← Chapters

အခန်း ၄၉၉-၅၀၁

Vol. 34 Ch. 499-501

အခန်း ၄၉၉-၅၀၁

Vol. 34 Ch. 499-501

အခန်း (၄၉၉)

မင်းသားက ခုနက တစ်ခုပြောခဲ့တယ် (၁)

လုချန်း၏စကားကို ကြားလိုက်ပြီး‌နောက် တုန်းဖန်းယီသည် သူ့လက်ထဲရှိ ရေနွေးငွေ့သင်္ဘောပုံစံကို ထပ်မံကြည့်ရှုလိုက်ပြီး ယုံကြည်ဖို့ခက်နေဆဲဖြစ်သည်။

လုချန်းပြောသလို ဤရေနွေးငွေ့သင်္ဘောသည် လူအား သို့မဟုတ် လေအားကို မှီခိုစရာမလိုပဲ ရွေ့လျားနိုင်ပြီး သံသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပါက အနာဂတ်တွင် သူတို့ကို ပင်လယ်ပြင်တွင် မည်သူမှ မယှဉ်နိုင်ဖြစ်သွားမည် မဟုတ်ပါလား။

တုန်းဖန်ယီ ရေနွေးငွေ့သင်္ဘော ပုံကြမ်းကို စိတ်ဝင်တစား ကြည့်ရှုနေစဉ် လုချန်းက

“မြောက်ပိုင်းပြည်နယ်မှာ အခုအချိန်မှာ စက်မှုလုပ်ငန်း အခြေခံ သိပ်မရှိသေးဘူး။ ဒါကြောင့် ဒီလို ရေနွေးငွေ့သင်္ဘောမျိုး ထုတ်လုပ်ဖို့ မလွယ်သေးဘူး။ အလျင်လိုစရာ မလိုပါဘူး။ ကျွန်တော်နောက်ထပ် သုံးလေးနှစ်လောက် စောင့်နိုင်ပါသေးတယ်။”

လက်ရှိအချိန်တွင် သူတို့၏ ရေတပ်သည် သစ်သားသင်္ဘောများကို ဆက်လက်အသုံးပြုနိုင်သည်။ တုန်းဖန်မိသားစုမှ တည်ဆောက်ထားသော သင်္ဘောကြီးများကို အမြောက်များ တပ်ဆင်ကာ စစ်သင်္ဘောအဖြစ် အသုံးပြုနိုင်သေးသည်။ ရေနွေးငွေ့သင်္ဘောများ မလိုအပ်သေးပေ။

ထိုအခါမှ တုန်းဖန်ယီ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ထို့နောက် သူက

“မင်းသား။ ဒီရေနွေးငွေ့အင်ဂျင်က သင်္ဘောကြီးတွေ ရွေ့လျားဖို့ စွမ်းအားကို တကယ်ပဲ ပေးနိုင်ပါလား။”

ဟု မေးလိုက်သည်။

လုချန်းက

“ရတာပေါ့။ ယူမြို့တော်မှာ ထုတ်လုပ်ထားတဲ့ ရေနွေးငွေ့အင်ဂျင်တွေက စမ်းသပ်အသုံးပြုမှု အောင်မြင်ပြီးသွားပြီ။ ရန်ခရိုင်ကနေ ယူမြို့တော်အထိ ရထားလမ်းကိုလည်း ဖောက်လုပ်နေပြီ။ မြင်းမလိုတဲ့ ယာဉ်တွေကို မကြာခင် မြင်ရတော့မှာပါ။”

“နောင်ဆို ယူမြို့တော်ကနေ ရန်ခရိုင်ကို သွားရင် ရက်အနည်းငယ်ပဲ ကြာတော့မယ်”

ထိုစကားကို ကြားပြီးနောက် တုန်းဖန်ယီက

“ဒီလိုလုပ်ရအောင် မင်းသား။ ကျွန်တော် အရင်ဆုံး ကုန်သင်္ဘောအချို့ကို ပေးပါ့မယ်။ ကုန်သင်္ဘောတွေကို ရေနွေးငွေ့အင်ဂျင် တပ်ပြီး ရေနွေးငွေ့အင်ဂျင်ရဲ့ စွမ်းအင်ကို စမ်းသပ်ကြည့်ရအောင်။”

ခဏမျှ စဉ်းစားပြီးနောက် လုချန်းက

“ဒါဖြစ်နိုင်ပါတယ်။ ရက်အနည်းငယ်အတွင်း ယူမြို့တော်က လက်မှုပညာရှင်တွေကို ကုန်သင်္ဘောတွေနဲ့ သင့်တော်တဲ့ ရေနွေးငွေ့အင်ဂျင် အချို့ကို ထုတ်လုပ်ခိုင်းပြီး စွမ်းအင်စမ်းသပ်မှု အရင်လုပ်ကြည့်မယ်။”

လုချန်း စဉ်းစားလိုက်သည်။ သူ အလျင်မလိုသည့်အတွက် လက်ရှိ ရှိပြီးသား သစ်သားသင်္ဘောများကို အရင်ဆုံး ပြင်ဆင်ကြည့်လျှင် ဘာဖြစ်မလဲ။ ပြင်ဆင်မှု အောင်မြင်ပါက ရေနွေးငွေ့ စစ်သင်္ဘောများကို မကြာမီ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သံရေနွေးငွေ့သင်္ဘောများသည် သံသတ္တု အမြောက်အမြား လိုအပ်သည်။ မြောက်ပိုင်းပြည်နယ်၏ စက်မှုလုပ်ငန်း မဖွံ့ဖြိုးသေးသည့်အတွက် သံရေနွေးငွေ့သင်္ဘောများ ထုတ်လုပ်ရန် အချိန်များစွာ လိုအပ်မည်ဖြစ်သည်။ သို့သော် သစ်သားသင်္ဘောများမှာမူ ကွာခြားသည်။

သစ်သားသင်္ဘောများဆိုလျှင် တုန်းဖန်မိသားစု၏ လက်မှုပညာရှင်များက ပြုလုပ်နိုင်ပြီး မြောက်ပိုင်းပြည်နယ်တွင် သစ်တောများ ပေါများသည့်အတွက် သင်္ဘောတည်ဆောက်ရေးအတွက် သစ်များ ပိုမိုရရှိနိုင်သည်။

သို့သော် နောက်တစ်ကြိမ်စဉ်းစားမိသည်မှာ ရေနွေးငွေ့စက်များသည် ကျောက်မီးသွေးလောင်ကျွမ်းရန် လိုအပ်ပြီး အပူချိန်အလွန်မြင့်မားသည့် အခြေအနေတွင် လည်ပတ်သည်။ သစ်သားသင်္ဘောများပေါ်တွင် ရေနွေးငွေ့အင်ဂျင်များ တပ်ဆင်ရန် ဖြစ်နိုင်ပါ့မလားဟု သူ စဉ်းစားမိသည်။

နောက်ဆက်တွဲအနေဖြင့် ယူမြို့တော်နှင့် တုန်းဖန်မိသားစု၏ ပြုပြင်မွန်းမံမှုများနှင့် စမ်းသပ်မှုများအပေါ် မူတည်မည်ဖြစ်သည်။ အောင်မြင်လိမ့်မည်ဟု သူ မျှော်လင့်သည်။

ထိုအချိန်တွင် လုချန်းက

“တုန်းဖန် သခင်ကြီးမှာ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ပြန်လို့ရပါပြီ။ မြို့တော်ကို ရက်အနည်းငယ်အတွင်း ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ မိသားစုလည်း ပြင်ဆင်ထားသင့်ပါတယ်။”

ထိုအခါ တုန်းဖန်းယီ နှုတ်ဆက်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး

“မင်းသား။ ကျွန်တော် တစ်ခု သတိရသွားလို့ပါ။ ပြောလို့ရမလား။”

လုချန်းက စိတ်ဝင်တစားဖြင့်

“ပြောပါ”

တုန်းဖန်ယီက

“မင်းသား ကျွန်တော့်သမီးကို ဘယ်လို မြင်ပါလဲ။”

ထိုမေးခွန်းကို ကြားသောအခါ လုချန်း ခဏခန့်ကြောင်သွားသည်။ တုန်းဖန်ယီ ထိုသို့မေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တုန်းဖန်ယီ ထိုမေးခွန်းကို အဘယ်ကြောင့် မေးရသနည်း။ ဤလူသည် သူ၏သမီးကို ရောင်းစားရန် ကြံစည်နေခြင်းလား။

ထိုသို့ စဉ်းစားပြီးနောက် လုချန်းက

“လုံယွဲ့က ကြိုးစားတယ်။ ဉာဏ်ကောင်းတယ်။ အရည်အချင်းရှိတယ်။ ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ပါပဲ။”

ထိုအချိန်တွင် တုန်းဖန်ယီက

“ကျွန်တော် တောင်ပိုင်းမှာ ရှိတုန်းက ကျွန်တော့်သမီးအတွက် သင့်တော်တဲ့ ခင်ပွန်းကို အမြဲရှာဖွေခဲ့တယ်။ ဒါပေမဲ့ သူက ဘယ်ကဗျာဆရာ၊ ပညာရှင်ကိုမှ သဘောမကျခဲ့ဘူး။ မင်းသားနဲ့ တွေ့ပြီးမှပဲ သူ အခန်းထဲမှာ ပုံတွေ မကြာခဏ ဆွဲနေတာကို ကျွန်တော် သတိထားမိတယ်။ ပုံတူတွေက မင်းသားရဲ့ပုံတွေပဲ။”

“အဲ့ဒီပုံတွေကို ဆွဲနေရင် သူအစာစားဖို့တောင် မေ့နေတတ်တယ်။ ဒါက မင်းသားကို သူ အရမ်းလေးစားကြောင်း ရှင်းရှင်းလင်းလင်း ပြနေတာပဲ။”

“မင်းသား ကျွန်တော့်သမီးကို အခွင့်အရေး ပေးနိုင်ပါလား။ မင်းသားရဲ့ ဘေးနားမှာ သူ့ကိုပြုစုခွင့်ပြုပါ။”

ထိုစကားကို ကြားသောအခါ လုချန်း ပြုံးလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် တုန်းဖန်လုံယွဲ့ကို သူ့နှင့် လက်ထပ်ထိမ်းမြားပေးရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

သို့သော် ဒါက အံ့ဩစရာ မဟုတ်ပေ။

တုန်းဖန်ယီသည် သူ၏ တစ်ဦးတည်းသာ သူ၏သမီးကို မင်းသားစံအိမ်ထဲသို့ ထိုးသွင်းရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သူတို့၏ ရည်ရွယ်ချက်ကို လုချန်းကောင်းစွာ သိသည်။ သူတို့သည် သူတို့၏ မိသားစုကို မင်းသားစံအိမ်နှင့် ပိုမိုခိုင်မြဲစွာ ချိတ်ဆက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက

“ကျွန်တော်က အတင်းအကျပ် လုပ်တတ်တဲ့ အကျင့်မရှိဘူး။ လုံယွဲ့ရဲ့ ဆန္ဒအပေါ် မူတည်ပါလိမ့်မယ်။ သူ သဘောတူရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဘယ်အချိန်မဆို လက်ထပ်ဝင်ရောက်နိုင်ပါတယ်။ သူ သဘောမတူရင် အတင်းအကျပ် မလုပ်ပါနဲ့။”

ထိုစကားကို ကြားသောအခါ တုန်းဖန်ယီက အမြန်ပြောလိုက်သည်။

“မဟုတ်ပါဘူး။ အတင်းအကျပ် မဟုတ်ပါဘူး။ ကျွန်တော်က သမီးရဲ့ ရွေးချယ်မှုတွေကို အမြဲတမ်း လေးစားခဲ့ပါတယ်။”

“ဒီသတင်းကို ကြားရင် သူ အရမ်းပျော်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်။”

လုချန်းက ပြုံးလျှက်

“သူ ပျော်ချင်မှ ပျော်မှာပါလေ။ သူက လွတ်လွတ်လပ်လပ် နေချင်တဲ့ မိန်းကလေးပါ။ အခု သူက တုန်းဖန်မိသားစုပိုင် အရှေ့ပိုင်းသတင်းစာတိုက်ကို ဦးစီးနေတာပါ။ မင်းသားစံအိမ်ထဲကို လက်ထပ်ဝင်ရောက်မယ်ဆိုရင် အရှေ့ပိုင်းသတင်းစာတိုက်ကို စွန့်လွှတ်ပြီး တုန်းဖန်မိသားစုထဲက တခြားသူတွေကို ဦးစီးခိုင်းရမှာပဲ။”

“သူ အဲဒါကို စွန့်လွှတ်ချင်မယ်လို့ တုန်းဖန်သခင်ကြီး ထင်ပါသလား။”

ထိုစကားကို ကြားသောအခါ တုန်းဖန်ယီ အံ့အားသင့်သွားသည်။ ထိုကိစ္စကို သူ မေ့နေခဲ့သည်။

လုချန်း တုန်းဖန်မိသားစုကို သတင်းစာတိုက် ဖွင့်ခိုင်းခြင်း၏ အဓိကအကြောင်းရင်းမှာ “ပြည်သူ” အမည်ဖြင့် ပြည်သူ့ထင်မြင်ချက် ဖော်ပြရာ နေရာတစ်ခု ဖန်တီးရန် ဖြစ်သည်။ တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားကို လက်ထပ်ပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အစိတ်အပိုင်း ဖြစ်လာမည်။ ထိုအချိန်တွင် တုန်းဖန်လုံယွဲ့သည် အရှေ့ပိုင်းသတင်းစာတိုက်၏ အယ်ဒီတာချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် မသင့်တော်တော့ပေ။

သူမထို ရာထူးမှ ဆင်းပြီး တုန်းဖန်မိသားစုဝင် အခြားသူများကို လွှဲပြောင်းပေးရမည်ဖြစ်သည်။

တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ကြင်ယာတော် ဖြစ်လာပြီးနောက်ပိုင်း အရှေ့ပိုင်းသတင်းစာတိုက်ကို ဆက်လက် ထိန်းချုပ်နေပါက ထိုသတင်းစာတိုက်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ပိုင် ဖြစ်သည်ဟု အခြားသူများကို ပြောပြနေခြင်း မဟုတ်ပါလား။

.............

အခန်း (၅၀၀)

မင်းသားက ခုနက တစ်ခုပြောခဲ့တယ် (၂)

တုန်းဖန်းယီ သူ့သမီး၏ စရိုက်လက္ခဏာကို စဉ်းစားမိလိုက်သည်။ သူ့သမီး စိတ်နေသဘောထားအရဆိုလျှင် ဘာအလုပ်မှ မရှိပဲ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် မြောက်ပိုင်းနယ်စားမင်းသားကို နေ့စဉ် ပြုစုနေရမည်ဆိုပါက လုံး၀ လက်ခံမည် မဟုတ်ပေ။

ထိုအတွေးများနှင့်အတူ တုန်းဖန်ယီ ဇဝေဇဝါ ဖြစ်နေစဉ် လုချန်းက ဆက်၍

“တုန်းဖန်သခင်ကြီး စိတ်ချပါ။ လုံယွဲ့က ကျွန်တော့်ကို လက်ထပ်ဖို့ ဆန္ဒရှိရင် သူကို့ အရှေ့ပိုင်းသတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ပါတယ်။”

“ဒါပေမဲ့ သူ့ကို တရားဝင် အဆင့်အတန်းတစ်ခုပေးဖို့ နှစ်အနည်းငယ်ရွှေ့ဆိုင်းရနိုင်ပါတယ်။ ပြီးတော့ တရားဝင် အဆင့်အတန်း ပေးပြီးတာနဲ့ သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ် ရာထူးကနေ နုတ်ထွက်ရပါလိမ့်မယ်။”

လုချန်း၏ စကားကို ကြားသောအခါ

တုန်းဖန်ယီ လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ ဆိုလိုရင်းကတော့ တုန်းဖန်လုံယွဲ့သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ အခု ရွှေ့ပြောင်းလာကာ လုချန်းကို ပြုစုနိုင်ပြီး တုန်းဖန်လုံယွဲ့ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်ရန် အဆင်သင့် ဖြစ်သောအခါမှ သူ၏ တရားဝင် အဆင့်အတန်းကို ရရှိမည် ဖြစ်သည်။

ဤဖြေရှင်းနည်း မဆိုးဟု တုန်းဖန်ယီ ခံစားရသည်။ နောက်ပိုင်းတွင် သားသမီးများရှိလာပါက တရားဝင်လက်ထပ်မင်္ဂလာပြုလုပ်ခြင်းက လက်ခံနိုင်စရာ ဖြစ်သည်။

တုန်းဖန်မိသားစုသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လက်အောက်ခံ မိသားစု ဖြစ်ပြီး တုန်းဖန်ယီ လုချန်းကို အလွန် ယုံကြည်သည်။ အကယ်၍ အခြားသူတစ်ဦးဖြစ်ပါက ဖခင်တစ်ဦးအနေနှင့် သူ၏သမီးအား တရားဝင်လက်ထပ်မင်္ဂလာမပြုမီ ယောက်ျားတစ်ဦးနှင့်အတူ နေထိုင်ခွင့် လုံးဝပြုမည် မဟုတ်ပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားမှာ ကွဲပြားသည် ။သူသည် ကောင်းကင်ဘုံက ရွေးချယ်ထားသူဖြစ်သည်။

တုန်းဖန်လုံယွဲ့သည် မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ကံကြမ္မာ၏ ထိတွေ့မှုကို ခံရမည်ဖြစ်ပြီး သူနှင့် မြောက်ပိုင်းနယ်စားမင်းသားကို အတူတကွ ချည်နှောင်ထားမည် ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ အရင် ရွှေ့ပြောင်းဝင်ရောက်ခြင်းသည်လည်း လက်ခံနိုင်စရာ ရွေးချယ်မှုတစ်ခု ဖြစ်သည်။

ထိုသို့ စဉ်းစားမိပြီးနောက် တုန်းဖန်ယီကစိတ်လှုပ်ရှားစွာဖြင့်

“ ကျွန်တော် လုံယွဲ့နဲ့ နောက်မှ ဆွေးနွေးပါ့မယ် မင်းသား။ မြို့သစ်ကို ရွှေ့ပြောင်းပြီးတာနဲ့ လုံယွဲ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရွှေ့ပြောင်းခိုင်းဖို့ စီစဉ်ပါ့မယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံး၍

“ကျွန်တော် ထပ်ပြောပါ့မယ် တုန်းဖန်သခင်ကြီး။ အရာအားလုံးကို လုံယွဲ့ရဲ့ ဆန္ဒအတိုင်း လုပ်ရပါမယ်။ အတင်းအကျပ် မလုပ်ပါနဲ့။”

တုန်းဖန်ယီက

“ စိတ်ချပါ မင်းသား။ ကျွန်တော့် သမီးကို အတင်းအကျပ် လုံး၀ မလုပ်ခိုင်းပါဘူး။ မင်းသားရဲ့ ရည်ရွယ်ချက်တွေကို ပြောပြရုံသက်သက်ပါ။”

ထိုအချိန်တွင် တုန်းဖန်းယီသည် အရှေ့ပိုင်းသတင်းစာတိုက်သို့ သွားရောက်ကာ သူ၏သမီးအား ထိုသတင်းကို ပြောပြရန် အလွန်စိတ်လှုပ်ရှားနေပြီးဖြစ်ပြီး

“မင်းသားမှာ အခြားကိစ္စများ မရှိတော့ရင် ကျွန်တော့်ကိုခွင့်ပြုပါဦး”

ဟုခွင့်တောင်းလိုက်၏။

လုချန်းက

“အင်း။ ကောင်းပါပြီ”

ထို့နောက် တုန်းဖန်ယီ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။ တုန်းဖန်ယီ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ကြိုတင် ရွှေ့ပြောင်းဝင်ရောက်ရန် သဘောတူပါ့မလားဟု လုချန်း တွေးလိုက်မိသည်။

တုန်းဖန်လုံယွဲ့၏ သူ့အပေါ် နှစ်သက်မှု အဆင့်သည် ကိုးဆယ့်ငါးသို့ ရောက်နေပြီ ဖြစ်သော်လည်း နှစ်သက်မှုဆိုသည်မှာ သူနှင့်အတူ အချို့သော ကိစ္စများတွင် ပါဝင်ရန် ဆန္ဒရှိသည်ဟု မဆိုလိုပေ။ အရင်က ချူးယုချင်ကို ကြည့်ပါ။ သူမ၏ သူ့အပေါ် နှစ်သက်မှုသည်လည်း ကိုးဆယ်ကျော် ရှိပြီး တစ်ရာနီးပါး ရှိသော်လည်း သူတို့၏ အနေအထား ကွာခြားမှုက သူမအတွက် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခု အမြဲဖြစ်နေခဲ့သည်။

တုန်းဖန်လုံယွဲ့သည် ခိုင်မာသော စိတ်ဆန္ဒရှိသည့် အမျိုးသမီး ဖြစ်သည်။ မင်းသားစံအိမ်သို့ လက်ထပ်ဝင်ရောက်ပါက သတင်းစာတိုက် ဆက်လက်စီမံခန့်ခွဲခွင့် ဆုံးရှုံးမည်ကို စိုးရိမ်နေနိုင်သည်။

သူမ မင်းသားစံအိမ်သို့ အရင် ရွှေ့ပြောင်းလာပြီးနောက် အရှေ့ပိုင်းသတင်းစာတိုက်ကို ဆက်လက် ဦးစီးခွင့် ပေးမည်ဟု ပြောထားသော်လည်း မင်းသားစံအိမ်သို့ ဝင်ရောက်ပြီးသည်နှင့် တစ်နေ့နေ့တွင် သူမ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်ရမည်ပင်။

ထိုအချိန်တွင် လုချန်း၏ စိတ်ထဲသို့ အတွေးတစ်ခု ရုတ်တရက်ဝင်လာပြီး သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာခဲ့သည်။ သူနှင့်လက်ထပ်ပြီးနောက် အရှေ့ပိုင်းသတင်းစာတိုက်မှ ထွက်ခွာရမည်ကို တုန်းဖန်လုံယွဲ့ စိုးရိမ်နေပါက သူမအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တစ်ခု ဖန်တီးပေးလိုက်ရုံပဲ မဟုတ်ပါလား။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အောက်တွင် သတင်းစာတစ်စောင် ထုတ်‌ဝေရန်

မကြာသေးမီက သူ စဉ်းစားနေခဲ့သည်။ လက်ရှိအစိုးရသတင်းစာသည် ပြည်နယ်နန်းတွင်း၏ လူထုထင်မြင်ချက်ကို ဖော်ပြသည့် ယန္တရားတစ်ခုဖြစ်သည်။

ပြည်နယ်နန်းတွင်းငယ်နှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တို့၏ ဆက်ဆံရေးသည် လက်ရှိတွင် အလွန် နီးစပ်နေသေးသော်လည်း သူ၏ သားသမီးများ အရွယ်ရောက်လာသည်နှင့်အမျှ ပြည်နယ်နန်းတွင်းနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တို့၏ဆက်စပ်မှုက တစ်နေ့နေ့တွင် ကွဲပြားသွားမည်မှာ ရှောင်လွှဲ၍မရပေ။

ပြည်နယ်နန်းတွင်း၏ နိုင်ငံရေးသည် သူ၏ မင်းသားစံအိမ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ သားသမီးများကို နိုင်ငံရေး ပရိယာယ် အမျိုးမျိုးတွင် နစ်မွန်းစေခြင်းကို လုချန်း မလိုလားပေ။ ထိုသို့ဖြစ်ပါက သူ၏ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် လုံး၀ ရှုပ်ထွေးသွားဖွယ် ရှိသည်။

မြောက်ပိုင်းပြည်နယ်၏ နန်းတွင်းငယ်တွင် တရားဝင် သတင်းစာ ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သည် စီးပွားရေးလုပ်ငန်းများစွာကို ဦးဆောင်နေသော အဖွဲ့အစည်းကြီးတစ်ခုအနေနှင့် ကိုယ်ပိုင် သတင်းစာတိုက် မရှိပဲ မည်သို့ဖြစ်မည်နည်း။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ သတင်းစာတစ်စောင်ထုတ်ဝေပါက အချိန်နှင့်တပြေးညီသတင်းများကိုသာမက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော သတင်းများကိုပါ ထုတ်ပြန်နိုင်မည်ဖြစ်သည်။

တုန်းဖန်လုံယွဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လက်ထပ်ဝင်ရောက်ပြီးသည်နှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ သတင်းစာတိုက်ကို သူမအား လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။

အရှေ့ပိုင်းသတင်းစာတိုက်။

အခန်းထဲတွင် တုန်းဖန်လုံယွဲ့သည် စုတ်တံကို ကိုင်ကာ နောက်ဆုံးရ သတင်းဆောင်းပါး မူကြမ်းကို စက္ကူပေါ်တွင် အလျင်အမြန် ရေးသားနေသည်။

မြောက်ပိုင်းပြည်နယ်တွင် ရေးသားရန် အဆင်ပြေသော သံမဏိ‌ ဖောင်တိန်များ ရှိနေပြီ ဖြစ်သော်လည်း စုတ်တံကို အသုံးပြုသည့် အလေ့အကျင့်ကို တုန်းဖန်လုံယွဲ့ မစွန့်လွှတ်သေးပေ။

တုန်းဖန်လုံယွဲ့သည် စုတ်တံကို အသုံးပြုနေသော်လည်း သူမ၏ စာရေးနှုန်းမှာ သံမဏိဖောင်တိန် အသုံးပြုသူများထက် လုံး၀ မနှေးပေ။

တုန်းဖန်လုံယွဲ့ စာရေးသားရာတွင် နစ်မြောနေစဉ် ဝန်ထမ်းတစ်ဦး သူမ၏ ရုံးခန်းထဲသို့ ဝင်လာပြီး

“သခင်ကြီး ရောက်နေပါတယ် သခင်မလေး။”

ထိုအခါ တုန်းဖန်လုံယွဲ့ ခဏခန့် ရပ်တန့်သွားသည်။ သူမ အိမ်မှ အခုမှ ထွက်လားခဲ့ခြင်း ဖြစ်သောကြောင့် ဖခင်က ဒီအချိန်မှာ အဘယ်ကြောင့် သူမထံ လာရောက်တွေ့ဆုံရသနည်း။

ထို့နောက် တုန်းဖန်လုံယွဲ့က

“ဖခင်ကို ရုံးခန်းထဲ ဝင်ခိုင်းပါ”

“ဟုတ်ကဲ့။”

သတင်းစာတိုက် ဝန်ထမ်း အခန်းထဲမှ ထွက်သွားပြီး မကြာမီ တုန်းဖန်ယီ တုန်းဖန်လုံယွဲ့၏ စာကြည့်ခန်းတွင် ပေါ်လာသည်။

တုန်းဖန်ယီကို မြင်သောအခါ တုန်းဖန်လုံယွဲ့က သူမ၏ စုတ်တံကို ချကာ

“ဘာကိစ္စပါလဲ ဖခင်”

ဟု မေးလိုက်သည်။

တုန်းဖန်ယီက

“ဖခင် အခုပဲ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို သွားခဲ့တာ။”

ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့ အံ့ဩဟန် မပြပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် တုန်းဖန်မိသားစုကို ယူမြို့တော်မှ လက်မှုပညာရှင်များနှင့် ပူးပေါင်းကာ စစ်သင်္ဘောများ တည်ဆောက်ရန် တောင်းဆိုထားသည်။ တုန်းဖန်မိသားစု၏ အကြီးအကဲတစ်ဦးအနေနှင့် သူ၏ဖခင်သည် စစ်သင်္ဘော တည်‌ဆောက်ရေး အခြေအနေကို စူးစမ်းရမည် ဖြစ်သည်။ ထို့မှသာ သူတို့၏ မိသားစုသည် ယူမြို့တော်မှ လက်မှုပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။

.............

အခန်း (၅၀၁)

မင်းသားက ခုနက တစ်ခုပြောခဲ့တယ် (၃)

ဒါပေမဲ့ ဒါက သူမနဲ့ ဘာဆိုင်လို့လဲ။

သူမသည် တုန်းဖန်မိသားစုမှ ဖြစ်သော်လည်း အခုတော့ အရှေ့ပိုင်းသတင်းတိုက်ကို ဦးစီးနေသည်။ တုန်းဖန်မိသားစု၏ တခြားကိစ္စများကို သူမ ဝင်မစွက်ဖက်လိုပေ။

တုန်းဖန်လုံယွဲ့ စကားပြောရန် ပြင်ဆင်နေစဉ် တုန်းဖန်ယီက ပြုံး၍

“မင်းသားက ဖခင်ကို တစ်ခု ပြောခဲ့တယ်။”

ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ချက်ချင်းပင် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

တုန်းဖန်ယီက ဆက်၍

“မင်းသားရဲ့ ဆိုလိုရင်းကတော့ သူက မင်းကို သဘောကျနေပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်စေဖို့ ဆန္ဒရှိတယ်တဲ့။”

ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့၏ ရင်ထဲ တင်းကျပ်သွားသည်။

ပြီးပြီ...

သူ ကြောက်ရွံ့ခဲ့သည့်အတိုင်းပင်။

ဒီလိုမျိုး နေ့တစ်နေ့ကို ရောက်လာလိမ့်မည်ဟု သူမ ကြိုတင် ခန့်မှန်းထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အပြုအမူများသည် သူတို့ နှစ်ဦးတည်း ရှိနေစဉ်တိုင်း အလွန်ထင်ရှားခဲ့သည်။ သို့သော် ထို့နေ့ရက် ဤမျှ စောစီးစွာ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူမ လုချန်းကို မုန်းတီးသည်တော့ မဟုတ်ပေ။ သို့သော် သူမအမြင်အရ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူမသည် ထိုနေရာတွင် အပြီးအပိုင် နေထိုင်ရတော့မည် ဖြစ်သည်။

ငယ်စဉ်ကတည်းက လွတ်လပ်မှုကို အသားကျနေသူတစ်ဦးအနေဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဇနီးမယားအဖြစ်၊ မိခင်အဖြစ် အကျဉ်းချခံရခြင်းကို သူမ ကြောက်ရွံ့မိသည်။

တုန်းဖန်လုံယွဲ့၏ မျက်နှာသွင်ပြင် အနည်းငယ် မလှပသည်ကို မြင်သောအခါ သူမ၏ အ‌တွေးကို တုန်းဖန်ယီ ချက်ချင်း ခန့်မှန်းမိပြီး

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်လိုက်ရင် အရှေ့ပိုင်းသတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ် ရာထူးကို စွန့်လွှတ်ရလိမ့်မယ်လို့ ထင်နေတာ မဟုတ်လား။”

တုန်းဖန်လုံယွဲ့က

“အရှေ့ပိုင်းသတင်းစာတိုက်က ပုဂ္ဂလိက လုပ်ငန်းတစ်ခုပါ။ သမီးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်ပြီးတာနဲ့ အဲဒီရာထူးကို တခြားသူ လွှဲပေးဖို့ မင်းသားက သေချာပေါက် ပြောပါလိမ့်မယ်။”

တုန်းဖန်ယီက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်ပြီး

“အဲဒါကို အခု လောလောဆယ် စိတ်ပူနေစရာ မလိုသေးဘူး။ မင်းသားရဲ့ ရည်ရွယ်ချက်က မင်း အရှေ့ပိုင်းသတင်းစာ တိုက်ကို ဆက်လက် ဦးစီးနိုင်တယ်။ ဒါပေမဲ့ သူ အခုလောလောဆယ် မင်းကို တရားဝင် အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မင်း အဲဒီရာထူးကို စွန့်လွှတ်ချင်တဲ့ အချိန်ကျရင် သူ မင်းကို အသိအမှတ်ပြုလိမ့်မယ်။”

ဒါက...

မြောက်ပိုင်းနယ်စားမင်းသားက သူမကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ထဲသို့ အရင်ဝင်ရောက်ခိုင်းခြင်းဖြစ်သည်။ လက်ထပ်ခြင်းကို တရားဝင် အသိအမှတ်ပြုခြင်းက သူမအပေါ် မူတည်ကြောင်း တုန်းဖန်လုံယွဲ့ ချက်ချင်းသဘောပေါက်လိုက်သည်။

ထိုအတွေးက တုန်းဖန်လုံယွဲ့၏ စိတ်ခံစားမှုလှိုင်းလုံးငယ်တစ်ခုကို နှိုးဆွလိုက်သည်။ ထို ကာမဂုဏ် လိုက်စားသော မြောက်ပိုင်းနယ်စားမင်းသား သူမကို ပထမဆုံး မြင်ကတည်းက ရည်ရွယ်ထားသည်ကို သူမ သိခဲ့သည်။ သို့သော် လူဆိုးကောင်သည် သူမ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန်အရင် ကြိုးစားလိမ့်မည်ဟု တုန်းဖန်လုံယွဲ့ မမျှော်လင့်ထားခဲ့ပေ။

တုန်းဖန်လုံယွဲ့ ငြိမ်သက်သွားသည်ကို မြင်သောအခါ တုန်းဖန်ယီက

“လုံယွဲ့။ မင်း စဉ်းစားပြီးပြီလား”

ဟု မေးလိုက်သည်။

တုန်းဖန်လုံယွဲ့ ဆက်လက် စဉ်းစားရင်း ငြိမ်သက်နေသည်။

ထိုအချိန်တွင် တုန်းဖန်ယီက

“သမီး စဉ်းစားကြည့်ပါ။ ဒီလောကမှာ မင်းနဲ့ ထိုက်တန်တဲ့ အမျိုးသား ဘယ်နှစ်ယောက် ရှိသလဲ။”

“အဲဒီအမျိုးသားတွေထဲက ဘယ်နှစ်ယောက်ကို မင်း တကယ် သဘောကျသလဲ။”

“သံသယ ရှိစရာ မလိုပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။ နောက်ပြီး တို့ မိသားစုက ကံကြမ္မာ သားတော်ရဲ့ လက်အောက်ခံ ဖြစ်ခဲ့တာ ကြာပြီ။ မြောက်ပိုင်းနယ်စားမင်းသားကို လက်ထပ်တာက မင်းအတွက် နစ်နာစရာ မရှိပါဘူး။”

“မင်း မြောက်ပိုင်းနယ်စားမင်းသားကို လက်မထပ်ရင် လက်ထပ်ဖို့ ရွေးချယ်စရာ သိပ်မကျန်တော့ဘူး။ တစ်သက်လုံး အပျိုကြီး လုပ်ပြီး တစ်ကိုယ်တည်း နေတော့မလို့လား။”

“တစ်ကိုယ်တည်း နေချင်ရင်တောင် မြောက်ပိုင်းနယ်စားမင်းသားက သဘောတူမှာ မဟုတ်ဘူး။”

ထိုအချိန်တွင် တုန်းဖန်ယီက တုန်းဖန်လုံယွဲ့၏ တုံ့ပြန်မှုကို အကဲခတ် ကြည့်လိုက်သည်။ သူမ မည်သို့မှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ သူက ဆက်၍ ချော့မော့ပြောလိုက်သည်။

“အဖေက မင်းကို ဘယ်မိသားစု တာဝန်နဲ့မှ ဖိအားပေးချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း မြောက်ပိုင်းနယ်စားမင်းသားကို နှစ်သက်နေတာက ရှင်းနေတယ်။ မင်းရဲ့ စာကြည့်ခန်းထဲမှာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ပုံတူတွေ အတော်များများ ရှိနေတာကို အဖေ မသိဘူးလို့ ထင်နေတာလား။”

သူ၏ စကားကြောင့် တုန်းဖန်လုံယွဲ့ လက်တွေ့ဘဝဆီ ပြန်ရောက်လာပြီး တုန်းဖန်ယီကို ကြည့်၍ အေးစက်စက် လေသံဖြင့်

“ဖခင်က ဘာလို့ သမီးရဲ့ စာကြည့်ခန်းထဲကို ခွင့်ပြုချက်မရှိပဲ ဝင်ရတာလဲ။”

တုန်းဖန်ယီက

“အဲ့ဒါ ဖခင်ကို အပြစ်တင်လို့ မရဘူး။ မင်းရဲ့ မောင်လေးက မင်းရဲ့ စာကြည့်ခန်းထဲကို ဝင်ပြီး ရှာတွေ့ခဲ့တာ။ မင်းက သတင်းစာတိုက်ကနေ အိမ်ပြန်မလာတော့ သူက မင်းအတွက် ပစ္စည်းတွေ သွားယူပေးခဲ့တယ်လေ။”

ထိုစကားကို ကြားသောအခါ ဖြစ်ပျက်ခဲ့သည်ကို တုန်းဖန်လုံယွဲ့ ချက်ချင်း သဘောပေါက်လိုက်သည်။ သူမသည် မကြာသေးမီက အလုပ်များနေခဲ့ပြီး သူမ၏ မောင် သတင်းစာတိုက်သို့ ရောက်လာချိန်တွင် သူမအတွက် ပစ္စည်းတစ်ခု သွားယူခိုင်းခဲ့ခြင်း ဖြစ်သည်။

အမှန်တွင် တုန်းဖန်မိသားစုမှ အစေခံများ သို့မဟုတ် မင်းသားစံအိမ်မှ သူမ၏ သီးသန့်အစေခံကို စာကြည့်ခန်းထဲသို့ ပစ္စည်းယူရန် စေလွှတ်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော်သူမ၏ မောင်ဖြစ်သူသည် သူကိုယ်တိုင် စာကြည့်ခန်းထဲဝင်ပြီး ပစ္စည်းများယူခဲ့ရုံ သာမက မြောက်ပိုင်းနယ်စားမင်းသား၏ ပုံများအကြောင်းကိုပါ သူတို့ဖခင်အား ပြောပြခဲ့သည်။

ထို့နောက် တုန်းဖန်ယီက

“စဉ်းစားကြည့်ပါဦး။”

ထိုအခါ တုန်းဖန်လုံယွဲ့က

“ဆက်စဉ်းစားစရာ မလိုတော့ပါဘူး။ မြို့သစ်ကို ရွှေ့ပြီးတာနဲ့ သမီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပြောင်းပြီး မင်းသားကို ပြုစုပါ့မယ်။”

တုန်းဖန်လုံယွဲ့ ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ အဆုံးတွင် သူမသည် မြောက်ပိုင်းနယ်စားမင်းသားကို နှစ်သက်သည်။ ထို့ပြင် တရားဝင် အသိအမှတ်ပြုမှု မလိုချင်သေးသရွေ့ သူမ အရှေ့ပိုင်းသတင်းစာတိုက် အယ်ဒီတာချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သည်ဟု မင်းသားက ကတိပေးထားပြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုတရားဝင် အသိအမှတ်ပြုခြင်းကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားနိုင်မည် ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် သူ့မတရားဝင် အဆင့်အတန်း ရှိမရှိကို ဂရုစိုက်မည် မဟုတ်ဟု ယုံကြည်သည်။

ကာမဂုဏ် လိုက်စားသော မြောက်ပိုင်းနယ်စားမင်းသားသည် သူမ၏ ကိုယ်ခန္ဓာကိုသာ တောင့်တနေသည်ဖြစ်ရာ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မည်။

မြောက်ပိုင်းနယ်စားမင်းသား သူမ၏ ခန္ဓာကိုယ်ကို တပ်မက်နိုင်သော်လည်း ဒါက ယာယီသာ ဖြစ်လိမ့်မည်ဟု ယူဆရသည်။ သူ့တွင် အမျိုးသမီးများစွာ ရှိနေသဖြင့် သူတို့အားလုံးကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။

သူမနှင့် တစ်ကြိမ် နှစ်ကြိမ်ခန့် အတူနေပြီးသည်နှင့် အသစ်အဆန်း မရှိတော့သဖြင့် မြောက်ပိုင်းနယ်စားမင်းသား၏ စိတ်ဝင်စားမှု ကုန်ဆုံးသွားမည်မှာ သေချာသည်။ ထိုအခါတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ရင်း အရှေ့ပိုင်း သတင်းစာတိုက်ကို အပြည့်အဝ အာရုံစိုက်နိုင်မည်။

တုန်းဖန်လုံယွဲ့ သဘောတူလိုက်သည်ကို မြင်သော တုန်းဖန်ယီ ပြုံးရွှင်လာပြီး တုန်းဖန်မိသားစုနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာလာမည်ကို သိမြင်လိုက်သည်။

ဖခင်ဖြစ်သူ၏ ပျော်ရွှင်မှုကို ကြည့်ရင်း တုန်းဖန်လုံယွဲ့ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ သူမက တုန်းဖန်ယီ၏ မျက်လုံးများကို စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့်

“ သမီးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပို့ဖို့ စကမ်းလှမ်းတာ ဖခင်လား။”

ထိုစကားကို ကြားသောအခါ တုန်းဖန်ယီ ရင်တုန်သွား၏။ ထို့နောက် သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းကို ဒီလောက်မြန်မြန် ပို့ဖို့ ဖခင် ဘယ်လိုလုပ် စိတ်ကူးပါ့မလဲ။ ဒါက မြောက်ပိုင်းနယ်စားမင်းသားရဲ့ ဆန္ဒပါ။”

တုန်းဖန်ယီ ထိုမျှ စိုးရိမ်နေသည်ကို မြင်သောအခါ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို တုန်းဖန်လုံယွဲ့ ချက်ချင်း နားလည်သွားသည်။ သူမ၏ဖခင်က ထိုကိစ္စကို စတင်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တုန်းဖန်လုံယွဲ့က

“သမီး လုပ်စရာ ကိစ္စတွေ အများကြီး ရှိတယ် ဖခင်။ အဖေ အခု ပြန်သင့်ပြီ။”

ထို့နောက် တုန်းဖန်လုံယွဲ့သည် စုတ်တံကိုကောက်ယူကာ စာရွက်ပေါ်တွင် အားရပါးရ ဆက်လက်ရေးသားနေတော့သည်။

တုန်းဖန်လုံယွဲ့က ထိုကိစ္စကို ထပ်မံမမေးမြန်းသည်ကို မြင်သောအခါ တုန်းဖန်ယီ စိတ်သက်သာရာရသွားသည်။ ထို့နောက် သူ တံခါးဆီသို့ လှည့်လျှောက်သွားသည်။ တံခါးနားရောက်သည့်အခါ တုန်းဖန်လုံယွဲ့၏ အသံကို ထပ်မံကြားလိုက်ရသည်။

“ဒီည သမီးအိမ်ပြန်ပြီး အဖိုးနဲ့တွေ့မယ်။ ဒီနေ့ ဖခင်လုပ်ခဲ့တာအားလုံးကို ပြောပြမယ်။”

တုန်းဖန်ယိီ၏ နှလုံးရပ်တန့်သွားသည်။

ဒါက...

နောက်ဆုံးတွင် တုန်းဖန်ယီသည် တုန်းဖန်မိသားစု အကြီးအကဲ၏ ပြင်းထန်သော ဆူပူမှုကို ခံခဲ့ရသည်။ သို့သော် ထိုအရာက တုန်းဖန်လုံယွဲ့၏ မင်းသားစံအိမ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ကို မပြောင်းလဲစေခဲ့ပေ။ တကယ်တော့ တုန်းဖန်လုံယွဲ့ ကိုယ်တိုင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ဆက်လုပ်ရမည့် အရာအားလုံးကို မြို့သစ်သို့ ရွှေ့ပြောင်းပြီးစီးသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။

...........

All Chapters