← Chapters

အခန်း ၅၁၇-၅၁၉

Vol. 35 Ch. 517-519

အခန်း ၅၁၇-၅၁၉

Vol. 35 Ch. 517-519

အခန်း( ၅၁၇)

ဤလူငယ်သည် အသက်မကြီးသော်လည်း ရည်မှန်းချက် ကြီးမားလှသည်

မီးရထား ပေါ်ပေါက်လာခြင်းက နိုင်ငံအသီးသီးတို့၏ စိတ်ဝင်စားမှုကို ချက်ချင်း လှုံ့ဆော်နိုင်ခဲ့သည်။ မီးရထားသည် ဤကမ္ဘာမှ မဟုတ်သည်ကို လူအများက တညီတညွတ်တည်း လက်ခံခဲ့ကြသည်။ ထို့ပြင် မီးရထား ပေါ်ထွက်လာသည်နှင့်အမျှ လုချန်း၏ နက်နဲဆန်းကြယ်သော ကံကြမ္မာဆိုင်ရာ ကောလာဟလများမှာလည်း ပိုမိုပြန့်နှံ့လာခဲ့သည်။

မီးရထားသတင်း နိုင်ငံအားလုံးသို့ ပျံ့နှံ့သွားချိန်တွင် လုချန်း မီးရထားဘူတာရုံ၌ သူ၏ ဇနီးမယားများအား ပြောဆိုခဲ့သော စကားများမှာလည်း နိုင်ငံအနှံ့အပြားသို့ ရောက်ရှိသွားခဲ့သည်။ ဤသည်က လုချန်း၏ ရည်မှန်းချက် မည်မျှကြီးမားသည်ကို လူအများအား ထပ်မံသတိထားလာ‌စေသည်။

နိုင်ငံကြီးများ စည်းလုံးညီညွတ်ခြင်း မရှိပါက မြောက်ပိုင်းပြည်နယ်၏ မီးရထားလမ်းများကို နိုင်ငံများအနှံ့ ဖောက်လုပ်ရန် မဖြစ်နိုင်ပေ။ လုချန်း၏ စကားများအရ သူသည် တစ်နေ့တွင် နိုင်ငံကြီးများအားလုံးကို သိမ်းပိုက်ကာ အင်ပါယာ နိုင်ငံတော်ကြီး တည်ဆောက်မည်။ ထို့နောက် မီးရထားလမ်းများကို ကမ္ဘာအနှံ့ ဖြန့်ကျက်မည်ဟူသော သူ၏ရည်ရွယ်ချက်ကို ဖော်ပြနေသည်။

....

ကျူးနိုင်ငံတော်။

ဧကရီအဆောင်။

ကျူးနိုင်ငံတော် ဧကရီသည် နီရဲသော ကန့်လန့်ကာများနောက်တွင်ထိုင်နေ၏။ သူမသည် ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ဖီးနစ်ဝတ်ရုံနီကို ဝတ်ဆင်ထားသည်။ သူမ၏ ဦးခေါင်းတွင် တောက်ပသော ရွှေဖီးနစ်ဆံထိုးကို ဆင်မြန်းထား၏။ ရင်သပ်ရှုမောဖွယ် အေးစက်လှပသော ဧကရီသည် လက်ထဲရှိ ထောက်လှမ်းရေးသတင်းများကို ဂရုမစိုက်ဟန်ဖြင့် ကြည့်နေခဲ့သည်။

“နိုင်ငံကြီးအားလုံးမှာ ရထားလမ်းတွေ ခင်းချင်တာလား။ ဒီလူငယ်က အသက်မကြီးသေးပေမယ့် သူ့ရဲ့ ရည်မှန်းချက်တွေကတော့ မသေးဘူးပဲ” ဟု ကျူးဧကရီစဉ်းစားလိုက်သည်။

“ဒီလို ရည်မှန်းချက်ကြီးတဲ့သူမျိုးကို ငါအခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ” ဟုလည်း သူမဘာသာ ရေရွတ်လိုက်သည်။

ထိုစဉ် ကန့်လန့်ကာပြင်ပတွင် ဝန်ကြီးများစွာ ဒူးထောက်နေကြ၏။ ထို့နောက် ဝန်ကြီးတစ်ဦးက

“ အရှင်မ။ ကျွန်တော်မြင်တာကတော့ ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ပြီး ရှနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်ကို အမြန်ဆုံး ရှင်းပစ်သင့်ပါတယ်။”

“ကျူးနိုင်ငံတော်အနီးမှာ ဒီလို ရည်မှန်းချက်ကြီးတဲ့သူ ရှိနေတော့ မြောက်ပိုင်းပြည်နယ် ပိုပြီး အင်အားကြီးလာတဲ့အထိ စောင့်ဆိုင်းမယ်ဆိုရင်တော့ ဘေးဆိုးကြီး ဖြစ်လာပါလိမ့်မယ်။”

နောက်ထပ် ဝန်ကြီးတစ်ဦးကလည်း ထောက်ခံပြောဆိုလိုက်သည်။

“ကျွန်တော်လည်း မြောက်ပိုင်းနယ်စားမင်းသားကို အမြန်ဆုံး ဖယ်ရှားပစ်သင့်တယ်လို့ ယူဆပါတယ်။”

“မကြာသေးမီက ရှနိုင်ငံတော်ကနေ ထောက်လှမ်းရေးသတင်းတွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။ သတင်တွေအရ မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် လုံးဝ မရှိဘူးလို့ ဖော်ပြနေပါတယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ အင်အားပြမှုက သူတို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်ဆွဲတာ ဖြစ်နိုင်ပါတယ်။”

“အခု မြောက်ပိုင်းပြည်နယ်မှာ ဒီလောက် အင်အားကြီးတဲ့ စစ်တပ်ရှိနေပြီဆိုတော့ ဆက်ပြီး ကြီးထွားခွင့်ပြုမယ်ဆိုရင်တော့ နောင်မှာ အကြီးအကျယ် ဒုက္ခပေးလာပါလိမ့်မယ်။”

ဝန်ကြီး စကားကို ကြားရသောအခါ ကျူးဧကရီ အတွေးထဲ နစ်မြောသွားသည်။ မြောက်ပိုင်းပြည်နယ်သည် ကျူးနိုင်ငံတော်အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ မြောက်ဘက်ရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများထက်ပင် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သည်။

ထိုအန္တရာယ်ကို အမြန်ဆုံး မဖယ်ရှားပါက ကျူးနိုင်ငံတော်သည် နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်၏ လက်အောက်သို့ ကျရောက်သွားမည်ဖြစ်သည်။

ခဏတာမျှ စဉ်းစားပြီးနောက် ကျူးဧကရီက အေးစက်စွာ ပြောလိုက်သည်။

“မြောက်ပိုင်းပြည်နယ်က ကျူးနိုင်ငံတော် သာယာဝပြောရေးအတွက် ကြီးမားတဲ့ ဘေးအန္တရာယ် ဖြစ်တာမှန်တယ်။ ဒါပေမဲ့ မြောက်ဘက်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေက လှုပ်ရှားနေပြီး တောင်ဘက်ကို ရွေ့လျားလာမယ့် အရိပ်အယောင်တွေ ပြနေတာကြောင့် လက်ရှိအချိန်မှာ မြောက်ပိုင်းပြည်နယ်နဲ့ ရန်သူဖြစ်ဖို့ မသင့်သေးဘူး။”

“ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်နဲ့ မီးရထားလို့ ခေါ်တဲ့အရာတွေကို ရအောင် ယူရမယ်။ မုယုံရွှီကို သတင်းပို့လိုက်ပါ။ မြောက်ပိုင်းနယ်စားမင်းသားကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင် ချဉ်းကပ်ပြီး မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်တွေနဲ့ မီးရထား ပုံစံဒီဇိုင်းတွေကို ရယူခိုင်းပါ။ သူ့ကို နောက်ထပ် သုံးလ အချိန်ပေးမယ်။”

ကျူးဧကရီ၏ စကားကို ကြားရသောအခါ ကန့်လန့်ကာအပြင်ရှိ ဝန်ကြီးများ ဆက်လက်ပြောဆိုခြင်း မပြုတော့ပေ။ လက်ရှိအချိန်တွင် မြောက်ပိုင်းပြည်နယ်ကို ရန်ပြုရန် မသင့်သည်မှာ အမှန်ပင်ဖြစ်သည်။

အထူးသဖြင့် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်ကို မရရှိသေးချိန်တွင် ဖြစ်သည်။ ထိုလက်နက်သည် သူတို့ လက်ရှိ အကြောက်ရဆုံး အရာပင် ဖြစ်ပေသည်။ လက်နက်ကို မရရှိပဲ မြောက်ပိုင်းပြည်နယ်ကို မဆင်မခြင် တိုက်ခိုက်မိပါက ကျူးနိုင်ငံတော်လည်း ကြီးစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။

သူမ စကားပြောနေစဉ်တွင် ကျူးဧကရီ ရုတ်တရက် အခြားအရာတစ်ခုကို တွေးမိပြီး ဆက်၍

“နောက်ပြီး မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် အမှန်တကယ် ရှိမရှိ အတည်ပြုနိုင်ဖို့ မုယုံရွှီ ကို နည်းလမ်းရှာခိုင်းပါ။”

မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် မရှိဟူသော သတင်းသည် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အင်အားကြီးအဖွဲ့အစည်းအမျိုးမျိုးကလည်း ထိုအချက်ကို စုံစမ်းရန် လူများစွာ စေလွှတ်ခဲ့ကြသည်။ သို့သော် ကျူးကဲ့ကျုံကောင်း နှင့် မည်သူမှ အဆက်အသွယ် မရရှိသောကြောင့် သတင်း၏ တိကျမှုကို အတည်ပြုနိုင်သူ မရှိသလောက်ပင် ဖြစ်သည်။ လူအများက ကျူးကဲ့ကျုံကောင်း သည် ကောင်းကင်လူသားအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု ယူဆကြသည်။

ကျူးနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် ရည်ရွယ်ထားပါက မြောက်ပိုင်းပြည်နယ်၏ အင်အားအမှန်ကို သိရှိထားရန် လိုအပ်သည်။ ကျူးကဲ့ကျုံကောင်း အမှန်တကယ် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားပါက မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးရန် ခက်ခဲမှုအတိုင်းအတာသည် နောက်ထပ် အဆင့်တစ်ခု မြင့်တက်သွားမည် ဖြစ်သည်။

...

ဝူနိုင်ငံတော်။

စိမ်းလန်း‌သောမိုးတိမ် ခန်းမဆောင်။

ဝူကျန်းဝမ်သည် ထိုင်ခုံကြီးတစ်ခုပေါ်တွင် မှီထိုင်ကာ အမျိုးသမီး ကိုယ်ရံတော်များ မြောက်ပိုင်းပြည်နယ်၏ ထောက်လှမ်းရေး သတင်းများကို တင်ပြနေသည်ကို နားထောင်နေသည်။

မီးရထား၏ အသေးစိတ်အချက်အလက်များကို ကြားပြီးနောက် ဝူကျန်းဝမ်၏ မျက်ခုံးများ အနည်းငယ်ကျုံ့သွားကာ မေးလိုက်သည်။

“ရထားတစ်စီးက ကုန်ပစ္စည်း ဘယ်လောက်အထိ ဆွဲနိုင်လဲ။”

အမျိုးသမီးကိုယ်ရံတော်က

“သေချာတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်မတို့လူတွေ တွေ့ရှိတာက ဒီရထားနောက်မှာ နောက်ထပ် ရထားတွဲ အများကြီး ထပ်ထည့်လို့ရတယ်။ အဲဒီရထားတွဲတွေအားလုံးကို လူတွေပို့ဆောင်ဖို့ သုံးမယ်ဆိုရင် ရထားတွဲ ဆယ်တွဲလောက်နဲ့ အနည်းဆုံး လူနှစ်ထောင်လောက် သယ်လို့ရတယ်”

အမျိုးသမီး ကိုယ်ရံတော်၏ အဖြေကို ကြားသော် ဝူကျန်းဝမ် တိတ်ဆိတ်သွားသည်။

ရထားများသည် တိရစ္ဆာန်အင်အားကို အားကိုးရန် မလိုသည့်အပြင် ခဏနားရန်လည်း မလိုအပ်သလောက်ဖြစ်ကာ ခြောက်နာရီအတွင်း ကီလိုမီတာ နှစ်ရာကို ဖြတ်သန်းနိုင်သည်။ ဆိုလိုသည်မှာ တစ်ရက်တည်းတွင် ကီလိုမီတာ လေးရာအထိ သွားလာနိုင်သည်။ အရေးအကြီးဆုံးမှာ ရထားလမ်းရှိသရွေ့ မီးရထားသည် စစ်မြေပြင်သို့ စဉ်ဆက်မပြတ် တပ်များသယ်ဆောင်နိုင်ခြင်းဖြစ်ပြီး မြင်းတပ်ထက် ပိုမိုမြန်ဆန်စွာ ရွေ့လျားနိုင်သည်။

အကယ်၍ မြောက်ပိုင်းပြည်နယ်၏ နယ်စပ်မြို့များတွင် နောင်တွင် ရထားလမ်းများ ဖောက်လုပ်ပြီးစီးပါက မြောက်ပိုင်းပြည်နယ်၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး စွမ်းရည်သည် များစွာ တိုးတက်လာလိမ့်မည်။

သို့သော် ဒါက အရေးအကြီးဆုံး မဟုတ်သေးပေ။

မြောက်ပိုင်းပြည်နယ်သည် မီးရထားကို သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုအဖြစ်သာ မြင်ပါက ဝူကျန်းဝမ်အတွက် မထူးဆန်းပေ။ အရေးကြီးဆုံးဟု သူမထင်သည်က မီးရထားစမ်းသပ်မောင်းနှင်စဉ်က မြောက်ပိုင်းနယ်စားမင်းသား ပြောခဲ့သော စကားများဖြစ်သည်။

သတိပြန်ဝင်လာပြီးနောက် ဝူကျန်းဝမ် က

“မြောက်ပိုင်းမင်းသားက ရထားလမ်းတွေကို နိုင်ငံတွေ အားလုံးဆီအထိ တိုးချဲ့ဖို့ ရည်ရွယ်ထားတယ်လို့ တကယ်ပဲ ပြောခဲ့တာလား။”

အမျိုးသမီးကိုယ်ရံတော်က

“ဒါက ကောလာဟလပါ။ အမှန်ဟုတ်မဟုတ်တော့ ကျွန်မတို့ အတည်မပြုနိုင်ပါဘူး။”

ဝူကျန်းဝမ် က

“ကျွန်မမှတ်တာ မမှားဘူးဆိုရင် ‘ကောင်းကင်အောက်ရှိ နယ်မြေအားလုံးသည် ဧကရာဇ်၏ပိုင်နက်ဖြစ်သည်’ နဲ့ ‘ပိုင်နက်အတွင်းရှိ အရာအားလုံးသည် ဧကရာဇ်ပိုင်ဖြစ်သည်’ ဆိုတဲ့ စကားလုံးတွေဟာလည်း သူ့ရဲ့ စကားတွေပဲ။”

အမျိုးသမီး ကိုယ်ရံတော်က

“ဟုတ်ပါတယ်။ သူ အဲဒီလို ပြောခဲ့ပါတယ်။ အဲဒီ စကားတွေကို မြောက်ပိုင်းပြည်နယ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတောင် ထည့်သွင်းဖော်ပြထားပါတယ်။”

ဝူကျန်းဝမ် က

“ဒီလူငယ်လေးမှာ ဒီလောက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတယ်ဆိုတော့ ချင်ရို့လည်း အခု စိတ်အေးရတော့မှာ မဟုတ်ဘူး” ဟုတီးတိုး ရေရွတ်လိုက်သည်။

မြောက်ပိုင်းပြည်နယ်သည် ကျူးနိုင်ငံတော်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မြောက်ပိုင်းပြည်နယ် အားကောင်းလာပါက မြောက်ပိုင်းနယ်စားမင်းသားသည် သူ၏ရည်မှန်းချက်အတွက် ကျူးနိုင်ငံတော်ကို ဦးစွာဖျက်ဆီးမည်မှာ သေချာသည်။

ထိုအတွေးများဖြင့် ဝူကျန်းဝမ်က အမျိုးသမီး ကိုယ်ရံတော်အား

“ဒီမှာ ခဏစောင့်နေပါ။ ကျွန်မ ယွဲ့ဧကရာဇ်ဆီ စာတစ်စောင် ရေးလိုက်ဦးမယ်။ ရှင်က ဒီစာကို နောက်မှ ယွဲ့ဧကရာဇ်ဆီ ပို့ပေးလိုက်ပါ။”

ယခင်က မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သည်မှာ ယွဲ့ဧကရာဇ်က မြောက်ပိုင်းပြည်နယ်နှင့် ရင်ဆိုင်ရန် လတ်တလော အစီအစဉ်မရှိပဲ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များကို ကြောက်ရွံ့နေခြင်းကြောင့်ဖြစ်သည်။ ယခုအခါ မြောက်ပိုင်းနယ်စားမင်းသားက သူ၏ရည်မှန်းချက်ကို ထပ်မံပြသလိုက်ပြီဖြစ်သဖြင့် ယွဲ့ဧကရာဇ်လည်း ဒီအတိုင်း ဆက်နေနိုင်တော့မည် မဟုတ်ဟု ဝူကျန်းဝမ် ယုံကြည်သည်။

သူမ၏ ချစ်လှစွာသော အစ်မသည် ယခုတစ်ကြိမ်တွင် ဝူနိုင်ငံတော် နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူသင့်သည် မဟုတ်ပါလား။

ကျူးနန်းတွင်းရှိ ဝန်ကြီးများလည်း မြောက်ပိုင်းနယ်စားမင်းသား နောက်တစ်ဆင့်ပြုလုပ်မည့်အရာကို မြင်နိုင်ကြပြီဖြစ်ရာ ယွဲ့ဧကရာဇ်အား ဝူနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ရန် ထောက်ခံကြတော့မည် မဟုတ်ပါလား။

...

မြောက်ပိုင်းပြည်နယ်။

နိုင်ငံရေးရာ ခန်းမဆောင်။

လုချန်းသည် ပလ္လင်ပေါ်တွင် ထိုင်ကာ အရာရှိများ ခန်းမဆောင်၌ လာရောက် အစီရင်ခံနေသည်ကို နားထောင်နေသည်။

ယခု အစီရင်ခံနေသော အရာရှိမှာ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဌာနမှဖြစ်ပြီး ယခုနှစ် စိုက်ပျိုးမြေအသစ်များ တိုးချဲ့ခြင်းနှင့် အထွက်နှုန်းမြင့် သီးနှံများ စိုက်ပျိုးခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို တင်ပြနေသည်။

စိုက်ပျိုးရေးဌာနမှ အရာရှိ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် လုချန်းက

“အထွက်နှုန်းမြင့်တဲ့ သီးနှံတွေ တိုးချဲ့စိုက်ပျိုးတာက ကျွန်တော်ထင်ထားတာထက် ပိုပြီး မြန်ဆန်ပုံရတယ်။”

ထိုစကားကို ကြားလျှင် စိုက်ပျိုးရေးဌာနမှ အရာရှိက

“အထွက်နှုန်းမြင့်သီးနှံများ မြန်မြန်ဆန်ဆန် ပျံ့နှံ့ရခြင်းက ပြည်သူတွေဟာ စားသုံးဖို့ အရန်ဆန်ကို ပြင်ပမှ ဝယ်ယူထားပြီး ဒီနှစ်အတွက် ရိတ်သိမ်းထားတဲ့ သီးနှံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို မျိုးစေ့အဖြစ် ချန်ထားခဲ့ကြတာ‌ကြောင့် ဖြစ်ပါတယ်။”

ပြည်သူများသည် မင်းသား၏ စံအိမ်မှ ဖြန့်ဝေသော သီးနှံများသည် အထွက်နှုန်း အလွန်ကောင်းကြောင်း သိရှိထားပြီး အနာဂါတ်တွင် အငတ်ဘေးကို မကြောက်ရွံ့စွာ နေထိုင်နိုင်ရန်အတွက် မျိုးစေ့များစွာကို ချန်ထားခဲ့ကြသည်။ ဤနှစ်အတွက် ရိတ်သိမ်းထားသော အထွက်နှုန်းမြင့်သီးနှံအများစုကို နောက်နှစ်တွင် စိုက်ပျိုးရန် သိမ်းဆည်းထားကြသည်။

ဤသို့ဖြင့် မြောက်ပိုင်းပြည်နယ်တွင် အထွက်နှုန်းမြင့်သီးနှံများ အလွန်လျင်မြန်စွာ ပျံ့နှံ့လာသည်။ ဤနှုန်းဖြင့် ဆက်လက်ပျံ့နှံ့ပါက သုံးနှစ်အတွင်း မြောက်ပိုင်းပြည်နယ်၏ အစားအစာပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

........

အခန်း (၅၁၈ )

မုယုံရွှီ၏ ဖိတ်ကြားချက် (၁)

စိုက်ပျိုးရေးကဏ္ဍသည် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး စက်မှုလုပ်ငန်းကဏ္ဍတွင်လည်း တိုးတက်မှု အချို့ကို စတင်တွေ့မြင်လာရသည်။ ယခုအခါ ယူမြို့တော်သည် စက်မှုမြို့တော်ကြီး တစ်ခုနီးပါး ဖြစ်လာခဲ့ပြီ။

ရထားလမ်းများ ပေါ်ပေါက်လာခြင်းကြောင့် ယူမြို့တော်နှင့် ရန်ခရိုင် အကြား ဆက်သွယ်မှုက ပိုမိုမြန်ဆန်လာခဲ့သည်။ ယူမြို့တော်မှ သာမန်ပြည်သူအချို့သည် ရန်ခရိုင်သို့ လာရောက်ရန် ဆန္ဒရှိလာကြပြီး ယင်းအချက်က ရန်ခရိုင်၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တစ်ဖန် အရှိန်မြှင့်တင်ပေးခဲ့သည်။

ထိုအချိန်တွင် လုချန်းက

“ကောင်းပြီ။ စိုက်ပျိုးရေးအကြောင်း ဒီလောက်ဆို လုံလောက်ပြီ။ တခြား တင်ပြစရာ ကိစ္စရှိသူတွေ ရှိသလား”

ဟု မေးလိုက်သည်။

ထိုအခါ မုချန်တိန်က ထရပ်၍

“မင်းသား။ ကျောက်နယ်စားမင်းသားက ရန်နယ်စားမင်းသားကို စစ်ပြုနေပါပြီ။ ကျွန်တော်တို့လည်း စောစောစီးစီး ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။”

ရှနိုင်ငံတော်၏ ပြည်တွင်းစစ်သည် လွန်ခဲ့သော တစ်လကတည်းက စတင်ခဲ့ပြီး ကျောက်နယ်စားက စစ်တပ်များကို စေလွှတ်၍ ရန်နယ်စားကို တိုက်ခိုက်ခဲ့သည်။ ရန်နယ်စား တုံ့ပြန်ရန် အချိန်မရလိုက်မီ သူ၏ နယ်မြေအများစုကို ကျောက်နယ်စားက သိမ်းပိုက်ခဲ့သည်။

ဤစစ်ပွဲတွင် ထူးဆန်းမှု အချို့ရှိသည်။ နန်းတွင်းက ဝင်ရောက်စွက်ဖက်ခြင်း မရှိပဲ သူတို့အချင်းချင်း တိုက်ခိုက်ခွင့် ပေးထားခြင်းဖြစ်သည်။ ဒေါသထွက်နေသော ရန်မင်းသားသည် ကျောက်ပြည်နယ်ကို ချေမှုန်းရန် မျှော်လင့်ချက်ဖြင့် ဟန်မင်းသားနှင့် မဟာမိတ်ပြုရန် ကြိုးစားနေသည်။

စစ်ပွဲတစ်ခု စတင်သည်နှင့် ရပ်တန့်ရန် မလွယ်ကူတော့ပေ။

ကျောက်နယ်စားက ရုတ်တရက် ရန်နယ်စားကို တိုက်ခိုက်ခြင်းသည် မင်းသားများ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ အနိုင်အရှုံးကို တိုက်ရိုက် ဆုံးဖြတ်ကာ ထီးနန်းကို လုယူလိုကြောင်း ညွှန်ပြနေသည်။

မင်းသားအများစုသည် နယ်စားများနှင့် ဆက်သွယ်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။ နယ်စားများ စိတ်လိုက်မာန်ပါလုပ်ဆောင်လာသည့်အခြေအနေက မင်းသားများအကြား သူသေကိုယ်သေ အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

မြောက်ပိုင်းနယ်စားမင်းသားအနေနှင့် ထိုနေရာကို လုယူလိုပါက တောင်ဘက်သို့ အမြန်ဆုံး ချီတက်ကာ အထွတ်အထိပ်နေရာကို ရယူပြီးမှ ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် လုပ်ဆောင်သင့်ကြောင်း မုချန်တိန်က ခံစားရသည်။

လက်ရှိအနေအထားအရ မြောက်ပိုင်းပြည်နယ်တစ်ခုတည်းသာ ရှနိုင်ငံတော်အတွင်းရှိ အခြားနယ်စားများကို နှိမ်နှင်းနိုင်စွမ်းရှိသည်။

နယ်စားများကို ဆက်လက်တိုက်ခိုက်ခွင့်ပြုပါက ရှနိုင်ငံတော်သည် သူတို့လက်ထဲတွင် ပျက်စီးသွားနိုင်၏။ ဒါက မြောက်ပိုင်းမင်းသားအတွက် ကောင်းသည့်အရာမဟုတ်ပေ။

သို့သော်...

တောင်ဘက်သို့သွားရန် နှောင့်နှေးနေပါက မြောက်ပိုင်းမင်းသား ဧကရာဇ်ဖြစ်လာသည့်အခါ ပြဿနာများစွာနှင့် မငြိမ်မသက် ဖြစ်နေသော တိုင်းပြည်ကိုသာ ရရှိမည်ဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသား ထိုနေရာကို လိုချင်ပါက အမြန်ဆုံးလှုပ်ရှားသင့်၏။ တောင်ဘက်သို့ အမြန်ဆုံးချီတက်ကာ အထွတ်အထိပ်နေရာကို ရယူပြီး ပြည်တွင်းစစ်ကို ငြိမ်းသတ်သင့်သည်ဟု မုချန်တိန် ခံစားရသည်။

ရှနိုင်ငံတော် ပျက်စီးသွားပါက ပြန်လည် တည်ဆောက်ရန် အချိန်နှင့် အားအင် ပိုမိုလိုအပ်မည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်မှာ အခြား နိုင်ငံများကို သိမ်းပိုက်ပြီး စည်းလုံးညီညွတ်သော အင်ပါယာကြီးတစ်ခုကို တည်ထောင်ရန် ဖြစ်သည်။ သူသည် ရှနိုင်ငံတော်ကို ပြန်လည် တည်ဆောက်ရာတွင် အချိန်နှင့် အားအင်ကို အသုံးပြုရပါက သူ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အတိုင်းအဆမရှိ ကြာမြင့်သွားလိမ့်မည်။

ဟုတ်ပါသည်။ ဒါက မုချန်တိန်၏ အတွေးသက်သက်သာဖြစ်သည်။

ထိုအချိန်တွင် လုချန်းက

“သူတို့ တိုက်ချင်ရင် တိုက်ကြပါစေ။ နန်းတွင်းစစ်တပ် ချီပြည်နယ်မှာ ရှိနေသရွေ့ ကျွန်တော်တို့ မလှုပ်ရှားပဲ ဇာတ်လမ်းကို ဆက်ကြည့်နေမယ်။”

လုချန်း ပြောသည်ကို ကြားပြီး လိယုရီက

“မင်းသား။ နေပြည်တော်ရဲ့ အခြေအနေက ပိုဆိုးလာနေပါပြီ။ မင်းသားတွေ ဆက်လက်တိုက်ခိုက်နေရင် ရှနိုင်ငံတော် ကွဲထွက်သွားနိုင်ပါတယ်။”

“ရှနိုင်ငံတော် ပြိုကွဲသွားရင် အနာဂတ်မှာ ပြန်လည် စည်းလုံးဖို့ ခက်ခဲလိမ့်မယ်။”

ထိုအခိုက်အတန့်တွင် လုချန်းသည် ခန်းမကြီး၏ ရှေ့တန်းတွင် ထိုင်နေသော ကျူးကဲ့ကျုံကောင်းကို လှည့်ကြည့်လိုက်သည်။

“ပညာရှိကြီးကော ဘယ်လိုထင်ပါလဲ။”

ကျူးကဲ့ကျုံကောင်းက

“မြောက်ပိုင်းပြည်နယ်အနေနဲ့ လက်နက်မစွဲကိုင်သင့်သေးဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ မင်းသားက ဧကရာဇ်ရဲ့ သားတော်ဖြစ်ပြီး ရှနိုင်ငံတော်ရဲ့ နယ်စားတစ်ဦး ဖြစ်တဲ့အတွက် ရှနိုင်ငံတော် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဝင်ရောက်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။”

“ဒါကြောင့် မင်းသားအနေနဲ့ နန်းတော်နဲ့ ရှနိုင်ငံတော်ရဲ့ နယ်စားတွေကို ကြေညာချက် ထုတ်ပြန်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မင်းသားရဲ့ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ကြေညာပြီးမှ တစ်နိုင်ငံလုံးက နယ်စားတွေ အနည်းငယ် ငြိမ်သက်သွားနိုင်ပါတယ်။”

လက်ရှိတွင် ရှနိုင်ငံတော်အတွင်းရှိ နယ်စားများ မည်သို့ပင် စစ်တပ်များကို တိုးချဲ့စေကာမူ သူတို့၏ စစ်အင်အားသည် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားကို မယှဉ်နိုင်ပေ။ မြောက်ပိုင်းနယ်စားမင်းသားက ရှေ့သို့တက်လာပြီး ခြိမ်းခြောက်စကားများ ပြောလိုက်ပါက နယ်စားအချို့ သဘောထားပျော့ပျောင်းသွားမည်မှာ အမှန်ပင်ဖြစ်သည်။

ခဏလောက် စဉ်းစားပြီးနောက် အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားရပြီး လုချန်းက

“ခဏနေရင် နန်းတွင်းကို တင်ပြဖို့ စာတမ်းတစ်ခု ရေးပါမယ်။”

“တခြား ပြောစရာ ကိစ္စရှိတဲ့သူတွေ ကျန်သေးလား။”

ထိုအချိန်တွင် လျှံဇွန်းက ထရပ်၍

“မင်းသား။ မြောက်ပိုင်းပြည်နယ်အတွင်းမှာ အင်ပါယာအသီးသီးက သူလျှိုတွေ ပိုပြီးခြေရှုပ်လာနေပါတယ်။ လက်ရှိရှိနေတဲ့ အထူးကိုယ်ရံတော် အင်အားအရေအတွက်နှင့် အခြားနိုင်ငံများက သူလျှိုတွေကို စောင့်ကြည့်ဖို့ မလုံလောက်တော့ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။ ဒါ့ကြောင့် အထူးကိုယ်ရံတော်တပ်ဖွဲ့ကို အင်အား ဆက်လက် တိုးချဲ့ဖို့ အကြံပြုလိုပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း ခဏမျှ ဇဝေဇဝါ ဖြစ်သွားသည်။ အထူးကိုယ်ရံတော် အင်အားကို အနည်းငယ် တိုးချဲ့ရုံ ဆိုပါက လျှံဇွန်းနှင့် ချင်ယူရှန်တို့တွင် အစီရင်ခံရန် မလိုပဲ ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ရှိသည်။

လျှံဇွန်း ကိုယ်တိုင်က အင်အားတိုးချဲ့ရန် အဆိုပြုနေပါက ဤကြိမ်တွင် အလွန်များပြားသော လူအင်အားကို စုဆောင်းရန် ရည်ရွယ်နေသည်ဟု ဆိုလိုသည်။ တိုးချဲ့မှုသည် သတ်မှတ်အတိုင်းအတာတစ်ခုထက် ကျော်လွန်မှသာ အစီရင်ခံရန် လိုအပ်မည်ဖြစ်သည်။

လုချန်း သတိပြန်ဝင်လာပြီး

“အထူးကိုယ်ရံတော်တပ့်ဖွဲ့မှာ လူဘယ်နှယောက် ခန့်ဖို့ စီစဉ်ထားလဲ”

ဟု မေးလိုက်သည်။

လျှံဇွန်းက

“ကျွန်တော့် ခန့်မှန်းချက်အရ အနည်းဆုံး လူတစ်သောင်း ခန့်ဖို့ လိုအပ်ပါတယ်”

ဟု ပြန်ဖြေလိုက်သည်။

လျှံဇွန်း၏ စကားကို ကြားသောအခါ ခန်းမကြီးအတွင်းရှိ ဝန်ကြီးအချို့၏ မျက်နှာများသည် ချက်ချင်း မှောင်သွားကြသည်။

လက်ရှိအထူးကိုယ်ရံတော်များသည် မြောက်ပိုင်းပြည်နယ်၏ ဝန်ကြီးများနှင့် ပြဿနာ မရှိသော်လည်း လူတိုင်းသိသည်မှာ အထူးကိုယ်ရံတော်များသည် မြောက်ပိုင်းနယ်စားမင်းသား၏ နောက်လိုက်ခွေးများဖြစ်ပြီး အချိန်တိုင်း သူတို့၏ စောင့်ကြည့်မှုကို ခံနေရသည်။

အထူးကိုယ်ရံတော်များ၏ အရေအတွက်သည် ယခင်ကတည်းက များပြားနေပြီဖြစ်ရာ ယခုတစ်သောင်းထပ်မံစုဆောင်းမည်ဆိုပါက သူတို့၏ ကိုယ်ရေးကိုယ်တာ အစီအစဉ်များကိုပင် မြောက်ပိုင်းနယ်စားမင်းသား သိရှိသွားမည်ကို အရာရှိများ စိုးရိမ်နေကြသည်။

ဝန်ကြီးများ၏ မြောက်ပိုင်းနယ်စားမင်းသားအပေါ် သစ္စာစောင့်သိမှုမှာ မေးခွန်းထုတ်စရာ မရှိသေးပေ။ သို့သော် သစ္စာစောင့်သိခြင်းက သူတို့တွင်ကိုယ်ပိုင် အကြံအစည်များ ကင်းမဲ့သည်ဟု မဆိုလိုပေ။ ထို့ပြင် သူတို့၏ အလုပ်ကိစ္စများကို လုပ်ဆောင်နေစဉ် အချိန်တိုင်း အစောင့်ကြည့်ခံနေရခြင်းက မသက်မသာ ခံစားရစေသည်။

လျှံဇွန်း၏ စကားများကို ကြားပြီးနောက် လုချန်း ခဏမျှ စဉ်းစားလိုက်သည်။ မိုးစက်ရဲတိုက်ကို အခြားနိုင်ငံများက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အောက်ရှိ အင်အားစုအဖြစ် ရှာဖွေတွေ့ရှိထားပြီး ဖြစ်သောကြောင့် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းခြင်းသည် ယခင်ကလို မလွယ်ကူတော့ပေ။

ကျွမ်းကျင်သူများ လုပ်ရမည့် အလုပ်ကို ကျွမ်းကျင်သူများကိုသာ ပေးအပ်သင့်သည်;။ မိုးစက်ရဲတိုက်၏ ထောက်လှမ်းရေး လမ်းကြောင်းများ အားလုံးကို အထူးကိုယ်ရံတော်တပ်သို့ လွှဲပြောင်းပေးကာ အခြားနိုင်ငံများမှ သတင်းအချက်အလက်များ စုဆောင်းခိုင်းခြင်းက ပို၍ ကောင်းမည် ဖြစ်သည်။

ထိုအချက်ကို ထည့်သွင်းစဉ်းစားပါက လူတစ်သောင်း ထပ်ခန့်ထားခြင်းသည် အမှန်တကယ်ပင် အလွန်အကျွံ မဖြစ်ပေ။

ထိုသို့တွေးပြီးနောက် လုချန်း

“သဘောတူတယ်”

ဟု ပြောလိုက်သည်။

လုချန်း၏ ခွင့်ပြုချက်ကို မြင်သောအခါ ခန်းမကြီးအတွင်းရှိ ဝန်ကြီးအချို့သည် စိတ်ဓာတ်ကျသွားသော်လည်း ဘာမှ မပြောဝံ့ကြပေ။

အထူးကိုယ်ရံတော်သည် မြောက်ပိုင်းနယ်စားမင်းသား၏ ခွေးများ ဖြစ်သည်။ ခွေးကို ရိုက်နှက်လိုပါက ပိုင်ရှင်ကို ထည့်သွင်းစဉ်းစားရမည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ခွေးများကို တိုက်ခိုက်ပါက သူတို့တွင် အခြား ရည်ရွယ်ချက်များ ရှိကြောင်း သွယ်ဝိုက် ဖော်ပြရာ ရောက်သည်။

ထိုအချိန်တွင် လုချန်းက လျှံဇွန်းအား

“အထူးကိုယ်ရံတော်တွေ ခန့်တဲ့အခါ ယူမြို့တော်က လူတွေကို တတ်နိုင်သမျှ ခန့်ပါ။”

လျှံဇွန်းက

“ဟုတ်ကဲ့။ နားလည်ပါပြီ။”

ယူမြို့တော်မှ လူများသည် မြောက်ပိုင်းနယ်စားမင်းသားအပေါ် အလွန် သစ္စာစောင့်သိကြသည်။ ထို့ကြောင့် သစ္စာစောင့်သိမှုကို အလေးထားရဆုံးသော အထူးကိုယ်ရံတော်တပ်အတွက် အသင့်တော်ဆုံး ဖြစ်သည်။

ထို့နောက် လုချန်းက ခန်းမကြီးကို တစ်ဖန် ပြန်လည် ဝေ့ကြည့်လိုက်ပြီး အခြားမည်သူမျှ ရှေ့သို့မထွက်လာသည်ကို မြင်လိုက်ရသည်နှင့်

“တခြား ကိစ္စမရှိဘူးဆိုရင် ဒီနေ့အတွက် ဒီမှာပဲ နိဂုံးချုပ်ကြရအောင်။”

ထို့နောက် လုချန်း ထရပ်လိုက်ပြီး သူ၏ လက်များကို ပုတ်ခါကာ နိုင်ငံရေးရာ ခန်းမမှ တိုက်ရိုက် ထွက်ခွာသွားသည်။

လုချန်း စာကြည့်ခန်းဆောင်၏ တံခါးဝသို့ ရောက်သောအခါ မင်းသားစံအိမ်မှ အစေခံတစ်ဦး သူ့ထံ အလျင်အမြန် ချဉ်းကပ်လာပြီး

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက

“ဘာကိစ္စလဲ။”

“ကျူးနိုင်ငံတော်က သံတမန်တစ်ဦး ဖိတ်စာတစ်စောင် ယူလာပါတယ်။ သုံးရက်မြောက်နေ့မှာ ပန်းတစ်ရာဥယျာဉ်မှာ ကျင်းပမယ့် ကဗျာရွတ်ပွဲအတွက် မင်းသားကို ဖိတ်ကြားထားတာပါ။”

ထို့နောက် အစေခံက ဖိတ်စာကို လုချန်းထံ ကမ်းပေးလိုက်သည်။

ဖိတ်စာကို လက်ခံယူလိုက်ပြီး ကြည့်လိုက်သောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွားသည်။

သူ့ကို ကဗျာရွတ်ပွဲသို့ ဖိတ်ကြားသူမှာ မုယုံရွှီ ဖြစ်သည်။ ကျူးနိုင်ငံတော်သည် ထပ်မံ စောင့်ဆိုင်းနိုင်တော့ပုံ မရတော့ပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်များကို စုံစမ်းနိုင်ရန်အတွက် သူ့နှင့် အမြန်ဆုံး ရင်းနှီးရန် မုယုံရွှီ ဆန္ဒရှိနေပုံ ရသည်။

ထို့နောက် အစေခံက ဆက်လက်၍

“ကျူးနိုင်ငံတော် သံတမန် လွှတ်လိုက်တဲ့ ဝန်ထမ်းဟာ မင်းသားရဲ့ အကြောင်းပြန်မှုကို သိရဖို့ စံအိမ်တံခါးမှာ စောင့်နေပါတယ်။ ကဗျာရွတ်ပွဲကို တက်ရောက်မှာလား မင်းသား။”

လုချန်းက

“ မုယုံမိန်းကလေးရဲ့ ကဗျာရွတ်ပွဲကို သေချာပေါက် တက်ရောက်မယ်လို့ ဝန်ထမ်းကို သွားပြောလိုက်ပါ။”

“ဟုတ်ကဲ့ပါ မင်းသား။”

“ခွင့်ပြုပါ မင်းသား။”

အစေခံမလေး ထွက်ခွာသွားသည်ကို ကြည့်ရင်း ကြည့်ရင်း မုယုံရွှီသည် သူ့ထံသို့ လာရောက်ရန် ဆန္ဒရှိနေပါက သူ့အနေဖြင့် သူမကို ဆွဲဆောင်ရန် အချိန်များများ မလိုအပ်တော့ဟု လုချန်းစဉ်းစားမိသည်။

...........

အခန်း (၅၁၉ )

လှနေသရွေ့ အသက်အရွယ်သည် ပြဿနာမဟုတ် (၁)

လုချန်းသည် သူ့လက်ထဲမှ ဖိတ်စာကို တစ်ချက် ကြည့်လိုက်ပြီး ထပ်မံ စဉ်းစားမနေတော့ပဲ စာကြည့်ခန်းဆီသို့ ဆက်လက် သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် စာကြည့်ခန်း၏ တံခါးဝတွင် လှပပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။ လင်ဝမ်ရွန်သည် အစိမ်းရောင်တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွယ်လျ‌သောခါး၊ ပြည်ဝ‌သော တင်ပါးတို့ဖြင့် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုကို ပြသနေသည်။

လင်ဝမ်ရွန်က သူ့ကို စာကြည့်ခန်းအဝင်ဝတွင် စောစောစီးစီး စောင့်ဆိုင်းနေသည်ကို မြင်သောအခါ လျှို့ဝှက်လဝန်းနန်းတော်မှ လှုပ်ရှားမှုအချို့ ရှိနေမည်ဟု လုချန်း ချက်ချင်း ခန့်မှန်းမိပြီး

“ဒေါ်လေးလင် ကျွန်တော့်ကို ရှာတာ ရွန်ရွန်ဆီက သတင်းရလို့လား”

ဟု ဦးစွာ မေးလိုက်သည်။

လုချန်းကို မြင်သောအခါ လင်ဝမ်ရွန်က ချက်ချင်းပင်

“ဟုတ်ပါတယ်။ သူက လျှို့ဝှက်လဝန်းနန်းတော်က တပည့်တစ်ယောက်ကို စာတစ်စောင် ယူလာခိုင်းပါတယ်။”

ထို့နောက် လုချန်းက စာကြည့်ခန်းတံခါးကို တွန်းဖွင့်ပြီး

“အထဲမှာ ပြောကြရအောင်။”

လင်ဝမ်ရွန် အလွန်အကျွံ မစဉ်းစားတော့ပဲ လုချန်းနောက်သို့ လိုက်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားသည်။

သူမ စာကြည့်ခန်းထဲ ခြေချသည်နှင့် လုချန်းက လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ထို့နောက် စာကြည့်ခန်း၏ တံခါးများနှင့် ပြတင်းပေါက်များ ပိတ်သွားပြီး သူတို့နှစ်ဦးတည်းသာ အခန်းထဲတွင် ကျန်ရစ်ခဲ့သည်။

လင်ဝမ်ရွန်၏ ရင်ထဲ၌ အနည်းငယ် တုန်ယင်သွားသော်လည်း သူမသည် လုချန်းနှင့် အရေးကြီးကိစ္စများ ဆွေးနွေးရန် ရောက်ရှိနေခြင်းဖြစ်သောကြောင့် ထိုကဲ့သို့သော ကိစ္စများလုပ်မည်မဟုတ်ဟု ယူဆပြီးအလွန်အကျွံ မစဉ်းစားတော့ပေ။

ထိုစဉ် သူမ ကိုင်ထားသော စာကို လုချန်းထံ ကမ်းပေးလိုက်သည်။

လုချန်းလည်း စာကို ယူကာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။

လင်ဝမ်ရွန်က

“ နန်းတော်သခင်မကြီးရဲ့ အင်အားက သိသိသာသာ ပြန်လည်ကောင်းမွန်လာပြီလို့ ရွန်ရွန်က ပြောတယ်။ မကြာခင် မြောက်ပိုင်းပြည်နယ်ကို သူရောက်လာလိမ့်မယ်။

နန်းတော်သခင်မကြီးဟာ ရုပ်ဖျက်နိုင်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ရုပ်ဖျက်တဲ့နည်းက တော်တော် အဆင့်မြင်ပါတယ်။ ဒီကမ္ဘာ‌ပေါ်မှာ သူ ရုပ်ဖျက်တာကို သိနိုင်တဲ့သူ တော်တော်ရှားပါတယ်။”

“ဒါကြောင့် လာမယ့်ကာလအတွင်းမှာ အပြင်မှာ လှပတဲ့ မိန်းမတွေ၊ အထူးသဖြင့် ထူးခြားတဲ့ အမူအရာရှိတဲ့ မိန်းမတွေကို တတ်နိုင်သမျှ မပတ်သက်မိအောင် ကြိုးစားပါ။ သူတို့ဟာ နန်းတော်သခင်မကြီး ဖြစ်နိုင်ခြေ အရမ်းများပါတယ်။”

စာအကြောင်းအရာကို ဖတ်ပြီး

လင်ဝမ်ရွန်၏စကားကိုလည်း ကြားပြီးနောက် လုချန်းက ပြုံးရင်း

“ကောင်းပါ ပြီ။ခဏတော့ အပြင်က မိန်းကလေးတွေနဲ့ မပတ်သက်‌တော့ပါဘူး။”

လုချန်း သဘောတူသည်ကို ကြားသောအခါ လင်ဝမ်ရွန်၏ စိတ်များ အနည်းငယ် ပြေလျော့သွားသည်။ လုချန်း ရုပ်ဖျက်ထားသော နန်းတော်သခင်မကို မတော်တဆ သွားရောက် ပတ်သက်မိမည်ကို သူမ စိုးရိမ်ခဲ့သည်။ ထိုသို့ ဖြစ်ခဲ့ပါက လုချန်းအတွက် ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်ရမည်သာမက ချန်ဝမ်ရွန်လည်း နောက်ပိုင်းတွင် တောင်ပေါ်မှ ဆင်းလာနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း လုချန်းသည် အပြင်မှ မိန်းမများနှင့် ပတ်သက်ခြင်းကို ခဏရပ်နားရန် သဘောတူခဲ့သော်လည်း သူ့တွင် မိန်းမ အများအပြား ရှိနှင့်ပြီး ဖြစ်သည်။

ထို့ကြောင့် နန်းတော်သခင်မ ရန်ခရိုင်သို့ ရောက်ရှိလာသောအခါ လုချန်းတွင် အမျိုးသမီးများစွာ ရှိနေသည်ကိုတွေ့ရှိပါက လုချန်းကို ကာမဂုဏ် လိုက်စားသူအဖြစ် ရှုမြင်ပြီး ချန်ဝမ်ရွန်၏ တစ်သက်တာ သစ္စာစောင့်သိမှုနှင့် မထိုက်တန်ဟု ယူဆကာ သူတို့နှစ်ဦးကြား ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်မည်ဆိုပါ ဘယ်လိုလုပ်မည်နည်း။

ထိုအချက်ကို စဉ်းစားမိသောအခါ လင်ဝမ်ရွန်၏ မျက်နှာတွင် စိုးရိမ်မှုအနည်းငယ် ပေါ်လာသည်။

ချန်ဝမ်ရွန်ထံမှ စာကို ဖတ်ပြီးနောက် လုချန်းက လင်ဝမ်ရွန်၏ မျက်နှာကို တစ်ဖန် ပြန်လည် စူးစိုက်ကြည့်လိုက်သည်။ လင်ဝမ်ရွန်၏ မျက်ခုံးများသည် အနည်းငယ် တွန့်နေပြီး တစ်စုံတစ်ရာကို စိုးရိမ်နေပုံ ရသည်။

လုချန်းက ပြုံးလျက်

“ဒေါ်လေးလင် ဘာကို စိုးရိမ်နေတာလဲ”

ဟု မေးလိုက်သည်။

လင်ဝမ်ရွန်က ပြန်ဖြေရန် ပြင်ဆင်နေစဉ် လုချန်းက သူ၏လက်ကိုဆန့်တန်းကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်သည်။ လင်ဝမ်ရွန် ခဏမျှ ကြောင်သွားပြီး ရုန်းကန်ရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် လုချန်းအား လိုက်လျောလိုက်သည်။

ထို့နောက် လင်ဝမ်ရွန်က

“နန်းတော်သခင်မကြီး ရန်ခရိုင်ကို ရောက်လာပြီး မင်းမှာ မိန်းမတွေ အများကြီး ရှိတာကို သိသွားရင် မင်းအပေါ် မကောင်းမြင်သွားမှာကို စိုးရိမ်တယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းနားတွင် သူ၏ မျက်နှာကို မှီကာ တီးတိုးပြောလိုက်သည်

“ကျွန်တော်က နယ်စားမင်းသားတစ်ပါးပါ။ ဇနီးမယား နည်းနည်းရှိတာ ဘာမှ မထူးဆန်းပါဘူး။ ရွန်ရွန်ရဲ့ ဆရာက ကျွန်တော်တို့ လောကီလူသားတွေရဲ့ ဓလေ့တွေကို နားလည်ပါလိမ့်မယ်။”

လင်ဝမ်ရွန်က

“မဖြစ်နိုင်ဘူး။ နန်းတော်သခင်မကြီးက ရွန်ရွန်ကို သူ့သမီးအရင်းလို သဘောထားတာ။ ရွန်ရွန်က မင်းရဲ့ မယားငယ်လေး တစ်ယောက်ပဲဆိုတာ သိသွားရင် သူတော်တော် ဒေါသထွက်နိုင်တယ်။”

လုချန်း၏ လက်ကြီးက လင်ဝမ်ရွန်၏ တင်ပါးများပေါ် တင်ထားပြီး ပြုံးလျက်

“ဒေါ်လေးလည်း ရွန်ရွန့်ကို သမီးအရင်းလို သဘောထားတာပဲ မဟုတ်လား။ ဒါတောင် နောက်ဆုံးမှာ ကျွန်တော့်ကို လက်ခံခဲ့တာပဲ”

ထိုသို့ပြောရင်း လုချန်း၏ လက်က စတင် လှုပ်ရှားလာသည်။

လင်ဝမ်ရွန်သည် သူမ၏ ခါးကို နောက်မှ ဖက်ထားသော အမျိုးသားကို ကြည့်ရန် ဦးခေါင်းကို အနည်းငယ် လှည့်ကာ

“ဘယ်သူက မင်းကို လက်ခံလို့လဲ။”

လင်ဝမ်ရွန်၏ မျက်နှာတစ်ပြင်လုံး နီရဲသွားပြီး ပါးပြင်များတွင် ပူလောင်လာသည်ကို ခံစားရကာ ခန္ဓာကိုယ်လည်း ပို၍ မငြိမ်မသက် ဖြစ်လာသည်။ ဒီလူဆိုး၏ ရှေ့မှောက်တွင် သူမ လုံးဝ မတတ်နိုင်တော့ပေ။

သူမနှင့် လုချန်း ပွေ့ဖက်တိုင်း သူက ထိုကဲ့သို့ အပြုအမူမျိုး ပြုလုပ်လေ့ရှိပြီး ယခုအခါ အကျင့်တစ်ခု ဖြစ်နေပြီဖြစ်သည်။ လုချန်းက သူမကို ပွေ့ဖက်သည်နှင့် သူမတွင် ချစ်ခင်လိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။

ထိုအချိန်တွင် လုချန်းက

“ရွန်ရွန်ရဲ့ ဆရာမကရက်အနည်းငယ်အတွင်း ရန်ခရိုင်ကို ရောက်လာတော့မယ်။ အဲ့ဒီနောက်ပိုင်း ကျွန်တော် သဘောရှိ ပျော်လို့ရတော့မှာ မဟုတ်ဘူး။”

“ အခွင့်ရှိတုန်း ပျော်လိုက်ကြရအောင်လား။”

ထိုသို့ ပြောရင်း လုချန်း၏ နှုတ်ခမ်းက လင်ဝမ်ရွန်၏ နားနားသို့ ကပ်ကာ လေပူတစ်ချက်ကို ညင်သာစွာ မှုတ်သွင်းလိုက်သည်။

“ ဘယ်လိုသဘောရလဲ ဝမ်ရွန်။”

လင်ဝမ်ရွန် ပြောရန် ပြင်ဆင်နေစဉ် လုချန်းက သူမ၏ နီရဲသော နှုတ်ခမ်းများကို စနမ်းလိုက်သည်။

“အင်း...”

လင်ဝမ်ရွန်သည် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ ဒီလူဆိုးလေး အခုတလော လေးနက်လာပြီး စာကြည့်ခန်းတွင် မကောင်းမှုများ မပြုလုပ်တော့ဟု သူမထင်ခဲ့မိသည်။ သို့သော် သူ လုံးဝမပြောင်းလဲသေးပါ။

လုချန်း၏ နမ်းရှုံ့မှုများသည် မကြာမီ လင်ဝမ်ရွန်၏ ခန္ဓာကိုယ်ကို ပျော့ပျောင်းသွားစေပြီး လုံးဝအားနည်းသွားစေသည်။ သူမ ခုခံနိုင်မည်မဟုတ်ကြောင်း သိသောကြောင့် လုချန်း၏ မကောင်းမှုများကို လိုက်လျောရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။

လုချန်းကတော့ ဝမ်ချင်းစီ ကိုယ်ဝန်ဆောင်ပြီးကတည်းက စာကြည့်ခန်းထဲမှာ မကောင်းမှု မလုပ်ဖြစ်တာ ကြာပြီဟု တွေးနေသည်။ ယခု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ စာကြည့်ခန်းအသစ်သည် အဟောင်းထက် များစွာ ပိုကျယ်ပြီး နေရာလွတ်များ ပိုမိုများပြားသောကြောင့် သူတို့ နှစ်သက်သလို ပျော်ပါးနိုင်သည်။

လုချန်းသည် လင်ဝမ်ရွန်ကို အမှန်တကယ် နှစ်သက်သည်။ ဤလှပသော အမျိုးသမီးသည် ခန္ဓာကိုယ် နူးညံ့ပြီး စိတ်သဘောထား ကောင်းမွန်သည့်အပြင် ပူးပေါင်းဆောင်ရွက်တတ်သူလည်း ဖြစ်သည်။

လုချန်း၏ စိတ်ထဲတွင် ချန်ဝမ်ရွန်၏ ဆရာမမည်သည့် ပုံပန်းသဏ္ဌာန် ရှိမည်ကို မသိမသာ တွေးနေမိသည်။ လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့၏ ပြောပြချက်များအရ ချန်ဝမ်ရွန်၏ ဆရာမသည်လည်း ပြိုင်ဘက်ကင်း မိန်းမလှတစ်ဦး ဖြစ်သည်။

သူတို့ နှစ်ဦးစလုံးက ထိုအမျိုးသမီး လှပသည်ဟု ပြောပါက သူမသည် အမှန်တကယ်ပင် ထူးထူးခြားခြား လှပနိုင်ပြီး အမှတ် ၉၀ အထက် ရရှိရန် ပြဿနာမရှိဟု ဆိုနိုင်သည်။

နောက်တစ်ဆင့်အနေဖြင့် ထို “စွမ်းအာရှင်” ၏ရှေ့မှောက်တွင် ကောင်းမွန်သော အထင်အမြင်ရရှိရန် မည်သို့လုပ်

သင့်‌ကြောင်း သူ စဉ်းစားသင့်သည်။

ထို “စွမ်းအားရှင်” ကို သိမ်းသွင်းနိုင်ပါက လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ပိုင်ဆိုင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဤနည်းဖြင့် ရန်သူတစ်ဦးကို ထပ်မံလျှော့ချနိုင်မည်ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်သည် ရှနိုင်ငံတော် နယ်မြေအတွင်းတွင် ရှိနှင့်ပြီး ဖြစ်သည်။ ဒီအတိုင်းဆက်သွားပါက အနာဂတ်တွင် သူ ရှနိုင်ငံတော်၏ ဧကရာဇ် ဖြစ်လာသောအခါ သူ့နှင့် လျှို့ဝှက်လဝန်းနန်းတော် အကြား စစ်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာသည်။

လျှို့ဝှက်လဝန်းနန်းတော်ကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ရှနိုင်ငံတော်တွင် တည်ရှိနေခြင်းသည် နိုင်ငံအတွင်း အခြားနိုင်ငံတစ်ခု ရှိနေခြင်းနှင့် တူညီ၏။ အဓိကအချက်မှာ သူတို့ကို ထိန်းချုပ်မရနိုင်သည့်အပြင် သူတို့က နိုင်ငံအတွင်း ထင်သလို လှုပ်ရှားနိုင်ခြင်း ဖြစ်သည်။

လုချန်းသည် သူ အုပ်ချုပ်သော နယ်ပယ်အတွင်း ထိန်းချုပ်မရနိုင်သော အင်အားစုများ တည်ရှိနေခြင်းကို လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။

သို့သော် သူ လျှို့ဝှက်လဝန်းနန်းတော်နှင့် ကြိုတင်၍ မိသားစုဆက်ဆံရေး တည်ဆောက်နိုင်ပါက အရာရာ ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

မိသားစုဝင်များ ဖြစ်လာပါက နှစ်ဖက်ခွဲခြားရန် မလိုတော့ပဲ လျှို့ဝှက်လဝန်းနန်းတော်သည် ရှနိုင်ငံတော်နယ်မြေအတွင်း၌ ဆက်လက်လှုပ်ရှားနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက လင်ဝမ်ရွန်ကို စားပွဲပေါ်တွင် ဖိချလိုက်ပြီး

“ရွန်ရွန့်ရဲ့ဆရာမက အခုဘယ်နှစ်နှစ်ရှိပြီလဲ” ဟု မေးလိုက်သည်။

လုချန်း၏ မေးခွန်းကို ကြားသောအခါ ဇဝေဇဝါ ဖြစ်နေသော လင်ဝမ်ရွန်လည်း အနည်းငယ် သတိပြန်ဝင်လာပြီး

“ဒေါ်လေးသေချာ မသိဘူး။”

“ဒါပေမဲ့... တခြားသူတွေ ပြောတာ ကြားဖူးတယ်... ... သူက တန်ခိုးရှင်တစ်ပါးလို ဖြစ်နေပြီ။ အနည်းဆုံး.... နှစ်ထောင်ပေါင်းများစွာ ရှိနေပြီထင်တယ်။”

လင်ဝမ်ရွန်၏ အဖြေကို လုချန်း ခဏမျှ စဉ်းစားလိုက်သည်။

နှစ်ထောင်ပေါင်းများစွာတဲ့လား။

ထားလိုက်ပါတော့....

နှစ်ထောင်းပေါင်းများစွာဆိုရင်လည်း....

လှပနေသရွေ့ အသက်အရွယ်သည် ပြဿနာ မဟုတ်ပေ။

............

All Chapters