← Chapters

အခန်း ၄၈၄-၄၈၆

Vol. 33 Ch. 484-486

အခန်း ၄၈၄-၄၈၆

Vol. 33 Ch. 484-486

အခန်း (၄၈၄)

အလှတရား ထောင်ချောက် (၂)

ကျူးကဲ့ကျုံကောင်း၏ အကြံပြုချက်ကို ကြားပြီးနောက် လုချန်း ခဏမျှ စဉ်းစားပြီး

“ကောင်းပါပြီ။ ကျွန်တော် လူတစ်ယောက်ကို ချီပြည်နယ်ကို စေလွှတ်ပြီး ဦးရီးတော် ချီမင်းသား ဆီကနေ မြေနေရာတစ်ခု ဝယ်မယ်။ ဒါပေမဲ့ နန်းတွင်းစစ်တပ်က ချီနိုင်ငံမှာ တပ်စွဲထားပြီးသားဆိုတော့ ချီမင်းသားမှာ ဆုံးဖြတ်နိုင်တဲ့ အနေအထားမှာ ရှိမှာ မဟုတ်ဘူး။”

ကျူးကဲ့ကျုံကောင်းက

“မင်းသား စမ်းကြည့်နိုင်ပါတယ်။ အဆင်မပြေရင် တခြားနည်းလမ်း ရှာလို့ရပါတယ်။”

လုချန်းက

“ဟုတ်ကဲ့။”

“ဒါဆို ပညာရှိကြီးကို မနှောင့်ယှက်တော့ပါဘူး။”

ထို့နောက် လုချန်း လှည့်ထွက်သွားသည်။

“ ဂရုစိုက်သွားပါ မင်းသား။”

ခဏအကြာတွင် လုချန်းသည် သူ၏ ကိုယ်ဖော့ပညာကို အသုံးပြု၍ မင်းသားစံအိမ်သို့ ပြန်လာသည်။ သူစာကြည့်ခန်းသို့ ဦးတည်နေစဉ် ဝူယွမ်နှင့် ဝမ်ချင်းစီတိုကို တွေ့လိုက်ရသည်။

လုချန်း ခေါင်မိုးပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ဝူယွမ်က ချက်ချင်း

“မင်းသားကို ဂါရဝပြုပါတယ်။”

ဟု နှုတ်ဆက်လိုက်သည်။

လုချန်းက ခေါင်းညိတ်ပြပြီး ဝမ်ချင်းစီဘက်သို့ လှည့်လိုက်သည်။ ဝမ်ချင်းစီက ချက်ချင်းပင်

“ ကျူးနိုင်ငံတော်က ထောက်လှမ်းရေး အစီရင်ခံစာ ရောက်နေပါတယ် မင်းသား။”

လုချန်းက စာကြည့်ခန်းဘက်သို့ ဆက်လျှောက်ရင်း

“အားလုံး စာကြည့်ခန်းကို လာခဲ့ပါ။”

သူတို့လည်း လုချန်းနောက်မှ စာကြည့်ခန်းသို့ လိုက်ပါသွားကြသည်။

စာကြည့်ခန်းထဲ ရောက်သည်နှင့် လုချန်းက ဝူယွမ်ကို ကြည့်ပြီး

“ဝူယွမ် အရင်ပြောပါ။”

ဝူယွမ်က

“ရွှမ်ယွမ်အကြီးအကဲက ရေနွေးငွေ့အင်ဂျင်နဲ့ ရထားကို ဆောက်လုပ်ပြီး အောင်မြင်စွာ စမ်းသပ်ပြီးပြီလို့ သတင်းပို့ပါတယ်။ နောက်ထပ် ယူမြို့တော်ကနေ ရန်ခရိုင်အထိ ရထားလမ်းတွေကို တိုက်ရိုက်ဆောက်ဖို့ စီစဉ်ထားပြီး မင်းသားရဲ့ ထောက်ပံ့မှုကို မျှော်လင့်ပါတယ်။”

ထိုသတင်းကြောင့် လုချန်း အံ့အားသင့်သွားပြီး

“ဒီလောက်တောင် မြန်လား။”

ဟု မေးလိုက်သည်။

ရထားနဲ့ ရေနွေးငွေ့အင်ဂျင်ကို ဆောက်လုပ်ဖို့ အချိန်အကြာကြီး ယူရလိမ့်မည်ဟု အစက လုချန်း ထင်ခဲ့သည်။ မမျှော်လင့်ပဲ မိုးရှင်းနဲ့ သူ့အဖွဲ့သည် ယူမြို့တော်ကို ရောက်ရှိပြီး နှစ်ဝက်မပြည့်သေးချိန်မှာ အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။

ဒါက ယူမြို့တော်မှာ လက်မှုပညာရှင် အများအပြား ရှိခြင်း၏ အားသာချက်ဖြစ်သည်။

စိတ်တည်ငြိမ်လာသောအခါ လုချန်းက ဝူယွမ်ကို

“ရွှမ်ယွမ်အကြီးအကဲကို ပြောလိုက်ပါ။ ယူမြို့တော်ကနေ ရန်ခရိုင်အထိ ရထားလမ်းအတွက် မင်းသားစံအိမ်ကနေ ရန်ပုံငွေ ထောက်ပံ့ပေးမယ်။ လွင်ပြင်ဒေသ မျိုးနွယ်စုသုံ့ပန်းတစ်ချို့ကိုလည်း ကူညီဖို့ စေလွှတ်ပေးမယ်။”

“ဟုတ်ကဲ့ပါ မင်းသား။”

လုချန်းက ဆက်ပြီး

“ကောင်းပြီ။ တခြား ဘာမှမရှိရင် အခုပဲ သွားပြီး ရွှမ်ယွမ်အကြီးအကဲကို သတင်းပို့လိုက်ပါ။”

ဝူယွမ်က ဦးညွှတ်ပြီး

“ကျွန်တော့်ကို ခွင့်ပြုပါ။”

ထို့နောက် ဝူယွမ် လှည့်ထွက်သွားပြီး စာကြည့်ခန်းတံခါးကို ဂရုတစိုက် ပိတ်သွားသည်။

ဝူယွမ် ထွက်သွားသည်နှင့် လုချန်း၏ အကြည့်က ဝမ်ချင်းစီဆီသို့ ရောက်သွားသည်။

ဝမ်ချင်းစီသည် အနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော အသားအရေကို အဝတ်အစားအောက်မှ ခပ်ဝါးဝါး မြင်နေရသည်။ သူမ၏ ဆံပင်များကို မြင့်မြင့်စည်းထားပြီး ဖြူဖွေးသော လည်တိုင်နှင့် သေးသွယ်သော ညှပ်ရိုးကိုလည်း မြင်နေရပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည်။

လုချန်း၏ မိန်းမ ဖြစ်လာပြီးနောက်ပိုင်း ဝမ်ချင်းစီသည် ရေလောင်းထားသော ပန်းတစ်ပွင့်လို ပွင့်လန်းလာပြီး ပိုမိုလှပ ဆွဲဆောင်မှု ရှိလာခဲ့သည်။

ထိုစဉ် လုချန်းက ဝမ်ချင်းစီအား

“ကျူးနိုင်ငံတော်မှာ ဘာလှုပ်ရှားမှု ရှိလဲ။” ဟု မေးလိုက်သည်။

ဝမ်ချင်းစီက

“ကျူးနိုင်ငံတော်ရဲ့ ဧကရာဇ်မက မုယုံရွှီကို မြောက်ပိုင်းပြည်နယ် စေလွှတ်လိုက်ပါပြီ။ မုယုံရွှီက ဧကရာဇ်မကို စိတ်ဆိုးအောင် လုပ်ခဲ့လို့ ကုန်သွယ်ရေး ကိုယ်စားလှယ်အနေနဲ့ မြောက်ပိုင်းပြည်နယ်ကို စေလွှတ်ခံရတာပါ။”

လုချန်း အနည်းငယ်ပြုံးလိုက်ပြီး

“ကျူးနိုင်ငံတော်ရဲ့ ဧကရာဇ်မက မြောက်ပိုင်းပြည်နယ်ကို အတော်လေး သတိထားတာပဲ။”

မုယုံရွှီသည် ဧကရာဇ်မ၏ ဘေးတွင် နှစ်သက်ခံရသူတစ်ဦး ဖြစ်ပြီး နန်းတွင်းဝန်ကြီးချုပ်အဖြစ်လည်း လူသိများသည်။ ဧကရာဇ်မက မုယုံရွှီအား မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်လိုက်ခြင်းသည် လုချန်းအတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

သို့သော် မုယုံရွှီကို မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခြင်းသည် ဧကရာဇ်မကို စိတ်ဆိုးအောင် လုပ်ခဲ့၍ မဟုတ်ပဲ မြောက်ပိုင်းပြည်နယ်ကို စောင့်ကြည့်လိုသောကြောင့် ဖြစ်သည်ဟု လုချန်း ယူဆလိုက်သည်။ ကျူးနိုင်ငံတော်အတွက် အကျိုးမဖြစ်ထွန်းမည့် အခြေအနေများကို စောင့်ကြည့်ရန် သို့မဟုတ် မြောက်ပိုင်းပြည်နယ်၏ အစစ်အမှန်အင်အားကို စမ်းသပ်ရန် ဖြစ်နိုင်သည်ဟု ထင်ရသည်။ ထို့ကြောင့် မုယုံရွှီလို အရေးပါသော ပုဂ္ဂိုလ်ကို ဤနေရာသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လုချန်းက

“မုယုံရွှီ ဘာကြောင့် ကျူးနိုင်ငံတော်

ဧကရာဇ်မကို စိတ်ဆိုးစေခဲ့တယ်ဆိုတာ ရှာတွေ့ပြီလား။”

ဟု မေးလိုက်သည်။

ဝမ်ချင်းစီက

“မုယုံရွှီမှာ နန်းတော်ပြင်ပမှာ ချစ်သူရှိနေတာကို ဧကရာဇ်မ သိသွားပြီး ဒေါသတကြီးနဲ့ မြောက်ပိုင်းပြည်နယ်ကို ပို့လိုက်တာပါ။”

ဟု ပြန်ဖြေသည်။

ထိုအချက်ကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။

ချစ်သူရှိသည်ဆိုပါလား။ ရာထူးမြင့်မားပြီး အာဏာရှိသော အမျိုးသမီးများသည် တစ်ယောက်တည်း မနေနိုင်ပဲ ချောမောလှပသောယောက်ျားလေးများကို အချစ်တော်အဖြစ် မွေးမြူလေ့ရှိသည်။

ဤသတင်းမှန်ပါက မုယုံရွှီသည် ကာမဂုဏ်၌ လွန်ကျူးသူဖြစ်ကြောင်း ဖော်ပြနေသည်။

လုချန်း ရုတ်တရက် နောင်တရမိသည်။ မုယုံရွှီသည် အမှတ် ၉၀ ကျော်အဆင့်ရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏အလှအပမှာ လုချန်း၏အကြိုက်နှင့် ကိုက်ညီလှသည်။

သို့သော် မုယုံရွှီသည် အခြားယောက်ျားများနှင့် ဆက်ဆံမှုရှိပြီးဖြစ်ပါက သူ၏စိတ်ဝင်စားမှု လျော့နည်းသွားမည်ဖြစ်သည်။ လုချန်းသည် စင်ကြယ်သော အပျိုစင်များကိုသာ နှစ်သက်သူဖြစ်သည်။

လုချန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ဝမ်ချင်းစီက ပြုံး၍

“မင်းသား အရမ်း စိတ်ပျက်သွားပြီလား။”

လုချန်းက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး

“ဘာကို စိတ်ပျက်ရမှာလဲ။”

ဝမ်ချင်းစီက

“ဒီလို လှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက တခြားယောက်ျားတွေနဲ့ နေခဲ့ပြီးသားဖြစ်‌ နေပြီလေ။ မင်းသား စိတ်မပျက်ဘူးလား။”

လုချန်းက ပြုံးလျက်

“ဝမ်မိန်းကလေး ကျွန်တော့်ကို စနောက်တာက တန်ဖိုးတစ်ခု ပေးရမယ်နော်။ ပေးဖို့ ပြင်ဆင်ထားပြီလား။”

ဝမ်ချင်းစီက ချက်ချင်း

“ကျွန်မက ဘယ်လိုလုပ် မင်းသားကို စနောက်ရဲပါ့မလဲ။”

သို့သော် လုချန်း ဝမ်ချင်းစီ၏စကားကို ဂရုမစိုက်တော့ပဲ လက်ကိုလှုပ်ရမ်းလိုက်သည်။ နောက်တစ်ခဏတွင် ဝမ်ချင်းစီ၏ ခန္ဓာကိုယ်သည် လုချန်း၏ ရင်ခွင်ထဲသို့ ပျံသန်းရောက်ရှိလာသည်။

ရုန်းကန်ခြင်း မရှိပဲ ဝမ်ချင်းစီက လုချန်း၏ မျက်လုံးများကို မော့ကြည့်ပြီး သနားစဖွယ် အမူအရာဖြင့်

“ကျွန်မ နေမကောင်းဖြစ်ထားပါတယ် မင်းသား။ ကျွန်မကို လွှတ်ပေးပါ။”

ဟု တောင်းပန်လိုက်သည်။

လုချန်းက ခပ်တိုးတိုး ရယ်လိုက်သည်။ ထိုမိန်းမသည် သူမနေမကောင်းဟု ပြောနေသော်လည်း တကယ်တော့ သူ့ကို ဖြားယောင်းဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။

.............

အခန်း (၄၈၅)

အလှတရား ထောင်ချောက် (၃)

လုချန်းက ချက်ချင်းပင် သူမ၏တင်ပါးကိုရိုက်လိုက်သည်။

“မသက်မသာ ဖြစ်နေတယ်ပေါ့။ ကောင်းပြီ။ ဝမ်မိန်းကလေးကို ကောင်းကောင်း ကုသပေးရတာပေါ့။”

ထို့ပြောပြီးနောက် လုချန်းသည် ဝမ်ချင်းစီကို ပွေ့ချီလိုက်ပြီး စာအုပ်စင်ဆီသို့ လျှောက်သွားသည်။

လုချန်း သူမကို စာအုပ်စင်ဆီသို့ ခေါ်သွားသည်ကို မြင်သောအခါ ဝမ်ချင်းစီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ လုချန်းက သူမကို စာအုပ်စင်ဆီ ဘာလို့ ခေါ်သွားတာလဲ။

ယခင်က လုချန်းက သူမနှင့် မကောင်းမှုများလုပ်လိုပါက စားပွဲပေါ်တွင် ဖိချပြီး သူမ၏အဝတ်အစားများကို ဆုတ်ဖြဲခြင်း သာ ပြုလုပ်လေ့ရှိသည်။

ဝမ်ချင်းစီ စူးစမ်းလိုစိတ်ဖြင့် စဉ်းစားနေစဉ် လုချန်း လက်မြှောက်လိုက်သည်ကို သူမ သတိထားမိလိုက်သည်။ နောက်တစ်ခဏတွင် စာကြည့်ခန်းထဲရှိ စာအုပ်စင်သည် ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး သူတို့ရှေ့တွင် အခန်းတစ်ခန်း ပေါ်လာသည်။

ဝမ်ချင်းစီကို ပွေ့ချီလျက် လုချန်း အခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။ သူတို့ရောက်သည်နှင့် စာအုပ်စင်သည် သူ့ဘာသာသူ ဖြည်းဖြည်းချင်း ပိတ်သွားသည်။

သူမရှေ့မှ လျှို့ဝှက်ခန်းကို မြင်သောအခါ ဝမ်ချင်းစီ ခဏခန့် အံ့သြသွားသည်။

ထိုစဉ် လုချန်းက ပြုံးလျက်

“ဒေါ်လေးချူးက စာကြည့်ခန်းထဲမှာ အဲဒီလိုလုပ်တာ မသင့်လျော်ဘူးလို့ အမြဲပြောနေလို့ ဒီလျှို့ဝှက်ခန်းကို အထူးဆောက်ခိုင်းထားတာ။ မင်း ဘယ်လိုထင်လဲ။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ ဝမ်ချင်းစီ အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အခန်းထဲတွင် အိပ်ရာကြီးတစ်လုံး၊ စင်အချို့နှင့် ထူးဆန်းသော စားပွဲနှင့် ထိုင်ခုံအချို့ ပါရှိသည်။

ဝမ်ချင်းစီ သက်ပြင်းချလိုက်ပြီး

“ဒါက အချုပ်ခန်းလို ဘာလို့ ခံစားရတာလဲ။”

လုချန်း ရယ်မောလိုက်သည်။

“ဘာအချုပ်ခန်းလဲ။ ဒါက ကိုယ်နားနေတဲ့နေရာပဲ။”

“ဒါပေမဲ့ မကြာသေးခင်က ကိုယ်အရမ်းအလုပ်များနေလို့ ဒီနေရာကို အသုံးမပြုနိုင်သေးဘူး။ မင်း ဒီနေ့ရောက်လာပြီဆိုတော့ ဒီအခန်းရဲ့ သက်သောင့်သက်သာရှိမှုကို အတူတူ ခံစားကြည့်ရအောင်။”

ဝမ်ချင်းစီက ညင်သာစွာဖြင့်

“ စာကြည့်ခန်းကိုပဲ ပြန်သွားကြရအောင် မင်းသား။ ဒီမှာ အရမ်းမှောင်နေတယ်။ ကျွန်မ နည်းနည်း ကြောက်တယ်။”

ထို့နောက် လုချန်းက ဝမ်ချင်းစီကို အိပ်ရာကြီးပေါ် လှဲချလိုက်ပြီး ကိုယ်ကိုင်းလျက်

“ကိုယ်ရှိနေရင် ဘာမှကြောက်စရာ မလိုဘူး။”

ဝမ်ချင်းစီ သူမ၏ နှုတ်ခမ်းများကို စေ့လိုက်ပြီး ဒီဆိုးသွမ်းတဲ့လူကြောင့်ပဲ သူမ ကြောက်နေတာဟု စိတ်ထဲတွင် တွေးလိုက်သည်။

ယခုလို မှောင်မိုက်တဲ့နေရာမှာ လုချန်းဆိုတဲ့ ဒီဆိုးသွမ်းတဲ့လူက သူမကို ဘာလုပ်ဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ချေ။

အချိန်မဖြုန်းတော့ပဲ လုချန်းသည် ဝမ်ချင်းစီ၏ နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းများဖြင့် ချက်ချင်း ပိတ်လိုက်သည်။

ရွေးချယ်စရာ မရှိတော့သော ဝမ်ချင်းစီလည်း လုချန်းနှင့်အတူ အခန်း၏ သက်သောင့်သက်သာရှိမှုကို မျှဝေခံစားရုံသာ တတ်နိုင်တော့သည်။

....

ရက်အနည်းငယ်အကြာတွင် မုယုံရွှီသည် လူအချို့နှင့်အတူ ရန်ခရိုင်သို့ရောက်ရှိလာသည်။

မုယုံရွှီသည် မြောက်ပိုင်းပြည်နယ်တွင် အခြေစိုက်ရန် ကျူးနိုင်ငံတော်မှ စေလွှတ်လိုက်သော ကုန်သွယ်ရေးသံတမန်ဖြစ်သည်။ ပြည်ပ အရာရှိတစ်ဦးအနေနှင့် မြောက်ပိုင်းပြည်နယ်သို့ရောက်ရှိပါက ပထမဆုံးလုပ်ရမည့်တာဝန်မှာ ပြည်နယ်၏ အုပ်ချုပ်သူ လုချန်းနှင့် တွေ့ဆုံရန်ဖြစ်သည်။

မုယုံရွှီ မနက်စောစော လာတွေ့မည်ဟု ကြားသောအခါ လုချန်းလည်း စောစောထခဲ့သည်။

နိုင်ငံရေးရာ ခန်းမ။

လုချန်း ပလ္လင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း ခန်းမကြီးကို ကြည့်လိုက်သည်။ မုယုံရွှီနှင့် ကျူးနိုင်ငံတော်မှ ကိုယ်စားလှယ်များ ရောက်ရှိနေပြီဖြစ်သည်ကို သူ သတိပြုမိလိုက်သည်။

ထိုအချိန်တွင် မုယုံရွှီက မတ်တပ်ရပ်လိုက်ပြီး

“ကျွန်မ မုယုံရွှီက မြောက်ပိုင်းနယ်စားမင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး

“ ထုံးတမ်းအစဉ်အလာ‌တွေကို ရှောင်နိုင်ပါတယ်တယ်။”

အေးစက်ပြီး အံ့မခန်းလှပသော မုယုံရွှီကို ကြည့်ရင်း လုချန်း နောင်တရမိသည်။ ဒီလို ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦးက ဘယ်လိုလုပ် ယောက်ျားအချစ်‌တော်တွေ မွေးမြူနိုင်ရတာလဲ။ ဒီလို စွန့်ပစ်လိုက်ရတာက ဝမ်းနည်းစရာ ကောင်းသည်။ မုယုံရွှီကို ပထမဆုံးအကြိမ် တွေ့တုန်းကတည်းက လုချန်း သူမကို ပိုင်ဆိုင်လိုခဲ့သည်။

အဲဒီတုန်း ကတည်းက သူလှုပ်ရှားခဲ့သင့်သည်။ အခုတော့ နောက်ကျသွားပြီဖြစ်သည်။

ထိုအတွေးများ လုချန်း၏ စိတ်ထဲ ဖြတ်သန်းသွားစဉ် စနစ်ကို အသုံးပြုပြီး မုယုံရွှီ၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်လိုက်သည်။ သူမ မြောက်ပိုင်းပြည်နယ်ကို လာရခြင်းမှာ တခြားရည်ရွယ်ချက်များ ရှိမရှိ သူသိလိုသည်။

[အမည်- မုယုံရွှီ]

[အချက်အလက်- ကျူးနိုင်ငံတော်

ဧကရာဇ်မ၏ ဘေးမှ အမျိုးသမီး အရာရှိတစ်ဦး၊ မုယုံမိသားစု၏ တစ်ဦးတည်းသော သမီး၊ အဆင့်မြင့် ပညာရှင်၊ အသက် ၂၄ နှစ်။ ကျူးနိုင်ငံတော် ဧကရာဇ်မ နန်းတက်သည့်နှစ်တွင် မုယုံမိသားစုသည် သူမကို ဆန့်ကျင်သောကြောင့် ကွပ်မျက်ခံခဲ့ရပြီး မုယုံရွှီတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ကျူးနိုင်ငံတော် ဧကရာဇ်မက သူမကို နန်းတော်ထဲ ခေါ်ယူပြီး လူယုံတော်အဖြစ် ပြုစုပျိုးထောင်ခဲ့သည်။

ယခုတစ်ကြိမ် မုယုံရွှီ မြောက်ပိုင်းပြည်နယ်သို့ လာရောက်သည့် ရည်ရွယ်ချက်မှာ ကျူးနိုင်ငံတော် ဧကရာဇ်မ၏ အမိန့်အရ မြောက်ပိုင်းနယ်စားမင်းသားကို အလှဖြင့်ဖြားယောင်း ချဉ်းကပ်ကာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ခိုးယူရန် ဖြစ်သည်။ မုယုံရွှီသည် မြောက်ပိုင်းနယ်စားမင်းသား၏ ရုပ်ရည်ကို သဘောကျပြီး သူမ၏ သန့်စင်မှုကို မြောက်ပိုင်းနယ်စားမင်းသားအား ပေးအပ်ခြင်းသည် အရှုံးမရှိဟု ယုံကြည်သည်။]

[အဆင့်သတ်မှတ်ချက်- ၉၅]

[နှစ်သက်မှု- ၇၀]

မုယုံရွှီ၏ ကိုယ်ရေးအချက်အလက်များကို မြင်သောအခါ လုချန်း အံ့သြသွားသည်။

မုယုံရွှီက ယောက်ျားအချစ်‌တော်တွေ မွေးမြူထားတယ် မဟုတ်လား။

သူမက ဘယ်လိုလုပ် အပျိုစင် ဖြစ်နေနိုင်တာလဲ။

ဒါဆို ဝမ်ချင်းစီ စုဆောင်းထားတဲ့ မုယုံရွှီရဲ့ ယောက်ျားအချစ်တော်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ ကျူးနိုင်ငံတော် ပြည်သူတွေကြားက ကောလာဟလသက်သက်ပဲလား။ တကယ် မဟုတ်ဘူးလား။

ထိုအတွေးနှင့်အတူ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ အလှနဲ့ ထောင်ချောက်ဆင်တာလား။

သူ့ရန်သူတွေက သူ့ကို အလှနဲ့ ထောင်ချောက်ဆင်တာကို သူ တော်တော်လေး နှစ်သက်သည်။ အထူးသဖြင့် အမှတ်ကိုးဆယ်ကျော်သော အမျိုးသမီးများကို သူ့ဆီပို့တာဆိုလျှင်ဖြစ်သည်။

လုချန်း မုယုံရွှီကို ထပ်ကြည့်လိုက်သည်။ သူမသည် အနက်ရောင်အနားသတ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စာပေကျမ်းဂန်များတွင် နစ်မြုပ်နေသောပညာတတ်အမျိုးသမီးတစ်ဦး၏ ဟန်ပန်ကို ဖော်ပြနေသည်။

လုချန်း စိတ်ထဲတွင် ဤအမျိုးသမီးမှာ ကောင်းသောအမျိုးသမီးမဟုတ် သူ၏ခန္ဓာကိုယ်ကို တပ်မက်နေသူဖြစ်သည်ဟု တွေးမိပြန်သည်။

သူသည် မုယုံရွှီအား နဂါးဖီးနစ်လက်ဖက်ရည် တစ်ကြိမ်တစ်ခါမှ မတိုက်ဖူးသေးသော်လည်း သူမ၏ နှစ်သက်မှုမှာ ၇၀ အထိ ရှိနေပြီဖြစ်သည်။

ထိုစဉ် လုချန်းက

“ မတွေ့တာ ကြာပြီ မုယုံမိန်းက‌လေး။”

မုယုံရွှီ၏ အေးစက်သော မျက်နှာတွင် အပြုံးအနည်းငယ် ပေါ်လာသည်။

“ကျွန်မ မြောက်ပိုင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေချိန်မှာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဆက်လက်ပံ့ပိုးမှုကို မျှော်လင့်ပါတယ်။”

လုချန်းက ပြုံးလျက်

“ဟုတ်တာပေါ့။ ရရမှာပေါ့။”

မုယုံရွှီက ဆက်ပြီး

“ဒါဆို မြောက်ပိုင်းနယ်စားမင်းသားကို ကြိုတင် ကျေးဇူးတင်ပါတယ်။”

လုချန်းက

“ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက ကျွန်တော့်တာဝန်ပါ။”

ထို့နောက် လုချန်းက စူးစမ်းချင်ဟန်ဆောင်ပြီး

“ဒါပေမဲ့ မုယုံမိန်းကလေးက ယွဲ့ဧကရာဇ်ရဲ့ အတွင်းလူတွေထဲက မဟုတ်ဘူးလား။ ဘယ်လိုလုပ် ယွဲ့ဧကရာဇ်က ခင်ဗျားကို မြောက်ပိုင်းပြည်နယ် ပို့လိုက်တာလဲ။”

မုယုံရွှီက

“ကျွန်မ ကျူးနိုင်ငံတော်မှာ အမှားလုပ်မိပြီး ဧကရာဇ်မကို စိတ်ဆိုးအောင် လုပ်ခဲ့မိတယ်။ သူက အခုချိန်မှာ ကျွန်မကို မြင်ချင်စိတ်မရှိသေးတဲ့အတွက် မြောက်ပိုင်းပြည်နယ်ကို စေလွှတ်လိုက်တာပါ။

လုချန်းက

“သြော်...ဒီလိုကိုး။”

“မုယုံမိန်းကလေး စိတ်မပူပါနဲ့။ ခင်ဗျားက ယွဲ့ဧကရာဇ်ရဲ့ ညာလက်ရုံးပဲ။ သူစိတ်ဆိုးနေလို့ ဖြစ်နိုင်ပါတယ်။ ခဏနေရင် ပြန်ခေါ်ပါလိမ့်မယ်။”

မုယုံရွှီက

“မင်းသားရဲ့ စကားတွေ မှန်ပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်။”

လုချန်း အနည်းငယ်ပြုံးလိုက်ပြီး

“မုယုံမိန်းကလေး ရန်ခရိုင်မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် ဒါမှမဟုတ် ဘာပဲလိုအပ်လိုအပ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာပြီး ကျွန်တော့်ကို လာရှာလို့ ရပါတယ်။”

မုယုံရွှီက

“မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။”

...........

အခန်း (၄၈၆)

ယုံအန်းခရိုင်ကို ရောင်းနိုင်သော်လည်း တစ်ခုလုံး ရောင်း၍မရပေ

ရှနိုင်ငံတော်၏ အခြေအနေသည် လျင်မြန်စွာ ဆိုးရွားလာလျက်ရှိသည်။ တစ်လပင် မကြာသေးခင်မှာပင် နယ်စားအချို့က ဆွမ်ဧကရာဇ်ကို နေပြည်တော်သို့ လာရောက်တွေ့ဆုံရန် ဆန္ဒရှိကြောင်း အသံများ ထွက်ပေါ်လာသည်။

ထိုနယ်စားများသည် သူတို့၏တပ်များကို ချဲ့ထွင်နေရုံသာမက စားနပ်ရိက္ခာနှင့် စစ်ရိက္ခာများကိုပါ သိုလှောင်နေကြခြင်း ဖြစ်ကြောင်း ဉာဏ်ရှိသူတိုင်းသိမြင်နိုင်သည်။ သူတို့ ဆွမ်ဧကရာဇ်ကို သွားရောက်တွေ့ဆုံလိုခြင်း သက်သက်တော့ မဟုတ်ချေ။ သူတို့ ထိုရာထူးအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်နေသည်မှာ ထင်ရှားသည်။

တကယ်တော့ နယ်စားအများစုသည် လောလောဆယ် အချိန်တွင် ဧကရာဇ်ဖြစ်လာရန် ရည်ရွယ်ချက်မရှိကြပေ။ အထူးသဖြင့် တော်ဝင်မိသားစုနှင့် သွေးသားတော်စပ်မှု အတော်အတန် ဝေးကွာသူများဖြစ်သည်။ သူတို့အနေနှင့် တရားဝင် ထီးနန်းဆက်ခံခွင့် မရှိသည်ကို သူတို့နားလည်ကြသည်။

ထို့ကြောင့် နယ်စားအချို့သည် နေပြည်တော်ရှိ မင်းသားများနှင့် တိတ်တဆိတ်ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လာကြသည်။ အာဏာလုပွဲတွင် ထောက်ခံမှုရရန်အတွက် မင်းသားများက နယ်စားတို့ တောင်းဆိုသော အချက်အလက်များကို သဘောတူခဲ့ကြသည်။ ထိုကြောင့် ရှနိုင်ငံတော်၏ ရှုပ်ထွေးနေပြီဖြစ်‌သော အခြေအနေကို ပိုပြီး ရှုပ်ထွေးစေခဲ့သည်။

ရှနိုင်ငံတော် ကမောက်ကမ ဖြစ်နေချိန်တွင် ဝူနိုင်ငံတော်ကလည်း လက်ပိုက်ကြည့်မနေခဲ့ပေ။ ဝူကျန်းဝမ် မြောက်ပိုင်းပြည်နယ်မှ ပြန်လာပြီးနောက် ဝူနိုင်ငံတော်၏ စစ်တပ်များ လှုပ်ရှားလာကြသည်။ သူတို့၏ အထူးတပ်ဖွဲ့များကို ရှနိုင်ငံတော်နှင့် ထိစပ်နေသော နယ်စပ်များသို့ ရွှေ့ပြောင်းခဲ့ပြီး အခွင့်အရေးကို ဆုပ်ကိုင်ရန် အသင့်ပြင်ဆင်ထားသည်။

...........

ချီပြည်နယ်။

အစည်းအဝေးခန်းမ။

အလွန်ဝသော အမျိုးသားတစ်ဦး ပလ္လင်ပေါ်တွင် ထိုင်နေသည်။ ပလ္လင်သည် ကျယ်ဝန်းသော်လည်း ထိုသူ၏ ခန္ဓာကိုယ်အရွယ်အစားကြောင့် ကျဉ်းမြောင်းနေသလို ထင်ရသည်။

ချီမင်းသားသည် ခန်းမထဲရှိ မြောက်ပိုင်းပြည်နယ်မှ ကိုယ်စားလှယ်ကို ကြည့်ပြီး ပြုံးလျက်

“အံ့ဩစရာပဲ။ ကျုပ်တူတော်မင်းသားက သူ့လူကို ကျုပ်ဆီ စေလွှတ်လိမ့်မယ်လို့ မထင်ထားဖူးဘူး။”

ချီမင်းသားက ဆက်ပြီး

“ပြောပါ။ ကျုပ်တူက ခင်ဗျားကို ချီပြည်နယ် ဘာရည်ရွယ်ချက်နဲ့ စေလွှတ်တာလဲ။”

ဟု မေးလိုက်သည်။

မြောက်ပိုင်းပြည်နယ် ကိုယ်စားလှယ် ကျောင်းတုံကောင်းက ရိုးသားပွင့်လင်းစွာပင်

“ချီမင်းသား ခင်ဗျား။ ကျွန်တော့်သခင်က ယုံအန်း ခရိုင်တစ်ခုလုံးကို ဝယ်ယူလိုပါတယ်။”

ထိုစကားကို ကြားသောအခါ ချီမင်းသားနှင့် ခန်းမထဲရှိ အရာရှိများ အားလုံး အံ့အားသင့်သွားကြသည်။ မြောက်ပိုင်းပြည်နယ် ကိုယ်စားလှယ် ချီပြည်နယ်ကို မြေဝယ်ဖို့ ရည်ရွယ်ချက်နဲ့ လာမယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြပေ။ ခရိုင်တစ်ခုလုံးကိုဝယ်ယူရန် ဆိုသည်မှာ ပို၍ပင် အံ့အားသင့်စရာဖြစ်သည်။

ချီမင်းသား၏ မျက်နှာအမူအရာ အနည်းငယ် ပိုမိုပြင်းထန်လာပြီး ကျောင်းတုံကောင်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှ

“မြောက်ပိုင်းနယ်စားမင်းသားက ကျုပ်ကို စနောက်နေတာလား။”

ကျောင်းတုံကောင်းက

“ကျွန်တော့်သခင်က တကယ်ပဲ ယုံအန်းခရိုင်တစ်ခုလုံးကို ဝယ်ယူဖို့ ရည်ရွယ်ပါတယ်။ ချီမင်းသားက ငွေကြေးနဲ့ ဝယ်ယူတာကို မကျေနပ်ဘူးဆိုရင် မြေနဲ့မြေ ချင်းလဲလှယ်လို့လည်း ရပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ ချီမင်းသား စိတ်ဝင်စားတဲ့တဲ့မြေ ရှိရင် ပြောနိုင်ပါတယ်။”

ဤစကားကိုကြားသော ချီမင်းသား၏ စိတ်ထဲ နှာခေါင်းရှုံ့လိုက်သည်။ သူသည် မိုက်မဲသူမဟုတ်။ ချီနိုင်ငံ၏မြေယာကို မြောက်ပိုင်းပြည်နယ်၏မြေယာနှင့် အဘယ်ကြောင့်လဲလှယ်ရမည်နည်း။ မြောက်ပိုင်းပြည်နယ်သည် ချီပြည်နယ်၏ ချမ်းသာကြွယ်ဝမှုနှင့်နှိုင်းယှဉ်လျှင် ဘာမှမဆိုင်‌ပေ။ ထိုသို့လဲလှယ်ပါက အမှန်ပင် ဆုံးရှုံးမှုတစ်ခုဖြစ်မည်။

သို့သော် မြောက်ပိုင်းမင်းသားက အဘယ်ကြောင့် ယခုအချိန်တွင် ယုံအန်းခရိုင်ကို ဝယ်ယူရန် တွေးရသနည်း။

ချီမင်းသား စဉ်းစားနေစဉ် ခန်းမရှိစစ်သည်များအား

“မြေပုံကိုယူလာခဲ့”

ဟုအမိန့် ပေးလိုက်သည်။

သူပြောလိုက်သည်နှင့် ဝါးတုတ်များဖြင့် ထောက်ထားသော မြေပုံကြီးတစ်ချပ်ကို ခန်းမအလယ်သို့ သယ်ဆောင်လာသည်။

မြေပုံတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ချီမင်းသား ယုံအန်းခရိုင်၏ တည်နေရာကို ကြည့်လိုက်သောအခါ ဝူနိုင်ငံတော်နှင့် ကပ်လျက် အနောက်ဘက် နယ်စပ်တွင် တည်ရှိနေသည်ကို တွေ့ရသည်။ ဝူနိုင်ငံတော်နှင့် ထိစပ်နေရုံသာမက ရှနိုင်ငံတော် တော်ဝင်မိသားစု ထိန်းချုပ်ထားသော နယ်မြေများနှင့်ပါ ထိစပ်နေသည်။

ဆိုလိုသည်မှာ မြောက်ပိုင်းပြည်နယ်သည် ယုံအန်းခရိုင်ကို ရရှိပါက သူတို့၏စစ်တပ်သည် ချီပြည်နယ်ကိုကျော်ဖြစ်၍ ထိုလမ်းကြောင်းမှတဆင့် ရှနိုင်ငံတော် တော်ဝင်မိသားစု ထိန်းချုပ်ထားသော နယ်မြေများသို့ တိုက်ရိုက်ဝင်ရောက်နိုင်မည်ဖြစ်သည်။

ယုံအန်းခရိုင်တည်နေရာကို ကြည့်ပြီးနောက် ချီမင်းသားကပြုံး၍

“မြောက်ပိုင်းနယ်စားမင်းသားက ဘာကြောင့် ယုံအန်းခရိုင်ကို ဝယ်ချင်တာလဲဆိုတာ သိချင်တယ်။ ဒီနေရာက တော်တော်လေး အရေးပါပုံ ရတယ်။”

ဟု မေးလိုက်သည်။

ကျောင်းတုံကောင်းက ပြုံးလျက်

“ မြောက်ပိုင်းပြည်နယ်နဲ့ ဝူနိုင်ငံတော်တို့ကြား ကုန်သွယ်ရေး သဘောတူညီချက်ကို ချီမင်းသား ကြားဖူးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အခုကစပြီး မြောက်ပိုင်းပြည်နယ်ဟာ ဝူနိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်တော့မယ်။ ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်နဲ့ ဝူနိုင်ငံတော်ကြားမှာ ကျူးနိုင်ငံတော်နဲ့ ချီနိုင်ငံတို့ရဲ့ မြေတွေ ရှိနေတာကြောင့် မြောက်ပိုင်းပြည်နယ်က ကုန်ပစ္စည်းတွေ ဝူနိုင်ငံတော်ကို ရောက်ဖို့ နည်းနည်း အခက်အခဲ ရှိပါတယ်။”

“ဒါကြောင့် ကျွန်တော့်သခင်က ဝူနိုင်ငံတော်နဲ့ တိုက်ရိုက်နယ်နိမိတ်ချင်း ထိစပ်နိုင်ဖို့ အတွက် ယုံအန်းခရိုင်ကို ရယူဖို့ စဉ်းစားခဲ့တာပါ။”

“ဒီနည်းနဲ့ မြောက်ပိုင်းပြည်နယ်က ကုန်ပစ္စည်းတွေ ဝူနိုင်ငံတော်ကို သွားတာပဲဖြစ်ဖြစ်၊ ဝူနိုင်ငံတော်က ကုန်ပစ္စည်းတွေ မြောက်ပိုင်းပြည်နယ်ကို သယ်ယူတာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေလာမှာပါ။”

ချီမင်းသားက ရယ်မောပြီး

“အကြောင်းပြချက်က တော်တော်လေး သဘာဝကျပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရည်ရွယ်ချက်က ဝူနိုင်ငံတော်နဲ့ စီးပွားရေးလုပ်ရုံသက်သက်ပဲ မဟုတ်ဘူးလို့ ထင်ပါတယ်။”

ဟု ပြောလိုက်သည်။

ကျောင်းတုံကောင်းက

“ဒါဆို ချီမင်းသားက ကျွန်တော့်သခင်

ယုံအန်းခရိုင်ကို ဘာအတွက် ဝယ်ယူနေတယ်လို့ ထင်ပါသလဲ။”

ဟု ပြန်မေးလိုက်သည်။

ကျောင်းတုံကောင်း၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ချီမင်းသား ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားသည်။

ချီမင်းသား၏ စိတ်ထဲတွင်

“ဘာအတွက်လဲ” ဟု တွေးလိုက်သည်။

စဉ်းစားရ သိပ်မခက်ပါ။

အခွင့်အခါသင့်ရင် ချီပြည်နယ်ကို ကျော်ဖြတ်ပြီး တော်ဝင်မိသားစု ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ခိုက်ဖို့အတွက် မဟုတ်လား။

ထို့နောက် ချီမင်းသားက

“ယုံအန်းခရိုင်ကို မြောက်ပိုင်းနယ်စားမင်းသားကို ရောင်းလိုက်မယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ရဲ့ မြေက ရှနိုင်ငံတော်နန်းတွင်း ကထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်သွားလိမ့်မယ်။ အဲဒီအချိန်မှာ အရေးတကြီးအခြေအနေတစ်ခု ဖြစ်လို့ မြောက်ပိုင်းပြည်နယ်က နန်းတွင်းထိန်းချုပ်တဲ့ မြို့တွေကို တပ်တွေ စေလွှတ်ခဲ့ရင် ကျုပ် တာဝန်ယူရလိမ့်မယ်လို့ ထင်တယ်။”

“နောက်ပြီး နယ်စားတွေကြား မြေယာတွေ လဲလှယ်တာက နန်းတွင်းရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ ကျုပ် သဘောတူရင်တောင် နန်းတွင်းရဲ့ သဘောတူညီချက်မရှိပဲ အသုံးမဝင်ပါဘူး။”

ကျောင်းတုံကောင်းက အနည်းငယ်ပြုံးရင်း

“ချီမင်းသား အစိုးရိမ်လွန်နေပါတယ်။ ကျွန်တော့်သခင်က ဧကရာဇ်ရဲ့ သားပါ။ မြောက်ပိုင်းပြည်နယ်ဟာ ရှင်းလင်းတဲ့အမိန့်မရှိပဲ နန်းတွင်းထိန်းချုပ်တဲ့နယ်မြေတွေကို တပ်တွေ စေလွှတ်မှာ မဟုတ်ပါဘူး။ နောက်ပြီး နန်းတွင်းက စစ်သည် ထောင်ပေါင်းများစွာကို ချီပြည်နယ်မှာ တပ်စွဲထားတာကြောင့် မြောက်ပိုင်းပြည်နယ်ရဲ့ လှုပ်ရှားမှုတွေကို နန်းတွင်းက ချက်ချင်း တုံ့ပြန်နိုင်ပါတယ်။”

“ပြီးတော့ ယုံအန်းခရိုင်ဟာ လမ်းကြောင်းတစ်ခုသက်သက်ပဲ ဖြစ်တာကြောင့် ချီမင်းသားမှာ အဲဒါကို ပိတ်ပစ်နိုင်တဲ့ အာဏာ အမြဲရှိပါတယ်။”

ဟု ဆက်လက်ရှင်းပြလိုက်သည်။

“တစ်နေ့ မြောက်ပိုင်းပြည်နယ် တပ်တွေ တောင်ဘက်ကို ဦးတည်ဖို့ လိုအပ်လာခဲ့ရင် ကျွန်တော့်သခင်က ချီမင်းသားဆီကနေ တိုက်ရိုက် လမ်းကြောင်းတောင်းဆိုမှာပါ။ ယုံအန်းခရိုင်ကို သိမ်းပိုက်ပြီး လုပ်စရာ မလိုပါဘူး။”

ထိုစကားကို ကြားသောအခါ ချီမင်းသား၏ မျက်နှာ ချက်ချင်းမှောင်မိုက်သွားသည်။

သူသည် အရူးမဟုတ်ချေ။ ကျောင်းတုံကောင်း၏ ရည်ညွှန်းချက်ကို နားမလည်နိုင်စရာအကြောင်းမရှိပေ။

ကျောင်းတုန်းကောင်းဆိုလိုသည်မှာ မြောက်ပိုင်းပြည်နယ်သည် တကယ်တမ်း တောင်ဘက်သို့ချီတက်လိုပါက ချိီပြည်နယ်ကို ပထမဆုံး တိုက်ခိုက်မည်ဖြစ်သည်။

ယုံအန်းခရိုင်သည် လမ်းကြောင်းတစ်ခုသာဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သည် ယုံအန်ခရိုင်မှ တပ်များစေလွှတ်ပါက ချိပြည်နယ်၏စစ်သားများသည် မည်သည့်အချိန်တွင်မဆို မြောက်ပိုင်းပြည်နယ်၏ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်သည်။ ထို့ကြောင့် မြောက်ပိုင်းပြည်နယ်သည် တောင်ဘက်သို့တပ်များစေလွှတ်လိုပါက ချိီပြည်နယ်ကို ဦးစွာသိမ်းပိုက်ရမည်ဖြစ်သည်။

ချိမင်းသား၏နားထဲတွင် ကျောင်းတုံကောင်း၏စကားမှာ ချိီပြည်နယ်ကို ခြိမ်းခြောက်ခြင်းသာဖြစ်သည်။ ချိီပြည်နယ်သည် ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ်ထံ မရောင်းချပါက မြောက်ပိုင်းပြည်နယ် တောင်ဘက်သို့ချီတက်သည့်အခါ ချိီပြည်နယ် တိုက်ခိုက်ခံရမည်မှာ မလွဲပေ။

ချီမင်းသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေတာလား။”

ကျောင်းထုံကောင်းက

“ကျွန်တော် မဝံ့ရဲပါဘူး။ ကျွန်တော်က အချက်အလက်တွေကိုပဲ ပြောနေတာပါ။”

ထို့နောက် ချီမင်းသားက

“မြောက်ပိုင်းပြည်နယ်က တကယ်ပဲ ယုံအန်းခရိုင်ကို ဝယ်ယူချင်တယ်ဆိုရင် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ အရင်ဆုံး နန်းတွင်းနဲ့ ပြောရမယ်။ နန်းတွင်းက သဘောတူမှ ယုံအန်းခရိုင်ကို ဝယ်ယူဖို့ စျေးနှုန်းကို ကျုပ်နဲ့ လာဆွေးနွေးလို့ ရပါတယ်။”

နယ်စားနယ်မြေများသည် နယ်စပ်ကို ကာကွယ်ရန် တာဝန်ရှိသည်။ ချီပြည်နယ်သည် အနောက်ဘက်တွင် ဝူနိုင်ငံတော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို ကျူးကျော်ပါက ချိီပြည်နယ်သည် ဝူနိုင်ငံတော်၏ကျူးကျော်မှုကို တွန်းလှန်ရန် တာဝန်ရှိသည်။

ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ်ထံ ရောင်းချလိုက်ပါက မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်နှင့် နယ်နိမိတ်ချင်းထိစပ်သွားမည်ဖြစ်ပြီး နိုင်ငံခြားရန်ကို ကာကွယ်ရမည့်တာဝန်သည် မြောက်ပိုင်းပြည်နယ်အပေါ်သို့ ကျရောက်လာမည်ဖြစ်သည်။ အမှန်စင်စစ် ချိီမင်းသားသည် ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ်ထံ လွှဲပြောင်းပေးရန် အလွန်လိုလားနေသည်။

ယခင်က ဝူနှင့် ရှနှစ်နိုင်ငံစစ်ဖြစ်စဉ်က နန်းတွင်းက နယ်စားများအား တပ်များစေလွှတ်ရန် တောင်းဆိုခဲ့ပြီး ချိီပြည်နယ်မှ စစ်သားများစွာ ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင် နန်းတွင်းက ချိီပြည်နယ်တွင် တပ်စွဲထားမည်ဟု ဆိုလာသောအခါ ချီမင်းသား အနေနှင့်သဘောမတူပဲ နေ၍မရနိုင်ခဲ့ပေ။

ထိုစဉ်က ချိီပြည်နယ်တွင် စစ်သား ငါးသောင်းခန့် ရှိပါက နန်းတွင်း၏တပ်စွဲမှုကို ချိီမင်းသား ပိုမို ဆန့်ကျင်ခဲ့မည်ဖြစ်သည်။ နန်းတွင်း၏ တောင်းဆိုချက်ကို သူလွယ်လွယ်ကူကူ သဘောတူခဲ့မည် မဟုတ်ချေ။

ချီမင်းသား၏ စကားများကို ကြားသောအခါ ကျောင်းတုံကောင်း ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ ချီမင်းသားသည် တာဝန်အားလုံးကို နန်းတွင်းသို့ လွှဲပြောင်းပေးနေခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူသည် မြောက်ပိုင်းပြည်နယ်ကို စိတ်မဆိုးစေသည့်အပြင် မြောက်ပိုင်းပြည်နယ်၏ ယုံအန်းခရိုင်မှ တပ်များ တောင်ဘက်သို့ ချီတက်ခဲ့ပါက နန်းတွင်း၏ အပြစ်တင်ခြင်းကိုလည်း ခံရမည် မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ ချီပြည်နယ်တွင် လက်ရှိအချိန်၌ နန်းတွင်းမှ စစ်သား သိန်းပေါင်းများစွာ တပ်စွဲထားခြင်းဖြစ်သည်။ မဆင်မခြင် လှုပ်ရှားမှုများ သူတို့မပြုလုပ်ရဲဝံ့ကြပေ။ ဆွမ်ဧကရာဇ် ပြင်းထန်စွာ ဖျားနာနေပြီး နယ်စားအသီးသီးက သူတို့၏တပ်များကို အပြင်းအထန် တိုးချဲ့နေကြသော်လည်း ချီပြည်နယ်တစ်ခုတည်းသာ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရဲပေ။

မြောက်ဘက်တွင် ကျားများရှိပြီး တောင်ဘက်တွင် နဂါးများရှိနေသဖြင့် ချိီပြည်နယ်သည် နှစ်ဖက်ကြား ညှပ်နေကာ တုန်လှုပ်ခြောက်ခြားလျက် ရှိနေသည်။ မည်သည့် မဆင်မခြင် လုပ်ရပ်မဆို ချီပြည်နယ် ပျောက်ကွယ်ခြင်းသို့ ဦးတည်သွားစေနိုင်သည်။

ကျောင်းတုံကောင်းက

“ဒီလိုဆိုရင် ကျွန်တော် ချက်ချင်းပဲ ကျွန်တော့်သခင်ဆီ စာရေးပြီး ဒီကိစ္စကို နန်းတွင်းကို ချက်ချင်း သတင်းပို့ခိုင်းပါမယ်။”

ဟု ပြောလိုက်သည်။

“ချီမင်းသားမှာ တခြားကိစ္စ မရှိရင် ကျွန်တော့်ကို ခွင့်ပြုပါ။”

စကားဆုံးသွားသည်နှင့် ကျောင်းတုံကောင်း ချက်ချင်း ထွက်ခွာသွားသည်။

ကျောင်းတုံကောင်း အစည်းအဝေးခန်းမမှ ထွက်သွားပြီးနောက် ချိီမင်းသားသည် အတွင်းမှပေါက်ကွဲလုနီးပါးဖြစ်နေသော သူ၏ဒေါသကို မထိန်းနိုင်တော့ပေ။ လက်တစ်ချက်ဝှေ့ယမ်းကာ သူ၏ရှေ့စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်ပြီး

“ဒါက ရိုင်းစိုင်းလွန်းတယ်။ တစ်ယောက်ပြီးတစ်ယောက် ချီပြည်နယ်ကို မခန့်လေးစား လုပ်နေကြတယ်။”

ဟု ဟစ်အော်လိုက်သည်။

ထိုအချိန်တွင် ဝန်ကြီးတစ်ဦး ရှေ့သို့တိုးလာပြီး

“မင်းသား။ ကျွန်တော်တို့ တကယ်ပဲ ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ်ကို ရောင်းတော့မှာလား။ ယုံအန်းခရိုင်ကို ရောင်းလိုက်ရင် ကျွန်တော်တို့ ဝူနိုင်ငံတော်နဲ့ တိုက်ရိုက်ဆက်ဆံရေး လုပ်နိုင်တော့မှာ မဟုတ်ဘူး မဟုတ်လား။”

ထိုစကားကို ကြားသောအခါ ချီမင်းသား တိတ်ဆိတ်သွားသည်။

အမှန်စင်စစ် ယုံအန်းခရိုင်သည် ဝူနိုင်ငံတော်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး စစ်ဖြစ်သည့်အခါတွင် ချိီပြည်နယ်သည် ဝူနိုင်ငံတော်၏ကျူးကျော်မှုကို တစ်စိတ်တစ်ပိုင်း တွန်းလှန်ရန် တာဝန်ရှိသော်လည်း ယုံအန်းခရိုင်ကို ဆုံးရှုံးလိုက်ပါက ချိပြည်နယ်၏ ကုန်သည်များအတွက် ဝူနိုင်ငံတော်နှင့် တိုက်ရိုက်ဆက်ဆံရန် ခက်ခဲသွားမည်ဖြစ်သည်။

နောင်တွင် နန်းတွင်းထိန်းချုပ်ထားသော နယ်မြေများကို ဖြတ်သန်းရမည်ဖြစ်ပြီး ချိပြည်နယ်အတွက် အဆင်မပြေနိုင်ပေ။

ချိပြည်နယ်နှင့် ဝူနိုင်ငံတော်အကြား အချို့သော ကုန်သွယ်မှုများမှာ တရားဝင်မဟုတ်ပေ။ နန်းတွင်းထိန်းချုပ်ထားသော နယ်မြေများကို ဖြတ်သန်းရမည်ဆိုပါက အခြားသူများအနေဖြင့် သံသယဖြစ်ဖွယ်ရာများကို အလွယ်တကူ သတိပြုမိမည်ဖြစ်သည်။

သို့သော် မြောက်ပိုင်းပြည်နယ်၏ ကိုယ်စားလှယ်က ခုနကပဲ ခြိမ်းခြောက်ပြောဆိုသွားပြီဖြစ်သည်။ ယုံအန်းခရိုင်ကို မရောင်းချပါက တစ်နေ့တွင် မြောက်ပိုင်းပြည်နယ်တပ်များ တောင်ဘက်သို့ချီတက်လာပါက ချိီပြည်နယ်ကို တိုက်ခိုက်မည်မှာ သေချာသည်။ စစ်သား ငါးသောင်းမျှပင် မရှိသော ချိီပြည်နယ်အနေနှင့် မြောက်ပိုင်းပြည်နယ်၏ ချီတက်မှုကို ခုခံနိုင်စွမ်း လုံးဝမရှိပေ။

ခဏအကြာတွင် ချိီမင်းသား အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိလိုက်ပြီး

“ယုံအန်းခရိုင်ကို ရောင်းနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုလုံး မရောင်းဘဲ တစ်ဝက်ပဲ မြောက်ပိုင်းပြည်နယ်ကို ရောင်းမယ်။ အဲဒီနည်းနဲ့ မြောက်ပိုင်းပြည်နယ်က နန်းတွင်းထိန်းချုပ်တဲ့ နယ်မြေတွေကို တိုက်ရိုက် မရောက်နိုင်တဲ့အပြင် ချီနိုင်ငံရဲ့ ကုန်သည်တွေလည်း ဝူနိုင်ငံတော်နဲ့ ကုန်သွယ်ရေး ဆက်လုပ်နိုင်မယ်။”

ထိုစကားကို ကြားလိုက်ရသော ဝန်ကြီးများစိတ်သက်သာရာ ရသွားကြသည်။ အစည်းအ‌ဝေးတက်ရောက်လာသောဝန်ကြီးအများစုသည် ချိီပြည်နယ်၏ အာဏာရှိမိသားစုများမှဖြစ်ပြီး သူတို့တစ်ဦးစီတိုင်းသည် ဝူနိုင်ငံတော်နှင့် ကုန်သွယ်မှုအချို့တော့ ရှိနေသည်။ ဝူနိုင်ငံတော်သို့ ကုန်သွယ်ရေးလမ်းကြောင်းများ အမှန်တကယ် ပိတ်သွားပါက သူတို့အတွက် ကောင်းမွန်သောရလဒ်များ မဖြစ်ထွန်းနိုင်ပေ။

လဝက်ခန့်အကြာတွင် မြောက်ပိုင်းနယ်စားမင်းသား ယုံအန်းခရိုင်ကို ဝယ်ယူရန် ကမ်းလှမ်းသည့် သတင်းသည် ရှနိုင်ငံတော် နန်းတွင်းအရာရှိများ၏ နားသို့ ရောက်ရှိလာသည်။

နန်းတွင်း၌ အရာရှိများစွာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်လာကြသည်။

ဒီအချိန်မှာ နဂါးပလ္လင်ဘေးမှ ခုံပေါ်တွင် ထိုင်နေသော မင်းသားလုရိက

“မြောက်ပိုင်းပြည်နယ်က ချီပြည်နယ်ဆီကနေ ယုံအန်းခရိုင်ကို ဝယ်ဖို့ ကမ်းလှမ်းနေတာ ခင်ဗျား တို့အားလုံး ကြားပြီးပြီ မဟုတ်လား။”

ဟု မေးလိုက်သည်။

အိမ်ရှေ့မင်းသားအဖြစ် ယာယီတာဝန်ယူထားသော မင်းသားလုရိအနေနှင့် ထိုကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် တာဝန်ရှိသည်။

မင်းသားလုရိ စကားဆုံးသည်နှင့် အရာရှိတစ်ဦး ထရပ်ပြီး

“ဒီကိစ္စကို သဘောမတူသင့်ပါဘူး မင်းသား။”

ဟု ပြောလိုက်သည်။

“ကျွန်တော်တို့သာ ယုံအန်းခရိုင်ကို ရောင်းခွင့်ပြုလိုက်မယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ဟာ နန်းတွင်းထိန်းချုပ်တဲ့ မြေတွေနဲ့ တိုက်ရိုက်နယ်နိမိတ်ချင်း ထိစပ်သွားပါလိမ့်မယ်။ မြောက်ပိုင်းနယ်စားမင်းသားမှာ တခြားရည်ရွယ်ချက်တွေ ရှိခဲ့မယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ရဲ့ တပ်တွေဟာ ယုံအန်းခရိုင်ကို ဖြတ်ပြီး နေပြည်တော်ကို တိုက်ခိုက်နိုင်ပါတယ်။”

ထိုစကားများ ဆုံးသွားသည်နှင့် ဝန်ကြီး နောက်တစ်ဦးကလည်း

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ လုပ်ရပ်တွေက သူ့ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ရည်မှန်းချက်ကြီးတဲ့ သဘောသဘာဝကို ဖော်ပြနေပါတယ်။ ကျွန်တော်တို့ မြောက်ပိုင်းနယ်စားမင်းသားကို တားဆီးရပါမယ်။

ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ် မရသွားအောင် တားဆီးရပါမယ်။”

ထို့နောက် မင်းသားလုရိက

“ယုံအန်းခရိုင်ကို မြောက်ပိုင်းပြည်နယ်ဆီ မရောင်းခဲ့ရင် မြောက်ပိုင်းပြည်နယ်က တပ်တွေ စေလွှတ်ပြီး ချီပြည်နယ်ကို သိမ်းပိုက်နိုင်တယ်လို့ ချီမင်းသားက တင်ပြထားတယ်။”

ထိုစကားကို ကြားသောအခါ ခန်းမကြီးတစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။

"မြောက်ပိုင်းနယ်စားမင်းသားက အခု လုံးဝမထီမဲ့မြင်တွေ လုပ်နေပြီ။ အတင့်ရဲလိုက်တာ။"

"ဒါက ဒုက္ခပဲ။ နယ်စားအသီးသီးက သူတို့ရဲ့တပ်တွေကို ချဲ့ထွင်နေကြပြီ။ အခု မြောက်ပိုင်းပြည်နယ်ကလည်း တောင်ဘက်ကို ချီတက်ဖို့ ပြင်ဆင်နေပြီ။"

"မြောက်ပိုင်းနယ်စားမင်းသားက နန်းတွင်းရဲ့ စစ်သည် လေးသိန်းကို တကယ်ပဲ အလေးမထားဘူးလား။ ကျွန်တော်သာဆိုရင် ပုန်ကန်မှုကို နှိမ်နင်းဖို့ တပ်တွေ တိုက်ရိုက်စေလွှတ်

လိိုက်မယ်။"

"တပ်တွေ စေလွှတ်မှာလား။ ခင်ဗျား ရူးနေတာလား။ ကျွန်တော်တို့ အခု တပ်တွေ စေလွှတ်လိုက်ရင် တောင်ပိုင်းက နယ်စားတွေက သူတို့ရဲ့တပ်တွေကို မြောက်ဘက်ချီလာပြီး နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်လိမ့်မယ်။"

..........

All Chapters