← Chapters

အခန်း ၅၂၃-၅၂၅

Vol. 35 Ch. 523-525

အခန်း ၅၂၃-၅၂၅

Vol. 35 Ch. 523-525

အခန်း( ၅၂၃)

ကောင်းကင်ဘုံသည် လုံ့လရှိသူကို ဆုချ၏

ဝမ်ချင်းစီနှင့်မတူ မုယုံရွှီ မတူပါ။ ဝမ်ချင်းစီ၏ မြူစွယ်ပုံက အလွန်တိုက်ရိုက်ဆန်သည်။ သူမ၏ ခန္ဓာကိုယ်ကို ပြသခြင်း သို့မဟုတ် လုချန်းကို ထိတွေ့ခြင်းများ ပြုလုပ်တတ်သည်။

သို့သော် မုယုံရွှီကတော့ ကွဲပြားသည်။ သူမက ပို၍ ထိန်းထိန်းသိမ်းသိမ်း နေတတ်ပြီး ပညာတတ်ဆန်သည့် အငွေ့အသက်နှင့်ပေါင်းစပ်လိုက်သောအခါ သူမ၏ ပုံရိပ်တစ်ခုလုံးမှာ အိမ်ထောင်မပြုရသေးသော ပညာတတ်အမျိုးသမီးတစ်ဦး၏ ပုံရိပ်ဖြစ်လာသည်။

ထို့အပြင် မုယုံရွှီသည် လုချန်းကို တိုက်ရိုက်မြှူဆွယ်ခြင်း မရှိပဲ အချို့‌သော လှုပ်ရှားမှုများမှတစ်ဆင့် ဆွဲဆောင်ခဲ့သည်။ ထိုကဲ့သို့ မထိတထိ ပုံစံသည် အမျိုးသားများကို အမှန်တကယ် စွဲမက်စေနိုင်သည်။

ခဏမျှ မှင်ကြိတ်ပြီးနောက် မုယုံရွှီက မတ်မတ်ရပ်ကာ လုချန်းကို လှည့်ကြည့်၍

“ မှင်အဆင်သင့်ဖြစ်ပါပြီ မင်းသား။ ကျေးဇူးပြုပြီး ရေးပေးပါဦး။”

ထို့နောက် လုချန်းလည်း စာရေးစားပွဲဆီသို့ သွားကာ မုယုံရွှီကမ်းပေးသော စုတ်တံကိုယူ၍

“ကောင်းကင်ဘုံသည် လုံ့လရှိသူကို ဆုချ၏” ဟူသော စာသားကို စက္ကူဖြူပေါ်တွင် စောင်းစောင်းငဲ့ငဲ့ ရေးချလိုက်သည်။

ထိုစာလုံးလေးလုံးကို မြင်သောအခါ မုယုံရွှီ တအံ့တဩ ဖြစ်သွားသည်။ လုချန်း၏ လက်ရေးသည် ဤမျှလောက် ဆိုးဝါးလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

သူမ မှတ်မိသလောက် မြောက်ပိုင်းပြည်နယ်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးစဉ်က ကုန်သွယ်ရေးစာချုပ်ပေါ်တွင် လုချန်း ရေးခဲ့သောနာမည်က ဒီလောက် မဆိုးခဲ့ပေ။

ဆိုးရွားနေသော်လည်း မုယုံရွှီက တိုက်ရိုက်ပြောမည် မဟုတ်သည်မှာ သေချာသည်။ သူမ ပြုံးလျှက်

“မင်းသားရဲ့ လက်ရေးက တကယ်ကို ထူးခြားပါပေတယ်။”

လုချန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး မုယုံရွှီဘက်သို့ လှည့်ကာ

“ကျွန်တော့်လက်ရေးက တကယ်စုတ်တယ်လို့ ပြောချင်နေတာ မဟုတ်လား”

ဟု မေးလိုက်သည်။

မုယုံရွှီက ချက်ချင်းပင်

“မင်းသား အတွေးလွန်နေတာပါ။ ကျွန်မမျက်စိထဲမှာတော့ မင်းသားရဲ့ လက်ရေးက အမှန်တကယ်ကို ထူးခြားပါတယ်။”

လုချန်းက စားပွဲပေါ်တွင် သူရေးခဲ့သော စာလုံးလေးလုံးကို ပြန်ကြည့်ပြီးနောက် စက္ကူကို လက်ဖြင့် ပွတ်သပ်၍

“ဒီစက္ကူက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က လုပ်တာ ဖြစ်ရမယ်။ နည်းနည်းကြမ်းတယ်။ ကျွန်တော်က စက္ကူကြမ်းပေါ်မှာ ရေးရင် စာလုံးတွေက သိပ်မလှဘူး။”

လုချန်း သူမအထင်သေးသွားမှာ စိုးရိမ်နေသည်ဟု မုယုံရွှီက ထင်မှတ်လိုက်သည်။

“ဒါ ကျွန်မအမှားပါ။ နောက်တစ်ကြိမ် မင်းသားကို စာရေးခိုင်းရင် မင်းသားစံအိမ်ရဲ့ စက္ကူထက် ပိုချောတဲ့စက္ကူကို ပြင်ဆင်ထားပါ့မယ်။”

လုချန်းက

“ခင်ဗျား ကျွန်တော့်စကားကို နားလည်မှုလွဲနေပြီ။ ဒီလောကမှာ လုံးဝချောမွေ့တဲ့ စက္ကူဆိုတာ နည်းနည်းပဲ ရှိပါတယ်။ ကျွန်တော်ပြောတဲ့ ချောမွေ့တယ်ဆိုတာ မိန်းကလေးတစ်ဦးရဲ့ အသားအရေလို ချောမွေ့တာကို ဆိုလိုတာပါ။ ကျွန်တော်က အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ပေါ်မှာ ရေးရတာကို ပိုသဘောကျတယ်။ အဲဒီလိုရေးရင် ကျွန်တော်ရေးတဲ့ စာလုံးတွေက ပိုပြီးလှလာလို့ပါ။”

လုချန်း၏ စကားကို ကြားသောအခါ မုယုံရွှီ ခဏခန့် ကြောင်သွားသည်။

သူမ၏ မြှူဆွယ်မှု မစသေးခင်မှာပင် လုချန်းက သူမကို စတင် အရိပ်အမြွက် ပြောလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ခဏမျှ တွေဝေပြီးနောက် မုယုံရွှီက “မင်းသားရဲ့ အလှပဆုံး စာလုံးတွေက ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးချင်ပါတယ်။”

ထိုသို့ပြောရင်း မုယုံရွှီ၏ အကြည့်က လုချန်းအပေါ်တွင် စူးစိုက်သွားသည်။

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလျှက်

“ဒါဆိုရင် ခင်ဗျားလို အသားအရေချောမွေ့တဲ့ မိန်းကလေးတစ်ဦးကို ရှာရပါလိမ့်မယ်။”

မုယုံရွှီက ပြုံးလျှက်

“ကျွန်မဆိုရင် သင့်တော်မလား။”

လုချန်းက မုယုံရွှီကို တစ်ချက်ကြည့်လိုက်ပြီး

“အဲဒါက သိပ်တော့ မသင့်တော်ဘူးထင်တယ်။ မုယုံမိန်းကလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။”

မုယုံရွှီက ပြုံးလျှက်

“မင်းသား ဒီလောက်အထိ စဉ်းစားပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းသား ကျွန်မအကြောင်း ကြားဖူးမှာပါ။ လူတွေရဲ့အမြင်မှာ ကျွန်မက ယောင်္ကျားလေးအချစ်‌ တော်တွေ မွေးရတာ ကြိုက်တဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ ဒီလိုကိစ္စမျိုး ပျံ့သွားရင်တောင် ထူးဆန်းတယ်လို့ ထင်ကြမှာ မဟုတ်ပါဘူး။”

“ဒါပေမဲ့ တခြားတစ်ဖက်ကကြည့်ရင် ဒါပေါက်ကြားသွားခဲ့ရင် မင်းသားရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမှာ မဟုတ်ဘူးလား။”

ထို့နောက် မုယုံရွှီက စိန်ခေါ်သံပါသည့်အသံဖြင့်

“မင်းသားက ကျွန်မရဲ့ခန္ဓာပေါ်မှာ ရေးဖို့ ကြောက်နေတာလား။ ဂုဏ်သတင်းအတွက် စိုးရိမ်နေတာလား။”

“ဒါဆိုရင်တော့ ကျွန်မ မင်းသားကို ဒုက္ခမပေးတော့ပါဘူး။”

လုချန်းက သူ့ဘာသာသူ ရယ်မောလိုက်ပြီး ဤမိန်းမသည် စိန်ခေါ်မှုနည်းလမ်းကို အသုံးပြုကာ သူမ၏ ဖဲချပ်များကို ကောင်းစွာကစားတတ်သည်ဟု တွေးမိလိုက်သည်။

ထို့နောက် လုချန်းက

“ကောင်းပြီ။ မုယုံမိန်းက‌လေး မကြောက်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဝမ်းမြောက်ဝမ်းသာ လိုက်လျောပါ့မယ်။”

ထိုသို့ပြောပြီး လုချန်းက စုတ်တံကို ပြန်ကောက်ကိုင်လိုက်ပြီး မုယုံရွှီကို

“မုယုံမိန်းကလေး ထိုင်လိုက်ပြီး ခြေသလုံးကို ဖော်ပေးပါ။”

ထိုစကားကို ကြားသောအခါ မုယုံရွှီက တွန့်ဆုတ်ခြင်းမရှိပဲ အခန်းထဲရှိ သစ်သားခုံပေါ်တွင် ထိုင်လိုက်ကာ သူမ၏ အဖြူရောင်ပန်းထိုးဖိနပ်များကို ချွတ်ပြီး နူးညံ့သိမ်မွေ့သော ခြေထောက်များကို ထုတ်ပြလိုက်ကာ အဖြူရောင်အဝတ်ကို ဖြည်းဖြည်းချင်း မတင်လိုက်ပြီး သူမ၏ ဖြူစင်ချောမွတ်သော ခြေသလုံးကိုပါ ထုတ်ပြလိုက်သည်။

ထိုလှုပ်ရှားမှုတစ်ခုတည်းကပင် လုချန်းကဲ့သို့ စိတ်မခိုင်သော အမျိုးသားအများစုကို ထိန်းချုပ်မှုပျောက်စေကာ မုယုံရွှီအား ခုန်အုပ်ပစ်ရန် လှုံ့ဆော်နိုင်သည်။

ပြောရမည်ဆိုလျှင် မုယုံရွှီ၏ အသေးစိတ်အချက်များကို နားလည်မှုက အံ့သြဖွယ်ကောင်းသည်။ ဤအပြုအမူသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းလား သို့မဟုတ် သူမ၏ သဘာဝအတိုင်း ပြုမူနေခြင်းလားဟု အခုလုချန်း မသေချာတော့ပေ။

မုယုံရွှီသည် သူမ၏ ဖြူစင်ချောမွတ်သော ဘယ်ဘက်ခြေသလုံးကို ထုတ်ပြပြီးနောက် နားရွက်ဘေးရှိ ဆံပင်ကို ဖြည်းညှင်းစွာ သပ်တင်လိုက်ကာ လုချန်းကို ကြည့်ပြီး

“မင်းသား။ အဆင်သင့်ဖြစ်ပါပြီ။ စရေးနိုင်ပါပြီ။”

လုချန်းက သူ့ကိုယ်သူ စိတ်ငြိမ်အောင် အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး

“ ခွင့်လွှတ်ပါ မုယုံမိန်းကလေး။”

သူပြောပြီးသည်နှင့် မုယုံရွှီ၏ ခြေထောက်ပေါ်တွင် ရေးရန် အဆင်သင့်ဖြစ်နေသော်လည်း သူမ၏ခြေထောက်သည် ကွေးနေသည်။ ထို့ကြောင့် သူက ခုံတစ်လုံးယူပြီး သူမရှေ့တွင် ထားလိုက်သည်။

“ ခြေထောက်ကို မြှောက်ပေးပါ မုယုံမိန်းကလေး။”

မုယုံရွှီက

“ကျွန်မဘယ်လိုထားရမှန်း မသိဘူး။ မင်းသားပဲ ကျွန်မခြေထောက်ကို ‌နေရာချပေးပါလား။ အဲဒီလိုဆိုရင် မင်းသား ပိုပြီး သက်သောင့်သက်သာ ရေးနိုင်မှာပေါ့”

လုချန်း သူ့ဘာသာသူ ရယ်မောမိသည်။ သူ၏ စနစ်မှ မုယုံရွှီ၏ ကိုယ်ရေးအချက်အလက်တွေကို မသိနိုင်ခဲ့ပါက သူမ အမျိုးသား အချစ်တော်တွေ အများကြီးထားနေကျဟု အမှန်တကယ် ယုံကြည်မိမည် ဖြစ်သည်။

ထို့နောက် လုချန်း တွန့်ဆုတ်မနေတော့ပေ။ လက်လှမ်းလိုက်ပြီး မုယုံရွှီ၏ သွယ်လျသော ခြေကျင်းဝတ်ကို ကိုင်ပြီး ခြေထောက်ကို မြှောက်ကာ ခုံပေါ်တွင် ခြေသလုံးကိုဖြောင့်တန်းစွာ ထားလိုက်သည်။

မုယုံရွှီ၏ ခြေဖဝါးများသည် အလွန်နူးညံ့သိမ်မွေ့ပြီး ချောမွေ့ကာ အရောင်တင်ထားသော အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြစ် နေသည်။

သို့သော် ဤအရာက လုချန်းကို စိတ်လှုပ်ရှားစေခြင်း မရှိပေ။ သူဒါမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးဖြစ်၏။ မုယုံရွှီ၏ ခန္ဓာကိုယ်သည် သူ့အတွက် ဆွဲဆောင်မှုရှိသော်လည်း သူသည် မိန်းမလှများနှင့် နေ့စဉ်အချိန်ကုန်ဆုံးနေသူဖြစ်သဖြင့် စိတ်ထိန်းချုပ်မှု အလွန်ကောင်းသည်။

ထို့နောက် လုချန်း စုတ်တံကို မြှောက်လိုက်ပြီး မုယုံရွှီ၏ ခြေထောက်ပေါ်တွင် စတင်ရေးသားတော့သည်။

စုတ်တံ၏ ထိပ်ဖျား မုယုံရွှီ၏ ခြေထောက်ကို ထိမိသောအခါ သူမ ရုတ်တရက် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားရပြီး ညည်းသံသဲ့သဲ့ ထွက်သွားသည်ကို မထိန်းချုပ်နိုင်ခဲ့ချေ။

ထိုအသံကို ကြားသောအခါ လုချန်းက ချက်ချင်း ရေးသားခြင်းကို ရပ်တန့်ကာ

“ဘာဖြစ်သွားတာလဲ”

ဟု စိုးရိမ်စွာ မေးလိုက်သည်။

မုယုံရွှီက

“ဘာမှမဖြစ်ပါဘူး မင်းသား။ ဆက်ရေးလို့ရပါတယ်။”

ထိုစကားကို ကြားပြီးနောက် လုချန်းလည်း စာလုံးရေးသားခြင်းကို ဆက်လုပ်တော့သည်။

ရုတ်တရက် သူမ၏ခြေထောက်မှ ယားယံပြီး ထုံကျင်သော ခံစားမှုတစ်ခု ပျံ့နှံ့လာသည်ကို မုယုံရွှီ ခံစားလာရသည်။ ဤခံစားမှုသည် အလွန်ထူးဆန်းသည်။

ကံကောင်းထောက်မစွာပင် လုချန်းက အတိုချုံးသာ ရေးခဲ့ပြီး အချိန်မကြာခဲ့ပေ။

လုချန်း ရပ်တန့်လိုက်‌တော့မှ မုယုံရွှီ နောက်ဆုံးတွင် သက်သောင့်သက်သာ ရှိသွားသည်။ အကြောင်းမှာ ခုနက ခံစားမှုသည် သူမ၏ကို အလွန်အမင်း ညှဉ်းဆဲခဲ့သောကြောင့် ဖြစ်သည်။

သူမ ငုံ့ကြည့်လိုက်သောအခါ လုချန်းရေးထားသော “ကောင်းကင်ဘုံက

လုံ့လရှိသူကို ဆုချ၏” ဟူသော စာလုံးလေးလုံးကို တွေ့မြင်ရသည်။

မုယုံရွှီကို အံ့အားသင့်စေသည်မှာ လုချန်း စောနက ပြောခဲ့သော စကားများသည် အမှန်တကယ်ဖြစ်နေခြင်း ဖြစ်သည်။ သူယခုရေးသားထားသော စာလုံးများသည် အလွန်သေသပ်ပြီး ဆွဲဆောင်မှုရှိသည်။ သူမ၏ခြေထောက်သည် ပြန့်ပြူးနေခြင်းမရှိသော်လည်း လုချန်း၏ လက်ရေးသေသပ်မှု ကို မထိခိုက်စေခဲ့ပေ။

မြောက်ပိုင်းနယ်စားမင်းသားက သူမကို အစကတည်းက ကြိုတင်ကြံစည်နေခဲ့တာလားဟု မုယုံရွှီ စတင်တွေးတောမိသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် စာရွက်ပေါ်တွင် တမင်တကာ မလှအောင် ရေးပြီးမှ သူမရဲ့ ကိုယ်ပေါ်မှာ ရေးဖို့ အကွက်ဆင်ခဲ့တာများ ဖြစ်နေမလား။

ထိုစဉ် လုချန်းက မုယုံရွှီကို ပြုံးလျှက်

“ကျွန်တော် အခုတစ်ခါ ရေးလိုက်တဲ့ စာလုံးတွေကို ဘယ်လိုမြင်လဲ မုယုံမိန်းကလေး။”

မုယုံရွှီက ပြုံးလျှက်

“မင်းသား ပြောတာ တကယ်မှန်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မ မင်းသားကို အထင်သေးမိပါတယ်။”

လုချန်းက သက်ပြင်းတစ်ချက်ချကာ “ခြေသလုံးပေါ်မှာပဲ ရေးခဲ့ရတာ နှမြောစရာပဲ။ အဲ့ဒီမှာ အသားသိပ်မရှိဘူး။ ပြီးတော့ သိပ်လည်း မပြန့်ဘူး။ ဒါကြောင့် စာလုံးတွေက နည်းနည်း စောင်းနေသေးတယ်။”

ထိုစကားကို ကြား‌သောအခါ မုယုံရွှီ တစ်ခုခုနားလည်သလို ဖြစ်သွားသည်။ သူမက သူမ၏အဝတ်ကို ဆက်တင်လိုက်ပြီး

“ ပေါင်မှာက အသားပိုများပါတယ် မင်းသား။ ပေါင်မှာ ရေးကြည့်ရင်ကော ဘယ်လိုလဲ။”

လုချန်းက ခဏခန့် အံ့အားသင့်ဟန်ဆောင်လိုက်ပြီး

“ဒါက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား။”

မုယုံရွှီက

“ကျွန်မလို မိန်းမသားကတောင် ဂရုမစိုက်တာ။ မင်းသားက စိုးရိမ်နေတာလား။”

သူတို့ စကားပြောနေကြစဉ် မုယုံရွှီသည် သူမ၏ အဝတ်ကို ပေါင်ရင်းအထိ မတင်လိုက်ပြီး သူမ၏ရှည်လျားဖြူစင်သော ခြေထောက်များကို လုချန်းရှေ့တွင် ဖော်ပြလိုက်သည်။

ဒီမိန်းမ တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲဟု လုချန်း၏ စိတ်ထဲတွင် တွေးလိုက်ပြီး

“ကောင်းပါပြီ။ ကျွန်တော် ဆက်ရေးပါ့မယ်”

ခဏနားပြီးနောက်

“ဒါပေမဲ့ ဒီတစ်ခါ ဘာရေးရမလဲ။ ‘ကောင်းကင်ဘုံသည် လုံ့လရှိသူကို ဆုချ၏’ လို့ပဲ ထပ်ရေးရမလား။”

မုယုံရွှီက

“မင်းသား ကြိုက်တာ ရေးလို့ရပါတယ်”

လုချန်းကဆက်၍

“မုယုံ မိန်းကလေးက ဘယ်လို စာလုံးတွေကို မြင်ချင်လဲ”

ဟု မေးလိုက်သည်။

မုယုံရွှီက

“မင်းသား ကြိုက်တာ အားလုံး အဆင်ပြေပါတယ်။ ကျွန်မရဲ့ သဘောထားကို ထည့်မတွေးပါနဲ့။”

မုယုံရွှီ ထိုသို့ပြောပြီးသည်နှင့် လုချန်းလည်း မနှောင့်နှေးတော့ပဲ ချက်ချင်းပင် စုတ်တံကိုကောက်ယူကာ စရေးလိုက်သည်။

လုချန်း၏ စုတ်တံက သူမ၏ အသားကို ထိသည်နှင့် ယခင်ခံစားချက်ကို မုယုံရွှီ ခံစားရပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ပိုမိုပြင်းထန်သည်။ ပေါင်သည် အာရုံခံနိုင် စွမ်းမြင့်မားသော အာရုံကြော များစွာရှိသည့်နေရာဖြစ်သောကြောင့် စုတ်တံ၏ထိတွေ့မှုသည် သူမ၏ဦးနှောက်သို့ တိုက်ရိုက်ရောက်ရှိသွားစေပြီး သူမ၏စိတ်ကို ထိန်းချုပ်ရန် ခက်ခဲလာစေသည်။

ကံကောင်းထောက်မစွာဖြင့် လုချန်းက ဤတစ်ကြိမ်တွင်လည်း စာလုံးလေးလုံးသာ ရေးသားခဲ့သည်။ သို့သော် ဤစာလုံးလေးလုံးကို ရေးသားခြင်းက မုယုံရွှီအတွက် အဆုံးမရှိ ကြာမြင့်သည်ဟု ခံစားရသည်။

လုချန်း ရေးသားပြီးသောအခါ မုယုံရွှီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ အေးစက်သော မျက်နှာတွင် နီမြန်းနေသည့် အရိပ်အယောင်ကို သတိပြုမိသည်။ အမျိုးသမီးအများအပြားနှင့် ထိတွေ့ဆက်ဆံဖူးသူတစ်ဦးအနေနှင့် သူမအား အဘယ်အရာက လွှမ်းမိုးနေသည်ကို လုချန်း သိလိုက်သည်။

ရေးသားနေစဉ်တွင် သူသည် စုတ်တံဖျား၌ အတွင်းအား အနည်းငယ် ထည့်သွင်းထားခဲ့သည်။ ယင်းသည် မုယုံရွှီ၏ခြေထောက်နှင့် ထိတွေ့သောအခါ သူမ၏အာရုံခံနိုင်စွမ်းရှိသော အာရုံကြောများကို ပို၍လှုံ့ဆော်ပေးခဲ့သည်။

ထို့နောက် လုချန်းက စိုးရိမ်တကြီးဖြင့်

“မုယုံမိန်းကလေး အဆင်ပြေရဲ့လား”

မုယုံရွှီက

“ကျွန်မ အဆင်ပြေပါတယ်”

ဟု ပြန်ဖြေသည်။

လုချန်းက

“တကယ်လား။ ခင်ဗျား မျက်နှာက အတော်လေး နီရဲနေတယ်။”

မုယုံရွှီက

“မင်းသား စိတ်ပူစရာ မလိုပါဘူး။ ကျွန်မ အဆင်ပြေပါတယ်။ အခန်းက နည်းနည်းပူနေလို့ ဖြစ်ပါလိမ့်မယ်”

လုချန်းက

“အဆင်ပြေရင် ပြီးတာပါပဲ။”

“ ကျွန်တော် ခုတစ်ခါ ရေးထားတဲ့ စာလုံးတွေကို ကြည့်ပါဦး မုယုံမိန်းကလေး။”

ထိုစကားကို ကြားလိုက်ရသည်နှင့် မုယုံရွှီက သူမ၏ပေါင်ပေါ်ရှိ စာလုံးလေးလုံးကို အနည်းငယ်ငုံ့ကြည့်လိုက်သည်။

ထိုစာလုံးလေးလုံးကို ကြည့်ရှုရင်း တစ်ခုခုထူးခြားသည်ဟု သူမ ခံစားလိုက်ရသည်။

လုချန်း၏လက်ရေး ပို၍လှပလာသော်လည်း “ဘဝ၏မဟာလမ်းကြောင်း” ဆိုသည့် စာလုံးများ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။

မုယုံရွှီက ထပ်မမေးတော့ပဲ

“မင်းသားရဲ့ လက်ရေးက တကယ်ကို ပိုပိုပြီး လှလာပါပေတယ်”

ဟု ချီးကျူးလိုက်သည်။

လုချန်းက ရယ်မောပြီး

“ခြေထောက်ပေါ်မှာ ရေးတာကတော့ သိပ်မပြန့်သေးဘူး။ ပိုပြန့်တဲ့ မျက်နှာပြင်ပေါ်မှာ ရေးနိုင်ရင် ကျွန်တော်ရေးတဲ့ စာလုံးတွေက ပိုတောင် ကောင်းလာမယ်လို့ ယုံကြည်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ မုယုံရွှီ သူမ၏ ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်လိုက်ပြီး ရယ်မောလိုက်သည်။ သူမ၏ ရယ်သံက ငှက်တစ်ကောင်၏ တွန်ကျူးသံကဲ့သို့ ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ် ကောင်းသည်။

ခဏမျှ ရယ်မောပြီးနောက် မုယုံရွှီက လုချန်း၏ ပြင်းပြသော မျက်လုံးများကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ရယ်ရွှင်မှုများ ပြည့်နှက်နေပြီး

“မင်းသားက ကျွန်မ အဝတ်အစားတွေ ချွတ်လိမ့်မယ်လို့တော့ မျှော်လင့်နေတာ မဟုတ်ပါဘူးနော်။”

............

အခန်း( ၅၂၄ )

မင်းသားက အဲဒါကို အမှန်ဖြစ်စေချင်တာလား ဒါမှမဟုတ် ကောလာဟလသက်သက်လို့ ယူဆချင်တာလား

မုယုံရွှီ၏ စကားကို ကြားသောအခါ လုချန်း ခပ်ရေးရေးပြုံးလိုက်ပြီး

“ကျွန်တော် ဘယ်တုန်းကမှ အဲဒီလို မပြောပါဘူး”

“ကျွန်တော်က မုယုံမိန်းက‌လေး ကို ကျွန်တော့်လက်ရေးက ပိုတောင် လှနိုင်တယ်လို့ ပြောပြရုံသက်သက်ပါ။”

ဤသို့ပြောရင်း လုချန်းက စုတ်တံကို မှင်တုံး ပေါ် တင်လိုက်ပြီး ထိုနေရာတွင်ပင် အဆုံးသတ်တော့မည့်ဟန် ပြလိုက်သည်။

ထိုအချင်းအရာကို မြင်တော့ မုယုံရွှီ ခဏတာမျှ ရပ်တန့်သွားသည်။ အရာရာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားတာကို သူမ မလိုလားပေ။ သူမကလုချန်းဆီမှ စကားများ ထပ်ပြီး နှိုက်ယူချင်သေးသည်။ သူအခုအဆုံးသတ်လိုက်ပါက သူမမည်သို့ဆက်လက်မေးမြန်းနိုင်မည်နည်း။

မုယုံရွှီက

“မင်းသား။ ကျွန်မ မင်းသားရဲ့ အလှပဆုံး လက်ရေးကို မြင်ချင်ပါသေးတယ်။ ရနိုင်မလား။”

ထိုစကားကိုကြားလိုက်ရသည်နှင့် လုချန်းက ရယ်မောလိုက်ပြီး

“အဲဒါက သိပ်မသင့်လျော်ဘူးထင်တယ်။ နောက်ကျရင် မုယုံမိန်းကလေးက ကျွန်တော် ခင်ဗျားကို အဝတ်ချွတ်ခိုင်းတယ်လို့ ထင်သွားနိုင်တယ်။”

မုယုံရွှီက ရိုးသားစွာ ပြုံးလိုက်ပြီး

“မင်းသားကို ခုနက စနောက်ခဲ့တာပါ။ ဒါက ကျွန်မရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ဖော်ထုတ်ရုံပါပဲ။ မင်းသားရဲ့ အလှပဆုံးလက်ရေးကို မြင်ရဖို့ဆိုရင် ဒါက တန်ပါတယ်။”

လုချန်းက

“ဒီလိုပြောလာပြီဆိုတော့ ကျွန်တော်လည်း မငြင်းတော့ပါဘူး။”

ထို့နောက် လုချန်းက စုတ်တံကို ထပ်မံကောက်ကိုင်လိုက်ပြီး

“ဆက်ပြီး အဝတ်အစားချွတ်ပါဦး မုယုံမိန်းကလေး။ ”

မုယုံရွှီက စနောက်သောပြုံးဖြင့်

“မင်းသား ဒီတစ်ခါ ဘယ်နေရာမှာ ရေးချင်ပါလဲ။”

လုချန်းက

“ဗိုက်ပေါ်မှာဆို ကောင်းမယ်ထင်တယ်။ အဲဒီနေရာက အတော်လေး ပြန့်ပြူးတယ်။”

လုချန်း ပြောပြီးသည်နှင့် မုယုံရွှီက သူ့ရှေ့တွင် အဝတ်အစားများကို ချွတ်ရန် စတင်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သည်နှင့် လုချန်း ချက်ချင်း ကျောခိုင်းလိုက်၏။

“ မုယုံမိန်းကလေး အဝတ်အစားအရင်ချွတ်ပါ။ အဆင်သင့်ဖြစ်ရင် ခေါ်လိုက်ပါ။”

လုချန်း ကျောခိုင်းသွားသည်ကို မြင်သောအခါ မုယုံရွှီက ရယ်မော၍

“မင်းသား ဒီလောက် ယဉ်ကျေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

လုချန်းက

“ မုယုံမိန်းကလေးက ဘယ်လိုလုပ် အဲဒီလို စကားမျိုး ပြောနိုင်ရတာလဲ။ ကျွန်တော့်ကို ကာမဂုဏ်လိုက်စားသူလို့ အမြဲတမ်း ထင်ခဲ့တာလား”

“အပြင်လောကမှာ မင်းသားက လှပတဲ့ အမျိုးသမီးတွေကို သဘောကျတယ်လို့ ကောလာဟလ ထွက်နေလို့ပါ။ ကျွန်မ အထင်မှားမိပုံရပါတယ်။”

လုချန်းက

“ မုယုံမိန်းကလေးထင်တာ သိပ်ပြီး မမှားပါဘူး။ တကယ်တော့ ကျွန်တော်က အလှအပကို နှစ်သက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ကိုယ်ပိုင်စည်းကမ်းတွေ ရှိပါတယ်”

လုချန်း ပြောပြီးသည်နှင့် မုယုံရွှီ၏ အဝတ်အစားများ သူမ၏ မွှေးကြိုင်သော ပခုံးများမှ လျှောကျသွားကာ သူမ၏ အဖြူရောင် အတွင်းခံအဝတ်အစား ပေါ်လာသည်။ သူမက ဖြည်းဖြည်းချင်း ထပ်ချွတ်ပြီး ရင်ဘတ်ကို တစ်ဖက်လက်ဖြင့် အုပ်လိုက်သည်။ အားလုံးပြုလုပ်ပြီးနောက် မုယုံရွှီက

“အဆင်သင့်ဖြစ်ပါပြီ မင်းသား။ အခုလှည့်ကြည့်လို့ရပါပြီ။”

ထိုစကားကို ကြားတော့ လုချန်းက တွန့်ဆုတ်ခြင်းမရှိပဲ မုယုံရွှီကို ပြန်ကြည့်လိုက်သည်။

မုယုံရွှီက သူမ၏ဝမ်းဗိုက်ကိုဖော်ထားပြီး လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကိုဖုံးအုပ်ထားသည်ကို မြင်လိုက်‌တော့ လုချန်း ခဏမျှ တုန်လှုပ်သွားသည်။

မုယုံရွှီ၏ လက်မောင်းများသည် အလွန်သွယ်လျသောကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်နိုင်ခြင်း မရှိချေ။ သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကို မြင်လိုက်ရသည်နှင့် လုချန်း၏ ရင်ထဲတွင် လှိုက်ဖိုသွားသည်။

လုချန်းက သူမကို စူးစိုက်ကြည့်နေသည်ကို သတိထားမိသောအခါ မုယုံရွှီက ပြုံးရွှင်စွာဖြင့်

“ဘာဖြစ်တာလဲ မင်းသား။ ဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားရတာလဲ။”

မုယုံရွှီ၏စကားကိုကြားပြီး သတိပြန်ရလာသော လုချန်းလည်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်ပြီး

“မုယုံမိန်းကလေးရဲ့ ခန္ဓာကိုယ်က တကယ့်ကိုလှပပါတယ်။ ဒါကြောင့် ဒီနေ့ စာပေပညာရှင်တွေက ခင်ဗျားကို စွဲဆောင်ဖို့ အရမ်းစိတ်အားထက်သန်နေတာ အံ့သြစရာ မဟုတ်ပါဘူး။”

ဟု ချီးကျူးလိုက်သည်။

မုယုံရွှီက

“မင်းသားက စနောက်နေတာပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်က လူတိုင်း မြင်ဖို့အတွက် မဟုတ်ပါဘူး။”

ထိုအချိန်တွင် လုချန်း၏မျက်လုံးက မုယုံရွှီ၏ဝမ်းဗိုက်ပေါ်ရှိ ထူးဆန်းသောအမှတ်အသားကို သတိထားမိပြီး တွန့်ဆုတ်သွားသည်။

သူသည် မုယုံရွှီ၏ဝမ်းဗိုက်ပေါ်တွင် စာရေးရန် ရည်ရွယ်ထားသော်လည်း အခြားအမှတ်အသားတစ်ခုရှိနေသောကြောင့် ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။

ထို့နောက် မုယုံရွှီက ကုလားထိုင်ပေါ်လှဲပြီး

“ စရေးပါတော့ မင်းသား။”

ထူးဆန်းသောအမှတ်အသားကို နောက်တစ်ကြိမ်ကြည့်ပြီးနောက် လုချန်းက

“မုယုံ မိန်းကလေးရဲ့ ဝမ်းဗိုက်မှာ ထူးဆန်းတဲ့အမှတ်အသားတစ်ခုရှိနေတယ်။ ကျွန်တော် ဘယ်ကစရေးရမှန်းမသိတော့ဘူး။”

မုယုံရွှီက

“ ခွင့်လွှတ်ပါ မင်းသား။ ကျွန်မ မေ့သွားတယ်။ ကျွန်မရဲ့ အပျိုစင်အမှတ်အသားက ရှိနေတုန်းပဲ ”

လုချန်းက ဇဝေဇဝါဖြစ်စွာဖြင့်

“အပျိုစင်အမှတ်အသားဆိုတာ ဘာလဲ”

မုယုံရွှီက

“မင်းသား အပျိုစင်အမှတ်အသားအကြောင်း ကြားဖူးလား”

ဟု ပြန်မေးလိုက်သည်။

လုချန်းက

“ကြားဖူးပါတယ်။ ဒါက အပျိုစင်အမှတ်အသားတစ်မျိုးလား။”

ဤ ခောတ်ကမ္ဘာသို့ ရောက်ရှိလာတာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သဖြင့် အပျိုစင် အမှတ်အသားအကြောင်းကို လုချန်းကောင်းစွာသိသည်။ ဤ‌ခောတ်ကမ္ဘာတွင် အမျိုးသမီးများ၏ လက်မောင်း၌ အနီစက်တစ်စက် ရှိတတ်ပြီး သူမ၏အပျိုစင်ဘဝ ဆုံးရှုံးသွားသောအခါ ပျောက်ကွယ်သွားသည်ဟု ဆိုကြသည်။

သို့သော် ထိုအမှတ်အသားသည် မွေးရာပါမဟုတ်ပေ။ မိန်းကလေးတစ်ဦး မွေးဖွားသည့်အခါတွင် အထူးနည်းလမ်းတစ်ခုဖြင့် သူမ၏လက်မောင်းပေါ်တွင် အမှတ်အသားတစ်ခု ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

လုချန်းသည် အပျိုစင်အမှတ်အသားနှင့် ယင်း၏ ရည်ရွယ်ချက်ကို သိသော်လည်း ဝမ်းဗိုက်အောက်ပိုင်းတွင် ရေးထွင်းထားသော အပျိုစင်အမှတ်အသားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထိုအမှတ်အသားမှာ အနီရောင်အစက်မဟုတ်ပဲ ထူးဆန်းသော ပုံစံတစ်ခု ဖြစ်နေသည်။

ထိုအချိန်တွင် မုယုံရွှီက

“ဒီအပျိုစင်အမှတ်အသားကို ဧကရီ ကိုယ်တိုင် လုပ်ပေးထားတာပါ။ ကျွန်မ နန်းတွင်း ကို ပြန်ရောက်တိုင်း ဧကရီက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကိုယ်တိုင် စစ်ဆေးပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလျှက်

“ဒါဆိုရင် မုယုံ မိန်းကလေး ယောင်္ကျားလေး အချစ်တော် ထားတယ်ဆိုတဲ့ ကောလာဟလတွေက လုံးဝအခြေအမြစ်မရှိဘူးဆိုတဲ့ သဘောပေါ့။”

မုယုံရွှီက လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလျှက်

“မင်းသားက အဲဒါ အမှန်ဖြစ်စေချင်တာလား။ ဒါမှမဟုတ် ကောလာဟလသက်သက်လို့ ယူဆချင်တာလား”

ဟု မေးလိုက်သည်။

လုချန်းက မဖြေပဲ စကားလမ်းကြောင်းပြောင်း၍

“အပျိုစင်အမှတ်အသားကို ဆေးကြောလို့ရလား”

ဟုပြန်မေးလိုက်သည်။

မုယုံရွှီက

“ဆေးကြောလို့ မရပါဘူး။ ကျွန်မရဲ့ အပျိုစင်ဘဝ ပျက်စီးသွားမှပဲ သူ့ဘာသာ ပျောက်သွားပါလိမ့်မယ်။”

လုချန်းက

“သြော်။ ဒါဆို ပုံမှန် အပျိုစင်အမှတ်အသားနဲ့ အခြေခံသဘောတရားချင်း တူပုံရပါတယ်။”

လုချန်းက သက်ပြင်းချကာ

“ဒီနေ့တော့ မုယုံမိန်းကလေး ကျွန်တော့်ရဲ့ အလှပဆုံး လက်ရေးစာလုံးကို မြင်ရမှာ မဟုတ်တော့ဘူးထင်တယ်။”

မုယုံရွှီက

“ဘာလို့ပါလဲ။”

လုချန်းက

“အပျိုစင်အမှတ်အသားရှိနေတော့ ကျွန်တော် အဲဒီပေါ်မှာ ရေးလို့မရဘူးလေ”

မုယုံရွှီက မတုန်မလှုပ်ပင်

“ဒီအမှတ်အသားက စာလုံးကို အနှောင့်အယှက်ဖြစ်တယ်လို့ ထင်ရင် မင်းသား ရိုးရိုးလေး ဖျက်ပစ်လိုက်လို့ မရဘူးလား။”

ထိုစကားအဆုံးတွင် မုယုံရွှီ၏ အကြည့်က လုချန်း၏ မျက်လုံးများပေါ် စူးစိုက်သွားသည်။ မုယုံရွှီက မြှူဆွယ်လိုဟန် မပေါ်သော်လည်း သူမ၏ ရင်ဘတ်ရှေ့တွင် လက်များကို ပိုက်ထားပုံ၊ ထိုင်ခုံပေါ်တွင် လဲလျောင်းနေပုံ၊ သူမ၏ စိန်ခေါ်နေသော စကားလုံးများနှင့် ပေါင်းစပ်လိုက်သောအခါ မည်သည့် ယောင်္ကျားမှ တွန်းလှန်ရန် မဖြစ်နိုင်တော့ပေ။

နတ်ဆိုးမ....

တကယ့်ကို ဖြားယောင်းတတ်တဲ့ မိန်းမ....

စကားများမပြောတော့ပဲ လုချန်းက သူ၏လက်ကို လှုပ်လိုက်ပြီး လက်ထဲရှိ စုတ်တံသည် မင်တစ်စက်မှ ယိုစီးကျခြင်း မရှိပဲ စားပွဲပေါ်ရှိ မင်ခွက်ဆီသို့ တိကျစွာပျံသန်းကျရောက်သွားသည်။

ချက်ချင်းပင် လုချန်းသည် မုယုံရွှီဘက်သို့ လှုပ်ရှားသွားသည်။ သူက မုယုံရွှီ၏ ဦးခေါင်းတစ်ဖက်တစ်ချက် လက်မောင်းများဖြင့် ထောက်ထားပြီး သူမ၏ မျက်လုံးများကို ကြည့်ကာ

“မုယုံ မိန်းကလေး။ ဒီလောကမှာ နောင်တရတာကို ကုတဲ့ဆေးဆိုတာ မရှိဘူးနော်။”

လုချန်း၏ ရုတ်တရက် နီးကပ်လာမှုက မုယုံရွှီ၏ နှလုံးခုန်နှုန်းကို မြန်စေသည်။ လုချန်းက သူမ၏ ခန္ဓာကိုယ်ကို မထိသေးသော်လည်း သူမ၏ အပေါ်မှ ငုံ့ကြည့်နေပုံက ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား မငြိမ်မသက် ဖြစ်လာစေသည်။

မုယုံရွှီ စိတ်တည်ငြိမ်အောင် ကြိုးစားရင်း

“မင်းသားရဲ့ အကောင်းဆုံး စာလုံးကို မြင်ရရင် ဒါက တန်တယ်လို့ ကျွန်မ ထင်တယ်။”

လုချန်းက ပြုံးပြလိုက်ကာ ရှေ့သို့ကိုင်းညွှတ်လိုက်ပြီး မုယုံရွှီ၏ ကာကွယ်ထားသော လက်မောင်းများကို ဖယ်ရှားလိုက်သည်။

မုယုံရွှီသည် အဆင်သင့်ဖြစ်နေသော်လည်း လုချန်း၏လက်က သူမ၏လက်ကောက်ဝတ်ကို ထိမိသောအခါ သူမ၏လက်မောင်းများ အလိုလို တင်းမာသွားပြီး သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ကြိုးစားခဲ့သည်။

သို့သော် လုချန်း၏လက်က ပိုအားကောင်းသည်။ သူက သူမ၏လက်ကို ဖယ်ရှားပြီး သူမ၏ဦးခေါင်းဘေးတွင် ချုပ်ထားလိုက်သည်။

ထို့နောက် တွန့်ဆုတ်ခြင်းမရှိပဲ သူ့အောက်ရှိ ကျူးနိုင်ငံတော်၏ နံပါတ်တစ် ပါရမီရှင်အမျိုးသမီးဟု လူသိများပြီး နန်းတွင်းဝန်ကြီးချုပ် ဘွဲ့ရသော အမျိုးသမီး၏ နီရဲသော နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။

...........

အခန်း (၅၂၅)

တကယ်စိတ်မကောင်းပါဘူး။ အတော်များများရေးမိသွားတယ်

မုယုံရွှီသည် ပထမဆုံးအကြိမ်အဖြစ် အမျိုးသားတစ်ဦးနှင့် နီးနီးကပ်ကပ် ထိတွေ့မှုကို ခံစားနေရသည်။ ယခင်က ကျူးဧကရီက သူမကို မကြာခဏ ဖက်လေ့ရှိသော်လည်း ယနေ့ခံစားရသည့် ထူးဆန်းသော ခံစားချက်မျိုးကို မခံစားဖူးပေ။

ကျူးဧကရီ ဖက်ထားစဉ်က ခံစားရသည့်အတိုင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားပြီး မသက်မသာ ခံစားရမည်မဟုတ်ဟု သူမ ယုံကြည်ခဲ့သည်။

သို့သော် ယနေ့တွင် သူမကိုယ်တိုင် တစ်မျိုးတစ်ဖုံ ဖြစ်နေသည်ကို သတိထားမိလာကာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေပြီး နှလုံးခုန်နှုန်း မြန်ဆန်လာကာ သူမ၏ အတွင်းအားလုံး ရှုပ်ထွေးသွားသည်ကို ခံစားရသည်။ သူမရှေ့မှာရှိနေသော ထိုအမျိုးသားကို တွန်းလှန်ရန် လုံးဝအင်အားမရှိတော့ပေ။

လုချန်း၏ နမ်းရှုံ့မှုကြောင့် မုယုံရွှီ အလွန်ရှုပ်ထွေးသွားပြီး သူမဘာလုပ်နေမှန်ပင် မသိတော့ပေ။

သူမ ရှုပ်ထွေးနေစဉ်အတွင်း အဝတ်ဖြဲသံတစ်ခုကို ကြားရသည်ဟု ထင်မိပြီး တစ်စုံတစ်ရာကို ထိတွေ့ခံစားလိုက်ရသည်။

နောက်ခဏတွင် မုယုံရွှီ၏ မျက်ခုံးများ ရုတ်တရက် ကျုံ့ဝင်သွားပြီး “အမ်...အမ်...” ဟူသော အသံများသာ ထွက်ပေါ်လာနိုင်တော့သည်။

.....

ထိုအတောအတွင်း။

ရှနိုင်ငံတော် နန်းတွင်း။

ဆွမ်ဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး အခန်းအတွင်းရှိ အရိပ်ကိုယ်ရံတော်တစ်ဦး၏ အစီရင်ခံစာကို နားထောင်နေသည်။

ခဏကြာပြီးနောက် သူက

“ကျောက်မင်းသားက ရန်မင်းသားရဲ့ တပ်‌တွေ အရေးနိမ့်တဲ့အထိ တိုက်ခိုက်ပြီးပြီလား။”

အခန်းထဲရှိ အရိပ်ကိုယ်ရံတော်က

“ဟုတ်ပါတယ်။ ရန်မင်းသားရဲ့ တပ်က လုံးဝ ပြိုကွဲသွားခဲ့ပြီး စစ်သားအများအပြားဟာ ကျောက်နယ်စားမင်းသားဆီကို လက်နက်ချဖို့ ရွေးချယ်ခဲ့ပါတယ်။ ကျောက်မင်းသားမှာ အခုဆို အနည်းဆုံး စစ်သည် သုံးသိန်း ရှိနေပါပြီ။”

ဆွမ်ဧကရာဇ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာပြီး

“ကောင်းပြီ။ အချိန်တန်ပြီ။”

ဟု ဆိုလိုက်သည်။

ထို့နောက် သူက အခန်းအတွင်းရှိ အရိပ်ကိုယ်ရံတော်အား

“နိုင်ငံတော် ပညာရှိဟာ အရိပ်အယောင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိပြီး မကြာမီ ကောင်းကင်လူသားအဆင့် အစစ်ကိုရောက်တော့မယ်လို့ သတင်းချက်ချင်းဖြန့်ပါ။ နိုင်ငံတော် ပညာရှိ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရင် အထူးနည်းလမ်းနှင့် ကျုပ်ရဲ့ ၏သက်တမ်းကို ဆွဲဆန့်နိုင်ပြီး လုံးဝကျုပ်ပြန်ကောင်းလာနိုင်တဲ့ အလားအလာတယ်လို့လည်း သတင်းပြန့်ပါစေ။”

ဟု ညွှန်ကြားလိုက်သည်။

အရိပ်ကိုယ်ရံတော်က ချက်ချင်းပင်

“ဟုတ်ကဲ့ မင်းကြီး”

“ကျွန်တော့်ကို ခွင့်ပြုပါ”

ဟု လျှောက်ထားကာ ထွက်ခွာသွားသည်။

အရိပ်ကိုယ်ရံတော်၏ပုံရိပ် အမှောင်ထဲတွင် ပျောက်ကွယ်သွားသောအခါ ဆွမ်ဧကရာဇ် သူ့ဘာသာသူ ပြောလိုက်သည်။

“ချန်းက လှည်းစားမခံဘူးဆိုရင်တော့ ငါကိုယ်တိုင် မြောက်ပိုင်းကို သွားမယ်။ ငါ့ကို မစိတ်ပျက်စေနဲ့ ချန်းရေ။”

“တစ်နှစ်အတွင်းမှာ ငါဟာ ကောင်းကင်လူသားအဆင့် ရောက်နိုင်ရမယ်။ အဲဒီအချိန်ကျရင်ရှနိုင်ငံတော်မှာ ငါဟာပြိုင်ဖက်ကင်း ဖြစ်လိမ့်မယ်။”

ကျောက်မင်းသား၏ လှုပ်ရှားမှုများ စတင်နေပြီဖြစ်ပြီး မကြာမီ မင်းသားအားလုံး စစ်တပ်များ စုစည်းကာ မြို့တော်သို့ ချီတက်လာကြမည်။ ပိုက်ကွန်ကို ဆွဲတင်ရန် အချိန်တန်နေပြီ။

ဆွမ်ဧကရာဇ်သည် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိနေပြီး နိုင်ငံကြီးများက သူ့အားဂါရဝလာပြုမည့် အနာဂတ်ကို မြင်ယောင် နေပြီဖြစ်သည်။ နိုင်ငံကြီးများမှ သံတမန်များ သူ့ရှေ့တွင် တုန်လှုပ်နေကြလိမ့်မည်။

......

ထိုအချိန်တွင်။

ကျောက်ပြည်နယ်။

ကျောက်နယ်စားမင်းသား၏ အိပ်ခန်း။

ကျောက်မင်းသား အနားယူနေစဉ် အိပ်ခန်းရှိ တိုင်တစ်ခုနောက်မှ အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုအခါ ကျောက်မင်းသား၏ မျက်လုံးများ ကျယ်လာသည်။

နောက်ခဏတွင် စာတစ်စောင် ကျောက်မင်းသားဆီသို့ ပျံသန်းလာ၏။ သူက ချက်ချင်းဖမ်းယူကာ သေချာစွာ ဖတ်ရှုလိုက်သည်။

ထိုအရိပ်က

“ဒီအစီအစဉ် အောင်မြင်ရင် မင်းကြီး ဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ မြင့်မြတ်တဲ့ ရတနာပစ္စည်းကို အသုံးပြုပြီး မင်းသားကို အဆင့်လွန် ပညာရှင်အဆင့် တက်လှမ်းနိုင်‌အောင် ကူညီပါလိမ့်မယ်။”

ကျောက်နယ်စားမင်းသားက ချက်ချင်းပင်

“ သူ့ရဲ့ အာဏာစက် ချဲ့ထွင်နိုင်အောင် ကူညီဖို့ ဘယ်အရာကိုမှ ကျုပ် နှမြောမှာ မဟုတ်ဘူးလို့ ရိီကိုပြောပေးပါ။”

ကျောက်နယ်စား၏ အသံ တိတ်ဆိတ်သွားသည်နှင့်အမျှ အရိပ်သည် နောက်တစ်ဖန် အမှောင်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

အရိပ်ထွက်ခွာသွားသည်ကို ခံစားမိသောအခါ ကျောက်နယ်စားသည် သူ၏ လက်ထဲရှိ စာကို ဆွဲဖြဲလိုက်ပြီးနောက် အခန်းထဲရှိ မီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး သူ့ဘာသူ ပြောလိုက်သည်။

“ရိီက အဆင်သင့်ဖြစ်လုနီးပြီ ထင်တယ်။ ဒီတစ်ခါ သူ့အစီအစဉ် အောင်မြင်ရင် ရှနိုင်ငံတော်မှာ နယ်စားမင်းတွေ ရှိတော့မှာ မဟုတ်ဘူး။”

ထိုသို့ပြောရင်း ကျောင်းမင်းသားက သက်ပြင်းချကာ

“ငါလည်း ပြင်ဆင်ရတော့မယ် ထင်ပါတယ်။ စစ်ပွဲပြီးတာနဲ့ ငါရဲ့ စစ်အာဏာကို စွန့်လွှတ်ရမယ်။”

ကျောက်မင်းသားသည် ဆွမ်ဧကရာဇ်၏ စွမ်းအားအမှန်ကို ကောင်းစွာသိရှိထားသူဖြစ်ပြီး ထိုရာထူးကို လုယူရန် ဘယ်သောအခါကမှ မတွေးဖူးပေ။ အထူးသဖြင့် သူတို့နှစ်ဦးသည် တစ်မိခင်တည်း၏ သားများ ဖြစ်နေသောကြောင့်ဖြစ်သည်။

သို့သော် မင်းညီမင်းသားများအကြား ညီအစ်ကိုမေတ္တာသည် ရှားပါးလှ၏။ သို့သော် ဆွမ်ဧကရာဇ် ငယ်စဉ်က သူ့အား စောင့်ရှောက်ခဲ့သည့် အမှတ်တရများက ကျောက်မင်းသား၏ ကျေးဇူးတင်စိတ်ကို အနည်းငယ် နိုးကြားစေနေသေးသည်။

ကျောက်မင်းသားသည် တကယ်တော့ သူ၏အာဏာကို စွန့်လွှတ်ရန် မလိုလားသော်လည်း သူ၏အစ်ကိုဖြစ်သူ ဆွမ်ဧကရာဇ်၏ စရိုက်လက္ခဏာကို အလွန်နားလည်ထားသူဖြစ်သည်။

ငယ်စဉ်ကတည်းက အတူတူကြီးပြင်းခဲ့သည့်အတွက် သူ့အစ်ကို၏ ရည်မှန်းချက်များကို သိရှိထားသည်။ သူ့အစ်ကိုကြီးသည် ထိုရည်မှန်းချက်များကို အရောက်လှမ်းနိုင်ရန် မည်သည့်အရာကိုမှ လုပ်‌ဆောင်ရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။

ဆွမ်ဧကရာဇ်၏ သွေးသားအရင်း ဖြစ်သည့်အတွက် ကျောက်မင်းသားသည် နောက်ဆုံးတွင် သူ၏အစ်ကိုဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။

........

မြောက်ပိုင်းပြည်နယ်။

ပန်းတစ်ရာ မျှော်စင်၏ တတိယထပ်။

မုယုံရွှီ၏ အသံများသည် တက်လိုက်ကျလိုက်ဖြစ်နေသည်။ သူမသည် သူမ၏အသံများကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း လုံးဝထိန်းမရနိုင်တော့ပေ။

ထိုအချိန်တွင် မုယုံရွှီသည် စာရေးစားပွဲပေါ်တွင် မှောက်လျက်ရှိနေပြီး လုချန်းက စုတ်တံတစ်ချောင်းကို ကောက်ယူကာ သူမ၏ ကျောပြင်ပေါ်တွင် စာလုံးများရေးသားနေသည်။

စုတ်တံဖျားတွင် အတွင်းအားထည့်သွင်းထားသဖြင့် မုယုံရွှီ၏ ကျောပြင်ပေါ်တွင် ရေးဆွဲလိုက်သောအခါ သူမအတွင်း၌ ပြောမပြတတ်အောင် ထူးဆန်းသော ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပို၍ထူးဆန်းလာသည်ဟု ခံစားရသည်။

ထို့နောက် မုယုံရွှီက

“မင်းသား…မင်းသား။ ကျွန်မ ကျောပေါ်မှာ ဘာတွေ ရေးနေတာလဲ... အား.. ”

လုချန်းက ပြုံးလျှက်

“ခန့်မှန်းကြည့်လေ။”

မုယုံရွှီက

“ကျောပေါ်မှာဆိုတော့ နှမြောစရာပဲ ကျွန်မ... ... ကြည့်လို့ မရဘူး...”

လုချန်းက ပြုံးလျှက်

“အဲဒါက လွယ်ပါတယ်”

ထို့နောက် သူက မုယုံရွှီ၏ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး စာရေးစားပွဲပေါ်တွင် လှဲစေလိုက်သည်။

နောက်တစ်ခဏတွင် မုယုံရွှီနှင့် လုချန်းတို့ အကြည့်ချင်း ဆုံမိသည်။ သူမ၏ ဆံပင်များ ရှုပ်ပွနေပြီး ဆံထုံးလည်း ပြေကျနေသည်။ ပုံမှန်ဆိုလျှင် အေးစက်တည်ငြိမ်သော သူမ၏ ပါးပြင်များ နီရဲနေပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက် များ ထွက်ပေါ်နေသည်။

မုယုံရွှီ အနည်းငယ် ငုံ့ကြည့်လိုက်ရာ သူမ မမြင်ချင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုအချိန်တွင် လုချန်းက စုတ်တံကို မှင်ထဲ၌ နှစ်လိုက်ပြီး မုယုံရွှီ၏ ဝမ်းဗိုက်ပေါ်တွင် စာရေးရင်း

“ဟုတ်ပြီ။ အပျိုစင်အမှတ်အသားပျောက်သွားပြီ။ ကျူးဧကရီက စစ်ဆေးတဲ့အခါ အပြစ်ပေးခံရမှာ မဟုတ်လား။”

ထိုစကားကိုကြားတော့ မုယုံရွှီက ရယ်မောပြီး

“မင်းသား။ မင်းသား က ကျွန်မရဲ့ အပျိုစင်အမှတ်အသားကို ဖျက်ပြီးပြီ။ အခုမှ ဒါကို စိတ်ပူနေတာလား။ နည်းနည်း နောက်ကျမနေဘူးလား။”

လုချန်းက ရယ်မောလိုက်ပြီး

“မှန်ပါတယ်။”

“ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ။ ပြန်သွားရင် ကျူးဧကရီက အပျိုစင်အမှတ်အသားကို စစ်ဆေးတော့မှာဆိုတော့ မြောက်ပိုင်းပြည်နယ်မှာပဲ နေလိုက်ပါလား။”

မုယုံရွှီက

“မင်းသားက ကျွန်မကို မြောက်ပိုင်းပြည်နယ်မှာ မောင်းမအဖြစ်ထားဖို့ စဉ်းစားနေတာလား။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း က စုတ်တံဖျားကို ပိုမိုဖိလိုက်ပြီး မုယုံရွှီ၏ဝမ်းဗိုက်ပေါ်တွင် စာလုံးသုံးလုံးကို ရေးသားလိုက်သည်။

လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး ဝမ်းဗိုက်ပေါ်ရှိ စာလုံးများကို ကြည့်ရှုရန် မုယုံရွှီ အနည်းငယ်ထထိုင်လိုက်သည်။

မုယုံရွှီက

“မင်းသား။ ဒီစာလုံးသုံးလုံးမှာ ... ထူးခြားတဲ့ အဓိပ္ပာယ်တစ်ခုခုရှိလား”

လုချန်းက စုတ်တံကို မင်အိုးပေါ်တွင် ပြန်တင်လိုက်ပြီး ပြုံးရယ်ကာ

“မကြာခင်မှာ ဒီအဓိပ္ပါယ်ကို နားလည်သွားမယ်”

ထို့နောက် လုချန်းက မုယုံရွှီ၏ကျောအောက်သို့ လက်လျှိုကာ သူမ၏ကိုယ်ကို အလွယ်တကူ မတင်လိုက်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်သည့်အတွက် အမြောက် ကျည်ဆန်တစ်ခုကိုပင် အသာအယာ မနိုင်သော လုချန်းအတွက် အမျိုးသမီးတစ်ဦး၏ ကိုယ်အလေးချိန်မှာ ဘာမှ မဟုတ်ချေ။။

မုယုံရွှီသည် အံ့အားသင့်သွားပြီး ပြုတ်မကျ‌ စေရန် ချက်ချင်းပင် သူမ၏ခြေထောက်များဖြင့် လုချန်း၏ခါးကို ရစ်ပတ်လိုက်သည်။ ထို့နောက် လုချန်းက သူမကို ကုတင်ဆီသို့ သယ်ဆောင်သွား၏။

.....

ညနေခင်းအချိန်တွင်။

လုချန်း ထထိုင်လိုက်ပြီး ကုတင်ပေါ်ရှိ မုယုံရွှီနှင့် သူမ၏ကိုယ်ပေါ်တွင် ရေးထားသော စာလုံးများကို လှမ်းကြည့်လိုက်သည်။ မင်များသည် ချွေးနှင့်ရောသွားသောအခါ မှုန်ဝါးသွားသော်လည်း လုချန်းက သူ၏ စွမ်းအင်ဖြင့် မင်များကို စွဲမြဲထားစေသောကြောင့် စာလုံးများ အတော်အတန် ထင်းနေဆဲဖြစ်သည်။

လုချန်းသည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ပြီး ပြုံးလျှက်

“အများကြီး ရေးလိုက်မိတာ တောင်းပန်ပါတယ် မုယုံမိန်းကလေး။ ဆေးကြောဖို့ ခက်ခဲပါလိမ့်မယ်။”

မုယုံရွှီသည် ကုတင်ပေါ်တွင် အားအင်ကုန်ခန်းစွာ လှဲနေပြီး

“ရပါတယ်။ မင်းသားသွားလို့ရပါပြီ။ ကျွန်မ လိုက်မပို့နိုင်တာကို ခွင့်လွှတ်ပါ”

လုချန်းလည်း ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားတော့သည်။

........

All Chapters