အခန်း ၅၀၅-၅၀၇
Vol. 34 Ch. 505-507
အခန်း (၅၀၅ )
မျှော်လင့်ထားသည့်အတိုင်း မြောက်ပိုင်းနယ်စားမင်းသားသည် သာမန်လူများနှင့် မတူပါ
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
ညစာစားချိန်၌ လုချန်း၏ မိသားစုဝင်များ ပျော်ရွှင်စွာ စုရုံးနေကြသည်။ ချူးယုချင်နှင့် အခြားသူများသည် ကလေးများ၏ ကိစ္စများကို တစ်ချိန်၊ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို တစ်ချိန် ရယ်မောပြောဆိုနေကြသည်။ သို့သော် တုန်းဖန်လုံယွဲ့ကတော့ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။
ချူးယုချင်တို့က သူမကို တမင်တကာ စကားစမှသာ သူမ စကားပြောမည် ဖြစ်သည်။
နေရာမှားနေသလို တုန်းဖန်လုံယွဲ့ ခံစားရသည်။ သာမန်လူတန်းစားမိသားစုများသာ တစ်စားပွဲတည်း အတူစားလေ့ရှိသည်။
သူမ၏မိသားစုကဲ့သို့ အနည်းငယ်ကြီးကျယ်သော မိသားစုများတွင် သူမကဲ့သို့သော မယားငယ်တစ်ဦးအား စားပွဲတွင် ထိုင်ခွင့်ပြုလေ့မရှိပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ထိုမျှကြီးမားသော မိသားစုတစ်စုသည် ညစာစားရန်အတွက် စားပွဲတစ်ဝိုင်းတည်းတွင် အတူတကွ ထိုင်ကြသည်။ ထိုထဲတွင် လုချန်း၏ မယားငယ်များလည်း ပါဝင်သည်။
စားပွဲတွင်ထိုင်ခွင့်ရရုံသာမက လုချန်း၏ ဇနီးမယားများသည် ညစာစားပွဲအတွင်း မင်းသားဖြစ်သူ လုချန်းအား ဂရုမစိုက်ဟု ထင်ရသည်။ အရက်သောက်နေသော အမျိုးသမီးများစွာကို သူမမြင်ခဲ့ရပြီး သူတို့ကိုယ်တိုင် အရက်ဖြည့်နေကြသည်။ လုချန်းက သူတို့၏ အပြုအမူကို လုံးဝဂရုမစိုက်ပေ။
ထိုအမျိုးသမီးများ၏ အပြုအမူများအရ ဒါတွေက နေ့စဉ်လုပ်ရိုးလုပ်စဉ် ဖြစ်ဟန်တူသည်။
တုန်းဖန်လုံယွဲ့ အလွန်အံ့အားသင့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ ဇနီးမယားများကို ထိုမျှ အလိုလိုက်တာလား။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သည် သူမမျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေသည်ဟု ထင်ရသည်။
ညစာစားပြီးနောက် တုန်းဖန်လုံယွဲ့ သူမ၏ အဆောင်သို့ ပြန်လာသည်။ အစေခံအား ရေနွေးပြင်ဆင်ရန် မှာကြားခါနီးတွင် အိပ်ခန်းဘေးကပ်လျက်ရှိ အခန်းမှ အစေခံတစ်ဦး ထွက်လာသည်ကို တွေ့ရှိရပြီး
“ရေနွေး အဆင်သင့် ဖြစ်ပါပြီ တုန်းဖန် သခင်မ။ အခု ရေချိုးလို့ရပါပြီ။”
တုန်းဖန်လုံယွဲ့သည် သူမ၏ အဝတ်များကို ထုတ်ယူပြီး အိပ်ခန်းဘေးရှိ အခန်းတစ်ခုသို့ လျှောက်သွားသည်။ ဤအခန်းသည် အပိုင်းနှစ်ပိုင်း ပိုင်းခြားထားသည်ကို တွေ့ရှိရသည်။ တစ်ပိုင်းတွင် ဧရာမရေချိုးကန်ကြီး ရှိပြီး နောက်တစ်ပိုင်းတွင် အိမ်သာပုံးကဲ့သို့သော အရာတစ်ခု ရှိသည်။ ယင်းသည် မြေပြင်နှင့် တိုက်ရိုက်ဆက်သွယ်ထားခြင်း ဖြစ်သည်။
တုန်းဖန်လုံယွဲ့သည် အနည်းငယ် အံ့အားသင့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဗိသုကာလက်ရာ ထိုမျှ ထူးခြားမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ရေချိုးရန်အတွက် အထူးဒီဇိုင်းထုတ်ထားသော အခန်းတစ်ခန်း ပါရှိပြီး ထိုမျှ ကျယ်ဝန်းသော အခန်းတွင် လူများစွာ ဝင်ဆံ့နိုင်သည်။ အထူးသဖြင့် အဖြူရောင် ကြွေထည်ရေချိုးကန်သည် မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါလှသည်။
မဆိုင်းမတွ တုန်းဖန်လုံယွဲ့သည် သူမ၏ အဝတ်များကို ချွတ်လိုက်ပြီး ရေနွေးဖြည့်ထားသော ရေချိုးကန်ထဲတွင် လဲလျောင်းလိုက်သည်။
ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်သည် နွေးထွေးမှုဖြင့် ဖုံးအုပ်သွားပြီး လုံးဝ ပြေလျော့သွားသည်။ ယနေ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ရောက်ရှိလာခဲ့ပြီးကတည်းက သူမသည် အတော်လေး စိတ်ဖိစီးနေခဲ့သည်။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး စံအိမ်ရှိ အခြားအမျိုးသမီးများနှင့် မည်သို့ ဆက်ဆံရမည်ကိုလည်း သူမ မသိသောကြောင့် ဖြစ်သည်။
ရေနွေးထဲတွင် စိမ်လိုက်သောအခါ သူမ၏ ပူပန်မှုများအားလုံး ပျောက်ကွယ်သွားပုံရသည်။ ယခုအခါတွင် သူမ အေးဆေးတည်ငြိမ်စွာ ရေစိမ်ရန်သာ ဆန္ဒရှိနေသည်။
မည်မျှကြာအောင် ရေစိမ်ခဲ့သည်ကို သူမ မသိလိုက်ပေ။ တုန်းဖန်လုံယွဲ့ ရုတ်တရက်သူမ၏ မျက်လုံးများကို ဖွင့်လိုက်တော့ ရေအေးသွားသည်ကို သတိထားမိသည်။ ထိုအခါမှသာ ရေချိုးနေစဉ် သူမ အိပ်ပျော်သွားကြောင်း သိလိုက်ရသည်။ လျင်မြန်စွာ ရေချိုးကန်မှ ထလိုက်ပြီး ခန္ဓာကိုယ်ကို အခြောက်ခံကာ အဖြူရောင် အတွင်းခံအင်္ကျီဝတ်ပြီးနောက် အိပ်ခန်းထဲသို့ ဝင်လိုက်သည်။
အိပ်ခန်းထဲသို့ ဝင်သည်နှင့် သူမ၏ အိပ်ရာဘေးတွင် လူတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ တုန်းဖန်လုံယွဲ့ အံ့အားသင့်သွားသည်။
သူမ၏ အိပ်ရာပေါ်တွင် ထိုင်နေသူမှာ မြောက်ပိုင်းနယ်စားမင်းသား လုချန်း ဖြစ်နေသည်။
ထိုစဉ် လုချန်းသည် သူမ၏ ခန္ဓာကိုယ်အနှံ့အား အဓိပ္ပာယ်ပါသော အကြည့်များဖြင့် ကြည့်ရှုနေသည်။ တုန်းဖန်လုံယွဲ့သည် ရေချိုးပြီးစဖြစ်နေပြီး လုချန်းထံ မချဉ်းကပ်သေးသော်လည်း သူမ၏ ကိုယ်မှ ပန်းရနံ့များသည် လုချန်း၏ နှာခေါင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုချန်းက ပြုံးလျက်
“ရေချိုးပြီးပြီလား လုံယွဲ့။”
တုန်းဖန်လုံယွဲ့သည် အတွင်းခံအဝတ်အစားများသာ ဝတ်ဆင်ထားပြီး လုချန်းရှေ့တွင် မလုံမခြုံဖြစ်နေသည်ကို သတိပြုမိသွားပြီး သူမ၏ ပါးပြင်များ ပူနွေးလာသည်။ လုချန်း ဤမျှမြန်မြန်ဆန်ဆန် သူမ၏အခန်းသို့ လာရောက်မည်ကို မမျှော်လင့်ခဲ့ပေ။
တုန်းဖန် လုံယွဲ့က
“မင်းသား ဘာလို့ကျွန်မကို စောစောမနှိုးတာလဲ”
ဟု မေးလိုက်သည်။
လုချန်းက ရယ်မောပြီး
“မင်းအိပ်နေတာကိုမြင်တော့ နှိုးဖို့ စိတ်မပါခဲ့ဘူး။”
ထို့နောက် တုန်းဖန် လုံယွဲ့ အိပ်ရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ခြေလှမ်းတစ်ချက် လှမ်းလိုက်တိုင်း သူမ၏နှလုံးခုန်နှုန်း ပိုမြန်လာသည်။ လုချန်းထံ ချဉ်းကပ်လာသောအခါ သူမ၏နှလုံး ရင်ဘတ်ထဲမှ ထွက်ကျလုနီးပါး ခံစားရလာသည်။
တုန်းဖန် လုံယွဲ့၏ နီမြန်းနေသော မျက်နှာကို မြင်သော လုချန်းက အနည်းငယ်ပြုံးပြီး သူမ၏နူးညံ့သော ကိုယ်ခန္ဓာကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ကိုယ်ခန္ဓာချင်းနီးကပ်စွာ ထိတွေ့မိသောအခါ ပူပြင်းသော အသက်ရှူသံက သူမကို လွှမ်းမိုးလာသည်ကို တုန်းဖန်လုံယွဲ့ ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ နှာခေါင်းထဲသို့ ထူးခြားသော ရနံ့တစ်ခု ဝင်ရောက်လာသည်။ ယင်းသည် သူမ တစ်ခါမျှ မကြုံဖူးသော ရနံ့ဖြစ်ပြီး မွှေးကြိုင်လှသည်တော့ မဟုတ်ပေ။ သို့သော် အလွန်နှစ်လိုဖွယ် ကောင်းပြီး ရှူရှိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ် ပို၍ပင် ပူနွေးလာသည်။
လုချန်း၏ လက်သည် တုန်းဖန်လုံယွဲ့၏ သွယ်လျသော ခြေထောက်ပေါ်တွင် ရှိနေသည်။ သူက ပွတ်သပ်ရင်း
“လုံယွဲ့။ မင်းအဖေက မင်းကို ကိုယ်အခု တရားဝင် အဆင့်အတန်း မပေးသေးဘူးဆိုတာ ပြောပြပြီး ဖြစ်လိမ့်မယ်။ မင်း တရားဝင် အဆင့်အတန်း လိုချင်ရင် အရှေ့ပိုင်း သတင်းစာတိုက်ကနေ ထွက်ပြီး အယ်ဒီတာချုပ် ရာထူးကို စွန့်လွှတ်ရလိမ့်မယ်။”
တုန်းဖန်လုံယွဲ့သည်
“သဘောပေါက်ပါတယ်”
ဟု တိုးတိုးလေး ရေရွတ်ကာ သဘောတူလိုက်သည်။
လုချန်းနှင့် နီးကပ်စွာ ထိတွေ့နေရသော တုန်းဖန် လုံယွဲ့သည် ပို၍ထူးဆန်းသော ခံစားချက်ကို ရရှိလာသည်။ သူမသည် ဆွေမျိုးမဟုတ်သော ယောက်ျားတစ်ဦးနှင့် ဤမျှနီးကပ်စွာ ထိတွေ့ဖူးခြင်း မရှိသလောက်ဖြစ်ပြီး ဤမျှရင်းနှီးသော အခြေအနေမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
လုချန်းက ဆက်လက်၍
“မင်းဘာကို စိတ်ပူနေလဲဆိုတာ ကိုယ်သိတယ်။ မင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်လိုက်ရင် လွတ်လပ်မှု ဆုံးရှုံးသွားမှာကို ကြောက်နေတာ။ ပြီးတော့ အဲ့ဒီနောက်ပိုင်းကစပြီး မင်း ဒီနေရာမှာပဲ နေပြီး ခင်ပွန်းကို ပြုစုစောင့်ရှောက် သားသမီးတွေကို ပျိူထောင်ပေးရမယ်လို့ ထင်နေတာ။”
လုချန်း၏ စကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့သည် တိတ်ဆိတ်သွားသည်။ အကြောင်းမှာ ထိုအချက်သည် သူမ၏ စိုးရိမ်ပူပန်မှု အတိအကျ ဖြစ်နေသောကြောင့်ပင်။
လုချန်းသည် မင်းသားတစ်ပါးမျှသာမကပေ။ အနာဂတ်တွင် သူသည် ဆွမ်ဧကရာဇ် ဖြစ်လာနိုင်ပြီး ကမ္ဘာကြီး၏ အရှင်သခင်ပင် ဖြစ်လာနိုင်သည်။ ထိုအချိန်တွင် သူ၏ အမျိုးသမီးများသည် နန်းတော်အတွင်း၌သာ ဘဝကို ကုန်ဆုံးရဖွယ်ရှိပြီး ထွက်ခွာခွင့် ပိတ်ပင်ခံရမည်မှာ သေချာသည်။
တုန်းဖန်လုံယွဲ့ စကားမပြောသည်ကို မြင်သောအခါ လုချန်း၏ လက်က ဆက်လက်၍ ပွတ်သပ်နေသည်။ တုန်းဖန်လုံယွဲ့၏ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း
“ကိုယ်က တခြားနယ်စားမင်းတွေနဲ့ မတူဘူး။ ကိုယ့်အမျိုးသမီးတွေကို အများကြီး ယုံကြည်တယ်။ မင်း မင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်ရင်တောင် လွတ်လပ်စွာ သွားလာနိုင်တယ်။ ကိုယ်ပိုင်အလုပ်တစ်ခုလည်း ရှိနိုင်တယ်။”
“မင်း မြောက်ပိုင်းပြည်နယ်မှာ ခဏလောက် နေခဲ့ပြီးပြီ။ ကိုယ်ထင်တာတော့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ စီးပွားရေးတွေကို မိဖုရားက အခြေခံအားဖြင့် စီမံခန့်ခွဲနေတာကို မင်း သိပြီးဖြစ်လိမ့်မယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ ဘဏ္ဍာရေးကို ကိုယ်ရဲ့ဇနီး ရဲလိနန်ရန်က စီမံခန့်ခွဲနေတာ။ ဒီနှစ်ယောက်အပြင် စံအိမ်ထဲက သိုင်းပညာတတ်တဲ့ အမျိုးသမီးတွေမှာလည်း သူတို့ကိုယ်ပိုင် အလုပ်တွေရှိတယ်။”
လုချန်း၏ စကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့ ခဏမျှ အံ့အားသင့်သွားသည်။ သူမသည် မင်းသားစံအိမ်မှ အမျိုးသမီးများနှင့် သိပ်မရင်းနှီးသော်လည်း ရန်ခရိုင်တွင် အတော်ကြာအောင် နေထိုင်ခဲ့ပြီး လုချန်းနှင့် အချိန်အများကြီး ကုန်ဆုံးခဲ့သဖြင့် လုချန်း၏ ဇနီးမယားများအကြောင်း အချို့အရာများကို ကြားဖူးသည်။
မိဖုရားက စံအိမ်၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲနေပြီး ရဲလိနန်ရန်က ဘဏ္ဍာရေးကို စီမံခန့်ခွဲနေကြောင်းကို သူမ ကောင်းစွာသိသည်။ ထို့ပြင် မိုးစက်ရဲတိုက်ကို ကြီးကြပ်နေသော အမျိုးသမီးတစ်ဦး ရှိသည်ကိုလည်း တုန်းဖန်လုံယွဲ့ သိသည်။
သူမ ထိုအမျိုးသမီးကို ယနေ့ မတွေ့ခဲ့ရသော်လည်း တစ်ခါက သူမ မင်းသားစံအိမ်သို့ လာရောက်စဉ် လုချန်း၏ စာကြည့်ခန်းတွင် လုချန်းနှင့် ရင်းနှီးပျော်ရွှင်နေသော ထိုအမျိုးသမီးကို မတော်တဆ တွေ့မြင်ခဲ့ဖူးသည်။
ယခု စဉ်းစားကြည့်လျှင် လုချန်းသည် သူ၏ အမျိုးသမီးများကို လူအများရှေ့တွင် လွတ်လပ်စွာ လုပ်ကိုင်သွားလာခွင့် အများကြီး ပေးထားသည်ကို တွေ့ရသည်။ ညစာစားချိန်တွင် ထိုအချက်က ထင်ရှားသည်။ လုချန်း၏ အမျိုးသမီးများသည် လုချန်း၏ ရှေ့မှောက်တွင် အထူးတလည် သိမ်မွေ့မှု မရှိကြပေ။ သူတို့ သောက်ချင်လျှင် သောက်ကြပြီး အရက်မူးနေသော အမျိုးသမီးတစ်ဦးပင်ခုနက လုချန်းနှင့်အတူ မြင်းစီးထွက်လိုကြောင်း ပြောနေသေးသည်။ သူတို့ကြည့်ရတာ အလွန် လွတ်လပ်ဟန်တူသည်။
ယခုည စံအိမ်တွင်ဖြစ်ပျက်နေသော ညစာစားပွဲ မြင်ကွင်းမျိုးသည် အခြားမည်သည့် မင်းသားစံအိမ် သို့မဟုတ် အာဏာရှိ မိသားစုအိမ်တော်တွင်မဆို လုံးဝ မဖြစ်နိုင်ပေ။
သို့သော် လုချန်းသည် သူ၏ဇနီးများကို ယခုအချိန်တွင် လွတ်လပ်စွာခွင့် ပေးထားသော်လည်း တစ်နေ့တွင် သ ဆွမ်ဧကရာဇ်ဖြစ်လာပြီး အားလုံး၏ အရှင်သခင် ဖြစ်လာသောအခါ သူကိုယ်တိုင် စီမံခန့်ခွဲခြင်း မပြုလုပ်လျှင်ပင် သူ၏ အမျိုးသမီးများကို တစ်စုံတစ်ဦးက စီမံခန့်ခွဲရမည်သာ ဖြစ်သည်။
လုချန်းကို စောင့်ကြည့်နေမည့် မျက်လုံးများ အများအပြား ရှိလာမည်။ အထူးသဖြင့် သူ့ဘေးမှ အမျိုးသမီးများ၏ လှုပ်ရှားမှုတိုင်းကို ဖြစ်သည်။
လုချန်းသည် သူ၏ အမျိုးသမီးများကို နန်းတော်ပြင်ပသို့ ထွက်ကာ စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့် ခွင့်ပြုထားပါက ဝန်ကြီးများက မသင့်တော်ကြောင်း ဝေဖန်လာကြမည်ဖြစ်သည်။ အကြောင်းမှာ ဧကရာဇ်မင်း၏ အမျိုးသမီးများအနေဖြင့် အများပြည်သူရှေ့တွင် မထွက်ပေါ်သင့်သောကြောင့် ဖြစ်သည်။
ထိုအခါ ဝန်ကြီးများ၏ ပါးစပ်များကို ပိတ်နိုင်ရန်အတွက် လုချန်းးတွင် ရွေးချယ်စရာမရှိတော့ပဲ သူ၏ အမျိုးသမီးများကို နန်းတော်ထဲတွင်သာ နေထိုင်ခိုင်းရတော့မည် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိသောအခါ တုန်းဖန်လုံယွဲ့က
“မင်းသား တစ်နေ့ကျ အားလုံးရဲ့ အရှင်သခင် ဖြစ်လာတဲ့အခါ မင်းသားရဲ့ ဇနီးမယားတွေကို လူအများရှေ့မှာ ထွက်ပေါ်ခွင့် ဆက်ပေးဦးမှာလား”
ဟု မေးလိုက်သည်။
တုန်းဖန်လုံယွဲ့ မေးပြီးပြီးချင်း လုချန်း၏ လက်သည် သူမ၏ အတွင်းခံအဝတ်အစားထဲသို့ ရုတ်တရက် လျှောကျသွားပြီး ပုံမှန်အားဖြင့် မထိမိသော နေရာများကို ထိမိသွားသည်။ ထို့နောက် လုချန်းက ပြုံးလျက်
“သူတို့ရဲ့ ဘေးကင်းရေးကို အာမခံနိုင်သမျှ ဘယ်နေရာကိုပဲ သွားသွား ပြဿနာမရှိဘူး” ဟု ဖြေပေးလိုက်သည်။
တုန်းဖန်လုံယွဲ့က ဆက်မေးသည်။
“ဝန်ကြီးတွေက မင်းသားရဲ့ ဇနီးမယားတွေ လူအများရှေ့ မထွက်သင့်ဘူးလို့ ပြောလာရင် ဘယ်လိုလုပ်မလဲ”
လုချန်းက ဂရုမိစုက်ဟန်ဖြင့်
“ဒါက သူတို့ ကိစ္စပဲ။ အချို့အရာတွေက အမြဲတမ်း အစ ရှိတယ်။ မြောက်ပိုင်းပြည်နယ် တိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်တွေ ပိုများလာမယ်။ အိမ်မှာပဲ အမြဲနေခဲ့တဲ့ အမျိုးသမီးတွေ အလုပ်လုပ်ဖို့ ထွက်လာကြလိမ့်မယ်။”
“အဲဒီ အမျိုးသမီးတွေ အလုပ်လုပ်နိုင်ဖို့ အားပေးရမယ်။ ဒီတော့ စံအိမ်က အမျိုးသမီးတွေက စံနမူနာ ပြရမယ်။ စံအိမ်က အမျိုးသမီးတွေ တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ခင်ပွန်းကို ပြုစုစောင့်ရှောက်၊ သားသမီးတွေကို ပျိုးထောင်ပေးနေမယ်ဆိုရင် အရပ်သားအမျိုးသမီးတွေကို အိမ်ကနေ သူတို့ဆန္ဒအလျောက် ထွက်လာပြီး အလုပ်ခွင်ထဲ ဝင်လာအောင် ဘယ်လို အားပေးနိုင်မှာလဲ။”
ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့သည် ခဏမျှ အံ့အားသင့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားတွင် အမျိုးသမီးများ အလုပ်လုပ်ခြင်းနှင့် ပတ်သက်၍ ဤကဲ့သို့သော စိတ်ကူးများ ရှိနေမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ဤသည်မှာ မည်သည့် ဧကရာဇ်မင်းမှ တစ်ခါမျှ မတွေးဖူးသော ကိစ္စ ဖြစ်သည်။
မှန်ပါသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အခြားအမျိုးသားအများစုနှင့် ကွာခြားသည်။ သူသည် ကံကြမ္မာ၏ သားတော်ဖြစ်ထိုက်သူ ဖြစ်သည်။ သူ၏ အတွေးအမြင်များသည် ဤခောတ်ထက် များစွာ ရှေ့ရောက်နေသည်။
ကံကြမ္မာ၏ သားတော်သည် ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်သူဖြစ်သည်။ လုချန်း ထိုသို့ တွေးမိသောကြောင့် အနာဂတ်တွင် အမျိုးသမီးများသည် မိမိတို့၏ အိမ်များမှ ရဲရဲဝံ့ဝံ့ ထွက်ခွာပြီး အလုပ်အကိုင်များနှင့် ကုန်ထုတ်လုပ်မှုများတွင် ပါဝင်လာသည်ကို မြင်တွေ့ရနိုင်သည်။
သာမန်အမျိုးသမီးများသည် အသက်မွေးဝမ်းကျောင်းအတွက် လူအများရှေ့ ထွက်ရသည့်အခါ မကြာခဏပင် ဝေဖန်မှုခံနေရသည်။
လုချန်းသည် ခေတ်ရေစီးကြောင်းကို ဦးဆောင်နိုင်ပြီး အမျိုးသမီးများကို ရဲရဲဝံ့ဝံ့ ထွက်လာစေကာ အမျိုးမျိုးသော လုပ်ငန်းများတွင် ပါဝင်စေနိုင်ပါက လူဦးရေ နည်းပါးသော်လည်း မြောက်ပိုင်းပြည်နယ်တွင် လုံလောက်သော လုပ်သားအင်အားကို ရရှိနိုင်သည်။
လုချန်းပြောသည့် စကားများကြောင့် တုန်းဖန်လုံယွဲ့သည် ဝမ်းသာနေစဉ် ရုတ်တရက် သူမ၏ အတွင်းခံအဝတ်အစားသည် ပခုံးပေါ်မှ လျှောကျသွားပြီး အေးမြသော လေပြေတစ်ခုက သူမ၏ ခန္ဓာကိုယ်ကို အေးစိမ့်သွားစေသည်။
တုန်းဖန်လုံယွဲ့ ထိုအခါမှ သတိပြန်ဝင်လာသည်။ အကြောင်းမှာ ယခုအချိန်သည် အခြားကိစ္စများကို စဉ်းစားရန် အချိန်မဟုတ်သောကြောင့်ပင်။
ထိုအချိန်တွင် လုချန်းက တုန်းဖန်လုံယွဲ့၏ နားနား ကပ်ကာ
“လုံယွဲ့။ မင်း အရမ်း မွှေးတာပဲ”
ဟု တိုးတိုးလေး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ တုန်းဖန်လုံယွဲ့ ချက်ချင်း တောင့်တင်းသွားပြီး သူမ၏ ခန္ဓာကိုယ်လည်း ပို၍ပင် ပူနွေးလာသည်။
လုချန်းက ဆက်လက်၍
“ညဉ့်နက်နေပြီ။ ကိုယ်တို့ အိပ်သင့်ပြီ”
ဟု ပြောလိုက်သည်။
မျက်နှာ နီမြန်းစွာဖြင့် တုန်းဖန်လုံယွဲ့က “ကျေးဇူးပြုပြီး ညင်ညင်သာသာ လုပ်ပေးပါ မင်းသား။”
တုန်းဖန်လုံယွဲ့ ပြောပြီးပြီးချင်း လုချန်းက သူမကို အိပ်ရာပေါ်တွင် လှဲချလိုက်ပြီး လက်ရှိလုပ်ဆောင်ရမည့်ကိစ္စအား စတင်အာရုံစိုက်လိုက်တော့သည်။
..............
အခန်း (၅၀၆ )
ငါမြောက်ပိုင်းနယ်စားမင်းသားကို သဘောကျတာမဟုတ်ဘူး နင်သူ့ကိုနားမလည်သေးလို့ပါ (၁)
ကျူးနိုင်ငံတော်။
ဧကရီ၏ အိပ်ဆောင်။
ကန့်လန့်ကာ အနီရောင်များနောက်တွင် ဖြူဖွေးသော ခန္ဓာကိုယ်နှစ်ခုကို မှိန်ပျပျ မြင်နေရသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးသည် ကုတင်ဆီသို့ ရောက်ရှိလာကြသည်။ ဝူကျန်းဝမ်သည် ယွဲ့ဧကရာဇ်နောက်တွင် ထိုင်ကာ သူမ၏ မွှေးပျံ့သော ပခုံးများကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။
ယွဲ့ဧကရာဇ်က
“ကျန်းဝမ်။ ငါတို့ ဒီလောက် ရင်းရင်းနှီးနှီးမ နေရတာ ကြာလှပြီ မဟုတ်လား။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က ညင်သာစွာ ပြုံးလျက်
“ဟုတ်တယ်။ ငါတို့ ရေအတူမချိုးရတာ တော်တော်ကြာပြီ။”
ယွဲ့ဧကရာဇ်က သက်ပြင်းချကာ
“မြူခိုးမှော်ဂိုဏ်းမှာ တို့ညီအစ်မတွေ အတူတူရှိခဲ့ကြတဲ့ နေ့ရက်တွေကို လွမ်းမိတယ်။ အခုတော့ ငါတို့ နိုင်ငံကြီးနှစ်ခုမှာ နေနေကြရပြီ။ တစ်ကြိမ်တွေ့ဖို့တောင် မလွယ်တော့ဘူး။”
ဝူကျန်းဝမ်က
“ငါတို့ နှစ်ယောက်လုံး ကြီးပြင်းလာလို့ ကိုယ်စီ လုပ်စရာ တာဝန်တွေ ရှိလာလို့ပါ။”
ဤနေရာတွင် ဝူကျန်းဝမ်က
“ချင်ရို့။ ရှနိုင်ငံတော်ကို ချေမှုန်းဖို့ ဝူနိုင်ငံတော်နဲ့ ပူးပေါင်းဖို့ နင်တကယ်ပဲ စိတ်ကူး မရှိဘူးလား”
ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ယွဲ့ဧကရာဇ်က
“ကျန်းဝမ်။ နင်တို့ ဝူနိုင်ငံတော်က ရှနိုင်ငံတော်ကို လျှော့တွက်လွန်းတယ်။”
လှည့်လိုက်ပြီး ယွဲ့ဧကရာဇ်က သူမ၏ လက်ဖဝါးကို ဝူကျန်းဝမ်၏ ချောမွေ့ဖြူဖွေးသော ခြေထောက်ပေါ် တင်လိုက်ကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လျက်
“ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော် ပူးပေါင်းရင် ရှနိုင်ငံတော်ကို ချေမှုန်းနိုင်မယ်လို့ နင်တကယ်ပဲ ယုံကြည်လား။”
ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ ဝူကျန်းဝမ်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“လက်ရှိအချိန်မှာ ဆွမ်ဧကရာဇ်က အိပ်ရာထဲလဲနေပြီ။ ရှနိုင်ငံတော်တစ်ဝန်းက နယ်စား အသီးသီးကလည်း စစ်သားတွေ စုဆောင်းနေကြပြီး တိုင်းပြည်ကို ရှုပ်ထွေးအောင် လုပ်နေကြတယ်။ သူတို့ ထီးနန်းလုပွဲ စတာနဲ့ ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော်အတွက် အခွင့်အရေး ရလိမ့်မယ်။”
ယွဲ့ဧကရာဇ်က အနည်းငယ် ပြုံးလိုက်သည်။ သူမ၏ မှူးမတ်များရှေ့တွင် ပြသခဲ့သော အေးစက်တည်ကြည်မှုက သူမ၏ မျက်နှာမှ ပျောက်ကွယ်သွားပြီး
“နင့်ရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေက လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်။”
“ရှနိုင်ငံတော်ရဲ့ နေပြည်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်တွေအကြောင်း နင်မသိဘူးလား။”
ဝူကျန်းဝမ် ခဏမျှ ကြောင်သွားပြီးနောက်
“အဲ့ဒါကို ငါ သိတယ်လေ။”
ယွဲ့ဧကရာဇ်က ဆက်လက်၍
“ရှနိုင်ငံတော်က ကောင်းကင်လူသားအဆင့် တစ်ဦးကို ရထားတာ ဖြစ်နိုင်ခြေ အလွန်များတယ်။ ဝူနိုင်ငံတော်မှာ ကောင်းကင်လူသားတစ်ဦးကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းရှိမရှိဆိုတာ ထည့်မပြောသေးဘူး။ ဒါပေမဲ့ ဆွမ်ဧကရာဇ်က ဒီလိုအချိန်မှာပဲ နာမကျန်းဖြစ်နေတယ်။ ဒါက သိပ်ပြီး တိုက်ဆိုင်လွန်းတယ်လို့ နင်မထင်ဘူးလား။”
“နောက်ပြီး မြောက်ပိုင်းနယ်စားမင်းသားက တောင်ဘက်ကို စစ်ချီပြီး ထီးနန်းကို လုဖို့ လုံးဝ စိတ်မဝင်စားပုံ မရတာကို နင် သတိပြုမိမှာပါ။ ငါ သိရသလောက် မြောက်ပိုင်းပြည်နယ်မှာ အထူးကိုယ်ရံတော်ဆိုတဲ့ ထောက်လှမ်းရေး အဖွဲ့တစ်ခု ရှိတယ်။ သူတို့ရဲ့ သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းက အရမ်းကောင်းတယ်။ ဆွမ်ဧကရာဇ် တကယ် ဒုက္ခရောက်နေသလားဆိုတာ မြောက်ပိုင်းနယ်စားမင်းသားက အသိဆုံး ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်။”
“ဆွမ်ဧကရာဇ် တကယ်ပဲ တစ်ခုခုဖြစ်နေရင် မြောက်ပိုင်းနယ်စားမင်းသားက တောင်ဘက်ကို စစ်ချီလာမှာ သေချာတယ်။ ဝူနိုင်ငံတော်ကို ကာကွယ်ဖို့အတွက် သံချပ်ကာ မြင်းတပ်သား သုံးသောင်းကို ယုံအန်းခရိုင်မှာ ချထားမှာ မဟုတ်ဘူး။”
ယွဲ့ဧကရာဇ်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားသောအခါ ဝူကျန်းဝမ်လည်း အတွေးထဲ နစ်မြောသွားသည်။ အစကတော့ သူမလည်း ထိုကိစ္စကို စဉ်းစားဖူးသည်။ မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်ကို စစ်မချီချင်တာက မြောက်ပိုင်းပြည်နယ်မှာ အရင်းအမြစ်တွေ အလွန်နည်းပါးပြီး စစ်ပွဲရဲ့ ကုန်ကျစရိတ်ကို မခံနိုင်လို့ဟု သူမ ထင်ခဲ့သည်။
မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားက ခိုင်မာသည်ဟု ထင်ရသော်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုအချို့ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး သိန်းချီသော ရန်သူတပ်ဖွဲ့များကို ချေမှုန်းနိုင်ခဲ့လျှင်တောင် သူတို့က ကိုယ့်မြေကိုယ် ကာကွယ်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ခိုက်သူများ မဟုတ်ကြပေ။
တောင်ဘက်ကို စစ်ချီပြီး ရှနိုင်ငံတော်၏ တော်ဝင်နန်းတော် သို့မဟုတ် တခြား နယ်စားများထိန်းချုပ်ထားသော နယ်မြေများကို တိုက်ခိုက်မည် ဆိုပါက ကြီးမားသော အရင်းအမြစ်များ လိုအပ်၏။ မြောက်ပိုင်းပြည်နယ်၏ လက်ရှိ စွမ်းဆောင်ရည်အရဆိုရင် သူတို့၏ ထောက်ပို့စွမ်းရည်က ထိုလိုအပ်ချက်ကို လိုက်မီနိုင်မည် မဟုတ်ပေ။
သို့သော် ဒါတွေကလည်း ဝူကျန်းဝမ်၏ အတွေးသက်သက်သာဖြစ်သည်။
ထိုအချိန်တွင် ယွဲ့ဧကရာဇ်သည် သူမ၏ သွယ်လျ၍ နှင်းကဲ့သို့ ဖြူဖွေးသော လက်ကို မြှောက်ကာ ဝူကျန်းဝမ်၏ မေးစေ့ကို ပင့်တင်ပြီး သူမ၏ မျက်လုံးများကို ကြည့်ကာ
“ကျန်းဝမ်။ မြောက်ပိုင်းနယ်စားမင်းသားဟာ လုံးဝ ရိုးရှင်းသူ မဟုတ်ဘူး။ မြောက်ပိုင်းပြည်နယ်ရဲ့ အင်အားက နင် သိထားတာထက် အများကြီး ပိုများတယ်။ နင်ကျူးနိုင်ငံတော်နဲ့ ပူးပေါင်းပြီး ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ လာတာက မြောက်ပိုင်းပြည်နယ်ကို လုံလုံလောက်လောက် နားမလည်သေးလို့ ဖြစ်နိုင်တယ်။”
“နင်တို့ရဲ့ ထောက်လှမ်းရေးကွန်ရက်ကတော့ တကယ်ပဲ ပြန်လည်ပြင်ဆင်ဖို့ လိုနေပုံရတယ်။”
ထိုစကားကြောင့် ဝူကျန်းဝမ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ
“နင် မြောက်ပိုင်းနယ်စားမင်းသားကို ဒီလောက်အထင်ကြီးလိမ့်မယ်လို့ ငါမထင်ထားဘူး”
ယွဲ့ဧကရာဇ်က
“ငါအထင်ကြီးတာ မဟုတ်ဘူး။ နင်က သူ့ကိုလည်း နားမလည်သေးသလို၊ မြောက်ပိုင်းပြည်နယ်ကိုလည်း နားမလည်သေးလို့ပဲ။”
“မြောက်ပိုင်းနယ်စားမင်းသားက မြောက်ပိုင်းပြည်နယ်ကို ရောက်တာ ခဏလေးပဲ ရှိသေးတာတောင် လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် သုံးသိန်းကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့တယ်။ သူဘယ်လိုလုပ်ခဲ့လဲဆိုတာ နင်မတွေးမိဘူးလား”
ဝူကျန်းဝမ်က သံသယဖြင့်
“မြောက်ပိုင်းပြည်နယ်မှာ သံချပ်ကာ မြင်းတပ် ငါးသောင်း ရှိတယ်။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အလွန်ကြောက်စရာကောင်းတယ်။ လွင်ပြင်ဒေသ မျိုးနွယ်စု စစ်သည် သုံးသိန်းကို ချေမှုန်းနိုင်တာ မထူးဆန်းပါဘူး။”
ယွဲ့ဧကရာဇ်က ညင်သာစွာ ပြုံးလိုက်ပြီးနောက် သူမ၏ လက်သည် ဝူကျန်းဝမ်၏ မေးစေ့မှနေ၍ သူမ၏ ရှည်လျားဖြူဖွေးသော လည်တိုင်တစ်လျှောက် ညင်သာစွာ ဆင်းသက်သွားကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“နင်တို့ရဲ့ ထောက်လှမ်းရေးကွန်ရက်ကတော့ တကယ်ပဲ ပြုပြင်ဖို့ လိုနေပုံရတယ်။”
ထိုသို့ပြောပြီးနောက် ယွဲ့ဧကရာဇ်က သူမ၏လက်ကို မြှောက်လိုက်ရာ နောက်တစ်ခဏတွင် မလှမ်းမကမ်းရှိ ဖီးနစ်ကုလားထိုင်ပေါ်မှ စာအုပ်တစ်အုပ် ပျံသန်းလာသည်။ သူမက စာအုပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူပြီး ဝူကျန်းဝမ်အား ပေးလိုက်သည်။
ဝူကျန်းဝမ်လည်း ယွဲ့ဧကရာဇ်ထံမှ စာကို စူးစမ်းစွာဖြင့် ယူလိုက်ပြီး စိတ်ဝင်တစား ဖတ်ရှုလိုက်သည်။ စာထဲရှိ ထောက်လှမ်းရေး အချက်အလက်ကို ဖတ်ပြီးသောအခါ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
ဝူကျန်းဝမ်၏ လေးနက်သော အမူအရာကို မြင်သောအခါ ယွဲ့ဧကရာဇ်က ပြုံးလျက်
“ကျန်းဝမ်။ ဒါကြောင့်ပဲ ငါဝူနိုင်ငံတော်နဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက် မရှိတာ။”
ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။ ယွဲ့ဧကရာဇ် ပေးသော စာသည် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို စုံစမ်းစစ်ဆေးထားသော ထောက်လှမ်းရေး အစီရင်ခံစာ ဖြစ်နေသည်။
မြောက်ပိုင်းပြည်နယ်၏ စစ်စည်းကမ်းသည် အလွန်တင်းကျပ်နေပြီ ဖြစ်သော်လည်း လေအားလုံးကို တားဆီးနိုင်သော တံတိုင်းဟူ၍ မရှိပေ။ မြောက်ပိုင်းပြည်နယ်၏ တပ်များသည် ခေတ်မီလက်နက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ရာ ထိုအကြောင်းများ သတင်းမထွက်ပဲ ရှိမည် မဟုတ်ပေ။
မြောက်ပိုင်းဒေသတစ်ခုလုံးကို သူတို့၏ နယ်မြေအဖြစ် ရဲရဲဝံ့ဝံ့ သိမ်းပိုက်ရဲခြင်း၊ အဆင့်လွန် ပညာရှင်တစ်ဦး ပါဝင်သော လွင်ပြင်ဒေသ မျိုးနွယ်စု စစ်တပ်ကိုပင် အလွယ်တကူ ချေမှုန်းနိုင်ခြင်းတို့က မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို လျှော့မတွက်သင့်ကြောင်း သက်သေပြခဲ့သည်။
ကျူးနိုင်ငံတော်သည် အင်အားအထွတ်အထိပ်ရောက်နေချိန်တွင်ပင် ထျန်းချီဘုရင်၏ စစ်တပ်ကို အလွယ်တကူ မောင်းထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထျန်းချီဘုရင်၏ တပ်များကို ဟန့်တားနိုင်ရုံသာ ဖြစ်သည်။ သို့သော် ထျန်းချီဘုရင် မြောက်ပိုင်းပြည်နယ်သို့ ထွက်ပြေးသောအခါ သူ၏တပ်များကို မြောက်ပိုင်းပြည်နယ်က အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည်။
...........
အခန်း( ၅၀၇)
ငါမြောက်ပိုင်းနယ်စားမင်းသားကို သဘောကျတာမဟုတ်ဘူး နင်သူ့ကိုနားမလည်သေးလို့ပါ (၂)
လေးသိန်းသော စစ်တပ်ကို မြောက်ပိုင်းပြည်နယ်က အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်မှာ ထူးဆန်းသည်။ ထို့ကြောင့် ယွဲ့ဧကရာဇ်သည် ကျူးနိုင်ငံတော်၏ သူလျှိုများဖြင့် မြောက်ပိုင်းပြည်နယ် စစ်တပ်အကြောင်း သတင်းအချက်အလက်များ ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့၏။ နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ် စစ်တပ်နှင့် ပတ်သက်သော ကောလာဟလအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
မြောက်ပိုင်းပြည်နယ် စစ်တပ်သည် လျှပ်စီးနှင့် မိုးကြိုးကို ခေါ်ယူနိုင်သည်ဟု ဆိုကြသည်။ ရန်ခရိုင်ကို ကာကွယ်စဉ်က ကောင်းကင်ဝံပုလွေဘုရင်၏ တပ်ဖွဲ့များသည် မြောက်ပိုင်းပြည်နယ် စစ်တပ်၏ မိုးကြိုးစွမ်းအားကြောင့် ရှုံးနိမ့်ခဲ့ရသည်။
သို့သော် ထိုကောလာဟလများကို ယွဲ့ဧကရာဇ် မယုံကြည်ပါ။ သူမသည် သူလျှိုများကို မြောက်ပိုင်းပြည်နယ်၌ လျှို့ဝှက် နက်နဲသော လက်နက်များ ပိုင်ဆိုင်ထားခြင်း ရှိ မရှိ ဆက်လက်စုံစမ်းခိုင်းခဲ့သည်။ ထိုစုံစမ်းမှုကြောင့် မြောက်ပိုင်းပြည်နယ်၏ လက်နက်သစ်များဖြစ်သော “မိုးကြိုးဗုံး”၊ “မိုးရှင်း သေနတ်” နှင့် “မော်တာ” တို့၏ အမည်များကို ကျူးသူလျှိုများ ဖော်ထုတ်နိုင်ခဲ့သည်။
ကျူးသူလျှိုများသည် ထိုလက်နက်များ၏ အမည်များကိုသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။ လက်နက်များကိုမူ မရရှိခဲ့ကြချေ။
မြောက်ပိုင်းပြည်နယ်၏ စစ်စည်းကမ်း မည်မျှပင် တင်းကျပ်စေကာမူ စစ်ရေးကိစ္စများကို အိမ်တွင် ပြောဆိုသော စစ်သားအချို့ အမြဲရှိတတ်သည်။ ထိုသို့သော အစွမ်းထက် လက်နက်များ ပိုင်ဆိုင်ထားသဖြင့် စစ်သားအချို့သည် အိမ်ပြန်ရောက်သည်နှင့် မိမိတို့၏ ဆွေမျိုးများကို ကြွားလုံးထုတ်မိကြသည်။
တင်းကျပ်သော စစ်စည်းကမ်းပင် ဤအဖြစ်မျိုးကို မတားဆီးနိုင်ပေ။ အထူးသဖြင့် မြောက်ပိုင်းပြည်နယ်သည် ပြုပြင်ပြောင်းလဲရေးကို မကြာသေးမီကမှ စတင်ခဲ့ပြီး စစ်တပ်ပြုပြင်ပြောင်းလဲရေးလည်း ပြီးဆုံးခြင်း မရှိသေးပေ။ မြောက်ပိုင်းပြည်နယ်၏ တပ်သားများကို အမိန့်အတိအကျ လိုက်နာစေရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထိုအချိန်တွင် ဝူကျန်းဝမ်သည် သူမ၏လက်ထဲမှ စာကို ချလိုက်သည်။ ထို့နောက် ယွဲ့ဧကရာဇ်၏ မျက်လုံးများကို ကြည့်ကာ
“ချင်ရို့။ ဒါတွေ အကုန်လုံး အမှန်လား”
ဟု မေးလိုက်သည်။
ယွဲ့ဧကရာဇ်က
“ဖြစ်နိုင်တာကတော့ အမှန်ပါပဲ”
“မြောက်ပိုင်းပြည်နယ် စစ်တပ်က ဒီလို အစွမ်းထက်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတာဟာ သူတို့ဆီမှာ ငါတို့ မသိသေးတဲ့ လျှို့ဝှက်နက်နဲတဲ့ လက်နက်တွေ ရှိနေလို့ ဖြစ်နိုင်တယ်။ အဲဒီလက်နက်တွေက သာမန် သိုင်းပညာရှင် မခံနိုင်လောက်အောင် အစွမ်းကြီးတယ်။”
“ငါ့အနားမှာ အမြဲခစားနေတဲ့ အစေခံတစ်ယောက်ကို မြောက်ပိုင်းပြည်နယ်ကို လွှတ်လိုက်တာက အဲဒီ လက်နက်တွေရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့အတွက်ပဲ။”
“သူက နင် ကျူးနိုင်ငံတော်ကို နောက်ဆုံးလာတုန်းက တွေ့ခဲ့ရတဲ့ အစေခံပါပဲ။ သူ့နာမည်က မုယုံရွှီပါ။ သူက နင်နဲ့လည်း ရုပ်ချင်းဆင်တယ်။ နင်မရှိတုန်း သူ့ကိုပဲ ငါ့နားမှာ ခစားခိုင်းခဲ့ရတာ။”
ဝူကျန်းဝမ်သည် ယွဲ့ဧကရာဇ် နောက်ဆုံးပြောခဲ့သည်များကို သတိမထားခဲ့ပေ။ သူမ အလေးထားဆုံးမှာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်နက်နဲသော လက်နက်များ ဖြစ်နေသည်။
မြောက်ပိုင်းပြည်နယ်၌ စာထဲတွင် ဖော်ပြထားသည့် လျှို့ဝှက်နက်နဲသော လက်နက်များ ရှိနေပြီး ထိုလက်နက်များ၏ စွမ်းအားသည် ထောက်လှမ်းရေးသတင်းထဲကအတိုင်း ကြောက်မက်ဖွယ်ကောင်းပါက ဝူနိုင်ငံတော်၏ စစ်အင်အား မည်မျှပင် များပြားပါစေ မြောက်ပိုင်းပြည်နယ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ယနေ့ နန်းတွင်းအစည်းအဝေးတွင် ယွဲ့ဧကရာဇ်က ဝူနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ကာ ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် အကြံပြုချက်ကို အလွန် ပြတ်သားစွာ ငြင်းပယ်ခဲ့သည်ကို သူမ ပြန်တွေးမိလိုက်သည်။ အရာအားလုံး၏ အကြောင်းရင်းမှာ မြောက်ပိုင်းပြည်နယ်ကြောင့်ပင် ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်သည် ဝူနိုင်ငံတော်၏ အကြီးမားဆုံး ရန်သူအမှန်ပင် ဖြစ်သည်။
ဝူကျန်းဝမ်က
“ချင်ရို့။ ကျူးသူလျှိုတွေ မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်နက်နဲတဲ့ လက်နက်တွေနဲ့ ထိတွေ့ခဲ့ဖူးလား”
ဟု မေးလိုက်သည်။
ယွဲ့ဧကရာဇ်က
“မရဘူး။ ငါတို့လည်း မြောက်ပိုင်းပြည်နယ် စစ်တန်းလျားထဲကို လူတွေလွှတ်ပြီး ထိုးဖောက်ဖို့ ကြိုးစားနေတာပါပဲ။ ဒါပေမဲ့ မလွယ်ပါဘူး။ နောက်ပြီး သူတို့က စစ်သားတွေကို လက်နက်တွေ စစ်တန်းလျားအပြင်ကို ယူသွားခွင့်မပြုဘူး။ အခုလက်ရှိ မြောက်ပိုင်းပြည်နယ် စစ်တပ်ရဲ့ စစ်စည်းကမ်းက အရမ်းတင်းကျပ်နေတော့ သူတို့ရဲ့ လက်နက်သစ်တွေကို ရဖို့က အင်မတန် ခက်ခဲတယ်။”
ထိုစဉ် ဝူကျန်းဝမ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲရှိ စာကို တစ်ချက်ကြည့်ကာ စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။
“ဒီလောက် ကြောက်စရာကောင်းတဲ့ လက်နက်တွေ တကယ်ပဲ ရှိနိုင်ပါ့မလား။”
ယွဲ့ဧကရာဇ်က
“ငါတို့ရဲ့ သတင်းအချက်အလက်တွေက ကျူး သူလျှိုတွေဆီက ရတာ မှန်ပေမဲ့ အများစုက မြောက်ပိုင်းပြည်နယ်က စစ်သားတွေရဲ့ အိမ်တွေကနေ ပေါက်ကြားလာတာ။ မြောက်ပိုင်းပြည်နယ် စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ထည့်တွက်ကြည့်ရင် အစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ ကြောက်မက်ဖွယ် လက်နက်တွေ သူတို့ပိုင်ဆိုင်ထားတာ တော်တော်ဖြစ်နိုင်တယ်။”
ဝူကျန်းဝမ်က
“မြောက်ပိုင်းပြည်နယ်မှာ တကယ်ပဲ အဲဒီလျှို့ဝှက်နက်နဲတဲ့ လက်နက်တွေ ရှိခဲ့ရင် ဘာလို့ တိုက်ရိုက်တောင်ဘက်ကို ချီတက်ပြီး ထီးနန်းလုဖို့ မကြိုးစားတာလဲ”
ဟု မေးခွန်းထပ်ထုတ်လိုက်သည်။
“ဒီလို စွမ်းအားကြီးတဲ့ လက်နက်တွေနဲ့ဆို မြောက်ပိုင်းနယ်စားမင်းသားအနေနဲ့ အဲဒီရာထူးအတွက် ထီးနန်းလုတာ လွယ်ကူသင့်တယ် မဟုတ်ဘူးလား။”
ယွဲ့ဧကရာဇ်က ဝူကျန်းဝမ်၏ နူးညံ့သော ကိုယ်ခန္ဓာကို ပွေ့ဖက်ထာယရင်း
“အဲဒါတော့ ငါလည်း သေချာ မသိဘူး။
ဖြစ်ကောင်းဖြစ်နိုင်တာက မြောက်ပိုင်းနယ်စားမင်းသားက အချိန်မကျသေးဘူးလို့ ယူဆနေလို့ ဖြစ်ပါလိမ့်မယ်။”
ထိုအခါ ဝူကျန်းဝမ်က
“ချင်ရို့။ မြောက်ပိုင်းပြည်နယ်မှာ တကယ်ပဲ ဒီလို လျှို့ဝှက်နက်နဲတဲ့ လက်နက်တွေ ရှိနေရင် ကျူးနဲ့ ဝူနိုင်ငံတော်တို့ ပိုပြီး ပူးပေါင်းသင့်တယ်။ မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားအဆင့် စွမ်အားရှင်တစ်ယောက်လည်း ရှိနေပြီ။ အခုဆို ဒီလို ကြောက်စရာကောင်းတဲ့ လက်နက်တွေပါ ရှိနေပြီဆိုတော့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်သင့်ဘူး။”
“ကျူးနဲ့ ဝူနိုင်ငံတော်တို့ မဟာမိတ်မဖွဲ့ထားရင် မြောက်ပိုင်းပြည်နယ်က နောင်မှာ နိုင်ငံနှစ်ခုလုံးကို တစ်ခုပြီးတစ်ခု အနိုင်ယူသွားလိမ့်မယ်။”
ယွဲ့ဧကရာဇ်က သူမ၏ နူးညံ့သော လက်ချောင်းဖြင့် ဝူကျန်းဝမ်၏ ဆံပင်များကို သပ်တင်ပေးရင်း
“အဲဒါကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မဟာမိတ်မဖွဲ့သေးဘူး။ ငါမြောက်ပိုင်းပြည်နယ်ရဲ့ အခြေအနေကို ဆက်ပြီး စုံစမ်းဖို့ လိုအပ်တယ်။ ငါတို့ကိုယ်တိုင် အဲ့ဒီ လက်နက်တွေကို မြင်ပြီးမှပဲ ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့မယ်။”
“လောလောဆယ်တော့ ကျူးနိုင်ငံတော်က စစ်ကို မလိုလားသေးဘူး။ ကျူးသာမန်ပြည်သူတွေက ကျူးနိုင်ငံတော်ကို တခြားနိုင်ငံတွေနဲ့ စစ်ပွဲတွေမှာ ပါဝင်စေချင်တာ မဟုတ်ပါဘူး။ အထူးသဖြင့် နန်းတွင်းက ဝန်ကြီးတွေပဲ။ သူတို့က ကျူးနိုင်ငံတော် အနေနဲ့ မြောက်ဘက်က လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့ အင်အားစုဆောင်းသင့်တယ်လို့ ယေဘုယျအားဖြင့် ယုံကြည်ကြတယ်။”
“မြောက်ဘက်မှာ လွင်ပြင်ဒေသ နတ်ဘုရားမတစ်ပါး ပေါ်လာပြီး အခုဆို လွင်ပြင်ဒေသ မျိုးနွယ်စုတွေ စည်းလုံးဖို့ အလားအလာလည်းရှိနေတယ်။ ဒါက ငါတို့ ကျူးနိုင်ငံတော်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ။ အခုချိန်မှာ ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ပြီး ရှနိုင်ငံတော်ကို ပစ်မှတ်ထားမယ်ဆိုရင် နန်းတွင်းဝန်ကြီးတွေက သေချာပေါက် ကန့်ကွက်ကြလိမ့်မယ်။”
“မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်နက်နဲတဲ့ လက်နက်တွေရဲ့ ခြိမ်းခြောက်မှုကို နန်းတွင်းဝန်ကြီးတွေက သိပြီးမှပဲ သူတို့က ကျူးနိုင်ငံတော်ကို ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောတူလိမ့်မယ်”
ဟု ဆက်လက် ရှင်းပြလိုက်သည်။
“ကျန်းဝမ်။ ငါ့လို မိန်းမတစ်ယောက်အနေနဲ့ ကျူးနိုင်ငံကြီး တစ်ခုလုံးကို အုပ်ချုပ်ရတာ မလွယ်ကူဘူးဆိုတာ နင်သိပါတယ်။ အကယ်၍ ငါက အာဏာကို အတင်းအဓမ္မ သုံးပြီး တရားမျှတမှုကို လျစ်လျူရှုမယ်ဆိုရင် မကြာခင်မှာပဲ ဝန်ကြီးတွေကို သစ္စာဖောက်အောင် တွန်းပို့သလို ဖြစ်သွားလိမ့်မယ်”
ဟု ယွဲ့ဧကရာဇ်က ဖြည့်စွက် ပြောဆိုလိုက်သည်။
ယွဲ့ဧကရာဇ်၏ စကားများကို ကြားရသောအခါ ဝူကျန်းဝမ် သူမဘာသာ အတွေးထဲ နစ်မြောသွားခဲ့၏။ ယွဲ့ဧကရာဇ် ကျူးနိုင်ငံတော်ကို အုပ်ချုပ်ရတာ လွယ်ကူသည်ဟု သူမထင်ခဲ့သည်။ ယွဲ့ဧကရာဇ် ပြောသမျှကို ကျူးနိုင်ငံဝန်ကြီးများက မေးခွန်းမထုတ်ပဲ လိုက်နာမည်ဟု ယူဆခဲ့သည်။ ယခုမှသာ ယွဲ့ဧကရာဇ်လည်း အခက်အခဲများစွာ ရှိနေသည်ကို သူမ နားလည်သွားသည်။ အမှန်တော့ မိန်းမတစ်ယောက် ဧကရာဇ်လုပ်ရသည်မှာ မလွယ်ကူလှပေ။
........