← Chapters

အခန်း ၄၇၈-၄၈၀

Vol. 32 Ch. 478-480

အခန်း ၄၇၈-၄၈၀

Vol. 32 Ch. 478-480

အခန်း (၄၇၈)

ခင်ဗျား ဘာကို ဆိုလိုတာလဲ မြောက်ပိုင်းနယ်စားမင်းသား (၂)

လင်ရှုမင်က စဉ်းစားမိသည်။ စစ်ဗိုလ်ချုပ်ကြီးများပင် ဘက်ရွေးပြီဆိုလျှင် နေပြည်တော်တွင် အတွင်းရေးပဋိပက္ခများကျရောက်လုနီးပြီဟု ဆိုနိုင်သည်။

စစ်ဗိုလ်ချုပ်များသည် ယေဘုယျအားဖြင့် အလွယ်တကူ ဘက်မရွေးတတ်ကြပေ။ အကယ်၍ သူတို့က နိုင်ငံရေးရပ်တည်ချက်တစ်ခုကို ထုတ်ဖော်ပြပါက မင်းသားများသည် စစ်အာဏာကို ရရှိပြီဟု ဆိုလိုသည်။ မင်းသားတိုင်းက စစ်အင်အားကို ထိန်းချုပ်နိုင်ပါက နောက်ဆုံးတွင် အာဏာအတွက် သွေးထွက်သံယိုစစ်ပွဲများ မလွဲမသွေ ဖြစ်ပွားလိမ့်မည်။

ထိုအချိန်တွင် မင်းသားတစ်ဦး၏ ဂိုဏ်းဝင် အရာရှိတစ်ဦး လင်ရှုမင်ထံ ချဉ်းကပ်လာသည်။

“မင်းသားကြီးက နေ့ခင်းပိုင်းကျရင် နွေဦးလပြည့်စားသောက်ဆိုင်မှာ ဧည့်ခံပွဲကျင်းပမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်လင်ကို တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။”

ထိုစကားကို ကြားသော လင်ရှုမင်က ပြုံးလိုက်သည်။ ယခုအခါတွင် လူဆွယ်ခြင်းသည် ပွင့်ပွင့်လင်းလင်းဖြစ်လာပြီ။ ယခင်က မင်းသားများသည် စစ်အင်အားထိန်းချုပ်ထားသော ဗိုလ်ချုပ်တစ်ဦးအား ဧည့်ခံပွဲ မဖိတ်ရဲကြပေ။ အကြောင်းမှာ ထိုသို့လုပ်လျှင် သူတို့တွင် ပုန်ကန်ရန် အတွေးများရှိသည်ဟု လူများ သံသယဝင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

လင်ရှုမင်က

“မင်းသားကြီးရဲ့ ဖိတ်ကြားမှုကို အထူးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်မှာ အခြားအစီအစဉ်တွေ ရှိနေလို့ ငြင်းပယ်ရပါမယ်။”

ထိုစကားကို ကြားသော် အရာရှိ အံ့အားသင့်ခြင်းမရှိပေ။ လင်ရှုမင်၏ အနေအထားသည် အထူးခြားဆုံးဖြစ်ပြီး သူ့ကို စည်းရုံးရန်မှာ အစကတည်းက လွယ်ကူသော အလုပ်မဟုတ်ပေ။

ထို့နောက် အရာရှိလည်း မင်းသားထံ ပြန်သွားပြီး

“ဗိုလ်ချုပ်လင်မှာ အခြားကိစ္စ ရှိနေလို့ မတက်ရောက်နိုင်ပါဘူး မင်းသားကြီး။”

မင်းသားက အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ဒီအခြေအနေအထိ ရောက်နေပေမဲ့ လင်မိသားစုက ဘာရပ်တည်ချက်ကိုမှ မပြသေးဘူးပဲ။ ဝန်ကြီးချုပ်လင်က ရလဒ်တစ်ခုကို စောင့်ပြီးမှ ရွေးချယ်မယ်ထင်တယ်။”

ထိုစကားကို ပြောပြီးနောက် မင်းသားက ရယ်လိုက်သည်။

“တကယ့်ကို လိမ္မာပါးနပ်တဲ့ မြေခွေးအိုကြီးပါလား။ ဒါပေမဲ့ နှစ်ဖက်ခွထိုင်တတ်သူတွေဟာ နောက်ဆုံးမှာ အရေးကြီး တာဝန်‌တွေအတွက် အယုံကြည် မခံရတော့ဘူး။”

မင်းသားလည်း ထိုအကြောင်းကို ဆက်လက်မတွေးတော့ပေ။ လင်မိသားစုကို ခြံစည်းရိုး ခွထိုင်ချင်သူများအဖြစ် သူမှတ်ယူလိုက်၏။ သူတို့သည် ဘယ်မင်းသားကိုမှ ထောက်ခံမှုအပြည့်အဝ မပေးဟုလည်း ယူဆလိုက်သည်။

လင်ကောင်းယွမ် ဘက်မလိုက်ပဲနေခြင်းသည် သူ့အတွက် အနည်းငယ်အကျိုးရှိသည်။ ဆိုလိုသည်မှာ လင်ကောင်းယွမ်သည် သူ့ဘက်မှ မရပ်တည်သော်လည်း အခြားမင်းသားများကိုလည်း မထောက်ခံသဖြင့် လင်ကောင်းယွမ်၏ အကူအညီကြောင့် ဘယ်မင်းသားမှ အင်အားမကြီးထွားနိုင်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် လင်ကောင်းယွမ်သည် နန်းတွင်းတွင် အတော်အတန် ဂုဏ်သတင်းရှိပြီး သူ၏ကိုယ်ပိုင်ဂိုဏ်းကိုလည်း ဦးဆောင်နေသည်။ အကယ်၍ သူက မင်းသားတစ်ပါးကို ရှင်းရှင်းလင်းလင်း ထောက်ခံပါက သူ၏ဂိုဏ်းဝင် အရာရှိများသည်လည်း ထိုမင်းသားကို ထောက်ခံကြမည်မှာ သေချာသည်။

ယခုအခါတွင် လင်ကောင်းယွမ်က မည်သူ့ကိုမှ ရှင်းရှင်းလင်းလင်း ထောက်ခံမှုမပြုသေးသဖြင့် မင်းသားများအနေဖြင့် လင်ကောင်းယွမ်၏ ဂိုဏ်းဝင် အရာရှိများကို ဆွဲဆောင်ရန် အခွင့်အလမ်းရှိနေသေးသည်။

ထိုအတောအတွင်း...

စိတ်နှလုံး ခန်းမ။

ဆွမ်ဧကရာဇ်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး မျက်နှာဖြူဖတ်ဖြူလျော်ဖြင့် အသက်ထွက်လုနီးပါး အခြေအနေတွင် ရှိနေသည်။

လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့သည် နဂါးအိပ်ရာ၏ အပြင်ဘက်တွင် ရပ်နေပြီး နောက်ဆုံးရသတင်းများကို လျှောက်ထားနေကြသည်။

ထိုအချိန်တွင် ဆွမ်ဧကရာဇ်က

“မြောက်ပိုင်းက သတင်း ရှိလား”

ဟု မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ မြောက်ပိုင်းမင်းသား၏ လှုပ်ရှားမှုများကို ဆွမ်ဧကရာဇ် မေးနေခြင်းဖြစ်ကြောင်း ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့သည် နားလည်သွားကြသည်။ ကျောင်းဝမ်ဟန်က

“ဟုတ်ကဲ့ပါ မင်းကြီး။ မကြာသေးမီက မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တွေ ဆွေးနွေးနေကြောင်း အစီရင်ခံထားပါတယ်။”

ထိုစကားကို ကြားတော့ ဆွမ်ဧကရာဇ် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာ၏။ ထိုသတင်းကြောင့် သူအလွန်ဒေါသထွက်နေ ပုံရသည်။

ထိုမြင်ကွင်းကို မြင်ရသောအခါ ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ တသံတည်း အော်ဟစ်လိုက်ကြသည်။

“ကျေးဇူးပြု၍ ကျန်းမာရေးကို ဂရုစိုက်ပါ မင်းကြီး။”

နှစ်ကြိမ်တိတိ ချောင်းဆိုးပြီးနောက် ဆွမ်ဧကရာဇ်က

“ကျုပ်အဆင်ပြေတယ်”

ဟုတုံ့ပြန်လိုက်သည်။

ထို့နောက် ဆွမ်ဧကရာဇ်က အေးစက်စွာ နှာခေါင်းလိုက်ရှုံ့ပြီး

“ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးတာဟာ ဝူနိုင်ငံတော်နှင့် ကိုယ်ပိုင်ဆက်ဆံရေး တည်ဆောက်တာနဲ့ ဘာကွာလို့လဲ။ ဒီမိုက်မဲတဲ့သားက ကျုပ်ကို ပိုပြီးမထီမဲ့မြင်ပြုလာတယ်။”

ထို့နောက် ဆွမ်ဧကရာဇ်က ထပ်မေးသည်။

“တောင်ပိုင်းက တပ်တွေကို ချိီပြည်နယ်ထဲ ရွှေ့ပြောင်းပြီးပြီလား။”

ကျောင်းဝမ်ဟန်က

“ချီပြည်နယ် နယ်စပ်ကို ရောက်ရှိနေပါပြီ ရက်အနည်းငယ်အတွင်း ချီနယ်မြေအတွင်းသို့ ဝင်ရောက်ပါမယ်”

ဟု ဖြေကြားလိုက်သည်။

ဆွမ်ဧကရာဇ်က

“ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်ကို အမှန်တကယ် မရောက်သေးဘူးဆိုတဲ့ အသံတွေ မကြာမီသေးခင်က နေပြည်တော်မှာ ကြားလာရတယ်။ ခင်ဗျားတို့ရော ကြားကြလား”

ဟု မေးမြန်းလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ဆွမ်ဧကရာဇ် အဘယ်ကြောင့် ယခုအချိန်တွင် ဤကိစ္စကို ထုတ်ဖော်ပြောဆိုနေမှန်း သူတို့ မသိကြပေ။ မြောက်ပိုင်းပြည်နယ်ကို အရေးယူဖို့ အစီအစဉ်ရှိနေလို့လား။

ဒီလိုအချိန်မှာ လှုပ်ရှားမလို့လား။

ဆွမ်ဧကရာဇ်ကိုယ်တိုင်ပင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါလျက် မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးဖို့ စဉ်းစားနေသေးတာလား။

ကျောင်းဝမ်ဟန်က ချက်ချင်းပင်

“အဲ့ဒီ ကောလာဟလကို ကျွန်တော်တို့လည်း ကြားဖူးပါတယ်။ ဒါပေမဲ့ နန်းတွင်းကို သတိလျှော့စေဖို့ ရည်ရွယ်ချက်နဲ့ ဖြန့်ထားတဲ့ သတင်းလို့ ကျွန်တောိယုံကြည်ပါတယ်။”

ဆွမ်ဧကရာဇ်က အမိန့်ထုတ်လိုက်သည်။ “မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ပုန်ကန်မှုကို နှိမ်နင်းဖို့ တပ်‌တွေ အဆင်သင့်ပြင်ထားပါ။”

ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က တသံတည်း

“မင်းကြီးရဲ့ အမိန့်အတိုင်းပါ။”

ထိုအချိန်တွင် ကျောင်းဝမ်ဟန်က

“နန်းတွင်းမှာ အလွန်မငြိမ်မသက်ဖြစ်နေပြီး အရာရှိတွေက နန်းတွင်းကို တည်ငြိမ်စေဖို့အတွက် အိမ်ရှေ့မင်းသား အမြန်တင်မြှောက်ဖို့ အကြံပြုထားကြပါတယ် မင်းကြီး။”

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် ပြင်းထန်စွာ ချောင်းဆိုးပြန်သည်။ ကျောင်းဝမ်ဟန် တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် ဆွမ်ဧကရာဇ်က

“အိမ်ရှေ့မင်းသား ခန့်ပါ။အိမ်ရှေ့မင်းသား ခန့်ပါ.... အမြဲတမ်း အိမ်ရှေ့မင်းသား ခန့်ဖို့ပဲ။ ရှုယွမ် ပုန်ကန်တာ မကြာသေးဘူး အခု ကျုပ်ကို အိမ်ရှေ့မင်းသား ခန့်ဖို့ ခင်ဗျားတို့က တိုက်တွန်းနေကြတယ်။ ကျုပ်ကိုစောစော သေစေချင်နေကြတာလား။”

ကျောင်းဝမ်ဟန် အလျင်အမြန် ဒူးထောက်ကာ

“ကျွန်တော် ဒီလို ရည်ရွယ်တာ မဟုတ်ပါဘူးမင်းကြီး။ နန်းတွင်းမှာ ဆက်လက် ရှုပ်ထွေးနေရင် ပိုကြီးမားတဲ့ ဘေးအန္တရာယ်တွေ ဖြစ်လာမှာကိုပဲ ကျွန်တော် စိုးရိမ်မိပါတာပါ။”

ကျောင်းဝမ်ဟန်၏ စကားကို ကြားပြီးနောက် ဆွမ်ဧကရာဇ် နှာခေါင်းရှုံ့လိုက်သည်။

“ဘေးအန္တရာယ်... ဟုတ်လား။ ဘယ်လို ဘေးအန္တရာယ်လဲ။ တစ်ယောက်ယောက်က ထပ်ပုန်ကန်ဖို့ စီစဉ်နေတာလား။”

“ခင်ဗျားတို့ နှစ်ယောက်စလုံး ပြန်သွားပြီး အဲ့ဒီဝန်ကြီးတွေကို ပြောလိုက်။ ကျုပ် မသေသေးဘူး။ ကျုပ်က အိမ်ရှေ့မင်းသားကို ဒီလောက်စောစော ခန့်မှာ မဟုတ်ဘူး။ သူတို့ရဲ့ သေးသိမ်တဲ့ အတွေးတွေကို သူတို့စိတ်ထဲမှာပဲ သိမ်းထားဖို့ ပြောလိုက်။”

ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က တစ်ညီတညွတ်တည်း

“အမိန့်တော်အတိုင်းပါ မင်းကြီး။”

ဆွမ်ဧကရာဇ်က လက်ကာပြလိုက်သည်။ “တခြား ဘာမှ မရှိရင် ခင်ဗျားတို့ သွားနိုင်ပြီ”

“ခွင့်ပြုပါ မင်းကြီး”

ထို့နောက် လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့ စိတ်နှလုံး ခန်းမမှ ထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ဆွမ်ဧကရာဇ်က သူ့ဘာသူ ခပ်တိုးတိုးလေး ပြောလိုက်သည်။

“နောက်ဆုံးတော့ တချို့က ငြိမ်ငြိမ်မနေနိုင်တော့ဘူး။ ဒီအချိန်မှာ ဘယ်နှစ်ယောက် ပေါ်လာမလဲဆိုတာ သိချင်တယ်”

...

ရှနိုင်ငံတော်အတွင်းး။

ကျောက်ပြည်နယ်၏ မြို့တော်တွင်။

ခန်းမကြီးတစ်ခုအတွင်းရှိ ပလ္လင်ပေါ်တွင် အမျိုးသားတစ်ဦး ထိုင်နေပြီး ဒူးထောက်နေသော စစ်သားတစ်ဦး၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

.........

အခန်း (၄၇၉)

ခင်ဗျား ဘာကို ဆိုလိုတာလဲ မြောက်ပိုင်းနယ်စားမင်းသား (၃)

“ဟားဟားဟား။ ကျုပ်ရဲ့ ချစ်လှစွာသော ညီအစ်ကိုတော် ဧကရာဇ်ကြီးလည်း နောက်ဆုံးအချိန်ကို ရောက်လာပြီနဲ့တူတယ်။ အဲ့ဒီ ပလ္လင်ပေါ်မှာ နှစ်ပေါင်းများစွာ ထိုင်ခဲ့ပြီးပြီဆိုတော့ ဆင်းပေးဖို့ အချိန်တန်ပြီပဲ။”

“ချင်းဖုန်းကို ချက်ချင်း စစ်တပ်စုစည်းဖို့ အမိန့်ပေးလိုက်။ ကျုပ် နေပြည်တော်ကို သွားပြီး ကျုပ်ရဲ့ညီအစ်ကို ဧကရာဇ်ကြီးကို သွားတွေ့မယ်။”

ထိုအချိန်တွင် ခန်းမအတွင်းရှိ ဝန်ကြီးတစ်ဦးက အလျင်အမြန် သတိပေးလိုက်သည်။

“မလုပ်သင့်ပါဘူး မင်းသား။ လက်ရှိအခြေအနေက မရှင်းမလင်း ဖြစ်နေတုန်းပါပဲ။ မင်းကြီး အသက်ကုန်ခါနီးနေပြီလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အခု စစ်တပ်စေလွှတ်မယ်ဆိုရင် နန်းတွင်းရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားနိုင်ပါတယ်”

ထိုအခါ ကျောက်နယ်စားက လှောင်ပြောင်သောအသံဖြင့်

“ထောင်ချောက် ဟုတ်လား။ ဘယ်လို ထောင်ချောက်မျိုး ရှိနိုင်မှာလဲ။ နန်းတွင်းက ထိပ်တန်းစစ်သည်တွေ အကုန်လုံး မြောက်ပိုင်းပြည်နယ်ကို ခုခံဖို့ ချီပြည်နယ်ကို စေလွှတ်ထားပြီ။ အခုနေ နေပြည်တော်ကို သိမ်းပိုက်ဖို့ အခွင့်အရေးကို မယူဘူးဆိုရင် တခြားနယ်စားတွေ လက်ဦးသွားမှာ စိုးရိမ်ရတယ်။ အဲ့ဒီအချိန်ကျရင် အဲ့ဒီနေရာနဲ့ ကျုပ်ဘာမှ ပတ်သက်မှု ရှိမှာ မဟုတ်တော့ဘူး”

ဝန်ကြီးက ဆက်၍

“မကြာသေးခင်က ကောလာဟလတွေ ထွက်နေတာက မြောက်ပိုင်းပြည်နယ်မှာ တွေ့ရတဲ့ ဖြစ်စဉ်တွေနဲ့ အလားတူ ဖြစ်စဉ်တစ်ခု နန်းတော်ထဲမှာ ပေါ်ထွက်လာပြီး ကောင်းကင်လူသားအဆင့် တစ်ယောက် ပေါ်ထွက်လာပြီလို့ ပြောပါတယ်။ ဒါသာ မှန်တယ်ဆိုရင် အဲ့ဒီကောင်းကင်လူသား တကယ်ရှိနေတယ်ဆိုရင် ကျွန်တော်တို့ နေပြည်တော်ကို ဝင်နိုင်ရင်တောင် အဲ့ဒီ ကောင်းကင်လူသားကို အနိုင်ယူဖို့ အရမ်း ခက်ခဲပါလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ကျောက်နယ်စားက မယုံကြည်နိုင်စွာဖြင့်

“ကောင်းကင်လူသားအဆင့် ဟုတ်လား။ ဟားဟားဟား.... နေပြည်တော်မှာ ကောင်းကင်လူသားတစ်ယောက် ပေါ်ထွက်လာတာကို ခင်ဗျားတို့ တကယ် ယုံတာလား။”

“ဒါက ကျုပ်ညီအစ်ကိုတော် ဧကရာဇ် ထုတ်ပြန်တဲ့ သတင်းအတုပဲ။ သူက သေလုမြောပါး ဖြစ်နေပြီဆိုတော့ နယ်စား မင်းသားတွေ ပုန်ကန်မှာကို ကြောက်လို့ တော်ဝင်မိသားစုမှာ ကောင်းကင်လူသားတစ်ပါး ပေါ်ထွက်လာတယ်လို့ လိမ်ညာပြီး နယ်စားပြည်နယ်တွေကို ဟန့်တားထားတာပဲ။”

“ကျုပ်သူ့ အကြောင်း ကောင်းကောင်းသိတယ်”

“ကောင်းကင်လူသားအဆင့်က ဟင်းရွက်ကန်စွန်း မဟုတ်ဘူး။ အဲ့ဒီအဆင့်ကို ရဖို့က ဒီလောက် လွယ်တာ မဟုတ်ဘူး”

“ တကယ်လို့ တော်ဝင်မိသားစုက တစ်စုံတစ်ယောက်က ကောင်းကင်လူသားအဆင့်ကို တက်လှမ်းခဲ့တယ်ဆိုရင် တော်ဝင်မိသားစုထဲ့က အသက်ကြီးပိုင်း တစ်ယောက်ယောက်ပဲ ဖြစ်နိုင်တယ်။ အဲ့ဒီအသက်ကြီးပိုင်းတွေက ဆွမ်ဧကရာဇ်အသစ် ဘယ်သူဖြစ်လာမလဲဆိုတာ ဂရုစိုက်မှာ မဟုတ်ဘူး။ ရှနိုင်ငံတော်ကိုက လုမျိုးနွယ်ဆက်ထိန်းထားသမျှ သူတို့က အလွန်အမင်း ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။”

“ကျုပ်ညီအစ်ကိုတော် နန်းတွင်းအာဏာလုတုန်းက သူ့ညီအစ်ကို မောင်နှမတွေကို အများကြီး သတ်ခဲ့ပေမဲ့ အဲ့ဒီ အသက်ကြီးပိုင်း စွမ်းအားရှင်တွေ တစ်ယောက်မှ မထွက်လာခဲ့ဘူး။”

ထိုစကားကိုပြောပြီးနောက် ကျောက်နယ်စား ခိုင်မာစွာပြောဆိုလိုက်သည်။

“ခင်ဗျားတို့ နောက်ထပ်ဘာမှမပြောနဲ့တော့။ ကျုပ်ပြောတဲ့အတိုင်း လုပ်ဖို့ပဲလိုတယ်။”

ကျောက်နယ်စား ထိုမျှ ခေါင်းမာနေသည်ကို မြင်သောအခါ ခန်းမထဲက အခြားဝန်ကြီးများ ဘာမှ ထပ်မပြောတော့ပေ။

နောက်ပိုင်းတွင် ကျောက်ပြည်နယ်၌ ပြင်ဆင်မှုများ စတင်ခဲ့သည်။ စစ်သည်အရေအတွက် ကန့်သတ်ချက် အမိန့်ကို ဆန့်ကျင်ပြီး စစ်အင်အားကို ပြောင်ပြောင်တင်းတင်း တိုးချဲ့လာခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကိုလည်း ဆက်လက် စုဆောင်းခဲ့သည်။

ကျောက်ပြည်နယ်၏ လှုပ်ရှားမှုများသည် အလွန်ထင်ရှားခဲ့သည်။ အခြားသော နယ်စားပြည်နယ်များက သူတို့၏လုပ်ရပ်များကို သတိထားမိလာကြသည်။ ကျောက်ပြည်နယ်၏ တပ်ဖွဲ့များ စုစည်းနေသည်ကို မြင်သောအခါ ကျောက်ပြည်နယ်၏ရည်ရွယ်သည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။

ကျောက်ပြည်နယ်က စစ်အင်အား တိုးချဲ့နေသည်ဆိုလျှင် သူတို့လည်း ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ်ခံရမှာလား။ ဆွမ်ဧကရာဇ် ပြန်လည်ကျန်းမာလာလျှင်‌တောင် သူတို့ကို အပြစ်ပေးမည်မဟုတ်ဟု နယ်စားများ ယုံကြည်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဥပဒေသည် လူအများအပြားကို အပြစ်မပေးနိုင်ပါ။ ထိုမျှများပြားသော နယ်စားများ စစ်အင်အား တိုးချဲ့နေပါက ဆွမ်ဧကရာဇ် အနေနှင့် သူတို့အားလုံးကို ရာထူးမှ ထုတ်ပယ်နိုင်မည် မဟုတ်ပါ။

ဆွမ်ဧကရာဇ် ထိုသို့ လုပ်ဆောင်မည် ဆိုပါကရှနိုင်ငံတော် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်သည်။

ဟုတ်ပါသည်။ နယ်စားများ စစ်အင်အား တိုးချဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က စစ်အင်အား တိုးချဲ့ချင်ရုံသက်သက်တော့ မဟုတ်‌ပါ။ နေပြည်တော်ကို သိမ်းပိုက်ဖို့ ကြိုးစား‌နေကြခြင်းသာဖြစ်၏။ အမြင့်ဆုံးရာထူးဖြစ်သော ဧကရာဇ်ရာထူးကို မလိုချင်သူ ဘယ်သူရှိနိုင်မလဲ။

တိုတောင်းသောကာလအတွင်း နယ်စားများ၏ လှုပ်ရှားမှုများမှာ ပိုမိုကျယ်ပြန့်လာပြီး ရှနိုင်ငံတော်၏ လှုပ်ခတ်မှု အစပြုတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။ သို့သော် ဆွမ်ဧကရာဇ်ဘုရင်ဘက်မှ လှုပ်ရှားမှု တစ်စုံတစ်ရာမျှ မရှိသေးပေ။ အိမ်ရှေ့မင်းသားကိုလည်း မခန့်အပ်သေးသလို နယ်စားများ စစ်အင်အားတိုးချဲ့မှုကိုလည်း မတားမြစ်သေးပေ။ ဧကရာဇ်၏ နာမကျန်းမှုက အမိန့်ပေးနိုင်တော့သည့် အခြေအနေပင် မရှိတော့ဟု ထင်ရသည်။

အချို့ကမူ ဆွမ်ဧကရာဇ် အသက်ရှင်နေသေးရဲ့လားဟု သံသယရှိလာကြသည်။ မဟုတ်ပါက နယ်စားများအား ဤမျှလောက် လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုမည် မဟုတ်ပေ။

.....

မြောက်ပိုင်းပြည်နယ်။

နိုင်ငံရေးရာခန်းမ။

ယနေ့သည် မြောက်ပိုင်းပြည်နယ်နှင့် ဝူနိုင်ငံတော်တို့ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည့်နေ့ဖြစ်သည်။ ဤအချိန်တွင် ဝူကျန်းဝမ်၏ဘေးတွင် ထိုင်နေသော ဝူမင်း အတန်ငယ်စိတ်လှုပ်ရှားနေသည်။ ဝူနိုင်ငံတော်သံတမန်အဖွဲ့သည် နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်၏ သဘောတူညီချက်များကို လက်ခံလိုက်ပြီဖြစ်ရာ သူ၏သံတမန်ရေးရာအောင်မြင်မှု သူ၏လက်ထဲမှ လွတ်ထွက်တော့မည်ဟု ထင်ရသည်။

ထိုသို့တွေးရင်း ဝူမင်းခေါင်းအနည်းငယ် စောင်းလိုက်ပြီး ဝူကျန်းဝမ်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းများ အနည်းငယ်ကွေးညွှတ်သွားကာ ပြုံးလိုက်သည်။

သို့သော် ထိုအချိန်တွင် လုချန်းက

“မင်းသမီးကျန်းဝမ်မှာ ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ပြီး ကန့်ကွက်စရာ မရှိတော့ဘူးဆိုရင် မင်းသမီး လက်မှတ်ထိုးပေးဖို့ပဲ လိုပါတော့မယ်။”

ထို့နောက် ခန်းမ၌ရှိသော စစ်သည်များက ကုန်သွယ်ရေးသဘောတူညီချက်စာရွက်ကို ဝူကျန်းဝမ်ရှေ့တွင် တင်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဝူမင်း ခဏခန့် ငေးမောသွားသည်။

ဘာဖြစ်နေတာလဲ။

မြောက်ပိုင်းမင်းသားက သူ့အား လက်မှတ်ထိုးခွင့်ပြုမည်ဟု မပြောခဲ့ဘူးလား။

သတိပြန်ရသောအခါ ဝူမင်းသည် အလွန်ဒေါသထွက်သွားပြီး

“မြောက်ပိုင်းနယ်စားမင်းသား။ ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းမယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ” ဟု‌ ဒေါသတကြီး ‌အော်ဟစ်လိုက်သည်။

လုချန်းက ပြုံးလျက်

“တောင်းပန်ပါတယ် မင်းသား ဝူမင်း။ ဒါပေမဲ့ ဒီသဘောတူညီချက်ရဲ့ အချက်အလက်တွေကို ကျွန်တော်နဲ့ မင်းသမီးကျန်းဝမ်တို့က အဓိက ဆွေးနွေးခဲ့တာဖြစ်ပြီး ခင်ဗျားနဲ့ သိပ်မဆိုင်ပါဘူး။ ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီး မင်းသမီး လက်မှတ်ထိုးတာ ပိုသင့်တော်မယ်လို့ ကျွန်တော် ထင်ခဲ့တာပါ”

ဟု ပြန်ဖြေရှင်းလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် ဝူမင်း အခြေအနေကို ချက်ချင်းနားလည်သွားသည်။ ဝူကျန်းဝမ်နှင့် မြောက်ပိုင်းမင်းသားတို့သည် တိတ်တဆိတ် သဘောတူညီမှုတစ်ခုခုရရှိထားပြီး လက်မှတ်ရေးထိုးမည့်သူကို နောက်ဆုံးအချိန်တွင် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

ထိုသို့တွေးမိသော ဝူမင်း ဒေါသထွက်သွားကာ ဝူကျန်းဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဤစက်ဆုပ်ဖွယ်ကောင်းသော အမျိုးသမီး.....

မြောက်ပိုင်းပြည်နယ် သံတမန်ရေးရာအောင်မြင်မှုသည် သူ့အတွက် ဖြစ်သင့်ပြီး ယခုအခါတွင် သူမက ထိုအောင်မြင်မှုကို ခိုးယူသွားခဲ့သည်။

မဖြစ်သင့်ပါ။

သူ ဒီလိုလွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ပါ။

ဝူကျန်းဝမ်ပင် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို အချိန်ဆွဲရန် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုနိုင်ခဲ့ပါက သူကောဘာလို့မလုပ်နိင်ရမည်နည်း။

ထိုအတွေးနှင့်အတူ ဝူမင်းက

“ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အချက်အလက်တစ်ချို့နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ကန့်ကွက်စရာ ရှိပါတယ်။”

“အချို့အချက်အလက်တွေက ဝူနိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့ကို ထပ်မံ ဆွေးနွေးဖို့ လိုပါတယ်”

ဝူမင်း စကားဆုံးသည်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်လည်သုံးသပ်နေသော ဝူကျန်းဝမ်က မျက်နှာအမူအရာမ မပါပဲ

“ဒုက္ခမရှာပါနဲ့ မောင်ငယ်”

ဝူမင်း ဆက်ပြောရန် ပြင်ဆင်နေစဉ် သူ့ဘေးမှ အဖိုးအိုက

“ကုန်သွယ်ရေးသဘောတူညီချက်ကို မင်းသမီးကျန်းဝမ်နဲ့ မြောက်ပိုင်းနယ်စားမင်းသားတို့ ပူးပေါင်းပြီး ရေးဆွဲခဲ့တာဖြစ်လို့ ပြဿနာ ဘာမှ မရှိနိုင်တာ သေချာပါတယ် မင်းသား။ မင်းသမီးက ဝူနိုင်ငံတော်ရဲ့ အကျိုးစီးပွားကို သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

..........

အခန်း (၄၈၀)

စစ်မြေပြင်မှာ ဘယ်တော့မှ မတွေ့ဆုံကြပါစေနဲ့ (၁)

ဘေးနားက အဖိုးအို၏စကားကိုကြားလိုက်ရသည်နှင့် ဝူမင်း၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။ ထိုအဖိုးအိုသည် သူ၏ဖခင်ဧကရာဇ်က သူ့ကိုကာကွယ်ရန်နှင့် စောင့်ကြည့်ရန် စေလွှတ်ထားသူဖြစ်သည်။

ထိုအဖိုးအို၏ သဘောထားသည် ဖခင်ဧကရာဇ်၏သဘောထားကို ကိုယ်စားပြုသည်။ အဖိုးအိုက ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်၏အကျိုးစီးပွားကို သစ္စာမဖောက်နိုင်ဟုဆိုခြင်းမှာ ကုန်သွယ်ရေးသဘောတူညီချက်တွင် ပြဿနာမရှိဟု ဆိုလိုခြင်းဖြစ်သည်။

အဖိုးအိုက သူ့အား မလိုလားအပ်သောအရာများမလုပ်မိစေရန် သတိပေးနေခြင်းဖြစ်သည်။

ဝူမင်းလည်း နားလည်၏။ အကယ်၍ သူဆက်လက် နှောက့်ယှက်၍ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်မထိုးဖြစ်ပါက ဝူနိုင်ငံတော်သို့ပြန်ရောက်သည့်အခါ ဖခင်ဧကရာဇ်၏ အပြစ်ပေးခံရမည်မှာ မလွဲဧကန်ဖြစ်သည်။

ထိုသို့တွေးမိရင်း ဝူမင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ကောင်းပြီ။ ကျွန်တော် ဒီဖြစ်ရပ်ကို မှတ်ထားမယ်။”

ပြောပြီးသည်နှင့် ဝူမင်း ရုတ်တရက် ပြန်ထိုင်လိုက်ပြီး နောက်ထပ်စကားမပြောတော့ပေ။

ဝူမင်း ဒေါသထွက်နေတာကို မြင်တော့ လုချန်းက ပြုံးလိုက်သည်။ ဒါက သူ လိုချင်တဲ့ အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ သူသည် ဝူမင်းအား ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးခွင့်ပေးရန် မည်သည့်အခါကမှ ရည်ရွယ်ခဲ့ခြင်းမရှိပေ။

ဝူမင်းကို လက်မှတ်ထိုးသင့်သည်ဟု လုချန်းက အကြံပြုခဲ့ခြင်းက သူလက်လှမ်းမီနိုင်သော အောင်မြင်မှုကို ဝူကျန်းဝမ်က မသမာသောနည်းလမ်းဖြင့် ခိုးယူလိုက်သည်ဟု ယုံကြည်စေရန်ဖြစ်ပြီး သူတို့ကြားမှ ပဋိပက္ခကို ပိုမိုကြီးထွားစေကာ ဝူနိုင်ငံတော်အတွင်း အတွင်းရေး ပြဿနာများစေရန်ဖြစ်သည်။

ရှနိုင်ငံတော်၏ အခြေအနေမှာ အတန်ငယ်စိုးရိမ်ဖွယ်ဖြစ်နေပြီး ဝူနိုင်ငံတော်ကိုလည်း ရှုပ်ထွေးစေရမည်။ ဝူနိုင်ငံတော် ရှုပ်ထွေးနေမှသာ ရှနိုင်ငံတော်တွင်း ပြည်တွင်းစစ်ဖြစ်နေစဉ် ပြင်ပမှ ခြိမ်းခြောက်မှုမရှိပဲ နေနိုင်မည်ဖြစ်သည်။

ပြင်ပခြိမ်းခြောက်မှုမရှိပါက ရှနိုင်ငံတွင်း ပြင်းထန်သော ပြည်တွင်း ပဋိပက္ခများ ဖြစ်နေစေကာမူ မိမိတို့ပြည်သူချင်းအချင်းချင်း ကိစ္စသာဖြစ်နေဦးသည်။

သို့သော်...

ရှနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေစဉ် ဝူနိုင်ငံတွင်း ပြဿနာမရှိပါက ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို တိုက်ခိုက်လာနိုင်ပြီး အတွင်းအပြင် ဖိအားနှစ်မျိုးလုံးကြောင့် ရှနိုင်ငံတော် ပြိုလဲသွားနိုင်သည်။

လုချန်းသည် ဆက်လက်၍ မထင်မရှားနေရန် အစီအစဉ်ရှိသော်လည်း ယခုအချိန်တွင် ရှနိုင်ငံတော် ဝူနိုင်ငံတော်လက်ချက်ဖြင့် ပျက်စီးသွားသည်ကိုတော့ မမြင်လိုပေ။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် ကုန်သွယ်ရေးသဘောတူညီချက်ပေါ်တွင် လက်မှတ်ရေးထိုးပြီး သူမ၏တံဆိပ်ကို နှိပ်လိုက်သည်။ လုချန်းဘက်တွင်လည်း မင်းသားစံအိမ် တံဆိပ်ကို နှိပ်ပြီးပြီဖြစ်သည်။

ထို့‌နောက် နှစ်ဖက်စလုံးက စာချုပ်လိပ်များကို လဲလှယ်ခဲ့ကြသည်။ နှစ်ဖက်စလုံ ဒုတိယစာချုပ်တွင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်ပြီးနောက် လုံခြုံစွာထိန်းသိမ်းထားရန် ပြန်လည်လဲလှယ်ခဲ့ကြသည်။

လုချန်းက ပြုံးပြီး

“ဝူနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်တို့ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် မင်းသမီး။”

ဝူကျန်းဝမ်က ကျက်သရေရှိစွာ ပြုံးလိုက်ပြီး

“ဟုတ်ကဲ့။ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေ”

သူတို့၏ စကားပြောသံကို ကြားသောအခါ ဝူမင်းလည်း စိတ်ထဲမှ “ဒီသောက် ‌‌စုံတွဲက” ဟု ကျိန်ဆဲလိုက်သည်။

သို့သော် စိတ်မသက်မသာဖြစ်နေသော်လည်း ဝူမင်း အခုအချိန်တွင် မနှောင့်ယှက်ပဲ နေလိုက်သည်။

ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးပြီးသည်နှင့် ဝူနိုင်ငံတော်ကိုယ်စားလှယ်အဖွဲ့ဝင်များအတွက် ဧည့်ခံပွဲတစ်ခုကို နိုင်ငံရေးဆိုင်ရာခန်းမ၌ ထပ်မံကျင်းပပေးခဲ့သည်။

နေ့လယ်စာဧည့်ခံပွဲပြီးဆုံးသွားသောအခါ ဝူမင်းသမီး ဝူကျန်းဝမ်နှင့် အဖွဲ့လည်း မြောက်ပိုင်းပြည်နယ်တွင် ကြာမြင့်စွာနေထိုင်ပြီး ဝူနိုင်ငံတော်သို့ ပြန်လည်ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဝူကျန်းဝမ် ထွက်ခွာတော့မည့်အချိန်တွင် စစ်သားတစ်ဦးက ချဉ်းကပ်လာပြီး

“မင်းသမီး။ ကျွန်တော့်သခင် မင်းသားက မင်းသမီးနဲ့ နှစ်ယောက်တည်း တွေ့ဆုံဖို့ ဆန္ဒရှိပါတယ်။”

ဝူကျန်းဝမ် အနည်းငယ်အံ့အားသင့်သွားသည်။

ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို လက်မှတ်ထိုးပြီးဖြစ်သည်။ အခု နှစ်ယောက်တည်းတွေ့ဆုံစရာ အကြောင်းမရှိတော့ပေ။

သို့သော် မြောက်ပိုင်းမင်းသားအား ထိုအခွင့်အရေးပေးရန် ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ ဒီလူငယ် ဘာလုပ်ဖို့ ရည်ရွယ်နေလဲဆိုတာ သူမ သိချင်သည်။

ထို့နောက် ဝူကျန်းဝမ်က

“ကောင်းပြီ။ လမ်းပြပေးပါ”

ထို့နောက် မင်းသားစံအိမ်မှ စစ်သားသည်

ဝူကျန်းဝမ်ကို စံအိမ်၏ အပြင်ဘက်ခြံဝင်းသို့ ခေါ်သွားသည်။ ပေဟုန်လည်း သူမနောက်မှ ကပ်လိုက်သွားသည်။ သူတို့ ခြံဝင်းထဲသို့ ဝင်ခါနီးတွင် စစ်သားက ပေဟုန်အား

“ကျေးဇူးပြုပြီး ဝင်ပေါက်မှာ စောင့်ပါ အဖိုး။ မင်းသားက မင်းသမီးနဲ့ သီးသန့်စကားပြောလိုပါတယ်။”

ထိုစကားကြောင့် ပေဟုန် ခဏခန့် ကြောင်သွားသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး

“ကျွန်တော်က မင်းသမီးရဲ့ ကိုယ်ရံ‌တော်ပါ။ သူ ဘယ်သွားသွား သူရဲ့ ဘေးကင်းရေးအတွက် ကျွန်တော်က လိုက်ရပါမယ်။”

ယခင်က လုချန်းနှင့် ဝူမင်းသမီး နှစ်ကြိမ်တိုင်တိုင် နှစ်ဦးတည်းတွေ့ဆုံခဲ့စဉ်က ပေဟုန် အလွန်စိတ်ပူခဲ့ရသည်။ သို့သော် ထိုအချိန်က ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ် မထိုးရသေးပေ။ ယခုအခါ ဝူနိုင်ငံတော်သို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်ရာ မြောက်ပိုင်းမင်းသားက ဝူမင်းသမီးအား ဘာလုပ်မလဲဆိုတာ မည်သူသိနိုင်မည်နည်း။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“ စိတ်မပူပါနဲ့ အဖိုး‌ပေ။ အဖိုး ဒီမှာ ခဏစောင့်နေပါ။ မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မနဲ့ ဘာအရေးကြီးကိစ္စမှ ဆွေးနွေးစရာ ရှိမှာ မဟုတ်ပါဘူး။ ကျွန်မ ခဏနေ ပြန်ထွက်လာမှာပါ။”

ဝူကျန်းဝမ်က ပြောလာသဖြင့် ပေဟုန်လည်း “ကောင်းပါပြီ မင်းသမီး။၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ”

ဟု ပြန်ဖြေရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထို့နောက် ဝူကျန်းဝမ် ခြံဝင်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။

ထိုအချိန်တွင် လုချန်းသည် အဆောင်ငယ်ထဲတွင် ထိုင်နေနှင့်ပြီးသား ဖြစ်သည်။

ဝူကျန်းဝမ် ခြံဝင်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“မင်းသမီး မလာတော့ဘူးလို့ ထင်ခဲ့တာ”

ထို့နောက် လုချန်းက မင်းသမီး ကျန်းဝမ်ကို တစ်ချက်ကြည့်လိုက်သည်။

ယခင်ကဲ့သို့ပင် ဝူမင်းသမီးသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ပါးလွှာသောအဝတ်အထည်သည် သူမ၏ ကွေ့ကောက်သောကိုယ်ခန္ဓာကို ပေါ်လွင်စေပြီး မြင်ရသူ၏စိတ်ကူးကို အဆုံးမရှိအောင် လှုံ့ဆော်နေသည်။ သူမ၏ ရင့်ကျက်မှုနှင့် ဂုဏ်သိက္ခာကြီးမှုတို့က လုချန်းကို ဆွဲဆောင်နေသည်။ ချူးယုချင်၊ လင်ဝမ်ရွန်နှင့် ရဲလိနန်ရန်တို့ကဲ့သို့ပင် သူတို့၏အလှသည်လည်း လုချန်းအတွက် မခံနိုင်စရာ ဖြစ်နေသည်။

ဝူမင်းသမီးသည် ကျောက်ခုံပေါ်တွင် ကျက်သရေရှိစွာ ထိုင်လိုက်ပြီး သူမ၏ကိုယ်ခန္ဓာက ခုံထဲသို့ အနည်းငယ်နစ်ဝင်သွားသည်။ ထို့နောက် တိုက်ရိုက်မေးမြန်းလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသား ကျွန်မနဲ့ ဘာကြောင့် တွေ့ဆုံချင်တယ်ဆိုတာ သိလို့ရမလား။”

လုချန်းက သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက်

“မင်းသမီးက ဝူနိုင်ငံတော်ကို ပြန်တော့မှာမို့ပါ။ ခွဲခွာရမှာကို မခံနိုင်လို့ မင်းသမီးကို နောက်ဆုံးအကြိမ် တွေ့ချင်လို့ပါ။ မင်းသမီးကို နောက်တစ်ကြိမ် ဘယ်တော့များမှ တွေ့ခွင့်ရမလဲဆိုတာလည်း သိချင်မိတယ်။”

All Chapters