အခန်း ၄၇၂-၄၇၄
Vol. 32 Ch. 472-474
အခန်း (၄၇၂)
လုချန်း၏ မိခင်နှင့် အဖွား (၂)
“မင်းအမေ ဆယ်ကျော်သက်အရွယ်တုန်းက အစိမ်းရောင်အလင်း ထွက်တဲ့ ပုလဲလုံးတစ်လုံး ရခဲ့တယ်။ အဲ့ဒီပုလဲလုံးကို ဘယ်ကရခဲ့တယ်ဆိုတာတော့ ဒေါ်လေးလည်း မသိဘူး။ နောက်ပိုင်းမှာ သူဆွမ်ဧကရာဇ်နဲ့ လက်ထပ်ပြီး ဆွမ်ဧကရာဇ်သူ့အခန်းကို လာတဲ့အခါတိုင်း သူ့ရဲ့ သွေးနဲ့ အဲ့ဒီပုလဲလုံးကို အာဟာရဖြည့်ပေးခဲ့တယ်။ နောက်ဆုံးတော့ တစ်နေ့မှာ သူက အဲ့ဒီပုလဲလုံးကို သူ့ခန္ဓာကိုယ်ထဲ ထည့်လိုက်တယ်။ လအနည်းငယ်ကြာတော့ မင်းကို ကိုယ်ဝန်ရခဲ့တယ် “
ချူးယုချင်၏ အဖြေကို ကြားသောအခါ လုချန်း ခဏမျှ အံ့အားသင့်သွားပြီး သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
သူ့ဖခင်အရင်းက တခြားသူတစ်ယောက်ဟု သူယူဆခဲ့သော်လည်း ထိုကဲ့သို့သောနည်းလမ်းဖြင့် သူဖြစ်တည်လာရသည်မှာ အံ့ဩစရာကောင်းလှသည်။
အားလုံးက အလွန် စိတ်ကူးယဉ်ဆန်နေသည်။
ချူးချင်လီသည် ထိုအချိန်တွင် အလွန်မသက်မသာ ခံစားနေရသော်လည်း လုချန်းနှင့် သူမ၏ အစ်မတို့ အလွန်အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးနေကြသည်ကို သိသောကြောင့် သူမ လုံးဝ မလှုပ်ရဲခဲ့ပေ။
ထိုလူဆိုး၏ ဇစ်မြစ် ဤမျှ ထူးခြားလိမ့်မည်ဟု သူမလည်း မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် သူမ၏ အစ်မက လုချန်းကို မစွန့်ခွာလိုခြင်း ဖြစ်သည်။ သူမ၏ အစ်မက ချူးယွဲ့အား ထိုလူဆိုးကို အမြဲတမ်း ကာကွယ်ပေးမည်ဟု ကတိပေးထားခဲ့ဟန် တူသည်။
ခဏအကြာတွင် လုချန်း သူ၏ လှုပ်ရှားမှုကို ပြန်လည် စတင်လိုက်သည်။ သူက အလုပ်ရှုပ်နေရင်း
“ဒါဆို ကျွန်တော်က ဆွမ်ဧကရာဇ်ရဲ့ သားအရင်းရော ဟုတ်ရဲ့လား။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအစိမ်းရောင်ပုလဲလုံးက ကျွန်တော့်ဖခင်ရဲ့ သွေးသားကို စုပ်ယူခဲ့တာပဲ။”
ချူးယုချင်က
“အဲ့ဒါတော့ ဒေါ်လေးလည်း မသေချာဘူး။”
ဤအချိန်တွင် ချူးယုချင် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့်
“ဒါနဲ့ မင်းအမေ ကိုယ်ဝန်ရှိနေတုန်းက တခါတလေ သူ့ဗိုက်ကို ထူးဆန်းတဲ့ စကားတွေ ပြောဖူးတယ်။ ဥပမာ မင်းက တကယ်ပဲ သူရဲ့ကလေးဖြစ်မယ်ဆိုရင် ကောင်းမယ်လို့ ရေရွတ်နေတာ ကြားဖူးတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း မစဉ်းစားပဲ မနေနိုင်ခဲ့ပေ။ သူ့မိခင်၏ သဘောအရ သူက သူမရဲ့ သားအရင်းမဟုတ်လို့ ဆိုလိုခြင်းလား။
ပုံမှန်နည်းလမ်းဖြင့် ကိုယ်ဝန်ရှိခဲ့ခြင်း မဟုတ်သော်လည်း သူက သူ့အမေ၏ ဝမ်းမှ ထွက်လာခဲ့သည် မဟုတ်ပါလား။ သူ့အမေက သူ ကို့ သူမရဲ့ ကလေးမဟုတ်ဘူးလို့ ဘာလို့ထင်ရတာလဲ။
ထို့နောက် လုချန်း အသက်ရှူမှန်အောင် ပြုလုပ်လိုက်ပြီး
“အင်း။ တခြားထူးဆန်းတဲ့ စကားတွေ ပြောသေးလား”
ဟု မေးလိုက်သည်။
ချူးယုချင်က
“သူက မင်း ကြီးပြင်းလာတာကို တကယ်ပဲ မြင်ချင်တယ်။ မင်းသာမန်လူတစ်ယောက်လို နေထိုင်နိုင်ပါစေလို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့တယ်။”
ထို့နောက် ချူးယုချင် သက်ပြင်းတစ်ချက် ချလိုက်ကာ
“အခု ပြန်တွေးကြည့်တော့ မင်းအမေက သူ့ရဲ့ ကံကြမ္မာကို ကြိုသိထားလို့ အဲ့ဒီစကားတွေ ပြောခဲ့တာ ဖြစ်နိုင်တယ်။”
ထိုစကားကို ကြားသောအခါ သူ၏ မိခင်သည် ရိုးရိုးသာမန် မဟုတ်နိုင်ကြောင်း လုချန်း စိတ်ထဲ တွေးမိလိုက်သည်။ သူ့အကြောင်း တစ်ခုခုကို သူမ သိထားခဲ့ဟန် တူသည်။
သူ၏ မိခင် ဤလောကတွင် မရှိတော့သည်မှာ ဝမ်းနည်းစရာပင်။ သူ၏ ဇာစ်မြစ်အကြောင်းကို သူမကို မေးမြန်း၍ မရတော့ပေ။ သူ၏ မိခင်ဘက်မှ အဖိုးကို မေးမြန်းရန် အခွင့်အရေး ရှာဖွေရမည်ဟု ထင်ရသည်။ အဖိုးသည် သူ၏ မိခင်အကြောင်း တစ်စုံတစ်ရာ သိကောင်းသိနိုင်ပေမည်။
ထိုသို့စဉ်းစားရင်း လုချန်း ချူးချင်လီအား အားတက်သရော ဆက်လက် ပြုလုပ်ပေးနေသည်။
ထိုအချိန်တွင် ဘေးနားရှိ ချူးယုချင်က လုချန်းနှင့် ချူးချင်လီတို့ကို ကြည့်လိုက်သည်။
ချန်းလေးသည် သူမ ပြောခဲ့သော စကားများကြောင့် စိတ်လှုပ်ရှားသွားပြီး သူ၏ မကောင်းသော စိတ်ခံစားမှုများကို ချင်လီအပေါ် ပုံချနေသည်ဟု သူမ စိတ်ထဲ တွေးလိုက်သည်။
ဒါက အကောင်းဆုံး ဖြစ်နိုင်သည်။
မကောင်းသော စိတ်ခံစားမှုများအားလုံးကို ထုတ်လွှတ်ပြီးသည်နှင့် သူဒီလောက် စိတ်ဆင်းရဲရတော့မည် မဟုတ်ပေ။
အချိန်များ ကုန်လွန်သွားပြီးနောက် ချူးချင်လီ ကုတင်ပေါ်တွင် ပျော့ခွေကျသွားသည်။ ထို့နောက် လုချန်းက ချူးယုချင်ကို လှည့်ကြည့်ကာ ပြုံးလျက်
“ဒီလောက် ညဉ့်နက်နေပြီ။ ဘာလို့ ကုတင်ပေါ် မလာသေးတာလဲ။”
ထိုစကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာ နီရဲသွားသည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော မြင်ကွင်းက သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ ဝမ်းနည်းဖို့ ကောင်းသည်မှာ သူမ ကိုယ်ဝန်ရှိနေပြီဖြစ်၍ ထိုသို့သော ကိစ္စများတွင် ပါဝင်၍ မရနိုင်တော့ပေ။
ချူးယုချင်က လုချန်းအား ပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ထို့နောက်
“ ဒေါ်လေးသာ နေရာမဖယ်ပေးရင် မင်းဒီလိုဆန့်ဆန့်ကြီးနေနိုင်မှာ မဟုတ်ဘူး။”
သူမ ပြောနေစဉ် ချူးယုချင်၏ မျက်နှာသည် မယုံနိုင်လောက်အောင် ပူနွေးလာပြီး မြေကြီးထဲ တိုးဝင်ပျောက်ကွယ်သွားချင်စိတ်များပင် ပေါ်လာခဲ့သည်။
လုချန်းက
“ကောင်းပါပြီ။ ဒီလောက် ညဉ့်နက်နေပြီ လာအနားယူပါတော့။”
လုချန်း ပြောပြီးပြီဖြစ်၍ ချူးယုချင် ဘာမှ ထပ်မပြောတော့ပေ။ သူမသည် ကုတင်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီးနောက် သူမ၏ အပေါ်ဝတ်ရုံကို ဖြည်ချလိုက်ရာ အတွင်းခံအဖြူရောင်အဝတ် ထွက်ပေါ်လာသည်။
လုချန်းလည်း မတွန့်ဆုတ်ပဲ ချူးချင်လီကို ဘေးသို့တွန်းလိုက်ပြီး ချူးယုချင်ကို ဖက် နမ်းလိုက်သည်။
အလွန်အကျွံမလုပ်နိုင်သော်လည်း ဖက်နမ်းခြင်းမျိုးကတော့ ပြဿနာမရှိပေ။
နောက်တစ်နေ့ နံနက်။
လုချန်း နိုးလာသောအခါ ချူးချင်လီ သူ့ကို မကျေနပ်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက စွန့်ပစ်ခံထားရသော အမျိုးသမီးတစ်ဦး၏ မျက်လုံးများကဲ့သို့ပင်။
လုချန်းက ချူးယုချင်၏ နူးညံ့သော ကိုယ်ခန္ဓာကို ဖက်ထားရင်း
“ဘယ်လိုကြည့်နေတာလဲ”
ဟု မေးလိုက်သည်။
ချူးချင်လီက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ မပြောပေ။
ထိုလူဆိုးလေးက သူမ၏အစ်မရှေ့တွင် သူမကို မျက်နှာပျက်စေခဲ့သည်။ သူသည် အလွန်ပင် ရွံစရာကောင်းသောသူဖြစ်သည်။
သူမ၏အစ်မက သူမကို အခု ဘယ်လို ထင်နေမလဲ။ သူမကို အရှက်မရှိတဲ့ မိန်းမတစ်ယောက်လို့ သေချာပေါက် ထင်နေလိမ့်မည်။
မုန်းစရာကောင်းသော လုချန်းဖြစ်သည်။
မနေ့က လုချန်းက သူမ၏အစ်မကို ချူးယွဲ့အကြောင်း ပြောရင်း သူမကို အနိုင်ကျင့်နေခဲ့ခြင်း မဟုတ်လျှင် သူမ သေချာပေါက် အစွမ်းကုန် ပြန်တိုက်ခိုက်ခဲ့လိမ့်မည်။
ထို့နောက် လုချန်း၏ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားခံရသော ချူးယုချင်က
“ချန်းလေး။ မင်းအမေအကြောင်း ပိုသိချင်တယ်ဆိုရင် မင်းအဖိုးဆီ သွားမေးကြည့်ပါလား။ သူက မင်းအမေကို ကလေးဘဝကတည်းက အမြဲတမ်း ချစ်ခင်ခဲ့တာ။ ဒေါ်လေးမသိတဲ့ အရာတွေ အများကြီး သူ သိကောင်းသိလိမ့်မယ်။”
လုချန်းက
“အင်း။ နောက်မှ သွားမေးဦးမယ်။”
သူတို့ စကားပြောနေစဉ် လုချန်း၏ လက်များသည် ချူးယုချင်၏ ကိုယ်ခန္ဓာပေါ် ညင်သာစွာ စတင် လှည့်လည်သွားလာပြီးနောက် သူမ၏ နားနား ကပ်၍
“ကျွန်တော့်ချစ်ဇနီး ခန္ဓာကိုယ်က အရမ်းနူးညံ့ပြီး နွေးထွေးတယ်။ မင်းကို ဖက်ထားရတာ တကယ် ကောင်းတယ်”
ဟု တိုးတိုးလေး ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာသည် တစ်ဖန် နီရဲလာသည်။ ဤလူဆိုးလေးသည် အမြဲတမ်း သူမကို စနောက်နေတတ်သည်။ သူမ ကိုယ်ဝန်ရှိနေပြီး သူနှင့် ပျော်ရွှင်မှုများ မမျှဝေနိုင်သည်ကို ကောင်းကောင်းသိလျက်နှင့်ပင် သူမကိုလှုံ့ဆော်နေသည်။
ချူးယုချင်၏ မျက်နှာ နီရဲပြီး မျက်လုံးများ ဝေဝါးနေသည်ကို မြင်သောအခါ လုချန်းလည်း စနောက်ခြင်း မပြုတော့ပဲ ထရပ်လိုက်သည်။
အခန်း (၄၇၃)
လုချန်း၏ မိခင်နှင့် အဖွား (၃)
တစ်နာရီခန့်အကြာတွင် လုချန်း ချူးမိသားစု အိမ်တော်သို့ ရောက်ရှိလာသည်။
သူ ချူးမိသားစုဆီသို့ ရောက်သောအခါ တံခါးဝတွင် အဖြူရောင်စက္ကူများပေါ်တွင် အနက်ရောင်စာလုံးများ ကပ်ထားသည်ကို တွေ့လိုက်ရသည်။ ဈာပနအခမ်းအနားတစ်ခု ပြင်ဆင်နေဟန်တူသည်။
ထိုမြင်ကွင်းကိုမြင်လျှင် လုချန်းက ချူးမိသားစု၏ အစေခံအား
“ဘာဖြစ်နေတာလဲ။ ဘယ်သူသေသွားတာလဲ”
ဟုမေးမြန်းလိုက်သည်။
အစေခံက
“မိသားစုအကြီးအကဲက သခင်လေးအတွက် ဈာပနပြုလုပ်နေတာပါ မင်းသား။”
လျှံဇွန်းပြန်ရောက်ပြီးနောက် လုချန်းအား ချူးဟုန်ဖေး၏သေဆုံးမှုကို ပြောပြခဲ့သော်လည်း လုချန်းက ချူးရှုံအား ချက်ချင်းမပြောပြခဲ့ပေ။
သို့သော် ရက်အနည်းငယ်အကြာတွင် ချူးရှုံက ချူးဟုန်ဖေးကို ရှာရန် တောင်ပိုင်းသို့ လူများ စေလွှတ်နေသည်ကို လုချန်းသိလိုက်ရသည်။
တောင်ပိုင်းရှိ ပုန်ကန်သူများကို ရှင်းလင်းပြီး အာဏာရှိမိသားစုများ၏ အိမ်တော်များ လုယက်ဖျက်ဆီးခံရသော်လည်း သူတို့၏ အဖွဲ့ဝင်များစွာ လွတ်မြောက်သွားခဲ့ကြသည်။ ချူးရှုံ၏အမြင်တွင် ချူးဟုန်ဖေးသည်လည်း အခွင့်အရေးယူ၍ ထွက်ပြေးသွားနိုင်သည်။
သို့သော် ဘယ်တော့မှပြန်မလာမည့် သူတစ်ဦးကို စောင့်မျှော်နေခိုင်းထားမည့်အစား အမှန်အတိုင်း ပြောပြခြင်းက ပိုကောင်းမည်ဟု လုချန်းယူဆသဖြင့် မင်းသားလုရှုယွမ်က ချူးဟုန်ဖေးအား ပင်လယ်ထဲသို့ ကန်ချခဲ့သည့်အကြောင်း လျှံဇွန်းမှတဆင့် ပြောပြခိုင်းခဲ့သည်။
ချူးဟုန်ဖေးသည် ပုန်ကန်သူဖြစ်သော်လည်း ချူးရှုံ၏သားသာဖြစ်သည်။ ချူးရှုံသည် သမီးတစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရပြီး ယခုတွင် သားတစ်ဦးကိုပါ ဆုံးရှုံးရသဖြင့် အထီးကျန်နေဟန်တူသည်။
မကြာမီ...
ချူးမိသားစု၏အစေခံက လုချန်းအား ချူးမိသားစု၏ ဧည့်ခန်းသို့ ခေါ်ဆောင်သွားသည်။ ချူးရှုံ ကြည့်ရတာ အလွန်ပင်ပန်းနွမ်းနယ်နေဟန်တူသည်။ လုချန်းက
“ ဝမ်းနည်းပါတယ် အဖိုး။ အဲ့ဒီအချိန်တုန်းက ဦးလေးကို လျှံဇွန်း မကယ်တင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်ကိုယ် ကျွန်တော်လည်း အပြစ်တင်မိပါတယ်။”
ချူးရှုံကသက်ပြင်းချကာ
“အာ... မင်းသားရဲ့ အပြစ် မဟုတ်ပါဘူး။ အားလုံးက ဟုန်ဖေးရဲ့ လုပ်ရပ်တွေကြောင့်ပဲ။ ကျွန်တော်က သူ့ကို တောင်ပိုင်းမှာမနေဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် သူက နားမထောင်ပဲ ဒီအရူးတွေနဲ့ပဲ လိုက်နေခဲ့တာ။”
“တော်ပါပြီ။ အခု ပြောနေလည်း အသုံးမဝင်တော့ဘူး။”
ထိုစဉ် ချူးရှုံက လုချန်းကို ကြည့်ကာ
“ဒီနေ့ မင်းသား လာရောက်ရတဲ့ အကြောင်းရင်း သိပါရစေ”
ဟု မေးလိုက်သည်။
လုချန်းက
“ကျွန်တော့်အမေအကြောင်း တစ်ချို့အရာတွေကို သိချင်လို့ပါ။”
ထိုစကားကို ကြားသောအခါ ချူးရှုံ အနည်းငယ် ကြောင်သွားသည်။
ချူးရှုံ ခဏခန့် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သူ၏ အဖိုး သားဆုံးလို့ ဝမ်းနည်းနေချိန်တွင် သူ၏ သမီးအကြောင်း မေးမြန်းခြင်းက မသင့်တော်ဟု လုချန်းတွေးလိုက်သည်။
ထိုအတွေးဖြင့် လုချန်း ထရပ်လိုက်ပြီး
“အဖိုး ဒီနေ့ အဆင်မပြေဘူးဆိုရင် ကျွန်တော် နောက်တစ်ခါ ပြန်လာလို့ရပါတယ်။”
ချူးရှုံ သတိပြန်ရလာပြီး
“အဆင်ပြေပါတယ်။ မင်းသားသိချင်တာကို မေးလို့ရပါတယ်”
ဟု အမြန်ပြန်ဖြေလိုက်သည်။
ချူးရှုံ သဘောတူလိုက်သဖြင့် လုချန်းလည်းပြန်ထိုင်ကာ တိုက်ရိုက်မေးလိုက်သည်။
“ကျွန်တော့်အမေဟာ တကယ်ပဲ အဖိုးရဲ့သမီးအရင်းလား။”
ထိုမေးခွန်းကိုကြားလျှင် ချူးရှုံ နောက်တစ်ကြိမ် ငိုင်သွား၏။ လုချန်း ထိုသို့မေးမည်ဟု သူမျှော်လင့်မထားခဲ့ဟန် မတူပေ။
ချူးရှုံက စူးစမ်းလိုစိတ်ဖြင့်
“ဘာလို့ မင်းသားက ဒီလိုမေးခွန်းမျိုး မေးရတာပါလဲ။”
လုချန်းက “ကျွန်တော့်အမေဟာ သာမန်လူမဟုတ်ဘူးလို့ ခံစားရလို့ပါ။ ဒါကြောင့် အမေဟာ တကယ်ပဲ ချူးမိသားစုကနေ မွေးဖွားလာသူလားဆိုတာ သိချင်တာပါ”
ဟု ရှင်းပြလိုက်သည်။
ချူးရှုံသည် တိတ်ဆိတ်သွား၏။ ချက်ချင်းမဖြေပဲ အနည်းငယ်စဉ်းစားပြီးမှ နောက်ဆုံးတွင်
“ယွဲ့လေးဟာ ကျွန်တော့်ရဲ့သမီးအရင်းပါပဲ။ ဒါပေမဲ့ သူ့အမေက သူ့ကို ရတုန်းက သာမန်နည်းနဲ့မဟုတ်ပဲ တမူထူးခြားတဲ့နည်းလမ်းနဲ့ ရခဲ့တာပါ။”
ထိုစကားကိုကြားသောအခါ မနေ့ညက ချူးယုချင်ပြောခဲ့သည့်အကြောင်းကို လုချန်းချက်ချင်းသတိရမိသည်။ သူ၏မွေးဖွားခြင်းသည် အစိမ်းရောင်ပုလဲနှင့် များစွာသက်ဆိုင်သည်ဟု ချူးယုချင် ပြောခဲ့သည်။
သူ့အမေကိုလည်း ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ဝန်ရှိခဲ့တာ ဖြစ်နိုင်လား။
ထို့နောက် ချူးရှုံက ဆက်ပြီး
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျွန်တော် တောင်ပေါ်မှာ အမဲလိုက်ရင်း ဒဏ်ရာရနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ တွေ့တွေ့ချင်းပဲ ကျွန်တော် သူ့ကို သဘောကျခဲ့တယ်။ ဒါကြောင့် သူ့ကို ချူးမိသားစုဆီ ခေါ်လာပြီး ဒဏ်ရာတွေကို ကုသပေးခဲ့တယ်။”
“နောက်ဆုံးတော့ အဲဒီမိန်းကလေးက ကျွန်တော်နဲ့ လက်ထပ်ပြီး ကျွန်တော့်ရဲ့ ပထမဆုံးဇနီး မင်းသားရဲ့အဖွား ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ မင်္ဂလာဦးညမှာ မင်းသားရဲ့ အဖွားက သူဟာ သာမန်လူ မဟုတ်ဘူးလို့ ပြောပြခဲ့တယ်။ သူက သာမှန်မိန်းမတစ်ယောက်ရဲ့ မျိုးပွားနိုင်စွမ်း မရှိဘူး။ ကိုယ်ဝန်ရဖို့ အထူးနည်းလမ်းတစ်ခု လိုတယ်လို့ ပြောခဲ့တယ်။ အဲဒီနည်းလမ်းနဲ့ ကလေးယူဖို့ ကျွန်တော် ဆန္ဒရှိလားလို့ သူမေးခဲ့တယ်။”
“ကျွန်တော်လည်း အများကြီး မစဉ်းစားတော့ပဲ မင်းသားရဲ့ အဖွားကို သဘောတူခဲ့တယ်။ ပြီးတော့ သူက အဝါရောင်ပုလဲတစ်လုံးကို ထုတ်ယူပြီး ကျွန်တော့်ရဲ့ ဝိညာဉ်အနှစ်သာရနဲ့ ပြုစုပျိုးထောင်ခဲ့တယ်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းလိုက်တယ်။ ပြီးတော့ မင်းသားအမေကို ကိုယ်ဝန်ရှိခဲ့တာပဲ။”
“ဒါပေမဲ့ မင်းသားရဲ့ အဖွားဟာ ယွဲ့ကို မွေးပြီး မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်။”
ထိုအချိန်တွင် ချူးရှုံ၏စိတ်အခြေအနေ အလွန်ညှိုးငယ်လာပြီး ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လာသည်။
လုချန်းက ဆက်မေးလိုက်သည်။
“အဖွားက ဘာရောဂါဖြစ်လို့ ဆုံးရတာလဲ။”
ချူးရှုံ သူ၏စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ပြီး အတော်ကြာမှ
“ဘာရောဂါဖြစ်မှန်းတော့မသိဘူး။ တစ်နေ့မနက်မှာ ရုတ်တရက် သူထွက်သွားတော့မယ်လို့ ပြောတယ်။ ပြီးတော့ အိပ်ရာထဲလှဲပြီး နောက်တစ်ခါ ထလာတော့မှာမဟုတ်ဘူးလို့ ဆိုတယ်။”
“ကျွန်တော်လည်း ဆူဖုန်းမြို့က သမားတော်အားလုံးနီးပါးကို ချူးအိမ်တော် ကိုခေါ်ပြီး စစ်ဆေးခိုင်းတယ်။ ဒါပေမဲ့ တစ်ယောက်မှ ရောဂါမှန်းမသိဘူး။ နောက်ရက်အနည်းငယ်မှာ မင်းသားရဲ့ အဖွား ဆုံးသွားတယ်။”
ထိုစကားများ ပြောပြီးသည်နှင့် ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လုချန်းလည်း အတွေးထဲ နစ်မြောနေပြီး ချူးရှုံလည်း တိတ်ဆိတ်နေသည်။ အချိန်အတော်ကြာသည်အထိ နှစ်ယောက်စလုံး စကားမပြောခဲ့ကြပေ။
သူ့အမေလည်း သူ မကြီးပြင်းခင် သေဆုံးမယ်လို့ တကယ်ပဲ ကြိုသိခဲ့တာလား။
သူမ သေဆုံးရခြင်းသည် ဆွမ်ဧကရာဇ်နှင့် ဆက်စပ်နေပုံရသော်လည် သူမ၏သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သူ့အဖွားနှင့် သူ့အမေ နှစ်ဦးစလုံး၏ လုပ်ငန်းတာဝန်သည် ထူးဆန်းသောပုလဲမှတစ်ဆင့် သားသမီးတစ်ဦးကို မွေးဖွားရန်ဖြစ်ပြီး သားသမီး မွေးဖွားပြီးသည်နှင့် သူတို့၏တာဝန်ပြီးဆုံးးသွားပြီး မကြာခင် သေဆုံးရတာလား။
ဒါပေမဲ့ သူ့အမေ သူ့တာဝန်ကို ဘယ်လိုသိခဲ့တာလဲ။ သူ့အဖွားက သူ့အမေ မွေးပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့တာဆိုတော့ သူ့အမေ ကို ဘာလုပ်ရမယ်ဆိုတာ ပြောပြခဲ့တာ မဖြစ်နိုင်ပေ။
ရုတ်တရက် လုချန်းသတိထားမိလိုက်သည်။
သူ၏တည်ရှိမှုသည် သာမန်ဝိညာဉ်ကူးပြောင်းခြင်း သက်သက် မဟုတ်နိုင်ပေ။ ဒီလိုသာဆိုရင် စနစ်ဆိုတာမျိုးလည်း ရှိလာမည် မဟုတ်ချေ။
ဤကမ္ဘာပေါ်ရှိ အရာအားလုံးသည် ကြိုတင်စီစဉ်ထားသကဲ့သို့ပင် ဖြစ်နေသည်။
ခဏတာ စဉ်းစားပြီးနောက် ယခုအချိန်တွင် ထိုအကြောင်းကို ဆက်လက်စဉ်းစားခြင်းက အသုံးမဝင်ဟု လူချန်းခံစားလိုက်ရသည်။ သားသမီးများများမွေးပြီး ဆုလာဘ်များများရယူကာ သူ၏စွမ်းအားကို အဆက်မပြတ်မြှင့်တင်ရန်သာ အကောင်းဆုံးဖြစ်မည်။
ဤစနစ်၏နောက်ကွယ်တွင် မည်သည့်အကြံအစည်မျိုးရှိသည်ဖြစ်စေ သူ၏စွမ်းအား အခြေအနေတစ်ခုအထိ ရောက်ရှိသောအခါ နောက်ကွယ်မှလူလည်း မုချပေါ်ထွက်လာမည်ဖြစ်သည်။ ယခုအချိန်တွင် စိုးရိမ်နေခြင်းက အဓိပ္ပါယ်မရှိပေ။
သူသည် ဘဝကိုပြည့်ဝစွာနေထိုင်ခဲ့ပြီးပြီဖြစ်သည်။ သေရမည်ဆိုလျှင်တောင် နောင်တရစရာ မရှိပါ။
..........
အခန်း (၄၇၄)
မြောက်ပိုင်းမင်းသား၏ အချစ်သည် တစ်ဖက်သတ်သာ ဖြစ်လောက်မည် (၁)
ချူးမိသားစုမှ ပြန်လာပြီးနောက်ပိုင်း လုချန်းသည် နေ့စဉ်အလုပ်ကိစ္စများကို ဆောင်ရွက်ခြင်း၊ အတွင်းဆောင်ရှိ ဇနီး မယားများနှင့် ဆက်ဆံရေး လေ့ကျင့်ခြင်းတို့ဖြင့် ဆက်လက် အချိန်ကုန်ဆုံးနေခဲ့သည်။
တစ်ဖက်တွင်မူ စနစ်မှတစ်ဆင့် သူ၏အဆင့်ကို ကောင်းကင်လူသားအဆင့်သို့ တိုက်ရိုက် မြှင့်တင်နိုင်မည်လားဟု သူသိလိုသည်။ အခြားတစ်ဖက်တွင် သူသည် သူတစ်ပါး၏ အကြံအစည်တွင် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူတတ်နိုင်သမျှ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ကြိုးစားခဲ့သည်။
သို့သော်သူ ရုပ်သေးရုပ် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူတတ်နိုင်သမျှ ဘဝကို ပျော်ရွှင်စွာ နေထိုင်ပြီး ကျန်တာတွေကို နောက်မှ စဉ်းစားမည်ဟု သူတွေးလိုက်သည်။
ထို့သို့ တွေးထားသော်လည်း လုချန်း လုံးဝ စိတ်ဓာတ်မကျခဲ့ပေ။ တာဝန်ရှိသည့်အတိုင်း အစိုးရ စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးခဲ့သည်။ ထို့ပြင် ဝူနိုင်ငံတော်မှ ကိုယ်စားလှယ်များနှင့် ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ စည်းကမ်းချက်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
လုချန်းက ဝူကျန်းဝမ်နှင့် ပူးပေါင်းရန် သဘောမတူခဲ့ခြင်းကြောင့် ဝူကျန်းဝမ် အဆိုပြုခဲ့သော အခြေအနေများသည် အများအားဖြင့် တစ်ဖက်သတ် ဆန်လွန်း နေသည်။ သူမတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိပုံလည်း မရပေ။
......
မြောက်ပိုင်းပြည်နယ်။
နိုင်ငံရေးရာခန်းမ။
ယနေ့တွင် နောက်ထပ်ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ကုန်သွယ်ရေး သဘောတူညီချက်ကို ဆယ်ရက်ကျော်ကြာ ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း နှစ်ဖက်စလုံးသည် တစ်ဖက်က အဆိုပြုသော စည်းကမ်းချက်များကို ကျေနပ်ခြင်းမရှိသေးပေ။
လုချန်းသည် သူ၏ပလ္လင်ပေါ်တွင် ထိုင်လျက် ခန်းမကြီးထဲရှိ ဝူကျန်းဝမ်ကို ကြည့်လိုက်ကာ ပြုံးလျက်
“မင်းသမီးကျန်းဝမ်။ တကယ်တော့ ခင်ဗျားက ကျွန်တော့်ရဲ့ နယ်မြေကို ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာပဲ။ ခင်ဗျားဘက်က နည်းနည်း အလျှော့ပေးသင့်တာ မဟုတ်ဘူးလား။ အားသာချက် အားလုံးကို လိုချင်နေတာက နည်းနည်း မများလွန်းဘူးလား။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က မျက်နှာအမူအရာ မပြောင်းလဲပဲ
“ဝူနိုင်ငံတော်ကစပြီး ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဝူနိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ကိစ္စအတွက် ကျွန်မဘက်က အလျှော့ပေးလို့ မဖြစ်ပါဘူး။ လွယ်လွယ်ကူကူ အလျှော့ပေးလိုက်ရင် ဝူနိုင်ငံတော်ကို သစ္စာဖောက်ရာ ရောက်သွားမှာပါ။”
ဘေးတွင် ထိုင်နေသော ဝူမင်းကတော့ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။ မြောက်ပိုင်းပြည်နယ်က အဆိုပြုခဲ့သော စည်းကမ်းချက်များသည် အတော်လေး မျှတပြီး လက်မှတ်ထိုးရန် လုံးဝလုံလောက်သည်ဟု သူထင်ခဲ့သော်လည်း ဝူကျန်းဝမ်က ပြတ်ပြတ်သားသား ငြင်းပယ်နေသည်။
ကုန်သွယ်ရေး သဘောတူညီချက်တွင် သူလက်မှတ်ထိုးရမည် ဖြစ်သောကြောင့်
ဝူကျန်းဝမ်ကို ကျော်ပြီး လုချန်းနှင့် ကိုယ်တိုင် သဘောတူညီမှု ရယူရန် ဝူမင်းစဉ်းစားခဲ့သေးသည်။ သို့သော် သူ၏စကားများ သံတမန်အဖွဲ့အတွင်း၌ အလေးထား မခံရသည်ကို ထိုအချိန်တွင် ဝူမင်းသဘောပေါက်လာခဲ့သည်။ ဝူနိုင်ငံတော်မှ လာရောက်သည့် အဖွဲ့အားလုံး ဝူကျန်းဝမ်အား သစ္စာခံနေကြသည်။
ဝူကျန်းဝမ် အလျှော့မပေးသရွေ့ အဖွဲ့အတွင်းမှ အခြားမည်သူမှ အလျှော့ပေးမည်မဟုတ်ပေ။ ကိုယ်စားလှယ်အဖွဲ့တစ်ခုလုံးကို ကျော်ပြီး လုချန်း၏ စည်းကမ်းချက်များကို သဘောတူလိုက်မည်ဆိုပါက ဝူနိုင်ငံတော်ကို သစ္စာဖောက်ရာရောက်သွားမည် ဖြစ်သည်။ ဝူမင်းထံ၌သည် ထိုသို့လုပ်ဆောင်ရန် သတ္တိမရှိပေ။
ဝူကျန်းဝမ်သည် အဘယ်ကြောင့် အချိန်ဆွဲနေပြီး မြောက်ပိုင်းပြည်နယ်မှ အဆိုပြုထားသော စည်းမျဉ်းများကို အမြဲတမ်း မကျေနပ်နေရသည်ကိုလည်း ဝူမင်းနားလည်လာသည်။ ဝူကျန်းဝမ်သည် ဤတာဝန်အတွက် ဂုဏ်ပြုခံရခြင်းကို သူ့အား မပေးလိုသည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူမ အမြဲတမ်း အပြစ်ရှာနေခြင်းဖြစ်သည်။
ထိုအချက်ကို စဉ်းစားရင်း ဝူမင်း သူ၏လက်သီးများကို ဆုပ်လိုက်သည်။ထို့နောက် သူက
“နှစ်ဖက်စလုံးက နည်းနည်းစီ လျှော့ပေးကြရအောင်။ မြောက်ပိုင်းပြည်နယ်ရဲ့ ကုန်သည်လှည်းတန်းတွေက ဝူနိုင်ငံတော်ကို အတားအဆီးမရှိ ဖြတ်သန်းနိုင်ပြီး ဝူနိုင်ငံတော်ရဲ့ ကုန်သည်လှည်းတန်းတွေကလည်း မြောက်ပိုင်းပြည်နယ်မှာ ကုန်သွယ်မှုလုပ်နိုင်တယ်။”
ထိုစကားကို ကြားသော ဝူကျန်းဝမ်က “ကုန်သည်လှည်းတန်းတွေနဲ့ ပတ်သက်တဲ့ကိစ္စက အသေးအဖွဲပါ။ အဓိကပြဿနာက ကုန်သွယ်ရေးအခွန်နဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်ပါ”
“မြောက်ပိုင်းပြည်နယ်မှာ ကုန်သွယ်ရေးတော်တော်လေး ဖွံ့ဖြိုးတယ်ဆိုပေမဲ့ ကုန်ပစ္စည်းအတော်များများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က တိုက်ရိုက်ထိန်းချုပ်ထားပြီး လုံးဝမရောင်းချရတဲ့ပစ္စည်းတွေလည်း ရှိတယ်လို့ ကြားဖူးတယ်။”
“ဝူနိုင်ငံတော်ရဲ့ ကုန်သည်တွေအတွက် ဒါက မမျှတဘူးလို့ ကျွန်မထင်တယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ ကုန်သည်တွေက ဝူနိုင်ငံတော်မှာ ဘယ်လုပ်ငန်းမဆို လုပ်ကိုင်နိုင်ပေမဲ့ ဝူနိုင်ငံတော်ရဲ့ ကုန်သည်တွေက မြောက်ပိုင်းပြည်နယ်ကိုရောက်တဲ့အခါ အကန့်အသတ်မျိုးစုံနဲ့ ကြုံရတယ်။ ဒါက သိသိသာသာကို မမျှတပါဘူး။ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးတော့မှာဆိုတော့ မြောက်ပိုင်းပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းအချို့ကိုလည်း ဝူနိုင်ငံတော်အတွက် ဖွင့်ပေးသင့်ပါတယ်။”
ထိုစကားကိုကြားလိုက်ရသောအခါ လုချန်း ပြုံးမိသည်။ ဝူကျန်းဝမ်သည် ဤသံတမန်ခရီးစဉ်မှ သူမအတွက် အကျိုးအမြတ်မရနိုင်ပါက ဝူမင်းကိုလည်း မရစေလိုဟန် တူသည်။ မြောက်ပိုင်းပြည်နယ်က အချို့အချက်အလက်များကို လက်ခံမည်မဟုတ်ကြောင်း ဝူကျန်းဝမ် ကောင်းကောင်း သိထားပုံလည်းရသည်။
မြောက်ပိုင်းပြည်နယ်သည် လက်ရှိတွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေသောကြောင့် စီမံခန့်ခွဲမှုများ ပိုမိုတင်းကျပ်ပြီး အရာအားလုံးကို ဖွင့်ပေး၍မရနိုင်ပေ။
ဝူကျန်းဝမ်သည် ထိုသဘောတူညီမှု မရနိုင်လောက်သည့် အချက်အလက်များကို ကုန်သွယ်ရေးသဘောတူညီချက်တွင် ထည့်သွင်းရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာတင်ပြနေခြင်းဖြစ်သည်။
သူတို့ငြင်းခုံနေကြစဉ် အထူးကိုယ်ရံတော်တစ်ဦး ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ယနေ့သည် ဝူနိုင်ငံတော်သံတမန်အဖွဲ့နှင့် တွေ့ဆုံရမည့်နေ့ဖြစ်ပြီး အရေးကြီးသောအကြောင်းမရှိပါက အထူးကိုယ်ရံတော်များ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာမည် မဟုတ်ပေ။
လုချန်းရှေ့သို့ရောက်သောအခါ အထူးကိုယ်ရံတော်က သူ့နားကပ်၍ တိုးတိုးလေးပြောလိုက်သည်။
“ နေပြည်တော်က အရေးပေါ်သတင်းရောက်ရှိပါတယ်။ တပ်မှူးနှစ်ဦးလုံးက မင်းသားကို စာကြည့်ခန်းထဲမှာ စောင့်နေကြပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ လျှံဇွန်းနှင့် ချင်ယူရှန်တို့သည် သူ ဝူနိုင်ငံတော်အဖွဲ့နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ဆွေးနွေးနေသည်ကို မသိပဲ နေမည်မဟုတ်ပေ။ ယခုအချိန်တွင် အထူးကိုယ်ရံတော်တစ်ဦးကို စေလွှတ်ခြင်းမှာ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့ခြင်း သို့မဟုတ် နေပြည်တော်ဘက်မှ တစ်စုံတစ်ရာ လှုပ်ရှားမှု ရှိနေခြင်းကြောင့် ဖြစ်လိမ့်မည်။
ထိုသို့ တွေးမိသည်နှင့် လုချန်း ချက်ချင်း ထရပ်လိုက်ပြီး ဝူကျန်းဝမ်အား
“မင်းသမီးကျန်းဝမ်ကို တောင်းပန်ပါတယ်။ အရေးပေါ်ကိစ္စတစ်ခုရှိလို့ သွားရပါတော့မယ်။ ဒီနေ့ ဆွေးနွေးမှုတွေကို ဒီမှာပဲ ရပ်နားကြပါစို့။”
စကားဆုံးသည်နှင့် လုချန်း နိုင်ငံရေးရာ ခန်းမမှ ထွက်သွားတော့သည်။ ထိုအချင်းအရာကို မြင်သောအခါ လုချန်း ဒေါသထွက်၍ ထွက်သွားသည်ဟု ဝူမင်း ထင်မှတ်သွားပြီး
“ကျန်းဝမ် အစ်မ။ ကျွန်တော်တို့ ဖခင် မြောက်ပိုင်းပြည်နယ်ကို စေလွှတ်လိုက်တာက မြောက်ပိုင်းနယ်စားမင်းသားကို ဒေါသထွက်စေဖို့ မဟုတ်ဘူး။”
“အစ်မက ဝူနိုင်ငံတော်အတွက် လုပ်နေတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အစ်မမှာ တခြားရည်ရွယ်ချက်တွေ ရှိနေ တယ်လို့ ခံစားရတယ်။”
ဝူမင်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပဲ ခပ်အေးအေး ပြန်ဖြေလိုက်သည်။
“ အချို့အကျိုးစီးပွားတွေကို ဒီလောက် လွယ်လွယ်ကူကူ အလျှော့ပေးလို့ မရဘူး မောင်ငယ်။ မင်းသားတစ်ပါးဖြစ်ပြီး အိမ်ရှေ့မင်းသားရာထူးအတွက် ပြိုင်ဆိုင်နေသူတစ်ယောက်အနေနဲ့ ဝူနိုင်ငံတော်ရဲ့အကျိုးစီးပွားတွေကို ဒီလိုလွယ်လွယ်နဲ့ စွန့်လွှတ်နိုင်ရင် အဲ့ဒီနေရာအတွက် မယှဉ်ပြိုင်သင့်ဘူး။”
ဝူကျန်းဝမ် စကားဆုံးသည်နှင့် ဝူမင်း နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူလည်း ထရပ်လိုက်ပြီး ခန်းမကြီးထဲမှ ထွက်ခွာသွားတော့သည်။
............