← Chapters

အခန်း ၄၈၁-၄၈၃

Vol. 33 Ch. 481-483

အခန်း ၄၈၁-၄၈၃

Vol. 33 Ch. 481-483

အခန်း (၄၈၁)

စစ်မြေပြင်မှာ ဘယ်တော့မှ မတွေ့ဆုံကြပါစေနဲ့ (၂)

ထိုစဉ် လုချန်း ဝူကျန်းဝမ်၏ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်သည်။

[အမည်- ဝူကျန်းဝမ်]

[ကိုယ်ရေးအချက်အလက်- ဝူနိုင်ငံတော်၏ မင်းသမီး၊ ဝူဧကရာဇ်၏ သမီးတော်၊ ကျူးနိုင်ငံတော်ဧကရာဇ်မ၏ မိတ်ဆွေ၊ မြောက်ပိုင်းပြည်နယ်မှ မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ဝင်စားမှုခံရသူ။ အသက် ၃၀ ရှိပြီး အဆင့်မြင့်ပညာရှင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။

[လာရောက်ရခြင်းရည်ရွယ်ချက် - မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော်နန်းတွင်းကြား ပဋိပက္ခတိုးပွားစေရန်၊ သို့သော် အတွင်းစိတ်တွင် မြောက်ပိုင်းမင်းသားနှင့် တွေ့ဆုံလိုစိတ်ရှိပြီး မြောက်ပိုင်းပြည်နယ်သို့ လူအများစိတ်ဝင်စားရသည့် အကြောင်းရင်းကို သိလိုသည်။ ယခုအခါတွင် မြောက်ပိုင်းနယ်စားမင်းသားအပေါ် ပိုမိုစိတ်ဝင်စားလာသည်။]

[အဆင့်သတ်မှတ်ချက်- ၉၈]

[နှစ်သက်မှု- ၈၅]

ဝူကျန်းဝမ်၏ သဘောကျမှုအဆင့်ကိုမြင်သောအခါ မကြာမီ ၁၀၀ အထိ တိုးမြှင့်နိုင်မည်ဟု လုချန်း တွေးမိလိုက်သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်က

“မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ စနောက်တတ်တာပဲ။ မြောက်ပိုင်းနယ်စားမင်းသားက အဲဒီအကြောင်းပြချက်ကြောင့် ကျွန်မနဲ့ နှစ်ယောက်တည်း တွေ့လိမ့်မယ်လို့ မထင်ပါဘူး။”

ဝူကျန်းဝမ် တွေးမိသည်မှာ လုချန်း၏ စံအိမ်တွင် အမျိုးသမီးများစွာရှိပြီးသားဖြစ်သည်။ သူမလှပသည်ကို သိသော်လည်း ဤမျှ‌ လောက်တွေ့ဆုံလိုစိတ် ပြင်းပြစရာအကြောင်း မရှိ‌ပေ။ သူမသည် ဝူနိုင်ငံတော်၏ ဂုဏ်သရေရှိမင်းသမီးဖြစ်ပြီး အမှန်တကယ်အာဏာလည်းရှိသည်။ လုချန်းကို သူမလက်ခံနိုင်မည် မဟုတ်ကြောင်း သူသိသင့်သည်။

လုချန်းက ပြုံးလျက်

“မင်းသမီး အတွေးလွန်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် မင်းသမီးနဲ့ တွေ့ဖို့ တောင်းဆိုတာက တကယ်ပဲ မင်းသမီးနဲ့ မတွေ့ရတာ ကြာရင် အရမ်းလွမ်းနေမှာကို စိုးလို့ပါ။ ဒါကြောင့် မင်းသမီးကို နောက်ဆုံးတစ်ခေါက် တွေ့ချင်တာပါ။”

သူ့စကားများ ဆုံးသွားသည်နှင့် လုချန်း၏ နက်ရှိုင်းသော မျက်လုံးများက ဝူကျန်းဝမ်ကို စိုက်ကြည့်လိုက်သည်။

လုချန်း၏စကားနှင့် သူ၏ချစ်ခြင်းမေတ္တာပြည့်ဝသော မျက်လုံးများကို မြင်ရသည့်အခါ ဝူကျန်းဝမ်သည် ခဏခန့် ငေးမောသွားသည်။

ဒါ တကယ်လား။

ဒီလူငယ်လေးက သူမအပေါ် တကယ်ပဲ ချစ်ခြင်းမေတ္တာရှိနေတာလား။

ဝူကျန်းဝမ်က ပြတ်ပြတ်သားသားပင်

“ကံမကောင်းစွာနဲ့ပဲ မင်းသမီးနဲ့ မြောက်ပိုင်းနယ်စားမင်းသားတို့ဟာ ပတ်သက်လို့မရပါဘူး။ ကျွန်မတို့ ပတ်သက်လို့ မရရုံသာမကဘူး တစ်နေ့မှာ ရန်သူတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်နေ့ စစ်မြေပြင်မှာ ကျွန်မတို့ မတွေ့ကြပါစေနဲ့လို့ မျှော်လင့်ပါတယ်။”

လုချန်းက ပြုံးလျက်

“ဟုတ်ပါတယ်။ ကျွန်‌တော်တို့ စစ်မြေပြင်မှာ တွေ့ကြမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မင်းသမီးက မြောက်ပိုင်းနယ်စားမင်းသားအိမ်တော်ကို မကြာခင် လက်ထပ်ဖို့ ရောက်လာတော့မှာမို့ပါ။ မင်းသမီး ဝူနိုင်ငံတော်ကို ပြန်ရောက်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက် ကျွန်တော့်ကို စောင့်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။”

လုချန်း၏ ယုံကြည်မှုကို မြင်သောအခါ ဝူကျန်းဝမ် ဒေါသမထွက်ရုံသာမက ရယ်ပင်ရယ်မောလိုက်သည်။

“ မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာပဲ။ ကျွန်မရဲ့ ဖခင်ဧကရာဇ်က ဝူနိုင်ငံတော်ကို ဒီလောက်ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေမယ့်သူနဲ့ လက်ထပ်ပေးလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။”

လုချန်းက

“မဖြစ်နိုင်တာ မရှိပါဘူး။ မြောက်ပိုင်းပြည်နယ် အလုံအလောက် အင်အားကြီးမားလာရင် အရာအားလုံး ဖြစ်နိုင်ပါတယ်”

ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဝူကျန်းဝမ်က

“ဒါဆို ကျွန်မ ဝူနိုင်ငံတော်မှာ စောင့်နေပါ့မယ်။ တစ်နေ့နေ့ ဖခင်က ဒီလို လုပ်လာခဲ့ရင် ကျွန်မ ကန့်ကွက်စရာ မရှိပါဘူး။ မြောက်ပိုင်းပြည်နယ်ကို တည့်တည့်လာပြီး ရှင့်ရဲ့ မိန်းမ ဖြစ်လာပါ့မယ်။”

“ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် ကျွန်မ အသက်ကြီးပြီး ရုပ်ဆိုးနေလောက်ပြီ။ မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို ဂရုစိုက်တော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”

လုချန်းက

“အဲ့ဒါမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ မင်းသမီးရဲ့ သိုင်းပညာ ပါရမီနဲ့ မကြာခင် ထိပ်သီးအဆင့်ကို ရောက်နိုင်မှာပါ။ မင်းသမီးရဲ့ အလှက ဆယ်စုနှစ်များစွာ တည်ရှိနေမှာပါ။”

“ပြီးတော့ ကျွန်တော် အကြိုက်ဆုံးက မင်းသမီးလို ရင့်ကျက်ပြီး လေးနက်တဲ့ အမျိုးသမီးမျိုးပါ။ အသက်ကြီးလေ ပိုပြီး ဆွဲဆောင်မှုရှိလေပါပဲ။”

လုချန်း၏ ဤစကားများကို ကြားရသောအခါ ဤလူငယ်က သူမကို နောက်ပြောင်နေခြင်း မဟုတ်ပဲ အမှန်တကယ် ပိုင်ဆိုင်လို၍ ချဉ်းကပ်နေခြင်းဖြစ်ကြောင်း နားလည်သွားသည်။

ဝူကျန်းဝမ် လုချန်းနှင့် စကားလုံးများ ဖြုန်းတီးရန် အစီအစဉ် မရှိတော့ပေ။ သူမ၏ စိတ်ထဲတွင် လုချန်းသည် အမှန်ပင် အလွန်ချောမောပြီး သူမ၏ စိတ်ကြိုက်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သော်လည်း သူတို့၏ ရပ်တည်ချက်များကို သူမ ကောင်းစွာ သိရှိထားသည်။

သူမသည် သူမ၏ သူငယ်ချင်းကဲ့သို့ ဧကရာဇ်မ ဖြစ်ရန် ရည်မှန်းထားသူ ဖြစ်သည်။ ထိုသို့သော အချစ်ဇာတ်လမ်းမျိုးဖြင့် သူမ၏ လမ်းကြောင်းကို ဘယ်လို အဟန့်အတား ဖြစ်စေနိုင်မှာလဲ။ သူမ၏ ရပ်တည်ချက်အရ သူမနှင့် လုချန်းသည် နောင်တွင် ရန်သူများသာ ဖြစ်လာနိုင်ပြီး စစ်မြေပြင်တွင်သာ ဆုံတွေ့ကြလိမ့်မည်။

ထို့ပြင် သူမသည် ကိုယ့်ကိုယ်ကို အလွန်အမင်း ယုံကြည်မှု ရှိသည်။

ဝူနိုင်ငံတော်တွင် သူမ ကိုင်စွဲထားသော အာဏာကြောင့် ဝူဧကရာဇ်သည် သူမကို မြောက်ပိုင်းနယ်စားမင်းသားနှင့် လက်ထပ်ပေးရန် လုံးဝ စဉ်းစားမည် မဟုတ်ပေ။

ဒီလူငယ်က အနည်းငယ် စိတ်ကူးယဉ်နေသည်။

ထို့နောက် ဝူကျန်းဝမ်သည် ထရပ်လိုက်ပြီး

“ကျွန်မကို ရှင့်ရဲ့ မိန်းမဖြစ်စေချင်ရင် အများကြီး ပိုကြိုးစားဖို့ လိုလိမ့်မယ် မြောက်ပိုင်းနယ်စားမင်းသား။”

“မြောက်ပိုင်းနယ်စားမင်းသားမှာ တခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်မ ပြန်ပါတော့မယ်။ ကျွန်မတို့ နောက်တစ်ကြိမ် တွေ့ဆုံတဲ့အခါ စစ်မြေပြင်မှာ မဟုတ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။”

ချက်ချင်းပင် ဝူကျန်းဝမ် ခြံဝင်းအဝင်ဝသို့ လျှောက်သွားလိုက်သည်။ သူမ၏ လှုပ်ရှားနေသော တင်ပါးများကို ကြည့်ရင်း လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စစ်မြေပြင်တွင် ဖြစ်လာမည် မဟုတ်သည်မှာ သေချာသည်ဟု တွေးလိုက်သည်။ နောက်တစ်ကြိမ် တွေ့ဆုံသည့်အခါ အိပ်ရာပေါ်တွင်သာ ဖြစ်နိုင်သည်။

ဝူဧကရာဇ်က ဝူကျန်းဝမ်ကို သူ့နှင့် ဝမ်းမြောက်ဝမ်းသာ လက်ထပ်ပေးစေရန် လုံးဝ မခက်ခဲဟု လုချန်း တွေးလိုက်သည်။ ဝူဧကရာဇ်သည် ရိုးရာအစဉ်အလာကို အတော်လေး လိုက်နာသော အုပ်စိုးသူတစ်ဦးဖြစ်ပြီး ဝူမင်းဆက် သည် ရိုးရာအစဉ်အလာ ကြီးမားသော မင်းဆက်ဖြစ်သည်။ အချိန်တန်လျှင် ဝူဧကရာဇ်က ဝူကျန်းဝမ်၏ အာဏာကို ဖျက်သိမ်းရန် နည်းလမ်းများကို အလိုလို ရှာဖွေလာမည် ဖြစ်သည်။

တစ်နေ့နေ့တွင် မြောက်ပိုင်းပြည်နယ်သည် အဓိက နိုင်ငံကြီးများကို ခြိမ်းခြောက်နိုင်လောက်အောင် အားကောင်းလာပါက လုချန်းသည် ဝူနိုင်ငံတော်ကို တိုက်ရိုက်လက်ထပ်ထိမ်းမြားရန် အဆိုပြုနိုင်သည်။ ထိုအချိန်ရောက်လျှင် ဝူနိုင်ငံတော်မှ ဝူကျန်းဝမ်ကို ဆန့်ကျင်သူများသည် သူမအား မြောက်ပိုင်းပြည်နယ်သို့ ပို့ဆောင်ရန် နည်းလမ်းပေါင်းစုံ သုံးကြလိမ့်မည်ဖြစ်ပြီး ဧကရာဇ်လည်း ထိုအခွင့်အရေးကို အသုံးချ၍ ဝူကျန်းဝမ်၏ ဧကရာဇ်မဖြစ်ရန် ရည်မှန်းချက်ကို လုံးဝ ဖယ်ရှားပစ်နိုင်သည်။

ဟုတ်ပါသည်။ မြောက်ပိုင်းပြည်နယ်ဘက်ကလည်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ယခုအခါ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်သောကြောင့် မြောက်ပိုင်းပြည်နယ်မှ ကုန်သည်များ ဝူနိုင်ငံတော်အတွင်း ဝင်ရောက်လာနိုင်မည်ဖြစ်သည်။ ထို့နောက် မြောက်ပိုင်းပြည်နယ်သည် ငွေကြေးအင်အားကို အသုံးချ၍ ဝူကျန်းဝမ်၏အုပ်ချုပ်ရေးကို ဆန့်ကျင်ရန် ဝူနိုင်ငံတော်၏အရာရှိများကို သိမ်းသွင်းနိုင်မည်ဖြစ်သည်။

ထိုစဉ် လုချန်းက “ဧကရာ်မ ဖြစ်ရတာ လွယ်ပါတယ်။ ကျွန်တော့် အခန်းထဲ လာခဲ့။ နေ့တိုင်း ဧကရာဇ်မ ဖြစ်စေရမယ်” ဟု သူ့ဘာသူ ရေရွတ်လိုက်သည်။

လုချန်း၏ အသံက အတော်လေး တိုးနေပြီး ဝူကျန်းဝမ်လည်း အဝေးရောက်နေပြီ ဖြစ်၍ မကြားနိုင်တော့ပေ။

............

အခန်း (၄၈၂)

စစ်မြေပြင်မှာ ဘယ်တော့မှ မဆုံတွေ့ကြပါစေနဲ့ (၃)

လုချန်း ကျောက်ခုံတန်းမှ ထ၍ အဆောင်ငယ်အတွင်းမှ ထွက်ခွာရန် ပြင်ဆင်နေစဉ် လျှံဇွန်း ခြံဝင်းထဲသို့ ဝင်လာပြီး လုချန်းဆီသို့ တန်းလာကာ

“မင်းသားကို ဂါရဝပြုပါတယ်”

လုချန်း မပြောရသေးခင် လျှံဇွန်းက စာတစ်စောင်ကို သူ့လက်ထဲ ထိုးပေးပြီး

“နေပြည်တော်က အရေးပေါ် သတင်း ရောက်လာပါတယ် မင်းသား။”

ထိုစကားကို ကြားသောအခါ လုချန်းလည်း ဘာမှ မပြော‌တော့ပဲ လျှံဇွန်းလက်မှ စာအိတ်ကို ယူကာ အာရုံစိုက်ဖတ်ရှုတော့သည်။

စာပါ အကြောင်းအရာများကို ဖတ်ရှုရင်း လုချန်း၏ မျက်နှာသည် ချက်ချင်းတည်သွားသည်။

ထိုစဉ် လျှံဇွန်းက

“တတိယ မင်းသား လုပ်ကြံခံရလို့ သေဆုံးပြီးနောက် လုရိမင်းသားလည်း အဲ့ဒီညနှောင်းပိုင်းမှာ လုပ်ကြံသူတစ်ဦးနှင့် ကြုံတွေ့ခဲ့ရတယ်။ အခု နေပြည်တော်တစ်ခုလုံး ထိတ်လန့်နေပြီး နယ်စားအားလုံးက သူတို့ရဲ့ တပ်များကို အလွန်အကျွံ ချဲ့ထွင်နေကြပါပြီ။ ဒါပေမဲ့ နန်းတွင်းဘက်က ဘာလှုပ်ရှားမှုမှ မလုပ်သေးပါဘူး။”

လုချန်း အတွေးထဲ နစ်မြောသွားသည်။ ဆွမ်ဧကရာဇ် ဖျားချင်‌ယောင်ဆောင်နေဟု သူခန့်မှန်းထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နေပြည်တော်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု တွက်ထားခဲ့သော်လည်း မတည်ငြိမ်မှုများ ဒီလောက်မြန်မြန် ဖြစ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

နောက်ထပ် မင်းသားတစ်ပါး ဒီလောက်မြန်မြန် လုပ်ကြံခံရသည်မှာ ထီးနန်းအတွက် နောက်ဆုံးအဆင့် တိုက်ပွဲစတင်လိုက်ပြီဟူသော သဘောပင်ဖြစ်သည်။

ယခင်က မင်းသားများအချင်းချင်း တိုက်ရိုက်လုပ်ကြံမှုမျိုးက အလွန်ရှားပါးသည်။ တောင်ပိုင်းမှ အာဏာရှိမိသားစုများ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိရန် မထင်မရှားနဝမမင်းသား လုချန်းကို ပစ်မှတ်ထားခဲ့သော မင်းသားလုရှုယွမ်တစ်ဦးတည်းသာ လုပ်ကြံသူ စေလွှတ်ခဲ့ဖူးသည်။

မင်းသားများ မလုပ်ရဲရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် သူတို့၏ ဖခင် ဧကရာဇ် သိရှိသွားပြီး ထီးနန်းဆက်ခံခွင့်မှ ပယ်ဖျက်ခံရမည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။မင်းမျိုးမင်းနွယ်တို့အတွက် အကြီးဆုံးတားမြစ်ချက်မှာ ညီအစ်ကို မောင်နှမအချင်းချင်း သတ်ဖြတ်မှုဖြစ်သည်။

သို့ရာတွင် ယခုအချိန်တွင် ရှနိုင်ငံတော်၏ မင်းနေပြည်တော်အတွင်း၌ပင် မင်းသားတစ်ပါး လုပ်ကြံခံလိုက်ရပြီဖြစ်သည်။ သေဆုံးသွားသော မင်းသားမှာ ထီးနန်းအတွက် အပြင်းထန်ဆုံး ပြိုင်ဆိုင်နေသူတစ်ဦးဖြစ်နေသည်။ မင်းသားများသည် သူတို့၏ဖခင် ဧကရာဇ်က သိသွားမည်ကို မစိုးရိမ်တော့ပဲ နောက်ဆုံးအချိန်ရောက်ပြီဟု ယုံကြည်နေကြပြီဖြစ်ကြောင်း ထိုဖြစ်ရပ်က ညွှန်ပြနေသည်။

သူတို့ကို ခြိမ်းခြောက်သူ အားလုံးကို ဖယ်ရှားလိုက်နိုင်လျှင် ထိုအမြင့်ဆုံး ရာထူးသို့ တက်နိုင်မည် ဖြစ်သည်။

ထီးနန်းဆက်ခံမှု တိုက်ပွဲ၏ အကြမ်းတမ်းဆုံးအချိန် ရောက်ရှိလာပြီ ဖြစ်သည်။

ခဏတာမျှ စဉ်းစားပြီးနောက် လုချန်းက “ကျွန်တော့် ဖခင် ဧကရာဇ်က ဘာ အရိပ်အယောင်မှ မပြသေးဘူးလား”

ဟု မေးလိုက်သည်။

လျှံဇွန်းက

“နန်းတွင်းကနေ ဘာအမိန့်မှ ထုတ်ပြန်တာမျိုး မရှိပါဘူး။ လင်ကောင်းယွမ်က တတိယ မင်းသားနဲ့ မင်းသားလုရိကို လုပ်ကြံဖို့ ကြိုးပမ်းမှုတွေကို စုံစမ်းဖို့ တာလီဘုရားကျောင်းနဲ့ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနကိုပဲ အမိန့်ပေးခဲ့ပါတယ်။”

သူ့ဖခင် ဧကရာဇ်သည် အမှန်တကယ်ပင် ရက်စက်သူတစ်ဦးဟု လုချန်းတွေးလိုက်သည်။ သူ့သားတွေထဲက တစ်ယောက် အသတ်ခံရတာတောင် ဖျားချင်ယောင်ဆောင်ပြီး တာဝန်ယူဖို့ မထွက်လာခဲ့‌ပေ။ သူ့သားတွေ အချင်းချင်း သတ်ဖြတ်ပြီးကြတဲ့အထိ စောင့်နေတာလား။

ထို့ပြင် နယ်စားအားလုံးက စစ်တပ်ချဲ့ထွင်နေကြသည်။ ဒီအတိုင်းသာ ဆက်သွားပါက ရှနိုင်ငံတော်အတွင်း ပြည်တွင်းစစ်မီးလောင်ရန် မကြာတော့ပေ။ နောက်ဆုံးတွင် နယ်စားများ နန်းတော်သို့ ချီတက်ကာ ထီးနန်းအတွက် အားပြိုင်ကြမည်ဖြစ်သည်။

သူ၏ဖခင် ဧကရာဇ် ဘာတွေကြံစည်နေတာလဲ။

လုချန်း အတွေးနက်နက်နဲနဲ နစ်မြောနေစဉ် ချင်ယူရှန်က စာတစ်ရွက်နှင့် အလျင်အမြန် ဝင်ရောက်လာသည်။

“မင်းသား။ ဒါ နေပြည်တော်ကနေ ခိုနဲ့ ခုမှ ရောက်လာတာပါ”

လုချန်းက ချက်ချင်း

“အခု ဘာဖြစ်ပြန်ပြီလဲ”

ဟု မေးလိုက်သည်။

ချင်ယူရှန်က တိုက်ရိုက်ပင်

“နန်းတွင်းကနေ သတင်းတစ်ခု ရောက်လာပါတယ်။ မင်းကြီးဟာ မင်းသားလုရိကို ယာယီ အိမ်ရှေ့မင်းသား ရာထူး ပေးပြီး နိုင်ငံတော်ရေးရာ အားလုံးကို ယာယီ ကိုင်တွယ်ခိုင်းတယ်လို့ ဖော်ပြထားပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ လုချန်းက

“စစ်ရေးကိစ္စတွေကရော”

ချင်ယူရှန်က

“ အဲ့ဒီအကြောင်း မပါပါဘူး။ ရက်အနည်းငယ်အတွင်း နေပြည်တော်ကနေ အသေးစိတ် အစီရင်ခံစာတွေ ရောက်လာမှပဲ သိရမှာပါ။”

ခိုများသည် စာရွက်အပိုင်းအစလေးများကိုသာ သယ်ဆောင်နိုင်ပြီး အချက်အလက် အနည်းငယ်သာ ပေးပို့နိုင်သည်။ ပုံမှန်အားဖြင့် သူတို့သည် အထူးအရေးကြီးသော ထောက်လှမ်းရေးသတင်းများကို သယ်ဆောင်လာတတ်သည်။ သို့ရာတွင် ခိုစာ ရောက်ပြီး ရက်အနည်းငယ်အတွင်း အထူးကိုယ်ရံတော်များက အသေးစိတ် အစီရင်ခံစာများကို ပေးပို့လေ့ရှိသည်။ ရက်အနည်းငယ်အတွင်း နေပြည်တော်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိလာရပါလိမ့်မည်။

သူ၏ဖခင် ဧကရာဇ်သည်လည်း အခြေအနေများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နိုင်ကြောင်း လုချန်း တွေးမိလိုက်သည်။ သို့သော် မင်းသားလုရိကို အိမ်ရှေ့မင်းသားအဖြစ် တရားဝင်မခန့်ပဲ ယာယီတာဝန်ယူစေခြင်းသည် အာဏာလုမှုကို ပိုမိုပြင်းထန်စေမည်သာ ဖြစ်သည်။

ဤသို့ဖြင့် မင်းသားလုရိသည် မြားများစွာ၏ ပစ်မှတ် ဖြစ်လာမည်ဖြစ်ပြီး နောက်ဆုံးတွင် မင်းသားအားလုံးက သူ့ကို ဆန့်ကျင်ကြမည်ဖြစ်သည်။ မင်းသားလုရိအနေနှင့် သူ၏ အနေအထားကို ထိန်းသိမ်းရန် မလွယ်ကူလှပေ။

နေပြည်တော်မှ အသေးစိတ် အစီရင်ခံစာကို စောင့်ဆိုင်းပြီးမှ ဖခင် ဧကရာဇ်က မင်းသားလုရိအား စစ်ရေးကိစ္စများကို ထိန်းချုပ်ခွင့် ပေးမပေးကို ‌ကြည့်ရမည်။ နိုင်ငံတော်ရေးရာများကိုသာ ကိုင်တွယ်ရမည်ဆိုပါက ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဆွမ်ဧကရာဇ် နန်းတွင်း အစည်းအဝေးသို့ မတက်ရောက်သည်မှာ ကြာပြီဖြစ်သဖြင့် နိုင်ငံတော်ကိစ္စများ စုပုံနေပြီး တစ်စုံတစ်ဦးက ဖြေရှင်းရန်လိုအပ်နေသည်။

သို့သော် စစ်ရေးကိစ္စများမှာမူ ကွာခြားသည်။ စစ်ရေးကိစ္စများ ပါဝင်လာပါက မင်းသားလုရိသည် စစ်တပ်များကို ဦးစီးရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။ သူ စစ်အာဏာကို ကိုင်စွဲပြီးသည်နှင့် ပုန်ကန်ရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။ ဖခင်ဖြစ်သူ ဧကရာဇ်သည် စစ်ရေးကိစ္စများကို မင်းသားလုရိအား အလွယ်တကူ လွှဲပြောင်းပေးလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယခုလာမည့် မုန်တိုင်းသည် တောင်ပိုင်းမှ အာဏာရှိ မိသားစုများ၏ ပုန်ကန်မှုထက် ပိုမိုပြင်းထန်လိမ့်မည်။ နယ်စားများလည်း မငြိမ်မသက် ဖြစ်နေကြပြီဖြစ်သည်။ အကယ်၍ ဤကိစ္စများကို ဆွမ်ဧကရာဇ် မကိုင်တွယ်ပါက ရှနိုင်ငံတော်သည် ပြိုကွဲသွားနိုင်သည်။

ထို့နောက် လုချန်းက ချင်ယူရှန်နှင့် လျှံဇွန်း ကို

“နေပြည်တော်နဲ့ နယ်စားအသီးသီးရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် စောင့်ကြည့်ကြပါ “

“မင်းသားရဲ့ အမိန့်အတိုင်းပါ။”

ထိုအချိန်တွင် လုချန်း လှည့်ထွက်ကာ ကျူးကဲ့ကျုံကောင်း နေထိုင်ရာသို့ ဦးတည်သွားလိုက်သည်။

ကျူးကဲ့ကျုံကောင်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဘေးတွင် နေထိုင်သည်။ လုချန်းသည် သူ၏ကိုယ်ဖော့ပညာကို အသုံးပြု၍ တစ်ခဏအတွင်း ကျူးကဲ့ကျုံကောင်း၏ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားသည်။

လုချန်း ရောက်ရှိလာသည်ကို မြင်သောအခါ ကျောက်ခုံတန်းပေါ်တွင် ထိုင်နေသော ကျူးကဲ့ကျုံကောင်းက အလျင်အမြန် ထရပ်ကာ

“မင်းသားကို ဂါရဝပြုပါတယ်။ ကျွန်တော့်ကို ဘာကိစ္စနဲ့ လာတွေ့တာလဲဆိုတာ သိပါရစေ။”

လုချန်းသည် ကျူးကဲ့ကျုံကောင်းထံ လာလေ့မရှိပါ။ ပုံမှန်အားဖြင့် ကျူးကဲ့ကျုံကောင်းကသာ သူ့ထံလာရောက်လေ့ရှိသည်။ ယခု လုချန်း ရောက်လာပြီ ဖြစ်သဖြင့် အရေးကြီးသောကိစ္စတစ်ခုခုရှိမည်သာ ဖြစ်သည်။

လုချန်းက

“တတိယမင်းသား လုပ်ကြံခံရပြီး သေဆုံးသွားပြီဆိုတဲ့ ထောက်လှမ်းရေးသတင်းကို အခုလေးတင်ပဲ ရရှိခဲ့ပါတယ်။ မင်းသားလုရိလည်း လုပ်ကြံဖို့ ကြိုးစားတာ ခံရတယ်။ နောက်ပိုင်းမှာ ဧကရာဇ်က မင်းသားလုရိကို အိမ်ရှေ့မင်းသားနေရာ ယာယီခန့်အပ်ပြီး နိုင်ငံတော်ရေးရာအားလုံးကို ကြီးကြပ်ဖို့ အမိန့်ပေးခဲ့တယ်။”

“ဆွမ် ဧကရာဇ် ဘာတွေကြံစည်နေလဲဆိုတာ ကျွန်တော် တကယ်ပဲ နားမလည်နိုင်ဘူး။ အခု နယ်စားတွေက သူတို့ရဲ့ တပ်တွေကို ချဲ့ထွင်နေကြပြီ။ ပြည်တွင်းစစ် ဖြစ်တော့မယ်။ ဒီလို ဆက်ဖြစ်နေရင် ရှနိုင်ငံတော် ပြိုကွဲသွားနိုင်ပါတယ်။”

“ ဧကရာဇ်က ရှနိုင်ငံတော် ပြိုကွဲတာကို မြင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။”

“ဒါကြောင့် ပညာရှိကြီးကို မေးချင်တာက ရှနိုင်ငံတော်မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်လို မြင်ပါလဲ။”

.......

အခန်း (၄၈၃)

အလှတရား ထောင်ချောက် (၁)

လုချန်း၏ မေးခွန်းကို ကြားသောအခါ ကျူးကဲကျုံးကောင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ မုတ်ဆိတ်ကို သပ်ကာ

“ကျွန်တော် ထင်တာတော့ ဖြစ်နိုင်ခြေ သုံးခု ရှိပါတယ်။”

“ပထမ ဖြစ်နိုင်ခြေကတော့ ဧကရာဇ်ဟာကတောင်ပိုင်းက အာဏာရှိ မိသားစုတွေကို ရှင်းလင်းပြီးနောက်ပိုင်း အခြားအာဏာရှိ မိသားစုတွေက ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ခံစားရပုံရပါတယ်။ အခု အကြီးဆုံး ခြိမ်းခြောက်မှုကတော့ ရှနိုင်ငံအနှံ့အပြားက နယ်စားမင်းတွေ ဖြစ်လို့ သူက ဒီအခွင့်အရေးကို သုံးပြီး ရှနိုင်ငံတော် နယ်မြေထဲက နယ်စားမင်းသားအားလုံးကို တစ်ခါတည်း ရှင်းလင်းပစ်ချင်ပုံ ရပါတယ်။”

ပထမ ဖြစ်နိုင်ခြေကို ကြားသောအခါ လုချန်းက ရှုပ်ထွေးစွာဖြင့်

“ရှေးခေတ်ကတည်းက ဧကရာဇ်တွေဟာ နယ်စားတွေကို တဖြည်းဖြည်း အားနည်းအောင် လုပ်ခဲ့ကြတာပါ။ ကျွန်တော့် ဖခင်က နယ်စား အားလုံးကို တပ်ဖွဲ့တွေကို ချဲ့ထွင်ဖို့ မြှူဆွယ်ထားပါတယ်။ အချိန်တစ်ခု ရောက်ရင် နန်းတွင်း စစ်တပ်ဟာ အဲ့ဒီ နယ်စားတွေရဲ့ အင်အားကို ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး။”

ရှနိုင်ငံတော်တွင် နယ်စားတစ်ဒါဇင်ကျော် ရှိသည်။ နယ်စား အားလုံး သူတို့၏ တပ်များကို ချဲ့ထွင်ခဲ့မည်ဆိုပါက သူတို့၏ စစ်သား အရေအတွက်သည် နန်းတွင်းစစ်တပ်ထက် သာလွန်နေမှာ သေချာသည်။ ထိုအချိန် ရောက်လျှင် နန်းတွင်းစစ်တပ်က ပုန်ကန်မှုများကို နှိမ်နင်းနိုင်တော့မည် မဟုတ်ပဲ ဆွမ်ဧကရာဇ်ရဲ့ လုပ်ရပ်တွေများသည် သူ့အတွက်အန္တရာယ်ပြန်ဖြစ်စေလိမ့်မည်။

ကျူးကဲ့ကျုံးကောင်းက

“ ဧကရာဇ်ဂာ လုရှုယွမ် မင်းသားကို တောင်ဘက်သွားစေပြီး ပုန်ကန်ဖို့ ဖိအားပေးခဲ့သလိုမျိုးပါ။ ဧကရာဇ်က ဒီလို အစီအစဉ်မျိုးကို လုပ်ရဲတယ်ဆိုတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးလောက်ပါပြီ။ သူ့အမြင်မှာတော့ အဲ့ဒီ နယ်စားတွေကို ကြောက်စရာ မလိုဘူးလို့ မြင်နေပုံရပါတယ်။”

လုချန်း စဉ်းစားပြီး သဘောကျသွားသည်။ သူ၏ ဖခင်က ထိုနယ်စားများကို ကိုင်တွယ်ရမည့် နည်းလမ်းကို စဉ်းစားပြီးလောက်ပြီ ဖြစ်သည်။

လုချန်း ဆက်မေးသည်။

“ဒုတိယ ဖြစ်နိုင်ခြေကရော”

ကျူးကဲ့ကျုံကောင်းက

“ဒုတိယ ဖြစ်နိုင်ခြေကတော့ ဧကရာဇ် တကယ် နာမကျန်းဖြစ်နေတာ ဖြစ်နိုင်ပါတယ်”

ဟု ပြန်ဖြေသည်။

လုချန်းက ပြုံးလျက်

“အဲ့ဒါကတော့ ဖြစ်နိုင်ခြေ အနည်းဆုံးပဲ ထင်ပါတယ်”

ဟု ပြောသည်။

ကျူကဲ့ကျုံးကောင်းက

“ကျွန်တော်လည်း ဒီလိုပဲ ထင်ပါတယ်”

လုချန်း ထပ်မေးသည်။

“တတိယ ဖြစ်နိုင်ခြေက ဘာလဲ”

ကျူးကဲ့ကျုံးကောင်းက

“တတိယ ဖြစ်နိုင်ခြေကတော့

ဧကရာဇ်ရဲ့ တကယ့် ရည်ရွယ်ချက်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်လာဖို့ ဆွဲဆောင်ပြီး အရေးကြီးဆုံး ပြဿနာဖြစ်တဲ့ မြောက်ပိုင်းပြည်နယ်ကို ရှင်းလင်းပစ်ဖို့ ဖြစ်နိုင်ပါတယ်။”

“နန်းတွင်းစစ်တပ်ကို ချီပြည်နယ် နယ်စပ်ကို စေလွှတ်ထားနှင့်ပြီး ဖြစ်တာကိုကြည့်ရင်

ဧကရာဇ်ဟာ မြောက်ပိုင်းပြည်နယ်နဲ့ ပြဿနာဖြစ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ နေပြည်တော်က ကောလာဟလတွေအရတော့ ဧကရာဇ်ဟာ ကျွန်တော်ကောင်းကင် လူသား အဆင့်ကို မရောက်သေးဘူးလို့ ခန့်မှန်းထားပုံ ရပါတယ်။”

“မြောက်ပိုင်းပြည်နယ်က စစ်သည်တစ်သိန်းကို ချီပြည်နယ် နယ်စပ် စေလွှတ်ပြီး နန်းတွင်းစစ်တပ်ကို အကဲစမ်းခဲ့တာက မင်းသားမှာ ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက်ရှိပြီး အခွင့်အရေးကောင်းကို စောင့်နေတယ်လို့ ဧကရာဇ်က ယူဆတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဧကရာဇ်က တမင်ဖျားနာဟန်ဆောင်ပြီး မင်းသားကို ပုန်ကန်ဖို့ အခွင့်အရေးပေးတာပါပဲ။”

ထိုစကားကို ကြားသောအခါ လုချန်း အတွေးထဲ နစ်မြောသွားသည်။ ခဏမျှ စဉ်းစားပြီးနောက်

“ ကျွန်တော့် ဖခင်က တကယ်ပဲ ဒီလိုတွေးတယ်ဆိုရင် သူ ကျွန်တော့်ကို အထင်လွဲနေတာပဲ။”

ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်းက ဆက်လက်၍

“တကယ်တော့ ကျွန်တော် ဖြစ်နိုင်ခြေတစ်ခုကို ထပ်စဉ်းစားမိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။”

လုချန်းက

“ပညာရှိကြီး ပြောပါ။”

ဟု မေးလိုက်သည်။

ကျူးကဲ့ကျုံကောင်းက

“ နေပြည်တော်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်ခဲ့တာကို မှတ်မိလား မင်းသား။”

ဟု မေးလိုက်သည်။

လုချန်းက

“မှတ်မိတာပေါ့။”

ဟု ပြန်ဖြေသည်။

ကျူးကဲ့ကျုံကောင်းက ဆက်ပြီး

“ကျွန်တော် သံသယရှိတာက ဧကရာဇ်လည်း ကောင်းကင်လူသားအဆင့်နား ခြေတလှမ်း ဝင်ရောက်နေပြီ။ ရွှမ်ယွမ်လူကြီးမင်းရဲ့ အဆိုအရဆိုရင် ဧကရာဇ်ဟာ ညီညွတ်ခြင်းအဆင့်ကို ရောက်နေလောက်ပြီ။”

“ဧကရာဇ်ရဲ့ ဘဝအတွေ့အကြုံတွေကို ထည့်တွက်ကြည့်ရင် သူက ရည်မှန်းချက်ကြီးတဲ့ ဘုရင်တစ်ပါးပဲ။ သူ ကောင်းကင်နှင့် ညီညွတ်ခြင်းကို ရရှိဖို့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုက ရှနိုင်ငံတော် တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ဖြစ်နိုင်တယ်။ ဒီအတွက် နယ်စားအားလုံးကို ဖယ်ရှားရမယ်။ နယ်စားတွေကို သူတို့ရဲ့တပ်တွေကို ချဲ့ထွင်ဖို့နဲ့ ပုန်ကန်ဖို့ မြှူဆွယ်ပြီး နယ်စားတွေကို အားနည်းအောင်လုပ်ဖို့ အကြောင်းပြချက် ရယူတာပါ။”

“ ဧကရာဇ်ဟာ မစောင့်နိုင်တော့တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် အခု ဖျားနာဟန်ဆောင်ပြီး နယ်စားတွေ သူတို့ဘာသာ စစ်တပ်အင်အားချဲ့ထွင်ဖို့ မြှူဆွယ်နေတာ ဖြစ်နိုင်တယ်။ ကျွန်တော် ယုံကြည်တာက ပထမဆုံး စစ်တပ်ချဲ့ထွင်တဲ့ နယ်စားဟာ ဧကရာဇ်ရဲ့ လူ ဖြစ်နိုင်ပါတယ်။ သူက တခြားနယ်စားတွေကို လှုံ့ဆော်ပေးနေတာ ဖြစ်နိုင်တယ်။”

ကျူးကဲ့ကျုံကောင်း၏ ထင်ကြေးပေးမှုကြောင့် လုချန်း အံ့ဩသွားသည်။

ကျူးကဲ့ကျုံကောင်း ဒီလောက်အထိ ကြိုတွေးခဲ့တာလား။

သူကိုယ်တိုင်မူ ထိုအချက်များကို တစ်ခါမှ မတွေးဖူးခဲ့ပေ။ ကျောက်နယ်စားသည် ဆွမ်ဧကရာဇ်၏ သေလုမြောပါး အခြေအနေကို မြင်သောကြောင့် ပုန်ကန်ရန် ရည်ရွယ်ကာ တပ်များကို အရူးအမူး ချဲ့ထွင်နေသည်ဟုသာ ထင်မြင်ခဲ့သည်။ သို့သော် ကျူးကဲ့ကျုံကောင်း၏ အမြင်အရ ကျောက်နယ်စားသည် ဆွမ်ဧကရာဇ်၏လူဖြစ်နေနိုင်သည်။

ကျူးကဲ့ကျုံကောင်းက ဆက်ပြီး

“ဧကရာဇ်ဟာ တောင်ပိုင်းက အာဏာရှိ မိသားစုတွေကို ဖယ်ရှားဖို့အတွက် တုန်းဖန်မိသားစုနဲ့ လျှို့ဝှက်ပူးပေါင်းခဲ့ဖူးတယ်။ ဧကရာဇ်က တကယ်ပဲ ဖျားနာဟန်ဆောင်ပြီး နယ်စားတွေရဲ့ တပ်ချဲ့ထွင်မှုကို လျစ်လျူရှုထားတယ်ဆိုရင် နယ်စားတွေထဲမှာ ဧကရာဇ်ကို ထောက်ခံနေတဲ့ မဟာမိတ်တွေ ရှိကိုရှိရပါမယ်။”

ကျူးကဲ့ကျုံကောင်း၏စကားများကို နားထောင်ပြီးနောက် လုချန်း သူ၏အတွေးများကို စနစ်တကျ စီစဉ်ကာ

“ပညာရှိကြီးရဲ့ အမြင်အရ ကျွန်တော်တို့ ဘာဆက်လုပ်သင့်သလဲ။ မြောက်ပိုင်းပြည်နယ်က ဘာဆက်လုပ်သင့်သလဲ။”

ဟု မေးလိုက်သည်။

ကျူးကဲ့ကျုံကောင်းက

“ကျွန်တော့်ရဲ့ အမြင်အရတော့ မင်းသားက မြောက်ပိုင်းပြည်နယ်ကို အကောင်းဆုံး ထိန်းချုပ်ထားပြီး ရှနိုင်ငံတော်မှာ ဖြစ်ပျက်နေတာတွေကို ဂရုစိုက်ဖို့ မလိုပါဘူး။”

“ရှနိုင်ငံတော် တကယ်ပဲ ပြည်တွင်းပဋိပက္ခထဲ ကျရောက်သွားပြီဆိုရင် မြောက်ပိုင်းပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု ကာလသစ်တစ်ခုကို ကြိုဆိုရမှာပဲ။”

“ရှနိုင်ငံတော်မှာ စစ်ပွဲတွေ ကြုံတိုင်း ဒုက္ခသည် အများအပြားဟာ မြောက်ပိုင်းပြည်နယ်ကို ခိုလှုံဖို့ ရောက်လာကြလိမ့်မယ်။ အခု မြောက်ပိုင်းပြည်နယ်မှာ လူဦးရေ သန်းအနည်းငယ်ပဲ ရှိပြီး မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မလုံလောက်ပါဘူး။ မြောက်ပိုင်းပြည်နယ် ပိုမိုအားကောင်းလာဖို့အတွက် လုပ်သားအင်အား ပိုများဖို့ လိုပါတယ်။

ကျူးကဲ့ကျုံကောင်းက ထပ်ပြီး

“ဒါ့အပြင် မင်းသားအနေနဲ့ ဝူနိုင်ငံတော်ကိုလည်း ကာကွယ်ဖို့ စလုပ်သင့်ပါတယ်။ ကျွန်တော် အကြံပြုချင်တာက ရှနိုင်ငံတော် ပြည်တွင်း ကမောက်ကမဖြစ်နေချိန်မှာ မင်းသားက ချီမင်းသားဆီကနေ ဝူနိုင်ငံတော်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်မြေကို လဲလှယ်တာ ဒါမှမဟုတ် ဝယ်ယူတာမျိုး လုပါသင့်ပါတယ်။ ဒါမှ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ထဲကို အလျင်အမြန် တပ်ဖြန့်နိုင်ပါမယ်။”

ဟု သတိပေးလိုက်သည်။

မြောက်ပိုင်းပြည်နယ်၏ အနောက်တောင်ဘက်သည် ကျူးနိုင်ငံတော်နှင့် ထိစပ်နေပြီး တောင်ဘက်သည် ချီပြည်နယ်နှင့် ထိစပ်နေကာ ချီပြည်နယ် အနောက်ဘက်က ဝူနိုင်ငံတော်နှင့် ထိစပ်နေသည်။

မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို တိုက်ခိုက်မည် ဆိုပါက ကျူးနိုင်ငံတော် သို့မဟုတ် ချီပြည်နယ်ကို ဖြတ်သွားရမည်ဖြစ်သည်။ ချီပြည်နယ်ဆီမှ ဝူနိုင်ငံတော်နှင့် တိုက်ရိုက်ထိစပ်နေသော မြေဧရိယာတစ်ခုကို လဲလှယ်နိုင်မည်ဆိုပါက မြောက်ပိုင်းပြည်နယ်၏ တပ်များသည် တိုက်ရိုက်တောင်ဘက်သို့ ချီတက်ကာ ဝူနိုင်ငံတော်အား တိုက်ခိုက်နိုင်မည်ဖြစ်သည်။

သို့သော် ဤသည်မှာ မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်အား အမှန်တကယ်တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ ဝူနိုင်ငံတော်အား ခြိမ်းခြောက်ရုံသာဖြစ်သည်။ ရှနိုင်ငံတော် ပြည်တွင်းရှုပ်ထွေးနေစဉ် ဝူနိုင်ငံတော်ဘက်မှ တပ်များစေလွှတ်ပါက မြောက်ပိုင်းပြည်နယ်က အခွင့်ကောင်းယူပြီး ဝူနိုင်ငံတော်ကို ထိုးစစ်ဆင်နိုင်သည်။

............

All Chapters