အခန်း ၅၂၀-၅၂၂
Vol. 35 Ch. 520-522
အခန်း( ၅၂၀)
မုယုံရွှီ အကြံတောင်းခံခြင်း (၁)
ဝမ်ချင်းစီသည် ဗိုက်ပူကြီးနှင့် အစေခံမိန်းမတစ်ဦး၏ ဖေးမမှုဖြင့် စာကြည့်ခန်းတံခါးနားသို့ ရောက်လာသည်။ လုချန်းကို သူမ မကြာမီ မီးဖွားတော့မည်ဖြစ်ကြောင်း၊ မိုးစက်ရဲတိုက်ကို စီမံခန့်ခွဲရန် အချိန်မပေးနိုင်တော့သဖြင့် မင်းသားစံအိမ်ရှိ အခြားသူများထံ ယာယီလွှဲအပ်လိုကြောင်း ပြောရန် သူမလာခြင်းဖြစ်သည်။
သို့သော် စာကြည့်ခန်းတံခါးနားရောက်သည့်အခါ မျက်နှာနီရဲနေသည့် အစေခံမိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
“ဒေါ်လေးဝမ်။ မင်းသားနှင့် ဒေါ်လေးလင်တို့ အရေးကြီး အကြောင်းအရာတွေ ဆွေးနွေးနေကြပါတယ်။ အခုအချိန် အခြားသူတွေနဲ့ တွေ့ဆုံဖို့ အဆင်မပြေပါဘူး”
ထိုစကားကို ကြားသည်နှင့် ဝမ်ချင်းစီ အကြောင်းရင်းကို ချက်ချင်း နားလည်သွားသည်။
ကိုယ်ဝန်ရှိနေသော်လည်း ဝမ်ချင်းစီ၏ ဆွဲဆောင်မှုက မပျောက်သေးပေ။ သို့သော် ကိုယ်ဝန်ကြောင့် မိခင်စိတ်ဓာတ် ပိုမိုထင်ရှားလာပြီး လုချန်း၏ အပြုအမူများနှင့်ပတ်သက်၍ မနာလိုစိတ်များ မရှိတော့ပေ။
စာကြည့်ခန်းအတွင်းမှ မပီမသ အသံများကို နားထောင်ရင်း ဝမ်ချင်းစီက သူမ၏ ဗိုက်ကို ပွတ်သပ်ကာ ခေါင်းငုံ့ပြီး
“မင်းဖေဖေလို မဖြစ်ရဘူးနော်။ သူက တစ်နေ့လုံး မိန်းမတွေနားက မခွာနိုင်တဲ့ မကောင်းဆိုးဝါးကြီးပဲ။”
ထိုအချိန်တွင် လုချန်းသည် အလွန်အမင်း အလုပ်ရှုပ်နေပြီး အပြင်ထွက်၍ မရနိုင်တော့ပေ။ ဝမ်ချင်းစီ အပြင်ဘက်တွင် သူ့အား လာတွေ့သည်ကို သိသော်လည်း ယခုအချိန်တွင် ထွက်ခွာရန် နည်းလမ်းမရှိတော့ပေ။
ဝမ်ချင်းစီလည်း စာကြည့်ခန်းတံခါးနားတွင် ဆက်မစောင့်တော့ပဲ လုချန်း သူမရောက်နေသည်ကို သိပြီးဖြစ်၍ အလုပ်ပြီးလျှင် သူမထံ လာလိမ့်မည်ဟု ယူဆလိုက်သည်။
ဝမ်ချင်းစီ ထွက်ခွာသွားပြီးနောက် အချိန် မည်မျှကြာသွားခဲ့သည်ကို မသိနိုင်ပေ။ နောက်ဆုံးတွင် ဆံပင်ဖရိုဖရဲဖြစ်၍ စုတ်ပြဲနေသော အင်္ကျီကို ကိုင်ထားသော လင်ဝမ်ရွန် စာကြည့်ခန်းမှ ထွက်လာခဲသည်။
နောင်တွင် လုချန်းနှင့် ပတ်သက်လျှင် ပိုမိုသတိထားရမည်ဟု လင်ဝမ်ရွန် ခံစားမိသည်။ ကိစ္စရပ်များ ဆွေးနွေးရန် စာကြည့်ခန်းသို့ သွားခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။
စာကြည့်ခန်းသည် ကောင်းသောနေရာမဟုတ်ပေ။ အကြောင်းမှာ ယခင်မင်းသားစံအိမ်၏ စာကြည့်ခန်းတွင် ဝမ်ချင်းစီသည် နေ့တိုင်းလိုလို လုချန်းနှင့် ပျော်ပါးခဲ့ဖူးပြီး လုချန်းလည်း ထိုနေရာတွင် မကောင်းမှုများ ပြုလုပ်ရသည်ကို နှစ်သက်နေဟန် တူသည်။
လင်ဝမ်ရွန် ထွက်ခွာသွားပြီးနောက် လုချန်းက အစေခံကို ခေါ်၍ စာကြည့်ခန်းကို သန့်ရှင်းခိုင်းလိုက်သည်။ ထို့နောက် သူသည် စာကြည့်ခန်းအတွင်း၌ပင် ဆက်လက်နေကာ နန်းတွင်းသို့ စာတမ်းတစ်စောင် ရေးသားလိုက်သည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လုချန်းအတွက် သုံးရက်သည် မျက်စိတစ်မှိတ်မျှသာ ဖြစ်သည်။
ယနေ့သည် မုယုံရွှီ ပန်းတစ်ရာ ဥယျာဉ်တွင် ကဗျာရွတ်ပွဲ ကျင်းပသည့်နေ့ ဖြစ်သည်။ ပန်းဥယျာဉ်ထဲ၌ စာပေပညာရှင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
စာပေသမားများသည် မုယုံရွှီ စိတ်ဝင်စားစေရန် သူတို့၏ စာပေကျွမ်းကျင်မှုကို အမျိုးမျိုးပြသကြသည်။
မုယုံရွှီသည် ရန်ခရိုင်တွင် လပေါင်းများစွာ သံတမန်အဖြစ် နေထိုင်ခဲ့သော်လည်း လူအများစုက သူမသည် ကျူးဧကရီ၏ အနားရှိ အရေးပါသော ဝန်ကြီးဖြစ်ပြီး အယုံကြည်ရဆုံး လူယုံတော်ဖြစ်ကြောင်း၊ ဧကရီက အချိန်တစ်ခုတွင် ပြန်ခေါ်မည်ဖြစ်ကြောင်း သိထားကြသည်။
ထို့ပြင် စာပေပညာရှင် အများအပြားက မုယုံရွှီသည် ယောက်ျားများနှင့် ရောနှောနေထိုင်တတ်သော အမျိုးသမီးဖြစ်ပြီး ယွဲ့ဧကရာဇ်က ထို့ကြောင့် မြောက်ပိုင်းပြည်နယ်သို့ ပို့ခဲ့ကြောင်း ကြားဖူးကြသည်။
ယင်းအချက်က စာပေသမားအချို့အား မျှော်လင့်ချက် ပေးခဲ့သည်။ သူတို့၏ အမြင်တွင် မုယုံရွှီ၏ စိတ်ဝင်စားမှုကို ရရှိပါက သူမ၏ အထင်ကရ ဧည့်သည်တစ်ဦး ဖြစ်လာနိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ပန်းဥယျာဉ်ရှိ စာပေသမားများသည် ပို၍ပင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ကြသည်။
ထိုအချိန်တွင် အဖြူရောင်ပေါ် အနက်ရောင်အနားသတ် ဝတ်စုံ ဝတ်ဆင်ထားသည့် မုယုံရွှီသည် ပန်းတစ်ရာမျှော်စင်၏ ဒုတိယထပ်သို့ တက်လာကာ အောက်ဖက်ရှိ စာပေပညာရှင်များကို ဝေ့ကြည့်လိုက်သည်။
ယနေ့တွင်လည်း အမြဲတမ်းလိုပင် မုယုံရွှီ၏ ရိုးရှင်းပြီး ဆန်းကြယ်သော ဝတ်စုံသည် သူမ၏ အေးဆေး တည်ငြိမ်မှုနှင့် စာပေပါရမီကို မီးမောင်းထိုးပြနေသည်။ သူမ၏ အငွေ့အသက်သည် ဥယျာဉ်ထဲရှိ စာပေပညာရှင်အားလုံး၏ အကြည့်ကို ဆွဲဆောင်နေသည်။
ထိုအချိန်တွင် မုယုံရွှီက
“ကျွန်မ ကျင်းပတဲ့ ကဗျာရွတ်ပွဲကို လာရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲအတွက် အကြောင်းအရာတချို့ သတ်မှတ်ထားပြီး အားလုံးရဲ့ ကဗျာတွေကို အကဲဖြတ်ပေးဖို့ ကျွန်မက ကဗျာဘုရင် ဝေလီကို အထူး ဖိတ်ကြားထားပါတယ်”
ဟုကြေညာလိုက်သည်။
ထိုစကားကြောင့် ပရိသတ်အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
မုယုံရွှီက ဝေလီကို တကယ် ဖိတ်ကြားနိုင်မည်ဟု အများစုက မထင်ထားခဲ့ကြချေ။
ဝေလီသည် ကျူးကဲ့ကျုံကောင်းကဲ့သို့ပင် စာပေပညာရှင်အားလုံး၏ လေးစားအားကျမှုကို ခံရသူ ဖြစ်သည်။
ဝေလီ၏ ကဗျာများသည် သူ မကျော်ကြားမီက ရေးခဲ့သော ကဗျာများ ဖြစ်ပြီး လက်ရှိ
ဝေလီ၏ လက်ရာသစ်များမှာ လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
သို့သော် ဤအချက်က ပညာရှင်များ၏ စိတ်ထဲမှ ဝေလီ၏ မြင့်မြတ်သော ပုံရိပ်ကို မထိခိုက်စေနိုင်ပေ။
ထိုအခိုက်အတန့်တွင် ဆံဖြူ သက်ကြီးပိုင်း အမျိုးသားတစ်ဦး မုယုံရွှီထံ ချဉ်းကပ်လာရာ ပရိသတ်အကြား ထပ်မံ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ဆရာကြီးဝေလီ အစစ်ပဲ”
“ဆရာကြီးဝေလီက ဒီလို ပုဂ္ဂလိကစီစဉ်တဲ့ ကဗျာပွဲမျိုးကို တက်ရောက်တာ ပထမဆုံးအကြိမ်ပဲ။”
“အံ့ဩစရာပဲ”
“မုယုံရွှီက ဆရာကြီးဝေလီကိုတောင် ဖိတ်နိုင်တယ်ဆိုတာ ဘယ်သူထင်ထားမှာလဲ။ ဆရာကြီးက ကျူးနိုင်ငံတော်မှာ နေဖို့ ဆုံးဖြတ်လိုက်ပြီလား။”
“ဆရာကြီးက အရင်က ဘယ်နိုင်ငံမှာမှ မနေဘူးလို့ ပြောခဲ့တာမဟုတ်လား။”
“ဘယ်သူသိနိုင်မှာလဲ။ ခရီးတွေထွက်ပြီး ပင်ပန်းနေလို့ တစ်နေရာရာမှာ နားချင်နေတာလည်း ဖြစ်နိုင်တာပဲ။”
လူများ ဆူဆူညံညံ ဆွေးနွေးနေစဉ် ဆံဖြူလူကြီးက မုယုံရွှီအား
“မုယုံမိန်းကလေး။ မြောက်ပိုင်းနယ်စားမင်းသားက ဒီလို ပွဲမျိုးကို တကယ်လာမှာလား။”
မုယုံရွှီက ပြုံးလိုက်ပြီးနောက်
“မြောက်ပိုင်းနယ်စားမင်းသားက ကတိပေးထားပါတယ်။ ဒီနေ့ မုချလာမှာပါ။”
ဝေလီက
“ဒါဆို ကျွန်တော့်ကိစ္စကို မိန်းကလေးဆီပဲ အပ်နှံလိုက်ပါတယ်။”
မုယုံရွှီက
“ဆရာကြီး စိတ်ချပါ။ ကျွန်မ ဆရာကြီးကျူးရဲ့ ကိစ္စတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ အကောင်းဆုံး ကြိုးစားပါမယ်။”
ဝေလီနှင့် ကျူးကဲ့ကျုံကောင်းတို့သည် စာပေပညာရှင်များ၏ ရင်ထဲတွင် မြင့်မြတ်သော တောင်နှစ်လုံးသဖွယ် ရှိနေပြီး ကျူးကဲ့ကျုံကောင်း၏ နာမည်ကျော်ကြားမှုက ဝေလီကို အမြဲတမ်း လွှမ်းမိုးထားသည်။
ဝေလီသည် ဆယ်စုနှစ်များစွာ ကျူးကဲ့ကျုံကောင်းထက် နိမ့်ကျနေခြင်းကို မလိုလားခဲ့ပေ။ ထို့ကြောင့် သူသည် နည်းလမ်းပေါင်းစုံဖြင့် သာလွန်ရန် ကြိုးစားခဲ့သော်လည်း သူ ဘာပဲလုပ်လုပ် ကျူးကဲ့ကျုံကောင်းသည် လူတို့၏ ရင်ထဲတွင် စာပေဘုရင်အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။
...........
အခန်း( ၅၂၁ )
မုယုံရွှီ အကြံတောင်းခံခြင်း (၂)
ကျူးကဲ့ကျုံကောင်း ရှေ့မှောက်တွင် “ကဗျာဘုရင်” ဟူသော ဘွဲ့အမည်သည် သူ့အတွက် ရယ်စရာသက်သက်သာ ဖြစ်နေသည်။ နောက်ပိုင်းတွင် ဝေလီ လည်း လက်လျှော့ခဲ့ရပြီး လွန်ခဲ့သောနှစ်များအတွင်း နိုင်ငံအသီးသီးကို လှည့်လည်ကာ ကျူးကဲ့ကျုံကောင်းထက် စောစီးစွာ အောင်မြင်ရန် နည်းလမ်းများရှာဖွေနေခဲ့သည်။
သို့သော် ကျူးကဲ့ကျုံကောင်းက တစ်ဖန် သူ့ထက် စောပြီး အောင်မြင်မှုရရှိခဲ့ကာ ဝေလီ၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ နှစ်ဦးစလုံးသည် စာပေလမ်းကြောင်းမှ တဆင့် လောကသဘာဝတရားကို နားလည်ရန် ကြိုးစားသူများ ဖြစ်သောကြောင့် ဝေလီသည် ကျူးကဲ့ကျုံကောင်းနှင့် အမြဲယှဉ်ပြိုင်လေ့ရှိသည်။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားခြင်းကို သူ လက်မခံနိုင်ခဲ့ပေ။
သို့သော် မကြာသေးမီက ကျူးကဲ့ကျုံကောင်းသည် အမှန်တကယ် အောင်မြင်ခြင်း မရှိဘဲ “အရိပ်အယောင် ကောင်းကင်လူသားအဆင့်” သို့သာ ရောက်ရှိကြောင်း ကောလာဟလများ ကြားသိရသဖြင့် ဝေလီ၏ မျှော်လင့်ချက်များ ပြန်လည်နိုးကြားလာခဲ့သည်။ ထိုအချိန်တွင် မုယုံရွှီ က ဝမ်လီအား ကဗျာရွတ်ပွဲသို့ ဖိတ်ကြားလာခဲ့သည်။ မုယုံရွှီ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီး ဝေလီသည် သူမအား အသုံးပြု၍ မြောက်ပိုင်းနယ်စားမင်းသား ထံမှ ကျူးကဲ့ကျုံကောင်း၏ အခြေအနေအမှန်ကို စုံစမ်းရန် ကြံစည်ခဲ့သည်။ ကျူးကဲ့ကျုံကောင်း အမှန်တကယ် ကောင်းကင်လူသားအဆင့်သို့ ရောက် မရောက် သူသိလိုစိတ် ပြင်းပြနေသည်။
မကြာမီ ကဗျာရွတ်ပွဲ စတင်ခဲ့သည်။ မုယုံရွှီ၏ စိတ်ဝင်စားမှုကို ရရှိရန် ပန်းတစ်ရာ ဥယျာဉ်သို့ ရောက်ရှိလာသော စာပေပညာရှင်များသည် သူတို့၏ စွမ်းရည်များကို အပြည့်အဝ ပြသရန် ကြိုးစားခဲ့ကြသည်။
သို့သော် မုယုံရွှီသည် ဒုတိယထပ်တွင် ထိုင်နေရင်း သူတို့ဘက်သို့ အာရုံမရှိပဲ လုချန်း လာရောက်ပါ့မလားဟု စိုးရိမ်နေခဲ့သည်။ ကဗျာရွတ်ပွဲ တစ်ဝက်လောက် ရောက်သောအခါ လုချန်း ရောက်လာမည်ဟု သူမယုံကြည်ထားခဲ့သော်လည်း ယခုအချိန်ထိ မ ပေါ်လာသေးသဖြင့် သူမစိတ်ပူပန်လာခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက သူလာရောက်မည်ဟု အာမခံခဲ့သော်လည်း အဘယ်ကြောင့် ဤမျှနောက်ကျနေရသနည်း။
မြောက်ပိုင်းပြည်နယ်တွင် အရေးကြီးသော အခြေအနေတစ်ခု ဖြစ်နေလို့လား သို့မဟုတ် ပြဿနာ တစ်စုံတစ်ရာ ရှိနေ၍လား။
ထိုအချိန်တွင် မုယုံမိန်းကလေး၏ မျက်နှာ မကျေမနပ် ဖြစ်နေသည်ကို မြင်သောအခါ ပန်းတစ်ရာ ဥယျာဉ်ရှိ စာပေပညာရှင်များက သူတို့ စွမ်းဆောင်မှု ညံ့ဖျင်း၍ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု ထင်မှတ်သွားကြသည်။
မုယုံရွှီသည် ပေါ့ပေါ့ပျက်ပျက် နေတတ်သူဖြစ်ပြီး အမျိုးသားအဖော်များကို နှစ်သက်သည်ဟူသော ကောလာဟလများ ရှိနေသော်လည်း သူမ၏ မြင့်မားသော ဂုဏ်အဆင့်အတန်းအရ သူမ အာရုံစိုက်သည့် ယောက်ျားများမှာ ထူးချွန်သူများ ဖြစ်မည်မှာ သေချာသည်။ သဘာဝအားဖြင့် သူမ၏ စံနှုန်းများမှာ အထူးမြင့်မားမည် ဖြစ်သည်။
မုယုံရွှီ ပြုံးစေရန် ပန်းတစ်ရာ ဥယျာဉ်မှ စာပေသမားများ ပို၍ကြိုးစားလာကြသည်။ အချိန်မည်မျှ ကြာသွားသည်မသိ မုယုံရွှီသည် အားသွန်ခွန်စိုက် စွမ်းဆောင်ပြနေကြသော စာပေသမားအဖွဲ့ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
ကဗျာရွတ်ပွဲ ပြီးဆုံးခါနီးသော်လည်း မြောက်ပိုင်းနယ်စားမင်းသား မရောက်သေးပေ။ ဒီနေ့တော့ သူလာတော့မည် မဟုတ်ဟု ထင်ရသည်။
မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်လိုပါက အခြားအခွင့်အရေးတစ်ခု ရှာဖွေရမည်ဖြစ်သည်။
ထိုအချိန်တွင် သူမနံဘေးမှ ဝေလီက
“မုယုံမိန်းကလေး ဒီနေ့ ခန့်မှန်းတာ လွဲခဲ့သလိုပါပဲ။”
ဝေလီစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပန်းတစ်ရာဥယျာဉ်၏ ဝင်ပေါက်မှ အသံတစ်ခု ကြားလိုက်ရသည်။
“မင်းသားရောက်ရှိပါပြီ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဥယျာဉ်အတွင်းရှိ လူအားလုံး ခဏခန့် ရပ်တန့်သွားကြသည်။
မင်းသား....
မြောက်ပိုင်းပြည်နယ်တွင် “မင်းသား” ဟု တိုက်ရိုက်ခေါ်ဆိုခံရသူမှာ မြောက်ပိုင်းနယ်စားမင်းသားတစ်ဦးတည်းသာ ဖြစ်သည်။ အကယ်၍ အခြားမင်းသားများ လာရောက်ပါက “ချီမင်းသား ရောက်ရှိပါပြီ” စသဖြင့် သူတို့၏ ဘွဲ့အမည်ဖြင့် ခေါ်ဆိုကြသည်။
မြောက်ပိုင်းနယ်စားမင်းသားသည် အမြဲအလုပ်များနေသူ မဟုတ်လား။
မြောက်ပိုင်းပြည်နယ်ကို အုပ်ချုပ်နေခြင်း သို့မဟုတ် သူ၏ စံအိမ်အတွင်း၌သာ အပျော်အပါး လိုက်စားနေတတ်သည်။
အဘယ်ကြောင့် ယခုလို ကဗျာရွတ်ပွဲကို စိတ်ဝင်စားသွားပြီး တက်ရောက်ရန် ဆုံးဖြတ်ခဲ့ရသနည်း။
ထို့ပြင် ကဗျာရွတ်ပွဲ ပြီးဆုံးခါနီးပြီ ဖြစ်သောကြောင့် မြောက်ပိုင်းနယ်စားမင်းသား နောက်ကျမှ ရောက်လာခြင်းက ဘာအဓိပ္ပာယ်ရှိသနည်း။
မကြာမီ အဖြူရောင်ဝတ်စုံဖြင့် အနောက်တွင် ဆံပင်စည်းထားသော လူတစ်ဦး ပန်းတစ်ရာဥယျာဉ်အတွင်းသို့ ဝင်ရောက်လာသည်။
လုချန်း ရောက်ရှိလာသည်ကို မြင်ရသောအခါ မုယုံရွှီ စိတ်သက်သာရာရသွားသည်။ ယနေ့ သူ ရောက်လာတော့မည် မဟုတ်ဟု သူမ ထင်နေခဲ့သည်။
လုချန်း ပန်းဥယျာဉ်ထဲသို့ ဝင်ရောက်သည်နှင့် အစေခံမိန်းမတစ်ဦး သူ့ထံ အလျင်အမြန် ချဉ်းကပ်လာပြီး
“မင်းသား။ ကျွန်မတို့ သခင်မက မင်းသားကို ဒုတိယထပ် ကြွဖို့ ဖိတ်ခေါ်ပါတယ်။”
ဤစကားကို ကြားသောအခါ လုချန်း ဒုတိယထပ်သို့ မော့ကြည့်လိုက်တော့ မုယုံရွှီက သူ့ကို ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ ပန်းဥယျာဉ်အတွင်းရှိ စာပေသမားများ ချက်ချင်း မကျေမနပ် ဖြစ်သွားကြသည်။ သူတို့သည် မုယုံရွှီကို ပြုံးစေရန် အချိန်ကြာမြင့်စွာ ကြိုးစားခဲ့သော်လည်း သူမ မပြုံးခဲ့ပေ။
သို့သော် မြောက်ပိုင်းနယ်စားမင်းသား ရောက်ရှိလာသည်နှင့် ဘာမှမလုပ်စရာမလိုပဲ သူ၏ တစ်ချက်တည်းသော အကြည့်ဖြင့် မုယုံရွှီ၏ မျက်နှာတွင် အပြုံးပေါ်လာခဲ့သည်။
ထို့နောက် လုချန်းလည်း အစေခံမိန်းမနှင့်အတူ ဒုတိယထပ်သို့ လိုက်ပါသွားသည်။
ဒုတိယထပ်သို့ ရောက်သည်နှင့် မုယုံရွှီက ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး
“မြောက်ပိုင်းနယ်စားမင်းသားကို ကြိုဆိုပါတယ်”
ဝေလီကလည်း
“ မြောက်ပိုင်းနယ်စားမင်းသားကို ဂါရဝပြုပါတယ်”
ဟု နောက်မှ လိုက်ပါ ဂါရဝပြုလိုက်သည်။
လုချန်းက ခေါင်းညိတ်ပြီး
“ဓလေ့ထုံးစံတွေ မလိုပါဘူး။”
ထို့နောက် လုချန်းက ပြုံးလျက်
“နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် မုယုံမိန်းကလေး။ မင်းသားစံအိမ်မှာ ကိစ္စအချို့ရှိလို့ နောက်ကျသွားတာပါ။ စိတ်ထဲ မထားဘူးလို့ မျှော်လင့်ပါတယ်”
မုယုံရွှီက
“စိတ်ထဲ မထားပါဘူး။ မင်းသား ကျွန်မ ကျင်းပတဲ့ ကဗျာရွတ်ပွဲကို တက်ရောက်ပေးတာကိုပဲ ကျွန်မ အလွန် ဂုဏ်ယူမိပါတယ်။ ဘယ်လိုများ စိတ်အနှောင့်အယှက် ဖြစ်ရမှာလဲ။”
မုယုံရွှီ၏ စကားများ ရပ်တန့်သွားသည်နှင့် ဥယျာဉ်အောက်မှ အမျိုးသားတစ်ဦးက မအောင့်နိုင်တော့ပဲ ဒုတိယထပ် လှေကားထစ်ပေါ်ရှိ လုချန်းအား တိုက်ရိုက် မေးလိုက်သည်။
“မင်းသားရဲ့ စာပေပါရမီက နက်နဲပြီး ကဗျာနဲ့ စာပေမှာ နှံ့စပ်တယ်လို့ ကြားဖူးပါတယ်။ ဒီနေ့ မင်းသားရဲ့ ထူးချွန်မှုကို ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့် ရနိုင်မလား။”
ထိုစကားကို ကြားသောအခါ မုယုံရွှီက လုချန်းအတွက် ပြောရန် ပြင်ဆင်နေသော်လည်း လုချန်းက
“စာပေပါရမီ နက်နဲတယ်။”
“ဘယ်သူက ကျွန်တော့်ကို စာပေပါရမီ နက်နဲတယ်လို့ ပြောတာလဲ။”
“ကျွန်တော် သိရသလောက်တော့ သာမန်လူတွေအတွက် ကျွန်တော်ဟာ အမြဲတမ်း ပညာမရှိပဲ အပျော်အပါးပဲ လိုက်စားနေတဲ့သူ မဟုတ်လား။”
...........
အခန်း (၅၂၂)
မုယုံရွှီ အကြံတောင်းခံခြင်း (၃)
လုချန်း၏ စကားများကြောင့် ခုနက ပြောခဲ့သူလည်း တုံ့ပြန်စရာ စကားမဲ့သွားသည်။
ထိုအချိန်တွင် အခြားအမျိုးသားတစ်ဦးက
“ဒီနေ့က မုယုံမိန်းကလေး ကျင်းပတဲ့ ကဗျာရွတ်ပွဲမှာ မင်းသားလည်း ပါဝင်လာပြီဆိုတော့ မင်းသားပါ ကဗျာတစ်ပုဒ် ရေးစပ်ပေးပါလား။”
လူများက မြောက်ပိုင်းမင်းသားသည် စာပေဗဟုသုတကင်းမဲ့သူဟု ထင်မြင်နေကြသည်။ သူဘယ်လိုလုပ် ကဗျာဖွဲ့နိုင်မည်နည်း။ မြောက်ပိုင်းနယ်စားမင်းသား ကဗျာရေးစပ်နိုင်ခြင်း မရှိပါက သို့မဟုတ် အဓိပ္ပာယ်မရှိသော အရာတစ်ခုကို ရေးလိုက်ပါက မုယုံရွှီ၏ သူ့အပေါ် သဘောထားပြောင်းလဲသွားနိုင်သည်။
လူများ ထိုသို့တွေးနေစဉ် လုချန်းသည် မျက်နှာတွင်အပြုံးတစ်ခု ပေါ်လာပြီး
“ကျွန်တော် ဒီနေ့ ကဗျာညီလာခံကို တက်ရောက်တာ ကဗျာရေးစပ်ဖို့ မဟုတ်ပါဘူး။”
ထို့နောက် အခြားနိုင်ငံများမှလူများက “မင်းသားက ကဗျာညီလာခံကိုတက်ရောက်ပြီး ကဗျာမစပ်ဘူးဆိုရင် ဘာအတွက်လာတာလဲ”
ဟု မေးလိုက်သည်။
ထိုမေးခွန်းကိုကြားလိုက်ရသည်နှင့် လုချန်းသည် မုယုံရွှီကို လှည့်ကြည့်ကာ
“အရက်သမား အဖိုးအိုရဲ့ စိတ်ဝင်စားမှုက အရက်မှာ မဟုတ်ဘူး။ မိန်းမပျိုရဲ့ ရင်ခွင်မှာပါ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ပန်းတစ်ရာဥယျာဉ်ရှိ လူတိုင်း ချက်ချင်း ဒေါသထွက်သွားကြသည်။ သူတို့လည်း မုယုံရွှီအတွက် လာခဲ့ကြသော်လည်း အနည်းဆုံးတော့ ယဉ်ကျေးမှုကို လိုက်နာခဲ့ကြပြီး သူတို့၏ အတွင်းစိတ်များကို တိုက်ရိုက် မပြောဆိုခဲ့ကြပေ။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား ရောက်လာသည်နှင့် ထိုသို့သော စကားများကို ပြောဆိုလိုက်သည်။
ရိုင်းစိုင်းလိုက်တာ။ တကယ် ရိုင်းတာပဲ။
မြောက်ပိုင်းမင်းသားရိုင်းပျသော်လည်း သူ့ကိုနှင်ထုတ်သော စကားမျိုး မပြောရဲကြပေ။ အကြောင်းမှာ ဤနေရာသည် မြောက်ပိုင်းမင်းသား၏နယ်မြေဖြစ်ပြီး မင်းသားသည် သဘောထားပျော့ပျောင်းသူ မဟုတ်ပေ။ စာပေပညာရှင်များသည် သူတို့၏ ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်သည်။
လုချန်းက
“ကောင်းပြီ။ ကျွန်တော်ကတော့ ပွဲတော်ကို လာရောက် ခံစားတာပါ။ ခင်ဗျားတို့ ကဗျာရွတ်ပွဲကို ဆက်လုပ်ပါ”
ဟု ပြောလိုက်သည်။
လုချန်း၏ စကားများကို ကြားပြီးနောက် မုယုံရွှီက စတင်၍
“နောက်တစ်ခုက ‘နှင်း’ ကို အဓိကထားပြီး ကဗျာတစ်ပုဒ် ရေးစပ်ပါ”
ဟု ပြောလိုက်သည်။
မုယုံရွှီ၏ အသံ ရပ်တန့်သည်နှင့် စာပေသမားများ ဆက်လက်၍ ကဗျာရေးစပ်ကြသည်။ မြောက်ပိုင်းနယ်စားမင်းသား ရှိနေခြင်းသည် အနည်းငယ် အနှောင့်ယှက်ဖြစ်သော်လည်း သူတို့ ဆက်လက် လုပ်ဆောင်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။
သူတို့၏အမြင်တွင် မုယုံရွှီ မြောက်ပိုင်းနယ်စားမင်းသားအား ပြုံးပြခြင်းမှာ သူသည် မြောက်ပိုင်းပြည်နယ်၏ အရှင်သခင်ဖြစ်သောကြောင့်သာဖြစ်သည်။ သူ၏ ကိုယ်ပိုင် နယ်မြေတွင် မြောက်ပိုင်းနယ်စားမင်းသားအား ယဉ်ကျေးစွာ ဆက်ဆံခြင်းမှာ နားလည်နိုင်စရာ ဖြစ်သည်။
ထို့ပြင် မုယုံရွှီ ကဗျာရွတ်ပွဲကို မြောက်ပိုင်းနယ်စားမင်းသားအားကို ဖိတ်ကြားခြင်းမှာ ပွဲ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် သက်သက်သာ ဖြစ်သည်။ သူမ၏ ရင်ထဲတွင် မြောက်ပိုင်းနယ်စားမင်းသားအပေါ် ချစ်ခင်မြတ်နိုးမှု မရှိဟု ယုံကြည်ထားကြသည်။
မြောက်ပိုင်းနယ်စားမင်းသားကဲ့သို့ ရိုင်းပျသူတစ်ဦးသည် ပညာတတ် မုယုံရွှီ၏ နှလုံးသားကို ဘယ်လိုဖမ်းစားနိုင်မည်နည်း။ သူတို့ အတွေးလွန်နေကြခြင်းသာ ဖြစ်သည်။
ထိုသို့တွေးမိပြီး စာပေသမားများ စိတ်သက်သာရာရသွားကာ ကဗျာရွတ်ပွဲကို ဆက်လက်ကျင်းပကြသည်။
ဤသို့ဖြင့် ကဗျာရွတ်ပွဲ အလျင်အမြန် ပြီးဆုံးသွား၏။ စာပေသမားများအတွက် စိတ်ပျက်စရာကောင်းသည်မှာ မုယုံရွှီက မည်သူ့ကိုမှ သီးသန့်ဖိတ်ခေါ်တွေ့ဆုံမှု မရှိခြင်းပင်။
တစ်ချိန်တည်းမှာပင် လုချန်းကို တတိယထပ်ရှိ အခန်းတစ်ခန်းသို့ ဖိတ်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မုယုံရွှီ တတိယထပ်သို့ မရောက်သေးသဖြင့် လုချန်းက အခန်းထဲတွင် ထိုင်ကာ အခန်း၏အပြင်အဆင်များကို ကြည့်ရှုနေခဲ့သည်။
အခန်းထဲတွင် ပန်းပင်မျိုးစုံတို့ဖြင့် ပြည့်နှက်နေပြီး နံရံများတွင် မင်ရေးပန်းချီနှင့် စာလုံးရေးသားမှုများ အများအပြား ချိတ်ဆွဲထားကာ အခန်းတစ်ခုလုံးတွင် စာပေအနုပညာရသ၏ ရနံ့များ ပျံ့နှံ့နေသည်။
လုချန်းသည် စားပွဲဘေးတွင် သွားထိုင်လိုက်ပြီး နောက်ခဏအကြာတွင် အစေခံမိန်းမတစ်ဦး ရေနွေးအိုးတစ်လုံးနှင့် အခန်းထဲသို့ ဝင်လာသည်။ လုချန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက်
“ ခဏစောင့်ပေးပါ မင်းသား ။ကျွန်မတို့ သခင်မ ရေချိုးနေပါတယ်။ မကြာပါဘူး”
လုချန်းက ပြုံးပြလိုက်ကာ
“မင်းတို့သခင်မကို အေးအေးဆေးဆေး ရေချိုးခိုင်းလိုက်ပါ။ အလျင်လိုစရာ မရှိပါဘူး”
အစေခံမိန်းမလည်း
“ဟုတ်ကဲ့ မင်းသား။”
“ကျွန်မကို ခွင့်ပြုပါ”
ဟု ဆိုကာ ထွက်ခွာသွားသည်။
အစေခံ ထွက်သွားပြီးနောက် လုချန်းက သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို ကြည့်ကာ ဤခွက်ထဲတွင် တစ်စုံတစ်ရာ ပါဝင်နေသည်ဟု သံသယရှိမိသည်။
မဆိုင်းမတွပင် လုချန်းက လက်ဖက်ရည်ခွက်ကို ကောက်ယူကာ မော့ချလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ အတွင်းအားများအားလုံး ချက္ကရ ထဲသို့ စုစည်းသွားသည်ကို ခံစားရပြီး သူခုနက သောက်လိုက်သော ရေများမှာလည်း လျင်မြန်စွာ အငွေ့ပျံသွားသည်။
လုချန်းသည် ဆေးဝါးများ၏ ပါဝင်ပစ္စည်းများကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာနိုင်ပြီ ဖြစ်သဖြင့် ယင်းသည် ကာမအားတိုးဆေးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ဤဆေးကို သောက်မိပါက မည်သည့်ယောက်ျားမဆို မိမိကိုယ်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
မုယုံရွှီသည် သူ့အား သူမ၏အလှနှင့် တိုက်ရိုက်ဖမ်းစားမည့် အစီအစဉ်ရှိပြီး ယင်းအတွက် သူမကိုယ်သူမ စတေးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ခဏအကြာတွင် မုယုံရွှီသည် အခန်းထဲသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် လုချန်းသည် ပန်းချီကားတစ်ချပ်ကို ကြည့်နေပြီး တံခါးဖွင့်သံကြားသည်နှင့် မုယုံရွှီကို လှည့်ကြည့်လိုက်သည်။
မုယုံရွှီက အရင်ကအတိုင်းပင် အဖြူပေါ်တွင် အနက်ရောင်အနားသတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အေးစက်သော အငွေ့အသက်ကို ထိန်းသိမ်းထားသည်။
လုချန်း ပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေသည်ကို မြင်သောအခါ မုယုံရွှီက ပြုံးလျှက်
“မင်းသားလည်း ရှေးဟောင်းပန်းချီကားတွေကို နှစ်သက်ပါသလား”
ဟု မေးလိုက်သည်။
လုချန်းက
“နှစ်သက်တယ်လို့ မဆိုနိုင်ပေမဲ့ နည်းနည်းတော့စိတ်ဝင်စားမိတယ်”
ဟု ပြန်ပြောလိုက်သည်။
ထို့နောက် လုချန်းက
“ မုယုံမိန်းကလေး ကျွန်တော့်ကို ကဗျာရွတ်ဆိုပွဲ ဖိတ်တာ အကြောင်း တစ်ခုခုတော့ ရှိမှာပေါ့။”
ထိုမေးခွန်းကို ကြားသောအခါ မုယုံရွှီက ခပ်ရေးရေးပြုံးလိုက်ပြီး
“မင်းသားက မြောက်ပိုင်းပြည်နယ်မှာ ကလေးတွေအားလုံး စာဖတ်တတ်အောင်၊ စာရေးတတ်အောင် အားပေးနေတယ်လို့ ကြားမိပါတယ်။ ဒါကြောင့် မင်းသားက ကဗျာနဲ့စာပေကို နှစ်သက်သူလို့ ယူဆတာပါ။”
လုချန်းက ရယ်မောပြီး
“ကျွန်တော် မုယုံမိန်းကလေးကို စိတ်ပျက်အောင် လုပ်မိပြီထင်တယ်။”
ထို့နောက် လုချန်းက
“ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ကဗျာနဲ့စာပေကို သိပ်စိတ်မဝင်စားပေမဲ့ စာလုံးရေးသားတာကိုတော့ စိတ်ဝင်စားမိပါတယ်။”
စကားအဆုံးတွင် လုချန်းသည် အခန်းထဲတွင် ချိတ်ဆွဲထားသော စာလုံး တစ်ခုဆီသို့ ချဉ်းကပ်သွားသည်။
ထို့နောက် မုယုံရွှီလည်း လုချန်း၏ ဘေးနားသို့ လျှောက်လာကာ သူ့ရှေ့ရှိ စာလုံးကို တစ်ချက်ကြည့်ပြီး
“မင်းသား ဒီစာလုံးကို သဘောကျရင် မင်းသားကို လက်ဆောင်ပေးလိုက်ရမလား” ဟု မေးသည်။
လုချန်းက
“ဒီလိုလက်ဆောင်မျိုးကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။”
မုယုံရွှီက
“မင်းသား အားနာနေဖို့ မလိုပါဘူး။ ကျွန်မက ရန်ခရိုင်မှာ မင်းသားရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ရရှိနေတာပါ။ စာလုံးတစ်ခု ဘာမှ မဟုတ်ပါဘူး။”
လုချန်းက
“ဒါဆို ကျေးဇူးတင်ပါတယ်”
ထိုအချိန်တွင် မုယုံရွှီက တစ်စုံတစ်ခုကို သတိရသလိုဖြင့်
“မင်းသားက စာလုံးတွေကို နှစ်သက်တယ်ဆိုရင် မင်းသားရဲ့ လက်ရေးလည်း အထူးခြားဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ မင်းသား ကျွန်မအတွက် စာတစ်လုံး ရေးပေးဖို့ တောင်းဆိုချင်ပါတယ်”
လုချန်းက
“ပြဿနာမရှိပါဘူး”
မုယုံရွှီက
“ဒါဆို ကျွန်မကိုယ်တိုင် မင်းသား အတွက် မင်ကြိတ်ပေးပါမယ်”
ဟု ဆိုကာ အခန်းထဲရှိ စားပွဲသို့ သွားပြီး လုချန်းအတွက် မင်ကြိတ်ရန် စတင်သည်။ သူမ အနည်းငယ် ကိုင်းညွှတ်လိုက်သောအခါ လုချန်းဘက်မှကြည့်လျှင် မုယုံရွှီ၏ တင်ပါးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဤမြင်ကွင်းကို မြင်ရသောအခါ လုချန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ မုယုံရွှီသည် ယောက်ျားတစ်ဦးကို မည်သို့ ဆွဲဆောင်ရမည်ကို အမှန်ပင် ကျွမ်းကျင်ပုံရသည်။
.............