← Chapters

အခန်း 508-510

Vol. 34 Ch. 508-510

အခန်း 508-510

Vol. 34 Ch. 508-510

အခန်း (၅၀၈)

ငါမြောက်ပိုင်းနယ်စားမင်းသားကို သဘောကျတာမဟုတ်ဘူး နင်သူ့ကိုနားမလည်သေးလို့ပါ (၃)

ဝူကျန်းဝမ် အတွေးထဲ နစ်မြောနေစဉ် ယွဲ့ဧကရာဇ်က သူမကို ဖက်၍ ဖြည်းညင်းစွာ လှဲချလိုက်ပြီး

“ကဲ ။ နိုင်ငံတော်ကိစ္စတွေ ဒီမှာပဲ ရပ်ကြရအောင်။ စောစော နားကြစို့။”

ဝူကျန်းဝမ်က သဘောတူကြောင်း အသံပြုကာ ထပ်မံ စကားမပြောတော့ချေ။

မကြာမီပင် လှပသော အမျိုးသမီးနှစ်ဦး၏ နူးညံ့သော ကိုယ်ခန္ဓာများသည် တင်းကျပ်စွာ ပူးကပ်လျက် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကာ အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားကြတော့သည်။

.....

တစ်ချိန်တည်းမှာပင်။

မြောက်ပိုင်းပြည်နယ်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သစ်တွင်။

တုန်းဖန်လုံယွဲ့၏ အခန်းမှ ဆူညံသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သစ်သည် အဟောင်းနှင့်မတူပဲ အခန်းများတွင် မှန်ပြတင်းပေါက်များ တပ်ဆင်ထားသဖြင့် အသံလုံသည်။

အပြင်ဘက်မှ အသံ သဲ့သဲ့မျှသာ ကြားရပြီး ပြတင်းပေါက်များကို မဖွင့်ပါက ဖြတ်သွားဖြတ်လာများသည် တုန်းဖန်လုံယွဲ့၏ အခန်းထဲတွင် ဖြစ်ပျက်နေသည်ကို လုံးဝ သိမည် မဟုတ်ပေ။

လုချန်းက တုန်းဖန်လုံယွဲ့၏ ပါးပြင်ပေါ်ရှိ စိုစွတ်နေသော ဆံသားများကို ညင်သာစွာ ဆော့ကစားနေသည်။ ထိုအချိန်တွင် တုန်းဖန်လုံယွဲ့၏ မျက်နှာ နီရဲနေပြီး နဖူးတွင် ချွေးစက်များ ဖုံးလွှမ်းနေ၏။

လုချန်းက တုန်းဖန်လုံယွဲ့၏ လှပသော မျက်နှာကို စိုက်ကြည့်ရင်း

“တကယ်တော့ မင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်လာရင်တောင် မင်းကြိုက်တဲ့ အလုပ်တစ်ခုကို ကိုယ် စီစဉ်ပေးလို့ ရပါတယ်။”

ထိုစကားကို ကြားသောအခါ အိပ်ချင်မူးတူးဖြစ်နေသော တုန်းဖန်လုံယွဲ့က

“မင်းသား... ဘာအလုပ်ကို ပြောတာလဲ”

ဟု မေးမြန်းလိုက်သည်။

လုချန်းက လုပ်စရာရှိသည်ကို ဆက်လက် ဆောင်ရွက်ရင်း

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က သတင်းစာတစ်စောင် ထုတ်ဖို့ စီစဉ်ထားတယ်။ မင်း အရှေ့ပိုင်း သတင်းစာတိုက်ကနေထွက်ပြီးရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ သတင်းစာကို လာစီမံအုပ်ချုပ်လို့ ရတယ်။”

ထိုစကားကြောင့် တုန်းဖန်လုံယွဲ့ တုန်လှုပ်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသား သတင်းစာတစ်စောင် ထုတ်ရန် စီစဉ်နေသည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ အသက်ရှုသံ ပြင်းပြင်းဖြင့်

“ဟင်း..... မင်းသားက ဒီသတင်းစာကို ကျွန်မအတွက် ထုတ်တာလား။”

လုချန်းက ပြုံးလျက်

“အဲဒီလို မဟုတ်ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ သြဇာအာဏာကို ချဲ့ထွင်ဖို့ သတင်းစာ နောက်တစ်စောင် ဖန်တီးဖို့ ကိုယ်စဉ်းစားနေတာ ကြာပြီ။ အကောင်အထည် မဖော်ရသေးတာပဲ ရှိတယ်။”

“စဉ်းစားကြည့်ပါ။ မင်း သဘောတူမယ်ဆို လဝက်လောက်ကြာရင် ကိုယ်မယားအဖြစ်ယူမယ့် ဝမ်ချင်းစီနဲ့အတူ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လက်ထပ်ဝင်လာလို့ ရပါတယ်။ မင်း ဆုံးဖြတ်ဖို့ လဝက် အချိန်ရပါသေးတယ်။”

မကျသေးသော မျက်ရည်များ ပြည့်လျှံနေသော မျက်လုံးများဖြင့် တုန်းဖန်လုံယွဲ့က လုချန်းကို ကြည့်ကာ

“မင်းသား... ကျွန်မ... ရှင့်ရဲ့ ရည်ရွယ်ချက်ကို... မှန်းဆဖို့တောင် မဝံ့ရဲပါဘူး။ ကျွန်မ သိချင်တာက... မင်းသားက ကျွန်မကို လဝက်လောက်ကြာရင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို တရားဝင် လက်ထပ်ဝင်လာစေချင်တာလား။ ဒါမှမဟုတ်...အား...”

တုန်းဖန်လုံယွဲ့က ညင်သာစွာ အော်ဟစ်လိုက်ပြီး စကားမဆုံးခဲ့ပေ။

တုန်းဖန်လုံယွဲ့သည် သူမ၏ မေးခွန်းကို ရှင်းလင်းစွာ မပြောခဲ့သော်လည်း လုချန်း သူမ သိလိုသည်ကို နားလည်သွားပြီဖြစ်သည်။ သူ ချက်ချင်းပင်

“မင်းကို လဝက်အတွင်း မင်းသားစံအိမ်ကို လက်ထပ်ဝင်ရောက်ဖို့ ကိုယ် တောင်းဆိုတာ မဟုတ်ပါဘူး။ မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း စိတ်မကွက်ပါဘူး။ မင်းက ကိုယ့်မိန်းမ ဖြစ်နေပြီဆိုတော့ မင်းရဲ့ ဆုံးဖြတ်ချက် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် လေးစားပါတယ်။”

“မင်း အရှေ့ပိုင်းသတင်းစာတိုက်မှာ ဆက်နေဖို့ ဆုံးဖြတ်ရင်လည်း ရပါတယ်။ ကိုယ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွက် သတင်းစာတစ်စောင်ကို အရင် ထုတ်ထားမယ်။ နောက်မှ မင်း အခြေအနေကို လက်ခံဖို့ အဆင်သင့်ဖြစ်တဲ့အခါ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ သတင်းစာတိုက်ကို မင်းကို လွှဲပေးပါလိမ့်မယ်။”

တုန်းဖန်လုံယွဲ့က

“ကျေးဇူးတင်ပါတယ်... မင်းသား။”

လုချန်းက အနည်းငယ် ပြုံးပြလိုက်ပြီး

“မင်း အခုထိ ကိုယ့်ကို မင်းသားလို့ ခေါ်နေတုန်းပဲလား။”

တုန်းဖန်လုံယွဲ့၏ ပါးပြင်များ နီရဲသွား၏။ သူ့ကို မည်သို့ ခေါ်ရမှန်း သူမ မသိတော့ပေ။

လုချန်းက ဆက်လက်၍

“ချစ်သူ လို့ ခေါ်ကြည့်ပါဦ။ ဘယ်လိုနေလဲ နားထောင် ကြည့်ရအောင်။”

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့၏ စိတ်များ ရှုပ်ထွေးနေပြီး သူမအား တစ်စုံတစ်ခု ဝင်ပူးဝင်နေသကဲ့သို့ပင်

“ချစ်သူ.. အချစ်...”

ဟု ခေါ်လိုက်သည်။

......

ထိုနေ့ နံနက်ပိုင်းက မင်းသားစံအိမ်တွင် သူမ မြင်တွေ့ခဲ့ရသည်များကို တုန်းဖန်လုံယွဲ့ အခုမှ နားလည်သွားသည်။

မိဖုရားက သူမအပေါ် အဘယ်ကြောင့် ထိုမျှ သဘောကောင်းရသည်ကို နားလည်ခဲ့ပြီဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ အမျိုးသမီးများ အဘယ်ကြောင့် ထိုမျှ သဟဇာတဖြစ်စွာ နေထိုင်ကြသည်ကိုလည်း သိသွားသည်။

အခြားစံအိမ်များတွင် အမျိုးသမီးများ အချင်းချင်း တိုက်ခိုက်ကြကာ မျက်နှာသာရရန် အားထုတ်ကြပြီး တစ်ဦးကိုတစ်ဦး ပြိုင်ဘက်များအဖြစ် ရှုမြင်ကြသည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာမူ လုံးဝ ကွဲပြားသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် မျက်နှာသာရရန် အားထုတ်နေသော အမျိုးသမီး ရှိပါက သူမသည် လုချန်း၏ မျက်နှာသာပေးမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ လုချန်းသည် အဆင့်လွန်ပညာရှင်ဖြစ်ပြီး သာမန်အဆင့်လွန်ပညာရှင်ပင်မဟုတ်ပေ။ အဆင့်မြင့်အဆင့်လွန်ပညာရှင်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား၏ မိဖုရားသည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သာမန်လူတစ်ဦးသည် အဆင့်လွန် ပညာရှင် လုချန်းနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

သာမန်လူများသာမက သိုင်းပညာရှင်များသည်ပင် လုချန်းကို မယှဉ်နိုင်ကြချေ။ ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ အခြေအနေမှာ မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီးအားလုံးသည် လုချန်းဆိုသည့် ထိုဆိုးသွမ်းသော ကောင်လေးကို ဆန့်ကျင်ရန် ပူးပေါင်းထားကြခြင်းဖြစ်၏။ ထိုအချက်က သူတို့အဘယ်ကြောင့် ဤမျှ စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်နေကြသည်ကို ရှင်းပြနေခြင်း ဖြစ်သည်။

နံနက်ခင်း။

လုချန်း အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။

ဖွင့်လိုက်သည်နှင့် သူ့ကို စိုက်ကြည့်နေသော အသက်ရှူမှားလောက်အောင် လှပသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

တုန်းဖန်လုံယွဲ့သည် အရှေ့ပိုင်းသတင်းစာတိုက်၏ အယ်ဒီတာချုပ် ဖြစ်သောကြောင့် ယနေ့ သတင်းမူကြမ်းများကို ကြီးကြပ် စစ်ဆေးရန် သွားရောက်ရမည် ဖြစ်ရာ စောစောစီးစီး နိုးနေခဲ့သည်။

သို့သော် သူမ နိုးလာပြီးနောက် မည်သည့် လှုပ်ရှားမှုကိုမှ မလုပ်ရဲချေ။ ထိုအချိန်တွင် လုချန်းသည် သူမကို ဖက်လျက် သူမအပေါ် မှီနေဆဲဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံ ရသည်။

ညလုံးပေါက် အတူရှိခဲ့ပြီးနောက် သူမ လုချန်းကို လုံးဝ လက်ခံလိုက်ပြီ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ကံကြမ္မာ၏ သားတော်ကို တကယ်ပဲ မည်သူမှ မငြင်းဆန်နိုင်ပါလား ဟုသာ တွေးနေမိသည်။

တုန်းဖန်လုံယွဲ့၏ မျက်လုံးများ သူ့အပေါ်တွင် စူးစိုက်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ တောင်းပန်ပါတယ်။ မနေ့ညက မတော်တဆ အိပ်ပျော်သွားတယ်။ မင်းကို ဖိမိမသွားဘူးလို့ မျှော်လင့်ပါတယ်။”

တုန်းဖန်လုံယွဲ့က

“မင်းသား သဘောရှိ လုပ်ပါ။ ကျွန်မ အဆင်ပြေပါတယ်။”

တုန်းဖန်လုံယွဲ့ ယနေ့ သတင်းစာတိုက်သွားရမည်ကို ရုတ်တရက် သတိရသွားသောအခါ လုချန်းက ချက်ချင်း အိပ်ရာမှ ထလိုက်ပြီး

“မင်း ဒီနေ့ သတင်းစာတိုက်သွားရမယ် မဟုတ်လား။ မင်းကို ဆက်ပြီး အချိန်ဆွဲမထားတော့ဘူး။”

လုချန်း ထလိုက်သည်နှင့် တုန်းဖန်လုံယွဲ့လည်း ချက်ချင်းပင် ပိုမိုလန်းဆန်းသွားသလို ခံစားပြီး သူမလည်း အလျင်အမြန် အိပ်ရာမှ ထကာ

“မင်းသားကို ကျွန်မ ဝတ်စုံ ဝတ်ပေးပါရစေ။”

လုချန်းက ငြင်းဆိုခြင်း မရှိပဲ အိပ်ရာမှ ဆင်းလိုက်သည်။

တုန်းဖန်လုံယွဲ့၏ အကူအညီဖြင့် လုချန်းလည်း ဝတ်စုံဝတ်လိုက်ပြီး သူမ၏ အခန်းမှ ထွက်ခွာသွားသည်။

လုချန်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း တုန်းဖန်လုံယွဲ့၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး ရုတ်တရက် သူမ အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ တောင်ပိုင်းတွင် ရှိစဉ်က ထိုကဗျာဆရာ၊ စာပေပညာရှင်များထဲမှ တစ်ဦးဦးကို လက်ထပ်ရန် ရွေးချယ်ခဲ့ခြင်း မရှိသည်ကို ကျေးဇူးတင်ရမည်။ မဟုတ်ပါက ယနေ့ သူမ မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမ ဖြစ်လာနိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားသည် အနည်းငယ် ကာမဂုဏ် လိုက်စားသူ ဖြစ်သော်လည်း သူ၏ ထူးချွန်မှုက ပြိုင်ဘက်ကင်းသည်။ သူမသည် မြောက်ပိုင်းနယ်စားမင်းသားကို ရာနှုန်းပြည့် စိတ်ကျေနပ်မှု ရှိနေသည်။

လုချန်း၏ ပုံရိပ် တုန်းဖန်လုံယွဲ့၏ မျက်စိရှေ့မှ လုံးဝ ပျောက်ကွယ်သွားမှသာ သူမ ယနေ့ အလုပ်သွားရမည်ဟူသော လက်တွေ့အခြေအနေကို သတိပြန်ရလာသည်။ အစေခံများကို ရေနွေးယူလာခိုင်းပြီး ရေချိုးကာ အလျင်အမြန် ဝတ်စားဆင်ယင်ပြီးနောက် အရှေ့ပိုင်းသတင်းစာတိုက်သို့ ထွက်ခွာသွားတော့သည်။

............

အခန်း( ၅၀၉ )

အချိန်စောနေသေးတယ် (၁)

တုန်းဖန်လုံယွဲ့၏ အခန်းမှ ထွက်လာပြီးနောက် လုချန်းသည် နံနက်စာစားရန် လေတိုက်မိုးတိမ်ဆောင်သို့ သွားခဲ့သည်။ မုကျိရွှမ်းကိုယ်တိုင် ပြင်ဆင်ပေးထားသော အာဟာရပြည့် ယာဂုကို သောက်သုံးရင်း ညက ရရှိခဲ့သည့် စနစ်မှ အသိပေးချက်များကို ပြန်လည်စစ်ဆေးလိုက်သည်။

[ဇနီးတစ်ဦး ထပ်မံရရှိခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအဖြစ် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာ များကို ရရှိပါသည်။]”

[သခင်သည် ဇနီးမယားနှင့် ရင်းနှီးမှုတိုးပွားစေရန် လေ့ကျင့်ခဲ့သည့်အတွက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံအမှတ် တစ်သောင်း တိုးပွားစေပါသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံရမှတ်...]”

မျက်မှောက်တွင် ပေါ်လာသော အသိပေးချက်ကိုကြည့်ကာ လုချန်းစဉ်းစားလိုက်သည်။

ရေနံလား.....။

လောလောဆယ် မြောက်ပိုင်းပြည်နယ်၏ အခြေအနေအရ ထုတ်ယူရရှိသော ရေနံကို ဓာတုထုတ်ကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းပြည်နယ်သည် စိုက်ပျိုးရေးပြည်နယ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အကြီးစားစက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခြေအနေများ မရှိသေးသဖြင့် လောလောဆယ်တွင် ရေနံမတူးဖော်ခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။

ဟုတ်ပါသည်။ ရေနံတူးဖော်ခြင်းကို ချက်ချင်း မစတင်သေးသော်လည်း ရေနံရှာဖွေခြင်း လုပ်ငန်းကိုမူ ဆောင်ရွက်ရမည်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ မည်သည့်ဒေသများတွင် မည်သို့သော သယံဇာတများ ရှိနေသည်ကို သူ နားလည်ရန် လိုအပ်သည်။ သို့မှသာ မြောက်ပိုင်းပြည်နယ်သည် စိုက်ပျိုးရေးပြည်နယ်မှ စက်မှုပြည်နယ်အဖြစ် ပြောင်းလဲမည့်နေ့ ရောက်ရှိလာသောအခါ ရေနံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။

အဆင့်လွန်ပညာရှင်တစ်ဦးသည် နှစ်ပေါင်းရာချီ အသက်ရှည်နိုင်ပြီး ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိလာပါက နှစ်တစ်ထောင်ကျော်အထိ ရှင်သန်နိုင်သည်။ သူ၏သက်တမ်းအတွင်း ဤကမ္ဘာသည် စိုက်ပျိုးရေးခေတ်မှ စက်မှုခေတ်သို့ ကူးပြောင်းလာသည်ကို မြင်တွေ့ရမည်မှာ သေချာပေသည်။

ထိုအချိန်တွင် မုကျိရွှမ်းက လုချန်း အတွေးထဲ နစ်မြောနေသည်ကို သတိထားမိပြီး “မင်းသား ဘာတွေ စဉ်းစားနေတာလဲ”

ဟု သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

မုကျိရွှမ်း၏ စကားများကို ကြားသောအခါ လုချန်း လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး ပြုံးလျက်

“ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အောက်မှာ သတင်းစာတိုက်တစ်ခု တည်ထောင်ဖို့ ကိုယ် စီစဉ်နေတယ်။”

ထိုစကားကို ကြားသောအခါ မုကျိရွှမ်း ခဏတာမျှ တုန်လှုပ်သွားသော်လည်း မကြာမီပင် နားလည်သွားသည်။ တုန်းဖန်လုံယွဲ့သည် လက်ရှိ အရှေ့ပိုင်း သတင်းစာတိုက်ကို ဦးဆောင်နေပြီး ယခု တုန်းဖန်လုံယွဲ့သည် လုချန်း၏ အမျိုးသမီး ဖြစ်လာပြီဖြစ်၍ သူမ အတွက်လုပ်စရာတစ်ခုခုကို ရှာဖွေပေးနေခြင်း ဖြစ်လိမ့်မည်။

သို့သော် အစိုးရ သတင်းစာတိုက်က ရှိပြီးသား ဖြစ်သည်။

ထိုအချက်ကို စဉ်းစားမိပြီး မုကျိရွှမ်းက

“မင်းသား။ မင်းသားစံအိမ်မှာ မြောက်ပိုင်းပြည်နယ်သတင်းစာ ရှိနေပြီပဲ။ နောက်ထပ် သတင်းစာတိုက်တစ်ခု တည်ထောင်တာက အပိုဖြစ်မ‌နေဘူးလား”

ဟု မေးမြန်းလိုက်သည်။

လုချန်းက ပြုံးပြီး

“လက်ရှိ မြောက်ပိုင်းပြည်နယ်သတင်းစာက ပြည်နယ်နန်းတွင်းရဲ့ သတင်းစာတိုက်ပါ။ ကိုယ် နောက်ထပ် ဖန်တီးချင်တဲ့ သတင်းစာက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ လုံးဝ ထိန်းချုပ်ထားမှာပါ။”

မုကျိရွှမ်းက

“နားလည်ပါပြီ မင်းသား။ ကျွန်မ သတင်းစာတိုက်ကို ချက်ချင်း စီစဉ်ပေးပါ့မယ်။ သတင်းစာကို နာမည် ပေးပေးလို့ ရမလား။”

လုချန်း ခဏ စဉ်းစားလိုက်ပြီး

“လေပြင်းမိုးတိမ်သတင်းစာလို့ ခေါ်ပါစို့” ဟု ပြောဆိုလိုက်သည်။

ဒီနာမည်ကို ကြားတဲ့အခါ မုကျိရွှမ်း ထပ်ပြီး တုန်လှုပ်သွားပြန်၏။ ဒီနာမည်က...

“လေပြင်းမိုးတိမ်” ဆိုသည်မှာ တရားဝင်အခမ်းအနားများတွင် သုံးရန်ပိုသင့်လျော်ပြီး အဆောင်တစ်ဆောင်အတွက် အမည်မဟုတ်ပေ။ သတင်းစာအမည်အနေဖြင့်မူ အလွန်ကိုက်ညီသည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိ မနေ့က လုချန်းပြောခဲ့သည့် ညအချိန်တွင် လေမုန်တိုင်းတိုက်စေမည်ဆိုသည့် စကားကို မုကျိရွှမ်း သတိရမိသွားကာ ထိုအမည်မှာ နည်းနည်းထူးဆန်းနေသည်ဟု ခံစားရသည်။

.....

အချိန်များ ကုန်လွန်သွားပြီး မကြာခင်ပင် လုချန်း မိဖုရားငယ်ယူမယ့်နေ့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးတော့ တုန်းဖန်လုံယွဲ့က အရှေ့ပိုင်း သတင်းစာတိုက်တွင် ခဏ ဆက်နေဖို့ ဆုံးဖြတ်လိုက်၏။ သူမသည် မြောက်ပိုင်းနယ်စားမင်းသား၏ အမျိုးသမီး ဖြစ်နေပြီ ဖြစ်သဖြင့် တရားဝင် ရာထူးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးဟု ယူဆခဲ့သည်။ အခု အရေးကြီးသည်က အရှေ့ပိုင်း သတင်းစာတိုက်ကို ကောင်းကောင်း စီမံခန့်ခွဲရန်ပြီး မြောက်ပိုင်းနယ်စားမင်းသားကို ထောက်ခံသည့် လူထုအမြင်ကို ပဲ့ကိုင်ပေးရန်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လေပြင်းမိုးတိမ်ဆိုသည့် သတင်းစာတိုက်ကို တည်ထောင်ခဲ့သည်ကိုလည်း တုန်းဖန်လုံယွဲ့ သိခဲ့သည်။ အနာဂတ်တွင် ထိုသတင်းစာကို သူမစီမံခန့်ခွဲရလိမ့်မည်ဟုလည်း နားလည်ထားခဲ့သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် နီးစပ်သော သတင်းစာတစ်စောင်နှင့် နှိုင်းယှဉ်လျှင် အရပ်ဘက် သတင်းစာသည် လူထုအမြင်ကို ပိုမို ထိရောက်စွာ ပဲ့ကိုင်နိုင်သည်။

သာမန်ပြည်သူများ၏ အမြင်တွင် အရှေ့ပိုင်း သတင်းစာတိုက်သည် တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း တုန်းဖန်မိသားစု၏သတင်းစာဖြစ်ပြီး မင်းသားစံအိမ်နှင့် တရားဝင် ဆက်စပ်မှု မရှိပေ။ အမှန်တော့ အချို့သော ပြည်သူများသည် နန်းတွင်းနှင့် မင်းသားစံအိမ်ကို ယုံကြည်မှုမရှိကြပေ။

တုန်းဖန်လုံယွဲ့၏ အမြင်အရ အရှေ့ပိုင်း သတင်းစာတိုက်တွင် ဆက်လက်နေထိုင်ခြင်းဖြင့် သူမ၏ တန်ဖိုးကို အမြင့်ဆုံး မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ထိုရာထူးကို အလျင်စလို မစွန့်လွှတ်လိုပေ။

တရားဝင် အဆင့်အတန်း ရယူခြင်းထက် မိမိ၏ တန်ဖိုးကို ပိုမို ပြသခြင်းက ပို၍ ကောင်းမွန်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် မြောက်ပိုင်းနယ်စားမင်းသား၏ တန်ဖိုးထားမှုကို ပိုမိုရရှိစေမည် ဖြစ်သည်။

တုန်းဖန်လုံယွဲ့က တရားဝင် အဆင့်အတန်း ရယူခြင်း မရှိခဲ့သော်လည်း မင်းသားစံအိမ်သည် လက်ထပ်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ချင်းစီကို ကြိုဆိုရမည် ဖြစ်သည်။

ဝမ်ချင်းစီ၏ လက်ထပ်ပွဲပြင်ဆင်မှုများကို မုကျိရွှမ်းကိုယ်တိုင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဝမ်ချင်းစီသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ မယားငယ်အဖြစ် ဝင်ရောက်သော်လည်း အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ မင်္ဂလာဝတ်စုံသည် မိဖုရားတစ်ဦး၏ အဆင့်နှင့် အတူတူနီးပါးဖြစ်သည်။

မင်္ဂလာခန်းထဲတွင် ထိုင်နေသော ဝမ်ချင်းစီ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသည်။ ဒီလိုနေ့မျိုး ရောက်လာမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သူမသည် ယခင်က ဝမ်မိသားစုအတွက် အလုပ်လုပ်ခဲ့ပြီး သူတို့အတွက် ကိရိယာတစ်ခုသာ ဖြစ်၍ အချိန်တန်လျှင် စွန့်ပစ်ခံရမည်ဟု သူမထင်ခဲ့သည်။ သို့သော် သူမသည် မြောက်ပိုင်းမြို့တော်တွင် မြောက်ပိုင်းနယ်စားမင်းသားဆိုသော လူဆိုးနှင့် တွေ့ဆုံခဲ့ပြီး သူ့ကြောင့် ဝမ်မိသားစုမှ စောစီးစွာ ထွက်ခွာခဲ့ရသည်။

လုချန်းနှင့် သူမကြား ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိတိုင်း လက်တွေ့မဆန်ဟု ဝမ်ချင်းစီ ခံစားရသည်။ သူမသည် မူလက မြောက်ပိုင်းနယ်စားမင်းသား၏ ရန်သူဖြစ်ခဲ့သော်လည်း သူ့ကိုစွဲလန်းသွားကာ သူ၏ အမျိုးသမီး အစေခံ ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် သူမ၏စိတ်သည် မြောက်ပိုင်းနယ်စားမင်းသား၏ လုံးဝ သိမ်းပိုက်ခြင်းခံခဲ့ရသည်။

ဝမ်ချင်းစီ သူမကိုယ်သူမ အရှက်မရှိသော အမျိုးသမီးဟု လှောင်ပြောင်မိသည်။ လုချန်း၏ ဖမ်းစားခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် ထိုမကောင်းဆိုးဝါးကို ချစ်ကြိုက်သွားကာ အချစ်ကျွန်ဖြစ်သွားခဲ့သည်။

ဝမ်ချင်းစီ သူမ၏ အတွေးများစွာထဲ နစ်မြောနေစဉ် အခန်းဝမှ အစေခံမိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“မင်းသားကို ဂါရဝပြုပါတယ်”

ထိုအသံကို ကြားသောအခါ ဝမ်ချင်းစီ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သူမသည် လုချန်းနှင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတူနေခဲ့ဖူးသော်လည်း ယနေ့လောက် စိတ်လှုပ်ရှားခဲ့ဖူးခြင်း မရှိပေ။

နောက်တစ်ခဏတွင် တံခါးဖွင့်သံ ထွက်ပေါ်လာပြီး လုချန်း အခန်းထဲသို့ ဝင်လာခဲ့သည်။

............

အခန်း (၅၁၀)

အချိန်စောနေသေးတယ် (၂)

လုချန်း၏ ခြေသံများသည် ပေါ့ပါးသော်လည်း ခြေတစ်လှမ်းစီတိုင်းသည် ဝမ်ချင်းစီ၏ နှလုံးသားထဲသို့ တိုက်ရိုက်နင်းဝင်သွားသကဲ့သို့ပင်။ သူမ၏ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး မကြာမီပင် လုချန်းသည် ကုတင်ဘေးသို့ ရောက်ရှိကာ ကျောက်စိမ်းတုတ်ဖြင့် ဝမ်ချင်းစီ၏ မင်္ဂလာဦးမျက်နှာဖုံးပဝါကို မတင်လိုက်သည်။

ယခုအခါတွင် ဝမ်ချင်းစီ၏ မျက်နှာသည် နီရဲနေပြီး နားရွက်များပင် ပန်းရောင်သမ်းနေသည်။ လုချန်းက သူမကို စနောက်လိုက်သည်။

“ဝမ်မိန်းကလေး။ ဒါ မင်းရဲ့ ပထမဆုံး မင်္ဂလာဦး အချိန်လား။ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေပုံရတာလဲ။”

လုချန်း၏ စနောက်သော စကားများကို ကြားသောအခါ ဝမ်ချင်းစီ အတော်အတန် စိတ်ပြေလက်ပျောက် ဖြစ်သွားသည်။ သူမသည် လုချန်းကို မော့ကြည့်ကာ

“ဒါ ပထမဆုံး မင်္ဂလာဦး အချိန်ပါပဲ။”

သူမ၏ ခန္ဓာကိုယ်နှင့် နှလုံးသားသည် လုချန်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီ ဖြစ်သော်လည်း ယခင်က လုပ်ခဲ့ကြသည့် ကိစ္စများသည် ယောက်ျားမိန်းမ ကြား ကာမဂုဏ်ခံစားမှုမျှသာ ဖြစ်ပြီး မင်္ဂလာဦးညဟု မယူဆနိုင်ပေ။ ဝမ်ချင်းစီ၏ အမြင်တွင် မင်္ဂလာဦးညတွင် ပြုလုပ်သည့် ကိစ္စကိုသာ ထိုသို့ ခေါ်ဆိုနိုင်သည်။

ဤသည်မှာ သူမ၏ ပထမဆုံးအိမ်ထောင်ပြုခြင်း၊ ပထမဆုံးမင်္ဂလာဆောင်ခြင်းနှင့် ပထမဆုံးမင်္ဂလာဦးည အတွေ့အကြုံဖြစ်သည်။

သို့သော် လုချန်း၏ စနောက်မှုကြောင့် သူမယခင်ကလောက် မတုန်လှုပ်တော့ပေ။

ထို့နောက် လုချန်း၏ လက်ကြီးက ဝမ်ချင်းစီ၏ ခါးကို ပွေ့ဖက်ကာ သူမကို ကုတင်ပေါ်သို့ တိုက်ရိုက် လှဲချလိုက်သည်။

ထိုအခါ လုချန်း သူမကို တစ်ခုခု လုပ်တော့မည်ဟု ဝမ်ချင်းစီ ထင်ခဲ့သည်။ သို့သော် သူ အိပ်ရာပေါ်တက်လာပြီးနောက် နောက်ထပ်ဘာမှဆက်မလုပ်ပဲ သူမ၏ သွယ်လျသောခါးကိုသာ တိတ်ဆိတ်စွာ ဖက်ထားသည်။

ဒါက....

ဝမ်ချင်းစီ အံ့အားသင့်သွားသည်။

လုချန်းသည် ဘယ်တုန်းကမှ ထိန်းချုပ်နိုင်သော ယောက်ျား မဟုတ်ခဲ့ချေ။ သူ သူမကို ဖမ်းမိသည့် အကြိမ်တိုင်း သူ့အလိုကို လိုက်‌ လျောခဲ့ရသည်။ အဘယ်ကြောင့် ယနေ့တွင် သူ ဘာမှ မလုပ်ရသနည်း။

ဝမ်ချင်းစီ၏ စိတ်ထဲတွင် သံသယဝင်လာသည်။

လုချန်း သူမကို ငြီးငွေ့သွားပြီလား။

မင်းသားဟောင်းစံအိမ်ရှိ စာကြည့်ခန်းတွင် နောက်ဆုံးအကြိမ် ပျော်ရွှင်ခဲ့ပြီးနောက် လုချန်း သူမကို ထပ်မထိခဲ့ပေ။ မြို့သစ်သို့ ပြောင်းရွှေ့ပြီးသည့်နောက်ပိုင်းတွင်လည်း သူမကို လုံးဝမထိပဲနေခဲ့သည်။

ပထမတွင် သူမ သိပ်အလေးမထားခဲ့ပေ။ လုချန်း၏ ဘဝတွင် အမျိုးသမီးများစွာ ရှိနေသဖြင့် သူ အလုပ်များနေခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

သို့သော် ယနေ့သည် သူတို့၏ မင်္ဂလာဦးအချိန်ဖြစ်သည်။ သူမ မင်းသားစံအိမ်သို့ လက်ထပ်ဝင်ရောက်သည့်နေ့ ဖြစ်သည်။ ထိုသို့သော အချိန်တွင် လုချန်းက သူမကို ဖက်ထားရုံမှလွဲ၍ အခြားမည်သည့် အဓိပ္ပာယ်ရှိသော လုပ်ဆောင်မှုမှ မလုပ်ဘူးလား။

ဝမ်ချင်းစီ စိုးရိမ်လာသည်။

ယနေ့သည် သူမ မင်းသားစံအိမ်သို့ လက်ထပ်ဝင်ရောက်သည့် ပထမဆုံးနေ့ဖြစ်ပြီး မင်းသားက သူမကို မထိဘူးဆိုတော့ သူမ ဘယ်လို စိတ်မပူပဲ နေနိုင်မည်နည်း။

အချိန်အတော်ကြာပြီးနောက် ဝမ်ချင်းစီ နောက်ဆုံးတွင် သတ္တိ မွေးကာ

“မင်းသား။ အချိန်စောနေသေးတယ်”

ဟု ပြောလိုက်သည်။

ဝမ်ချင်းစီ၏ စကား၏ အဓိပ္ပါယ်မှာ အချိန်အရမ်းစောနေသေးသည့်အတွက် အချိန်ကုန်လွန်စေရန် ပျော်စရာတစ်ခုခုလုပ်ကြရန် ဖြစ်သည်။

သို့သော် လုချန်းက “အင်း...” ဟု အဓိပ္ပါယ်မရှိသော အသံထွက်လိုက်ပြီး အိပ်ရာထဲတွင် ဆက်လှဲကာ သူမ၏သွယ်လျသောခါးကို ပွေ့ဖက်ထားသည်။ သူ စောစောအိပ်ရန် စီစဉ်နေဟန်ရှိသည်။

လုချန်း၏ စိတ်မပါသည့် တုံ့ပြန်မှုကိုမြင်သော ဝမ်ချင်းစီသည် အံ့သြသွားသည်။ မင်းသားသည် မနေ့ညက အိပ်ရေးမဝသောကြောင့် ယနေ့စိတ်မကြည်လင်ပဲ စောစောအိပ်ရန် စီစဉ်နေခြင်းဖြစ်မည်။

လုချန်း၏အမျိုးသမီးတစ်ဦးအနေဖြင့် ဝမ်ချင်းစီသည် သူ၏အလေ့အထများကို အလွန်ရင်းနှီးစွာသိထားသည်။ တစ်ခါတစ်ရံ လုချန်းသည် အလွန်ပျော်ရွှင်နေပါက တစ်ညလုံးအိပ်မပျော်ပဲ နေနိုင်ပြီး သူတို့သည် မနက်အထိ တစ်ဦးကိုတစ်ဦး နိုးနေအောင် လုပ်တတ်ကြသည်။

ဝမ်ချင်းစီ သူမဘာသာ တွေးမိသည်။ မနေ့ညက လုချန်းသည် မင်းသားစံအိမ်မှ အမျိုးသမီးတစ်ဦးနှင့် တစ်ညလုံးနေခဲ့ပြီး ယနေ့စိတ်မကြည်လင်ဟန်ရှိသည်။ ထိုအမျိုးသမီးမှာ တုန်းဖန်လုံယွဲ့ဖြစ်နိုင်သည်။

လုချန်း စံအိမ်သစ်သို့ ပြောင်းလာပြီးနောက်ပိုင်း တုန်းဖန်လုံယွဲ့၏ အခန်းကို နေ့တိုင်းလိုလိုပင် သွားခဲ့သည်။ တုန်းဖန်လုံယွဲ့သည် လုချန်း၏ သဘောကျစရာ အသစ် ဖြစ်နေသည်မှာ ထင်ရှားသည်။

ဤအရာကို တွေးမိသောအခါ ဝမ်ချင်းစီ၏ နှလုံးသား အနည်းငယ် ခါးသက်လာသည်။ သူမသည် လုချန်းကို တစ်ဦးတည်း ပိုင်ဆိုင်ရန် မတွေးခဲ့ဖူးပါ။ သူ၏ မျက်နှာသာပေးမှုကို တစ်ဦးတည်း မခံနိုင်သည်ကို သူမ သိရသည်။

သို့သော် ယနေ့ လုချန်းနှင့် လက်ထပ်ပြီးမှ သူ ညက တစ်ခြားအမျိုးသမီးတစ်ဦးနှင့် တစ်ညလုံး အချိန်ကုန်ဆုံးခဲ့သည်ကို သိလိုက်ရသောအခါ ဝမ်ချင်းစီ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်လာသည်။

လုချန်းသည် အခြားမည်သည့်ညတွင်မဆို သူ၏အမျိုးသမီးများနှင့် တစ်ညလုံးနေခဲ့ပါက သူမ မည်သည့် စိတ်မသက်မသာမှုကိုမှ ခံစားရမည် မဟုတ်ပေ။ သို့သော် ယနေ့သည် သူတို့၏ မင်္ဂလာဆောင်နေ့ ဖြစ်သည်။

ဝမ်ချင်းစီ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ လုချန်း၏ မျက်လုံးထဲတွင် သူမသည် မယားငယ်တစ်ဦးသာဖြစ်ပြီး ယခုညတွင် သူတို့၏ လက်ထပ်ထိမ်းမြားခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ သူအတွက် အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ သူမသည် သူ့ပိုင်ဆိုင်မှု ဖြစ်နေပြီဖြစ်သည်။

ဝမ်ချင်းစီ ထို့သို့ တွေးနေစဉ်တွင် သူမကို ဖက်ထားသော လုချန်း အနည်းငယ်

မငြိမ်မသက် ဖြစ်နေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

လုချန်း၏ ရင်ဘတ်သည် သူမ၏ ကျောပြင်ကို တင်းတင်းဖိကပ်ထားပြီး သူမကို အလွန်နီးကပ်စွာ ဖက်ထားသောကြောင့် လုချန်း၏ ကိုယ်ခန္ဓာ အခြေအနေကို သူမ ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။

ထိုအရာက ဝမ်ချင်းစီကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်။ ဤလူသည် သူမကို မကောင်းသောကိစ္စများ ပြုလုပ်လိုသည်မှာ ရှင်းလင်းနေသော်လည်း သူမကို မကောင်းမှုပြုလိုသည်မှာ ထင်ရှားနေသော်လည်း အဘယ်ကြောင့် အခြားလှုပ်ရှားမှုမှ မရှိရသနည်း။

သူ တမင်တကာ လုပ်နေခြင်း ဖြစ်နိုင်ပါ့မလား။

သူမက ဦးဆောင်လှုပ်ရှားရန် စောင့်နေခြင်း ဖြစ်နိုင်လား။

ဒါမှမဟုတ် သူမကို စနောက်နေခြင်းလား။

ခဏတာ စဉ်းစားပြီးနောက် ဆက်လက် စောင့်ဆိုင်းနေ၍ မဖြစ်တော့ဟု ဝမ်ချင်းစီ ခံစားလိုက်ရသည်။ ဤလူမည်သို့ပင် တွေးနေပါစေ သူတို့၏ လက်ထပ်ထိမ်းမြားခြင်းကို ယနေ့ ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။

ထိုသို့ တွေးရင်း ဝမ်ချင်းစီ၏ လက်သည် သူမ၏ နောက်ကျောသို့ ရောက်ရှိသွားသည်။ သူမသည် သူမ၏ ပျော်ရွှင်မှုကို ခိုင်မြဲစွာ ဆုပ်ကိုင်မှသာ စိတ်အေးချမ်းသာစွာ နေနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် လုချန်း ခဏတာ အနားယူရန် စဉ်းစားထားခဲ့သည်။ သူသည် မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အမျိုးသမီးတစ်ဦးကြောင့် မဟုတ်ပဲ မြောက်ပိုင်းပြည်နယ်ရှိ ခရိုင်အသီးသီးမှ တင်သွင်းလာသော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို စာကြည့်ခန်းထဲတွင် ကိုင်တွယ်နေခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်တွင် ပြုပြင်ပြောင်းလဲမှုများကို အချိန်အတော်ကြာ လုပ်ဆောင်နေခဲ့ပြီး သူတို့ မည်သို့ တိုးတက်နေသည်ကို သိလိုသဖြင့် ခရိုင်အရာရှိများအား လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ တင်သွင်းခိုင်းခဲ့သည်။

ဝမ်ချင်းစီနှင့် သူ၏လက်ထပ်ထိမ်းမြားခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်ရန်အတွက်မူ သူမစဉ်းစားထားခဲ့ပေ။ အထူးသဖြင့် ဝမ်ချင်းစီသည် သူ၏ ကလေးကို လွယ်ထားပြီ ဖြစ်သောကြောင့် သူတို့၏ ကလေးကို ထိခိုက်စေနိုင်သည့် မည်သည့်အရာမျှကို မပြုလုပ်လိုပေ။ သို့သော် သူ မျက်လုံးများကို မှိတ်လိုက်သည်နှင့် ဝမ်ချင်းစီ၏ လက်က စတင်လှုပ်ရှားလာခဲ့သည်။

ထို့နောက် လုချန်းက ဝမ်ချင်းစီ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ

“ဘာလုပ်နေတာလဲ”

ဟု မေးလိုက်သည်။

ဝမ်ချင်းစီက

“မင်းသား။ အချိန်အရမ်းစောနေသေးတယ်။ တစ်ခြားဘာမှ မလုပ်တော့ဘူးလား။”

ထိုစကားကို ကြားသောအခါ လုချန်း ဝမ်ချင်းစီ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။

ဒီမိန်းမကတော့... ငါ ဘာမှ မလုပ်ရင် မနေနိုင်တော့ဘူးကိုး။

ထို့နောက် လုချန်း လှည့်လိုက်ပြီး ဝမ်ချင်းစီ၏ခန္ဓာကိုယ်ကို သူ၏လက်နှစ်ဖက်ကြားတွင် ပိတ်မိနေစေကာ အပေါ်မှ သူမ၏မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။

“ဝမ်မိန်းကလေး။ အခု နေ့ခင်းကြောင်တောင်ကြီးကို မင်းက အဲဒီလို ကိစ္စမျိုး လုပ်ချင်နေတာလား။ ကျွန်တော့်ကို ဖျက်ဆီးပြီး လမ်းမှား ရောက်အောင် ဆွဲဆောင်နေတာလား။”

ထိုစကားကိုကြားလိုက်ရသည်နှင့် ဝမ်ချင်းစီက သနားစရာကောင်းသောအမူအရာကို ပြသကာ လုချန်း၏မျက်လုံးများကို ငေးကြည့်ပြီး

“မင်းသား ကျွန်မကို ငြီးငွေ့သွားပြီလား။ အရင်တုန်းက မင်းသား ကျွန်မကို ဖမ်းမိတာနဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မကောင်းတဲ့ ကိစ္စတွေ လုပ်တော့တာပဲ။ ဒီနေ့က ကျွန်မ မင်းသားကို လက်ထပ်တဲ့နေ့။ ဒါပေမဲ့ မင်းသားက ဘာမှ အရိပ်အယောင်တောင် မပြဘူး”

ဒါက.....

ဝမ်ချင်းစီ၏ သနားစရာကောင်းသော အမူအရာသည် ဟန်ဆောင်မှုတစ်ခု ဖြစ်ကြောင်း လုချန်း မြင်နိုင်ခဲ့သော်လည်း သူတို့၏ မင်္ဂလာဦးနေ့တွင် လက်ထပ်ထိမ်းမြားခြင်းကို မပြီးမြောက်စေခြင်းသည် ဝမ်ချင်းစီကို မလိုအပ်သော စိုးရိမ်ပူပန်မှုများ ဖြစ်စေနိုင်သည်ကိုလည်း သူ သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူက ဝမ်ချင်းစီကို လျှို့ဝှက်မထားတော့ပဲ တိုက်ရိုက်ပင်

“အရင်တုန်းက ကလေး မရှိတုန်းကတော့ ကိုယ်တို့ ရမ်းကားလို့ ရတယ်။ ဒါပေမဲ့ အခု ကလေးရှိနေပြီဆိုတော့ အရင်လို ရမ်းကားလို့ မရတော့ဘူး။”

ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ လုံးဝ တုန်လှုပ်သွားသည်။

ဘာလဲ။ ကလေး....

သူမနှင့် လုချန်း ဘယ်တုန်းက ကလေး ရခဲ့တာလဲ။

........

All Chapters