← Chapters

အခန်း ၄၉၆-၄၉၈

Vol. 34 Ch. 496-498

အခန်း ၄၉၆-၄၉၈

Vol. 34 Ch. 496-498

အခန်း (၄၉၆)

မင်းသားနှင့် လက်ထပ်ဖို့ ဘယ်လိုသ‌ဘောရလဲ (၁)

မနက်စောစော။

လုချန်း နိုးလာပြီးနောက် ဝမ်ချင်းစီနှင့်အတူ လှပသော အမှတ်တရများ ထပ်မံဖန်တီးခဲ့သည်။ ဝမ်ချင်းစီသည် ထိုသာယာသော အချိန်များကြောင့် သူမ၏ စိတ်ထဲတွင် ဘာအမှတ်တရမှ ဆက်လက် မှတ်သားထားနိုင်ခြင်း မရှိတော့ဟု ခံစားရသည်အထိ ပင်ပန်းနွမ်းနယ်သွားသည်။

သို့သော် လုချန်းသည် ယနေ့ ပို၍ နူးညံ့ပုံရသည်။ ဝမ်ချင်းစီကို ယခင်ကလို မကြမ်းတမ်းတော့ပေ။

ဤအရာက ဝမ်ချင်းစီကို အနည်းငယ် စိတ်သက်စေသော်လည်း သူမ သိပ်အာရုံမစိုက်ခဲ့ပေ။

ထိုအချိန်ထိ ဝမ်ချင်းစီသည် လုချန်း၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း လုံးဝ သတိမထားမိခဲ့ပေ။ သူမ အိပ်ခန်းသို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် သူမ၏ အစေခံမလေးကို ရေချိုးကန် ပြင်ဆင်ခိုင်းပြီး သူမကိုယ်သူမ သန့်ရှင်းရေး လုပ်ကာ သူမ၏ အတွင်းအားဖြင့် ခန္ဓာကိုယ်မှ အညစ်အကြေးများကို ထုတ်ပယ်လိုက်သည်။

ယခင်ကအတိုင်း ဘာပြဿနာမှ မရှိဟု ဝမ်ချင်းစီ ထင်ခဲ့သည်။

---

တစ်ဖက်တွင်မူ လုချန်းသည် ပျော်ရွှင်စွာဖြင့် ပင်မဆောင်သို့ ပြန်လာခဲ့သည်။ မုကျိရွှမ်းလည်း ထိုနေရာတွင် ရှိနေသည်။ သူမသည် နဂါးဖီးနစ်ပင်အောက်တွင် ရပ်နေရင်း ဤနဂါးဖီးနစ်ပင်ကို မင်းသားစံအိမ်သစ်သို့ မည်သို့ သယ်ယူရမည်ကို စဉ်းစားနေသည်။

မုကျိရွှမ်း နဂါးဖီးနစ်ပင်အောက်တွင် ရပ်နေပြီး သစ်ပင်ကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက သူမ၏နောက်သို့ ချဉ်းကပ်လာပြီး သူမ၏ သွယ်လျသော ခါးကို ဖက်ကာ နားနားကပ်၍

"ဘာကြည့်နေတာလဲ နှမတော်"

ဟု တိုးတိုးလေး မေးလိုက်သည်။

လုချန်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် မုကျိရွှမ်းက ချက်ချင်းပင်

"မင်းသား။ ကျွန်မတို့ မကြာခင် ပြောင်းရွှေ့တော့မယ်။ ဒီနဂါးဖီးနစ်ပင်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ဒီမှာပဲ ထားခဲ့လို့ မဖြစ်နိုင်ဘူး မဟုတ်လား။"

ထိုစကားကို ကြားသောအခါ လုချန်း ခဏခန့် ရပ်တန့်သွားသည်။ သူ ဤပြဿနာကို အစက မစဉ်းစားခဲ့မိပေ။

လုချန်းက စိမ်းစိုနေသော နဂါးဖီးနစ်ပင်ကို မော့ကြည့်လိုက်သည်။ ထိုအပင်သည် အစပိုင်းတွင် အလျင်အမြန် ကြီးထွားလာပြီး ရက်အနည်းငယ်အတွင်း သစ်ပင်ကြီးတစ်ပင် ဖြစ်လာခဲ့သည်။ နဂါးဖီးနစ်ပင်၏ ကြီးထွားမှု နှေးကွေးသွားသော်လည်း ယခုအခါ အပင်ကြီးသည် အထပ်ပေါင်းများစွာမြင့်သော အဆောက်အဦးတစ်ခုကဲ့သို့ မြင့်မားနေပြီး ပင်စည်ကလည်း ကြီးမားလှသည်။

နဂါးဖီးနစ်ပင်ကို မင်းသားစံအိမ်သစ်သို့ ပြောင်းရွှေ့ရန်မှာ ကြီးမားသော လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်သော်လည်း မကျော်လွှားနိုင်သော ပြဿနာတော့ မဟုတ်ပေ။ အမြစ်များကို တူးဖော်ပြီး လူအင်အားဖြင့် သစ်ပင်ကို မင်းသားစံအိမ်သစ်သို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်မည် ဖြစ်သည်။

သူ စိုးရိမ်မိသည်မှာ နဂါးဖီးနစ်ပင်ကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါ့မလား ဆိုသည့်အချက် ဖြစ်သည်။

ထို့နောက် လုချန်းက စိတ်ထဲတွင်

"စနစ်။ ဒီနဂါးဖီးနစ်ပင်ကို ပြောင်းရွှေ့စိုက်ပျိုးလို့ ရလား"

ဟု မေးလိုက်သည်။

နဂါးဖီးနစ်ပင်ကို ပြောင်းရွှေ့စိုက်ပျိုး၍ မရပါက အပင်ကို ထိုနေရာတွင်ပင် ထားခဲ့ရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သစ်ပင်ကို ထိခိုက်မှုမရှိစေရန် တစ်စုံတစ်ဦးကို စောင့်ရှောက်ရန် တာဝန်ပေးရမည် ဖြစ်သည်။

ထိုစဉ် လုချန်း၏ စိတ်ထဲတွင် စနစ်၏ အသံ ပဲ့တင်ထပ်လာသည်။

[ရပါတယ်။]

စနစ်၏ အဖြေကြောင့် စိတ်သက်သာရာရသွားစဉ် လုချန်း စနစ်၏ အသံကို ထပ်ကြားလိုက်ရသည်။

[နဂါးဖီးနစ်ပင်ကို ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် သခင်၏သွေးကို ထပ်မံ တိုက်ကျွေးရန် လိုအပ်ပါသည်။]

နဂါးဖီးနစ်ပင်ကို ရွှေ့ပြောင်းနိုင်ပါက ထိုအချက်က ပြဿနာ မဟုတ်ပေ။

ထို့နောက် သူက သူ့ဘေးမှ မုကျိရွှမ်းကို

"ရက်အနည်းငယ်အတွင်း လူအင်အား ထပ်ရှာပြီး နဂါးဖီးနစ်ပင်ရဲ့ အကိုင်းအခက်တွေကို ဖြတ်မယ်။ အကိုင်းအခက်တွေနဲ့ အရွက်တွေကို စုပြီး အမြစ်တွေကို တူးဖော်ခိုင်းမယ်။ ပြီးရင် မင်းသားစံအိမ်သစ်ကို ပြောင်းရွှေ့စိုက်ပျိုးမယ်။"

မုကျိရွှမ်းက

"ဒဏ္ဍာရီလာ နတ်သစ်ပင်ကိုလည်း ဒီလိုမျိုး ပြောင်းရွှေ့စိုက်ပျိုးလို့ ရလား။"

လုချန်းက ပြုံးပြီး

"ဒဏ္ဍာရီလာ နတ်သစ်ပင် ဖြစ်တဲ့အတွက်ကြောင့်ပဲ သူ့မှာ ပိုပြီးရှင်သန်နိုင်စွမ်း ရှိတာ။ သာမန်သစ်ပင်တွေထက် ပြောင်းရွှေ့စိုက်ပျိုးတာ ပိုလွယ်တယ်။"

လုချန်း၏ စကားကြောင့် စိတ်သက်သာရာရသွားပြီး သူမ လိုတာထက် ပိုစိတ်ပူနေခဲ့ကြောင်း မုကျိရွှမ်း သဘောပေါက်သွားသည်။ နောက်ဆုံးတွင် သစ်ပင်ရွှေ့ပြောင်းခြင်းနှင့် ပတ်သက်၍ ဘာပြဿနာမှ မရှိ‌ပေ။

ထိုစဉ် မုကျိရွှမ်းက ပြုံးပြီး

"မင်းသား တစ်ညလုံး အလုပ်များနေခဲ့မှာပဲ။ အခုဆို ဗိုက်ဆာနေလောက်ပြီ။ ကျွန်မ အစေခံတွေကို မနက်စာ ပြင်ဆင်ခိုင်းပြီးပြီ။"

ထိုအချိန်တွင် လုချန်း၏ကိုယ်ပေါ်တွင် မုကျိရွှမ်း ချက်ချင်း မှတ်မိနိုင်သော ဝမ်ချင်းစီ၏ မွှေးရနံ့ သင်းနေသည်။ ထိုရနံ့က လုချန်း မနေ့ညက ဝမ်ချင်းစီနှင့်အတူ စာကြည့်ခန်းတွင် အချိန်ကုန်ဆုံးခဲ့ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

လုချန်း စာကြည့်ခန်းတွင် ဝမ်ချင်းစီနှင့် ဘာလုပ်ခဲ့သည်ကို ခန့်မှန်းရန် မလိုအပ်ပေ။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အခန်းထဲတွင် နစ်ယောက်တည်း ရှိနေခြင်းက အဖြေပေးနေပြီဖြစ်သည်။

လုချန်းက အနည်းငယ် ပြုံးပြီး

"နှမတော်က ကိုယ့်ကို ကောင်းကောင်း နားလည်တာပဲ။ ကိုယ် တကယ် ဗိုက်နည်းနည်း ဆာနေပြီ။"

ထို့နောက် လုချန်းသည် မုကျိရွှမ်း၏ သွယ်လျသော ခါးကို ဖက်လျက် ပင်မခန်းမဘက်သို့ လျှောက်သွားသည်။

လုချန်း မနက်စာ စားနေစဉ် မုကျိရွှမ်းက ဘေးတွင် ထိုင်၍ ကြည့်နေသည်။ ရုတ်တရက် လုချန်း တစ်ခုခုကို စဉ်းစားမိပြီး

"မြို့သစ်ကို ပြောင်းပြီးရင် ဝမ်ချင်းစီကို သင့်တော်တဲ့ အဆင့်တစ်ခု ပေးဖို့ စီစဉ်ထားတယ်။ နှမတော် ဘယ်လိုထင်လဲ "

ဟု မေးလိုက်သည်။

မုကျိရွှမ်းက အနည်းငယ် ပြုံးပြီး

"မင်းသားက သူ့ကို အဆင့်အတန်းတစ်ခု ပေးချင်ရင် ပေးလိုက်ပါ။ ကျွန်မရဲ့ ထင်မြင်ချက်ကို မေးဖို့ မလိုပါဘူး"

"ဝမ်မိန်းကလေးက မင်းသားနဲ့ အတူရှိတာ အတော်ကြာနေပါပြီ။ တကယ်တော့ သူ့ကို အသိအမှတ်ပြုဖို့ အချိန်တန်ပြီ။"

လုချန်းက

"အဲ့ဒါဆို တရားဝင် အသိအမှတ်ပြုတဲ့ ကိစ္စကို နှမတော်ကို လွှဲအပ်လိုက်မယ်။ သူက ကိုယ့်ရဲ့ ကလေးကို လွယ်ထားရပြီဆိုတော့ သူ့ကို မင်္ဂလာပွဲတစ်ခု လုပ်ပေးချင်တယ်။"

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း အံ့အားသင့်သွားပြီး

"မင်းသားရဲ့ နောက်ထပ် မျိုးဆက်ရရှိလို့ ဂုဏ်ပြုပါတယ်။"

ဝမ်ချင်းစီသည် သိုင်းပညာရှင်တစ်‌ယောက် ‌‌ဖြစ်၏။ အဆင့်မြင့် သိုင်းပညာရှင်တစ်ဦးဖြစ်သည့်အတွက် ကိုယ်ဝန်ရရန် မလွယ်ကူပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တစ်ခုလုံးတွင် ချူးယုချင်တစ်ဦးတည်းသာ ပထမဆုံးကြိုးစားမှုတွင်ပင် အောင်မြင်ခဲ့သည့် ခြွင်းချက်ဖြစ်သည်။

ချူးယုချင်မှလွဲ၍ ဝမ်ချင်းစီနှင့် ရဲလိနန်ရန် တို့ကဲ့သို့သော အဆင့်မြင့်သိုင်းပညာရှင်များ ကိုယ်ဝန်မရခဲ့ပေ။ ထိပ်သီးအဆင့်တစ်ဝက် အဆင့်ရှိသော ဝမ်ချင်းစီ လုချန်း၏ ကလေးကို ကိုယ်ဝန်ဆောင်ထားသည်မှာ မှတ်တမ်းတင်ထိုက်သော သတင်းကောင်းပင် ဖြစ်သည်။

ကလေးတစ်ယောက် ရောက်ရှိလာသည်နှင့် ဒုတိယနှင့် တတိယ ကလေးများလည်း ရှိလာနိုင်ဖွယ်ရှိသည်။ ဝမ်ချင်းစီ ကိုယ်ဝန်ရှိနေပြီဆိုလျှင် လုချန်း၏ အခြား အမျိုးသမီးများအတွက်လည်း ဖြစ်နိုင်သင့်သည်။

ထိုအချိန်တွင် လုချန်းက သူ၏လက်ထဲမှ တူကို ချထားပြီး

"ဒါနဲ့ သူက ကိုယ့်ရဲ့ ကလေးကို လွယ်ထားရမှန်း မသိသေးဘူး။ အခုလောလောဆယ်မှာ ဘယ်သူမှ မသိစေနဲ့ဦး"

ဟု သတိပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ မုကျိရွှမ်းက အံ့အားသင့်သော မျက်လုံးဖြင့်

"ဘာလို့လဲ"

ဟု မေးလိုက်သည်။

...........

အခန်း (၄၉၇)

မင်းသားနှင့် လက်ထပ်ဖို့ ဘယ်လိုသ‌ဘောရလဲ (၂)

လုချန်းက ရယ်လိုက်ပြီး

“ သူ့ကို အံ့အားသင့်စေချင်လို့ပါ။”

မုကျိရွှမ်းက ပြုံး၍ပြန် ပြောလိုက်သည်။

“ကျွန်မ နားလည်ပါပြီ။”

လုချန်း နံနက်စာစားနေစဉ် အစေခံတစ်ဦး ပင်မခန်းမထဲဝင်လာပြီး

“မင်းသား... တုန်းဖန် လုံယွဲ့ ရောက်လာပါပြီ။”

လုချန်း စာကြည့်ခန်းမှ ထွက်ခွာချိန်တွင် အထူးကိုယ်ရံတော်တစ်ဦးကို တုန်းဖန် လုံယွဲ့အား မင်းသားစံအိမ်သို့လာရန် အကြောင်းကြားခိုင်းခဲ့သော်လည်း သူမ ဤမျှမြန်မြန်ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

လုချန်း မြန်မြန်စားသောက်ပြီး စာကြည့်ခန်းဆီသို့ ဦးတည်လျှောက်လာခဲ့သည်။

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့သည် လုချန်း၏ စာကြည့်ခန်းသို့ ရောက်နှင့်ပြီးဖြစ်သည်။ စာကြည့်ခန်းကို မူလအတိုင်း ပြန်လည်စီစဉ်ထားသော်လည်း အခန်းထဲတွင် ထူးဆန်းသော အနံ့တစ်မျိုးရှိနေသည်ကို တုန်းဖန် လုံယွဲ့ ခံစားမိသည်။ သူမ တစ်ခါမှ မရဖူးသော အနံ့ဖြစ်သဖြင့် အဘယ်အရာမှ ထွက်ပေါ်လာသည်ကို မသိပေ။

စာကြည့်ခန်းထဲရှိ ထူးဆန်းသော အနံ့အကြောင်း တုန်းဖန်လုံယွဲ့ စူးစမ်းနေစဉ် လုချန်း အခန်းထဲဝင်လာသည်။

“လုံယွဲ့... စောင့်နေရတာ အားနာပါတယ်။”

တုန်းဖန်လုံယွဲ့က ချက်ချင်း ဦးညွှတ်လိုက်ပြီး

“မင်းသားကို ဂါရဝပြုပါတယ်။”

“ကျွန်မ အခုမှ ရောက်တာပါ။”

ထို့နောက် တုန်းဖန်လုံယွဲ့က လုချန်းကို ကြည့်လိုက်ပြီး

“မင်းသား ဘာကြောင့် ကျွန်မကို ခေါ်တာလဲ သိပါရစေ။”

လုချန်းက

“တုန်းဖန် မိသားစုက အရင်က သင်္ဘောကြီးတွေ တည်ဆောက်ဖူးတယ်။ သင်္ဘောဆောက်လုပ်ရေး လက်မှုပညာရှင်တွေလည်း အများကြီးရှိတယ်။ ကျွန်တော်မကြာခင်မှာ အထူးစစ်သင်္ဘောအချို့ တည်ဆောက်ဖို့ရှိတော့ တုန်းဖန် မိသားစုရဲ့ အကူအညီ လိုအပ်နေတယ်။”

စကားဆုံးသည်နှင့် လုချန်း၏ မျက်လုံးများက တုန်းဖန်လုံယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။

သူမသည် ပန်းရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်နက်များကို ကျောက်စိမ်းဆံထိုးဖြင့် ထုံးထားသည်။ သူမ၏ လည်တိုင်သည် ဖြူဖွေး သွယ်လျနေပြီး ဆံပင်အချို့က သူမ၏ မွှေးကြိုင်သော ပခုံးများပေါ်တွင် ဝဲကျနေ၏။

တုန်းဖန်လုံယွဲ့သည် မြင့်မြတ်၍ ဖော်ပြ၍မရသော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။

သူမ၏ ပြည့်စုံသော ပုံသဏ္ဍာန်နှင့် ရှည်လျားသော ချောမွေ့သောခြေထောက်များ၊ အပြစ်အနာအဆာကင်းသော မျက်နှာသွင်ပြင်တို့ကလည်း ယောက်ျားတစ်ဦး၏ စိတ်ထဲတွင် ပြစ်မှားစေ အတွေးများကို ဖြစ်ပေါ်စေနိုင်သည်။

လုချန်း တုန်းဖန်လုံယွဲ့၏ နှစ်သက်မှု အဆင့်ကို ကြည့်လိုက်သည်။ အတူတူ အချိန်ကုန်ဆုံးပြီးနောက် တုန်းဖန်လုံယွဲ့၏ သူ့အပေါ် နှစ်သက်မှုအဆင့်သည် ကိုးဆယ့်ငါးသို့ တက်လာခဲ့သည်။

စနစ်မှ စီစဉ်ပေးထားသော ဇာတ်ကောင်ဖြစ်သည့် တုန်းဖန်လုံယွဲ့အား နဂါးဖိီးနစ်လက်ဖက်ရည် မတိုက်ခဲ့ဖူးသဖြင့် သူမ၏ သဘောကျမှုသည် အစစ်အမှန်ဖြစ်သည်။

လုချန်း၏ စူးရှသော ကြည့်ရှုမှုကို ခံစားရသောအခါ တုန်းဖန် လုံယွဲ့၏ မျက်လုံးများ အလိုအလျောက် ဘေးသို့ ရွေ့သွားသည်။ သူမက

“မင်းသား လိုအပ်ရင် တုန်းဖန် မိသားစုက မင်းသားနဲ့ သင်္ဘောတည်ဆောက်ရေးမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။”

လုချန်း၏ စူးရှပူလောင်သော ကြည့်ရှုမှုကြောင့် တုန်းဖန်လုံယွဲ့သည် သူ၏ မျက်လုံးများနှင့် တိုက်ရိုက်မကြည့်နိုင်တော့ပေ။ သူမသည် အရူး မဟုတ်ပေ။ လုချန်း၏ စံအိမ်တွင် အမျိုးသမီးများစွာရှိသည်ကို ကောင်းစွာသိသည်။

သို့သော် ဤအချက်ကြောင့် လုချန်းကို သူမ မမုန်းတီးပေ။ သူမ၏ အမြင်တွင် လုချန်းသည် ကံကြမ္မာ၏သားတော်ဖြစ်ပြီး သားသမီးမွေးဖွားရန်မှာ သူ၏တာဝန်ဖြစ်သဖြင့် အမျိုးသမီးအနည်းငယ်ပိုရှိခြင်းမှာ ပြဿနာမဟုတ်ပေ။

အတူတူ အချိန်ကုန်ဆုံးပြီးနောက် တုန်းဖန်လုံယွဲ့သည် လုချန်း သူမကို စိတ်ဝင်စားနေကြောင်း ရိပ်မိခဲ့သည်။ လုချန်း သူမနှင့် နှစ်ယောက်တည်း ရှိနေသည့်အခါတိုင်း သူသည် သူမ၏ ခန္ဓာကိုယ်ကို မတော်တဆ ထိမိတတ်သည်။ အထူးသဖြင့် အရှေ့ပိုင်းသတင်းဌာန ဖွင့်လှစ်ချိန်တွင် ဆောင်းပါးများ ရေးသားပုံနှင့် ပတ်သက်၍ အကြံဉာဏ်ရယူရန် သူမ လုချန်းထံ မကြာခဏ လာခဲ့ရသည်။ ထိုဆက်ဆံရေးများမှတစ်ဆင့် သူမနှင့် လုချန်းတို့ အလွန်ရင်းနှီးလာခဲ့ကြသည်။

ထိုအချိန်တွင် လုချန်းက စားပွဲဘေးသို့ ချဉ်းကပ်လာပြီး ရေနွေးငွေ့သင်္ဘော၏ ပုံကြမ်းတစ်ခုကို ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်လိုက်သည်။

“လုံယွဲ့... ဒီသင်္ဘောပုံကြမ်းကို အရင်ကြည့်ပါဦး။”

ထိုစကားကို ကြားသော တုန်းဖန်လုံယွဲ့လည်း စားပွဲဘေးသို့ ချဉ်းကပ်လာကာ ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်လိုက်သည်။ သူမ၏ ဆံပင်နက်များသည် ပခုံးရှေ့သို့ လျှောကျလာပြီး သူမ၏ ပန်းရောင်ဝတ်စုံ ဟသွားကာ နှင်းကဲ့သို့ ဖြူဖွေးသော ခြေတံရှည်များ ပေါ်လာသည်။

လုချန်းကလည်း သဘာဝကျကျ နီးကပ်စွာ ချဉ်းကပ်လာကာ သူမ၏ ဘေးတွင် ဖိထားပြီး စားပွဲပေါ်ရှိ မြေပုံကို ညွှန်ပြ၍

“ဒီလို ရေနွေးငွေ့သင်္ဘောက လူအင်အားလည်း မလိုအပ်ဘူး၊ လေကိုလည်း အားမကိုးပဲ သွားနိုင်တယ်”

လုချန်း၏ လက်မောင်းက သူမ၏ လက်မောင်းနှင့် ထိတွေ့နေသည်ကို ခံစားရသောအခါ တုန်းဖန်လုံယွဲ့၏ နူးညံ့သော ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။ သူမ ချက်ချင်းမခွာပဲ စားပွဲပေါ်ရှိ ရေနွေးငွေ့သင်္ဘော ဒီဇိုင်းကို ဆက်လက်စူးစိုက်ကြည့်ရှုပြီး မိနစ်အနည်းငယ်ကြာမှ

“တုန်းဖန်မိသားစုက ဒီလို စစ်သင်္ဘောမျိုးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ် မင်းသား။ ကျွန်မတို့ တစ်ခါမှ ဒီလိုသင်္ဘောမျိုး မတည်ဆောက်ဖူးပါဘူး။”

အစပိုင်းတွင် လုချန်းက သင်္ဘောတည်ဆောက်ရေးတွင် တုန်းဖန်မိသားစုကို အကူအညီပေးစေလိုသည်ဟု ပြောသောအခါ တုန်းဖန်မိသားစု၏ ကုန်တင်သင်္ဘောကြီးများကဲ့သို့ တည်ဆောက်လိုသည်ဟု တုန်းဖန်လုံယွဲ့ ထင်ခဲ့သည်။ သို့သော်

လုချန်းပြောသည့် စစ်သင်္ဘောများသည် သူတို့၏ ကုန်တင်သင်္ဘောကြီးများနှင့် လုံးဝမတူကြောင်း သူမ မကြာခင် သဘောပေါက်သွားသည်။

အထူးသဖြင့် ရေနွေးငွေ့သင်္ဘော ပုံကြမ်းတွင် ဖော်ပြထားသော ရေနွေးငွေ့တာဘိုင်ကို သူမ တစ်ခါမှ မမြင်ဖူးသလို အလုပ်လုပ်ပုံကိုလည်း မသိချေ။

လုချန်းက

“တုန်းဖန်မိသားစုက တည်ဆောက်ရေးမှာပဲ ကူညီပေးရုံပါ။ ရေနွေးငွေ့သင်္ဘောရဲ့ အဓိက အစိတ်အပိုင်းတွေကိုတော့ ယူမြို့တော်က ပညာရှင်တွေက ထုတ်လုပ်လိမ့်မယ်။”

ထိုစကားကို ကြားသောအခါ သူမ နားလည်မှုလွဲနေကြောင်း တုန်းဖန်လုံယွဲ့ သဘောပေါက်သွားသည်။ သူမသည် အစပိုင်းတွင် စစ်သင်္ဘောတစ်ခုလုံး တည်ဆောက်ခြင်းကို တုန်းဖန်မိသားစုသို့ လွှဲပေးလိမ့်မည်ဟု ထင်ခဲ့သည်။

အဓိက အစိတ်အပိုင်းများကို မထုတ်လုပ်ပဲ တည်ဆောက်ရေးတွင် ကူညီပေးရုံသာဆိုလျှင် ပြဿနာမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တုန်းဖန်မိသားစုသည် သင်္ဘောကြီးများ တည်ဆောက်ရာတွင် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။

ဆက်လက်၍ လုချန်းက

“မင်း ပြန်သွားရင် မင်းအဖေကို သင်္ဘောတည်ဆောက်ရေး အစီအစဉ်တွေအကြောင်း ပြောပြလိုက်ပါ။ မြို့သစ်ကိုပြောင်းရွှေ့ပြီးတာနဲ့ ရေနွေးငွေ့သင်္ဘောကို စတင်တည်ဆောက်ကြမယ်။”

တုန်းဖန်လုံယွဲ့က

“ဟုတ်ကဲ့။ ကျွန်မ နားလည်ပါပြီ။”

ထိုသို့ပြောပြီးနောက် တုန်းဖန်လုံယွဲ့က လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး

“မင်းသားမှာ တခြားကိစ္စ မရှိရင် ကျွန်မ ပြန်ခွင့်ပြုပါဦး။”

ထိုစဉ် တုန်းဖန်လုံယွဲ့နှင့် လုချန်းတို့သည် အလွန်နီးကပ်စွာရှိနေကြသည်။ သူတို့၏ ပခုံးများ ထိနေပြီး သူမ၏ မျက်နှာသွင်ပြင်သည် အနည်းငယ် ပူနွေးလာကာ နီမြန်းလာသည်ကို မြင်တွေ့ရသည်။

..........

အခန်း (၄၉၈ )

မင်းသားနှင့် လက်ထပ်ဖို့ ဘယ်လိုသ‌ဘောရလဲ (၃)

ကံကြမ္မာ၏ သားတော်သည် ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်ပြီး အရာရာတိုင်းတွင် ထူးချွန်သည်။ သူသည် ချောမောရုံသာမက ထူးထူးခြားခြား ထူးချွန်သည်။ သာမန်ပြည်သူများအပေါ်လည်း ကောင်းသည်။ သို့သော် သူသည် ကာမစိတ် အနည်းငယ် များသည်။

တုန်းဖန်လုံယွဲ့သည် တုံးအသူ မဟုတ်ပေ။ လုချန်း၏ မရိုးသားသော ရည်ရွယ်ချက်များကို သူမ မည်သို့ မမြင်နိုင်ပဲ ရှိမည်နည်း။ လုချန်းက သူမ၏ တုံ့ပြန်မှုကို စမ်းသပ်ရန် သူမ၏ ခန္ဓာကိုယ်ကို တမင်တကာ ထိနေခြင်း ဖြစ်သည်။

ထိုစဉ် လုချန်းသည် တုန်းဖန်လုံယွဲ့၏ ခန္ဓာကိုယ်မှ သင်းပျံ့သော မွှေးရနံ့ကို ရလိုက်ပြီး သူ့စိတ်ထဲတွင် အနည်းငယ် မတည်မငြိမ် ဖြစ်လာသည်။ တုန်းဖန်လုံယွဲ့သည် ထူးကဲသော အလှပိုင်ရှင်တစ်ဦးဖြစ်သဖြင့် လုချန်း သူမအားး ပိုင်ဆိုင်လိုသည်။

သို့သော် လုချန်း သူမကို အလွန်တိုက်ရိုက်ကျကျ မချဉ်းကပ်ခဲ့ပေ။ သူက ပြုံးလျှက်

“ကောင်းပါပြီ။ လုပ်စရာရှိတာ ဆက်လုပ်ပါ။”

လုချန်း စကားပြောပြီးသည်နှင့် တုန်းဖန်လုံယွဲ့က ချက်ချင်းပင်

“ကျွန်မကိုခွင့်ပြုပါ။”

ထိုသို့ပြောပြီးနောက် တုန်းဖန်လုံယွဲ့ လှည့်ထွက်သွားပြီး တုန်းဖန်မိသားစုသို့ တိုက်ရိုက် ပြန်သွားသည်။

ထိုအချိန်တွင် တုန်းဖန်ယီသည် အဆောင်ငယ်တစ်ခုထဲတွင် ရှနိုင်ငံတော်၌ ဆုံးရှုံးခဲ့ရသော ရွှေငွေများကို တွက်ချက်နေသည်။ သူတို့ ဆူဖုန်းမြို့မှ ထွက်ခွာစဉ်က ပစ္စည်းများစွာ ယူဆောင်လာနိုင်ခဲ့ခြင်းမရှိပေ။ ရှနိုင်ငံတော်ရှိ ဆိုင်အချို့ကိုလည်း မြောက်ပိုင်းပြည်နယ်သို့ ရွှေ့ပြောင်းရန် အချိန်မရှိခဲ့ပေ။

သူတို့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် ထိုဆိုင်များကို ရှနိုင်ငံတော် နန်းတွင်းမှ ချက်ချင်း ပိတ်သိမ်းခဲ့သည်။ ထို့ကြောင့် တုန်းဖန်မိသားစုအတွက် ကြီးမားသော ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကံကောင်းစွာပင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ တုန်းဖန် မိသားစုထံ သူတို့၏ပိုင်ဆိုင်မှုအချို့ကို လွှဲပြောင်းပေးခဲ့ပြီး မကြာမီ သူတို့ဆုံးရှုံးခဲ့ရသော ငွေများကို ပြန်လည် ရရှိနိုင်တော့မည် ဖြစ်သည်။

ထိုစဉ် အစေခံမလေးတစ်ဦး၏ အသံ

တုန်းဖန်ယီ၏ နားထဲဝင်လာသည်။

“သခင်ကြီး။ သခင်မလေး ပြန်ရောက်ပါပြီ။”

တုန်းဖန်ယီ မော့ကြည့်လိုက်သည်။ သူတစ်ခုခု ပြောတော့မည်အပြုတွင်

တုန်းဖန်လုံယွဲ့ သူ့ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ တုန်းဖန်ယိီက ပြုံးပြီး

“လုံယွဲ့၊ အရှေ့ပိုင်းသတင်းစာတိုက် ဖွင့်ကတည်းက မင်း အိမ်သိပ်မပြန်ဘူးနော်။။”

ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့က

“အရှေ့ပိုင်းသတင်းတိုက်မှာ အလုပ်တွေ အများကြီးရှိတယ်။ တိုက်ခွဲတွေလည်း ဖွင့်ဖို့ စီစဉ်နေတော့ နည်းနည်း အလုပ်များနေတယ်”

ဟု ပြန်ဖြေလိုက်သည်။

ဆက်လက်၍ တုန်းဖန်လုံယွဲ့က

“ဖခင်။ မင်းသားက သမီးကို အခုပဲ ခေါ်တွေ့တယ်။ တုန်းဖန် မိသားစုက ယူမြို့တော်ရဲ့ လက်မှုပညာရှင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်္ဘောတည်ဆောက်ရာမှာ အကူညီပေးဖို့ လိုတယ်လို့ ပြောတယ်။”

တုန်းဖန်ယီ ခဏခန့် အံ့အားသင့်သွားပြီး

“စစ်သင်္ဘောတွေ တည်ဆောက်ဖို့လား။”

သူမဖခင်၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို မြင်သော စစ်သင်္ဘောတည်ဆောက်‌ရေးလုပ်ငန်း မ‌အောင်မြင်နိုင်မှာကို စိုးရိမ်နေသည်ဟု ထင်မိပြီး

“မင်းသားက စစ်သင်္ဘောရဲ့ ပုံကြမ်းကို အဆင်သင့်ရေးဆွဲထားပြီးသားပါ။ အဓိကအစိတ်အပိုင်းတွေကို ယူမြို့တော်ရဲ့ လက်မှုပညာရှင်တွေက ပြုလုပ်ပေးမှာပါ။ တုန်းဖန် မိသားစုက အကူအညီပေးရုံပါပဲ။ ကျွန်မတို့အတွက် အရမ်းခက်မှာ မဟုတ်ပါဘူး။”

တုန်းဖန်လုံယွဲ့၏ စကားကို ကြားသောအခါ တုန်းဖန်ယီက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

တုန်းဖန် လုံယွဲ့က အံ့သြ‌နေသော အမူအရာဖြင့် မေးလိုက်သည်။

“ဖခင်... ဘာကြောင့် ရယ်နေတာလဲ။”

တုန်းဖန်ယီက အေးဆေးစွာဖြင့်

“စစ်သင်္ဘောတည်ဆောက်ဖို့ကိစ္စကို မင်းသားက ဖခင်နဲ့တိုက်ရိုက် ဆွေးနွေးသင့်တယ်။ အခုမင်းက အရှေ့ပိုင်းသတင်းစာတိုက်ကို စီမံနေတဲ့အတွက် စစ်သင်္ဘောတည်ဆောက်ဖို့ကိစ္စက မင်းနဲ့မဆိုင်ဘူး။ မင်းသားက ဖခင်ကို မင်းသားစံအိမ်ခေါ်ပြီး ဆွေးနွေးနိုင်တာပဲ။ ဒါပေမယ့် သူက မင်းကိုပဲ အထူးတလည်ခေါ်ပြီး ဖခင်ကို မင်းကနေတစ်ဆင့် ပြောခိုင်းတယ်။”

တုန်းဖန် လုံယွဲ့က

“ဘာကိုဆိုလိုတာလဲ”

ဟု မေးလိုက်သည်။

တုန်းဖန်ယီက လှောင်ပြုံးတစ်ခုဖြင့်

“တို့တတွေ တောင်ပိုင်းမှာတုန်းက မင်းက ပညာရှင် တွေကို အထင်သေးခဲ့တယ်။ နောင်မှာ မင်းဘယ်သူနဲ့ လက်ထပ်မလဲဆိုတာ ဖခင် စိတ်ပူခဲ့ရတာ။ ဒါပေမဲ့ အခုတော့ ဖခင် ရုတ်တရက် သိလိုက်တာက မင်းနဲ့ သင့်တော်တဲ့သူ တစ်ယောက် ရှိနေပြီ ထင်တယ်။”

“မင်းကစိတ်ကြီးဝင်တတ်တဲ့သူ ဆိုပေမဲ့ မင်းသားရှေ့မှာတော့ အံ့သြစရာကောင်းလောက်အောင် နာခံတယ်။ ပြီးတော့ မင်းသားက မင်းကို စိတ်ဝင်စားနေတာကိုလည်း ဖခင်သတိထားမိတယ်။”

“နောက်တစ်ခါ မင်းသားနဲ့ တွေ့ရင် မင်းကို သူနဲ့ လက်ထပ်ပေးဖို့ ဖခင် စကားပြောကြည့်ရမလား။ မင်း ဘယ်လိုထင်လဲ။”

တုန်းဖန်လုံယွဲ့၏ စိတ်ထဲတွင် ခဏတာ လစ်ဟာသွားပြီး ပါးပြင်များ နီမြန်းလာသည်။ ထို့နောက် သူမက

“ဖခင် ဘာတွေ လျှောက်ပြောနေတာလဲ။ မင်းသားက ကံကြမ္မာရဲ့ သားတော်။ သူဘယ်သူ့ကို လိုချင်သလဲဆိုတာ သူ့ကိစ္စ။ ဖခင် ဝင်စွက်ဖက်စရာ မလိုဘူး။”

တုန်းဖန်ယီက

“လုံယွဲ့။ မင်း ဖခင်ကို လူအလို့ ထင်နေတာလား”

“မင်း မင်းသားစံအိမ်ကို မကြာခဏ သွားပြီး သတင်းစာ ကိစ္စတွေကို မင်းသားနဲ့ နှစ်ယောက်တည်း စာကြည့်ခန်းထဲမှာ ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းတွေ ဖခင် အရှေ့ပိုင်းသတင်းတိုက်က ဝန်ထမ်းတွေဆီက ကြားထားတယ်။”

“နောက်ပြီး သင်္ဘောဆောက်တာက မင်းနဲ့ ဘာမှမဆိုင်ဘူး။ မင်းသားက ဖခင်ကို တိုက်ရိုက် ခေါ်လို့ရတာပဲ။ မင်းကို မင်းသားစံအိမ်ကို လာခိုင်းတာက မင်းနဲ့ ပိုပြီး အဆက်အသွယ်လုပ်ချင်လို့ဆိုတာ ရှင်းနေတာပဲ။ မင်း ဖခင်လည်း ယောကျ်ားတစ်ယောက်ပဲ။ မင်းသားရဲ့ ရည်ရွယ်ချက်တွေကို ဘယ်လိုလုပ် နားမလည်ပဲ နေမလဲ။”

တုန်းဖန်ယီ၏ စကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့က မျက်နှာအေးစက်စွာဖြင့်

“ဆက်ပြောရင် သမီး စိတ်ဆိုးမယ်”

ဟုအော်ဟစ်လိုက်သည်။

တုန်းဖန်လုံယွဲ့၏ စကားကြောင့် တုန်းဖန်ယီက ရယ်မောလိုက်ပြီး ချက်ချင်းပင်

“ကောင်းပါပြီ၊ ကောင်းပါပြီ။ ဖခင် ဘာမှ မပြောတော့ပါဘူး”

ဟု လျှော့ပေးလိုက်သည်။

တုန်းဖန်လုံယွဲ့က ဆက်လက်၍

“မင်းသားက မြို့ပြောင်းရွှေ့ပြီးရင် စစ်သင်္ဘောတည်ဆောက်တာ စမယ်လို့ ပြောတယ်။ ဖခင် နောက်ရက်အနည်းငယ်အတွင်း မင်းသားစံအိမ်ကို သွားပြီး စစ်သင်္ဘောအကြောင်း မေးမြန်းသင့်တယ်။”

တုန်းဖန်ယီက

“အင်း။ ကောင်းပြီ။”

“တခြားဘာမှ မရှိရင် သမီး အရင်သွားတော့မယ်။”

ထို့နောက် တုန်းဖန်လုံယွဲ့ လှည့်ထွက်သွားသည်။ တုန်းဖန်လုံယွဲ့၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း တုန်းဖန်ယီ သက်ပြင်းချလိုက်ပြီး

“သူ ကြီးလာပြီ။ လက်ထပ်ဖို့ အချိန်တန်ပြီ။ မင်းသားကို ဒီကိစ္စပြောဖို့ လိုနေပြီထင်တယ်။”

ဟု ရေရွတ်လိုက်သည်။

.....

မွန်းလွဲပိုင်း။

တုန်းဖန်ယီ မင်းသားစံအိမ်သို့ သွားခဲ့သည်။

လုချန်းက မြို့ပြောင်းရွှေ့ပြီးမှ စစ်သင်္ဘောတည်ဆောက်မည်ဟု ပြောခဲ့သော်လည်း စစ်သင်္ဘောတည်ဆောက်ခြင်းသည် ကြီးမားသော ကိစ္စဖြစ်သည်။ လုချန်း၏ စစ်သင်္ဘောတွင် မည်သည့် အင်္ဂါရပ်များ လိုအပ်သည်ကို တုန်းဖန်ယီ နားလည်လိုသည်။ သို့မှသာ တုန်းဖန်မိသားစု၏ ပညာရှင်များနှင့် ယူမြို့တော်မှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

လုချန်း ထုတ်ပြသော ရေနွေးငွေ့သင်္ဘော ပုံစံဒီဇိုင်းများကြောင့် တုန်းဖန်ယီ အကြီးအကျယ် ထိတ်လန့်သွားသည်။ ထို့နောက် တုန်းဖန်ယီက

“မင်းသား။ သံတစ်မျိုးတည်းသုံးပြီး တည်ဆောက်ထားတဲ့ စစ်သင်္ဘောက ရေပေါ်မှာ ပေါ်နိုင်ပါ့မလား”

ဟု မေးလိုက်သည်။

တုန်းဖန်မိသားစုသည် သင်္ဘောကြီးများ တည်ဆောက်ရာတွင် အတွေ့အကြုံရှိသော်လည်း သူတို့သည် တစ်ခါမှ သံတစ်မျိုးတည်းသုံးပြီး သင်္ဘောတည်ဆောက်ဖူးခြင်း မရှိပေ။ ကုန်တင်သင်္ဘောများ၏ ဦးပိုင်း၊ ပဲ့ပိုင်း သို့မဟုတ် မျက်နှာပြင်များကို သတ္တုအချို့ဖြင့် ဖုံးအုပ်ခြင်းသာ အများဆုံး ဖြစ်သည်။

လုချန်း၏ ရေနွေးငွေ့အင်ဂျင်က စစ်သင်္ဘောကို မောင်းနှင်နိုင်စွမ်း ရှိမရှိဆိုတာက နောက်မှထည့်စဉ်းစားရမည့် ကိစ္စဖြစ်သည်။ သံကိုယ်ထည် သင်္ဘော ရေပေါ်တွင် ပေါ်နိုင်မ‌ ပေါ်နိုင်ဆိုသည်က ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်သည်။ သင်္ဘောရေပေါ် မ‌ပေါ်နိုင်ပါက ရေနွေးငွေ့အင်ဂျင် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ အဓိပ္ပါယ်မရှိပေ။

လုချန်းက ပြုံးပြီး

“ဒါက ရေပေါ်ပေါ်နိုင်မှာ သေချာတယ် ဆိုတာ စိတ်ချပါ။ စမ်းသပ်ဖို့အတွက် သင်္ဘောအသေးစားတစ်စီးကို အရင်တည်ဆောက်မယ်။ ဒါမှခင်ဗျားတို့အားလုံး အတွေ့အကြုံရလာပြီး ရေနွေးငွေ့သင်္ဘောရဲ့ ကန့်သတ်ချက် ပြဿနာ အမျိုးမျိုးကို စစ်ဆေးအတည်ပြုနိုင်မယ်။”

“ဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော့ ဆောက်ပြီးမှပဲ သိရလိမ့်မယ်။”

လုချန်း၏ စိတ်ထဲ တွက်ချက်လိုက်သည်။ ရထားများနှင့်မတူပဲ လက်ရှိအခြေအနေအရ အသေးဆုံး ရေနွေးငွေ့သင်္ဘောတစ်စီး တည်ဆောက်ရန်ပင် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စမှာ တဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့် အရာဖြစ်၏။ သူ အလျင်စလို မလုပ်လိုပေ။

............

All Chapters