← Chapters

အခန်း ၅၂၉-၅၃၁

Vol. 36 Ch. 529-531

အခန်း ၅၂၉-၅၃၁

Vol. 36 Ch. 529-531

အခန်း (၅၂၉ )

မြောက်ပိုင်းနယ်စားမင်းသား လက်ဖက်ရည်ပို့ခြင်း

တစ်ပတ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။

မုယုံရွှီသည် လုချန်းနှင့်ဖြစ်ခဲ့သော ထိုဖြစ်ရပ်ပြီးကတည်းက အိပ်ရာထဲမှ မထွက်ရသေးပေ။ သူမသည် နေ့စဉ်အိပ်ရာထဲတွင် အနားယူကာ နာလန်ထူရန် အချိန်ယူနေသည်။

အစပိုင်းတွင် ထိုမျှစွမ်းအားကြီးသော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံရခြင်းသည် လုံးဝဆုံးရှုံးမှု မဟုတ်ဟု မုယုံရွှီ ထင်ခဲ့သည်။ သို့သော် သူမ၏ စိတ်ထဲသို့ အတွေးတစ်ခု ဝင်လာသည်။ လုချန်းနှင့် နေပြီးသည့်အခါတိုင်း အိပ်ရာပေါ်တွင် ခုနစ်ရက်၊ ရှစ်ရက် အနားယူရမည်ဆိုပါက အချိန်များစွာ ကုန်ဆုံးသွားမည်မဟုတ်ပါလား။

ထိုအချိန်တွင် မုယုံရွှီသည် အိပ်ရာမှ ဖြည်းဖြည်းချင်း ထလာသည်။ သူမထလာသည်ကို မြင်လိုက်ရသည်နှင့် အခန်းထဲရှိ အစေခံမိန်းကလေးက အမြန်ပြေးလာပြီး သူမကို အဝတ်ဝတ်နိုင်ရန် ကူညီပေးလိုက်သည်။

သူမ အနည်းငယ် နာကျင်နေဆဲဖြစ်ပြီး အံကြိတ်ကာ တွေးလိုက်သည်။ ထိုယောက်ျားသည် သူမကိုရယူပြီး ခုနစ်ရက်ကြာသော်လည်း တစ်ကြိမ်တစ်ခါမျှ လာမကြည့်ခဲ့‌ပေ။ စိတ်ဝင်စားမှုပြသရန် လူတစ်ဦးတစ်ယောက်မှပင် မစေလွှတ်ခဲ့။ တကယ်ပင် ဘောင်းဘီပြန်ဝတ်ပြီးသည်နှင့် ဘာမှသတိမရတော့သော လူတစ်ယောက်ပင်ဖြစ်သည်။

သူမ သူ့ကို မြှူဆွယ်နိုင်ခဲ့ခြင်း ရှိ မရှိ သူမ မသေချာ‌ချေ။

မြောက်ပိုင်းမင်းသားသည် အသစ်အဆန်းကို လိုက်စားသူသာဆိုပါက သူမအတွက် ဒုက္ခဖြစ်မည်။ ထိုသို့ဆိုလျှင် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရုံသာမက သူမ၏တာဝန်ကိုလည်း ပျက်ကွက်မည်ဖြစ်သည်။

မုယုံရွှီ၏ စိတ်ထဲတွင် ထိုအတွေးများ လည်ပတ်နေသည်။

ထိုအချိန်တွင် တံခါးဝရှိ အစေခံတစ်ဦးက

“မုယုံသခင်မ။ မြောက်ပိုင်းနယ်စားမင်းသားက လက်ဖက်ခြောက်အိုးတစ်လုံး ပို့လိုက်ပါတယ်။ သိုင်းပညာအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။”

ထိုစကားကိုကြားလိုက်ရသည်နှင့် မုယုံရွှီ တစ်ခဏခန့် တုန်လှုပ်သွားသည်။ မင်းသားသည် ကာမကိစ္စပြီးနောက် မေ့သွားမည့်သူမျိုးလားဟု စိုးရိမ်နေစဉ် ရုတ်တရက် လက်ဆောင်ရောက်လာခြင်းဖြစ်သည်။

သို့သော် လက်ဖက်ရည်ပို့ခြင်းက ဘာကိုဆိုလိုသနည်း။

သူမက

“အထဲယူလာခဲ့ပါ”

ဟု တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့”

အစေခံမိန်းကလေး တံခါးဖွင့်ကာ အတွင်းသို့ဝင်လာပြီး ကြွေလက်ဖက်ရည်အိုးတစ်လုံးကို မုယုံရွှီရှေ့တွင် ထားလိုက်သည်။ မုယုံရွှီက အိုးကိုကြည့်ပြီး ကိုယ်တိုင်အဖုံးကိုဖယ်လိုက်သည်။

အဖုံးဖွင့်လိုက်သည်နှင့် မုယုံရွှီ၏ တစ်ကိုယ်လုံးကို ပြင်းထန်သော လက်ဖက်ရနံ့က ဝန်းရံသွားပြီး သူမ၏ စိတ်ဓာတ်ကို လန်းဆန်းစေသည်။

မုယုံရွှီ အံ့အားသင့်သွားသည်။ သူမ မမြည်းစမ်းရသေးသော်လည်း လက်ဖက်ရနံ့သက်သက်ကပင် သူမကို သိသိသာသာ လန်းဆန်းစေခဲ့သည်။ ဤလက်ဖက်ရည်သည် သာမန်လက်ဖက်ရည် မဟုတ်ပေ။

သူမက အစေခံမိန်းကလေးအား

“လက်ဖက်ရွက်အချို့ယူပြီး အခုပဲ ကျိုပါ”

ဟု ညွှန်ကြားလိုက်သည်။

သူမ၏အမိန့်ကိုကြားလိုက်ရသည်နှင့် လက်ဖက်ရည်ယူလာသည့် အစေခံမိန်းကလေးက

“မင်းသားစံအိမ်က အစေခံက လက်ဖက်ရွက်ကို မပြုတ်ရပဲ ရေနွေးနှင့် စိမ်ဖို့ပဲလိုတယ်လို့ ပြောပါတယ်။”

ထို့နောက် မုယုံရွှီက

“ဒါဆို ရေနွေးအိုးတစ်လုံး ယူခဲ့။”

ထိုအမိန့်နှင့်အတူ အစေခံ မိန်းကလေး အခန်းထဲမှ လျင်မြန်စွာ ထွက်သွားသည်။

လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရွက်အချို့ကို ခပ်ယူပြီး မုယုံရွှီ နမ်းကြည့်ပြန်သည်။ လက်ဖက်ရနံ့သည် ပို၍ပင်ဆွဲဆောင်မှုရှိလာပြီး ဤလက်ဖက်ရည်သည် စိတ်ကြည်လင်လန်းဆန်းစေရုံသာမက အခြားအကျိုးကျေးဇူးများလည်းရှိကြောင်း သူမဖြည်းဖြည်းချင်း နားလည်လာသည်။

လက်ဖက်ရနံ့ကို ရှူရှိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားလည်း ပိုမိုချောမွေ့စွာ စီးဆင်းလာပြီး လက်ဖက်ရနံ့သည် သူမ၏ အတွင်းအားစီးဆင်းမှုနှုန်းကို မြန်ဆန်စေသည်ဟု ခံစားရသည်။

မုယုံရွှီသည် ပို၍စိတ်လှုပ်ရှားလာသည်။ လက်ဖက်ရည်၏ အကျိုးသက်ရောက်မှုကို အံ့အားသင့်ရုံသာမက မြောက်ပိုင်းမင်းသားက ဤမျှတန်ဖိုးကြီးသော ပစ္စည်းကို သူမထံပို့ခြင်းကိုလည်း ဝမ်းသာနေသည်။

မြောက်ပိုင်းမင်းသားက ဤမျှတန်ဖိုးရှိသော ပစ္စည်းကို လက်ဆောင်ပေးခြင်းက သူမကိုနှစ်သက်သွားပြီဟု ဆိုလိုသည်။ သို့မဟုတ်ပါက သူမထံဘာမှပို့မည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားက သူမကို နှစ်သက်နေပုံရပြီ ဖြစ်သောကြောင့် သူမ၏ တာဝန်ပျက်ကွက်ခြင်းအတွက် စိုးရိမ်နေရန် မလိုတော့ပေ။ နောက်တစ်ကြိမ် မြောက်ပိုင်းနယ်စားမင်းသားနှင့် အတူရှိသည့်အခါ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို သူ့ထံမှ နှိုက်ယူရန် သူမ ကြံစည်ထားသည်။

ထိုအတွေးနှင့်အတူ မုယုံရွှီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာကာ ပြုံးရယ်မိသည်။

မကြာမီ အစေခံမိန်းကလေး ရေနွေးအိုးနှင့် ပြန်လာ၏။ ထို့နောက် မုယုံရွှီကိုယ်တိုင် လက်ဖက်ရည်ဖျော်သည်။

လက်ဖက်ရည်အဆင်သင့်ဖြစ်သောအခါ သူမ ဖြည်းဖြည်းချင်း ငုံသောက်လိုက်သည်။ နောက်ခဏတွင် သူမ၏ အတွင်းအား သိသိသာသာ တိုးတက်လာသည်ကို ခံစားရသည်။ မုယုံရွှီသည် တစ်ဖန် စိတ်လှုပ်ရှားသွားပြန်သည်။ ဤလက်ဖက်ရည်သည် အမှန်ပင် ထူးခြားပြီး လူတစ်ဦး၏ စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည်။

မြောက်ပိုင်းနယ်စားမင်းသားက ဤကဲ့သို့ အဖိုးတန်လက်ဆောင်ကို သူမထံပေးပို့ခြင်းမှာ သူမ၏ ကိုယ်ခန္ဓာအပေါ် အတော်အတန် ကျေနပ်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။

မုယုံရွှီသည် ဖျော်ထားသော လက်ဖက်ရည်တစ်အိုးလုံးကို အကုန်သောက်လိုက်သည်။ ဤလက်ဖက်ရည်တွင် ပြဿနာရှိနိုင်သည်ဟူသော အတွေးမျိုး သူမ၏ စိတ်ထဲတွင် မပေါ်ခဲ့ပေ။

မုယုံရွှီ နဂါးဖိီးနစ်လက်ဖက်ရည်ကို သောက်ပြီးနောက် ထင်ရှားသော အာနိသင်ကို ခံစားရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမ လုချန်းအပေါ် သဘောကျနှစ်သက်မှု ရှိနေသောကြောင့်ဖြစ်သည်။

နဂါးဖီးနစ်လက်ဖက်ရည်သည် လုချန်းကို နှစ်သက်သော အမျိုးသမီးများအတွက် အထူးပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအမျိုးသမီးများ ဤလက်ဖက်ရည်ကို သောက်သုံးပါက လုချန်းအပေါ် သဘောကျမှုသာမက သူတို့၏ အတွင်းအားလည်း သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ သဘောကျမှုများလေလေ၊ အာနိသင်ပိုမိုထင်ရှားလေလေ ဖြစ်သည်။

လုချန်းသည် ရန်သူနိုင်ငံ၏ အုပ်စိုးသူဖြစ်သော်လည်း သူသည် မုယုံရွှီ၏ စံနှုန်းအားလုံးနှင့် ကိုက်ညီ၏။ ထို့ပြင် ပန်းတစ်ရာမျှော်စင်တွင် လုချန်းနှင့် ရင်းနှီးစွာ ထိတွေ့ခဲ့ရပြီး သူ၏ အားအင်ကိုလည်း ကိုယ်တိုင်ခံစားဖူးသဖြင့် သူ့အပေါ် သဘောကျမှုပိုမိုတိုးပွားလာခဲ့သည်။

သို့သော် မင်းသားစံအိမ်မှ လက်ဖက်ရည်သည် သူမ၏ အတွင်းအားကို တိုးတက်စေနိုင်သည်ကိုသာ မုယုံရွှီ သိပြီး လက်ဖက်ရည်၏ အခြားသော အာနိသင်ကိုမူ လုံးဝမသိရှိသေးပေ။

.......

ထိုအတောအတွင်း...

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

စာကြည့်ခန်း။

လုချန်းသည် စားပွဲရှေ့တွင် ထိုင်ပြီး လက်ထဲရှိ ထောက်လှမ်းရေးအချက်အလက်များကို အာရုံစိုက်ဖတ်ရှုနေသည်။ ဖတ်ပြီးသောအခါ သူက

“ကျောက်နယ်စားက သူ့တပ်တွေကို စုစည်းပြီး အခြားနယ်စားတွေကို မတိုက်ဘူးဆိုတာ သေချာလား”

ဟု မေးလိုက်သည်။

လုချန်းရှေ့တွင် ထိုင်နေသော လျှံဇွန်းက

“ အမှန်ပါပဲ။ သူက တပ်တွေကို ဦးဆောင်ပြီး နေပြည်တော်ကို တိုက်ရိုက်ချီတက်နေပါတယ်။”

လုချန်းက

“ထူးဆန်းတယ်။ ကျွန်တော်ရဲ့ ကြေညာချက်ထုတ်ပြန်စာလည်း နန်းတွင်းကို အခုလောက်ဆို ရောက်နေပြီ။ သူတို့က ဘယ်လိုလုပ် တပ်ရွှေ့ရဲတာလဲ။ ကျွန်တော်တို့တပ်‌တွေ တောင်ဘက်ချီလာမှာကို မကြောက်ဘူးလား။”

ထိုအချိန်တွင် ကျူးကဲ့ကျုံကောင်း ပြောခဲ့သည့် အချက်ကို ရုတ်တရက် သတိရလာသည်။ ကျောက်နယ်စားသည် သူ့ဖခင်၏ လျှို့ဝှက်မဟာမိတ်ဖြစ်နိုင်သည်ဟူသော အချက်ဖြစ်သည်။ ထို့ကြောင့် သူ၏ချီတက်မှုမှာ လှည့်စားမှုတစ်ခုသာဖြစ်သည်။ အခြားနယ်စားများကို ပုန်ကန်စေရန် လှုံ့ဆော်သည့် နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။

အခြားနယ်စားများက နေပြည်တော်သို့ တပ်များဦးဆောင်လာပါက ဆွမ်ဧကရာဇ် အတွက် နယ်စားအားလုံးကို တစ်ပြိုင်နက် ဖြေရှင်းရန် အကြောင်းပြချက်ရလိမ့်မည်။

သို့သော် ယခုအချိန်တွင် နယ်စားတိုင်းသည် ၎င်းတို့၏ တပ်များကို အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ပြီးဖြစ်၏။ လတ်တလော နန်းတွင်းအာဏာလုပွဲများကြောင့် နန်းတွင်းတပ်များ၏ တိုက်ခိုက်နိုင်စွမ်း ရှိမရှိက မေးခွန်းထုတ်စရာဖြစ်နေသည်။

ဆွမ်ဧကရာဇ်က နယ်စားအားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ချေမှုန်းနိုင်လိမ့်မည်ဟု တကယ်ပဲ ယုံကြည်မှုရှိ နေတာလား။

အကယ်၍ ဆွမ်ဦကရာဇ် မအောင်မြင်ပါက ရှနိုင်ငံတော် ပျက်သုဉ်းသည်အထိ ဖြစ်နိုင်သည်။

အခြေအနေကို စဉ်းစားပြီးနောက် လုချန်းက လျှံဇွန်းဘက်သို့ လှည့်ကာ

“အခြေအနေကို ဆက်လက်စောင့်ကြည့်ပါ။ သတင်းအသစ် တစ်စုံတစ်ရာရှိရင် ချက်ချင်းအကြောင်းကြားပါ”

ဟု အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။ ကျွန်တော့်ကို ခွင့်ပြုပါ။”

ထို့နောက် လျှံဇွန်း စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

လျှံဇွန်း ထွက်သွားပြီးနောက်

“ရှနိုင်ငံတော်ရဲ့ အခြေအနေ ယာယီ‌တော့တည်ငြိမ်ဦးမယ်လို့ မျှော်လင့်ရတာပဲ။ အခုအချိန်က မှန်ကန်တဲ့အချိန် မဟုတ်သေးဘူး” ဟု လုချန်း သူ့ဘာသာသူ ပြောလိုက်သည်။

သူ၏ ကြေညာစာတမ်းကို သူ၏ဖခင် သိရှိပါက သူ၏သဘောထားကို ဖိနှိပ်မည်မှာ သေချာသည်ဟု လုချန်း ရုတ်တရက် နားလည်သွားသည်။

သူ၏ဖခင်သည် နယ်စားများ ပုန်ကန်သည်ကို မြင်လိုသည်မှာ အမှန်ဖြစ်ပြီး သူ၏အစီအစဉ်ကို အနှောင့်အယှက်ပေးမည့်မည်သူ့ကိုမှ ခွင့်မပြုနိုင်ပေ။ ကြေညာစာတမ်းတင်ခြင်းမျှဖြင့် အကျိုးမရှိဟု ယူဆလိုက်သည်။

ဤအတွေးနှင့်အတူ လုချန်းက စာကြည့်ခန်းတံခါးဝရှိ အစေခံမိန်းကလေးကို

“အရှေ့ပိုင်း သတင်းစာတိုက်ကို သွားပြီး ဒေါ်လေးတုန်းဖန်ကို ခေါ်လာခဲ့။ အရေးကြီးတဲ့ကိစ္စအတွက် သူ့ကို တွေ့ချင်တယ်လို့ ပြောခဲ့။”

ဟု အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ မင်းသား။”

......

ရက်အနည်းငယ်ကြာပြီးနောက်။

မြောက်ပိုင်းပြည်နယ်၏ တရားဝင်သတင်းစာတွင် “မြောက်ပိုင်းနယ်စားမင်းသား၏ ရှနိုင်ငံတော်ပြည်သူများသို့ ကြေညာချက်” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ထုတ်ပြန်ခဲ့သည်။ အကြောင်းအရာမှာ ရိုးရှင်းပြီး နားလည်လွယ်သည်။ ရှနိုင်ငံတော်မှ သာမန်ပြည်သူများအား လက်ရှိအခြေအနေမှာ ရှုပ်ထွေးနေပြီး ရှနိုင်ငံတော်တွင် စစ်ပွဲဖြစ်ပွားပါက အရှုပ်အထွေးများကို ရှောင်ရှားရန် မြောက်ပိုင်းပြည်နယ်သို့ ချက်ချင်း လာရောက်ခိုလှုံနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

ထို့ပြင် လုချန်းက သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ လုရိကို အိမ်ရှေ့မင်းသားအဖြစ် ခိုင်မာစွာ ထောက်ခံပြီး မရိုးသားသော ရည်ရွယ်ချက်ရှိသူ မည်သူမဆို အခြေအနေကို အခွင့်ကောင်းယူ လှုပ်ရှားလာပါက မြောက်ပိုင်းပြည်နယ်မှ ပုန်ကန်သူများကို နှိမ်နင်းမည်ဖြစ်ကြောင်း ကြေညာချက်တွင် တိုက်ရိုက် ဖော်ပြခဲ့သည်။

“မြောက်ပိုင်းနယ်စားမင်းသား၏ ရှနိုင်ငံတော်ပြည်သူများသို့ ကြေညာချက်” ကို မြောက်ပိုင်းပြည်နယ် အစိုးရ သတင်းစာမှ ထုတ်ပြန်ပြီးနောက် အရှေ့ပိုင်းသတင်းစာကလည်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဆန်းစစ်ချက်များစွာကို လျင်မြန်စွာ ထုတ်ပြန်ခဲ့သည်။ ထိုဆောင်းပါးများတွင် မြောက်ပိုင်းပြည်နယ်တွင် စစ်အင်အား ခြောက်သိန်းရှိသည်ဟု သံသယရှိကြောင်း ထပ်ခါတလဲလဲ ဖော်ပြခဲ့သည်။

“မြောက်ပိုင်းနယ်စားမင်းသား၏ ရှနိုင်ငံတော်ပြည်သူများသို့ ကြေညာချက်” ထွက်ရှိပြီးနောက် မငြိမ်မသက်ဖြစ်နေသော နယ်စားများကို ချက်ချင်း ဟန့်တားနိုင်ခဲ့သည်။ မြောက်ပိုင်းပြည်နယ်၏ စစ်အင်အား ဤမျှကြီးမားနေပါက မြောက်ပိုင်းနယ်စားမင်းသား၏ ခြိမ်းခြောက်မှုမှာ အလကား မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူက ချီတက်တိုက်ခိုက်မည်ဟု ပြောထားပါက အမှန်တကယ် လုပ်နိုင်စွမ်းရှိသည်မှာ သေချာသည်။

နယ်စားအချို့က သူတို့၏ အင်အားကို ဆန်းစစ်ပြီးနောက် နောက်ဆုတ်ကာ ကျောက်ပြည်နယ်နှင့် မြောက်ပိုင်းပြည်နယ်တို့ကို အရင်ဆုံး ထိပ်တိုက်ရင်ဆိုင်စေရန် ဆုံးဖြတ်လိုက်သည်။

..........

အခန်း( ၅၃၀ )

အညံ့တွေ... အားလုံးအညံ့တွေပဲ

“မြောက်ပိုင်းနယ်စားမင်းသား၏ ရှနိုင်ငံတော်ပြည်သူများထံ ကြေညာချက်” သည် ရှနိုင်ငံတော်အတွင်းရှိ မင်းသားများကို စိတ်ဆိုးစေရုံသာမက အဓိကနိုင်ငံကြီးများကိုပါ ဒေါသထွက်စေခဲ့သည်။

ရှနိုင်ငံတော် ပရမ်းပတာဖြစ်တော့မည့်အချိန်တွင် မြောက်ပိုင်းနယ်စားမင်းသား၏ “မြောက်ပိုင်းနယ်စားမင်းသား၏ ရှနိုင်ငံတော်ပြည်သူများထံ ကြေညာချက်” ထွက်ပေါ်လာခြင်းက နိုင်ငံတော်အတွင်းရှိ နယ်စားမင်းသားများကို တုန်လှုပ်စေခဲ့သည်။ ကျောက်နယ်စားမင်းသားတစ်ပါးသာ စစ်တပ်စုဆောင်းပြီး မြောက်ပိုင်းသို့ ချီတက်ခဲ့ပြီး အခြားနယ်စားမင်းသားများမှာမူ တုံ့ပြန်ခြင်း မရှိခဲ့ပေ။

ဤအချက်က ကျောက်နယ်စားမင်းသားကို အလွန်ဒေါသထွက်စေခဲ့ပြီး မြောက်ပိုင်းပြည်နယ်သို့ ချီတက်ကာ လုချန်းကို ကိုယ်တိုင် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။ သူ၏အစီအစဉ် အောင်မြင်တော့မည့်အချိန်တွင် ဒီကလေးက ယခုလိုအပြုအမူမျိုး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သာမန်ပြည်သူများကြားတွင် “မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်မရှိ” ကောလာဟလများ ထွက်ပေါ်နေသော်လည်း နယ်စားမင်းသားအများစုက‌တော့ ထိုဖြစ်နိုင်ခြေအပေါ် လောင်းကြေးမထပ်ဝံ့ကြပေ။

ထိုမင်းသားများ၏ အမြင်တွင် မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်ရှိပြီးဖြစ်သည်။ အကယ်၍ မြောက်ပိုင်းနယ်စားမင်းသား တကယ်ပင် တောင်ပိုင်းသို့ ချီတက်ပါက သူတို့၏ အင်အားက မြောက်ပိုင်းပြည်နယ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

မြောက်ပိုင်းနယ်စားမင်းသားက လုရိကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့်အတွက် အကောင်းဆုံးနည်းလမ်းမှာ လုရိကို သတ်ဖြတ်ရန်သာ ဖြစ်သည်။

ဤနည်းဖြင့် အိမ်ရှေ့မင်းသားရာထူးအတွက် ပြိုင်ဆိုင်မှုသည် နေပြည်တော် အတွင်း၌သာ ကန့်သတ်သွားပြီး နယ်စားမင်းသားများလည်း လုရိကို လုပ်ကြံရန် လူသတ်သမားများပေးပို့ခြင်းကဲ့သို့သော အပေါ်ယံအကူအညီမျိုးသာ ပေးနိုင်တော့သည်။

......

ရှနိုင်ငံတော်။

နေပြည်တော်။

နန်းတော်။

ဆွမ်ဧကရာဇ်သည် မျက်လုံးမှိတ်ထားပြီး အိပ်ရာပေါ်တွင် ကျင့်စဉ်ကျင့်နေလျက် အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို နားထောင်နေသည်။ အရိပ်ကိုယ်ရံတော်၏ အစီရင်ခံစာကို ကြားပြီးနောက် ဆွမ်ဧကရာဇ် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ ဒေါသထွက်လျက်

“အညံ့တွေ။ အားလုံးအညံ့အဖျင်းတွေပဲ”

ဟု ကျိန်ဆဲလိုက်သည်။

“တစ်ယောက်က ကြေညာချက်တစ်ခုထုတ်လိုက်တာနဲ့ အားလုံး လန့်သွားကြတယ်။ တကယ့် အရှက်ရစရာကောင်းတဲ့ သူတွေပဲ။”

ဆွမ်ဧကရာဇ် ရည်ညွှန်းသော “အညံ့တွေ” မှာ နယ်စားမင်းသားများဖြစ်သည်မှာ ထင်ရှားသည်။ သူသည် နယ်စားမင်းသားများအား ပုန်ကန်စေပြီး သူတို့ကို ဖယ်ရှားရန် အကြောင်းပြချက်ရမည်ဟု မျှော်လင့်ခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ သူတို့ ပြဿနာဖန်တီးပါက အားလုံး၏ အင်အားကို နည်းစေမည်ဖြစ်သည်။

ထို့ပြင်....

သူ၏မူလအစီအစဉ်မှာ ထိုမင်းသားများကို နန်းတွင်းသို့ တပ်များဖြင့်ဝင်ရောက်စေရန် ဖြစ်သည်။ ဤနည်းဖြင့် ကျောက်မင်းသား၏တပ်များသည် အနောက်မှဝင်တိုက်၍ ထိုနယ်စာမင်းသားများ၏နယ်မြေများကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။

နိုင်ငံတစ်ဝှမ်းရှိ နယ်စားမင်းသားများ မငြိမ်မသက်ဖြစ်လာပြီး နန်းတွင်းကို ချီတက်ဝင်ရောက်ရန် စိတ်အားထက်သန်နေကြသည့်အတွက် သူ၏အစီအစဉ်က အောင်မြင်မည့်အလားအလာရှိနေခဲ့သည်။ နယ်စားတို့၏ အကြံမှာ အရင်ဆုံး နေပြည်တော်ကို ထိန်းချုပ်ပြီး ဧကရာဇ်ကို ဓားစာခံအဖြစ် အကျဉ်းချထားကာ အခြားမင်းသားများကို ထိန်းချုပ်ရန် ဖြစ်သည်။

သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ ကြေညာချက်က ရှနိုင်ငံတော်အတွင်းရှိ နယ်စားမင်းသားအားလုံးကို တုန်လှုပ်စေခဲ့သည်။ ကျောက်နယ်စားမင်းသားအပါအဝင် မည်သည့်နယ်စားမင်းသားမှ ပုန်ကန်ခြင်းမပြုတော့ပဲ မိမိတို့နယ်မြေများတွင် နေထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြသည်။

ဆွမ်ဧကရာဇ် ပိုတွေးမိလေ ပိုဒေါသထွက်လေဖြစ်သည်။

သို့သော် ဆွမ်ဧကရာဇ် မကြာမီ စိတ်တည်ငြိမ်သွားသည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ပုန်ကန်လိုသည့် မင်းသားများကဲ့သို့ မဟုတ်ပဲ လုရိကို အိမ်ရှေ့မင်းသားအဖြစ် ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းကြေညာပြီး ပုန်ကန်သူများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဤသည်မှာ ရှနိုင်ငံတော်၏ အခြေအနေကို ယာယီတည်ငြိမ်စေရန် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ဤအချက်က မြောက်ပိုင်းနယ်စားမင်းသားသည် လက်ရှိအချိန်တွင် ထီးနန်းကို လုယူရန် တောင်ပိုင်းသို့ မချီတက်လိုကြောင်း ဖော်ပြနေသည် မဟုတ်ပါလော။

ကျူးကဲ့ကျုံကောင်း တကယ်ပင် ကောင်းကင်လူသားအဆင့်သို့ မရောက်သေးဟု ထင်ရသည်။

မဟုတ်ပါက မြောက်ပိုင်းပြည်နယ်၏ စစ်သည်အင်အား ငါးသိန်းဖြင့် တောင်ဘက်သို့ ချီတက်နိုင်၏။ မင်းသားများ ပုန်ကန်နေစဉ် တောင်ဘက်သို့ ချီလာနိုင်သော်လည်း မြောက်ပိုင်းနယ်စားမင်းသားက ထိုသို့မလုပ်ပဲ ခြိမ်းခြောက်မှုနည်းလမ်းဖြင့် ရှနိုင်ငံတော်၏ အခြေအနေကို ယာယီတည်ငြိမ်စေခဲ့သည်။

ထိုအချက်ကို သဘောပေါက်လိုက်ပြီး ဆွမ်ဧကရာဇ် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မတက်လှမ်းနိုင်သေးသရွေ့ သူကိုယ်တိုင် အဆင့်တက်လှမ်းပြီးသည်နှင့် မြောက်ပိုင်းပြည်နယ်ကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်နိုင်ပေမည်။

သို့သော် ယခုအချိန်တွင် ရှနိုင်ငံတော်နယ်မြေအတွင်းရှိ နယ်စားအားလုံးသည် မြောက်ပိုင်းနယ်စားမင်းသားကြောင့် ကြောက်လန့်နေကြပြီး သူတို့ကို မြောက်ဘက်သို့ ချီတက်ရန် ပြန်လည်လှုံ့ဆော်ဖို့ မလွယ်ကူတော့ပေ။

အကောင်းဆုံးကတော့ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မတက်လှမ်းသေးဟူသော အချက်မှနေ၍ စတင်လုပ်ဆောင်ရန်ပင် ဖြစ်သည်။ နယ်စားများ မြောက်ပိုင်းပြည်နယ်ကို ကြောက်ရသည့် အဓိကအကြောင်းရင်းမှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး ရှိနေခြင်းကြောင့်ပင်။

မြောက်ပိုင်းပြည်နယ်၏ စစ်အင်အားမှာ အားကောင်းသော်လည်း ရှနိုင်ငံတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်သရွေ့ နိုင်ငံအတွင်းရှိ အရင်းအမြစ်များဖြင့် မြောက်ပိုင်းပြည်နယ်နှင့် ရေရှည်စစ်ပွဲ ရင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး၏ ရှိနေမှုက အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။ ကောင်းကင်လူသားရှိသော ဘက်က အခြားဘက်ကို လုံးဝ ချေမှုန်းနိုင်စွမ်းရှိသည်။ နယ်စားများက နောက်ပိုင်းတွင် နေပြည်တော်ကို သိမ်းပိုက်ပြီး ရုပ်သေးရုပ် ဧကရာဇ်တစ်ပါးကို တင်မြှောက်ခဲ့လျှင်ပင် မြောက်ပိုင်းနယ်စားမင်းသား တောင်ဘက်သို့ ချီတက်လာပါက သူတို့၏ ကြိုးစားမှုအားလုံး အချည်းနှီး ဖြစ်သွားမည်ဟု တွေးထားကြသည်။ ထို့ကြောင့် သူတို့ ပုန်ကန်မည့်အစား အခြေအနေကို စောင့်ကြည့်ရန် ပိုနှစ်သက်ခဲ့ကြသည်။

ဆွမ်ဧကရာဇ်၏ အတွေးမှာ ရိုးရှင်းသည်။ နေရာအနှံ့အပြားမှ နယ်စားများကို မြောက်ပိုင်းပြည်နယ်တွင် လက်ရှိအချိန်၌ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်မရှိကြောင်း ယုံကြည်အောင် လုပ်ဆောင်နိုင်ပါက သူတို့ လှုပ်ရှားလာပြီး ပုန်ကန်ရန် အားသန်လာလောက်သည်။

သို့သော် မြောက်ပိုင်းပြည်နယ်၌ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် မရှိကြောင်း သူတို့ယုံကြည်အောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။

ဤကိစ္စသည် ဂရုတစိုက် အစီအစဉ်ဆွဲရန် လိုအပ်သည်။

...

ရက်အနည်းငယ် ကြာပြီး။

ယွဲ့ဧကရာဇ်က လူများ စေလွှတ်၍ လုပ်ငန်းတာဝန်ကို အပြီးသတ်ရန် အပြင်းအထန် တိုက်တွန်းနေသောကြောင့် မုယုံရွှီလည်း အချိန်၏ ဖိအားကို ပို၍ခံစားလာရသည်။

သူမလည်း လုပ်ငန်းတာဝန်ကို လျင်မြန်စွာ အပြီးသတ်လိုသည်။ သို့သော် လုချန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်း၌သာ နေထိုင်တတ်သည်။ အရင်က လုချန်း စစ်ဆေးကြည့်ရှုမှုများ ပြုလုပ်ရန် အပြင်ထွက်သေးသော်လည်း ဤရက်ပိုင်းများတွင်မူ သူ လုံးဝအပြင်မထွက်တော့သဖြင့် သူ့ကို သူမ မချဉ်းကပ်နိုင်တော့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လုချန်းသည် သူမအား အစားအသောက်၊ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများနှင့် အဝတ်အစားများ ပို့ပေးရန် လူများကို စေလွှတ်ခဲ့သည်။ သူမအား အပြင်တွင် ထားရှိသော မယားငယ်တစ်ဦးအဖြစ် သဘောထားနေပုံရသည်။

ဤသို့ အေးအေးဆေးဆေး ဆက်နေ၍မရကြောင်း မုယုံရွှီ ခံစားရသည်။ လုချန်းက သူမဆီလာသည်အထိ စောင့်ဆိုင်းနေခြင်းသည် ထာဝရစောင့်ဆိုင်းနေခြင်းနှင့် တူလိမ့်မည်။ လုချန်းက သူမဆီ မလာပါက သူမကိုယ်တိုင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့သွား၍ လုချန်းကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

လုချန်းသည် စာကြည့်ခန်းတွင် အစိုးရစာရွက်စာတမ်းများကို စီမံခန့်ခွဲနေစဉ် စာကြည့်ခန်းအပြင်ဘက်မှ အစေခံမိန်းကလေး၏ အသံ ထွက်ပေါ်လာသည်။

“မင်းသား။ မုယုံ မိန်းကလေးက တွေ့ခွင့်တောင်းပါတယ်။”

ထိုစကားကို ကြားသော် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။ အေးစက်ပြီး ခပ်တည်တည် နေတတ်သော အမျိုးသမီးသည် နောက်ဆုံးတွင် အထီးကျန်ဆန်မှုကို မခံနိုင်တော့ပုံရသည်။

လုချန်းက

“စာကြည့်ခန်းထဲခေါ်ခဲ့ပါ။”

“ဟုတ်ကဲ့ မင်းသား။”

မကြာမီ အနက်ရောင်အနားသတ်ပါ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး အေး‌ဆေးတည်ကြည်သော မုယုံရွှီသည် လုချန်း၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်လာသည်။

လုချန်း၏ စာကြည့်ခန်းထဲသို့ ဝင်လာပြီးနောက် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေသော လုချန်းကို မြင်သောအခါ သူ၏ စားပွဲပေါ်ရှိ တောင်ပုံယာပုံ ဖြစ်နေသော စာရွက်စာတမ်းများကို မုယုံရွှီ တစ်ချက်ကြည့်လိုက်သည်။

မြောက်ပိုင်းနယ်စားမင်းသား အမြဲတမ်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်း၌သာ နေထိုင်ရခြင်း အကြောင်းရင်းကို သူမ ယခုနားလည်သွားသည်။ ဤမျှများပြား‌သော စာရွက်စာတမ်းများကို ကိုင်တွယ်ရန် အချိန်မည်မျှကြာမည်နည်း။ ဧကရီပင်လျှင် တစ်ရက်အတွင်း ဤမျှများပြားသော စာရွက်စာတမ်းများကို မကိုင်တွယ်နိုင်ပေ။

ကျူးနိုင်ငံတော်တွင် အစိုးရ စာရွက်စာတမ်းအများစုကို အောက်ခြေဝန်ကြီးများက တိုက်ရိုက်ကိုင်တွယ်ပြီး အထူးအရေးကြီးသော အရာများကိုသာ ဧကရီထံ တင်ပြလေ့ရှိသည်။

မုယုံရွှီ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကြည့်ရှုနေစဉ် လုချန်းသည် ဘောပင်၏အဖုံးကို ပိတ်လိုက်ပြီး မုယုံရွှီဘက်သို့ မျက်နှာမူကာ

“မုယုံ မိန်းကလေး ရောက်လာပြီလား။ အစောကတည်းက သတိမထားမိလို့ တောင်းပန်ပါတယ်။ အလုပ်ထဲ အာရုံစိုက်နေမိလို့ပါ။”

မုယုံရွှီက

“ကျွန်မ မင်းသားကို လာတွေ့တာ အလုပ်လုပ်တာကို နှောင့်ယှက်မိ သွားပါလား။”

လုချန်းက ပြုံးလျက်

“မဟုတ်ပါဘူး။ တကယ်တော့ မုယုံ မိန်းကလေး လာတွေ့မလားလို့ ကျွန်တော် မျှော်လင့်နေတာပါ။”

ထိုသို့ပြောပြီးနောက် လုချန်းက သူ၏ ကုလားထိုင်မှ ထရပ်ကာ မုယုံရွှီထံ တိုက်ရိုက် လျှောက်သွားသည်။

မုယုံရွှီ၏ အနားသို့ ရောက်သော် သူမကို မထိပဲ

“မုယုံ မိန်းကလေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ တခြားနေရာမှာ စကားပြောရအောင်။”

မုယုံရွှီစိတ်ထဲတွင် တွေးမိသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ စာကြည့်ခန်းတွင် လျှို့ဝှက်ချက်များ အများအပြားရှိနိုင်သည်။ ထို့ကြောင့် သူက သူမနှင့် ထိုနေရာတွင် တွေ့ဆုံရန် မလိုလားပေ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်များ သူမလက်ထဲရောက်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်နိုင်သည်။

မုယုံရွှီက ချက်ချင်းပင်

“ကောင်းပါပြီ။”

ထို့နောက် လုချန်းလည်း စာကြည့်ခန်းဘေးရှိ ဧည့်ခန်းဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။

စာကြည့်ခန်းဧည့်ခန်းဆောင်ကို အစေခံများက နေ့စဉ် သန့်ရှင်းရေးလုပ်ကာ အိပ်ရာခင်းများ လဲလှယ်ပေးသော်လည်း အချိန်အတော်ကြာအောင် မသုံးရသေးပေ။ မုယုံရွှီက ယနေ့တွင် သူ့ထံ ကိုယ်တိုင်လာရောက်သောကြောင့် ဧည့်ခန်းဆောင်ကို အသုံးပြုရမည်ဖြစ်သည်။

အကယ်၍ အသုံးမပြုပဲ ထားပါက အစေခံများ၏ ပင်ပန်းထားမှုများ အချည်းနှီးဖြစ်သွားမည် မဟုတ်ပါလား။

...........

အခန်း (၅၃၁)

မင်းသားကို ဒုက္ခပေးရတော့မယ်

လုချန်း မည်သို့တွေးနေသည်ကို မုယုံရွှီ မသိခဲ့ပေ။ လုချန်းက သူမကို လက်ဖက်ရည်သောက်ရန် အဆောင်တစ်ခုခုသို့ ခေါ်သွားလိမ့်မည်ဟုပင် သူမ ထင်ခဲ့သည်။

သို့သော် မကြာမီပင် တစ်ခုခု မှားယွင်းနေကြောင်း မုယုံရွှီ သတိပြုမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စာကြည့်ခန်းမှ မထွက်ပဲ စာကြည့်ခန်းဘေးရှိ အခြားအခန်းတစ်ခန်းသို့ ရွှေ့သွားခဲ့ခြင်းဖြစ်‌သောကြောင့် ဖြစ်သည်။

မုယုံရွှီ လုချန်းနောက်သို့ လိုက်ကာ အနားယူခန်းထဲသို့ ဝင်ရောက်ပြီးနောက် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ရာ ဤအနားယူခန်း၏ အပြင်အဆင်သည် အိပ်ခန်းနှင့် မခြားနားကြောင်း သတိပြုမိလိုက်သည်။

သိလိုစိတ်ဖြင့် မုယုံရွှီက

“မင်းသား။ မင်းသားက ဒီအခန်းမှာ ပုံမှန် အိပ်တာလား။”

လုချန်းက

“မဟုတ်ပါဘူး။ ဒါက စာကြည့်ခန်းနဲ့ ကပ်လျက်ရှိတဲ့ အနားယူခန်းပဲ။ အလုပ်တွေ လုပ်ရတာ ပင်ပန်းလာရင် ဒီမှာ ခဏနားတယ်။”

ထိုသို့ပြောပြီးနောက် လုချန်းက လက်ဖက်ရည်စားပွဲဝိုင်းဆီသို့ လျှောက်သွားကာ စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို ကောက်ယူပြီး မုယုံရွှီအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက်

“မုယုံ မိန်းကလေး ကျွန်တော် ပို့ပေးတဲ့ လက်ဖက်ရည်ကို မြည်းစမ်းကြည့်ပြီးပြီလား မသိဘူး။”

ဟု မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသော် မုယုံရွှီက ချက်ချင်းပင်

“မြည်းစမ်းကြည့်ပြီးပါပြီ။ ဒီလိုတန်ဖိုးရှိတဲ့ လက်ဖက်ရည်ကို ပေးတာ ကျေးဇူးတင်ပါတယ်။”

လုချန်းက ပြုံးလျက်

“ပန်းတစ်ရာ မျှော်စင်မှာ မုယုံ မိန်းကလေးကို ကျွန်တော် ထိခိုက်မိစေခဲ့တာမို့လို့ ဒီလက်ဖက်ရည်က ကျွန်တော့်ရဲ့ လျော်ကြေးပါ။”

ထိုသို့ပြောရင်း လုချန်းသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ မုယုံရွှီရှေ့တွင် ချထားလိုက်သည်။ ထို့နောက် သူ၏ကိုယ်ပိုင်ခွက်ကို ဂရုတစိုက် မ၍ လက်ဖက်ရည်ကို ညင်သာစွာ တစ်ငုံသောက်လိုက်သည်။

တစ်ငုံသောက်ပြီးနောက် လုချန်း ထပ်ပြောလိုက်သည်။

“မုယုံ မိန်းကလေး ဒီတစ်ခါ ဘာကိစ္စနဲ့ လာတွေ့တာလဲ မေးလို့ရမလား။”

ထိုမေးခွန်းကို ကြားသော် မုယုံရွှီက မျက်နှာတစ်ချက်မဲ့ကာ ပြုံးလိုက်ပြီးနောက်

“ကျွန်မက မင်းသားကို လာတွေ့ဖို့ အရေးကြီးတဲ့ ကိစ္စရှိမှ ရတာလား။”

လုချန်းက မုယုံရွှီ၏ ကြည်လင်သော မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလျက်

“မဟုတ်ပါဘူး။ မုယုံ မိန်းကလေးကို မင်းသားစံအိမ်က အချိန်မရွေး ကြိုဆိုပါတယ်။ ဒါပေမဲ့...”

ထိုအချက်တွင် လုချန်း ခဏရပ် နားလိုက်ပြီး ဆက်လက်၍

“ဒါပေမဲ့ ကျူးနိုင်ငံတော်ရဲ့ သံတမန်တစ်ယောက်အနေနဲ့ ကျွန်တော်နဲ့ အရမ်းနီးစပ်တဲ့ကိစ္စ ကျူးနိုင်ငံတော်ကို သတင်းပြန်ရောက်သွားရင် ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်။”

မုယုံရွှီက

“မင်းသားက ကျွန်မကို ဒီလောက်ဂရုစိုက်မယ်လို့ မထင်ထားဘူး။”

“ဒါပေမဲ့ စိတ်ချပါ မင်းသား။ ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာတုန်းက မျက်နှာဖုံးစွပ်လာတာပါ။ လူနည်းနည်းပဲ သိတယ်။”

လုချန်းက

“ဒါဆို ကျွန်တော် စိတ်အေးရပြီ။”

ထိုအချိန်တွင် မုယုံရွှီက

“မင်းသား။ ကျွန်မ မင်းသားကို လာတွေ့တာက ဧကရီက ကျွန်မကို ကျူးနိုင်ငံတော် ပြန်လာပြီး အစီရင်ခံဖို့ ခေါ်ထားလို့ပါ။ ဒါကြောင့် မြောက်ပိုင်းပြည်နယ်ကနေ မပြန်ခင် မင်းသားရဲ့ လက်ရေးလှပညာကို ထပ်ပြီး ကြည့်ရှုချင်လို့ပါ။ ရနိုင်မလား။”

မုယုံရွှီ၏ စကားကို ကြားသော် လုချန်း ခဏမျှ အံ့သြသွားပြီး

“ကျူးနိုင်ငံတော်ကို ပြန်ပြီး အစီရင်ခံဖို့လား။”

“မြောက်ပိုင်းပြည်နယ်ကို ပြန်လာဦးမှာလား”

ဟု မေးလိုက်သည်။

ဤအမျိုးသမီး သူ့အနားသို့ နောက်ဆုံးတွင် ရောက်လာပြီးမှမြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်များကို မရရှိပဲ ဒီလိုပဲ ထွက်သွားဖို့ ဆန္ဒရှိနေတာလားဟု လုချန်း တွေးလိုက်သည်။

မုယုံရွှီက

“အဲဒါတော့ ကျွန်မ မသေချာဘူး။ ဧကရီရဲ့ ဆန္ဒပေါ်မှာ မူတည်တယ်။”

လုချန်းက ဆက်မေးလိုက်သည်။

“အခု ခင်ဗျားရဲ့ အပျိုစင်အမှတ်အသား မရှိတော့ဘူးဆိုတော့ ခင်ဗျားပြန်သွားလို့ ယွဲ့ဧကရာဇ်က စစ်ဆေးရင် မြောက်ပိုင်းပြည်နယ်မှာ အပျိုစင်ဘဝ ဆုံးရှုံးခဲ့တာကို သူ သိသွားမှာ မဟုတ်ဘူးလား။”

လုချန်း စကားဆုံးသည်နှင့် မုယုံရွှီ ချက်ချင်း သက်ပြင်းချလိုက်ပြီး စိုးရိမ်ဟန်ဆောင်လျက်

“ ဒီရက်ပိုင်း အဲ့ဒီကိစ္စကို ကျွန်မ စိုးရိမ်နေခဲ့တာ။”

“ဧကရီက ကျွန်မ အပျိုစင်ဘဝ ဆုံးရှုံးသွားတာ သိသွားရင် သူက ကျွန်မကို မြောက်ပိုင်းပြည်နယ်က ဘယ်တော့မှ ပြန်မလာခိုင်းတော့တာမျိုး ဒါမှမဟုတ် ဖယ်ရှားပစ်တာမျိုးတောင် လုပ်နိုင်တယ်။ ဧကရီက မသန့်ရှင်းမှုကို အလွန်မုန်းတယ်။”

လုချန်းက ရယ်မောလျက်

“တကယ်တော့ ကျွန်တော့်မှာ ယွဲ့ဧကရာဇ်ကို လှည့်ဖြားနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်။” ဟု ပြောသည်။

မုယုံရွှီက

“ဘာလဲဆိုတာ ပြောပြပေးပါမင်းသား။”

လုချန်းက

“ရိုးရိုးလေးပါပဲ။ အပျိုစင်အမှတ်အသား မရှိတော့ရင် နောက်တစ်ခု ထပ်ဆွဲလိုက်ရုံပဲလေ။”

“ဒါက...” မုယုံရွှီ ဆက်မပြောပဲ တွေဝေသွားသည်။

လုချန်းက အတော်လေး စိတ်ကူးယဉ်သည်ဟု ပြောရမည်။ အပျိုစင်အမှတ်အသားဆိုသည်မှာ ရိုးရိုးရှင်းရှင်း ဆေးဆိုးထားခြင်း မဟုတ်ပေ။ ဆေးခြယ်ထားပါက ရေချိုးလိုက်သည်နှင့် ပျောက်ကွယ်သွားမည်ဖြစ်သည်။ သူမက ကျူးနိုင်ငံတော် ပြန်ရောက်ပြီး ရေမချိုးရ‌တော့ဘူးလား။

မုယုံရွှီက

“မင်းသားက စကားပြောကောင်းတာပဲ။ ဆေးဆိုးထားတဲ့ အပျိုစင်အမှတ်အသားက ရေတောင်ထိလို့ မရဘူး။ ကျွန်မက ကျူးနိုင်ငံတော်မှာ ပြန်ရောက်နေတဲ့အချိန်တစ်လျှောက်လုံး ရေမချိုးပဲ နေရမှာလား။”

လုချန်းက

“မုယုံ မိန်းကလေး နားလည်မှုလွဲနေတာပါ။ အပျိုစင်အမှတ်အသားကို ဆေးဆိုးထားတာဖြစ်ပေမဲ့ အလွယ်တကူ မပျက်စီးအောင် ကျွန်တော်မှာ အထူးနည်းလမ်းတွေ ရှိပါတယ်။”

“ပြီးခဲ့တဲ့ တစ်ခေါက်က ပန်းတစ်ရာ မျှော်စင်မှာ မုယုံ မိန်းကလေး ခန္ဓာကိုယ်ပေါ်မှာ ကျွန်တော်ရေးခဲ့တဲ့ စာတွေက မုယုံ မိန်းကလေး ချွေးတွေ ရွှဲနစ်နေတာတောင် မပျက်စီးခဲ့တာကို မှတ်မိလား။”

ထိုစကားကို ကြားသော် မုယုံရွှီ သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။ ထိုစဉ်က လုချန်း ပန်းတစ်ရာ မျှော်စင်မှ ထွက်သွားပြီးနောက် အစေခံများကို ရေနွေးများယူလာစေကာ ရေချိုးခဲ့သော်လည်း လုချန်းရေးထားသည့် စာလုံးများကို ဖျက်ရန် အတော်ပင် ကြိုးစားခဲ့ရသည်။

ထိုအချိန်တွင် လုချန်းက

“အပျိုစင်အမှတ်အသားကို ကျွန်တော် ဆေးဆိုးပေးနိုင်ပေမဲ့ ဘယ်လိုပုံစံလဲဆိုတာ မေ့သွားပြီ။ မုယုံ မိန်းကလေး မှတ်မိသေးလား။”

“မုယုံ မိန်းကလေးလည်း မေ့သွားပြီဆိုရင်တော့ ဒုက္ခရောက်ပြီ။”

မုယုံရွှီက

“အပျိုစင်အမှတ်အသားကို ကျွန်မ မှတ်မိပါတယ်။ စက္ကူနဲ့ စုတ်တံ ပေးပါ။ အခုပဲ ဆွဲပေးပါ့မယ်။”

မုယုံရွှီ၏ စကားဆုံးသည်နှင့် လုချန်းက လက်ကိုမြှောက်ကာ အတွင်းအားဖြင့် စာကြည့်ခန်းအတွင်းမှ စက္ကူ၊ မှင်၊ စုတ်တံနှင့် မှင်ကျောက် တို့ကိုသူတို့ရှေ့စားပွဲဆီသို့ ပျံသန်းလာစေလိုက်သည်။

မုယုံရွှီလည်း မဆိုင်းမတွပင် စုတ်တံကို ကောက်ယူ၍ စက္ကူပေါ်တွင် အပျိုစင်အမှတ်အသားကို စတင် ရေးဆွဲတော့သည်။

ယွဲ့ဧကရာဇ်၏ အကြံက မုယုံရွှီအား သူမ၏ ခန္ဓာကိုယ်ဖြင့် မြောက်ပိုင်းနယ်စားမင်းသားကို မြှူဆွယ်စေကာ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်စေခြင်းဖြစ်‌သော်လည်း သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးသွားပါက ယွဲ့ဧကရာဇ် သူမအပေါ် ရွံရှာမုန်းတီးသွားမည်ဖြစ်ကြောင်း မုယုံရွှီကောင်းစွားသိသည်။

ငယ်စဉ်ကလေးဘဝကတည်းက ယွဲ့ဧကရာဇ်နှင့် အတူရှိခဲ့သည်ဖြစ်ရာ ယွဲ့ဧကရာဇ်သည် မည်သို့သော လူမျိုးဖြစ်ကြောင်း သူမ မည်သို့ မသိပဲ နေနိုင်မည်နည်း။

ထို့ကြောင့် ယွဲ့ဧကရာဇ်ကို လှည့်ဖြားနိုင်မည့် အပျိုစင်အမှတ်အသားကို လုချန်း ဆေးဆိုးပေးနိုင်မည်ဟု သူမ အမှန်တကယ် မျှော်လင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူမသည် သူမ၏ အလှအပကို အသုံးပြု၍ လုချန်းကို သွေးဆောင်ကာ သူမ၏တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရုံသာမက ယွဲ့ဧကရာဇ်၏ ရွံရှာခံရမှုမှလည်း ကင်းဝေးနိုင်မည်ဖြစ်သည်။

နောင်တွင် သူမ ကျူးနိုင်ငံတော်သို့ ပြန်ရောက်သည့်အခါ ယွဲ့ဧကရာဇ်၏ မျက်နှာသာကို ဆက်လက်ရရှိနိုင်မည်ဖြစ်သည်။

လုချန်း ဆေးဆိုးထားသော အပျိုစင်အမှတ်အသားက ယွဲ့ဧကရာဇ်ကို လှည့်စားနိုင်မည်လားဆိုသည်ကတော့ မသေချာသေးပေ။

မုယုံရွှီသည် စက္ကူပေါ်တွင် အပျိုစင်အမှတ်အသားကို လျင်မြန်စွာ ရေးဆွဲပြီးစီးခဲ့သည်။

စက္ကူပေါ်ရှိ အပျိုစင်အမှတ်အသားကို မြင်သော် လုချန်းက မုယုံရွှီအား ပြုံးလျက်

“ကျေးဇူးပြုပြီး အဝတ်အစားတွေ ချွတ်ပါ

မုယုံ မိန်းကလေး။ ကျွန်တော် အခုပဲ အပျိုစင်အမှတ်အသားကို ဆေးခြယ်ပေးပါမယ်။”

မုယုံရွှီလည်း မဆိုင်းမတွပင် လုချန်းရှေ့၌ အဝတ်အစားများ စတင်ချွတ်လိုက်သည်။ သူတို့ ယခင်တစ်ခေါက်က ရင်းနှီးခဲ့ဖူးပြီး သူက သူမ၏ တစ်ကိုယ်လုံးကို မြင်ဖူးပြီးဖြစ်သောကြောင့် သူမ ယခုအခါ မည်သို့မှ မခံစားရတော့ပေ။

သူမသည် ယနေ့တွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်များကို သူမ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ သူက ကြည့်ရုံသက်သက်သာ မဟုတ်ဘဲ မကြာမီ လက်ပါလာတော့မည်။

သူမသည် အသိဥာဏ်ရှိသော အမျိုးသမီးဖြစ်ရာ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် အဝတ်အစားများကို ချွတ်လိုက်သည်။ မုယုံရွှီ၏ ဝတ်ရုံ သူမ၏ ပခုံးများမှ လျှောကျသွားပြီး သူမ၏ အဖြူရောင် အတွင်းခံများ တဖြည်းဖြည်း ပေါ်လာ၏။ သူမ၏ ပြားချပ်လှပသော ဗိုက်သားသည်လည်း လုချန်းရှေ့တွင် ပေါ်လာသည်။

မုယုံရွှီ၏ ဖြူစင်နူးညံ့သော ကိုယ်ခန္ဓာကို မြင်လိုက်ရသည့်အခါ အေးဆေးတည်ငြိမ်နေသော လုချန်း၏ စိတ်များ ချက်ချင်း လှုပ်ရှားသွားသည်။

ထိုအချိန်တွင် မုယုံရွှီက အိပ်ရာပေါ်သို့ သွားကာ တဖြည်းဖြည်း လှဲလိုက်ပြီး

“မင်းသားကို ဒုက္ခရောက်ပေးရတော့မယ်။”

လုချန်းက

“ဒုက္ခမဟုတ်ပါဘူး”

စကားဆုံးသည်နှင့် လုချန်းလည်း စုတ်တံကို ကောက်ယူ၍ မှင်တို့လိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ လှပသော မြင်ကွင်းကို တစ်ချက်ကြည့်ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားထည့်သွင်းကာ စုတ်တံကို မုယုံရွှီ၏ ဝမ်းဗိုက်ပေါ်သို့ ဖြည်းညှင်းစွာ ရွေ့လျား‌စေလိုက်သည်။

လုချန်းသည် လှုပ်ရှားမှုတိုင်းကို လေးလေးနက်နက် လုပ်ဆောင်ခဲ့ပြီး မကြာမီပင် မုယုံရွှီ၏ အပျိုစင်အမှတ်အသား သူမ၏ ဝမ်းဗိုက်ပေါ်တွင် ပြန်လည်ပေါ်လာသည်။ သို့သော် ယင်းသည် ဆေးဆိုးထားခြင်းသာဖြစ်ပြီး အမှန်တကယ် အသုံးဝင်မှု မရှိပေ။

..............

All Chapters