အခန်း ၅၂၆-၅၂၈
Vol. 36 Ch. 526-528
အခန်း (၅၂၆ )
တဏှာရူး
လုချန်း အခန်းမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကုတင်ပေါ်တွင် အားအင်ကုန်ခန်းလျက် လှဲကျနေသော မုယုံရွှီတစ်ယောက် ထရန်ကြိုးစားသော်လည်း နာကျင်မှုလှိုင်းများက သူမအား လှုပ်ရှားမရအောင် ချုပ်ချယ်လိုက်သည်။
သူ၏ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် ကုသနိုင်ကြောင်း မုယုံရွှီ မသိစေရန် လုချန်း သူမ၏ဒဏ်ရာများကို မကုသပေခဲ့ပေ။ နာရီအတော်ကြာ မုယုံရွှီသည် သူမ၏ ထိပ်သီးပညာရှင် အဆင့် ခန္ဓာကိုယ်ဖြင့်သာ ခံစားနေရသည်။
သို့သော် သူမမည်မျှပင် စိတ်ဓာတ်ခိုင်မာသည်ဖြစ်စေ လုချန်းနှင့် မယှဉ်နိုင်ပေ။ လုချန်းသည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ကျားနဂါးဆေးလုံးကိုပါ သောက်သုံးထားသူဖြစ်သည်။ မုယုံရွှီအတွက်မူ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် မည်သို့ခံနိုင်ရည်ရှိမည်နည်း။
ထိုအချိန်တွင် မုယုံရွှီ၏ တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေပြီး သူမကိုယ်သူမ ထိန်းမထားနိုင်တော့ပဲ
“တဏှာရူး”
ဟု သွားများကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။
ချက်ချင်းပင် မုယုံရွှီသည် သံရုံးမှ အစေခံမိန်းကလေးများကို အလျင်အမြန် ခေါ်ယူပြီး သူတို့၏ အကူအညီဖြင့် လုချန်း သူမကိုယ်ပေါ်တွင် ရေးထားသော စာများကို ဖြည်းညှင်းစွာ ဆေးကြောခဲ့သည်။
ရေချိုးနေစဉ် မုယုံရွှီ၏ စိတ်ထဲတွင် လုချန်းနှင့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ ပြန်လည်ပေါ်လာသည်။ မြောက်ပိုင်းနယ်စားမင်းသားမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ မည်သို့ရရှိထားသနည်းဟု သူမတွေးမိသည်။
ထိုသို့ တွေးမိပြီး မုယုံရွှီ၏ ပါးပြင်များ တစ်ဖန်နီရဲလာပြန်သည်။ ထို့နောက် သူမ၏ ခြေထောက်နှစ်ဖက်ကြားရှိ “正” ဟူသော စာလုံးကို ကြည့်ရင်း ရုတ်တရက် သိလိုစိတ် ပြင်းပြလာသည်။
လုချန်းသည် သူမ၏ ခြေထောက်နှစ်ဖက်ကြားတွင် “正” စာလုံး အများအပြား ရေးထားခဲ့သော်လည်း အဓိပ္ပာယ်ကို သူမ နားမလည်ပေ။ လုချန်းကလည်း သူမအား ရှင်းပြခြင်းမရှိခဲ့ချေ။ သူမ၏ ဝမ်းဗိုက်ပေါ်ရှိ စာလုံးသုံးလုံးအပါအဝင် ထိုစာလုံးများ၌ အထူးအဓိပ္ပာယ်တစ်ခုခု ရှိနိုင်သည်ဟု သူမခံစားရသည်။
ခဏမျှ စဉ်းစားပြီးနောက် မုယုံရွှီလည်း ထိုစာလုံးများ၏ အဓိပ္ပာယ်ကို ဆက်မတွေးတော့ပဲ လက်လျှော့လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမသည် လုချန်းနှင့် နီးစပ်ခဲ့ပြီဖြစ်၍ နောင်တွင် သူ့ထံမှ အချက်အလက်များ နှိုက်ယူရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။
ထိုအချိန်တွင် မုယုံရွှီ ရုတ်တရက် သတိရသွားပြီး သူမ၏ အတွင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ထုတ်ပယ်လိုက်သည်။ မကြာမီ ရေချိုးကန်ထဲရှိ ရေများ နောက်ကျိသွားတော့သည်။
အစေခံမိန်းကလေးများကို အလျင်အမြန် ခေါ်ကာ ရေကို လဲလှယ်စေလိုက်သည်။ နှစ်ကြိမ်တိုင် ရေချိုးပြီးသော်လည်း သူမကိုယ်သူမ မသန့်ရှင်းသေးဟု ခံစားရသဖြင့် နောက်ထပ်တစ်ကြိမ် ရေချိုးလိုက်ရာ စုစုပေါင်း သုံးကြိမ်တိုင် ဖြစ်ခဲ့သည်။
ရေချိုးပြီးနောက် သူမ၏ ခုတင်သို့ ပြန်လာပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။ ထိုစဉ် အိပ်ရာခင်းပေါ်ရှိ နီရဲနေသည့် အစွန်းအထင်းကို သတိထားမိသွားသည်။
တစ်ချိန်ချိန်တွင် ဧကရီက သူမအား ကိရိယာတစ်ခုအဖြစ် အသုံးချလိမ့်မည်ဟု သူမ၏ ကံကြမ္မာကို ကြိုတင်ခန့်မှန်းခဲ့ပြီးဖြစ်သည်။ သို့သော် သူမ၏ ပထမဆုံးအကြိမ်သည် အခြားနိုင်ငံမှ လူတစ်ဦးနှင့် ဖြစ်လိမ့်မည်ဟုသူမ မတွေးထားခဲ့ဖူးပေ။
မုယုံရွှီ သူမကိုယ်သူမ နှစ်သိမ့်လိုက်ပြီး ဒါက သိပ်ကြီးသော ဆုံးရှုံးမှုတော့ မဟုတ်ဟု တွေးမိသည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အမျိုးသားတစ်ဦးအနေနှင့် လူအများစုထက် ပိုမိုခန့်ချောပြီး စွမ်းအားမှာလည်း သာလွန်၏။ သူ့လက်ထဲတွင် အပျိုစင်ဘဝ ဆုံးရှုံးခဲ့ရခြင်းသည် ကံဆိုးမှုကြားမှ ကံကောင်းခြင်းတစ်ရပ်ဟုပင် မှတ်ယူနိုင်ပေသည်။
နောက်ဆုံးတွင် ရန်သူများ ဖြစ်လာကြမည်ကတော့ နှမြောစရာပင်။
......
ထိုအတောအတွင်း။
အပြန်လမ်းတွင် လုချန်းသည် လှည်းပေါ်တွင် ထိုင်နေရင်း စနစ်၏ အချက်ပြစာကို ဖွင့်ကြည့်လိုက်သည်။
[ မိန်းမတစ်ဦးရရှိသည့်အတွက် ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် စိတ်နှလုံးကိုထိန်းချုပ်နိုင်သော ကျင့်စဉ် ရရှိပါသည်။]
“[အမျိုးသမီးနှင့် စိတ်ခံစားမှု မှတ်တိုင်တစ်ခု ရရှိခဲ့သောကြောင့် ဆုလာဘ်အဖြစ် အဆင့်နယ်ပယ်ကျော်လွှားဆေးလုံးတစ်လုံး ရရှိပါသည်။]”
[သခင်သည် မုယုံရွှီနှင့် တစ်ကြိမ် ခံစားမှုများကို ဖလှယ်ခဲ့ပါသည်။ အတွင်းအားမန္တန်ကျင့်စဉ် အတွေ့အကြုံ အမှတ်...]
ဆုလာဘ်များကိုကြည့်ရင်း လုချန်း အံ့အားသင့်သွားသည်။ ကျင့်စဉ်တစ်ခု ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော် ဤနှလုံးထိန်းချုပ်ခြင်းကျင့်စဉ်က မည်သည့်အရာနည်း။
ထိုသို့ တွေးမိပြီး စိတ်နှလုံးထိန်းချုပ်ခြင်းကျင့်စဉ်၏ မိတ်ဆက်ကို ချက်ချင်းနှိပ်၍ ဖတ်ရှုလိုက်သည်။
[စိတ်နှလုံးထိန်းချုပ်ခြင်းကျင့်စဉ် - စိတ်နှလုံးထိန်းချုပ်ခြင်းကျင့်စဉ်ကို သုံးစွဲ၍ ရန်သူကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ကာ သိလိုသော မေးခွန်းများကို ဖြေဆိုစေနိုင်သည်။ ကျွမ်းကျင်ပိုင်နိုင်လာသောအခါ ရန်သူကိုပင် ထိန်းချုပ်၍ သူ့ဘာသူအဆုံးစီရင်စေနိုင်သည်။]
ထိုကျင့်စဉ်အကြောင်း ဖတ်လိုက်ရပြီး လုချန်း တအံ့တဩဖြစ်သွားသည်။ ဤသည်မှာ အခြားသူများကို ကြိုးကိုင်ခြယ်လှယ်နိုင်သော ကျင့်စဉ်တစ်မျိုးပင်ဖြစ်သည်။
နောင်တွင် သူလျှိုများကို ဖမ်းမိပါက မေးမြန်းစရာမလိုပဲ အလိုရှိသော သတင်းအချက်အလက်များကို ရယူရန် များစွာလွယ်ကူလာမည်မဟုတ်ပါလား။ ထိုကျင့်စဉ် အလွန်အသုံးဝင်မည်မှာ သေချာပါသည်။
စိတ်နှလုံးထိန်းချုပ်ခြင်းကျင့်စဉ်၏ မိတ်ဆက်ကို ဖတ်ပြီးနောက် အဆင့် နယ်ပယ်ကျော်လွှားဆေးလုံး၏ ဖော်ပြချက်ကို လုချန်းထပ် ကြည့်လိုက်သည်။
[အဆင့်နယ်ပယ်ကျော်လွှားဆေးလုံး - သောက်သုံးပါက ထိပ်သီးအဆင့် ပညာရှင် သိုင်းပညာရှင်တစ်ဦးအား အဆင့်လွန် ပညာရှင်အဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်စေသည်။]
အဆင့်နယ်ပယ်ကျော်လွှားဆေးလုံး၏ ဖော်ပြချက်ကို မြင်သော် လုချန်း အလွန်အံ့အားသင့်သွားသည်။ ထိုဆေးလုံး ဤမျှစွမ်းအားကြီးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ခုနက မြန်မြန်ထွက်လာခဲ့သည်ကိုပင် သူ နောင်တရမိသည်။
မုယုံရွှီနှင့် သူ၏ဆက်နွယ်မှုကို နောက်ထပ်အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ခဲ့သင့်သည်။ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်းကို ထပ်မံရရှိနိုင်မလားဟု ကြည့်ခဲ့သင့်သည်။
ထိုသို့ တွေးမိပြီး လုချန်း သူ၏နားထင်များကို ပွတ်သပ်လိုက်သည်။ သူ မုယုံရွှီအား ပြန်လည်သန်စွမ်းစေသောစွမ်းအားဖြင့် မကုသခဲ့ပေ။ စိတ်ဝိညာဉ် ပေါင်းစပ်ခြင်းကို နောက်ထပ်အကြိမ်များစွာ ရရှိရန် မျှော်လင့်ခြင်းမှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ပြီးခဲ့တာက ပြီးခဲ့ပြီဖြစ်သည်။ နောက်ပိုင်းတွင် သူ၏အခြားဇနီးမယားများနှင့် ပို၍ကြိုးစားရတော့မည်။ ထိုအခါမှ နောက်တစ်ကြိမ်တွင် အဆင့်နယ်ပယ်ကျော်လွှားဆေးလုံး နောက်တစ်လုံး ရရှိနိုင်မည်။
သို့သော်လည်း အဆင့်နယ်ပယ်ကျော်လွှားဆေးလုံးကို မည်သူ့ကို ပေးသင့်သနည်း။
မင်းသားစံအိမ်ရှိ လူအများစုမှာ ထိပ်သီးအဆင့် တစ်ဝက်သာ ရောက်သေးပြီး ထိပ်သီးအဆင့် အစစ်ပင် မဟုတ်သေးပေ။ ပိုင်ချင်းချင်းနှင့် တုန်းဖန်လုံယွဲ့တို့သာ ထိပ်သီးအဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့အား ဆေးလုံးပေးလိုက်ပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အဆင့်လွန်ပညာရှင် နောက်တစ်ဦးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့သော် ခဏမျှ စဉ်းစားပြီးနောက် အဆင့် နယ်ပယ်ကျော်လွှားဆေးလုံးကို ချူးယုချင်အား ပေးရန် ဆုံးဖြတ်လိုက်သည်။
ချူးယုချင်သည် သူ့ကို ငယ်စဉ်ကလေးဘဝကတည်းက ပြုစုစောင့်ရှောက်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကို လက်ထပ်ခဲ့ကာ သားတစ်ဦးပင် မွေးဖွားပေးခဲ့သည်။ ချူးယုချင်အပေါ် သူ၏ခံစားချက်များမှာ အနက်ရှိုင်းဆုံး ဖြစ်သည်။
ချူးယုချင်သာ အဆင့်လွန် ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ပါက သူမ၏ သက်တမ်းမှာ ရာနှင့်ချီ၍ တိုးလာမည်ဖြစ်ပြီး သူ့ဘေးတွင် ပိုမိုကြာရှည်စွာ အတူနေနိုင်မည်ဖြစ်သည်။
မကြာမီ လုချန်း မင်းသားစံအိမ်သို့ ပြန်ရောက်လာသည်။
ညနေခင်းအချိန် ဖြစ်၍ နေဝင်ဆည်းဆာ၏ နီရဲသော အလင်းရောင်သည် လုချန်းအပေါ် ထိုးကျကာ သူ့နောက်တွင် အရိပ်ရှည်ကြီး တစ်ခု ဖြစ်ပေါ်နေစေသည်။
ချူးယုချင် အဆောင်ထဲတွင် ကလေးကို ချော့မြှူနေစဉ် ရုတ်တရက် နေရောင်ကို ကွယ်လိုက်သော အရိပ်တစ်ခုကို သတိပြုမိလိုက်သည်။ သူမ နေဝင်ရာဘက်သို့ မော့ကြည့်လိုက်သည်။
လုချန်း ပြန်ရောက်လာသည်ကို မြင်တော့ ချူးယုချင် ချိုမြိန်စွာ ပြုံးလိုက်ပြီး
“ချန်းလေး။ မင်း ကဗျာရွတ်ပွဲ သွားတယ်လို့ ချင်လီ့ဆီက ကြားတယ်။”
လုချန်းက
“ဟုတ်တယ်။ မုယုံရွှီ လုပ်တာပါ။”
ချူးယုချင်က
“မင်းက မင်းသားဆိုတော့ တကယ်တော့ ဒီလိုမျိုး ဂုဏ်သရေရှိတဲ့ပွဲတွေမှာ ပိုပါဝင်သင့်တယ်။”
ချူးယုချင် ပြောပြီးသည်နှင့် ချူးချင်လီက အမှန်ကို ဖွင့်ချလိုက်သည်။
“ဘာဂုဏ်သရေရှိတာလဲ။ မုယုံရွှီက ပန်းတစ်ရာဥယာဉ်မှာ ကဗျာရွတ်ဆိုပွဲ လုပ်တာ။ အဲဒီနေရာက ဘယ်လောက်တောင် ဂုဏ်သရေရှိလို့လဲ။ ယောက်ျားဆိုးတစ်ယောက်ကို မြှူဆွယ်ချင်လို့ဆိုတာ ရှင်းနေတာပဲ။”
“တစ်ယောက်ယောက်က ညဘက်ကြီးမှ ပြန်လာတယ်။ မုန့်ခိုးစားလာတာ ဖြစ်ရမယ်။”
ထိုစကားကို ကြားသော် လုချန်း ရယ်မောလိုက်ပြီးနောက်
“ချင်လီက ကိုယ့်ကို ပိုနားလည်တယ်။”
လုချန်းက မငြင်းခဲ့ပေ။ မုယုံရွှီ၏ ကဗျာရွတ်ဆိုပွဲသို့ သူ တက်ရောက်ခဲ့ခြင်းမှာ ကဗျာကြောင့် မဟုတ်ပဲ မုယုံရွှီအတွက် သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက ချူးယုချင်ထံသို့ ချဉ်းကပ်သွားပြီး သူမ၏ခါးကို ပွေ့ဖက်လိုက်ကာ သူမ၏လက်ထဲရှိ ကလေးကို ကြည့်ပြီး
“ဒေါ်လေးချူး။ ကလေးကို ချင်လီ့ဆီ ခဏပေးထားပါလား။ အရေးကြီးကိစ္စပြောစရာရှိလို့။”
အံ့အားသင့်သွားသော ချူးယုချင်က
“ဘာကိစ္စလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“အခန်းထဲမှာ ပြောရအောင်။ ဒေါ်လေးရဲ့ အဆင့်အကြောင်းပါ။”
ထို့နောက် ချူးယုချင်က ချူးချင်လီအား
“ချင်လီ။ ဝမ်လေးကို နင် ခဏကြည့်ပေးထားပါဦး။”
ချူးချင်လီက ချူးယုချင်၏ လက်ထဲမှ ကလေးကို အလျင်အမြန်ယူလိုက်ပြီး လုချန်းကို မကျေနပ်သလို ကြည့်လိုက်သည်။ သူမသည် တုံးအသူ မဟုတ်ချေ။ လုချန်းက သူမအား ချူးယုချင်၏ ကလေးကို ထိန်းထားခိုင်းခြင်းက ဘာအတွက်ဆိုတာ သူမ မည်သို့ မသိပဲ ရှိမည်နည်း။
ဒီလူဆိုးက ပန်းတစ်ရာဥယျာဉ်ကနေ ခုမှပြန်လာပြီး အခုတော့ သူ့အစ်မကိုပါ ရှာနေပြန်ပြီ။ တကယ့် သားရဲတိရစ္ဆာန် တစ်ကောင်ပင်။။
.............
အခန်း (၅၂၇)
မနာလိုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်
ချူးချင်လီ့လက်ထဲ ကလေးကို ထည့်ပေးပြီးနောက် ချူးယုချင်လည်း လုချန်းနောက်သို့ လိုက်ကာ အခန်းထဲသို့ ဝင်ခဲ့သည်။
အခန်းထဲသို့ ရောက်သည်နှင့် လုချန်းသည် သူ့ရှေ့ရှိ လှပသော အမျိုးသမီး၏ နူးညံ့သိမ်မွေ့သည့် ခန္ဓာကိုယ်အား ချက်ချင်း ဖက်လိုက်သည်။
ချူးယုချင် စကားပြောရန် အခွင့်မသာခင်မှာပင် လုချန်းက သူမ၏ နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းများနှင့် ဖိကပ်နမ်းရှုံ့လိုက်ရာ “အင်း…အင်း…” ဟူသော အသံများသာ ထွက်ပေါ်လာသည်။
ခဏမျှ လုချန်း၏ အတင်းအကျပ် နမ်းရှုံ့ခြင်းကို ခံလိုက်ရပြီးနောက် နှုတ်ခမ်းများ ဖြည်းညှင်းစွာ ခွာသွားသောအခါ ချူးယုချင်က မျက်နှာနီရဲစွာဖြင့် လုချန်းကို ကြည့်ကာ
“မင်းမှာ အခြားမိန်းမတစ်ယောက်ရဲ့ အနံ့ရှိနေတယ်။ မုယုံရွှီနဲ့ တကယ်ပဲ အဲ့ဒါလုပ်ခဲ့တာလား။”
ချူးယုချင်သည် မင်းသားစံအိမ်မှ မိန်းမများ၏အနံ့ကို အထူးအာရုံခံနိုင်သည်။ စံအိမ်မှမိန်းမဟုတ်ပါက သူမချက်ချင်းသိနိုင်သည်။
လုချန်း၏ကိုယ်ပေါ်ရှိ အနံ့သည် မင်းသားစံအိမ်မှ မိန်းမတစ်ဦး၏အနံ့မဟုတ်သည်မှာ သေချာသဖြင့် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ချူးချင်လီ မှန်းထားသည့်အတိုင်း လုချန်း အပြင်တွင် တစ်ခုခုလုပ်ခဲ့ခြင်းဖြစ်သည်။
လုချန်းက ရယ်မောလိုက်ပြီးနောက်
“ချစ်ဇနီး။ မင်း မနာလိုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။”
ချူးယုချင်က မျက်လုံးလည်လိုက်ပြီး
“မုယုံရွှီဟာ ကျူးဧကရီရဲ့ အနှစ်သက်ဆုံး လူယုံပဲ။ သူ့ကို မြောက်ပိုင်းပြည်နယ် နှင်လိုက်တယ် ဆိုပေမဲ့ သူက ဧကရီဆီက တာဝန်တစ်ခုနဲ့ လာတယ်လို့ ဒေါ်လေး အမြဲခံစားရတယ်။”
“ဖြစ်နိုင်တာက မင်းနဲ့ နီးစပ်ဖို့ မြောက်ပိုင်းပြည်နယ်ကို ရည်ရွာ်ချက်ရှိရှိလာတာ ဖြစ်နိုင်တယ်။”
“မင်း သူနဲ့ အိပ်ရင် မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်ချက်တွေကို မင်းဆီကနေ ရယူပြီး ကျူးနိုင်ငံတော်ကို ပြန်အစီရင်ခံမှာ မကြောက်ဘူးလား။”
ချူးယုချင်၏ခါးကို ဖက်ထားရင်း ကုတင်ဆီသို့ ဦးတည်လျက် လုချန်းက
“စိတ်မပူပါနဲ့။ ကျွန်တော်နဲ့ ရင်းနှီးတဲ့မိန်းမတိုင်းဟာ နောက်ဆုံးမှာ ကျွန်တော့်ကို သစ္စာဖောက်မှာ မဟုတ်ပါဘူး။”
ချူးယုချင်က
“ချန်းလေး... ဒေါ်လေးက စွက်ဖက်တာမဟုတ်ဘူး။ မင်းရဲ့ မိန်းမတွေကို ဖမ်းစားတဲ့နည်းတွေက အထင်ကြီးစရာ ကောင်းပေမဲ့ တချို့မိန်းမတွေကို မင်းရဲ့နည်းလမ်းတွေနဲ့ စည်းရုံးလို့ မရနိုင်ဘူး။”
“မုယုံရွှီကိုယ်တိုင်က ကာမရာဂ ပြင်းပြတဲ့ မိန်းမလို့ ကောလာဟလတွေ ရှိတယ်။ မင်းက သူ့ကို တချို့ကိစ္စတွေမှာ ကျေနပ်အောင် လုပ်ပေးနိုင်ရင်တောင် သူမင်းကိုချစ်သွားမယ်လို့ အာမမခံနိုင်ဘူး။”
ချူးယုချင် လုချန်း၏ အဓိပ္ပာယ်ကို နားလည်မှုလွဲခဲ့သည်။ လုချန်း၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းသောကြောင့် သူနှင့် အိပ်ခဲ့သော မည်သည့်အမျိုးသမီးမဆို သူ့ကို ချစ်လာလိမ့်မည်ဟု လုချန်းဆိုလိုချင်သည်ဟု ချူးယုချင်ထင်ခဲ့သည်။
တကယ်တမ်းတွင် လုချန်း၏ ရည်ရွယ်ချက်မှာ မုယုံရွှီကို သူ၏စွမ်းဆောင်ရည်ဖြင့် သိမ်းသွင်းရန် မဟုတ်ပဲ သူမအား နဂါးဖီးနစ်လက်ဖက်ရည် တိုက်ကာ သူ့အား အပြည့်အဝ သစ္စာရှိစေလာရန် ဖြစ်သည်။
မုယုံရွှီ သူနှင့် တစ်ကြိမ်အိပ်ရုံဖြင့် သူမအား လုံးဝ သိမ်းသွင်းနိုင်မည်ဟု ယုံကြည်သည်အထိတော့ လုချန်း မမိုက်မဲပေ။ မုယုံရွှီသည် ကျူးဧကရီ၏ အချစ်တော် ဖြစ်ရာ သူမကို စည်းရုံးရန် မလွယ်ကူပေ။
သို့သော် ချူးယုချင်အား နောက်ထပ်ရှင်းပြခြင်း မပြုတော့ပေ။ ယခုအချိန်တွင် သူတို့သည် ကုတင်နားသို့ ရောက်ရှိသွားပြီဖြစ်သည်။ လုချန်းက ချူးယုချင်၏ ခန္ဓာကိုယ်အား ကုတင်ပေါ်သို့ ညင်သာစွာ ချလိုက်ပြီးနောက် သူမ၏ ဆံပင်ကို ထုံးထားသော ဆံထိုးကို ဖယ်ရှားလိုက်ရာ နောက်တစ်ခဏတွင် သူမ၏ ဆံပင်ထုံးဖွဲ့မှု ပြေလျော့သွားပြီး ဆံပင်များ အိပ်ရာပေါ် ပြန့်ကျဲကျသွားသည်။
ချူးယုချင်က ချစ်ခင်တွယ်တာသော မျက်လုံးများဖြင့် လုချန်းကို ကြည့်ရင်း
“မင်းပြောတဲ့ အရေးကြီးတဲ့ ကိစ္စဆိုတာ ဒီလိုမျိုးလား။”
လုချန်းတွင် သူမနှင့် ဆွေးနွေးရန် အရေးကြီးသော ကိစ္စတစ်ခု ရှိသည်ဟု ချူးယုချင် အမှန်တကယ် ထင်ခဲ့သည်။ သို့သော် ထိုလူဆိုးလေးက အခန်းထဲရောက်သည်နှင့် ဆိုးသွမ်းလာသည်။
လုချန်းက ချူးယုချင်၏ အဝတ်များကို ချွတ်နေရင်း
“မဟုတ်ပါဘူး။ ခုနက အပြင်မှာ ပြောခဲ့တယ်လေ။ ဒေါ်လေးရဲ့ အဆင့်အကြောင်း။”
ချူးယုချင်က သိလိုစိတ်ဖြင့်
“ဒေါ်လေးရဲ့ အဆင့်နဲ့ ပတ်သက်တဲ့အကြောင်းလား။”
ဟု မေးလိုက်သည်။
ထိုအချိန်တွင် ချူးယုချင်၏ စိတ်ထဲ၌ ယခင်က သူတို့ အတူနေခဲ့သည့် ဖြစ်ရပ်များ ပြန်လည်ဝင်ရောက်လာပြီး လုချန်း၏ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်က သူမ၏အဆင့်တိုးတက်မှုကို အရှိန်မြှင့်ပေးနိုင်ကြောင်း ရုတ်တရက်သတိရလာသည်။
ထိုမြင်ကွင်းများကို တွေးမိပြီး ချူးယုချင်၏ မျက်နှာ ပို၍နီရဲလာသည်။
လုချန်းက ဆက်လက်၍
“ကျွန်တော့်ဆရာက အဆင့်နယ်ပယ်ကျော်လွှားဆေးလုံး ပေးထားတယ်။ အဲဒီဆေးလုံးကို သောက်ရုံနဲ့ ထိပ်သီးအဆင့်ကနေ အဆင့်လွန် ပညာရှင်အဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်တယ်။”
ထိုစကားကို ကြားသော် ချူးယုချင် ခဏမျှ အံ့အားသင့်သွားပြီးနောက်
“ ဒေါ်လေးက ထိပ်သီးအဆင့်ကို မရောက်သေးဘူးဆိုတော့ ဒီဆေးလုံးက ဒေါ်လေးအတွက် အသုံးဝင်မှာ မဟုတ်ဘူးထင်တယ်။”
“ဒီဆေးလုံးက ပိုင် ဒါမှမဟုတ် လုံယွဲ့ကို ပေးသင့်တယ်။”
လုချန်းက ရယ်မောလျက်
လုချန်းက ရယ်မောပြီး
“လက်ရှိမှာတော့ အသုံးမဝင်ဘူးဆိုပေမဲ့ ဒေါ်လေးကို ထိပ်သီးပညာရှင်အဆင့်ရောက်အောင် ကျွန်တော်က ကူညီပေးမယ်ဆိုရင်ကော။”
ချူးယုချင်က
“ထိပ်သီးအဆင့်ကို ရောက်ဖို့က မလွယ်ဘူး။”
ချူးယုချင် စကားဆုံးသည်နှင့် လုချန်းက စွမ်းအားတိုးဆေးလုံးတစ်လုံး ထုတ်ယူပြီး ချူးယုချင်အား
“ဒေါ်လေးချူး။ ဒီစွမ်းအားတိုး ဆေးလုံးကို အရင်သောက်လိုက်ပါ။”
လုချန်း၏လက်ထဲရှိ ဆေးလုံးကို မြင်လိုက်ရသည်နှင့် ချူးယုချင်သည် တုန်လှုပ်သွားသည်။ မကြာသေးမီက လုချန်း သူမအား စွမ်းအားတိုးဆေးလုံးတစ်လုံး ပေးခဲ့ဖူးသည့်အတွက် ၎င်း၏အသုံးဝင်ပုံကို သူမအလွန်ရှင်းလင်းစွာ သိရှိထားသည်။
ချူးယုချင်က အလျင်အမြန်ပြောလိုက်သည်။
“ချန်းလေး။ ဒေါ်လေး တစ်လုံးသောက်ပြီးသားပဲ။ ဒီတစ်လုံးကို အခြားသူတစ်ယောက်ကို ပေးလိုက်ပါ။ အလဟဿမဖြစ်ပါစေနဲ့။”
လုချန်းက
“ ဒေါ်လေးကို ထိပ်သီးအဆင့် အမြန်ဆုံးရောက်အောင် ကူညီနိုင်မယ်ဆိုရင် ဒီဆေးလုံးက အလဟဿမဖြစ်ဘူး။”
ချူးယုချင်က
“ဒီဆေးလုံးက ဒေါ်လေးရဲ့အဆင့်ကို မြှင့်တင်ရာမှာ အထောက်အကူပြုပေမဲ့ ထိပ်သီးအဆင့်ကို အချိန်တိုအတွင်း ရောက်ဖို့ဆိုတာက ဆေးသောက်ရုံနဲ့ မရဘူး။”
လုချန်းက
“ကျွန်တော်လည်း သိပါတယ်။ ဒါကြောင့် ဒေါ်လေးရဲ့အဆင့် အမြန်ဆုံး တက်လှမ်းနိုင်အောင် ကူညီပေးဖို့ စဉ်းစားထားတယ်။”
ထိူစကားကို ကြားသော် ချူးယုချင်က
“ဘယ်လိုကူညီမှာလဲ။”
စကားမဆုံးခင်မှာပင် လုချန်းက သူမ၏ ခါးပတ်ကို ဖြည်၍ အပြာရောင်တိမ်တိုက်ဝတ်စုံကို မတင်လိုက်သည်ကို ချူးယုချင် သတိပြုမိလိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချူးယုချင်သည် တစ်စုံတစ်ရာ နားလည်သလို ဖြစ်သွားသည်။
ဒီကောင်လေးက ထိုနည်းလမ်းဖြင့် သူမ၏အဆင့်တက်ခြင်း အရှိန်မြှင့်တင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။
သို့သော် သူတို့ ယခင်က အတူတူ ကျင့်ကြံခဲ့ဖူးပြီး သူမ အနေနှင့်တော့ သူမ၏အဆင့်တိုးတက်မှုအရှိန်မြင့်လာသည်ကို မခံစားမိခဲ့ပေ။
အမှန်တွင် ဒါက နဂါးဖီးနစ် ယင်ယန်ကျင့်စဉ်နှင့် သိပ်မသက်ဆိုင်ပေ။ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံသည့် ဤကျင့်စဉ်သည် လိင်ပိုင်းဆိုင်ရာ အလိုဆန္ဒများကို ဖြည့်ဆည်းရန်သက်သက် မဟုတ်ပေ။
အရင်တုန်းက လုချန်းသည် သူ၏ဇနီးမယားများနှင့်အတူနေစဉ် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို သေသေချာချာ မကျင့်ကြံပဲ ပျော်ရွှင်မှုပေါ်တွင်သာ ပိုမိုအာရုံစိုက်ခဲ့သည်။ ကျင့်စဉ်က လည်ပတ်နေခဲ့သော်လည်း အရေးပါသော အခန်းကဏ္ဍမှ မပါဝင်ခဲ့သောကြောင့် ရလဒ်မှာလည်း ထင်ထင်ရှားရှား မရှိခဲ့ပေ။
သို့သော်...
ယနေ့တွင်တော့ လေးလေးနက်နက်လေ့ကျင့်ရန် လုချန်း စိတ်ပိုင်းဖြတ်ထားသည်။ အချို့သော ခံစားမှုများကို မလိုက်စားပဲ ကျင့်စဉ်တွင်သာ အပြည့်အဝစူးစိုက်ကာ ချူးယုချင် ထိပ်သီးအဆင့်သို့ အမြန်ဆုံးရောက်ရှိစေရန် ကူညီမည်ဖြစ်သည်။
ချူးယုချင် စကားစပြောမည့်အချိန်တွင် လုချန်းက ဆေးကို သူ၏ပါးစပ်ထဲထည့်ကာ ကိုင်းညွှတ်ပြီး ချူးယုချင်၏နှုတ်ခမ်းများကို တိုက်ရိုက်ပိတ်ဆို့လိုက်ကာ ဆေးပြားကို သူမထံသို့ သွတ်သွင်းလိုက်သည်။
လုချန်း၏ ဤကဲ့သို့အာဏာသုံးသည့် အပြုအမူကို မြင်လိုက်ရသည်နှင့် ချူးယုချင် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ခုခံခြင်းမပြုပဲ သူ့အား သူလိုသလို လုပ်ခွင့်ပေးလိုက်သည်။
သူမကိုယ်တိုင်ကတော့ ထိပ်သီးအဆင့်ကို လျင်မြန်စွာ တက်လှမ်းနိုင်မည်ဟု မထင်သော်လည်း လုချန်း၏ စေတနာကောင်းကို သူမက လက်ခံလိုက်သည်။
မကြာမီ တစ်စုံတစ်ရာ မူမမှန်သည်ကို ချူးယုချင် သတိပြုမိလာသည်။ သူမ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်သည် အရှိန်အဟုန်မြင့်မားစွာ လည်ပတ်နေသည်ကို ခံစားရပြီး တစ်စုံတစ်ရာက သူမ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားလမ်းကြောင်းများတွင် စီးဆင်းနေသည်။
ချူးယုချင် အံ့အားသင့်သွားသည်။ ဤကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်အလုပ်ဖြစ်ပြီး ဤမျှထိရောက်မှုရှိမည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
လုချန်းက သူမအား ယခင်က မကောင်းမှုများပြုလုပ်စဉ်က အဘယ်ကြောင့် ဤမျှထိရောက်မှုမရှိခဲ့သနည်း။
ချူးယုချင် တွေးတောနေစဉ် သူမ အခြားပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည်။ သူမသည် ရှင်းလင်းစွာ တွေးတောနိုင်နေဆဲဖြစ်ပြီး ယခင်ကဆိုလျှင်တော့ ယခုလို အချိန်တွင် သူမ ရှုပ်ထွေးနေမည်ဖြစ်သည်။
ဖြစ်ပျက်နေသည့်အရာကို ချူးယုချင် လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ဤလူငယ်လေးသည် အပျော်အပါးကိုသာ အလွန်အမင်း အာရုံစိုက်လွန်းခဲ့သဖြင့် ကျင့်စဉ်၏ ထိရောက်မှု နည်းခဲ့သည်မှာ သေချာသည်။
ထိုအချက်ကို သိရှိသွားသော်လည်း ချူးယုချင် လုချန်းအား ဆူပူရန် မရည်ရွယ်ပေ။ မကြာမီ သူမသည် တည်ငြိမ်သောစိတ်ဖြင့် ကျင့်စဉ်၏ အခြေအနေတစ်ခုသို့ ဝင်ရောက်သွားပြီး သူမ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်သည် ပို၍ပြည့်ဝလာကာ အဆင့်တိုးတက်မှု၏ အစပျိုးခြင်းသို့ ရောက်ရှိသွားသည်။
အချိန်အတန်ကြာပြီးနောက် စွမ်းအင်နှစ်ခွ သူတို့၏ခန္ဓာကိုယ်များမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
.............
အခန်း (၅၂၈ )
ဒီလိုပဲ အဆင့်တက်သွားတာလား
ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိသွားသည်ကို ခံစားရသောအခါ ချူးယုချင်သည် အနည်းငယ်ရှုပ်ထွေးသွားသည်။
ခုနက အဆင့်တက်သွားတာလား။
လုချန်းနှင့် အတူလေ့ကျင့်ခဲ့သည်မှာ နာရီနှစ်နာရီထက် ပိုမကြာခဲ့ပေ။
အဆင့်တက်ဖို့ ဒီလောက်မြန်နိုင်လား။
ဒါက ထာဝရတန်ခိုးရှင်ပေးသော ကျင့်စဉ်၏ ကြောက်မက်ဖွယ်ရာ အချက်လား။
ချူးယုချင်၏ အဆင့်တက်မှုကို သတိပြုမိပြီးနောက် လုချန်းလည်း ချက်ချင်းထထိုင်ကာ သူမ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ထိန်းကာ သူမ၏မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး
“ အခုဘယ်လိုခံစားရလဲ ဒေါ်လေးချူး”
ဟု မေးလိုက်သည်။
ချူးယုချင်၏မျက်နှာ နီမြန်းနေပြီး လုချန်း၏မျက်လုံးများကို ပြန်လည် စူးစိုက်ကြည့်ရင်း
“အရင်တုန်းက မင်းကျင့်စဉ်ကို အာရုံမစိုက်ခဲ့ဘူး မဟုတ်လား”
ဟု ပြန်မေးလိုက်သည်။
လုချန်းက ပြုံးရယ်ပြီး ငြင်းလိုက်သည်။
“ဒေါ်လေးချူး ဘာလို့ဒီလိုတွေးတာလဲ။ ကျွန်တော်နေ့တိုင်း ကြိုးစားလေ့ကျင့်နေတာ”
ချူးယုချင်က လုချန်းကို မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး
“ဒေါ်လေးကို တုံးတယ်လို့ ထင်နေတာလား။ အရင်က မင်း ပျော်ရွှင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တာ သေချာတယ်။ အဲဒါကြောင့် မင်းရဲ့ကျင့်စဉ်တွေက ဒေါ်လေးအတွက် အသုံးမဝင်ခဲ့တာ။ ဒီနေ့ကျတော့ မင်း ကျင့်စဉ်ကိုပဲ အာရုံစိုက်လိုက်တာနဲ့ ဒေါ်လေးရဲ့ တိုးတက်မှု အရှိန်ကို မြန်စေတာပဲ။”
လုချန်းက
“ဒေါ်လေးချူး အထင်မှားနေပြီ။ ဒီတစ်ခါ တိုးတက်မှု အရှိန်မြန်ရတာက ဒေါ်လေး စွမ်းအားတိုးဆေးလုံး သောက်လိုက်လို့။ ပြီးတော့ ဒေါ်လေးက အဆင့်တက်ဖို့ အခြေအနေရောက်နေပြီးသားမို့လို့ အဆင့်တက်တာက အရမ်းမြန်တယ်လို့ ထင်ရတာ။ သာမန်လူတစ်ယောက်ဆိုရင် ဒီလိုအကျိုးသက်ရောက်မှုမျိုး ရမှာမဟုတ်ဘူး။”
နောင်တွင် သူ ချူးယုချင် ပျော်ပါးရန် လာသောအခါ သူမ၏ စောင့်ကြည့်ခံရခြင်းကို လုချန်း လုံးဝမလိုလားပေ။
သူယခင်က တကယ်တော့ ကျင့်စဉ်ကို လုံးဝအာရုံမစိုက်ခဲ့ကြောင်း ချူးယုချင် သိသွားပါက နောက်တစ်ကြိမ် သူမထံလာသည့်အခါ ကျင့်စဉ်ကိုသာ အာရုံစိုက်ရန် မျှော်လင့်ထားမည်မှာ သေချာသည်။
လုချန်း၏ ဖြေရှင်းချက်ကို ကြားလိုက်ရပြီးနောက် ချူးယုချင်က လုချန်း၏မျက်လုံးများကို စူးစိုက်ကြည့်ကာ သူအမှန်ပြောနေတာ ဟုတ်မဟုတ် စစ်ဆေးနေသည်။
သို့သော် လုချန်း၏မျက်လုံးများ တောက်ပ နေသည်ကို မြင်လိုက်ရသဖြင့် သူမ အလွန်အကျွံတွေးနေမိသည်ဟု သဘောပေါက်လိုက်သည်။ ဖြစ်နိုင်သည်မှာ စွမ်းအားတိုးဆေး၏ အကျိုးသက်ရောက်မှုကြောင့် သူမ၏ တိုးတက်မှုအရှိန် ဤမျှမြန်ခြင်းဖြစ်နိုင်သည်။
ထိုအချိန်တွင် လုချန်းက
“ကောင်းပြီ။ ဒီအကြောင်း နောက်မပြောတော့ဘူး။ ဒေါ်လေးချူး အဆင့်နယ်ပယ်ကျော်လွှားဆေးလုံးကို သောက်လိုက်ပါ။”
ပြောနေစဉ်ပင် လုချန်းက ဆေးပြားကို ထုတ်ယူပြီး ချူးယုချင်ထံ ပေးလိုက်သည်။
ချူးယုချင်လည်း ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ပဲ ဆေးပြားကို တိုက်ရိုက်ယူပြီး ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။
ချူးယုချင်၏အတွေးမှာ ရိုးရှင်းသည်။ လုချန်းတွင် စွမ်းအားကောင်းသော အစောင့်အရှောက်များစွာ ရှိပြီးဖြစ်သဖြင့် သူမကို မလိုအပ်တော့ပေ။ သို့သော် လုချန်းသည် အမြဲတမ်း မြောက်ပိုင်းနယ်စားမင်းသား၏စံအိမ်တွင် နေနေမည်မဟုတ်ပေ။
လုချန်း၏ ပိုမိုအာဏာကြီးလာပြီး မြောက်ပိုင်းပြည်နယ်၏အင်အားလည်း ကြီးထွားလာသည်နှင့်အမျှ အခြားနိုင်ငံတော်များ သို့မဟုတ် ရှနိုင်ငံတော်နှင့် စစ်ဖြစ်မည်မှာ မလွဲမသွေဖြစ်သည်။ အနာဂတ်တွင် လုချန်းသည် ရန်ခရိုင်မှ ထွက်ခွာရမည်ဖြစ်ပြီး ထိုအစောင့်အရှောက်များလည်း ရန်ခရိုင်မှ ထွက်ခွာသွားနိုင်ခြေရှိသည်။
သူမ လုချန်းကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်သဖြင့် သူ၏မိန်းမများနှင့် ကလေးများကို ကာကွယ်ရန် ချူးယုချင် ဆုံးဖြတ်ထားသည်။ ထို့ပြင် သူမတစ်သက်လုံး သူတို့နှင့် နေထိုင်ရတော့မည်ဖြစ်သည်။
သူမစွမ်းအားကောင်းပါက လုချန်း သူ၏ တပ်များကို ဦးဆောင်၍ စစ်တိုက်ထွက်သွားလျှင် စိတ်ချလက်ချရှိနိုင်မည်ဖြစ်သည်။
ချူးယုချင် ဆေးလုံးသောက်ပြီးနောက် သူမ၏ ကိုယ်ခန္ဓာပတ်လည်တွင် အစိမ်း ရောင် ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ စုစည်းလာသည်။ ထိုစွမ်းအင်မှာ မှိန်ဖျော့သော်လည်း နယ်ပယ်ကျော်လွှားဆေးလုံး၏ အကူအညီဖြင့် သူမအား အဆင့်လွန် ပညာရှင်အဆင့်သို့ တက်လှမ်းစေရန် လုံလောက်ခဲ့သည်။
နောက်တစ်ခဏတွင် ချူးယုချင်၏ ကိုယ်ခန္ဓာမှ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ပွင့်ထွက်လာပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များနှင့် အညစ်အကြေးများကို ချွေးအဖြစ် အမြောက်အမြား စွန့်ထုတ်ပစ်လိုက်သည်။
ချူးယုချင် အလျင်အမြန် တရားထိုင်လိုက်ကာ သူမ၏ ကိုယ်တွင်းရှိ စွမ်းအားကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ထိုအချိန်တွင် လုချန်း ထရပ်လိုက်ပြီး ဘေးတွင်ထိုင်၍ စောင့်ကြည့်နေသည်။
အချိန်မည်မျှကြာသည်မသိ ချူးယုချင် နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်သည်။ သူမ ထရပ်လိုက်သောအခါ ချွေးများရွှဲစိုနေသည်ကို တွေ့ရပြီး လုချန်းအား အလျင်အမြန်ပင်
“ ဒေါ်လေး သွားရေချိုးလိုက်ဦးမယ်။”
ထိုသို့ပြောပြီးနောက် ချူးယုချင် ဘေးခန်းသို့ ဝင်သွား၏။ မင်းသားစံအိမ်သစ်ရှိ အိပ်ခန်းများသည် စံအိမ်ဟောင်းနှင့် မတူပဲ အိပ်ခန်းတစ်ခန်းစီတိုင်းတွင် ရေချိုးခန်းနှင့် အိမ်သာပါရှိသည်။ စံအိမ်သခင်က အိပ်ခန်းထဲရှိ အမျိုးသမီးတစ်ဦးထံ လာရောက်လည်ပတ်သည့်အခါတိုင်း အဆောင်အတွင်းရှိ အစေခံများက ရေချိုးကန်များကို ရေဖြည့်ရန် ချက်ချင်းရေနွေးစတင်တည်ကြပြီး ရေချိုးကန်ထဲတွင် ရေနွေးအမြဲရှိနေစေရန် သေချာစေသည်။
လျှပ်စစ်မီးနှင့် ရေနွေးပိုက်မရှိသော ခေတ်တွင် လုချန်းကဲ့သို့ အဆင့်အတန်းမြင့်သူသာလျှင် ရေနွေးကို အမြဲအသုံးပြုနိုင်၏။
မြန်မြန်ဆန်ဆန် ရေချိုးပြီးနောက်
ရေကန်ထဲတွင် အနည်းငယ်စိမ်ရန် ချူးယုချင် ရည်ရွယ်ချိန်တွင် လုချန်း ရုတ်တရက် ဝင်လာသည်။
လုချန်း အခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ ချူးယုချင်က
“ဘာလုပ်တာလဲ။ အပြင်ထွက်သွား။
ဒေါ်လေး မကြာဘူး”
ဟု နူးညံ့စွာ ပြောလိုက်သည်။
လုချန်းက
“ကျွန်တော်တို့က လင်မယားတွေပဲ။ဘာရှက်စရာဘာရှိလဲ”
ဟု ပြုံး၍ ပြောလိုက်ကာ ရေချိုးကန်ထဲသို့ ဝင်လာပြီး ချူးယုချင်၏ ခါးကို ပွေ့ဖက်လိုက်သည်။
ချူးယုချင်က လုချန်းအား ရေချိုးကန်ထဲတွင် မပျော်ပါးရန် သတိပေးမည့်အချိန်တွင် လုချန်းက
“ယုချင်။ မင်း အခု အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်သွားပြီဆိုတော့ မင်းသားစံအိမ်ရဲ့ လုံခြုံရေးက မင်းလက်ထဲမှာပဲ ရှိသွားပြီ။”
ထိုစကားကို ကြားသောအခါ ချူးယုချင်က
“အင်း။ မင်းအတွက် မင်းသားစံအိမ်ကို ကောင်းကောင်းဂရုစိုက်ပေးမယ်။”
ထိုအချိန်တွင် ချူးယုချင်က
“မကြာသေးခင်က ကျိရွှမ်း၊ ရှောင်ရှောင်နဲ့ ယိုယိုတို့မှာ အတွင်းအားတစ်မျိုး ရှိနေသလို ခံစားရတယ်။ ဒါမင်းရဲ့ ကျင့်စဉ်နည်းလမ်းကြောင့်ပဲ ဖြစ်မှာပေါ့”
ဟု မေးလိုက်သည်။
လုချန်းက
“ဟုတ်ပါတယ်”
ချူးယုချင်က
“သာမန်လူတွေမှာ အတွင်းအားရှိရင် အသက်ပိုရှည်နိုင်တယ်။ သူတို့အခန်းကို သွားတိုင်း ပျော်ပါးဖို့ပဲ တွေးမနေနဲ့။ သူတို့ရဲ့အတွင်းအားကိုလည်း မြှင့်တင်ပေးပါ။”
လုချန်း၏လက်များက ချူးယုချင်၏ခန္ဓာကိုယ်ပေါ်တွင် လှည့်ပတ်နေရင်း
“စိတ်မပူပါနဲ့ ။ ကျွန်တော်က ကျွန်တော့်အမျိုးသမီးတွေအပေါ် အမြဲတမ်း မျှတတယ်။ တစ်နေ့ကျရင် သူတို့ကိုလည်း အဆင့်လွန် ပညာရှင်တွေ ဖြစ်လာအောင် ကူညီပေးမှာပါ။”
ချူးယုချင်က သူ၏စကားကို မှတ်ချက်ပြုလိုက်သည်။
“သာမန်လူတွေ အဆင့်လွန်ပညာရှင်ဖြစ်ဖို့ ခက်ခဲမှာပဲ “
လုချန်းက
“မင်းရဲ့ ချစ်ရသူက သာမန်လူတစ်ယောက် မဟုတ်ဘူး။”
သူ၏ဆိုလိုရင်းကို နားလည်သွားပြီး ချူးယုချင် တွေးမိလိုက်သည်။ မှန်ပါသည်။ လုချန်းသည် ထာဝရတန်ခိုးရှင်ကျင့်စဉ်ဖြင့် ကောင်းချီးပေးခံရသော လူတစ်ယောက်ဖြစ်၏။ သာမန်လူတစ်ဦးကို ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရန် ကူညီခြင်းသည် အခြားသူများအတွက် ခက်ခဲနိုင်သော်လည်း သူ့အတွက်မူ မဟုတ်ပေ။ သူမကို အဆင့်လွန် ပညာရှင်အဆင့်သို့ တစ်ခါတည်း အရောက်လှမ်းနိုင်အောင် သူကူညီခဲ့သည် မဟုတ်ပါလား။
ချူးယုချင်က
“မှန်ပါတယ်။ ဒါဆို စိတ်အေးရပြီ။”
လုချန်းက
“ကောင်းပြီ။ ဒီအကြောင်းတွေ လုံလောက်ပြီ။ မင်း အဆင့်လွန် ပညာရှင် ဖြစ်သွားပြီဆိုတော့ မင်းရဲ့ ခန္ဓာကိုယ်အခြေအနေလည်း သိသိသာသာ တိုးတက်လာပြီ။ ဒီညက နယ်ပယ်ကျော်လွှားဆေးလုံးကနေ ရရှိထားတဲ့ အဆင့်လွန် ပညာရှင်စွမ်းအားကို စမ်းသပ်ဖို့ အကောင်းဆုံးအချိန်ပဲ။”
ထိုစကားကို ကြားသော် လုချန်းက သူမနှင့် သိုင်းပြိုင်လိုသည်ဟု ချူးယုချင် ထင်လိုက်သည်။ ထိုစဉ် သူက သူမကို ရေချိုးကန်၏အစွန်းသို့ တွန်းချလိုက်ပြီး ရေချိုးကန်ရှိ ရေများ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
......
ထိုအတောအတွင်း...
ချူးချင်လီသည် အဆောင်အပြင်တွင် လုချမ်းဝမ်ကို ပွေ့ဖက်ထားသည်။ လုချမ်းဝမ်သည် သူမကို အလွန်နှစ်သက်ပုံရပြီး သူမ၏လက်ထဲတွင် အေးဆေးတည်ငြိမ်စွာ ရှိနေသည်။
လုချမ်းဝမ်၏ ပြုံးနေသော မျက်နှာကို မြင်ရသောအခါ ချူးချင်လီ၏ မိခင်စိတ်ဓာတ် ရုတ်တရက် တက်ကြွလာသည်။ သူမလည်း ကိုယ်ပိုင်ကလေးတစ်ဦး လိုချင်မိသည်။
သို့သော် အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့်အတွက် ကိုယ်ဝန်ရရန် ခက်ခဲသည်။
လုချန်းနှင့် လပ်ထပ်ပြီးကတည်းက အတွင်းအားဖြင့် ခန္ဓာကိုယ်မှ အညစ်အကြေးများကို မစွန့်ထုတ်တော့သော်လည်း ကိုယ်ဝန်မရသေးပေ။ ကိုယ်ဝန်ရရန် မလွယ်ကူပါ။ မင်းသားစံအိမ်တစ်ခုလုံးမှ သိုင်းပညာရှင်များတွင် သူမ၏အစ်မသာ ပထမဆုံးအကြိမ်တွင် ကိုယ်ဝန်ရခဲ့သည်။
ချူးယုချင်တစ်ယောက် လုချန်းးနှင့် မည်သို့ဆက်ဆံခဲ့၍ ကလေးရနိုင်ခဲ့တာလဲဟု ချူးချင်လီ တွေးမိပြီး ရုတ်တရက် သူမ၏ လွင့်မျောနေသော အတွေးများကို ရပ်တန့်လိုက်သည်။
သူမ ဘာကြောင့် သူ့ကလေးကို လိုချင်ရမှာလဲ....
ထိုမကောင်းဆိုးဝါးသည် သူမ၏အစ်မကို ပိုင်ဆိုင်ထားသည့်အပြင် သူမကိုလည်း လှည့်စားကာ သူ့အိပ်ရာထဲသို့ ဆွဲခေါ်သွားခဲ့သည်။ သူသည် အစစအရာရာ မကောင်းသော လူဆိုးဖြစ်သည်။
သူမ ထိုလူဆိုး၏ကလေးကို မလိုချင်ပါ။
............