အခန်း ၅၃၂-၅၃၄
Vol. 36 Ch. 532-534
အခန်း( ၅၃၂ )
ဆုလာဘ်အဆင်သင့်ဖြစ်ပြီလား
အပျိုစင်အမှတ်အသားကို ဆေးဆိုးပြီးနောက် လုချန်း၏ လက်သည် သူ့ရှေ့ရှိ နှင်းကဲ့သို့ ဖြူစွတ်ပြီး ချောမွေ့သော အသားအရေကို ညင်သာစွာ ပွတ်သပ်လိုက်ရာ မုယုံရွှီလည်း ရုတ်တရက် နွေးထွေးသော စီးဆင်းမှုတစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ဟု ခံစားလိုက်ရပြီး အလွန်အမင်း စိတ်လှုပ်ရှားလာသည်။
လုချန်းက စုတ်တံကို အသုံးပြု၍ အပျိုစင်အမှတ်အသားကို ဆေးဆိုးနေစဉ် သူမ၏ ခန္ဓာကိုယ် လှုံ့ဆော်ခံခဲ့ရပြီး ဖြစ်သော်လည်း သူမကိုယ်သူမ ထိန်းထားခဲ့သည်။ လုချန်းက သူမ၏ အသားပေါ်တွင် ဆေးခြယ်ရုံမျှနှင့် ထိုမျှထူးဆန်းသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
ထိုအချိန်တွင် လုချန်းက
“ပြီးသွားပြီ မုယုံ မိန်းကလေး။ တစ်ချက်ကြည့်လိုက်ပါဦး။ မူရင်းနဲ့ တူလား။ မတူရင် ကျွန်တော် ထပ်ဆွဲပေးလို့ရတယ်။”
လုချန်း၏ စကားကို ကြားသော် မုယုံရွှီ ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို ကြည့်လိုက်သည်။
သူမ ကြည့်လိုက်သော်လည်း သူမ၏ မျက်လုံးများသည် သူမ၏ အောက်ပိုင်းဗိုက်သားပေါ်သို့ မကျရောက်ပဲ လုချန်းအပေါ်တွင်သာ ဝဲနေခဲ့သည်။ လုချန်းတွင် တစ်ခုခု မူမမှန်သည်ကို မြင်လိုက်ရသည့်အခါ မုယုံရွှီက ပြုံးရယ်ကာ
“မင်းသား။ မင်းသားရဲ့ စိတ်က ခုနက ဆေးဆိုးတဲ့နေရာမှာ အပြည့်အဝ ရှိခဲ့ပုံအရဘူးနော်။”
ဟု နောက်ပြောင်လိုက်သည်။
ထိုစကားကို ကြားသော် လုချန်းက
“ကျွန်တော့်စိတ်က ဆေးခြယ်တဲ့နေရာမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အခုခြယ်ပြီးသွားပြီ။ မူရင်းနဲ့ တူလားဆိုတာ အရင် စစ်ဆေးသင့်တယ်။”
ဟု အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ထို့နောက် မုယုံရွှီ သူမ၏ အောက်ပိုင်းဗိုက်သားဆီသို့ အကြည့်ကို ပြန်ရွှေ့လိုက်၏။ ထိုအချိန်တွင် သူမသည် အပျိုစင်အမှတ်အသားလုံးဝပြန်လည်ကောင်းမွန်လာသည်ကို တွေ့လိုက်ရသည်။ မူရင်းနှင့် ဘာမှ မကွာခြားပေ။
သို့သော် ပြဿနာကြီးတစ်ခု ရှိနေသည်...
မုယုံရွှီးက
“မင်းသား ဆေးခြယ်ပေးတာက တကယ့်ကို အစစ်နဲ့တူပါတယ်။ ဒါပေမဲ့...”
လုချန်းက
“ဒါပေမဲ့ ဘာလဲ”
ဟု မေးလိုက်သည်။
မုယုံရွှီက ဆက်ပြောလိုက်သည်။
“အပျိုစင်အမှတ်အသားက အနီရောင် ဖြစ်ရမှာ။ မှင်နဲ့ ဆွဲထားတာက အနက်ရောင် ဖြစ် နေတယ်။”
လုချန်းက ပြုံးလျက်
“ဒါကလွယ်ပါတယ်။ ခင်ဗျား ကျူးနိုင်ငံတော်ကို ပြန်မယ့်နေ့မတိုင်ခင်မှာ ကျွန်တော် အနီရောင်ဆေးပြင်ဆင်ပြီး ပြန်ဆိုးပေးလို့ရပါတယ်။”
ထိုစကားကို ကြားသော် မုယုံရွှီက
“ဒါဆို မင်းသားကိုပဲ ဒုက္ခပေးရတော့မယ်။”
စကားပြောနေစဉ်တွင် မုယုံရွှီး၏မျက်လုံးများက လုချန်းပေါ်သို့ တဖန်ပြန်လည်စိုက်ကြည့်လိုက်သည်။
“မင်းသား မင်းသားရဲ့ လက်ရေးလှပညာကို ကျွန်မ ထပ်ကြည့်ချင်တယ်။ ရမလား မသိဘူး...”
မုယုံရွှီ စကားမဆုံးခင် လုချန်းက စုတ်တံကို ဘေးသို့ ပစ်ချလိုက်ပြီး သူမအပေါ် ဖိချလိုက်ပြီး ကြီးမားသောအားအင်ဖြင့် ဖုံးလွှမ်းလိုက်သည်။
ထို့နောက်လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားပြီး ပိုင်နိုင်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
“မုယုံ မိန်းကလေး ကျွန်တော့်ရဲ့ စာလုံးကို ကြည့်ချင်ရင် တစ်ခုခု ပြန်ပေးရမယ်။ ခင်ဗျားပေးဖို့ အဆင်သင့် ဖြစ်ပြီလား။”
မုယုံရွှီက သူ ဘာကို ဆိုလိုနေသည်ကို မည်သို့ နားမလည်ပဲ နေနိုင်မည်နည်း။ သူမ၏နူးညံ့သောလက်ဖြင့် ပါးစပ်ကိုအုပ်ကာ နောက်ပြောင်သလို ပြုံးလျက်
“ ကျွန်မကိုယ်တိုင် မင်းသားဆီ လာခဲ့တာပါ။ ဆုလာဘ်လည်း အဆင်သင့်ပြင်ဆင်ထားပါတယ်။ မင်းသား အလိုရှိရာ ယူသွားပါ”
မုယုံရွှီ စိတ်ထဲတွင် တွေးကြံလိုက်သည်။ သူမ လုချန်းကို ဦးစွာ လိုက်လျောပေးမည်ဖြစ်ပြီး သူ အားကုန်သွားသောအခါ သူ့ထံမှ အချက်အလက်အချို့ကို နှိုက်ယူရန် မေးခွန်းအချို့ စမေးတော့မည်။
သူမက အခု တိုက်ရိုက်မေးပါက လုချန်း သံသယ ဖြစ်သွားနိုင်ပြီး အရေးကြီးသော အချက်အလက်ကိုလည်း ရရှိနိုင်မည်မဟုတ်ပေ။လုချန်း အားကုန်သွားသောအခါ သတိ လျော့သွားမည်ဖြစ်သည်။ ထိုအချိန်က မေးခွန်းများ မေးရန် အချိန်ကောင်းဖြစ်လိမ့်မည်။
လုချန်း၏ စွမ်းအား အတိုင်းအတာကို မုယုံရွှီ မသိသေးသည်မှာ ထင်ရှားသည်။ ပန်းတစ်ရာ မျှော်စင်တွင် တွေ့ဆုံစဉ်က သူ့စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ခံစားခဲ့ရသော်လည်း ထိုစွမ်းအားသည် သူ၏ စွမ်းအားအကုန် ဖြစ်သည်ဟု မုယုံရွှီထင်နေ၏။ သူ့ကို လျှော့တွက်နေဆဲဖြစ်သည်။
မုယုံရွှီက ပြုံးရယ်နေဆဲဖြစ်ပြီး အခြေအနေ၏အလေးနက်မှုကို မသိရှိသေးသည်ကို မြင်လိုက်ရသည်နှင့် လုချန်းက အဝတ်များချွတ်ရင်း
“မုယုံမိန်းကလေးက ဆုလာဘ်အဆင်သင့်ပြင်ထားပြီဆိုတော့ ကျွန်တော်မစဉ်းစားတော့ဘူး။ နောက်မှ နောင်တမရပါစေနဲ့။”
မုယုံရွှီက
“မင်းသားရဲ့စာလုံးကို ကြည့်ရှုခွင့်ရတာက ကျွန်မအတွက် ဂုဏ်ယူစရာပါ။ နစ်နာစရာ မရှိပါဘူး။”
မုယုံရွှီ၏ အသံ တဖြည်းဖြည်း တိမ်မြုပ်သွားသည်နှင့် လုချန်းက သူမ၏ နီရဲသော နှုတ်ခမ်းများကို သူ့နှုတ်ခမ်းဖြင့် ဖမ်းယူလိုက်သည်။
ပြီးခဲ့သည့်အကြိမ် ပန်းတစ်ရာ မျှော်စင်မှာ တုန်းကကဲ့သို့ မဟုတ်ပဲ ဤတစ်ကြိမ်တွင် ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုကာ မုယုံရွှီအား ကုသပေးပြီး သူမနှင့် နက်ရှိုင်းသောဆက်ဆံရေးတည်ဆောက်ရန် ရည်ရွယ်ထားသည်။ အကောင်းဆုံးမှာ နောက်နေ့မနက်အထိ ဆက်ရန်ဖြစ်သည်။
ယခင်က ပန်းတစ်ရာ မျှော်စင်တွင် မုယုံရွှီအား မကုသခဲ့သည်မှာ သူ၏စွမ်းအားများကို သူမသိသွားမှာ စိုးသောကြောင့်ဖြစ်သည်။ ယခု မုယုံရွှီသည် နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်သုံးပြီးဖြစ်သဖြင့် သူ၏စွမ်းအားများအကြောင်းကို သူမသိသွားမည်ကို မစိုးရိမ်တော့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် အစကတည်းက ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုလိုက်သည်။
ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အဆက်မပြတ်အသုံးပြုနေသည့်အတွက် မုယုံရွီ သေချာသတိထားမိမည်မဟုတ်ပေ။ လုပ်ဆောင်နေစဉ်တစ်လျှောက်လုံး ဆက်တိုက်ကုသပေးနေသဖြင့် သတိမထားမိနိုင်သည့်အပြင် နောက်ပိုင်းတွင်လည်း သူမ နာကျင်မှုများ ခံစားရတော့မည်လည်း မဟုတ်ပေ။
လုချန်း၏ နမ်းရှုပ်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် မုယုံရွှီ အနည်းငယ် ဇဝေဇဝါဖြစ်လာခဲ့သည်။ သူမ၏ အပျိုစင်ဘဝ ဆုံးရှုံးခဲ့ပြီးပြီဖြစ်၍ ပြန်ပြင်၍ မရနိုင်တော့ပေ။ ထို့ကြောင့် စိတ်လွတ်လပ်လွပ် ပျော်ရွှင်မှုကို ခံစားသင့်သည်ဟု တွေးမိလိုက်သည်။
ထိုအတွေးဖြင့် မုယုံရွှီ လုချန်း၏ နမ်းရှုပ်မှုကို တက်ကြွစွာ ပြန်လည်တုံ့ပြန်ခဲ့ပြီး သူမ၏ ရှည်လျား ချောမွေ့သော လက်မောင်းများဖြင့် သူ၏ ကြံ့ခိုင်သော ခါးကို ရစ်ပတ်လိုက်သည်။
နှစ်ဦးစလုံးတွင် မည်သည့်အတွေးမှ မကျန်တော့ပဲ ပျော်ရွှင်မှုနောက်ကိုသာ လိုက်ပါသွားကြတော့သည်။
အချိန်မည်မျှကြာသွားသည်မသိ မုယုံရွှီလည်းလုံးဝ သတိလွတ်သွားပြီး သူမ၏ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို လုံးဝမေ့သွားခဲ့သည်။
........
ထိုအတောအတွင်း။
ရှနိုင်ငံတော် နယ်မြေအတွင်း။
လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တို့တွင်သည် တစ်ချိန်တည်းလိုလို ထူးဆန်းသော ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသည်။ ထိုအင်အားကြီး တောင်နှစ်ခုမှ အလင်းတန်းနှစ်ခုသည် ကောင်းကင်သို့ ထိုးဖောက်တက်သွားပြီးနောက် မည်းနက်သော တိမ်တိုက်များ ထူထပ်လာကာ ကောင်းကင်ပြိုလုနီးပါး ဖြစ်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့ရပြီး လေးမျက်နှာတောင်နှင့် လေငြိမ်တောင်မှ တပည့်များ အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူတို့၏ ဘိုးဘွားများထဲမှ ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းနေပြီဟု ယုံကြည်ခဲ့ကြသည်။
လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တို့သည် အေးအေးဆေးဆေး နေခဲ့ကြသော်လည်း သူတို့၏ တပည့်များသည် ရှနိုင်ငံတော်နယ်မြေအတွင်းတွင် မကြာခဏ သွားလာနေကြပြီး နိုင်ငံအတွင်းတွင် ဖြစ်ပွားနေသော ဖြစ်ရပ်များကို ကောင်းစွာ သိရှိကြသည်။
သူတို့၏ ထောက်လှမ်းရေးအချက်အလက်များအရ အလင်းတန်းများနှင့် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်ခြင်းသည် များသောအားဖြင့် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး မွေးဖွားလာခြင်းကို ညွှန်ပြလေ့ရှိသည်။
မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်အပြီး ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိခဲ့သည်။
နန်းတော်အတွင်း ထူးခြားဖြစ်စဉ် ဖြစ်ပွားပြီးနောက် နေပြည်တော်တွင် ဆွမ်ဧကရာဇ်၏ မိသားစုဝင်တစ်ဦး ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိသည်ဟု ဆိုကြသည်။
ယခုအခါ တူညီသော ဖြစ်ရပ်မျိုးသည် သူတို့၏ နယ်မြေတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ သူတို့တွင်လည်း ကောင်းကင်လူသားအဆင့် စွမ်းအားရှင်များ ရှိနေပြီဟု ဆိုလိုသည်။
မိမိတို့၏ ဂိုဏ်းများတွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် ဦးဆောင်နေပြီဆိုသော အချက်သည် တပည့်များကို မငြိမ်မသက်ဖြစ်စေခဲ့သည်။ သူတို့သည် ကာလကြာရှည်စွာ သည်းခံထိန်းချုပ်ခဲ့ရသည်။
လျှို့ဝှက်လဝန်းနန်းတော်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး ပေါ်ထွန်းလာသည့်အချိန်မှစ၍ ရှနိုင်ငံတော်အတွင်းရှိ လောကီပညာ အင်အားစုအားလုံးသည် အလွန်သတိထားလာခဲ့ကြပြီး လျှို့ဝှက်လဝန်းနန်းတော်ကို ကြောက်ရွံ့ခဲ့ကြသည်။ ဂိုဏ်းအဖွဲ့များသည် နှစ်ပေါင်းများစွာ လျှို့ဝှက်လဝန်းနန်းတော်၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး နှုတ်ဆိတ်နေခဲ့ရသည်။
သို့သော် ယခုအခါ သူတို့တွင်လည်း ကောင်းကင်ဘးလူသားအဆင့် စွမ်းအားရှင်ရှိပြီဖြစ်သဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များကို ကြောက်ရွံ့နေစရာ မလိုတော့ပေ။
လေးမျက်နှာတောင်နှင့်လေငြိမ်တောင်တို့မှ ဖြစ်ရပ်ဆန်းသတင်းသည် တစ်ညတာအတွင်း အင်အားစုများစွာသို့ ပြန့်နှံ့သွားခဲ့သည်။ ဤတောင်နှစ်ခုမှ တပည့်များသာမက အခြားအင်အားစုများကပါ ထိုဂိုဏ်းနှစ်ခုတွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်များ တစ်ပြိုင်နက်တည်း ပေါ်ထွန်းလာပြီဟု အထင်မှားခဲ့ကြသည်။
လူများ အံ့အားသင့်မိကြသည်။ လျှို့ဝှက်လဝန်းနန်းတော်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် ပေါ်ထွန်းပြီးနောက် နှစ်ပေါင်းများစွာ မည်သူမှ ထပ်မထွက်ခဲ့ပေ။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိပြီးနောက်မှ အဘယ့်ကြောင့် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်များ ရုတ်တရက် များပြားလာရသနည်း။
.........
အခန်း( ၅၃၃ )
မြောက်ပိုင်းနယ်စားမင်းသားက တကယ့်သားရဲတိရစ္ဆာန်ပဲ
လေးမျက်နှာတောင်နှင့် လေငြိမ်တောင်တွင် ဖြစ်ပျက်ခဲ့သော အရာများကို လုချန်း မသိသေးပေ။ သူ၏ အာရုံအားလုံးသည် ယခုအခါ မုယုံရွှီအပေါ်တွင် စူးစိုက်နေပြီး သူမကို သူ၏ထောင်ချောက်ထဲသို့ ကျဆင်းစေရန် ကြိုးစားနေသည်။
ထိုအချိန်တွင် မုယုံရွှီ လုံးဝ အိန္ဒြေမဲ့သွားပြီဖြစ်သည်။ သူမ၏ ဦးနှောက်ဗလာဖြစ်နေပြီး တွေးတောလိုစိတ်များကိုပင် စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
နံနက်အရုဏ်တက်ချိန်တွင် သူမ သတိပြန်ရလာသောအခါ နေ့သစ်တစ်ခုသို့ ရောက်ရှိနေပြီး သူမ၏တာဝန်ကို မပြီးမြောက်သေးကြောင်း သိလိုက်ရသည်။
အစက လျှို့ဝှက်ချက်များကို စုံစမ်းရန်အတွက် လုချန်းကို ဖြားယောင်းရန် ရည်ရွယ်ခဲ့သော်လည်း တစ်ညလုံး ထိုကိစ္စနှင့်သာ နစ်မြုပ်နေခဲ့ရသည်။
မဟုတ်ပါ... ထိုသို့မဟုတ်ပါ။
သူမ တစ်ညလုံး ထိုကိစ္စနှင့် နစ်မြုပ်နေခဲ့သည်တော့ မဟုတ်ပေ။ လုချန်းထံမှ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို မေးမြန်းရန် အခွင့်အလမ်းပင် မရခဲ့ခြင်းဖြစ်သည်။
ထိုလူဆိုး လုချန်းသည် သူမအား အသက်ရှူဖို့ပင် အချိန်မပေးခဲ့ပေ။ သူမ၏စိတ်သည် အမြဲတမ်း ဝေခွဲမရဖြစ်နေပြီး မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို စူးစမ်းရန် အခြေအနေမှာပင် မရှိခဲ့ပေ။
ထိုအတွေးများ ဖြတ်သန်းလာသောအခါ မုယုံရွှီသည် အံကြိတ်မိလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားဆိုတာ တကယ့်သားရဲတိရစ္ဆာန်တစ်ကောင်ဖြစ်သည်။
စိတ်ထဲတွင် လုချန်းကို ကျိန်ဆဲပြီးနောက် မုယုံရွှီ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ငုံ့ကြည့်လိုက်သည်။ လွန်ခဲ့သည့်တစ်ကြိမ် ပန်းတစ်ရာ မျှော်စင်မှာတုန်းကကဲ့သို့ပင် စာများ ရေးခြယ်ထားသည်ကို တွေ့လိုက်ရသည်။
မုယုံရွှီ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုသားရဲသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စာလုံးများစွာ ရေးခြယ်ထားနိုင်ခဲ့သည်။ သူမ သူ ရေးနေတာကို လုံးဝ မသိလိုက်ပေ။
ညက မကောင်းမှု ပြုနေစဉ် သူရေးခဲ့တာလား။
သူမ အိပ်ပျော်သွားပြီးမှ ရေးခဲ့သည်လား သူမ မသိပေ။
သို့သော် အခုတော့ ထိုအရာများက အရေးမကြီးတော့ပေ။
မုယုံရွှီ အခန်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ လုချန်းကို မတွေ့ရပေ။ သူမ တစ်ယောက်တည်း အနားယူခန်းထဲတွင် ရှိနေသည်။
မုယုံရွှီ၏ စိတ်ထဲတွင် အနည်းငယ် မလုံခြုံသလို ဖြစ်လာသည်။ မြောက်ပိုင်းနယ်စားမင်းသား၏ မျက်လုံးထဲတွင် သူမသည် သူ၏အလိုဆန္ဒများကို ဖြည့်ဆည်းပေးရသည့် မယားငယ်တစ်ဦးသာ ဖြစ်နေပြီဟု ထင်ရသည်။
အသုံးပြုပြီးနောက် စွန့်ပစ်ခြင်းခံရကာ သူလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။
မုယုံရွှီသည် သက်ပြင်းချလိုက်သည်။ သူမ မကြာမီ ကျူးနိုင်ငံတော် ပြန်သွားပြီး ပြန်လည်အစီရင်ခံရမည်ဖြစ်၏။ ကျူးနိုင်ငံတော်သို့ မပြန်မီ တာဝန်၏ တစ်စိတ်တစ်ပိုင်းကိုပင် ပြီးမြောက်အောင် လုပ်နိုင်ပါမလားဟု တွေးမိသည်။
ပြန်မသွားမီ အချက်အလက်အချို့ မရှာဖွေနိုင်ပါက ဧကရီက သူမကို အပြစ်ပေးမည်မှာ သေချာသည်။ မြောက်ပိုင်းပြည်နယ်တွင် အချိန်အတော်ကြာ နေခဲ့ပြီး သတင်းအချက်အလက်တစ်စုံတစ်ရာ ပြန်မယူလာနိုင်ခဲ့သောကြောင့် ဧကရီက သူမကို အရည်အချင်းမရှိဟု သေချာပေါက် သဘောထားမည်ဖြစ်သည်။
မုယုံရွှီ သက်ပြင်းချနေစဉ် ရုတ်တရက် အခန်းထဲတွင် လူတစ်ဦး ပေါ်လာသည်။ လုချန်း ပြန်လာသည်ကို တွေ့ရသောအခါ မုယုံရွှီ အနည်းငယ် စိတ်သက်သာရာ ရလာသည်။ ဤလူဆိုးက အနည်းဆုံးတော့ ပြန်လာတတ်သေးသည်ဟု တွေးမိသည်။ သူမကို အခွင့်ကောင်းယူပြီးနောက် သူ အပြီးအပိုင် ထွက်သွားပြီဟု ထင်ခဲ့သည်။
လုချန်းက မုယုံရွှီကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက်
“မုယုံ မိန်းကလေး ကျွန်တော့် လက်ရေးကို ဘယ်လိုထင်လဲ။”
ထိုမေးခွန်းကို ကြားသော် မုယုံရွှီ စိတ်တိုသွားသော်လည်း လုချန်းကို ပြန်ပြုံးပြလျက်
“မင်းသားရဲ့ စာလုံးတွေက ခန့်ညားပြီး ခမ်းနားပါတယ်။”
လုချန်းက
“အခုလို ချီးကျူးတာ ကျေးဇူးတင်ပါတယ် မုယုံ မိန်းကလေး။”
ထို့နောက် လုချန်းက
“မုယုံ မိန်းကလေး ဗိုက်ဆာနေလောက်ပြီ။ ကျွန်တော် အစားအသောက်တွေ ပြင်ဆင်ထားတယ်။ ပြန်မသွားခင် တစ်ခုခု စားသွားပါဦးလား။”
ပြန်သွားခိုင်းတာလား....
လုချန်း၏ စကားကို ကြားသော် မုယုံရွှီ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလာသည်။
သူမသည် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် လာခဲ့ခြင်း ဖြစ်၏။ သို့သော် လုချန်းက သူမကို တစ်နေကုန်နှင့် တစ်ညလုံး အချိန်ကုန်စေခဲ့ပြီး ဘာမှ မသိရပဲ အခုဒီအတိုင်း ပြန်ရတော့မယ်တဲ့လား။
သူမ ရုတ်တရက် အကြီးအကျယ် နစ်နာသွားသည်ဟု ခံစားလိုက်ရသည်။
မုယုံရွှီက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
“မလိုပါဘူး။ ကျွန်မမှာ အရေးတကြီး လုပ်စရာလေးတွေ ရှိပါသေးတယ်။ မင်းသားလေးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။”
သူမ ပြောရင်း မုယုံရွှီ ထရပ်၍ အဝတ်အစားများ ဝတ်ဆင်တော့သည်။ အခုချိန်တွင် သူမညစ်ပတ်နေသည်ဟု ခံစားရပြီး သူမ၏ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ရေချိုး ဆေးကြောရန် အလျင်အမြန် ပြန်သွားဖို့ လိုအပ်နေသည်။
လုချန်းက သူမကို မတားဆီးပေ။ ထိုအစား သူမကို သတိပေးလိုက်သည်။
“မုယုံ မိန်းကလေး ကျူးနိုင်ငံတော်ကို တာဝန်အတွက် ပြန်မသွားခင် မင်းသားစံအိမ်ကို တစ်ကြိမ်လောက် ထပ်လာခဲ့ပါ။ ခင်ဗျားရဲ့ အပျိုစင်အမှတ်အသားကို ပြန်ရအောင် လုပ်ပေးပါမယ်။”
မုယုံရွှီက အရေးမကြီးသလိုဖြင့်
“ဒါဆိုရင် မင်းသားကို ကျွန်မ ဒုက္ခပေးရတော့မယ်။”
ထိုသို့ပြောပြီးနောက် မုယုံရွှီသည် သူမ၏ ခါးပတ်ကို ပတ်လိုက်ပြီး အနားယူခန်းတံခါးဆီသို့ လျှောက်သွားကာ
“မင်းသားမှာ တခြား ဘာကိစ္စမှ မရှိရင် ကျွန်မ ဒီနေ့အတွက် ပြန်လိုက်ပါဦးမယ်။”
လုချန်းက
“ကောင်းပြီ။ မုယုံမိန်းကလေးကို လိုက်ပို့ဖို့ လူတစ်ယောက် ထည့်ပေးလိုက်မယ်။”
နောက်ပိုင်းတွင် လုချန်းသည် အစေခံများကို မြင်းလှည်း ပြင်ဆင်ရန် အမိန့်ပေးကာ မုယုံရွှီကို ကျူးနိုင်ငံတော်စံအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
စံအိမ်သို့ ပြန်ရောက်သည်နှင့် မုယုံရွှီသည် ရေချိုးဖို့ ရေနွေးယူလာရန် လူတစ်ဦးကို လျင်မြန်စွာ ခိုင်းလိုက်သည်။ သူမ ခန္ဓာကိုယ်ကို ပွတ်တိုက်ဆေးကြောနေစဉ် အတွင်းအားဖြင့် အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင် သူမ၏စိတ်ထဲ၌ ပြီးခဲ့သည့်ညက ဖြစ်ရပ်များ ပြန်လည်ပေါ်ပေါက်လာသည်။ ထိုအချိန်က သူမ စဉ်းစားနိုင်စွမ်းမရှိသလောက်ဖြစ်နေသော်လည်း ထိုခံစားမှုများ၏ မှတ်ဉာဏ်များသည် သူမ၏စိတ်ထဲတွင် စွဲမြဲနေခဲ့သည်။
မုယုံရွှီ စိတ်ရှုပ်ထွေးသွားသည်။ ထိပ်သီးပညာရှင်တစ်ဦးဖြစ်သော သူမက မည်သို့မှ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပဲ လုချန်း၏ ဆန္ဒများနောက်သို့ အဘယ့်ကြောင့် အပြည့်အဝ လိုက်ပါခဲ့ရသနည်း။
ဒီအတိုင်းဆက်သွားလို့ လုံးဝ မဖြစ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားကို လာတွေ့တိုင်း ဤသို့ ထိန်းချုပ်မှုမဲ့ နေမည်ဆိုလျှင် ထောက်လှမ်းရေး အချက်အလက်များ မည်သို့ စုဆောင်းမည်နည်း။ သူမ၏တာဝန်ကို မည်သို့ ထမ်းဆောင်မည်နည်း။
သို့သော် ပြီးခဲ့သည့်ညက ဖြစ်ရပ်များကို ကြည့်လျှင် သူမ လုချန်း၏ အိပ်ရာပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်နိုင်စွမ်း လုံးဝ ဆုံးရှုံးခဲ့ပြီး သူမ၏ လုပ်ရပ်များကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ခြင်း မရှိတော့ပေ။
မြောက်ပိုင်းနယ်စားမင်းသားဆိုသော ထိုသားရဲကောင်က အမျိုးသမီးများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်လွန်းသည်။ သူမ ပန်းတစ်ရာ မျှော်စင်တွင် တစ်ကြိမ် ကြုံခဲ့ရပြီးဖြစ်ကာ ယခုလည်း ပြီးခဲ့သည့်ညက ထပ်မံ ကြုံခဲ့ရသည်။ သူမ မြောက်ပိုင်းနယ်စားမင်းသားကို နောက်ထပ် လျှော့တွက်တော့မည် မဟုတ်ပေ။
မုယုံရွှီ အတွေးနက် သွားသည်။ နောက်တစ်ကြိမ် လုချန်းကို တွေ့သည့်အခါ သူမ လိုချင်သော အချက်အလက်များကို စိတ်ကြည်လင်နေစဉ် ရယူဖို့ ကြိုးစားမည်။ သူမ၏ ခန္ဓာကိုယ်ကို ထပ်မံ၍ အလွယ်တကူ ပေးအပ်တော့မည် မဟုတ်ပေ။ လုချန်းကို သူမ၏ ထိန်းချုပ်မှုအောက်တွင် ထားရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်သည်။
လဝက်ခန့် ကြာပြီးနောက်။
မြောက်ပိုင်းပြည်နယ်။
နိုင်ငံရေးရာ ခန်းမ။
ယနေ့ ခန်းမထဲတွင် စိတ်ခံစားမှု လေထုက တင်းမာနေသည်။ အရာရှိများသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြပြီး လုချန်းပင်လျှင် သူ၏ပလ္လင်ပေါ်၌ စဉ်းစားရင်း ထိုင်နေသည်။
ခဏအကြာတွင် လုချန်းက တိတ်ဆိတ်မှုကို နောက်ဆုံးတွင် ဖြိုခွင်းလိုက်သည်။
“အမှန်တရားကို ခင်ဗျားတို့ အားလုံးကို ပြောပြဖို့ အချိန်ရောက်ပြီလို့ ကျွန်တော် ထင်တယ်။”
ထိုစကားကို ကြားသော် အရာရှိများ ခဏမျှ အံ့အားသင့်သွားသည်။
အမှန်တရား.....
ဘာအမှန်တရားလဲ။
မင်းသားက သူတို့ကို တစ်ခုခု လှည့်ဖြားခဲ့လို့လား။
မင်းသားက အကြောင်းမဲ့ သူတို့ကို ဘာလို့ လှည့်ဖြားရမှာလဲ။
နန်းတွင်းအရာရှိများ လုချန်းပြောလိုက်သော စကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်ပဲ ရှိနေစဉ် သူကဆက်ပြောလိုက်သည်။
“လူထုကြားထဲက ကောလာဟလ စကား တွေအတိုင်းပါပဲ။ ပညာရှိကြီးကျူးကဲ့ကျုံကောင်းဟာ ကောင်းကင်လူသားအဆင့်ကို တကယ်မရောက်သေးပါဘူး။ သူ့ရဲ့လက်ရှိအဆင့်က အရိပ်အယောင်ကောင်းကင်လူသားအဆင့်ပါပဲ။”
ထိုစကား ပြောလိုက်သည်နှင့် ခန်းမထဲရှိ လူတိုင်း အံ့အားသင့်သွားကြသည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်ကို မတက်လှမ်းနိုင်သေးဘူးလား။
ဒါဆို အပြင်က ကောလာဟလတွေက မှန်တာပေါ့။
ဒါကြောင့် မြောက်ပိုင်းနယ်စားမင်းသားက ထီးနန်းလုဖို့ တောင်ဘက်ကို မချီတက်သေးတာကိုး။
မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသား တကယ်မရှိတာကိုး။
မြောက်ပိုင်းနယ်စားမင်းသားက ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် ရောက်ပြီလို့ ကြေညာတာက ရှနိုင်ငံတော်ကို ခြိမ်းခြောက်ဖို့ လှည့်ကွက်တစ်ခုလား။
မကြာသေးမီက လေငြိမ်တောင်နှင့် လေးမျက်နှာတောင်တို့တွင် ကောင်းကင်လူသားအဆင့် တက်လှမ်းသည့် သတင်းများ ရှနိုင်ငံတော်နှင့် အခြားအင်ပါယာများစွာသို့ ပျံ့နှံ့ခဲ့သည်။
သို့သော် မကြာမီပင် လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အ့ကြီးအကဲများ ကောင်းကင်လူသားအဆင့်သို့ လုံးဝ မတက်လှမ်းနိုင်သေးကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ကောင်းကင်လူသား နယ်ပယ်သို့တက်လှမ်းရန် အခွင့်အရေးသာ ရရှိခဲ့ပြီး ကောင်းကင်ဘုံ၏ စမ်းသပ်မှုများကို ဖြတ်သန်းရန် လိုအပ်နေသေးသည်။
ဤသတင်းများ ပြန့်နှံ့သွားသည်နှင့် လူများသည် မြောက်ပိုင်းပြည်နယ်နှင့် ရှနိုင်ငံတော် နန်းတော်တို့တွင် တွေ့ခဲ့ရသော ထူးဆန်းသော ဖြစ်ရပ်များနှင့် လျင်မြန်စွာ ချိတ်ဆက်မိသွားသည်။
လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြီးအကဲများ ကောင်းကင်လူသား နယ်ပယ်မတက်လှမ်းနိုင်သေးပါက မြောက်ပိုင်းပြည်နယ်မှ ကျူးကဲ့ကျုံကောင်းနှင့် ရှနိုင်ငံတော်မှ တော်ဝင်မိသားစုဝင်လည်း မတက်လှမ်းနိုင်သေးဟု ဆိုလိုနေတာလား။
ထိုသတင်းများ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ရက်အနည်းငယ်အတွင်း ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တကယ်တမ်း မရောက်ရှိသေးကြောင်း မြောက်ပိုင်းပြည်နယ်မှ လူများကြား ပြောဆိုလာကြသည်။
လုချန်းသည် တုံးအသူ မဟုတ်ပေ။ ဤသတင်းအချက်အလက်များ ပြန့်နှံ့မှုနောက်ကွယ်တွင် မည်သူရှိသည်ကို သူ ခန့်မှန်းပြီးဖြစ်သည်။
မြောက်ပိုင်းပြည်နယ်မှ အရာရှိများ သတင်း၏ စစ်မှန်မှုအပေါ် သံသယရှိနေသည်ကို မြင်သောအခါ လုချန်းက ဆက်လက် ဖုံးကွယ်ခြင်းမပြုတော့ပဲ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသား နယ်ပယ်မတက်လှမ်းနိုင်သေးကြောင်း တိုက်ရိုက် ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
............
အခန်း (၅၃၄)
အင်အားပြရမည့်အချိန်ရောက်ပြီ
လုချန်း ယခုလို ရဲရဲတင်းတင်း ထုတ်ဖော်ပြောဆိုရဲသည်မှာ ထိုသတင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မကြောက်ရွံ့ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းပြည်နယ်တွင် ယခု ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ဦး အမှန်တကယ် ရှိနေပြီဖြစ်သည်။
ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရရှိသူများ ပို၍ပို၍ များလာပြီ ဖြစ်ရာ ကျူးကဲ့ကျုံကောင်း၏ အခြေအနေကို ဆက်လက် ဖုံးကွယ်ထား၍ မရနိုင်တော့သည်မှာ ထင်ရှားသည်။ ရှနန်းတော်မှ တစ်စုံတစ်ဦးသည် ကောင်းကင်နှင့် ညီညွတ်ခြင်း လမ်းစဉ်သို့ ရောက်ရှိခဲ့ပြီး လေးမျက်နှာတောင်နှင့် လေငြိမ်တောင်နှစ်ခုလုံးမှ အကြီးအကဲများလည်း ထိုလမ်းစဉ်ကို စတင်လျှောက်လှမ်းနေကြပြီဖြစ်သည်။
သူတို့သည် အရူးများ မဟုတ်ကြလျှင် ကျူးကဲ့ကျုံကောင်း၏ လက်ရှိအခြေအနေကို မည်သို့မှ မခန့်မှန်းနိုင်စရာ မရှိပေ။
ဆက်လက်ဖုံးကွယ်ထားခြင်းသည် မိမိဘက်သားများကို လှည်ဖြားနေခြင်းသာ ဖြစ်သည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းခဲ့သည်ဟု လုချန်း စတင်ပြောဆိုခဲ့သည်မှာ ပြိုင်ဘက်များကို မဟာဗျူဟာမြောက် လှည့်ဖြားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပြီး မိမိ၏ ဘက်တော်သားများကို လှည့်ဖြားရန် မဟုတ်ပေ။
ယခု ကျူးကဲ့ကျုံကောင်း၏ အခြေအနေ ပေါ်ပေါက်တော့မည်ဖြစ်ရာ လျှို့ဝှက်ထားရန် နောက်ထပ် မလိုအပ်တော့ပေ။
လုချန်း၏ စကားကို ကြားပြီးနောက် ခန်းမဆောင်အတွင်းရှိ အရာရှိများသည် သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ကြာခဲ့သည်။
မြောက်ပိုင်းပြည်နယ်၌ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် မရှိလျှင် ရှနိုင်ငံတော်ကို ခြိမ်းခြောက်နိုင်မည်မဟုတ်သလို ပြည်တွင်းရှိ နယ်စားများကိုလည်း ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ မကြာမီ ရှနိုင်ငံတော်တွင် ပြည်တွင်းစစ်မီး ပေါက်ကွဲလာနိုင်သည်။
ပြောရမည်ဆိုလျှင် မြောက်ပိုင်းပြည်နယ်ကိုယ်တိုင်ပင် အကျပ်အတည်းထဲသို့ ကျရောက်နိုင်သည်။
ဤကာလအတွင်း အခြား နိုင်ငံတော်များသည် အနာဂတ်တွင် မြောက်ပိုင်းပြည်နယ်မှ ပေါ်ပေါက်လာနိုင်သည့် ခြိမ်းခြောက်မှုကို စတင်သတိပြုမိနေကြပြီဖြစ်သည်။ သူတို့ မြောက်ပိုင်းပြည်နယ်ကို ဘာမှမလုပ်ရဲခြင်းမှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်ရှိသည်ဟု ယုံကြည်နေသောကြောင့်သာဖြစ်သည်။
မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် စွမ်းအားရှင်မရှိကြောင်း သိရှိသွားပါက မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှုကို အမြန်ဆုံးဖယ်ရှားရန် စဉ်းစားလာကြမည်ဖြစ်သည်။
ထိုအချိန်တွင် လိယုရီထလာကာ
“မင်းသား။ ဒီသတင်းကို အခြားနိုင်ငံတွေ၊ အထူးသဖြင့် ဝူနိုင်ငံတော် မသိအောင် လုပ်ရပါမယ်။”
လုချန်းက
“မဖြစ်နိုင်တော့ပါဘူး။ ဆက်ဖုံးကွယ်ထားလို့ မရတော့ဘူး။ အခု လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်မှာ ကောင်းကင်နှင့် ညီညွတ်ခြင်း လမ်းစဉ်ကို စတင်နေတဲ့ ပညာရှင်တွေ ပေါ်လာပြီဆိုတော့ အခြားနိုင်ငံတွေက မြောက်ပိုင်းပြည်နယ် လှည့်ဖြားနေတယ်ဆိုတာ မကြာခင် ခန့်မှန်းမိမှာပဲ။”
“ဆက်လက် ဖုံးကွယ်ထားဖို့ စဉ်းစားမယ့်အစား ဖြစ်လာနိုင်တဲ့ အန္တရာယ်တွက် အစောတည်းက ပြင်ဆင်တာက ပိုကောင်းပါတယ်။”
ထိုစကားကို ကြားသော် အရာရှိများရှေ့တွင် ထိုင်နေသော ကျူးကဲ့ကျုံကောင်းက
“မင်းသား ပြောတာ မှန်ပါတယ်။ ကျွန်တော် ကောင်းကင်လူသားအဆင့်ကို မတက်လှမ်းနိုင်သေးဘူးဆိုတာကို ဆက်လက် ဖုံးကွယ်ထားဖို့ မလိုတော့ပါဘူး။”
“ကျွန်တော်တို့ ဆက်ဖုံးကွယ်ထားရင် လက်ရှိ မြောက်ပိုင်းပြည်နယ်ဟာ အပြင်ပန်းတော့ အားကောင်းပေမဲ့ အတွင်းပိုင်းမှာတော့ အားနည်းနေပြီး လိမ်လည်မှုတွေနဲ့ပဲ တခြားအင်အားစုတွေကို တားဆီးနေတယ်လို့ ယူဆသွားကြနိုင်ပါတယ်။”
ကျူးကဲ့ကျုံကောင်း၏ အမြင်တွင် မြောက်ပိုင်းပြည်နယ်သည် အခက်ခဲဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်သည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းခဲ့သည့်ပုံစံမျိုး သတင်းလွှင့်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ အာဏာရှိ မိသားစုများကို ကိုင်တွယ်ပြီးနောက် ဆွမ်ဧကရာဇ်က မြောက်ပိုင်းပြည်နယ်ကိုတိုက်ခိုက်လာနိုင်သောကြောင့် ဖြစ်သည်။
ထိုအချိန်က မြောက်ပိုင်းပြည်နယ်သည် နန်းတွင်းနှင့် စစ်မက်ဖြစ်ပွားရန် အဆင်သင့်မဖြစ်သေးသဖြင့် ရှနိုင်ငံတော် နန်းတွင်းကို ခြိမ်းခြောက်ရန် ဤနည်းလမ်းကို အသုံးပြုခဲ့ရခြင်းဖြစ်သည်။
ယခုအခါ ရှနိုင်ငံတော် ပြည်တွင်းရှိ မင်းသားအသီးသီးတို့ မတည်မငြိမ်ဖြစ်နေပြီး ထီးနန်းဆက်ခံရေး ပြိုင်ပွဲသည်လည်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ထို့ကြောင့် ဆွမ်ဧကရာဇ် အနေနှင့် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် စဉ်းစားခြင်းမပြုမီ ရှနိုင်ငံတော်အတွင်းရှိ အခြားနယ်စားများကို ဦးစွာ နာခံစေရမည်ဖြစ်ပြီး ထီးနန်းဆက်ခံရေး ကိစ္စကိုလည်း ဖြေရှင်းရမည်ဖြစ်သည်။
ဆွမ်ဧကရာဇ်၏ ရှေ့မှောက်တွင် ပြဿနာ များစွာရှိနေသောကြောင့် မြောက်ပိုင်းပြည်နယ်ကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ယခုအချိန်တွင် အခြားနိုင်ငံတော်များက မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်လာနိုင်လားဆိုသည်နှင့် ပတ်သက်၍လည်း ကျူးကဲ့ကျုံကောင်း လုံးဝ စိုးရိမ်ခြင်း မရှိပေ။
ဆန့်ကျင်ဘက်အားဖြင့် ဆွမ်ဧကရာဇ် မြောက်ပိုင်းပြည်နယ်ကို ကိုင်တွယ်ရန် အနေအထား မရှိသည့် ယခုလို အချိန်၌ မြောက်ပိုင်းပြည်နယ်သည် ဖြစ်လာနိုင်သော ရန်သူအင်အားစုများနှင့် ထိပ်တိုက်တွေ့ဆုံမှု အနည်းငယ် ပြုလုပ်သင့်သည်ဟု ကျူးကဲ့ကျုံကောင်းက ယုံကြည်သည်။
ဓားကိုအမှန်တကယ်ဆွဲထုတ်ပြမှသာ အခြားသူများအား မြောက်ပိုင်းပြည်နယ်၏ တကယ့်အင်အားကို နားလည်စေနိုင်မည်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်သည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဆက်လက်ဖုံးကွယ်ထား၍ မရတော့ပေ။ ကမ္ဘာ၏ ထောင့်တစ်နေရာတွင် မထင်မရှား ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့သောကြောင့် အကောင်းဆုံးနည်းလမ်းမှာ အင်အားကို ပြသခြင်းဖြစ်သည်။
ထို့ပြင် သူသည် ကောင်းကင်လူသားအဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်အဆင့်စွမ်းအားရှိသူတစ်ဦးရှိနေသောကြောင့် ရန်သူများနှင့် မယှဉ်နိုင်မည်ကို စိုးရိမ်စရာမလိုပေ။
ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားပြီးနောက် လုချန်း ခဏမျှ စဉ်းစားနေစဉ် မုချန်တိန်လည်း ထရပ်ကာ
“မင်းသား။ ပညာရှိကြီး ပြောတာ အလွန် အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝူနိုင်ငံတော်ဟာ ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ကျူးနိုင်ငံတော်နဲ့ ပူးပေါင်းဖို့ စီစဉ်နေပါပြီ။”
“ဝူနိုင်ငံတော်ဟာ မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသား မရှိဘူးဆိုတာ သိသွားတာနဲ့ နောင်မှာ မြောက်ပိုင်းပြည်နယ်က ဝူနိုင်ငံတော်ကို ခြိမ်းခြောက်မှု မဖြစ်အောင် သူတို့က စတင်တိုက်ခိုက်ရှင်းလင်းဖို့ လုပ်လာနိုင်ပါတယ်။”
“ကျွန်တော်တို့ စစ်ပွဲကို မစရင်တောင် ဝူနိုင်ငံတော်ဘက်က စစ်ပွဲစလာဖို့ အတော်လေး ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။”
မုချန်တိန်သည် မြောက်ပိုင်းပြည်နယ်သို့ နောက်ပိုင်းတွင် ဝင်ရောက်လာသော စစ်သည်များကို ကိုယ်စားပြုသည်။ ထိုစစ်သည်များသည် ဂုဏ်သိက္ခာနှင့် စစ်အောင်ပွဲများ ငတ်မွတ်နေပြီး စစ်ပွဲဖြစ်ရန် အထူးထောက်ခံသူများဖြစ်သည်။
လက်ရှိ စစ်တပ်သည်လည်း အဖွဲ့နှစ်ဖွဲ့ ကွဲနေသည်။ တစ်ဖွဲ့မှာ စနစ်တကျ ခေါ်ယူထားသော စစ်သည်များဖြစ်ပြီး လုချန်း၏ ဆုံးဖြတ်ချက်များအားလုံးကို ခိုင်မာစွာ ထောက်ခံကြသည်။ အခြားတစ်ဖွဲ့မှာ မုချန်တိန် ကိုယ်စားပြုသည့် စစ်လိုလားသော အဖွဲ့ဖြစ်သည်။
ကျူးကဲ့ကျုံကောင်း စစ်ထိုးရန်ရည်ရွယ်ကြောင်း ကြားလိုက်ရသည်နှင့် မုချန်တိန် အပျော်ဆုံးဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခါမှသာ သူတို့၏ တန်ဖိုးကို ပြသနိုင်မည်ဖြစ်ပြီး သူတို့စစ်တပ်၏ တိုက်ခိုက်နိုင်စွမ်းကို အတည်ပြုနိုင်မည်ဖြစ်သောကြောင့်ပင်။
ယခင်က သူတို့သည် ကာကွယ်သူများသာအမြဲတမ်း ဖြစ်ခဲ့သည်။ တိုက်ခိုက်ရန်ထက် ကာကွယ်ရန်က သူတို့အတွက် ပိုမိုလွယ်ကူသည်။
ယခင်က ထျန်းချီဘုရင်၏တပ်မတော်ကို အနိုင်ရခဲ့သော်လည်း မုချန်တိန်အုပ်စုမှ စစ်သည်များသည် သူတို့၏တကယ့်တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝအသုံးမချရသေးဟု ခံစားရသည်။ ထို့ကြောင့် မြောက်ပိုင်းပြည်နယ် နောက်ထပ်စစ်ပွဲတစ်ခုဖြစ်ရန် သူတို့အလွန်လိုလားနေကြသည်။
လုချန်း ဤအခြေအနေကို ကောင်းစွာ သိရှိသော်လည်း ထိုစစ်သည်အဖွဲ့က ဖြစ်ပေါ်စေနိုင်သော အကျိုးဆက်များကို စိုးရိမ်ခြင်းမရှိပေ။ စစ်တပ်တစ်ခုတွင် ပြင်းပြသော စစ်သွေး ရှိရမည်ဖြစ်ပြီး စစ်လိုလားသူ များစွာရှိရမည်။ စစ်တပ်တစ်ခုလုံးတွင် ငြိမ်းချမ်းရေးလိုလားသူများသာ ရှိပါက စစ်တိုက်ခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။
ထိုအချိန်တွင် လုချန်းက
“ယနေ့ကစပြီး မြောက်ပိုင်းပြည်နယ်ဟာ စစ်ပွဲကာလ အခြေအနေကို ဝင်ရောက်ပါပြီ။ နယ်ခြားစောင့် တပ်ဖွဲ့တွေက ကျူးနိုင်ငံတော်နဲ့ ဝူနိုင်ငံတော်ရဲ့ နယ်စပ်အခြေအနေတွေကို အချိန်တိုင်း သတိထားရပါမယ်။”
“ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို ရန်စဖို့ ဆုံးဖြတ်လာရင်တော့ ကျွန်တော်တို့ရဲ့ အင်အားတွေကို ပြသဖို့ အချိန်ရောက်ပါပြီ။”
လုချန်း၏ကြေညာချက်ကို ကြားလိုက်ရသည်နှင့် ခန်းမ၏အတွင်းရှိ စစ်လိုလားသောအုပ်စု အလွန်စိတ်လှုပ်ရှားသွားသည်။
နံနက်ပိုင်း အစည်းအဝေး ပြီးဆုံးသွားပြီးနောက် လုချန်းသည် သူ၏စာကြည့်ခန်းသို့ပြန်သွားကာ မြောက်ပိုင်းပြည်နယ်၏ ဗိုလ်ချုပ်အားလုံးကို ခေါ်ယူပြီး စစ်ရေးကိစ္စရပ်များကို ထပ်မံဆွေးနွေးသည်။
စစ်ရေးအစည်းအဝေးပြီးဆုံးသောအခါ နေ့လယ်ခင်းအချိန်ရောက်သွားပြီဖြစ်သည်။
ထိုအချိန်တွင် တံခါးဝ၌ စောင့်နေသော အစေခံမလေးတစ်ဦး စာကြည့်ခန်းအတွင်းသို့ဝင်လာပြီး
“ မုယုံသခင်မလာပါတယ် မင်းသား။”
လုချန်း အံ့သြသွားပြီးနောက်
“သူအခု ဘယ်မှာလဲ။”
ဟု မေးလိုက်သည်။
အစေခံမိန်းကလေးက
“မုယုံ သခင်မ ထွက်သွားပါပြီ။ မင်းသားအားတဲ့အခါမှ လာတွေ့မယ်လို့ ပြောခဲ့ပါတယ်။ မင်းသားအတွက် သတင်းစကား ထားခဲ့ပါတယ်။ သူရက်အနည်းငယ်အတွင်း တာဝန်အတွက် ကျူးနိုင်ငံတော်ကို ပြန်တော့မယ်လို့ ပြောပါတယ်။”
မုယုံရွှီသည် သူ့ကိုနှုတ်ဆက်ရန် လာခဲ့ရင်း သူ့ထံမှ ထောက်လှမ်းရေးသတင်းအချို့ လမ်းကြုံတုန်း ရယူရန် ရည်ရွယ်သည်ဟု
လုချန်း စိတ်ထဲတွေးမိလိုက်သည်။
ထိုသို့တွေးမိသော် လုချန်းက ချက်ချင်းပင်
“ကျူးနိုင်ငံတော်စံအိမ်ကို လူတစ်ယောက် စေလွှတ်လိုက်ပါ။ မုယုံ မိန်းကလေးကို ဒီနေ့ နေ့လည် ငါအားမယ်လို့ ပြောလိုက်ပြီး ဖြစ်နိုင်ရင် အဲဒီအချိန် ငါ့ကို လာတွေ့နိုင်တယ်လို့ သတင်းပေးလိုက်ပါ။”
အစေခံမိန်းကလေးက
“ဟုတ်ကဲ့ပါ မင်းသား။”
ဟု ပြောလိုက်သည်။
အစေခံမိန်းကလေး ထွက်သွားပြီးနောက် နေ့လည်စာ စားချိန်ရောက်ပြီဖြစ်၍ လုချန်း စာကြည့်ခန်းတွင် ဆက်မနေတော့ပေ။
နေ့လည်ခင်း။
အရှေ့ပိုင်း သတင်းစာက သိုင်းပညာနယ်ပယ်နှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်လူသားအဆင့်အောက်နှင့် အဆင့်လွန်ပညာရှင်အဆင့်အထက်တွင် ရှိသော အဆင့်လွန်အထွတ်အထိပ်အဆင့်ကို မိတ်ဆက်ခဲ့သည်။
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မရောက်သေးကြောင်း သတင်းသည် ရန်ခရိုင်တွင် အလျင်အမြန်ပျံ့နှံ့သွားပြီး အရှေ့ပိုင်းသတင်းစာတိုက်နှင့် မြောက်ပိုင်းပြည်နယ်၏ အစိုးရ သတင်းစာတို့က ပြည်သူများကို လှည့်စားခဲ့ကြောင်း နားလည်သွားကြသည်။
သတင်းစာနှစ်စောင်စလုံးတွင် ကျူးကဲ့ကျုံကောင်း အဆင့်တက်သွားကြောင်း ကြေညာခဲ့သော်လည်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိကြောင်း တိတိကျကျမဖော်ပြခဲ့ပေ။
ယခုမှ အဆင့်လွန်ပညာရှင်၏ အထက်၌ အထွတ်အထိပ် အဆင့်လွန်ပညာရှင်အဆင့် တည်ရှိကြောင်း ရုတ်တရက်သိရှိလာကြပြီး လှည့်စားခံရသလို ခံစားလိုက်ကြရသည်။
..............