← Chapters

အခန်း ၄၉၃-၄၉၅

Vol. 33 Ch. 493-495

အခန်း ၄၉၃-၄၉၅

Vol. 33 Ch. 493-495

အခန်း( ၄၉၃)

မင်းသား ပြောတဲ့ လှပတဲ့ အမှတ်တရတွေက ဘာတွေလဲ (၂)

နိုင်ငံကြီးများက မည်သည့်လှည့်ကွက်များ အသုံးပြုနေပါစေ မိုးစက်ရဲတိုက်အနေနှင့် သူတို့နှင့် ဆက်လက် ကုန်သွယ်နိုင်သရွေ့ ပြဿနာမရှိပါ။

ထိုအချိန်တွင် ဝမ်ချင်းစီက ဖြားယောင်းသော အပြုံးတစ်ခုဖြင့်

“မင်းသား ဒီလိုပြောတာကြားရတော့ ကျွန်မ စိတ်အေးရပါပြီ။ အလုပ်ပြုတ်မှာ စိုးရိမ်ခဲ့တာပါ။”

လုချန်းက လက်လှမ်းလိုက်ပြီး စာကြည့်စားပွဲဘေးရှိ ဝမ်ချင်းစီကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူမ၏ သွယ်လျသော ခါးကို တင်းတင်းဖက်ကာ နားနားကပ်၍

“ဒီမှာ ကျွန်တော့်ရဲ့ အရည်အချင်းရှိတဲ့ အစေခံမလေး။ တခြားသူတွေ အလုပ်ပြုတ်သွားရင် ပြုတ်သွားမယ် မင်းကတော့ အလုပ်လက်မဲ့ဖြစ်ဖို့ မဖြစ်နိုင်ဘူး”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ဝမ်ချင်းစီက ချွဲနွဲ့စွာဖြင့်

“မင်းသားက ကျွန်မအပေါ် သိပ်ကောင်းတာပဲ။”

လုချန်း ရယ်မောလိုက်သည်။

“ဒါနဲ့ မင်းကို ပြောစရာတစ်ခု ရှိတယ်။”

ဝမ်ချင်းစီက

“မင်းသား ပြောပါ။”

လုချန်း၏လက်က သူမ၏ ခြေသလုံးပေါ်မှ ပိုးသားကို ပွတ်သပ်ရင်း

“မကြာခင် မြို့သစ်ကို ပြောင်းရွှေ့တော့မယ်။ ဆောက်လုပ်ရေးက ပြီးသွားပြီ။ အခုကစပြီး အဲဒီကို ပြောင်းကြတော့မယ်။”

ဝမ်ချင်းစီ ခဏခန့် ကြောင်သွားသည်။ မြို့သစ် ဆောက်လုပ်ရေး ပြီးခါနီးပြီဟု သူမလည်း ကြားသိခဲ့ရသော်လည်း သိပ်စိတ်မဝင်စားခဲ့ပေ။ ယခု လုချန်းက ရုတ်တရက် ပြောင်းရွှေ့ရန် ပြောလာသောအခါ သူမ ရုတ်တရက် တစ်ခုခု ဆုံးရှုံးသလို ခံစားလိုက်ရသည်။ သူမ ဤနေရာမှ ထွက်ခွာရန် စိတ်မပါချေ။

မြို့ဟောင်းတွင် သူမ၏ အမှတ်တရများစွာ ရှိသည်။ လုချန်းကို ပထမဆုံး တွေ့ခဲ့ရသည့် အမှတ်တရများ၊ သူ့ကို အောင်နိုင်ခဲ့သည့် အမှတ်တရများ၊ စာကြည့်ခန်းတွင် သူတို့အတူတူ လုပ်ခဲ့သည့် အဓိပ္ပာယ်မရှိသော ကိစ္စများ။

ဒီနေရာကို ဒီလောက်စောစော စွန့်ခွာရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထိုစဉ် ဝမ်ချင်းစီ စာကြည့်ခန်းတစ်ခုလုံးကို အလိုလို ဝေ့ကြည့်လိုက်မိသည်။ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက သူမ၏စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်လည်ပေါ်ပေါက်လာသည်။

တဖြည်းဖြည်း ဝမ်ချင်းစီ၏ မျက်နှာ ပို၍ နီရဲလာသည်။ ထိုအခါ လုချန်းက ပြုံးလျှက်

“လက်ရှိ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို မခွဲချင်ဘူးလား”

ဟု မေးလိုက်သည်။

ဝမ်ချင်းစီက

“ကျွန်မက မင်းသားရဲ့ အစေခံပါ။ မင်းသား ဘယ်သွားသွား ကျွန်မ လိုက်ပါမယ်။ မင်းသား ရှိတဲ့နေရာက ကျွန်မရဲ့ အိမ်ပါပဲ။ မခွဲချင်စရာ ဘာမှမရှိပါဘူး။”

လုချန်းက

“ဪ.... တကယ်လား။”

“မင်းက လက်ရှိ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ခင်တွယ်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကိုယ် အထင်မှားသွားပုံရတယ်”

သက်ပြင်းချရင်း လုချန်းက

“ကိုယ်ကတော့ လက်ရှိ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တော်တော်လေး မခွဲချင်ဘူး။”

ထိုစကားကို ကြားရသောအခါ ဝမ်ချင်းစီက နောက်ပြောင်သော အပြုံးနှင့်

“မင်းသားကို အတိတ်ကို တမ်းတတတ်တဲ့သူလို့ မထင်ထားခဲ့ဘူး။”

လုချန်း၏ လက်က ဝမ်ချင်းစီ၏ တင်ပါးကို ဖျတ်ကနဲ ရိုက်လိုက်ရင်း

“ဘာလဲ ကိုယ်က အဟောင်းကို ငြီးငွေ့ပြီး အသစ်ကိုပဲ မြတ်နိုးတဲ့သူလို့ ထင်နေတာလား”

ဝမ်ချင်းစီက “အွန်း” ဟုအသံကို ပြုပြီး အနည်းငယ် တုန်ယင်သွားသည်။

“ကျွန်မ ဘယ်တုန်းကမှ အဲလို မပြောခဲ့ပါဘူး။”

လုချန်းက ရယ်မောပြီး

“ဒီနေရာကနေ ထွက်ခွာတော့မှာဆိုတော့ မထွက်ခွာခင် ပိုပြီးလှပတဲ့ အမှတ်တရတွေ ဖန်တီးကြရအောင်။”

သူပြောနေရင်း လုချန်း၏လက်က ဝမ်ချင်းစီ၏ ဝတ်ရုံအောက်သို့ လျှောဆင်းသွားပြီး သူမ၏ နူးညံ့သိမ်မွေ့သော အသားအရေကို ပွတ်သပ်လိုက်သည်။

လုချန်း၏ စကားကို ကြားရသောအခါ

သူ နောက်တစ်ကြိမ် မကောင်းတာ တစ်ခုခုလုပ်တော့မည်ကို ဝမ်ချင်းစီ သိလိုက်သည်။ သို့သော် သူမ ဘာမှမလုပ်ပါ။ သူ့ပေါင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်ရင်း လုချန်း သူမကို လုပ်ချင်ရာ လုပ်မည်ကို စောင့်နေလိုက်သည်။

ထိုစဉ် လုချန်းက

“မြို့သစ်ကို ပြောင်းပြီးတာနဲ့ မင်းကို သင့်တော်တဲ့ တရားဝင် အဆင့်အတန်းတစ်ခု ပေးမယ်။ အခုဆို မိုးစက်ရဲတိုက်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အစိတ်အပိုင်းဆိုတာ လူသိများနေပြီ။”

ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ၏ စိတ်ထဲ ဗလာဖြစ်သွားသည်။ ထို့နောက် သူမက

“ကျွန်မက မင်းသားရဲ့ အစေခံမပါ။ ဘယ်လိုလုပ် အဆင့်အတန်းတစ်ခုကို မျှော်လင့်ရဲမှာလဲ။”

လုချန်းက ပြုံးပြီး

“မင်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာပဲ ကိုယ့်ကို နေ့တိုင်း ပြစုရမှာကို ကြောက်နေတာမဟုတ်လား။ အပြင်ထွက်ခွင့် မရမှာကိုပေါ့။”

ဝမ်ချင်းစီက

“မင်းသားကို ပြစုရတာက ကျွန်မရဲ့ တာဝန်ပါပဲ။ ဒီလို အတွေးမျိုး မရှိရဲပါဘူး။”

လုချန်းက သူမကို သူ့လက်ဖြင့် ဖျစ်ညှစ်လိုက်ရာ ဝမ်ချင်းစီက “အွန်း” ဟု ထပ်မံ အသံပြုလိုက်သည်။

“စိတ်ချပါ။ မင်းကို အဆင့်အတန်းတစ်ခုပေးတောင် မိုးစက်ရဲတိုက်ကို မင်းပဲ ဆက်အုပ်ချုပ်ရမယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်ခွင့်လည်းရမယ်။ ငှက်ကလေးတစ်ကောင်လို လှောင်အိမ်ထဲထည့်မထားပါဘူး။”

ထိုစဉ် လုချန်း၏ ပွတ်သပ်မှုကြောင့် ဝမ်ချင်းစီ မျက်နှာနီရဲကာ မတည်မငြိမ် ဖြစ်နေသည်။ သူမက သူ့ရင်ခွင်ထဲတွင် အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက်

“မင်းသားပြောတာ တကယ်လား”

ဟု အားအင်ချိနဲ့စွာ မေးလိုက်သည်။

လုချန်းက

“တကယ်ပေါ့။ ကြည့်လေ ကိုယ့်ရဲ့ ဇနီးမယားတွေ စံအိမ်ကနေ မကြာခဏ အပြင်ထွက်ကြတာပဲ မဟုတ်လား။”

လုချန်း၏ ရှင်းပြချက်ကြောင့် ဝမ်ချင်းစီ ရုတ်တရက် သဘောပေါက်သွားသည်။ တကယ်တမ်းလည်း ထိုအတိုင်းပင် ဖြစ်နေသည်။ မိဖုရား မုကျိရွှမ်းပင် မင်းသားစံအိမ်၏ လုပ်ငန်းများကို စီမံရန် မကြာခဏ အပြင်ထွက်သည်။ လုချန်း၏ အခြား ဇနီးမယားများလည်း စံအိမ်မှ အခါအားလျော်စွာ ထွက်တတ်ကြသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံးတွင် ရှောင်ဝမ်ယောင်တစ်ဦးတည်းသာ အတွင်းဆောင်၌ အချိန်တိုင်း ရှိနေပုံရသည်။ ပုံမှန်အားဖြင့် အလုပ်သိပ်မရှိသည့် ကျောင်းညီအစ်မပင်လျှင် စံအိမ်မှ မကြာခဏ ထွက်ခွာတတ်ကြသည်။

လုချန်းက သူ၏ မိန်းမများအပေါ် ကန့်သတ်ချက်များစွာ မထားသည်မှာ ထင်ရှားသည်။ ပုံမှန် အာဏာရှိ မိသားစုများ သို့မဟုတ် အခြား မင်းသားများကဲ့သို့ သူတို့၏ ဇနီးမယားများကို အများပြည်သူရှေ့ ထွက်ပေါ်ခြင်းမှ တင်းကြပ်စွာ တားမြစ်ထားခြင်း မရှိပေ။

ထိုအခါ ဝမ်ချင်းစီ

“မင်းသားက သူ့မိန်းမတွေအပေါ် အရမ်း ယုံကြည်မှု ရှိတာပဲ။ သူတို့ တခြားယောက်ျားတွေနဲ့ လိုက်ပြေးသွားမှာကို မကြောက်ဘူးလား”

ဟု မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး

“ဘာလဲ၊ မင်းက ကိုယ်ရဲ့ ဆွဲဆောင်မှုအပေါ် သံသယရှိနေတာလား”

ဟု ပြောလိုက်သည်။

ထို့နောက် စာကြည့်ခန်းထဲတွင် အဝတ်ဆုတ်ဖြဲသံ ထွက်ပေါ်လာသည်။ နောက်ထပ် ဝတ်ရုံတစ်ထည် ပျက်စီးသွားသည်ကို သတိပြုမိသဖြင့် ဝမ်ချင်းစီက လုချန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး

“မင်းသား။ ဒီဝတ်စုံက မိဖုရားက ကျွန်မကို လက်ဆောင်ပေးထားတာပါ။”

လုချန်းက ပြုံးလျှက်

“ခဏစောင့်။ ကျိရွှမ်းကို မင်းအတွက် နောက်ထပ် ထပ်ပို့ခိုင်းလိုက်မယ်။”

ထို့နောက် လုချန်း သူမကို ပွေ့ချီပြီး စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူမ၏နားနား ကပ်လိုက်ပြီး

“ကိုယ်ကကိုယ့်ရဲ့ ဆွဲဆောင်မှုအပေါ် တော်တော်လေး ယုံကြည်မှု ရှိတယ်။ နောက်ပြီး ကိုယ့်မိန်းမတွေအပေါ်လည်း ယုံကြည်တယ်။ မင်းတို့ ဘယ်သူမှ ကိုယ့်ကို သစ္စာဖောက်လိမ့်မယ်လို့ မထင်ဘူး။”

.............

အခန်း (၄၉၄)

မင်းသား ပြောတဲ့ လှပတဲ့ အမှတ်တရတွေက ဘာတွေလဲ (၃)

သူမကို လုချန်း တစ်ခုခု လုပ်တော့မည်ဟု ဝမ်ချင်းစီ သိလိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ကျောက်စိမ်းကဲ့သို့ လက်များက လုချန်းဘက်သို့ လှမ်းသွားသည်။ ထို့နောက် လုချန်း၏ ခန့်ညားသော မျက်နှာကို စိုက်ကြည့်ကာ

“ကျွန်မ အရမ်း သိချင်တယ်။ မင်းသားရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ။ မင်းသားက ကျွန်မကို ရှင်းပြပေးနိုင်မလား”

ဟု မေးလိုက်သည်။

သူမပြောနေရင်း ဝမ်ချင်းစီက လုချန်းကို ဖြားယောင်းသော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက လိုလားမှုများ ပြည့်နေသည်။

ဝမ်ချင်းစီ သူ့ကို ထပ်မံ စိန်ခေါ်သည်ကို မြင်သောအခါ လုချန်းက ပြုံးလျှက်

“ချင်းစီ။ မင်း ကိုယ်နဲ့အတူ လှပတဲ့ အမှတ်တရတွေ ထပ်ဖန်တီးဖို့ အရမ်း စိတ်အားထက်သန်နေတာလား”

ဟု ပြောလိုက်သည်။

ဝမ်ချင်းစီ၏ ပါးပြင်များ နီရဲလာပြီး သူမ၏ မျက်လုံးများက ဆွဲဆောင်မှုရှိနေသည်။ သူမက ပြုံးပြီး

“မင်းသား ဘယ်လိုလှပတဲ့ အမှတ်တရတွေကို ပြောနေတာလဲဆိုတာ ကျွန်မ သိပ်နားမလည်ဘူး။”

လုချန်းသည် ဝမ်ချင်းစီ၏ ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဍာန်ကို မြင်သောအခါ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့ခြင်း မရှိတော့ပဲ သူမ၏ နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။

ဒီမိန်းမကို ကိုင်တွယ်ထားသင့်သည်။ မဟုတ်ပါက ရက်အနည်းငယ်အတွင်း သည်းမခံနိုင်လောက်အောင် မာန်မာနကြီးလာလိမ့်မည်။

မကြာခင်တွင် လုချန်းပြောသည့် လှပသော အမှတ်တရများ၏ အဓိပ္ပာယ်ကို ဝမ်ချင်းစီ နားလည်သွားသည်။

သူမ ယခင်ကလည်း ထိုကဲ့သို့ အခြေအနေမျိုး ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရသော်လည်း ယခုအကြိမ်သည် ဝမ်ချင်းစီအတွက် ပို၍ပင် အဖိုးထိုက်တန်သော အချိန်များဖြစ်နေသည်။

လုချန်းလည်း ဝမ်ချင်းစီ ယနေ့ အရင်နှင့်မတူပဲ ပို၍ တက်ကြွလာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။

....

ထိုအတောအတွင်း။

မုကျိရွှမ်းတို့သည် အိမ်ပြောင်းရမည်ဟု ကြားသိလိုက်သည်နှင့် မင်းသားစံအိမ်မှ အစေခံများကို ပစ္စည်းများ ထုပ်ပိုးစေခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ပစ္စည်းများစွာရှိသဖြင့် တစ်ရက်တည်းဖြင့် ပြောင်းရွှေ့နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် တကယ့်ပြောင်းရွှေ့မည့်နေ့မတိုင်မီ အများစုသော ပစ္စည်းများကို အသစ်တည်ဆောက်ထားသော မြို့သို့ အရင်ပို့ဆောင်ရန် လိုအပ်သည်။ သို့မှသာ ပြောင်းရွှေ့မည့်နေ့တွင် တစ်ရက်အတွင်း အသစ်တည်ဆောက်ထားသော မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ပစ္စည်းများ နေရာတကျ ရှိနိုင်မည်။

အစေခံများသည် မင်းသားစံအိမ်အတွင်း အလုပ်ရှုပ်နေကြပြီး မုကျိရွှမ်း၏ စောင့်ကြည့်မှုအောက်တွင် ပစ္စည်းများ ထုပ်ပိုးနေကြသည်။ ထိုအချိန်တွင် သူမ၏ အကြည့်က ပန်းခြံထဲရှိ သစ်ပင်တစ်ပင်ပေါ်တွင် စူးစိုက်နေသည်။

ထိုသစ်ပင်ကို ဘယ်လိုလုပ်မလဲ။ မုကျိရွှမ်း အတွေးထဲ နစ်မြောသွားသည်။ နဂါးဖီးနစ်ပင်၏ ရည်ရွယ်ချက်ကို သိထားသောကြောင့် ယင်း၏ အရေးပါမှုကို သူမ ကောင်းစွာ သိသည်။

နဂါးဖီးနစ်ပင်သည် ယခုဆိုလျှင် ခုနစ်မီတာ ၊ ရှစ်မီတာခန့် မြင့်နေပြီ ဖြစ်ပြီး ပင်စည်မှာ အလွန်ကြီးလာသည်။ ထိုသို့သော သစ်ပင်ကို မင်းသားစံအိမ်သစ်သို့ ရွှေ့ပြောင်းရန် ခက်ခဲလိမ့်မည်။

မုကျိရွှမ်း၏ မျက်လုံးများ နဂါးဖီးနစ်ပင်ပေါ်တွင် စူးစိုက်နေသည်ကို မြင်သောအခါ ကျောင်းယိုယိုက

“ ဘာလို့ အဲဒီသစ်ပင်ကိုပဲ အချိန်တိုင်း စိုက်ကြည့်နေတာလဲ အစ်မမု”

ဟု မေးလိုက်သည်။

ကျောင်းယိုယို၏ စကားကို ကြားသောအခါ မုကျိရွှမ်း သတိပြန်ဝင်လာပြီး

“ဒီသစ်ပင်က အရမ်းကြီးလာပြီ။ မင်းသားစံအိမ်သစ်ကို ပြောင်းရွှေ့ဖို့ မလွယ်ဘူး။ ပြီးတော့ ဒါက ဒဏ္ဍာရီလာနတ်သစ်ပင် ဆိုတော့ လွယ်လွယ်ကူကူ ရွှေ့ပြောင်းနိုင်ပါ့မလား မသိဘူး။”

ကျောင်းယိုယိုက

“ဒီသစ်ပင်ကို မင်းသား စိုက်ထားတာ။ သူပဲ အသိဆုံး ဖြစ်ရမယ်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သစ်ကို ရွှေ့လို့ ရမရ မင်းသားကို မေးကြည့်တာ မကောင်းဘူးလား။”

မုကျိရွှမ်းလည်း ထိုအကြံ‌ကောင်းသည်ဟု ယူဆလိုက်သည်။ ထိုသစ်ပင်သည် လုချန်းအတွက် အလွန် အရေးပါသောကြောင့် သူ တနည်းနည်းဖြင့် ရွှေ့ပြောင်းရန် နည်းလမ်းရှာလိမ့်မည်။ ညစာစားချိန်တွင် လုချန်းကို နဂါးဖီးနစ်ပင်ကိစ္စမေးရန် ဆုံးဖြတ်လိုက်သည်။

......

ဆည်းဆာချိန်။

လုချန်း၏ ဇနီးမယားများအားလုံး ညစာစားရန် ပင်မခန်းမသို့ ရောက်ရှိလာသောအခါ လုချန်း ပြန်မရောက်သေးသည်ကို တွေ့ရသည်။

ပုံမှန်အားဖြင့် လုချန်း ညစာစားရန် ပြန်မရောက်လာလျှင် သူသည် သူ၏ ဇနီးတစ်ဦးဦးနှင့် အချိန်ဖြုန်းနေခြင်း ဖြစ်နိုင်သည်။ မုကျိရွှမ်း ခန်းမကို ဝေ့ကြည့်လိုက်ရာ လုချန်း၏ ဇနီးမယားများအားလုံးနီးပါး ရောက်ရှိနေသည်ကို တွေ့ရသည်။ ထို့နောက် သူမ၏ နောက်ကွယ်ရှိ အစေခံကို လှည့်ကာ

“ရှောင်ရိုး။ မင်းသား ရှိမရှိ စာကြည့်ခန်းကို သွားကြည့်ပါဦး။”

ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ သခင်မ။”

အစေခံမလေးလည်း စာကြည့်ခန်းသို့ ထွက်သွားသည်။

ခဏအကြာတွင် အစေခံမလေး ရှောင်ရိုး မျက်နှာနီမြန်းစွာဖြင့် ပင်မခန်းမသို့ ပြန်ရောက်လာသည်။ မျက်နှာနီမြန်းနေသော အစေခံမလေးကို မြင်သောအခါ အမျိုးသမီးများအားလုံး ဘာဖြစ်နေသည်ကို နားလည်သွားကြသည်။

အစေခံမလေး ရှောင်ရိုးက

“သခင်မ။ မင်းသားက ဒီည ပြန်မလာတော့ဘူးတဲ့။ သူ စားပြီးပြီတဲ့။”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း ပြုံးလိုက်ပြီး

“မင်းသား ပြန်မလာတော့ဘူးဆိုတော့

တို့တတွေပဲ အရင် စားကြရအောင်”

အမျိုးသမီးများလည်း စောင့်ဆိုင်းခြင်း မပြုကြတော့ပဲ မြို့ပြောင်းရွှေ့ခြင်း အကြောင်းကို ပြောဆိုရင်း ညစာ စားသုံးကြသည်။

.........

အခန်း( ၄၉၅)

ဝမ်ချင်းစီ ကိုယ်ဝန်ရခြင်း (၁)

ရှနိုင်ငံတော်။

နေပြည်တော်။

ဆွမ်ဧကရာဇ်၏ အိပ်ဆောင်။

ဆွမ်ဧကရာဇ်သည် အိပ်ရာပေါ်တွင် အသက်ထွက်ခါနီး သကဲ့သို့ လဲလျောင်းနေသည်။ ထိုစဉ် ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က အဓိက နိုင်ငံတော်ကြီးများ၏ နောက်ဆုံးလှုပ်ရှားမှုများကို အစီရင်ခံနေကြသည်။

ခဏအကြာတွင် ဆွမ်ဧကရာဇ် ရုတ်တရက် အပြင်းအထန် ချောင်းဆိုးလာ၏။ ထို့အခါ အစေခံတစ်ဦးက အဝါရောင်ပိုးထည်တစ်ခုဖြင့် ချက်ချင်းပြေးလာခဲ့သည်။ နောက်တစ်ခဏတွင် ဧကရာဇ်၏ ချောင်းဆိုးသွေးများ ထိုပိုးထည်ပေါ်သို့ စီးကျလာကာ အဝါရောင်ကို အနီရင့်ရောင်သို့ ပြောင်းလဲသွားစေခဲ့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏ မျက်လုံးများတွင် အကြံအစည်များ လျှပ်တပြက် ဖြတ်သန်းသွားသည်။

ခဏအကြာတွင် ဆွမ်ဧကရာဇ်က

“ကျုပ်လဲကျတာနဲ့ နိုင်ငံကြီးတွေက ခွေးဆိုးတွေလို ဝိုင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ထိုသို့ပြောရင်း ဆွမ်ဧကရာဇ်က ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ကို ကြည့်လိုက်ကာ

“ကျောင်းနှင့်လင် လူကြီးမင်းတို့ အမြင်အရ ဘယ်မင်းသားက ကျုပ်ရာထူးကို ဆက်ခံနိုင်မလဲ”

ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့ ချက်ချင်း ဒူးထောက်လိုက်ကြပြီး တပြိုင်နက်တည်း

“ ကျွန်တော်တို့ အလွယ်တကူ မပြောဆိုဝံ့ပါဘူး မင်းကြီး။”

အချို့ကိစ္စများကို ပေါ့ပေါ့တန်တန် မပြောသင့်ပေ။ အထူးသဖြင့် ထီးနန်းအရိုက်အရာ ဆက်ခံခြင်းကိစ္စမျိုး ဖြစ်သည်။

ဆွမ်ဧကရာဇ် ချောင်းအနည်းငယ် ထပ်ဆိုးလိုက်ပြီး

“စိတ်မပူပါနဲ့။ လွပ်လွတ်လပ်လပ် ပြောပါ။ ခင်ဗျားတို့ကို အပြစ်မပေးဘူး။”

နှစ်ဦးစလုံး ကြမ်းပြင်တွင် ဒူးထောက်လျက် ရှိနေဆဲ ဖြစ်ပြီး ခေါင်းပင် မမော့ဝံ့ပေ။ သူတို့မပြောသေးသည်ကို မြင်သောအခါ

ဆွမ်ဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ဝန်ကြီးချုပ်တွေ ဖြစ်လျက်နဲ့ အရိုက်အရာ ဆက်ခံရေးကိစ္စမှာ ဘယ်သူ့ဘက်က ရပ်တည်ကြောင်း မကြေညာရဲဘူးလား။ ဒါ ဘယ်လိုဝန်ကြီးချုပ်တွေလဲ။”

နောက်ထပ် အချိန်အတန်ကြာ ငြိမ်သက်နေပြီးနောက် ဆွမ်ဧကရာဇ်က

“တော်ပြီ။ ခင်ဗျားတို့ နှစ်ယောက်လုံး ထကြပါ။ မပြောရဲရင် ကျုပ် အတင်းအကြပ် မလုပ်ဘူး။”

ထိုစကားကို ကြားပြီးနောက် ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့ နောက်ဆုံးတွင် ထရပ်လိုက်ကြသည်။

ထိုစဉ် ဆွမ်ဧကရာဇ်က ဆက်လက်၍

“ရှနိုင်ငံတော် စတင်တည်ထောင်ချိန်ကတည်းက အကြီးဆုံး သားတော်က ထီးနန်း ဆက်ခံတဲ့ ထုံးတမ်းစဉ်လာကို ကျင့်သုံးခဲ့တယ်။

“ဒါပေမဲ့ အာဏာရှိ မိသားစုတွေက ထီးနန်းဆက်ခံ‌ရေးကို ဝင်ရောက်စွက်ဖက်လာခဲ့တာကြောင့် အကြီးဆုံး သားတော်အများစုဟာ အသက်သုံးဆယ်ကျော်တဲ့အထိ အသက်မရှည်နိုင်ခဲ့ဘူး။ ထီးနန်းလွှဲပြောင်းတိုင်းလည်း သွေးထွက်သံယိုမှုတွေ အများကြီး ရှိခဲ့တယ်။”

“အခုတော့ တောင်ပိုင်း အာဏာရှိ မိသားစုတွေ ရှင်းလင်းခံလိုက်ရပြီ။ ကျန်တဲ့ အာဏာရှိ မိသားစုတွေလည်း အရင်ကထက် အများကြီး ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိလာပြီ။ ဒါကြောင့် အကြီးဆုံး သားတော် ထီးနန်းအရိုက်အရာ ဆက်ခံတဲ့ ထုံးတမ်းအစဉ်လာကို ပြန်သွားဖို့ အချိန်တန်ပြီ။”

ဆွမ်ဧကရာဇ်၏ စကားကို ကြားသောအခါ လင်ကောင်းယွမ်နှင့် ကျောင်းဝမ်ဟန်တို့ ရုတ်တရက် သဘောပေါက်သွားကြသည်။ ဆွမ်ဧကရာဇ်သည် မင်းသားလုရိကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ရန် စီစဉ်နေခြင်း ဖြစ်နိုင်သည်။

သတိပြန်ဝင်လာပြီးနောက် ကျောင်းဝမ်ဟန် စိတ်ထဲတွင် ဝမ်းသာနေသည်။ ကံကောင်းထောက်မစွာပင် မင်းသားလုရှုယွမ် ပုန်ကန်ပြီးနောက် သူ မင်းသားလုရိဘက်သို့ ချက်ချင်း ရပ်တည်ခဲ့သည်။ မင်းသားလုရိ ချောမောစွာ နန်းတက်နိုင်ပါက သူ့အား ဆက်လက်အသုံးပြုမည်မှာ သေချာသည်။

ထိုစဉ် ဆွမ်ဧကရာဇ်က

“လုရိကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ဖို့ ကျုပ် စီစဉ်ထားတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့နှစ်ယောက် ဘယ်လိုထင်လဲ။”

ကျောင်းဝမ်ဟန်နှင့် လင်ကောင်းယွမ်တို့က တပြိုင်နက်တည်း

“မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အပြည့်အဝ ထောက်ခံပါတယ်”

ဟု ပြောလိုက်ကြသည်။

လင်ကောင်းယွမ်က‌တော့ အနည်းငယ် အံ့သြသွားသော်လည်း နားမလည်ခြင်းတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဆွမ်ဧကရာဇ်သည် နိဂုံးချုပ်ခါနီးပြီဖြစ်ရာ အရိုက်အရာ ဆက်ခံသူကို အချိန်မဆွဲပဲ ရွေးချယ်ရတော့မည်ဖြစ်သည်။

စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ပြောရလျှင် မင်းသားလုရိသည် အရည်အချင်းရှိသည်ဟု မှတ်ယူနိုင်သည်။ အဓိက အချက်မှာ မင်းသားလုရိသည် အကြီးဆုံး သားတော်ဖြစ်ပြီး အစဉ်အလာအရ ထီးနန်းဆက်ခံရန် ရည်ရွယ်ခံထားရသူဖြစ်သည်။ ပြီးခဲ့သည့် မျိုးဆက်အနည်းငယ်က အာဏာရှိ မိသားစုများ၏ အလွန်အကျွံစွက်ဖက်မှုကြောင့် အကြီးဆုံးသားတော် ထီးနန်းဆက်ခံခွင့်သည် အမည်ခံသက်သက်သာ ဖြစ်ခဲ့သည်။

သို့သော်လည်း မင်းသားလုရိ ချောချောမောမော ထီးနန်းဆက်ခံနိုင်လိမ့်မည်ဟု လင်ကောင်းယွမ် မယုံကြည်ခဲ့ပေ။ သူသည် နန်းတွင်း၏ လက်ရှိ နိုင်ငံရေး အခြေအနေကို ကောင်းစွာသိရှိပြီး မင်းသားအားလုံးနီးပါးသည် ဂိုဏ်းအဖွဲ့အစည်းများစွာ၏ ထောက်ခံမှုရရှိထားကြောင်း၊ အရေးကြီးဆုံးမှာ မင်းသားအများစုတွင် နယ်စားများ၏ထောက်ခံမှုပါရှိကြောင်း ကောင်းစွာသိရှိထားသည်။

ဆွမ်ဧကရာဇ်က မင်းသားလုရိအား အိမ်ရှေ့စံ အဖြစ်ခန့်အပ်ပြီး ထီးနန်းလွှဲပြောင်းပေးလိုက်ပါက မင်းသားလုရိသည် အခြားမင်းသားများကို နှိမ်နင်းနိုင်မည် မဟုတ်သလို ရှနိုင်ငံတော်၏နယ်စားများကိုလည်း ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ ထိုအခါ မင်းသားလုရိ ထီးနန်းမှ အလွယ်တကူဖယ်ရှားခံရနိုင်သည်။

လင်ကောင်းယွမ်သည် မင်းသားလုရိအပေါ် ယုံကြည်မှု သိပ်မရှိခဲ့ပေ။ သူ၏အမြင်အရတော့ မြောက်ပိုင်းနယ်စားမင်းသားသာလျှင် ထီးနန်းအတွက် အသင့်တော်ဆုံးဖြစ်သည်။

မြောက်ပိုင်းပြည်နယ်သည် အလွန်လျင်မြန်စွာတိုးတက်နေပြီး ပြည်နယ်၏ စစ်အင်အားသည်လည်း ပိုမိုတောင့်တင်းလာကြောင်း သူကောင်းစွာသိရှိသည်။ လက်ရှိအချိန်တွင် ရှနိုင်ငံတော်ရှိ အခြားမည်သည့်နယ်စားမှ မြောက်ပိုင်းပြည်နယ်၏စစ်အင်အားနှင့် မယှဉ်နိုင်ပေ။

တစ်နိုင်ငံလုံးရှိ နယ်စားများ ပုန်ကန်ထကြွပါက မလွဲမသွေ အသေအကြေ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်သည် အခွင့်အရေးကောင်းတစ်ခုရရှိပါက ယင်း၏စစ်အင်အားဖြင့် မြောက်ပိုင်းနယ်စားမင်းသားသည် ထိုရာထူးနေရာသို့ ချောချောမောမောရောက်ရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် ဝူနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်တို့နှင့် ပတ်သက်၍ လင်ကောင်းယွမ် အနည်းငယ် စိုးရိမ်နေသည်။ ရှနိုင်ငံတော် အမှန်တကယ် ပြည်တွင်းပဋိပက္ခများအတွင်းသို့ ကျရောက်သွားပါက ထိုနိုင်ငံကြီးနှစ်ခုက လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

သို့သော် ယခုအချိန်သည် ထိုကိစ္စများကို တွေးတောရန် အချိန်မဟုတ်ပေ။ လက်ရှိတွင် ဖြေရှင်းနည်း ရှာမတွေ့နိုင်သေးသဖြင့် ဖြစ်ပျက်လာမည့် အခြေအနေများကို စောင့်ကြည့်ရုံသာ ရှိသည်။

ထိုစဉ် ဆွမ်ဧကရာဇ်က အားအင်ကုန်ခမ်းစွာဖြင့်

“ကျောင်းနှင့်လင် လူကြီးမင်းတို့ ပြန်နိုင်ပြီ။ ကျုပ် ဒီနေ့ ခင်ဗျားတို့ကို ပြောခဲ့တဲ့စကားတွေကို ပေါ့ပေါ့ဆဆ မဖြန့်ဝေမိစေနဲ့”

ဟု သတိပေးလိုက်သည်။

နှစ်ဦးစလုံးက တပြိုင်နက်တည်း

“နားလည်ပါပြီ”

ဟု တုံ့ပြန်လိုက်ကြသည်။

“ကျွန်တော်တို့ကို ခွင့်ပြုပါ။”

ထို့နောက် သူတို့နှစ်ဦးစလုံး ဆွမ်ဧကရာဇ်၏ အိပ်ဆောင်မှ ထွက်ခွာသွားကြသည်။ သူတို့ ထွက်ခွာသွားပြီးနောက် အခန်းထဲရှိ တိုင်တစ်တိုင်၏နောက်မှ အရိပ်တစ်ခု ပေါ်လာသည်။

ထိုစဉ် ဆွမ်ဧကရာဇ်သည် အိပ်ရာမှ ထရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက နာမကျန်းဖြစ်နေသည့် ပုံစံနှင့် လုံးဝ ကွဲပြားနေပြီး ယခုမူ လုံးဝ ရောဂါလုံးဝ မရှိသည့်အလား ဖြစ်နေသည်။

ထို့နောက် ဆွမ်ဧကရာဇ်က အေးစက်သော လေသံဖြင့်

“လင်ကောင်းယွမ်က ဘယ်သူ့ကို ထောက်ခံတာလဲ”

ဟု မေးလိုက်သည်။

မေးခွန်းကို ကြားသောအခါ တိုင်နောက်ကွယ်ရှိ အရိပ်က

“ဘာအထောက်အထားမှ မရှိသေးပါဘူး။ သူက မင်းသားတိုင်းနဲ့ ခပ်ခွာခွာနေပြီး ဘယ်ဘက်မှ မပါဝင်ချင်ပုံ မရပါဘူး”

ဟု ပြန်ဖြေသည်။

ဆွမ်ဧကရာဇ်က ရယ်မောလိုက်ပြီး

“အဲဒီ မြေခွေးအိုကြီး ကျုပ်ဟန်ဆောင် နေမကောင်းဖြစ်တာကို ရိပ်မိသွားပုံရတယ်။”

နန်းတွင်းဝန်ကြီးအများစုမှာ ဘက်တစ်ဘက်ကို ရွေးချယ်ပြီးဖြစ်နေသော်လည်း ဘယ်လက်ရုံး ဝန်ကြီးချုပ် လင်ကောင်းယွမ်သည် အုပ်စိုးသူပြောင်းလဲမည့်အချိန်တွင်ပင် မည်သည့်မင်းသားကိုမှ ထောက်ခံမှုမပြသေးခြင်းမှာ သံသယဖြစ်စရာကောင်းသည်။

အကယ်၍ သူသည် ယခုအချိန်တွင် ဘက်မရွေးခဲ့ပါက ထီးနန်းအတွက် ပြိုင်ဆိုင်မှုပြီးဆုံးသွားသည့်အခါ လင်မိသားစုသည် သူတို့၏ လက်ရှိချမ်းသာကြွယ်ဝမှုကို ဆက်လက်မခံစားရတော့မည် မဟုတ်ပေ။ လင်ကောင်းယွမ် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ဦးမှာလားဆိုသည်မှာလည်း မသေချာပေ။

လင်ကောင်းယွမ် ဘယ်ဘက်မှ မပါဝင်သည်ကို ဆွမ်ဧကရာဇ် မယုံကြည်ပေ။ လင်ကောင်းယွမ် တစ်ခုခုကို ရိပ်မိထားခြင်း ဖြစ်ရမည်။

သို့သော် လင်ကောင်းယွမ် တစ်ခုခုသိနေလျှင်တောင် ဆွမ်ဧကရာဇ် ဂရုမစိုက်ပေ။ သူ၏အစီအစဉ်မှာ အလွန်အောင်မြင်နေပြီဖြစ်သည်။ ရှနိုင်ငံတစ်ဝှမ်းရှိ နယ်စားများအားလုံး ဤကစားပွဲထဲသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ ယခုအခါတွင် မြောက်ပိုင်းမှလူ ငါးစာဟပ်မဟပ် ဆိုတာကိုသာ စောင့်ကြည့်ရန်ကျန်တော့သည်။

မြောက်ပိုင်းမှသူ ငါးစာဟပ်လာပါက ဤပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။

ထိုစဉ် အရိပ်ကိုယ်ရံတော်တစ်ဦး တံခါးဝတွင် ပေါ်လာပြီး

“ မြောက်ပိုင်းပြည်နယ်မှာ အခြေအနေတစ်ခု ပေါ်ပါတယ် မင်းကြီး။”

ထိုစကားကို ကြားသောအခါ ဆွမ်ဧကရာဇ် ခဏခန့် ရပ်တန့်သွားသည်။ ထို့နောက် အရိပ်ကိုယ်ရံတော်၏ လက်ထဲမှ အစီရင်ခံစာကို ယူ၍ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

မြောက်ပိုင်းပြည်နယ်က ယုံအန်းခရိုင်တွင် သံချပ်ကာ မြင်းတပ် သုံးသောင်း ချထားသည်ကို မြင်သောအခါ ဆွမ်ဧကရာဇ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

မြောက်ပိုင်းပြည်နယ် ဘာလုပ်နေသည်ကို သူ သိပ်နားမလည်ပေ။ မြောက်ပိုင်းပြည်နယ်က တကယ်တမ်း တောင်ဘက်သို့ ဦးတည်ရန် စီစဉ်ပါက ချီပြည်နယ်ကို တိုက်ရိုက် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ ချီပြည်နယ်ကို ဖြတ်သန်းသွားခြင်းသည် ယုတ္တိရှိသော ဗျူဟာ ဖြစ်မည်။ အနောက်မြောက်ဘက် ယုံအန်းခရိုင်တွင် သံချပ်ကာ မြင်းတပ် သုံးသောင်း ချထားခြင်းက ဘာအကျိုးရှိမည်နည်း။

ထို့ပြင် မြောက်ပိုင်းပြည်နယ်တွင် သံချပ်ကာမြင်းတပ်စုစုပေါင်း ငါးသောင်းသာရှိပြီး သုံးသောင်းမှာ အင်အားတစ်ခုလုံး၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ ထိုကဲ့သို့သော အင်အားကို ဝူနိုင်ငံတော်နှင့် နယ်စပ်တွင် တပ်စွဲထားခြင်းဖြင့် ဝူနိုင်ငံတော်ကို စိန်ခေါ်နေခြင်းဖြစ်သည်။

ဆွမ်ဧကရာဇ်သည် ခဏစဉ်းစားကြည့်သော်လည်း မြောက်ပိုင်းပြည်နယ်၏လုပ်ရပ်ကို နားမလည်နိုင်ပဲ အရိပ်ကိုယ်ရံတော်အား

“ပညရှိကြီးကို သွားခေါ်ခဲ့ပါ။”

ဆွမ်ဧကရာဇ်ရှေ့မှောက်ရှိ အရိပ်ကိုယ်ရံတော်က ချက်ချင်းပင်

“အမိန့်တော်အတိုင်းပါ”

ဟု ဖြေကြားကာ ထွက်ခွာသွားသည်။

မကြာခင်တွင် စစ်တူစီ ဆွမ်ဧကရာဇ်၏ အိပ်ဆောင်တွင် ပေါ်လာ၏။

ဆွမ်ဧကရာဇ်က သူကိုင်ထားသော အစီရင်ခံစာကို စစ်တူစီအား တိုက်ရိုက် ပေးလိုက်သည်။ ထို့နောက်

“မြောက်ပိုင်းပြည်နယ်က တောင်ဘက်ကို စစ်တပ် မပို့ပဲ သံချပ်ကာ မြင်းတပ်ကို

ယုံအန်းခရိုင်ကို ရွှေ့လိုက်တယ်။ နိုင်ငံတော်ပညာရှိကြီး ဘယ်လိုထင်လဲ”

ဟု မေးလိုက်သည်။

မေးခွန်းကြောင့် ရုတ်တရက် အံ့အားသင့်သွားပြီး စစ်တူစီလည်း ဆွမ်ဧကရာဇ်၏ လက်ထဲမှ အစီရင်ခံစာကို ယူ၍ ဂရုတစိုက် ဖတ်ရှုလိုက်သည်။ ခဏအကြာတွင် စစ်တူစီက

“မင်းကြီး။ ကျွန်တော် မြင်တာကတော့ မြောက်ပိုင်းနယ်စားမင်းသားက ဝူနိုင်ငံတော်ကို ခြိမ်းခြောက်ထားပြီး ရှနိုင်ငံတော် ပြည်တွင်းပဋိပက္ခ ဖြစ်နေချိန်မှာ သူတို့လာတိုက်ခိုက်တာကို တားဆီးဖို့ ကြိုးစားနေတာပါ။”

ထိုစကားကို ကြားသောအခါ

ဆွမ်ဧကရာဇ်၏ မျက်နှာ မည်းမှောင်သွားပြီး မကျေနပ်သည့် လေသံဖြင့်

“အရေးပါတဲ့ စစ်အင်အားကို ယုံအန်းခရိုင်ကို ရွှေ့လိုက်တယ်။ သူက နေပြည်တော်ကို လုံးဝ စိတ်မဝင်စားဘူးလို့ ခင်ဗျားပြောချင်တာလား။”

အကယ်၍ မြောက်ပိုင်းနယ်စားမင်းသားသည် တကယ်တန်း ထီးနန်းကို မျှော်မှန်းထားပါက အခြားနယ်စားများကဲ့သို့ပင် သူ၏စစ်အင်အားကို တိုးချဲ့ခြင်း သို့မဟုတ် စစ်သည်များစုဆောင်းကာ အချိန်ကောင်းကို စောင့်မည်ဖြစ်သည်။

သို့သော် မြောက်ပိုင်းပြည်နယ်သည် ယင်း၏အကောင်းဆုံးသံချပ်ကာမြင်းတပ်ကို ဝူနိုင်ငံတော်ကို တားဆီးရန် တိုက်ရိုက်ရွှေ့ပြောင်းထားခြင်းဖြစ်သည်။ ထိုအချက်က မြောက်ပိုင်းနယ်စားမင်းသားတွင် တောင်ပိုင်းသို့ ချီတက်ရန် ရည်ရွယ်ချက်မရှိကြောင်း ဖော်ပြနေသည်။ မဟုတ်ပါက ဝူနိုင်ငံတော်ကို ကာကွယ်ရန် ဤမျှအရေးကြီးသော စစ်အင်အားကို သူအသုံးပြုမည်မဟုတ်ပေ။

ထိုအခါ စစ်တူစီက

“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားဟာ နန်းတွင်းအပေါ် လုံးဝ သစ္စာရှိပါတယ်။ ကျွန်တော့်အမြင်အရ မြောက်ပိုင်းနယ်စားမင်းသား ပုန်ကန်မှာ မဟုတ်ပါဘူး။ နေပြည်တော် မခံနိုင်တော့တဲ့ တစ်နေ့ မင်းကြီးက မြောက်ပိုင်းနယ်စားမင်းသားကို တောင်ဘက်ကို ချီဖို့ အမိန့်ပေးမှသာ မြောက်ပိုင်းနယ်စားမင်းသားက သူ့တပ်တွေကို တောင်ဘက်ချီတက်စေမှာပါ။”

စစ်တူစီ၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“နိုင်ငံတော်ပညာရှိကြီးလည်း ချန်းဘက်က စပါလာပြီလား”

ဟု ပြန်ပြောလိုက်သည်။

စစ်တူစီက မောက်မာခြင်း နှိမ့်ချခြင်း မရှိပဲ

“ကျွန်တော်က အမှန်တရားကိုပဲ ပြောတာပါ။”

ဆွမ်ဧကရာဇ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“မြောက်ပိုင်းပြည်နယ် ကစားပွဲထဲ မဝင်ဘူးလို့ ကျုပ်မယုံဘူး။”

သူ၏ အကြံအစည်များအားလုံး မြောက်ပိုင်းပြည်နယ်အတွက် ဖြစ်သည်။ မြောက်ပိုင်းပြည်နယ် မပါလာလျှင် သူ၏ကြိုးပမ်းမှုများအားလုံး အချည်းနှီး ဖြစ်သွားမည် မဟုတ်ပါလား။ မြောက်ပိုင်းပြည်နယ်ကို တောင်ဘက်သို့ချီတက်ရန် ဖိအားပေးရမည်ဖြစ်သည်။

ထိုစဉ် ဆွမ်ဧကရာဇ်က စစ်တူစီအား

“ကျုပ်ပင်ပန်းပြီ နိုင်ငံတော်ပညာရှိကြီး။ ခင်ဗျား ကိုယ့်အလုပ်ကိုယ် သွားလုပ်နိုင်ပါပြီ။”

ဆွမ်ဧကရာဇ်က သူ၏ အကြံဉာဏ်ကို လုံးဝ လျစ်လျူရှုထားသည်ကို စစ်တူစီ နားလည်သွားသည်။ ဆွမ်ဧကရာဇ်သည် သူ၏ လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန် ဆုံးဖြတ်ထားပြီး မြောက်ပိုင်းပြည်နယ်ကို ဖယ်ရှားရန် ဇွတ်တရွတ် လုပ်ဆောင်တော့မည်ဟု စစ်တူစီ နားလည်လိုက်သည်။

စစ်တူစီ ဘာမှ ထပ်မပြောတော့ပေ။ ဦးညွှတ်လိုက်ပြီး

“ကျွန်တော့်ကို ခွင့်ပြုပါ။”

မြောက်ပိုင်းတွင် ကျူးကဲ့ကျုံကောင်း ရှိနေသဖြင့် ဆွမ်ဧကရာဇ်၏ အကြံအစည်များ အရာမရောက်နိုင်ဟု စစ်တူစီ ယုံကြည်သည်။

မြောက်ပိုင်းနယ်စားမင်းသား နိုင်ငံရေးနှင့် ဗျူဟာလှည့်ကွက်များကို နားမလည်နိုင်၍ ဆွမ်ဧကရာဇ်၏ အကြံအစည်များကို မမြင်နိုင်လျှင်ပင် ကျူးကဲ့ကျုံကောင်း၏ အကြံဉာဏ်ကို လိုက်နာနေရွေ့ ဆွမ်ဧကရာဇ်၏အကြံအစည်များ အဆုံးတွင် ပျက်ပြားသွားမည်ဖြစ်သည်။

.......

မြောက်ပိုင်းပြည်နယ်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

စာကြည့်ခန်း။

ယနေ့ လုချန်းနှင့် ဝမ်ချင်းစီတို့သည် ပို၍ပင် အံ့သြဖွယ်ကောင်းသော အမှတ်တရများကို အတူတကွ ဖန်တီးခဲ့ကြသည်။ ဝမ်ချင်းစီသည် ထိုပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားကာ လုချန်း ဖက်ထားခြင်းမရှိပါက မထနိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားမည်ဖြစ်သည်။

ထို့နောက် လုချန်းက ဝမ်ချင်းစီကို ပွေ့ချီကာ စာကြည့်ခန်း၏ လျှို့ဝှက်ခန်းဘက်သို့ လျှောက်သွားသည်။ လုချန်းက သူမကို လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်သွားသည်ကို မြင်သောအခါ လုချန်း ယခင်က ထိုနေရာတွင် သူမကို လုပ်ခဲ့သည့် အရာအားလုံးကို ဝမ်ချင်းစီ ရုတ်တရက် သတိရသွားသည်။ သူမ၏ ကျန်ရှိနေသော အာအင်များကို အမြန် စုဆောင်း၍

“မင်းသား။ ကျွန်မကို သနားပါဦး...”

ဟု တောင်းပန်လိုက်သည်။

လုချန်း ပြုံးလိုက်ပြီး

“ဒီည ဒီမှာပဲ အိပ်ကြမယ်”

ဟု ပြောလိုက်သည်။

ဒီညဒီမှာနေမည်ဟူသော စကားကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။

သို့သော် လုချန်းက ဝမ်ချင်းစီကို စာကြည့်ခန်း၏လျှို့ဝှက်ခန်းရှိ အိပ်ရာပေါ်တွင် အိပ်စက်စေပြီးနောက် သူမကို ဖက်ထားကာ နောက်ထပ်ဘာမှ ဆက်လက်မလုပ်တော့ပေ။

လုချန်း နောက်ထပ်လှုပ်ရှားမှုမရှိတော့သည်ကို မြင်သောအခါ ဝမ်ချင်းစီသည် ခဏရပ်တန့်သွားခဲ့သည်။ လုချန်း သူမကို ဆက်လက်၍ ညှဉ်းဆဲမည်ဟု သူမထင်မှတ်ခဲ့သော်လည်း သူ အိပ်ချင်နေသည်ကို တွေ့ရှိခဲ့ရသည်။

တော်ပါသေးရဲ့.....။

ဝမ်ချင်းစီ သက်ပြင်းချလိုက်သည်နှင့် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး မသိမသာ ပြုံးလိုက်သည်။

ထိုစဉ် လုချန်းသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်ပြီး အလွန် ကျေနပ်နေသည်။

[သခင်သည် ဝမ်ချင်းစီကို ကိုယ်ဝန်ရှိစေရန် ပြုလုပ်နိုင်ခဲ့ပါသည်။ ရေနွေးငွေ့သင်္ဘော ပုံစံဒီဇိုင်း ရရှိပါသည်။]

[ကိုယ်ဝန်ဆောင် အောင်မြင်မှုဆုသည် အားပေးမှုဆု ဖြစ်သည်။ ကလေးအား ဘေးကင်းစွာမွေးဖွားနိုင်ရန် သေချာစေပါစေ။ ကလေးဘေးကင်းစွာမွေးဖွားပါက ပိုမိုကြွယ်ဝသောဆုလာဘ်ကို ရရှိမည်ဖြစ်သည်။]

..........

All Chapters