← Chapters

အခန်း ၅၁၁-၅၁၃

Vol. 35 Ch. 511-513

အခန်း ၅၁၁-၅၁၃

Vol. 35 Ch. 511-513

အခန်း( ၅၁၁ )

သတ္တမမြောက် ကလေး မွေးဖွားခြင်း (၁)

ဝမ်ချင်းစီ လက်တွေ့ဘဝသို့ ပြန်ရောက်လာသောအခါ လုချန်း၏ မျက်လုံးများကို မယုံကြည်နိုင်ခြင်းများ မပြေပျောက်သေးပဲ စိုက်ကြည့်နေမိသည်။ သူ့မျက်နှာပေါ်တွင် စနောက်နေသည့် အရိပ်အယောင် ရှိ မရှိ ရှာဖွေနေခဲ့သည်။

သို့သော် ထိုအချိန်တွင် လုချန်းသည် အနည်းငယ်သာပြုံးနေပြီး သူ၏လက်တစ်ဖက်သည် သူမ၏ဝမ်းဗိုက်ကို နူးညံ့စွာပွတ်သပ်နေသည်။ နောက်ပြောင်နေသည်နှင့် လုံးဝ မတူပေ။

ဝမ်ချင်းစီ ယခုတိုင် ယုံကြည်နိုင်ခြင်း မရှိသေးချေ။ သူမ မှတ်မိသည်မှာ နောက်ဆုံး သူတို့ နှစ်ဦး ရင်းနှီးခဲ့သည်မှာ မင်းသားစံအိမ်ဟောင်း၏ စာကြည့်ခန်းတွင် ဖြစ်ပြီး ပြန်ရောက်ပြီး နောက်တစ်ရက်တွင် သူမ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချက်ချင်း ဖယ်ရှားခဲ့သည်။ သူမ မည်သို့ ကိုယ်ဝန်ရနိုင်မည်နည်း။

ထို့ပြင် ဤကာလအတွင်း သူမ၏ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သည့် မည်သည့်အရာ ဘာမှမခံစားရပေ။ အကယ်၍ သူမ တကယ် ကိုယ်ဝန်ရခဲ့ပါက တစ်စုံတစ်ခုကို သတိပြုမိသင့်သည်။

ထိုသို့ တွေးရင်း ဝမ်ချင်းစီက လုချန်း၏ မျက်လုံးများကို ကြည့်ကာ

"မင်းသား ကျွန်မကို လှည့်စားနေတာမဟုတ်ဘူးနော်"

ဟု မေးလိုက်သည်။

လုချန်းက ပြုံးလျက်

"ဒီလို ကိစ္စမျိုးကို ကိုယ်က နောက်ပြောင်မယ်လို့ ထင်လား"

"ဒါပေမဲ့ ကျွန်မ ရှင်းရှင်းလင်းလင်းကို..."

ဝမ်ချင်းစီ စကားလုံးများ ပျောက်ဆုံးသွားသည်။

သူမ ပြန်ရောက်ပြီးနောက် ခန္ဓာကိုယ်မှ အညစ်အကြေးများကို ရှင်းရှင်းလင်းလင်း ဖယ်ရှားခဲ့သည်။ ထို့ကြောင့် မည်သို့ ကိုယ်ဝန်ရနိုင်မည်နည်းဟု ပြောလိုခဲ့သော်လည်း လုချန်းက သူမကို သူ၏ ကလေးကို မွေးဖွားစေလိုသည့် ဆန္ဒ ပြင်းပြနေသည်ကို ထည့်တွက်ကာ သူမ၏ လုပ်ရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် ခက်ခဲနေသည်။

ဝမ်ချင်းစီ စကားရပ်သွားသည်ကို မြင်သောအခါ လုချန်းက သူမ ပြောမည့်အရာကို ချက်ချင်း ခန့်မှန်းမိပြီး

"ပြန်ရောက်ပြီးနောက် ခန္ဓာကိုယ်က အညစ်အကြေးတွေကို ဖယ်ရှားခဲ့တာ။ ဒါဆို ဘယ်လိုလုပ် ကိုယ်ဝန်ရမှာလဲလို့ ပြောမလို့လား"

ဟု မေးလိုက်သည်။

ဝမ်ချင်းစီသည် နှုတ်ခမ်းကို စေ့၍ တိတ်ဆိတ်စွာ နေလိုက်သည်။ ထိုအချိန်တွင် လုချန်းက သူ၏ ညာလက်ကို မြှောက်ကာ ဝမ်ချင်းစီ၏ ချောမွေ့နူးညံ့သော မေးစေ့ကို ညင်သာစွာ ဖျစ်ညှစ်ပြီး

"အဲဒီလို လုပ်ရင် ကိုယ့်ကလေးကို မလွယ်ရနိုင်ဘူးလို့ မင်း ထင်ခဲ့တာလား။ မင်းက ကိုယ့်ကို လျှော့တွက်နေတာပဲ။"

"မင်းသားစံအိမ်မှာ တစ်ညပဲ အတူနေပြီး ကိုယ်ဝန်ရသွားတဲ့သူတွေ ရှိတယ်ဆိုတာ မင်း မသိဘူးလား"

ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ ချူးယုချင်ကို ချက်ချင်း သတိရလိုက်သည်။ သူမသည် မင်းသားစံအိမ်တွင် အမြဲမနေထိုင်သော်လည်း ထိုနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို သိ၏။ ချူးယုချင်သည် လုချန်း၏ ကလေးကို မည်မျှ အလွယ်တကူ ကိုယ်ဝန်ရခဲ့သည်ကိုလည်း သိခဲ့သည်။

ဝမ်ချင်းစီ သူမဘာသာသူမ တွေးလိုက်သည်။ သူမ တကယ်ပင် ကိုယ်ဝန်ရှိနေ လောက်ပြီ ဖြစ်သော်လည်း သူမသည် မိခင်တစ်ဦးဖြစ်ရန် အဆင်သင့် မဖြစ်သေးပေ။

အားလုံးက ဒီလူယုတ်မာ၏ လက်ချက်ဖြစ်သည်။ သူမ လုချန်းနှင့်အတူ တစ်ညလုံးနေခဲ့ပြီး ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချက်ချင်းမဖယ်ရှားနိုင်ခဲ့သည့်အတွက် ကိုယ်ဝန်ရသွားခြင်းဖြစ်သည်။

လုချန်းနှင့်အတူ ရှိနေချိန်တွင် သူမသည် သူမ၏ အတွင်းအားကို လွတ်လွတ်လပ်လပ် အသုံးမပြုနိုင်ပဲ သူ့သဘောအတိုင်းသာ နာခံရသည်။ ပုံမှန်အားဖြင့် လုချန်း ပြီးစီးပြီးမှ သူမ ခန္ဓာကိုယ်ကို သန့်စင်လေ့ရှိသည်။

ဝမ်ချင်းစီ အိပ်မက်မှ နိုးလာသလို ခံစားရသည်။ ထိုလူယုတ်မာ တစ်ခါတစ်ရံ သူ့ရဲ့ မကောင်းမှုတွေပြီးရင် သူမကို ဘာလို့ ပြန်မလွှတ်တာလဲဆိုတာကို နားလည်သွားပြီဖြစ်သည်။ သူမ၏အတွင်းအားကို ဖိနှိပ်ထားပြီး အချိန်မီသန့်စင်ခွင့်မပေးခြင်းဖြစ်၏။ ယခု သူ၏အကြံအစည်အောင်မြင်သွားပြီဖြစ်သည်။

ဒီလူယုတ်မာ.... ဒီလောက် ကောက်ကျစ်တယ်။

ဝမ်ချင်းစီ စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း နောက်ဆုံးတွင် အဖြစ်မှန်ကို လက်ခံလိုက်သည်။ သူမ လက်ရှိနေထိုင်နေသော အဆောင်သည် အတော်လေး ကျယ်ဝန်းသည်။ ကလေးတစ်ယောက်တည်းကို ပြုစုပျိုးထောင်ရန်သာမက ကလေးအများအပြားကိုပင် ပြုစုပျိုးထောင်ရန် သင့်တော်သည်။

ထို့နောက် ဝမ်ချင်းစီက

"မင်းသား။ ဒီနေ့က ကျွန်မ ရှင့်ကို လက်ထပ်တဲ့နေ့ပါ။ ကျွန်မ နဲ့မင်းသား လက်ထပ်ထိမ်းမြားခြင်းကို မပြီးမြောက်နိုင်ရင်တောင် လုပ်ရမယ့် ကိစ္စတွေ ရှိနေတုန်းပဲ"

ဒါက..

လုချန်း ခဏခန့် အံ့အားသင့်သွားသည်။ လုပ်ရမယ့် ကိစ္စတွေ ရှိနေတုန်းလား။

သူမ ကိုယ်ဝန်ရှိနေပြီ။ သူတို့ဘာလုပ်နိုင်မှာလဲ။

သူမကိုယ်ဝန်ရှိနေပြီဖြစ်သဖြင့်

သူသည် သူ၏ကလေးကို ထိခိုက်စေမည့်အရာများ မလုပ်လိုပေ။

လုချန်း ဤသို့ တွေးနေစဉ် ဝမ်ချင်းစီက ရုတ်တရက် သူမ၏ သွယ်လျသော လက်ကို မြှောက်ကာ သူ့ရင်ဘတ်ကို ဖိလိုက်သည်။ ထို့နောက် သူမ၏ လက်များကို သူ၏ ခါးပတ်ပတ်လည်ကို လျင်မြန်စွာ လျှောချကာ သူ့ကို ပွေ့ဖက်လိုက်ပြီး လှန်လိုက်ကာ သူ့ကို သူမအောက်သို့ ရောက်အောင် လုပ်လိုက်သည်။

လုချန်း ဝမ်ချင်းစီကို မတားမြစ်ခဲ့သဖြင့် သူ မ ချက်ချင်း အောင်မြင်သွားခဲ့သည်။ ယခု သူမက လုချန်းကို ခွလျက် ထိုင်နေကာ ရယ်မောလိုက်သည်။

လုချန်းက

"ဝမ်မိန်းကလေး။ မင်း ကိုယ့်ကို ဒီလို ဆက်ဆံရဲတယ်ဆိုတော့ တော်တော် သတ္တိရှိတာပဲ။"

"ကိုယ့်ရဲ့ အစေခံက ကိုယ့်အပေါ် ခွစီးရဲတယ်။ မင်းကိုအပြစ်ပေးမှာကို မကြောက်ဘူးလား။"

ဝမ်ချင်းစီက ပြုံး၍

"အခု ကျွန်မ မင်းသားရဲ့ ကလေးကို လွယ်ထားတာ။ မင်းသား ကျွန်မကို အပြစ်ပေးရက်ပါ့မလား။ ကလေးကို ထိခိုက်မှာကို မကြောက်ဘူးလား။"

လုချန်းက ညင်သာစွာ ရယ်မောလိုက်ပြီး "ကလေးနဲ့ ကိုယ့်ကို ခြိမ်းခြောက်နေတာလား"

ဝမ်ချင်းစီက

"မင်းသားရဲ့ အားနည်းချက်ကို နောက်ဆုံးတော့ ရှာတွေ့ပြီ။ ဘာလို့လဲဆိုတော့ မင်းသားက အမြဲကျွန်မကို ဖိနှိပ်ပြီး မင်းသားရဲ့ကလေးကိုရဖို့ အကြံအစည်တွေချနေလို့ပါ။"

ထိုသို့ ပြောရင်း ဝမ်ချင်းစီ၏ လက်များသည် လုချန်း၏ အဝတ်များကို ချွတ်ရန် စတင်လုပ်ဆောင်လာပြီး သူမ၏ လုပ်ရပ်များသည် ပို၍ပင် ဆိုးသွမ်းလာခဲ့သည်။

လုချန်း ဝမ်ချင်းစီကို မတားမြစ်ခဲ့ပေ။ ဝမ်ချင်းစီ သူ၏ ကလေးကို လွယ်ထားပြီဖြစ်သည်။ သူ ဘာလုပ်နိုင်မည်နည်း။ ယနေ့ သူ သူမကို အနည်းငယ် လိုက်လျောရတော့မည်။

မင်းသားစံအိမ်တွင် ချိတ်ဆွဲထားသော မင်္ဂလာမီးပုံးနီကြီးများကို ကြည့်ရင်း လင်ဝမ်ရွန်သည် အပြင်ဘက်ဆောင်ရှိ ပန်းခြံတွင် ထိုင်၍ သက်ပြင်းချလိုက်သည်။

အကြောင်းရင်း တိတိကျကျမရှိသော်လည်း သူမ၏စိတ်ထဲတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားနေရသည်။ သူမသည် လုချန်း၏ မိန်းမတစ်ဦးဖြစ်ပြီး တစ်သက်လုံး တရားဝင် အဆင့်အတန်း မရှိပဲ နေထိုင်ရန် စိတ်ကိုပြင်ဆင်ထားသော်လည်း အခြားမိန်းမတစ်ဦး မင်းသားစံအိမ်သို့ လက်ထပ်ဝင်ရောက်သည်ကို မြင်ရသောအခါ အတွင်းစိတ်ထဲတွင် အနည်းငယ် အားကျမှုဖြစ်လာသည်။

ထိုအချိန်တွင် ချူးယုချင်က လင်ဝမ်ရွန်၏ဘေးသို့ လာထိုင်ပြီး သူမ၏ မရွှင်ပြသော မျက်နှာကို မြင်တွေ့ရသောအခါ စိုးရိမ်စွာဖြင့်

" လင်။ ချန်မိန်းကလေး ကိစ္စနဲ့ စိတ်ညစ်နေတာလား"

ဟု မေးလိုက်သည်။

လင်ဝမ်ရွန် သတိပြန်ဝင်လာပြီး ပြုံးလျက်

"မဟုတ်ပါဘူး။ခဏနားနေတာပါ"

ထို့နောက် ချူးယုချင်က

"လင်။ နင်က လုချန်းရဲ့ အမျိုးသမီးဖြစ်နေတာ ကြာပြီ။ လုချန်းကို အဆင့်အတန်း တစ်ခုခု ပေးဖို့ ပြောကြည့်ပါလား"

ဟု အကြံပြုလိုက်သည်။

...............

အခန်း (၅၁၂ )

သတ္တမမြောက် ကလေး မွေးဖွားခြင်း (၂)

ထိုစကားကို ကြားလျှင် လင်ဝမ်ရွန်က အလျင်အမြန်ပင်

“ အဲဒါက မဖြစ်နိုင်ဘူး”

ဟု ပြောလိုက်သည်။

“လင်မိသားစုက နေပြည်တော်မှာပဲ ရှိသေးတယ်။ ငါ သူတို့ရဲ့ မွေးစားသမီး။ မြောက်ပိုင်းနယ်စားမင်းသားကို လက်ထပ်လိုက်ရင် လင်မိသားစုကို တိုက်ခိုက်ဖို့ အချို့လူတွေက အလွယ်တကူ အသုံးချသွားနိုင်တယ်။ လင်မိသားစုဟာ မြောက်ပိုင်းနယ်စားမင်းသားဘက်တော်သား ဖြစ်သွားပြီလို့ စွပ်စွဲလာကြရင် သူတို့အတွက် အတော်လေး အခက်အခဲ ဖြစ်စေနိုင်တယ်။”

“ နောက်ပြီး ရွန်ရွန်နဲ့ ငါက မိခင်နဲ့ သမီးလို ခင်မင်ရင်းနှီးကြတယ်။ ရွန်ရွန်က နောင်တစ်ချိန်မှာ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို လက်ထပ်ဝင်ရောက်ရလိမ့်မယ်။ ငါပါ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်ကို ဝင်လာရင် အတော်လေး မသင့်တော်ဘူး။”

ထိုစကားကို ကြားလျှင် ချူးယုချင် အနည်းငယ် ပြုံးလိုက်သည်။ သူမက လင်ဝမ်ရွန်၏ လက်ကို ဆုပ်ကိုင်ကာ မျက်နှာကို စိုက်ကြည့်လျက်

“လင်။ ချန်မိန်းကလေးနဲ့ နင့်ရဲ့ ဆက်ဆံရေးကို သိတဲ့လူ နည်းနည်းပဲ ရှိတယ်။ ပြီးတော့ နင်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲဆိုတာ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး”

“ငါ့ကို ကြည့်ဦး။ ချန်းလေးကို ငယ်ငယ်ကတည်းက ငါ ပြုစုပျိုးထောင်ခဲ့တာ။ နောက်ဆုံးတော့ သူက ငါ့ကို မင်းသားစံအိမ်ထဲ ခေါ်သွားတာပဲ။ အခုတော့ ဘယ်သူမှ ငါတို့အကြောင်း ဘာမှ မပြောကြတော့ဘူး။ နင် အတွေးလွန်နေတာ။”

“လင်မိသားစုနဲ့ နင့်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ရင်တော့ ဒါက သူတို့အတွက် တကယ် ဒုက္ခရောက်စေနိုင်ပေမဲ့ ချန်းလေးက ဒီပြဿနာကို မကြာခင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”

လင်ဝမ်ရွန်က သက်ပြင်းချကာ

“ဒီကိစ္စကို နောက်မှပဲ ပြောကြတာပေါ့။”

ချူးယုချင်လည်း ထိုအကြောင်းကို ဆက်မပြောတော့ပဲ

“ဒါနဲ့ ချင်မိန်းကလေး အခု လျှို့ဝှက်လဝန်းနန်းတော်မှာ ဘယ်လို နေထိုင်ရလဲ”

ဟု မေးလိုက်သည်။

လင်ဝမ်ရွန်က

“သူ ကောင်းကောင်းမွန်မွန် ရှိပါတယ်။ သခင်မကြီးက သူ့ကို ခွင့်လွှတ်လိုက်တယ်။ လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးကို သူပဲ ဆက်လက် စီမံခန့်ခွဲနေတယ်။”

ချူးယုချင်က

“ကြားရတာ ဝမ်းသာပါတယ်”

ထိုအချိန်တွင် ချူးယုချင်က လင်ဝမ်ရွန်၏ လက်ကို နောက်တစ်ကြိမ် ဆွဲယူလိုက်ကာ အမျိုးသမီးချင်း ကိစ္စများကို ပြောဖြစ်ကြသည်။

နာရီဝက်ခန့် ကြာသောအခါ သူတို့သည် ပန်းခြံထဲမှ ထကာ လက်ဖက်ရည်သောက်ရန်အတွက် အဆောင်သို့ ပြန်ရန် ပြင်ဆင်ကြသည်။

သို့သော် လှပသော အမျိုးသမီးနှစ်ဦး ဝမ်ချင်းစီ၏ ဆောင်ကို ဖြတ်သွားစဉ် ရုတ်တရက် အတွင်းမှ ဆူညံသံများ ကြားလိုက်ရသည်။

ဒါက...

သူတို့နှစ်ဦးစလုံး အလန့်တကြားဖြစ်သွားကြသည်။

ဘယ်လိုလုပ် ဆူညံသံတွေ ကြားရတာလဲ။

မင်းသားစံအိမ်အသစ်သည် အဟောင်းနှင့်မတူပါ။ မင်းသားစံအိမ်တွင် အတော်ကြာနေထိုင်ပြီးဖြစ်သဖြင့် တည်ဆောက်ပုံကို သူတို့သိကြသည်။ မင်းသားစံအိမ်၏ တံခါးများနှင့် ပြတင်းပေါက်များသည် အထူးပြုလုပ်ထားသောကြောင့် ပိတ်လိုက်သည်နှင့် အတွင်းမှ ဆူညံသံများ လုံသွားမည်ဖြစ်သည်။

အကယ်၍ ပြင်ပမှ ကြားနိုင်လျှင်ပင် သဲ့သဲ့သာကြားရမည်ဖြစ်ပြီး မည်သည့်အခြေအနေမျိုးတွင်မဆို လျှောက်လမ်းအထိ အသံရောက်ရှိမည်မဟုတ်ပေ။

သို့သော် ယနေ့တွင် သူတို့နှစ်ဦး လမ်းလျှောက်နေစဉ် ဆူညံသံများ ကြားလိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။

ဟို‌ကောင်စုတ်‌လေးက တံခါးနဲ့ ပြတင်းပေါက်တွေကို ဖွင့်ပြီး ပျော်ချင်လို့များလား။

ထိုသို့ တွေးတောပြီး လှပသော အမျိုးသမီးနှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထို့နောက် ချူးယုချင်က

“ဒီ ကောင်စုတ်လေးက တံခါးနဲ့ ပြတင်းပေါက်တွေကို တမင်ဖွင့်ထားတာ ဖြစ်ရမယ်။”

မျက်နှာရဲရဲဖြင့် လင်ဝမ်ရွန်က

“ယုချင်။ ငါတို့ အမြန် ဝမ်ရွန်ဆောင်ကို သွားကြစို့။”

ချူးယုချင်က

“အေး သွားကြစို့။”

ထို့နောက် လှပသော အမျိုးသမီးနှစ်ဦးသည် အရှိန်မြှင့်ကာ ဝမ်ချင်းစီ၏ အဆောင်ကို ဖြတ်သွားကြသည်။

ထိုအချိန်တွင်။

ဝမ်ချင်းစီ၏ မင်္ဂလာဆောင်ခန်းအတွင်း၌ လုချန်းနှင့် ဝမ်ချင်းစီတို့သည် ပြတင်းပေါက်ဘေးတွင် ရပ်လျက် အပြင်ဘက်မှ မြင်ကွင်းကို ခံစားနေကြသည်။ လုချန်းက ဝမ်ချင်းစီ၏ ခန္ဓာကိုယ်ကို ဖက်ထားပြီး ရယ်မောလျက်

“ဒီနေ့ကစပြီး မင်းက ကိုယ့်ကို ‘ချစ်သူ’ လို့ပဲ ခေါ်ရမယ်။ ‘မင်းသား’ လို့ မခေါ်ရဘူး။”

ထိုစကားကို ကြားလျှင် ဝမ်ချင်းစီက

“ဘယ်လိုပဲဖြစ်ဖြစ်။ ကျွန်မရဲ့ နှလုံးသားထဲမှာတော့ ကျွန်မက ရှင့်ရဲ့ အစေခံမအဖြစ် အမြဲရှိနေမှာပါ။”

လုချန်းက ဟက်ဟက်ပက်ပက် ရယ်မောပြီးနောက် ဝမ်ချင်းစီကို ပွေ့ဖက်ကာ ဖြည်းညှင်းစွာ အိပ်ရာသို့ ပြန်သွားသည်။

အိပ်ရာပေါ် ပြန်ရောက်သည်နှင့် လုချန်းက ဝမ်ချင်းစီ၏ မင်္ဂလာဝတ်စုံကို ပြင်ဆင်ပေးရင်း

“မင်း ဒီလောက်အထိ လုပ်စရာ မလိုပါဘူး။ ကိုယ့်အတွက်တော့ မင်္ဂလာညဆိုတာ အရေးမကြီးဘူး။”

ဝမ်ချင်းစီသည် သူ့ရင်သွေးကို လွယ်ထားရပြီဖြစ်၍ သူမ သူ့ကို မပြုစုချင်လျှင်ပင် လုချန်းက ဘာမှ ပြောမည်မဟုတ်ပေ။ သို့သော် ဝမ်ချင်းစီက သူ့ကို ပြုစုရန် အတင်းအကျပ် တောင်းဆိုသောကြောင့် လုချန်းလည်း အခြားနည်းလမ်းတစ်ခု ရှာဖွေရတော့သည်။

လုချန်းသည် ဇနီးများနှင့် အတူ ရှိနေသောအခါ သူ၏ ရည်ရွယ်ချက်က အလွန်ရှင်းလင်းသည်။ သူ၏ကလေးများကို မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် သူသည် သာမန်မဟုတ်သောအပြုအမူများကို မည်သည့်အခါကမှ မပြုလုပ်ခဲ့‌ပေ။

ဝမ်ချင်းစီ၏ ဆံပင်များ ချွေးဖြင့် စိုစွတ်လာသည်ကို မြင်သောအခါ လုချန်းက လက်ကို မြှောက်ကာ သူမ၏ ဆံပင်များနှင့် စတင် ဆော့ကစားလိုက်ပြီး သူမ၏ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော မျက်နှာကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် ဆံပင်များကို ဖယ်လိုက်သည်။

ထိုအချိန်တွင် ဝမ်ချင်းစီ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး အနည်းငယ် ဖြူရော်လာကာ အန်ချင်သကဲ့သို့ဖြစ်လာသည်။

ထိုအဖြစ်ကို မြင်သောအခါ လုချန်း အလျင်အမြန် ထရပ်လိုက်ကာ သူမ၏ နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

မျက်နှာတွင် အပြုံးရိပ်သန်းလျက် လုချန်းက

“မင်းကို ပြောပြီးသားပဲ။ မင်း ကိုယ့်ရဲ့ ကလေးကို လွယ်ထားရပြီလို့။ ဒါပေမဲ့ မင်း ကိုယ့်ကို မယုံဘူး။ အခုကြည့် မနက်ခင်းပျို့အန်တဲ့လက္ခဏာစပြလာပြီ။”

ခဏကြာအောင် အော့အန်ပြီးနောက် ဝမ်ချင်းစီ လုချန်းကို လှည့်ကြည့်၏။ သူမ၏ မျက်လုံးများက အနည်းငယ် မကျေနပ်ဟန်ရှိသည်။

ဒါက မနက်ခင်းပျို့အန်ချင်တာမဟုတ်ဘူး။

ဒါက အထင်အရှားပဲ။

လုချန်းဆိုတဲ့ လူဆိုး။

သို့သော် ဤအရာသည် သူမ၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သောကြောင့် လုချန်းကို အပြည့်အဝအပြစ်တင်မရပါ။

လုချန်းက

“ကောင်းပြီလေ။ ဒီနေ့တော့ ဒီမှာတင် ရပ်လိုက်ကြစို့။ မင်း ကောင်းကောင်း အနားယူပါ။ ပြီးတော့ ကိုယ်တို့ရဲ့ ကလေးကို မထိခိုက်စေနဲ့။”

ထိုစကားကို ကြားလျှင် ဝမ်ချင်းစီက ရယ်မောကာ

“မင်းသား ကျွန်မကို ကြောက်နေတာလား” ဟု မေးလိုက်သည်။

ဝမ်ချင်းစီ၏ စကားများဖြင့် စိန်ခေါ်ခံရသောအခါ လုချန်းက ရယ်မောလိုက်ပြီး သူမကို အိပ်ရာပေါ်သို့ ပြန်တွန်းချလိုက်သည်။

ဤမိန်းမသည် သင့်တော်စွာမဆုံးမပါက ဘယ်တော့မှ ထိန်းချုပ်တတ်မည်မဟုတ်ပေ။

လမ်းကြောင်းမှ စတင်ချော်ထွက်ပြီ ဖြစ်သဖြင့် ဆက်လက်သွားရုံသာဖြစ်သည်...

...

ထိုအချိန်တွင်။

မြောက်ပိုင်းပြည်နယ်ရှိ ကျူးနိုင်ငံတော် စံအိမ်။

မုယုံရွှီသည် သူမလက်ထဲရှိ စာကိုဖတ်ပြီး စဉ်းစားနေသည်။ ယွဲ့ဧကရာဇ်က လုချန်းနှင့် နီးစပ်ရန် နည်းလမ်းရှာပြီး မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များ၏ အရင်းအမြစ်ကို စုံစမ်းခိုင်းနေသည်။

မုယုံရွှီသည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များအကြောင်းကို အစောကတည်းက ကြားဖူးသော်လည်း မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်ရန် သူမအတွက် မလွယ်ကူပေ။ သူသည် ယနေ့ နောက်ထပ် မယားတစ်ဦးကို ထပ်မံ လက်ထပ်လိုက်ပြီဖြစ်ပြီး သူ၏ မိဖုရားဆောင်တွင် မရေမတွက်နိုင်သော အမျိုးသမီးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

...........

အခန်း (၅၁၃)

သတ္တမမြောက် ကလေး မွေးဖွားခြင်း (၃)

မုယုံရွှီသည် သူမ အလှကို အလွန်ယုံကြည်နေဆဲဖြစ်သော်လည်း သူမ၏ အသွင်အပြင်တစ်ခုတည်းဖြင့် မြောက်ပိုင်းနယ်စားမင်းသားကို ဆွဲဆောင်ရန် မလွယ်ကူကြောင်းကို သူမ ကောင်းစွာ သိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အမျိုးသမီးများနှင့် ပေါင်းသင်းရသည်ကို နှစ်သက်သော်လည်း သူ၌ အမျိုးသမီးအများအပြား ရှိပြီးဖြစ်သောကြောင့် အပြင်တွင် နောက်ထပ် အချစ်ရေးကိစ္စများ ရှာဖွေရန် အချိန်မရှိလောက်ပေ။

မြောက်ပိုင်းနယ်စားမင်းသားနှင့် မည်သို့ နီးစပ်နိုင်မည်နည်းဟု မုယုံရွှီ စဉ်းစားနေသည်။

သူမ အတွေးထဲ နစ်မြောနေစဉ် အစေခံမ လေးတစ်ဦး သူမ၏ အခန်းထဲသို့ ဝင်လာပြီး မုယုံရွှီရှေ့တွင် ဖိတ်စာတစ်စောင်ကို ချထားကာ

“မုရုံသခင်မ။ ချွမ်နိုင်ငံတော်က လူတစ်ယောက်ဟာ ရန်ခရိုင်မှာ ကဗျာ ရွတ်ဆိုပွဲ ကျင်းပဖို့ စီစဉ်‌နေပြီး သခင်မကို တက်ရောက်ဖို့ ဖိတ်ကြားလာပါတယ်”

ဟု လျှောက်တင်သည်။

ထိုစကားကို ကြားလျှင် မုယုံရွှီသည် အနည်းငယ် အံ့သြသွားသည်။

ကဗျာ ရွတ်ဆိုပွဲဆိုပါလား။

ဒါက အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်နိုင်သည်။

ရန်ခရိုင်သည် ကုန်သွယ်ရေးဗဟိုအချက်အချာဖြစ်လာပြီးနောက် ကုန်သည်များနှင့် ပညာရှင်များစွာလည်း ရန်ခရိုင်သို့ ရောက်လာကြသည်။ ချမ်းသာသော သူဌေးသားများသည် ကဗျာရွတ်ဆိုပွဲများ၊ စာပေပညာရှင်ချင်း တွေ့ဆုံပွဲများကို မကြာခဏ ကျင်းပခဲ့ပြီး ရန်ခရိုင်မှ ဂုဏ်သရေရှိသူများကို ဖိတ်ကြားတတ်ကြသည်။

မြောက်ပိုင်းပြည်နယ်သည် ထိုသို့သော လှုပ်ရှားမှုများကို ဝင်ရောက် စွက်ဖက်ခြင်းမရှိခဲ့သဖြင့် ရန်ခရိုင်၏ ယဉ်ကျေးမှုဆိုင်ရာ အငွေ့အသက်ကို ပိုမို ကြွယ်ဝစေခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် မကြာသေးမီက အများပြည်သူဆိုင်ရာ ပညာရေးကို မြှင့်တင်လျက်ရှိ‌ကြောင်း မုယုံရွှီ တွေးတောမိသည်။ သာမန်လူများအကြား စာတတ်မြောက်မှုကို အလွန်အာရုံစိုက်သည့် မင်းသားသည် စာပေကို အလွန်တန်ဖိုးထားကြောင်း ပြသနေသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ကဗျာနှင့် စာပေကို ကောင်းစွာ တတ်ကျွမ်းသူ ဖြစ်ရမည်။

များသောအားဖြင့် အုပ်စိုးသူတစ်ဦး၏ မူဝါဒများသည် ထိုသူ၏ ကိုယ်ပိုင်ဝါသနာများနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေတတ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ အများပြည်သူဆိုင်ရာ ပညာရေးကို အားပေးအားမြှောက်ပြုလုပ်ခြင်းသည် သူ၏ ဝါသနာများနှင့် ဆက်စပ်နေနိုင်သည်။

ကဗျာ ရွတ်ဆိုပွဲကို အကြောင်းပြချက်အဖြစ် အသုံးပြု၍ မြောက်ပိုင်းနယ်စားမင်းသားကို သူမ ဖိတ်ကြားနိုင်ပါက သူ ရောက်လာနိုင်ဖွယ်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူမ မြောက်ပိုင်းနယ်စားမင်းသားနှင့် ဆက်ဆံရေး တည်ဆောက်ရန် အခွင့်အရေး ရရှိလာမည် မဟုတ်ပါလား။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် မုယုံရွှီ သူမ၏ အစီအစဉ်ကို စတင်ရေးဆွဲတော့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လဝက် ကုန်လွန်သွားခဲ့သည်။

ဝူကျန်းဝမ်သည် ကျူးနိုင်ငံမှ မည်သည့် အောင်မြင်မှုမှ မရပဲ ပြန်လာခဲ့သောကြောင့် နန်းတွင်းရှိ ဝန်ကြီးအချို့က သူမကို အလွန်မကျေနပ်ကြပေ။

ရှနိုင်ငံတော် အားအနည်းဆုံး အချိန်တွင် ရှိနေတုန်း နိုင်ငံကြီးနှစ်ခုသည် ပူးပေါင်းပြီး ရှနိုင်ငံတော်ကို ရှင်းလင်းရန် လုံးဝ ဖြစ်နိုင်သည်ဟု အချို့က ထင်ကြသည်။ သို့သော် ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်နှင့် မဟာမိတ်ပြုရန် ယွဲ့ဧကရာဇ်ကို စည်းရုံးနိုင်ခြင်း မရှိခဲ့သောကြောင့် ယင်းကို သူမ၏ စွမ်းဆောင်ရည် မရှိခြင်း၏ သက်သေအဖြစ် ရှုမြင်ကြသည်။

ကျူးနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ရန် ပျက်ကွက်ခြင်းသည် ဝူနိုင်ငံတော်ရှိ ဝန်ကြီးအချို့ကို ပို၍ သတိထားစေခဲ့သည်။ အချို့က မြောက်ပိုင်းပြည်နယ်ကို ထိန်းချုပ်မည့်သူ မရှိပဲ ဝူနိုင်ငံတော်အနေနှင့် စစ်မျက်နှာနှစ်ခုဖွင့်ပါက အကျပ်အတည်းတွေ့နိုင်ဖွယ်ရှိသည်ဟု ယုံကြည်ကြသည်။

မြောက်ပိုင်းပြည်နယ်၏ ရန်ခရိုင်မှ ဝူနိုင်ငံတော်၏ နေပြည်တော်အထိ မြေမျက်နှာသွင်ပြင်သည် လုံးဝနီးပါး ညီညာသော မြေပြန့်လွင်ပြင်များဖြစ်သည်။ မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာ မြင်းတပ်သည် ဝူနိုင်ငံတော်၏ အချက်အချာနယ်မြေသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်နိုင်သည်။

ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်ကို စစ်ချီမည်ဆိုပါက မြောက်ဘက်ကို ခုခံကာကွယ်ရန် အရေးပါသော တပ်ဖွဲ့များကို ချထားရန် လိုအပ်မည်ဖြစ်ပြီး ယင်းသည် ရှနိုင်ငံတော်ကို တိုက်ခိုက်မည့် အဓိက တိုက်ခိုက်ရေးတပ်ဖွဲ့များ၏ အရေအတွက်ကို များစွာ လျှော့ကျစေမည် ဖြစ်သည်။

အင်အား အသုံးပြုခြင်းကို နှစ်သက်သော ဝူဧကရာဇ်ပင်လျှင် မဆုံးဖြတ်နိုင်ပဲ ဖြစ်လာသည်။ စစ်ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားဆိုတာ သူ မသေချာ ဖြစ်နေသည်။

ရက်များ ကုန်လွန်သွားပြီး ကမ္ဘာကြီးသည် အရင်ကလို ငြိမ်းချမ်းမှု ပြန်လည် ရရှိလာပုံရသည်။ ရှနိုင်ငံတော်၏ နယ်စားများသည် စစ်ပွဲအတွက် တက်ကြွစွာ ပြင်ဆင်နေဆဲဖြစ်ပြီး နန်းတွင်းတွင်လည်း နေ့စဉ် ရန်ပွဲများ ဖြစ်ပွားနေသော်လည်း မည်သည့်နယ်စားများကမှ သူတို့၏တပ်များကို စတင်လှုပ်ရှားရဲခြင်း မရှိ‌သေးကြပေ။

အားလုံး စောင့်ဆိုင်းနေကြသည်။

ဆွမ်ဧကရာဇ် သေဆုံးသည့် သတင်းကို စောင့်ဆိုင်းနေကြခြင်းပင်ဖြစ်သည်။

သို့သော် လူတိုင်း မျှော်လင့်မထားသည်မှာ ဤစောင့်ဆိုင်းခြင်းသည် တစ်နှစ်နီးပါး ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ဤလများအတွင်း ရှနိုင်ငံတော်၏ နိုင်ငံရေးကိစ္စရပ်အားလုံးနီးပါးကို မင်းသား လုရိက ကိုင်တွယ်ခဲ့သည်။ ဆွမ်ဧကရာဇ်သည် အိပ်ဆောင်၌ နာမကျန်းဖြစ်နေပြီး ရှေ့သို့ မထွက်လာခဲ့ပေ။ အချို့က ဆွမ်ဧကရာဇ် နတ်ရွာစံသွားပြီဟုပင် သံသယရှိကြပြီး သူ၏ သေဆုံးခြင်းကို မင်းသားလုရိနှင့် ဝန်ကြီးချုပ်နှစ်ဦးသာ သိရှိပြီး လူသိရှင်ကြား ကြေညာခြင်း မရှိသေးဟု ယူဆကြသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က နန်းတော်တွင် ဆွမ်ဧကရာဇ် နတ်ရွာစံခါနီးပြီဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း အချိန်အတော်ကြာသည်အထိ သူ မသေဆုံးသေးပေ။ မင်းသားအချို့ စိတ်မရှည်တော့ချေ။

.......

ထိုအချိန်တွင်။

မြောက်ပိုင်းပြည်နယ်၌။

မြောက်ပိုင်းနယ်စားမင်းသား စံအိမ်အတွင်း ချူးယုချင်၏ အခန်းအပြင်ဘက်ရှိ ဧည့်ခန်းသည် လူများဖြင့် ပြည့်နှက်နေ၏။ ကလေး မွေးဖွားလာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ထိုစဉ် ခန့်ညားသော အမျိုးသားတစ်ဦးသည် အဆောင်ထဲ့သို့ ဝင်လာသဖြင့် အစေခံမလေးက အလျင်အမြန်ပင်

“မင်းသား ကြွလာပါပြီ”

ဟု ကြေညာလိုက်သည်။

ထိုစကားသံကြောင့် လူအုပ်သည် ချက်ချင်း လမ်းဖယ်ပေးလိုက်သည်။

လုချန်းလည်း မီးဖွားခန်းသို့ ချက်ချင်း ဝင်သွားသည်။

ချူးယုချင်သည် အိပ်ရာပေါ်တွင် တိတ်ဆိတ် စွာ လှဲလျောင်းနေပြီး သူမ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေသော်လည်း လုချန်း ဝင်လာသည်ကို မြင်သောအခါ သူမ၏ နှုတ်ခမ်းတွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

လုချန်းက အိပ်ရာဘေးတွင် ထိုင်လိုက်ကာ ချူးယုချင်၏ လက်ကို ဆုပ်ကိုင်လျက် ပြုံး၍

“ယုချင်။ မင်း ကိုယ့်ကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့ပြီးတဲ့နောက် ကိုယ်တို့ရဲ့ ကလေးကိုလည်း မင်း ပြုစုစောင့်ရှောက်လိမ့်မယ်လို့ မင်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး မဟုတ်လား”

ဟု မေးလိုက်သည်။

လုချန်း၏ စကားများကို ကြားသောအခါ ချူးယုချင်က သူ့ကို စူးစိုက်ကြည့်လိုက်ပြီး

“လူယုတ်မာ။ မင်းမှာ အမျိုးသမီးတွေ အများကြီး ရှိနေတာတောင် တို့ကို အလွှတ်မ‌ ပေးပဲ မင်းရဲ့ ကလေးကို မွေးခိုင်းဖို့ အတင်းအကျပ် လုပ်ခဲ့တာ။”

လုချန်းက အနည်းငယ် ပြုံးပြလိုက်ပြီး သူ၏ အခြားလက်ဖြင့် ချူးယုချင်၏ နားထင်စပ်မှ ဆံပင်များကို ညင်သာစွာ သပ်တင်ပေးလိုက်သည်။

ထို့နောက် ချူးယုချင်က

“ကလေး ဘယ်တော့ မွေးမလဲ”

ဟု မေးလိုက်သည်။

လုချန်းက

“သူ ထွက်လာဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်ပေါ်မှာ မူတည်တယ်။”

ချူးယုချင်က

“ကလေးအတွက် နာမည်တစ်ခု စဉ်းစားထားပြီးပြီလား”

ဟု မေးမြန်းသည်။

လုချန်းက

“လုချန်းဝမ် ဆိုရင် ဘယ်လိုလဲ”

ဟု အကြံပြုသည်။

ချူးယုချင်က

“နာမည်တစ်ခုတည်းပဲလား။ မိန်းကလေးဆိုရင် ဘယ်လိုလုပ်မလဲ”

ဟု သိချင်စိတ်ဖြင့် ထပ်မေးလိုက်သည်။

လုချန်းက

“ ယောက်ျားလေးလို့ ခံစားရတယ်။”

လုချန်း၏ ပြန်လည်သန်စွမ်းစေသော စွမ်းအားသည် ယခု အလွန်အဆင့်မြင့်နေပြီဖြစ်သောကြောင့် သူသည် လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို တိကျစွာ သိနိုင်၏။ ထို့ကြောင့် ချူးယုချင်၏ ဝမ်းဗိုက်ထဲရှိ ကလေးသည် ယောက်ျားလေးလား မိန်းကလေးလားဆိုတာကို သူ ကောင်းစွာ သိနိုင်သည်။

ချူးယုချင်က

“ဒါဆို ယောက်ျားလေးပေါ့”

ဟု တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ချူးယုချင် တစ်ယောက်တည်း စကားပြောနေသည်ကို ကြားသောအခါ လုချန်းက

“မိန်းကလေးကို ပိုကြိုက်တာလား”

ဟု မေးလိုက်သည်။

ချူးယုချင်က

“မင်း ကြုံခဲ့ရသလိုမျိုး ကလေးကို မကြုံ စေချင်ဘူး။ မိန်းကလေးဆိုရင် ကောင်းတာပေါ့။”

လုချန်း သူမ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး သူမ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ

“စိတ်မပူနဲ့။ တို့ရဲ့ ကလေးဟာ ဘယ်တော့မှ ညီအစ်ကို မောင်နှမ အချင်းချင်း ရန်ဖြစ်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး။”

ချူးယုချင်က ပြုံးလိုက်ပြီး

“အဲဒီလို ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။”

ချူးယုချင် စကားဆုံးသည်နှင့် သူမ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ လုချန်းသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များကို အလျင်အမြန် စီးဝင်စေလိုက်ပြီး နောက်တစ်ခဏတွင် နာကျင်မှုများ လုံးဝ ပျောက်ကွယ်သွားသည်။

ချူးယုချင်၏ ပတ်ဝန်းကျင်တွင် စိမ်းလဲ့ သော ရောင်များ ထွက်ပေါ်နေသည်ကို မြင်သောအခါ မင်းသားစံအိမ်မှ ဝမ်းဆွဲသည်များနှင့် အစေခံမများသည် ယခင် အတွေ့အကြုံများစွာအရ ချူးယုချင်၏ ကလေး မကြာမီ ရောက်လာတော့မည်ကို သိလိုက်ကြသည်။

နောက်တစ်ခဏတွင် အခန်းသည် မွေးကင်းစကလေး၏ “ဝါး-ဝါး-ဝါး” ဟု အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။

...........

All Chapters