွန်ရွန်လည်း ‘ချက်ပြီးသား ဆန်’ ဖြစ်နေပြီ။ ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေ ဖြစ်ပြီးပြီပဲ။ ဒီအချိန်မှာ သူကန့်ကွက်ရင် အဓိပ္ပာယ်မရှိတော့ဘူး။ ဒါကြောင့် သူမင်းတို့ကို သဘောတူတာ ပုံမှန်ပါပဲ။”

လုချန်းက

“အဲ့ဒါလည်း ဟုတ်တာပဲ။”

သို့သော်လည်း လုချန်းတွင် စိုးရိမ်မှုအချို့ ကျန်ရှိနေသေးသည်။ သူက လင်ဝမ်ရွန်ကို

“ရွန်ရွန်ရဲ့ဆရာမက ဘယ်လိုလူမျိုးလဲ”

ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကိုတော့ လင်ဝမ်ရွန် ချက်ချင်း ပြန်မဖြေပဲ ခဏ စဉ်းစားပြီးမှ

“သူကတကယ့်ကို ထာဝရတန်ခိုးရှင်တစ်ပါးပါ။”

လုချန်းက ပြုံးလျက်

“ကျွန်တော် ဆိုလိုတာက သူ့စိတ်နေစိတ်ထားက ဘယ်လိုလဲ။”

လင်ဝမ်ရွန်က

“ဒေါ်လေးသူ့ကို သိပ်မမြင်ဖူးဘူး။ သူ့ကို သေသေချာချာလည်း နားမလည်ဘူး။ ဒါပေမဲ့ ရွန်ရွန်ပြောတာတော့ သူ့ဆရာမက တော်တော်တင်းကြပ်တယ်တဲ့။”

လုချန်း စိတ်ထဲတွင် တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ချန်ဝမ်ရွန်၏ ဆရာမသည် ရန်ခရိုင်သို့ မကြာခင် ရောက်လာတော့မည်။ ပြဿနာရောက်လာမှတော့ ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထိုအချိန်ကျမှ ချန်ဝမ်ရွန်၏ ဆရာမသည် ဘယ်လိုလူမျိုးလဲဆိုတာ သူ သိရတော့မည်။

သူကိုယ်တိုင်လည်း လျှို့ဝှက်လဝန်းနန်းတော်နဲ့ ပဋိပက္ခဖြစ်ဖို့ စိတ်မဝင်စားပါ။ နန်းတော်တွင် တောင်ထိပ်တစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် လက်နက်တစ်ခု ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဆရာမ၏ နောက်ခံကလည်း ရိုးရှင်းမည် မဟုတ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်နှင့် တိုက်ရိုက်ပဋိပက္ခဖြစ်ပွားပါက မြောက်ပိုင်းပြည်နယ်ဘက်က သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ထိုစဉ် လင်ဝမ်ရွန်က

“ချန်းလေး။ တခြား ဘာမှ မရှိရင်တော့ရင် ဒေါ်လေး သွားတော့မယ်။ မင်း အလုပ်ဆက်လုပ်ပါ။”

လုချန်းက သတိပြန်ဝင်လာပြီး

“အင်း။ ကောင်းပါပြီ”

ဟု ပြောလိုက်သည်။

လင်ဝမ်ရွန် စာကြည့်ခန်းမှ ထွက်သွားပြီးနောက် လုချန်းလည်း ထိုင်နေရာမှ ထကာ ညစာစားရန် ပင်မခန်းမသို့ ပြန်သွားသည်။

ညစာစားပြီးနောက် လုချန်း၏ ဇနီးများသည် ကိုယ်စီကိုယ်စီ သူတို့အခန်းများသို့ ပြန်သွားကြသည်။

ချူးယုချင်နှင့် ချူးချင်လီလည်း သူတို့နေထိုင်ရာ အဆောင်သို့ ပြန်လာကြသည်။

သူမ၏အစ်မ ထိုလူဆိုး၏ ကလေးကို ကိုယ်ဝန်ရှိသွားပြီဖြစ်၍ ထိုလူဆိုး သူမ၏အစ်မအခန်းတွင် ညအိပ်တော့မည် မဟုတ်တော့ဟု ချူးချင်လီတွေးကာ ထိုညတွင် ချူးယုချင်နှင့်အတူ နေရန် ဆုံးဖြတ်လိုက်သည်။

ညီအစ်မနှစ်ယောက် အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ချူးချင်လီက စူးစမ်းလိုစိတ်ဖြင့်

“ကိုယ်ဝန်ဆောင်တာ ဘယ်လို ခံစားရလဲ အစ်မ”

ဟု မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ ချူးယုချင် ပြုံးလိုက်သည်။ ထို့နောက်

“နင်ချန်းလေးရဲ့ ကလေးကို ကိုယ်ဝန်ဆောင်တဲ့အခါကျရင် ကိုယ်ဝန်ဆောင်တာ ဘယ်လိုခံစားရလဲဆိုတာ နင်သိလာလိမ့်မယ်”

ထိုသို့ ပြောရင်း ချူးယုချင်က

“ချင်လီ။ နင်ရုတ်တရက် ဒီမေးခွန်းကို ဘာလို့ မေးတာလဲ။ ကလေးလိုချင်လို့လား”

ဟု စနောက်လိုက်သည်။

ချူးချင်လီက အလျင်အမြန်ပင်

“ငါအဲ့ဒီလူဆိုးရဲ့ ကလေးကို လုံးဝ မလိုချင်ပါဘူး။ ဒီလိုပဲ မေးကြည့်တာပါ။”

“အစ်မက သူ့ကို လက်ထပ်ပြီးပြီပဲ။ အခု သူမရဲ့ မိန်းမဖြစ်နေပြီ။ ဒါတောင် သူ့ကို ချန်းလေးလို့ပဲ ခဏခဏ ခေါ်နေသေးတယ်။ ရှက်စရာ မကောင်းဘူးလား”

ချူးချင်လီ၏ စကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာ အနည်းငယ် ရဲသွားသည်။ သူမ လုချန်းနှင့် လက်ထပ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး လုချန်းကို ခေါ်ဝေါ်ပုံ ပြောင်းလဲရန် စဉ်းစားခဲ့သော်လည်း ဘာကြောင့်မှန်းမသိ “ချန်းလေး” ဟုသာ ခေါ်နေမိသည်။

အဓိကအချက်မှာ မင်းသားစံအိမ်တွင် မည်သူမှ ဤခေါ်ဝေါ်ပုံကို မကန့်ကွက်သောကြောင့် သူမလည်း သတိမထားမိပဲ ဆက်လက်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူမသည် လုချန်းနှင့် လက်ထပ်ခဲ့ပြီး ဖြစ်သော်လည်း စံအိမ်တွင် လုချန်းထက် အကြီးတစ်ဦး၏ အနေအထား ရှိနေသေးသည်။

..........

အခန်း (၄၇၀)

လက်စားချေမယ်... ဟုတ်လား(၃)

အမှန်စင်စစ် ချူးယုချင်သည် “ချန်းလေး” ဟုခေါ်သည်ထက် “ချစ်သူ” ဟုခေါ်ရမှာ ပို၍ရှက်မိသည်။ သူမသည် လုချန်းကို လက်ခံထားသော်လည်း အသက်အရွယ်ကွာဟမှုကို စိတ်ထဲ၌ လုံးဝကျော်ဖြတ်၍ မရသေးပေ။ သူတို့အတူနေထိုင်ခဲ့သည်မှာ ငယ်စဉ်ကတည်းကဖြစ်ပြီး ဒါက တိုတောင်းသောကာလအတွင်း ပြောင်းလဲ၍မရနိုင်သော အရာဖြစ်နေသည်။

ထိုအချိန်တွင် ချူးချင်လီက ဆက်လက်မေးမြန်းလာသည်။

“အစ်မ။ အစ်မက အဲဒီမုန်းစရာကောင်ရဲ့ကလေးကို ဒီလောက်အလွယ်တကူ ဘယ်လိုရလိုက်တာလဲ။ ရဲလိနန်ရန်တို့ကတော့ သူနဲ့ဘယ်နှကြိမ်ပဲလုပ်လုပ် ဗိုက်ပူလာတဲ့အရိပ်အယောင်မှ မတွေ့ရဘူး။”

ချူးယုချင်က မျက်နှာနီရဲလျက်

“ငါလည်း သေချာမသိဘူး။”

မကြာသေးမီက ရဲလိနန်ရန်သည် သူမကို တွေ့လျှင် ခဏခဏ ဆွဲခေါ်ပြီး လုချန်း၏ ကလေးကို သူမ ဘယ်လို ကိုယ်ဝန်ရခဲ့ကြောင်း တိုးတိုးတိတ်တိတ် မေးမြန်းခဲ့သည်။ လုချန်းနှင့် သူမ၏ ရင်းနှီးသောအချိန်များအကြောင်း အသေးစိတ်များကိုပင် သိလို‌နေသည်။

ယခုအခါ မင်းသားစံအိမ်တွင် သူမသည် လုချန်း၏ ကလေးကို ကိုယ်ဝန်ဆောင်သည့် တစ်ဦးတည်းသော အမျိုးသမီးသိုင်းပညာရှင် ဖြစ်ပြီး ပထမအကြိမ်တွင်ပင် ကိုယ်ဝန်ရခဲ့ခြင်းက တခြားအမျိုးသမီးများအား စူးစမ်းလိုစိတ် ဖြစ်စေခဲ့သည်။

ယောက်ျားနှင့် မိန်းမ အတူနေပြီးနောက် ကိုယ်ဝန်ရခြင်းသည် ပုံမှန်ဖြစ်သော်လည်း လုချန်း၏ ကလေးကို ကိုယ်ဝန်ဆောင်သည့် တစ်ဦးတည်းသော အမျိုးသမီးသိုင်းပညာရှင် ဖြစ်သည်ဟူသော အချက်က ချူးယုချင်ကို တစ်မျိုးရှက်ရွံစေသည်။ မင်းသားစံအိမ်ရှိလူများက သူမနှင့်လုချန်း အထူးအဆန်းတစ်ခုခုလုပ်ခဲ့သည်ဟု မှန်းဆနေကြမလားဟု တွေးမိသည်။

ထိုအချိန်တွင် ချူးချင်လီက ချူးယုချင်၏ နီရဲနေသောမျက်နှာကို သံသယဖြင့်ကြည့်ကာ

“အစ်မ။ အစ်မက အဲဒီကောင်နဲ့ အရင်ကတည်းက အတူနေခဲ့တာလား။ ဒါကြောင့် သူ့ကလေးကို ဒီလောက်မြန်မြန်ရလိုက်တာလား”

ချူးယုချင်က

“ဘာတွေ လျှောက်ပြောနေတာလဲ။ နင်က ငါ့ကို နင်လို့မျိုး ထင်လို့လား။”

ထိုစကားကိုကြားတော့ ချူးချင်လီ နှုတ်ခမ်းရွဲ့ လိုက်သည်။ အစပိုင်းတွင် ချူးယုချင်အတွက် လုချန်းနှင့်လုပ်ခဲ့သည်ဟု ပြောလိုသော်လည်း ထိုစကားများမှာ နှုတ်ဖျားတွင်သာ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆင်ခြေကို သူမကိုယ်တိုင်ပင် မယုံကြည်တော့သောကြောင့် ဖြစ်သည်။

ထိုစဉ် ချူးချင်လီ သတိပြန်ဝင်လာပြီး လုချန်းနှင့်လုပ်ခဲ့သည်မှာ သူမ၏ကိုယ်ပိုင် ဆန္ဒအလျောက်သာဖြစ်ကြောင်း နားလည်လာသည်။ သူမသည် လုချန်းကို အထင်သေးစရာကောင်းသူဟု ယူဆခဲ့သော်လည်း သူ၏စကားကိုယုံကာ အကြိမ်တစ်ရာအထိ လုပ်ရန် သဘောတူလိုက်ခြင်းမှာ မိမိကိုယ်ကို ဒုက္ခရောက်အောင်လုပ်ခြင်းနှင့်သာတူသည်။

သို့သော်...

ယခုတော့ ထိုအကြောင်းကို ဆွေးနွေးရန်မလိုတော့ပေ။ ယခုအခါ သူမသည် အတွင်းဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီဖြစ်ရာ သူမဘာပဲပြောပြော အခြေအနေက မပြောင်းလဲတော့ပေ။ သူမအစ်မကဲ့သို့ပင် သူမသည်လည်း တစ်သက်လုံး ထိုမုန်းစရာကောင်၏ လက်အောက်မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ချူးချင်လီက ချူးယုချင်၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။

ချူးချင်လီက

“ယောကျ်ားလေးလား မိန်းကလေးလား မသိဘူး”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ချူးယုချင်က ခပ်ရေးရေး ပြုံးလိုက်ပြီး “ယောကျ်ားလေး ဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ချန်းလေးက ကလေးကို ချစ်မှာပဲလို့ ယုံကြည်တယ်။”

ချူးချင်လီက

“အဲ့ဒါကတော့ မသေချာသေးဘူး။ သူက ချစ်တယ်လို့ ပြောပေမဲ့ စိတ်ထဲက မကြိုက်ရင် ဘယ်သူသိမှာလဲ။ “

“ငါထင်တယ်။ သူ့ကို သားတွေပဲ မွေးပေးတာ ကောင်းမယ်။ သူက သူ့ကလေးအားလုံးကို တန်းတူချစ်တယ်လို့ မပြောခဲ့ဘူးလား။ အစ်မ သူ့ကို သားလေးတွေ အများကြီး မွေးပေးပြီး သူ့အမွေတွေကို ခွဲခိုင်းလိုက်။ ငါတို့ ညီအစ်မနှစ်ယောက်ကို အနိုင်ကျင့်တဲ့အတွက် သူ့ကို လက်စားချေလိုက်။”

ချူးချင်လီ စကားမဆုံးသေးမီ တံခါးဝမှ လုချန်း၏ အသံ ထွက်ပေါ်လာသည်။

“လက်စားချေမယ်ပေါ့။ ကောင်းပြီ။ မင်း လက်စားချေတာကို ကိုယ်စောင့်မျှော်နေမယ်။”

စကားဆုံးသည်နှင့်တံခါးကို တွန်းဖွင့်ကာ လုချန်း ဝင်လာသည်။

လုချန်း ရုတ်တရက် ရောက်လာသည်ကို မြင်သောအခါ ချူးချင်လီ အံ့အားသင့်သွားသည်။

ထို့နောက် လုချန်းက တံခါးကို ပိတ်လိုက်ပြီး ပြုံးလျက်

“ချင်လီ။ မင်းက မင်းအစ်မကို လက်စားချေဖို့ မြှောက်ပေးတာ ဘယ်လို စိတ်ဓာတ်မျိုးလဲ။ မင်း ကိုယ်တိုင် ကလေး အယောက်နှစ်ဆယ်လောက် မွေးပြီး လက်စားချေတာ ပိုမကောင်းဘူးလား။”

ထိုစကားကို ကြားသောအခါ ချူးချင်လီက နှာခေါင်းရှုံ့လိုက်ပြီး

“ကျွန်မ ကိုယ်ဝန်မရနိုင်လို့။ ရနိုင်ရင် အယောက်နှစ်ဆယ် ဒါမှမဟုတ် ရာဂဏန်းအထိ မွေးပြီး ကျွန်မကလေးတွေကို ရှင့်ရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခိုင်းမယ်။ အဲ့ဒီအခါကျရင် ကလေးအများကြီးကို ဘယ်လို ထောက်ပံ့မလဲဆိုတာ ကြည့်ချင်တယ်။”

ချူးချင်လီ၏ စကားကြောင့် လုချန်း ခဏမျှ တုန်လှုပ်သွားသည်။ ချူးချင်လီ ပြောသည်မှာ စိတ်ဆိုး၍ ပြောခြင်းသာဖြစ် ကြောင်းကို သူ သိသည်။ သူမ မည်မျှပင် ထူးချွန်သည်ဖြစ်စေ ချူးချင်လီ သူ့အတွက် ကလေးရာချီ မွေးပေးနိုင်မည် မဟုတ်ပေ။

သို့သော် ချူးချင်လီ၏ စကားများက လုချန်းကို တစ်စုံတစ်ခုအား သတိရစေသည်။ နောင်တွင် သူ၏ ကလေးများ ပိုများလာပါက သူတို့၏ အနာဂတ်ကို စီစဉ်ပေးရခြင်းက အခက်အခဲတစ်ခု ဖြစ်လာလိမ့်မည်။

သူ၏ အဆင့်အတန်းကြောင့် လက်ရှိ ရှိနေသော အမျိုးသမီးအနည်းငယ်မျှဖြင့်သာ ကန့်သတ်ခံရမည် မဟုတ်ပေ။ ကလေးခြောက်ယောက်သာ ရှိမည် မဟုတ်သည်ကလည်း သေချာသည်။ သူ၏ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ သူတို့လည်း ကလေးများ ထပ်မံရရှိမည်ဖြစ်ရာ လုချန်း သူ၏ မျိုးဆက်များစွာကို မြင်တွေ့ရဖွယ် ရှိသည်။

သို့သော် ယနေ့ညသည် ထိုအကြောင်းကို တွေးရန် အချိန်မဟုတ်သည်မှာ သေချာသည်။ သူယနေ့ ချူးယုချင်ကို မေးခွန်းအချို့ မေးရန် လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကုတင်ဆီသို့ တည့်တည့်လျှောက်သွားပြီး ချူးချင်လီ၏ဘေးတွင် ထိုင်လိုက်သည်။

လုချန်းနှင့် သူမ၏အစ်မကြားတွင် သူမ အတားအဆီးဖြစ်နေသည်ကို သိမြင်လျှင် ချူးချင်လီက ချက်ချင်းထလိုက်ပြီး အခန်းမှထွက်ရန် ပြင်ဆင်လိုက်သည်။

“အစ်မတို့ကို အနှောင့်အယှက် မပေးတော့ဘူး။”

ထိုအချိန်တွင် ချူးချင်လီ ထွက်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သို့သော် သူမ ထရပ်လိုက်သည်နှင့် လုချန်းက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ နုနယ်သော ကိုယ်ခန္ဓာကို သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်ရာ ချူးချင်လီလည်း သူ၏ ပေါင်ပေါ်တွင် ထိုင်မိလျက်သား ဖြစ်သွားသည်။

လုချန်းက ချူးချင်လီ၏ နားနား ကပ်၍

“ချင်လီ။ မင်း ဘာတွေလုပ်နေတာလဲ။ မင်းကို သွားခွင့်ပြုတယ်လို့ မပြောသေးဘူးလေ။”

“လက်စားချေဖို့အတွက် ကိုယ့်ကလေးကို မွေးပေးမယ်လို့ မပြောခဲ့ဘူးလား။ မင်း ဒီလိုထွက်သွားရင် ဘယ်လို ကိုယ်ဝန်ရမလဲ”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ချူးချင်လီ တုန်လှုပ်သွားသည်။ သူမ၏ အေးစက်သော မျက်နှာသည် ချက်ချင်း နီရဲလာပြီး ထိုလူဆိုးက သူမ၏အစ်မရှေ့တွင် ထိုသို့သော ကိစ္စမျိုးကို ပြုလုပ်ရန် တကယ်ပင် ရည်ရွယ်နေသည်ဟု တွေးမိကာ သူမ၏ နှလုံး လျင်မြန်စွာ ခုန်လှုပ်လာသည်။

ချူးယုချင်၏မျက်နှာလည်း ပို၍နီရဲလာသည်။ လုချန်း ချူးချင်လီအား မထွက်ခွာစေလိုခြင်းမှာ ထိုကဲ့သို့သော အတွေးများကြောင့်ဟု သံသယရှိလာသည်။

ချူးချင်လီက အလျင်အမြန်

“အစ်မက ကိုယ်ဝန်ရှိနေပြီ မင်းသား။ ရှင်လိုချင်ရင် ကျွန်မ အခန်းကို လာခဲ့ပါလား။”

လုချန်းနှင့် နှစ်ယောက်တည်း ရှိနေပါက ချူးချင်လီအတွက် ပြဿနာမျှမရှိသော်လည်း သူမ၏ အစ်မရှေ့မှောက်တွင်မူ လက်မခံနိုင်ပေ။ သူမ၏ ရှက်စရာ‌ကောင်းသော အခြေအနေများကို သူမ၏ အစ်မအား မြင်စေလိုခြင်း မရှိပေ။

လုချန်းက

“မလိုပါဘူး။ ဒီအခန်းထဲမှာပဲနေမယ်။ မင်းအစ်မနဲ့ ဆွေးနွေးစရာရှိတယ်။”

သူ ပြောနေစဉ်မှာပင် လုချန်း၏ လက်များချူးချင်လီ၏ ခါးပတ်ဆီ ရောက်သွားပြီး ချက်ချင်း ဆွဲဖြုတ်လိုက်သည်။

လုချန်း တကယ်ပင် ရည်ရွယ်လာသည်ကို မြင်တော့ ချူးချင်လီက ချက်ချင်း ရုန်းကန်ရင်း

“မဟုတ်ဘူး။ ကျွန်မအစ်မ ရှိတယ်။”

တစ်ခွန်းမှ ပြန်မပြောပဲ လုချန်း ထရပ်လိုက်ပြီး ချူးချင်လီကို ကုတင်ပေါ်တင်လိုက်ကာ သူ၏ကိုယ်ကိုကိုင်း၍ သူမ၏ နှုတ်ခမ်းများကို နမ်းရှုံ့လိုက်သည်။

..............

အခန်း (၄၇၁)

လုချန်း၏ မိခင်နှင့် အဖွား (၁)

ရှနိုင်ငံတော်။

နေပြည်တော်။

ညအချိန်ရောက်သောအခါ နေပြည်တော်၏ လမ်းများသည် နေ့ခင်းကဲ့သို့ စည်ကားမှုမရှိတော့ပေ။

အထူးကာလဖြစ်သောကြောင့် နေပြည်တော်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့သည်။ ယခင်ကဆိုလျှင်တော့ ရှနိုင်ငံတော် နေပြည်တော်၏ ညဘက် လူနေမှုဘဝသည် အတော်ပင် စည်ကားလှပေမည်။

လူတိုင်း အိပ်စက်ရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် နန်းတော်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားကာ တစ်မြို့လုံးကို လင်းထိန်စေခဲ့သည်။

ထိုအချိန်တွင် နန်းတော်အတွင်း၌ အဖြူရောင် ညအိပ်ဝတ်စုံဝတ်ဆင်ထားသူတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့်

“ဒီလိုကိုး။ ဒီလိုမျိုးလား။”

ဟု အော်ဟစ်လိုက်သည်။

နန်းတော်ဘက်မှ ရွှေရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်ပြီး

မြို့တော်တစ်ခုလုံးကို အလင်းပေးနေသည်ကို မြင်ရသောအခါ နေပြည်တော်ရှိ အရာရှိများသည် မကြာသေးမီက မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ချက်ချင်း သတိရမိကြသည်။

ချက်ချင်းပင် နေပြည်တော်ရှိ အရာရှိများ၏ စိတ်ထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။

ရွှေရောင်အလင်းတန်းသည် မင်းမျိုးမင်းနွယ်များထဲတွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး ပေါ်ထွန်းလာပြီဟု ဆိုလိုသော်လည်း ဆွမ်ဧကရာဇ်၏ အာဏာပိုမိုခိုင်မာလာမည်ဟုလည်း ညွှန်းဆိုနေသည်။

ဆွမ်ဧကရာဇ်သည်

ရှနိုင်ငံတော်အတွင်းရှိ အာဏာရှိမိသားစုများကိုအပြီးသတ်ရှင်းလင်းပြီးသည်တော့ မဟုတ်သေးပေ။ နေပြည်တော်တွင် ကျန်ရှိနေသေးသော အာဏာရှိ မိသားစုမှ အရာရှိများလည်း သူတို့အပေါ် ဘေးအန္တရာယ် ကျရောက်တော့မည်ဟု ခံစားလာရသည်။

တောင်ပိုင်းမိသားစုများသည် ကြီးမားသော အင်အားစုတစ်ခု ဖြစ်သော်လည်း ဆွမ်ဧကရာဇ်က သူ အလိုရှိသည့်အတိုင်း သူတို့ကို အရေးယူခဲ့သည်။ ယခု ကျန်ရှိနေသော အာဏာရှိ မိသားစုများသည် ပြန့်ကျဲနေသော သဲများပမာ ဖြစ်နေပြီဖြစ်သည်။ မင်းမျိုးမင်းနွယ်များထဲမှ နောက်ထပ် ကောင်းကင်လူသားတစ်ဦး ပေါ်ပေါက်လာပါက ဆွမ်ဧကရာဇ်ကို ဘာနှင့် ယှဉ်ပြိုင်ကြမည်နည်း။

.......

မြောက်ပိုင်းပြည်နယ်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

အခန်းအတွင်း၌ ဖယောင်းတိုင်မီး တဖျတ်ဖျတ် လင်းနေသည်။

ဘေးတွင် ရပ်နေသော ချူးယုချင်သည် သူမ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်းမျက်နှာအနည်းငယ် နီမြန်းလာသည်။ ထိုကဲ့သို့သော အရာများသည် ပုံမှန်ဖြစ်သည်ဟု သူမထင်သော်လည်း လုချန်း ချူးချင်လီကို အနိုင်ကျင့်နေသည်ကို မြင်ရခြင်းက သူမအတွက် အံ့အားသင့်စရာဖြစ်နေသည်။

မုကျိရွှမ်းက အတွင်းဆောင်တွင် အမျိုးသမီးဦးရေ တိုးမြှင့်ရန် သူမကို လုချန်းအား ဆွဲဆောင်ခိုင်းဖူးသည်။

မုကျိရွှမ်းက ချူးယုချင်ကို လုချန်းနှင့် စကားပြောခိုင်းရခြင်းမှာ ချူးယုချင်၏ အထူးအနေအထားကြောင့် ဖြစ်သည်။ သူမသည် လုချန်း၏ အကြီးအကဲအဆင့်ရှိသည့် တစ်ဦးတည်း သောသူဖြစ်ပြီးသူမ၏စကားကို လုချန်း နားထောင်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။

သို့သော် လုချန်းအား ထိုအကြောင်းကို ပြောရန် ချူးယုချင် အမြဲတမ်း ရှက်ရွံနေခဲ့သည်။ အခု လုချန်းက ချူးချင်လီကို သူမ၏ အခန်းထဲတွင် မကောင်းမှုများ ပြုလုပ်‌နေချိန်အထိ သူမ မပြောရသေးပေ။

လုချန်းကို အနှောင့်အယှက်မဖြစ်စေရန် ချူးယုချင် ထရပ်လိုက်ကာ ကုတင်ဘေးရှိ ခုံတန်းပေါ်တွင် ထိုင်လိုက်သည်။

အချိန်မည်မျှကုန်လွန်သွားသည်ကို မသိ

နောက်ဆုံးတွင် လုချန်းထလာပြီး မေးလိုက်သည်။

“ဒေါ်လေးချူး ကျွန်တော့်အမေအကြောင်း ဘယ်လောက် နားလည်ထားလဲ။”

အစပိုင်းတွင် ချူးချင်လီသည် လုချန်း ထလိုက်သည်ကို မြင်သောအခါ ဆက်လက် ရုန်းကန်ရန် ပြင်ဆင်လိုက်သည်။ သို့သော် လုချန်းက သူ၏အစ်မကို အရေးကြီးကိစ္စ မေးမြန်းလိုက်သည်ကို ကြားသောအခါ ခဏမျှ ရပ်တန့်သွားသည်။ ထို့နောက် လုချန်း ပြုလုပ်သမျှ ခံယူလိုက်သည်။

လုချန်းက မကောင်းမှုပြုနေစဉ် ချူးယွဲ့အကြောင်း မေးမြန်းနေသည်ကို ကြည့်ရင်း ချူးယုချင် ထူးဆန်းသလို ခံစားရသော်လည်း ပြန်ဖြေလိုက်သည်။

“ဒေါ်လေးက မင်းအမေနောက်ကို ငယ်ငယ်ကတည်းက လိုက်ခဲ့တာ။ ဒီလောကမှာ မင်းအမေကို ဒေါ်လေးထက် ပိုနားလည်တဲ့သူ ရှိမှာတောင် မဟုတ်ဘူး။”

လုချန်းက ချူးချင်လီကို ဖိထားရင်း

“ ကျွန်တော့်အမေ ဘယ်လို ကွယ်လွန်ခဲ့လဲဆိုတာ ဒေါ်လေးချူးသိလား။”

ထိုမေးခွန်းကို ကြားသောအခါ ချူးယုချင် တုန်လှုပ်သွားသည်။ လုချန်း ချူးယွဲ့၏ ကွယ်လွန်ရခြင်း အကြောင်းရင်းကို မေးမြန်းလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ခဏမျှ တိတ်ဆိတ်ပြီးနောက် ချူးယုချင်က “မင်းအမေ ကွယ်လွန်ရခြင်းက မင်းရဲ့ ဖခင် ဧကရာဇ်နဲ့ တော်တော်လေး ပတ်သက်နေတယ်။ အဲ့ဒီအချိန်တုန်းက သူက မင်းအမေကို လျှို့ဝှက်လဝန်းနန်းတော်မှာ နတ်လက်နတ်ပစ္စည်းတစ်ခု ငှားခိုင်းခဲ့တယ်။ သူပြန်လာတဲ့လမ်းမှာတော့ လုပ်ကြံသူတွေ ဝိုင်းဝန်း တိုက်ခိုက်တာခံခဲ့ရတယ်။”

“မင်းအမေဟာ အဲ့ဒီလုပ်ကြံသူအားလုံးကို ရှင်းလင်းနိုင်ခဲ့ပေမဲ့ သူ နန်းတော်ကို ပြန်ရောက်တော့ အသက်ကယ်လို့ မရတော့ဘူး။”

“မင်းအမေက လျှို့ဝှက်လဝန်းနန်းတော်ကို သွားတဲ့အခါ အန္တရာယ်ကြုံတွေ့နိုင်တယ်လို့ ခံစားမိလို့ ထင်တယ်။ အဲ့ဒါကြောင့် အဲ့ဒီတစ်ခေါက်မှာ ဒေါ်လေးကို ခေါ်မသွားတာ။”

ထိုစကားကို ကြားသောအခါ လုချန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်မေးလိုက်သည်။

“ကျွန်တော့်အမေ အဲ့ဒီ လျှို့ဝှက်လဝန်းနန်းတော်က နတ်လက်နက်ကို နေပြည်တော် ပြန်ယူလာခဲ့လား။”

ချူးယုချင်က

“မယူလာဘူး။”

လုချန်းက

“အဲ့ဒါဆို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ပစ္စည်းက ကျွန်တော့်ဖခင် ဧကရာဇ်ရဲ့ လက်ထဲကို ဘယ်လို ရောက်သွားတာလဲ။”

ချူးယုချင်က

“နေပြည်တော်ကို ပြန်တဲ့လမ်းမှာ တစ်ယောက်ယောက်က ပစ္စည်းကို လုယူမယ်ဆိုတာ မင်းအမေသိခဲ့တယ်။ ဒါကြောင့် သူက ဝှက်ထားခဲ့တယ်။ မင်းအမေ ကွယ်လွန်ပြီးနောက်မှ ဆွမ်ဧကရာဇ်ရဲ့ လူတွေက အဲ့ဒီပစ္စည်းကို ရှာတွေ့ခဲ့တယ်။”

ချူးယုချင်၏ စကားများကို ကြားပြီးနောက် လုချန်း နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး ရုတ်တရက် ကြမ်းတမ်းစွာ ဆက်လုပ်လိုက်သည်။ ခဏအကြာတွင် သူ ထပ်မေးလိုက်သည်

“ဒေါ်လေးချူးကို နောက်ဆုံးမေးခွန်းတစ်ခု မေးမယ်။ ဒေါ်လေးက ကျွန်တော့်အမေနဲ့ အမြဲအတူရှိနေခဲ့တဲ့အတွက် ဒီမေးခွန်းရဲ့အဖြေကို သိမှာပါ။”

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင် လုချန်းကို ကြည့်လိုက်၏။ လုချန်း၏ စိတ်အခြေအနေ အနည်းငယ်မမှန်ဟု သူမ သံသယဝင်မိသည်။

ထို့နောက်ချူးယုချင်က

“မေးပါ။ ဒေါ်လေး သိသမျှ အကုန်ပြောပြပါ့မယ်။”

လုချန်းက တိုက်ရိုက်ပင်

“ကျွန်တော်က ဆွမ်ဧကရာဇ်ရဲ့ သားအရင်း ဟုတ်ရဲ့လား။”

ထိုမေးခွန်းကို ကြားသောအခါ ချူးယုချင် ကြောင်သွားသည်။

ချူးယုချင် ချက်ချင်းမဖြေသည်ကို မြင်သောအခါ သူမ ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခုခု သိထားရမည်ဟု လုချန်းသိလိုက်သည်။

ထိုအချိန်တွင် လုချန်းက ချူးချင်လီကို လှန်ချလိုက်ပြီး သူမပေါ် ထပ်ဖိချလိုက်သည်။ ထို့နောက်

“အမှန်အတိုင်း ပြောပြပါ ဒေါ်လေးချူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လက်ခံနိုင်ပါတယ်။”

ချူးယုချင် သက်ပြင်းချကာ

“မင်းအမေက တစ်ချိန်က ဒေါ်လေးကို သတိပေးခဲ့ဖူးတယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မင်းရဲ့ မူရင်းဇာစ်မြစ်ကို မဖော်ထုတ်ရဘူးတဲ့။”

“ဒါပေမဲ့ မင်းအမေက မင်းအေးအေးချမ်းချမ်း နေထိုင်နိုင်အောင် အဲလို လုပ်ခဲ့တာပါ။ ဒါကြောင့် မင်းကို မသိစေချင်တာ။”

“အခု မင်းက သာမန်လူတစ်ယောက် မဟုတ်တော့ဘူးဆိုတော့ ပြောပြလည်း ကိစ္စမရှိလောက်ဘူး ထင်တယ်။”

...........

All Chapters