အခန်း ၅၃၅-၅၃၇
Vol. 36 Ch. 535-537
အခန်း (၅၃၅)
ယခုကစ၍ မင်းသားစံအိမ်ကို ကိုယ့်အိမ်လို သဘောထားပါ
အရှေ့ပိုင်း သတင်းစာတိုက်မှ သိုင်းပညာအဆင့်အတန်းခွဲခြားမှုဆိုင်ရာ ဆောင်းပါးထွက်ရှိပြီးနောက် ရန်ခရိုင်ရှိ လူတိုင်းနီးပါးသည် မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့်ရှိသူ မရှိပဲ အမြဲတမ်း ဟန်ဆောင်နေခဲ့သည်ဟု ယုံကြည်လာကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံအသီးသီးမှ သူလျှိုများလည်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြကာ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မရောက်ရှိကြောင်း သတင်းကို သူတို့၏နိုင်ငံများသို့ အမြန်ပြန်လည်ပေးပို့ကြသည်။
မုယုံရွှီလည်း အရှေ့ပိုင်း သတင်းစာတွင် ပါရှိသော ဆောင်းပါးကို ထွက်ထွက်ချင်း ဖတ်ရှုခဲ့သည်။ မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့်ရှိသူ မရှိဟူသော အချက်မှန်ကန်နိုင်သည်ဟု သူမလည်း ခံစားရသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသေးသည်ဟူသော ခံစားချက်ကို မဖယ်ရှား နိုင်ခဲ့ပေ။
မကြာသေးမီက ရှနိုင်ငံတော်တွင် ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်သို့ မရောက်ရှိပဲ အရိပ်အယောင် ကောင်းကင်လူသားအဆင့်သာ ရောက်ရှိပြီး ကောင်းကင်ဘုံ၏ စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းရန် လိုအပ်ကြောင်း လူများစွာ ပြောဆိုနေကြသည်။
သူတို့၏ အထောက်အထားမှာ လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြီးအကဲ နှစ်ဦးစလုံးလည်း ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
ထို့အပြင် ရှနိုင်ငံတော် တော်ဝင်မိသားစုတွင်လည်း ကောင်းကင်လူသားအဆင့်ရှိသူ တစ်ဦးမှ မရှိသေးဟု ထင်ရသည်။
တူညီသော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး သူတို့သုံးဦးစလုံး ကောင်းကင်လူသားအဆင့်သို့ မရောက်ရှိခဲ့ပါက ကျူးကဲ့ကျုံကောင်း မည်သို့အောင်မြင်နိုင်မည်နည်း။ ထို့ကြောင့် ကျူးကဲ့ကျုံကောင်း၏ အဆင့်အစစ်အမှန်ကို သံသယရှိသူများ ပိုမိုများပြားလာသည်။
သို့သော် ဒါတွေက ကောလာဟလများသာ ဖြစ်ပြီး ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် ရောက်မရောက် ဆိုသည်မှာ လူများအတွက် ခန့်မှန်းရုံသာ တတ်နိုင်သည့် အရာ ဖြစ်သည်။
ယခုအခါတွင် မြောက်ပိုင်းပြည်နယ်၏ အရှေ့ပိုင်း သတင်းစာက သိုင်းပညာအဆင့်အတန်းခွဲခြားမှုဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကို ရုတ်တရက်ထုတ်ဝေလိုက်သည်။ ယခင်က ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် တက်လှမ်းသွားနိုင်ကြောင်း ဖော်ပြခဲ့သည့် သတင်းမှာ အမှန်တော့ သူ အထွတ်အထိပ် အဆင့်လွန်ပညာရှင် အဆင့်သို့ ရောက်ရှိခြင်းသာ ဖြစ်ပြီး ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း လူများကို ပြောပြနေသလို ဖြစ်နေသည်။
မုယုံရွှီ စိတ်ရှုပ်ထွေးနေသည်။ အရှေ့ပိုင်း သတင်းစာတွင် ပါဝင်သော ဆောင်းပါးများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ပြန်လည်သုံးသပ်ရပြီး ဤသိုင်းပညာအဆင့်အတန်းခွဲခြားမှုဆိုင်ရာ ဆောင်းပါး ထွက်ရှိနိုင်ခြင်းမှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်အတွက် ဆိုးကျိုးဖြစ်စေမည့် အချက်အလက်မျိုးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ဘာ့ကြောင့် ထုတ်ဝေခွင့် ပေးရသနည်း။
လူအများက ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် ဟုတ်မဟုတ်ကို သံသယရှိနေကြသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က တရားဝင်ရှင်းလင်းချက် မပေးသရွေ့ အလွယ်တကူ မယုံကြည်ရဲကြပေ။
သို့သော် ယခု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အရှေ့ပိုင်း သတင်းစာအား ဤဆောင်းပါးကို ထုတ်ဝေခွင့်ပြုလိုက်ခြင်းမှာ ကျူးကဲ့ကျုံကောင်း အမှန်တကယ် ကောင်းကင်လူသားအဆင့်မရောက်သေးကြောင်း လူများကို သွယ်ဝိုက်ပြောပြနေသလို ဖြစ်နေသည်။
မြောက်ပိုင်းနယ်စားမင်းသားက ထိုအရာ၏ သက်ရောက်မှုကို မသိပဲ ရှိမည် မဟုတ်ပေ။ မြောက်ပိုင်းပြည်နယ်ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာပြီး ကြီးမားသော ခြိမ်းခြောက်မှုများ ပြုလုပ်လာနိုင်သည့် ပြည်နယ်တစ်ခုအတွက် ကောင်းကင်လူသားအဆင့်ရှိသူ မရှိသည့်အချိန်တွင် အခြားနိုင်ငံများက မြောက်ပိုင်းပြည်နယ်၏ ဆက်လက်တည်ရှိမှုကို ခွင့်ပြုကြတော့မည် မဟုတ်ပေ။
ထိုအကြောင်းများကြောင့် ပို၍ပင် တစ်စုံတစ်ရာ မမှန်ကန်ဟု မုယုံရွှီ ခံစားရသည်။ သူမ၏ အမြင်တွင် ဤသိုင်းပညာအဆင့်အတန်းခွဲခြားမှုဆိုင်ရာ ဆောင်းပါးမှာ သတင်းစာတွင် လုံးဝမပါဝင်သင့်သလို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကလည်း အရှေ့ပိုင်း သတင်းစာအား ထိုကဲ့သို့သော ဆောင်းပါးမျိုး ရေးသားခွင့် မပြုသင့်ပေ။
နောက်ကွယ်တွင် လျှို့ဝှက်အကြံအစည်တစ်ခု ရှိနိုင်သည်ဟု မုယုံရွီ သံသယ ဝင်လာသည်။
ကံကောင်းထောက်မစွာပင် လုချန်းက သူမအား နေ့လည်တွင် သူ့ဆီလာရန် တောင်းဆိုထားပြီး ယခုအချိန်သည် ကျူးကဲ့ကျုံကောင်းနှင့်ပတ်သက်သော ထောက်လှမ်းရေးအချက်အလက်အချို့ကို မေးမြန်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်သည်။
........
မွန်းလွဲချိန်ရောက်ရှိလာသည်။
လုချန်းသည် စာကြည့်ခန်းထဲတွင် စာရွက်စတမ်းများဖြင့် အလုပ်များနေသည်။ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် သို့ မရောက်ရှိကြောင်း သတင်းထွက်ရှိပြီးနောက် မြောက်ပိုင်းပြည်နယ်သည် အခက်အခဲများစွာကို ရင်ဆိုင်ရတော့မည်ဖြစ်သဖြင့် လုချန်း အနေနှင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ လာမည့်ရက်အနည်းငယ်အတွင်း သူ့အတွက် အလုပ်များတော့မည်မှာ သေချာသည်။
လုချန်း စာရွက်စာတမ်းများနှင့် အလုပ်လုပ်နေစဉ် အစေခံမိန်းကလေး၏ အသံကို ကြားလိုက်ရသည်။
“မုယုံသခင်မက တွေ့ချင်ပါတယ် မင်းသား။”
လုချန်းက စုတ်တံကိုချပြီး ပျင်းရိစွာ လက်ဆန့်လိုက်ကာ
“ဝင်ခွင့်ပြုလိုက်ပါ။”
နောက်ခဏတွင် စာကြည့်ခန်းတံခါးဖွင့်သံနှင့်အတူ မုယုံရွှီဝင်လာသည်။ သူမ၏ အေးမြလှပသော မျက်နှာကို မြင်ရသည်နှင့် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာသည်။
ယခင်က စာကြည့်ခန်းတွင် စာရွက်စာတမ်းများနှင့် အလုပ်လုပ်ရသည့် ပင်ပန်းမှုများမှ သက်သာရာရစေရန် ဝမ်ချင်းစီသာလျှင် လာရောက်ဖြေဖျော်ပေးလေ့ရှိသည်။
ယခုအခါ ဝမ်ချင်းစီ ကိုယ်ဝန်ရှိနေသည့်အတွက် စာကြည့်ခန်းသို့ မကြာခဏ မလာတော့ပဲ မုယုံရွှီကသာ သူ၏ပင်ပန်းဖိစီးမှုများကို ဖြေလျှော့ပေးနေသည်ဟု ထင်ရသည်။
မုယုံရွှီသည် ကျူးဧကရီ၏ အနားက ရာထူးမြင့် ဝန်ကြီးတစ်ဦးဖြစ်ပြီး နန်းတွင်းဝန်ကြီးချုပ်ဟု လူသိများကြောင်း စဉ်းစားမိတိုင်း လုချန်၏စိတ်ထဲတွင် အောင်နိုင်လို သော ဆန္ဒများ နိုးကြားလာခဲ့သည်။
လုချန်းအတွက် အဆင့်အတန်းက တန်ဖိုး တစ်ခုဖြစ်သည်။ ဥပမာ ချန်ဝမ်ရွန်သည် ကျဆုံးသွားသောနိုင်ငံ၏ မင်းသမီး၊ ဝမ်ချင်းစီသည် အစေခံတစ်ဦး၊ ရဲလိနန်ရန်သည် မျိုးနွယ်စု ဘုရင်၏ မိဖုရား စသည်တို့ဖြစ်သည်။ ထိုအဆင့်အတန်းများအားလုံးသည် သူ့အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော အရာများဖြစ်သည်။
လုချန်းက ချက်ချင်း သူမဆီ လျှောက်သွားပြီး လက်မောင်းကို ကိုင်လိုက်ရင်း
“ အဲဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး
မုယုံ မိန်းကလေး။ နောက်ပိုင်း မင်းသားစံအိမ်ကို လာရင် ကိုယ့်အိမ်လို သဘောထားပါ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် မုယုံရွှီ စိတ်ထဲတွင် ပြက်ရယ်ပြုလိုက်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် သူမအား သူ၏ မယားအဖြစ် အမှန်တကယ် မှတ်ယူထားသည်မှာ သေချာသည်။
ထိုအချိန်တွင် လုချန်းက
“မုယုံ မိန်းကလေး ဒီတစ်ခါ မင်းသားစံအိမ်တကို လာတာ ကျွန်တော့်ကို အပျိုစင်အမှတ်အသား ပြန်ရေးဆွဲခိုင်းဖို့ မဟုတ်လား။”
မုယုံရွှီက
“ဟုတ်ပါတယ်။ မင်းသား ဆိုးဆေးတွေ အဆင်သင့်ပြင်ထားပြီလားလို့ သိချင်ပါတယ်။ ကျွန်မ ရက်အနည်းငယ်အတွင်း ကျူးနိုင်ငံတော်ကို ပြန်ရမှာပါ။”
လုချန်းက
“ကျွန်တော် အစောကြီးကတည်းက ပြင်ဆင်ထားပြီးပြီ။ စိတ်ချပါ။ မုယုံ မိန်းကလေးရဲ့ အပျိုစင်အမှတ်အသားကို နဂိုအတိုင်းဖြစ်အောင် ပြန်ဆိုးပေးမယ်။ယွဲ့ဧကရီ ဘာမှ မသိအောင် သေချာလုပ်ပေးမယ်။”
ထို့နောက် လုချန်းသည် စာကြည့်ခန်းဘေးရှိ အနားယူခန်းဆီသို့ ဦးတည်ကာ
“ကျွန်တော့်နောက် လိုက်ခဲ့ပါ မုယုံ မိန်းကလေး။”
လုချန်း၏ ကျယ်ပြန့်သော ကျောပြင်ကို ကြည့်ရင်း မုယုံရွှီ ခဏမျှ စဉ်းစားနေမိသည်။ သူမ၏စိတ်ထဲတွင် ယခင်က ထိုအနားယူခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်း ပြန်လည်သတိရလိုက်သည်။
မုယုံရွှီ၏ စိတ်ထဲတွင် စိုးရိမ်မှုများ စတင်ဖြစ်ပေါ်လာသည်။ မကြာမီ အချိန်အတွင်း သူမ၏တကယ့် ရည်ရွယ်ချက်များကို မေ့သွားမှာ ကြောက်နေမိသည်။ ဤလူသည် အမျိုးသမီးများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်သည်။ သူ၏လက်ထဲသို့ ရောက်သွားပါက သတိမလစ်ပဲ နေနိုင်မလားဆိုတာက အာမမခံနိုင်ပေ။
သူမ ရှာဖွေနေသော အချက်အလက်များကို လုချန်းနှင့် ထိုသို့သော အရာမျိုး မလုပ်မီ ရှာဖွေရမည်။ ထို့အတွေးဖြင့် သူမလိုချင်သော ထောက်လှမ်းရေးအချက်အလက်များ မရမချင်း မြောက်ပိုင်းနယ်စားမင်းသားက သူမကိုမထိစေရန် မုယုံရွှီ စိတ်ပိုင်းဖြတ်ထားလိုက်သည်။
နောက်ပိုင်းတွင် မုယုံရွှီသည် လုချန်းနောက်သို့ လိုက်ပါသွားကာ အနားယူခန်းအတွင်းသို့ ဝင်ရောက်သွားသည်။
အနားယူခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လုချန်းက စားပွဲပေါ်မှ လက်ဖက်ရည်အိုးကို ကောက်ယူကာ မုယုံရွှီအတွက် လက်ဖက်ရည်တစ်ခွက် လောင်းလိုက်သည်။ ထို့နောက်
“မုယုံ မိန်းကလေး ဒီတစ်ခါ ပြန်သွားရင် မြောက်ပိုင်းပြည်နယ်ကို ဘယ်တော့မှ ပြန်လာနိုင်မှာလဲ။”
မုယုံရွှီက
“မသေချာပါဘူး။ ဧကရီက ကျွန်မအပေါ် အမျက်ရှိနေသေးလားဆိုတာပေါ် မူတည်ပါမယ်။”
မုယုံရွှီ၏ အဖြေကို ကြားတော့ လုချန်းက ပြုံး၍
“ကျူးဧကရီ ခင်ဗျားကို ဆက်ပြီး ဒေါသထွက်နေပါစေလို့ မျှော်လင့်ပါတယ်။ ဒါဆို ခင်ဗျား မြောက်ပိုင်းပြည်နယ်ကို ထပ်လာဦးမှာပေါ့။”
မုယုံရွှီက အနည်းငယ် ပြုံးလိုက်ပြီး
“မြောက်ပိုင်းနယ်စားမင်းသားက ကျွန်မကို သူ့ရဲ့ မောင်းမတစ်ယောက်လို့ တကယ်သဘောထားနေတာ ထင်ပါရဲ့။”
မုယုံရွှီ၏ မျက်လုံးတွေကို ကြည့်ရင်း လုချန်းက
“ မောင်းမလား။ မုယုံ မိန်းကလေး နားလည်မှုလွဲနေပြီ။ ကျွန်တော် ခင်ဗျားကို မောင်းမတစ်ဦးလို့ ဘယ်တုန်းကမှ မသဘောထားဘူး။ ကျွန်တော့်အမြင်မှာ မုယုံ မိန်းကလေးက အခု ကျွန်တော့် တရားဝင် ဇနီးအဖြစ် မှတ်ယူလို့ရပြီ။”
ထိုစကားများက မုယုံရွှီအား အံ့အားသင့်သွားစေ၏။
ဇနီးလား။
ဒီလူက တကယ်ဒီလို တွေးတာလား။
ရယ်မောရင်း မုယုံရွှီက
“ဒါကတော့ မဟုတ်နိုင်ဘူး။ မင်းသားက ကျွန်မကို သူ့ဇနီးအဖြစ် တကယ်သဘောထားရင် ဘာလို့ ကျွန်မနဲ့ကြားမှာ လျို့ဝှက်ချက်တွေ ရှိရမှာလဲ။”
အခွင့်အရေးတစ်ခုကို မုယုံရွှီ မြင်လိုက်ခြင်းဖြစ်သည်။ ဒီစကားလမ်းကြောင်းအတိုင်း ဆက်သွားပါက လုချန်းထံမှ ကျူးကဲ့ကျုံကောင်းနှင့်ပတ်သက်သော အချက်အလက်များကို ရယူနိုင်မည်ဖြစ်သည်။
လုချန်းက
“လျှို့ဝှက်ထားတာလား။ မုယုံ မိန်းကလေးကို ကျွန်တော်က ဘာတွေ လျှို့ဝှက်ထားတယ်လို့ ထင်လို့လဲ။”
ထိုသို့ပြောဆိုနေစဉ် လုချန်း မုယုံရွှီထံ ချဉ်းကပ်လာ၏။ ချက်ချင်းပင် ဖိအားတစ်ခုကို သူမခံစားလိုက်ရသည်။ လုချန်းရုတ်တရက် သူမအပေါ် လှုပ်ရှားလာမည်ကိုလည်း အလွန်စိုးရိမ်နေသည်။
လုချန်း ဘာမှ မလုပ်ခင် သူမ လိုချင်သော အချက်အလက်များကို မရရှိလို့ မဖြစ်ပါ။ ယခင်ကကဲ့သို့ပင် သူမ သတိလစ်သွားနိုင်သည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ထိုစဉ် လုချန်းက မုယုံရွှီ၏ နားနား ကပ်ပြီး ရုတ်တရက်
“မုယုံ မိန်းကလေး။ ခင်ဗျားကို ယွဲ့ဧကရာဇ်က ရည်ရွယ်ချက်ရှိရှိ ကျွန်တော့်ကို ချဉ်းကပ်ဖို့ စေလွှတ်ခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်။”
“ပြောပါ။ ဘာသိချင်လဲ။ ကျွန်တော် ပြောပြနိုင်တယ်။”
..............
အခန်း( ၅၃၆ )
မင်းသားက ဘာလို့ ဒီလောက် ယုံကြည်မှု ရှိတာလဲ
မုယုံရွှီ ကျူးနိုင်ငံတော်သို့ ပြန်တော့မည်ဖြစ်သဖြင့် လုချန်းလည်း မုယုံရွှီနှင့်အတူ ဤပြဇာတ်ကို ဆက်မကတော့ရန် ဆုံးဖြတ်ခဲ့သည်။ မုယုံရွှီ စာကြည့်ခန်းထဲသို့ ဝင်လာသောအခါ သူမ၏နှစ်သက်မှုကို သူ တစ်ချက်ကြည့်လိုက်သည်။
မုယုံရွှီ၏ သူ့အပေါ် နှစ်သက်မှုသည် ကိုးဆယ့်ငါးသို့ ရောက်နေပြီဖြစ်ရာ ဆက်လက် ဟန်ဆောင်နေခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။ သူမ၏ ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခြင်းက ပိုကောင်းသည်။
လုချန်း၏ စကားကို ကြားသော် မုယုံရွှီ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ လုချန်း သူမ၏ ရည်ရွယ်ချက်အမှန် သိရှိနေခဲ့မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမသည် ဧကရီ၏ အချစ်ဆုံး လူယုံတစ်ဦးဖြစ်ပြီး ရုတ်တရက် မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခြင်းခံရသည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်ရန် နည်းလမ်းရှာခဲ့ပြီး သူမကိုယ်သူမ အလွယ်တကူ ပေးအပ်ခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသား သံသယဝင်ခြင်းက သဘာဝကျပေသည်။
သူမ၏ ရည်ရွယ်ချက်ကို လုချန်း သိရှိနေပြီ ဖြစ်နိုင်သည်ဟု သဘောပေါက်သော်လည်း မုယုံရွှီကတော့ ဆက်လက်ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ လုချန်းက သူ့မကို လှည့်ဖြားရန် ကြိုးစားနေခြင်း ရှိမရှိ သူမ မသေချာပေ။
လုချန်းက သူမကိုစမ်းသပ်နေခြင်းသာ ဖြစ်ပါက သူမကိုယ်တိုင် ဝန်ခံမိလျှင် သူမ၏အရှုံးဖြစ်သွားမည်မဟုတ်ပါလား။
ဧကရီနှင့် နီးစပ်သူတစ်ဦးဖြစ်သဖြင် သူမသည် ဖြတ်ထိုးဉာဏ် အလွန်ကောင်းသူ ဖြစ်သည်။ ထို့ပြင် မုယုံရွှီတွင် အလွန်အားကောင်းသော စိတ်ဓာတ်ခွန်အားရှိသည်။ ထို့ကြောင့် အလျင်အမြန် စိတ်ကိုတည်ငြိမ်စွာထားနိုင်ခဲ့ပြီး စိုးရိမ်ပူပန်မှု လုံးဝမပြပဲ
“မင်းသားက ကျွန်မကို သံသယရှိနေတာလား။”
လုချန်းက
“သံသယ မဟုတ်ပါဘူး။ ခင်ဗျားက ကျူးဧကရီ စေလွှတ်လိုက်တဲ့ သူလျှိုဆိုတာ ကျွန်တော် သေချာသိပါတယ်။”
ပြုံးလျက် မုယုံရွှီက
“မင်းသားက ကျွန်မကို ဧကရီစေလွှတ်လိုက်တာလို့ ယုံကြည်ရင် အဲ့ဒီညက ပန်းတစ်ရာ မျှော်စင်မှာ ကျွန်မရဲ့ ဖိတ်ခေါ်မှုကို ဘာလို့ မငြင်းဆန်ခဲ့တာလဲ။ မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာ မကြောက်ဘူးလား။”
ထိုအချိန်တွင် လုချန်းက မုယုံရွှီ၏ မေးစေ့ကို ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ခင်ဗျားတို့အားလုံးက အလှအပ ထောင်ချောက်ကို သုံးကြတယ်။ ကျွန်တော်က ကာမဂုဏ် လိုက်စားတဲ့လူဆိုတာ ခင်ဗျားတို့ မသိဘူးလား။”
“မိန်းမလှတစ်ယောက်က ကျွန်တော့် တံခါးဝကို ရောက်လာတော့ ဘာလို့ ငြင်းပယ်ရမှာလဲ။”
လုချန်း၏ စကားကို ကြားသော် တစ်ခုခု မှားယွင်းနေကြောင်း မုယုံရွှီ တဖြည်းဖြည်း သဘောပေါက်လာသည်။ မြောက်ပိုင်းပြည်နယ်သို့ သူမလာရောက်ရခြင်း အကြောင်းရင်းကို လုချန်း တကယ်ပင် ရှာဖွေတွေ့ရှိခဲ့ပုံရသည်။
မည်သို့ပင်ဖြစ်စေ လုချန်းက ခန့်မှန်းပြီးသား ဖြစ်နေလျှင်ပင် သူမ ဝန်ခံ၍မရပေ။
မကြာမီ မုယုံရွှီက ညင်သာစွာ သက်ပြင်းချလိုက်ပြီး
“ကျွန်မက မင်းသားကို လေးစားရုံသက်သက်ပါ။ မင်းသားရဲ့ သူရဲကောင်းဆန်တဲ့ ဟန်ပန်ကြောင့် စွဲလန်းမိတာပါ။ နောက်ကွယ်မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ မင်းသား နားလည်မှုလွဲနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မင်းသားက ကျွန်မရဲ့ ခံစားချက်တွေကို တကယ်နာကျင်စေတယ်။”
“မင်းသားက စဉ်းစားသင့်တယ်။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကျွန်မကို ဧကရီက တကယ် စေလွှတ်ခဲ့တာဆိုရင် အရမ်းသိသာနေမှာ မဟုတ်လား။ ကျွန်မ မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်ချက်တွေ ဘယ်လိုများ ခိုးယူနိုင်မှာလဲ။”
လုချန်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ မုယုံရွှီသည် စိတ်ပညာကို အသုံးပြုပြီး သူ့ကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။
ထို့နောက် လုချန်းက မုယုံရွှီ၏ ခါးကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။ မုယုံရွှီ၏ သိမ်မွေ့သော ကိုယ်ခန္ဓာ တုန်ယင်သွားသည်။ မူလက သူမ လုချန်းနှင့် ခပ်ခွာခွာနေလိုခဲ့သော်လည်း ယခု သူက မြောက်ပိုင်းပြည်နယ်သို့ သူမလာရောက်ရသည့် ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးဖြစ်ရာ သူမ အလောတကြီး မလုပ်ဆောင်နိုင်တော့ပေ။
ယခုအချိန်တွင် သူမ အလောတကြီး လုပ်ဆောင်ပါက မြောက်ပိုင်းပြည်နယ်သို့ သူမလာရောက်ရခြင်း၏ မရိုးသားသော ရည်ရွယ်ချက်များကို အတည်ပြုလိုက်သလို ဖြစ်သွားလိမ့်မည်။
ထိုအချိန်တွင် လုချန်းက မုယုံရွှီ၏ နားနား ကပ်၍ တီးတိုးဆက်ပြောသည်။
“ရွှီ။ ယွဲ့ဧကရီက မင်းကို စေလွှတ်သည်ဖြစ်စေ၊ မင်းကိုယ်တိုင် ကိုယ့်ဆီ လာသည်ဖြစ်စေ ကိုယ့်အတွက် အရေးမကြီးဘူး။ မင်းကို ကိုယ့်ဆီမှာပဲ နေစေချင်တယ်။ ကိုယ့်ရဲ့ မိန်းမ ဖြစ်လာစေချင်တယ်။”
လုချန်း၏ ချစ်စနိုးခေါ်သံကို ကြားလိုက်ရသောအခါ မုယုံရွှီ၏ နှလုံးသားတွင် တုန်ခါမှုများ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ထုံကျဉ်မှုများ ခံစားလိုက်ရသည်။
မုယုံရွှီ သတိပြန်လည်လာပြီး ဆက်လက်ဟန်ဆောင်ရန် ပြင်ဆင်နေစဉ် လုချန်းက
“မင်းနဲ့ ဒီလို ဟန်ဆောင်မှုမျိုးတွေ ဆက်လုပ်ဖို့ ကိုယ့်မှာ ရည်ရွယ်ချက် မရှိဘူး။ မင်းကို ယွဲ့ဧကရီ စေလွှတ်ခဲ့တာကို ကိုယ် သိရုံတင်မကဘူး ယွဲ့ဧကရီက မင်းကို မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်တွေအကြောင်း သိဖို့နဲ့ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်ကို တက်လှမ်းပြီးပြီလားဆိုတာ အတည်ပြုဖို့ စေလွှတ်ခဲ့တာကိုလည်း ကိုယ်သိတယ်။”
“ပြီးတော့ မင်း ဒီနေ့ လာတာကလည်း သာမန်ပြည်သူတွေကြားက ကောလာဟလတွေ မှန်လားဆိုတာ အတည်ပြုဖို့ပဲ။”
မုယုံရွှီ၏ မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။ လုချန်းက သူမ မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်ချက်များ စုံစမ်းဖို့ ချဉ်းကပ်သည်ဟု အများဆုံး မှန်းဆနိုင်မည်ဟု သူမထင်ခဲ့သည်။ သူမ၏ တာဝန်နှင့် ယနေ့လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုပါ သိရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။
မြောက်ပိုင်းနယ်စားမင်းသားရဲ့ ထောက်လှမ်းရေးကွန်ရက်က ဒီလောက်ထိ ထိရောက်နေတာလား။
ဒါက ပြဿနာ တစ်ရပ်ဖြစ်သည်။
ယခု သူမ၏ ရည်ရွယ်ချက်များ ပေါ်သွားပြီဖြစ်ရာ မြောက်ပိုင်းပြည်နယ်တွင် ဆက်လက်နေထိုင်ခြင်းက အဓိပ္ပာယ်မရှိတော့ပေ။ ကျူးနိုင်ငံတော်သို့ ပြန်ရောက်ပါက ယွဲ့ဧကရာဇ်က သူမကို မြောက်ပိုင်းပြည်နယ် ပြန်ခွင့်မပြုတော့မည်မှာ သေချာသည်။
သူမ၏ မြောက်ပိုင်းပြည်နယ် ခရီးစဉ်သည် ဤမျှ ဆုံးရှုံးမှုများစွာ ဖြစ်စေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ သူမ၏ ကိုယ်ခန္ဓာကို ပေးဆပ်လိုက်ရရုံသာမက တာဝန်ကိုလည်း မပြီးမြောက်နိုင်ခဲ့ပေ။
ဒီအခြေအနေ ရောက်မှတော့ မုယုံရွှီ ဆက်လက်ဟန်ဆောင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ သူမက ပြုံး၍
“ကျွန်မရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်ပြီဆိုတော့ မင်းသားက ကျွန်မကို ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ကျွန်မကို သူလျှိုတစ်ယောက်လို သဘောထားပြီး သတ်ပစ်ဖို့ ရည်ရွယ်ထားတာလား။”
ထိုစကားကို ကြားတော့ လုချန်းက ပြုံးရယ်ကာ မုယုံရွှီ၏ သွယ်လျသောခါးကို ဖက်လိုက်ပြီး
“သတ်မယ်။ ဘာလို့ မင်းကို သတ်ရမှာလဲ။ မင်းက ကိုယ့်မိန်းမပဲ။ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းက ကိုယ့်မိန်းမတွေကို အထူးဂရုစိုက်တာပဲ။ မင်းကို ချစ်ခင်ဖို့တောင် အချိန်ကောင်းကောင်းမရသေးဘူး။ ဘယ်လိုလုပ် သတ်နိုင်မှာလဲ။”
မုယုံရွှီက
“မင်းသားဆိုလိုတာက ကျွန်မကို ကျူးနိုင်ငံတော်ကို ပြန်မလွှတ်ဘူးဆိုတဲ့ သဘောလား။”
“ကျွန်မက ကျူးနိုင်ငံတော်က စေလွှတ်လိုက်တဲ့ သံတမန်ပါ။ မင်းသားက ကျွန်မကို ပြန်မလွှတ်ဘူးဆိုရင် ဧကရီကို ရှင်းပြဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်မ ထင်တယ်။”
လုချန်းက အေးဆေးစွာဖြင့်
“မင်းကို ပြန်မလွှတ်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ မင်းသွားချင်တဲ့နေရာ သွားလို့ရတယ်။ ဒါကမင်းရဲ့ လွတ်လပ်ခွင့်ပဲ။”
လုချန်း၏စကားကို ကြားရသောအခါ မုယုံရွှီ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။
“မင်းသား သေသေချာချာ စဉ်းစားဖို့ လိုတယ်။ ကျွန်မ ဒီတစ်ခါ ကျူးနိုင်ငံတော်ကို ပြန်သွားရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးနော်။”
လုချန်းက
“မဟုတ်ဘူး။ မင်း သေချာပေါက် ပြန်လာလိမ့်မယ်။”
မုယုံရွှီက သိချင်စိတ်ဖြင့်
“မင်းသားက ဘာလို့ ဒီလောက် ယုံကြည်မှု ရှိ နေရတာလဲ။”
မုယုံရွှီ၏ အသံ ဆုံးသွားသည်နှင့် လုချန်း၏လက် လှုပ်ရှားသွားပြီး
“ကိုယ်ကမင်းရဲ့ နှလုံးသားထဲမှာ ရှိနေပြီးသားမို့ မင်းကိုယ့်ကို မခွဲနိုင်ဘူးလေ။”
မုယုံရွှီ ခဏမျှ အံ့အားသင့်သွားပြီး
“မင်းသားက ကိုယ့်ကိုယ်ကို နည်းနည်းလေး ယုံကြည်မှုလွန်ကဲနေတယ်လို့ မထင်ဘူးလား။”
“မင်းသားက တကယ်ကို ထူးခြားပြီး ကျွန်မ ကြိုက်တဲ့ ပုံစံမျိုးဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အတူအိပ်ခဲ့တာ နှစ်ခါလောက်ပဲ ရှိသေးတာနဲ့ မင်းသားကို ကျွန်မ အပြည့်အဝ နာခံသွားပြီလို့ တကယ်ထင်နေတာလား။”
လုချန်းက မုယုံရွှီ၏ ခါးကို ပိုမို တင်းကျပ်စွာ ဖက်လိုက်ပြီး သူမ၏ နားနား ကပ်၍ တီးတိုးပြောလိုက်သည်။
“မင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်တဲ့ မိန်းမတစ်ယောက်။ ဘယ်သူ့ကိုမှ မမှီခိုဘူး။ ပြီးတော့ တစ်စုံတစ်ယောက်အပေါ် ခံစားချက်တွေ ဖြစ်ပေါ်ဖို့ ခက်ခဲတယ်ဆိုတာ ကိုယ်သိတယ်။ ဒါပေမဲ့ မင်းလို မိန်းမမျိုး ကိုယ့်ကိုချစ်လာအောင် လုပ်တာက ကိုယ် အကျွမ်းကျင်ဆုံးပဲ။”
“မင်း အခု မြောက်ပိုင်းပြည်နယ်မှာ ရှိနေတုန်းမို့ မင်း မခံစားရသေးဘူး။ ဒါပေမဲ့ ကျူးနိုင်ငံတော်ကို ပြန်ရောက်တာနဲ့ ကိုယ်နဲ့ ဝေးကွာနေရတာ ဘယ်လောက် ပင်ပန်းဆင်းရဲတယ်ဆိုတာ မင်းနားလည်သွားလိမ့်မယ်။”
“ကောင်းပြီ။ အဲဒါတွေ အခု မပြောတော့ဘူး။”
“မင်း မြောက်ပိုင်းပြည်နယ်ကို တာဝန်နဲ့ လာခဲ့တာဆိုတော့ အသုံးဝင်တဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ပြန်ယူသွားရလိမ့်မယ်။ မဟုတ်ရင် ယွဲ့ဧကရီကို ရှင်းပြဖို့ ခက်ခဲလိမ့်မယ်။”
လုချန်း၏ စကားကို ကြားသော် မုယုံရွှီ ခဏခန့် အံ့အားသင့်သွားသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ ဆိုလိုချင်သည်က မြောက်ပိုင်းပြည်နယ်နှင့် ပတ်သက်သော ထောက်လှမ်းရေးအချက်အလက်အချို့ကို သူ့ကိုယ်တိုင် ထုတ်ဖော်ပြောကြားရန် ရည်ရွယ်နေခြင်းလား။
သို့သော် မြောက်ပိုင်းနယ်စားမင်းသားက သူမကို ထောက်လှမ်းရေးအချက်အလက်များ ထုတ်ဖော်ပြောပြသည်အထိ အဘယ်ကြောင့် ကြင်နာရမည်နည်း။ ကျူးနိုင်ငံတော်ကိုလှည့်ဖြားရန် မှားယွင်းသော ထောက်လှမ်းရေးအချက်အလက်များကို ပေးခြင်းသာ ဖြစ်နိုင်သည်။
မုယုံရွှီ စဉ်းစားနေစဉ် လုချန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“အပြင်က ကောလာဟလတွေက မှန်တယ်။ ကျူးကဲ့ကျုံကောင်းက ကောင်းကင်လူသားအဆင့်ကို မတက်လှမ်းနိုင်သေးဘူး။”
မုယုံရွှီ၏ ရင်ခုန်သံ မြန်သွားသည်။ လုချန်းက ကျူးကဲ့ကျုံကောင်းအကြောင်း တကယ်တမ်း ထုတ်ဖော်ပြောကြားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
လုချန်းက ဆက်လက်၍
“မြောက်ပိုင်းပြည်နယ်ရဲ့ လျှို့ဝှက်လက်နက်တွေနဲ့ ပတ်သက်ရင်တော့ အဲ့ဒီလက်နက်တွေ အားလုံးက မြောက်ပိုင်းပြည်နယ်က လုပ်တာလို့ပဲ ပြောနိုင်တယ်။ မြောက်ပိုင်းပြည်နယ်က လိုချင်သလောက် လုပ်နိုင်တယ်။ ကျူးနိုင်ငံတော်နဲ့ မြောက်ပိုင်းပြည်နယ်ကြား စစ်ဖြစ်ရင် ကျူးနိုင်ငံတော်ဘက်မှာ ကောင်းကင်လူသားအဆင့် မရှိရင် ရှုံးသွားလိမ့်မယ်။”
ထိုအချိန်တွင် မုယုံရွှီက ညင်သာစွာ ရယ်မောလိုက်ပြီး
“မင်းသားက ကျွန်မကို အသုံးချပြီး ထောက်လှမ်းရေးအချက်အလက် အမှားတွေကို ဧကရီနဲ့ ကျူးနိုင်ငံတော်ဆီ ပေးပို့စေချင်လို့လား။”
.............
အခန်း ( ၅၃၇ ) သစ္စာဖောက် မုယုံရွှီ
မုယုံရွှီက သူ့စကားကို မယုံကြည်နိုင်ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက
“ရက်အနည်းငယ်အတွင်း ကျူးကဲ့ကျုံကောင်း လူရှေ့ ထွက်လာလိမ့်မယ်။ အဲဒီအခါကျမှ ဒီသတင်း မှန်၊ မမှန်ဆိုတာ မင်းသိရလိမ့်မယ်”
ဟု ခပ်တည်တည် ပြောလိုက်သည်။
မုယုံရွှီ၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ မြောက်ပိုင်းနယ်စားမင်းသားက ကျူးကဲ့ကျုံကောင်းကို လူရှေ့ ထွက်ခွင့်ပြုမည်တဲ့လား။
ကျူးကဲ့ကျုံကောင်း တကယ်ပဲ ကောင်းကင်လူသားအဆင့်ကို မရောက်သေးတာလား။ ဒါဆို ဘာလို့ မြောက်ပိုင်းနယ်စားမင်းသားက ဒီအချိန်မှာ ကျူးကဲ့ကျုံကောင်း မအောင်မြင်သေးဘူးဆိုတဲ့ သတင်းကို ထုတ်ဖော်ရတာလဲ။
မြောက်ပိုင်းပြည်နယ်၏ အခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ထိုကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားနေသင့်သည်။ အခြားအင်အားစုတွေ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် ရောက်မရောက် မသေချာမရေရာဖြစ်နေမှသာ မည်သည့်အင်အားစုကမှ မြောက်ပိုင်းပြည်နယ်ကို အန္တရာယ်မပြုရဲမည်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်က ကောလာဟလအနည်းငယ်၏ ဖိအားကို မခံနိုင်ပဲ
ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်မရောက်သေးကြောင်း သတင်းကို အလွယ်တကူ ထုတ်ပြန်မည်ဆိုသည်က မုယုံရွှီအတွက် အလွန်ယုံရခက်နေသည်။
မြောက်ပိုင်းနယ်စားမင်းသား၏ နောက်ကွယ်က အကြံကို မုယုံရွှီ စဉ်းစားနေစဉ်မှာပင် လုချန်းက မုယုံရွှီ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ဖက်လိုက်ပြီး အိပ်ရာဘေးသို့ လျှောက်ရင်း
“မင်းပြန်တော့မယ်ဆိုတော့ ဘယ်တော့မှ ပြန်ဆုံရမယ်မှန်းမသိဘူး။ ဒီနေ့တော့ မင်းကို စိတ်ကျေနပ်အောင် လုပ်ပေးမယ်။”
ထိုစကားကို ကြားလိုက်ပြီးနောက် မုယုံရွှီ၏ နှလုံးခုန်သံများ မြန်ဆန်သွားသည်။ သူမ နောက်ပိုင်းမှာ ခံစားရမည့် ဒုက္ခကို ကြိုမြင်နေသလိုပင်။
ဘာပဲဖြစ်ဖြစ် မြောက်ပိုင်းနယ်စားမင်းသားက သူမနဲ့ ပတ်သက်ပြီး သူ့စိတ်ထဲရှိတာကို ဖွင့်ပြောပြီးပြီဖြစ်သည်။ သူ့အနေနှင့် သူမအပေါ် ယဉ်ကျေးဖော်ရွေနေစရာ မလိုတော့ပေ။ သူမသည် ကျူးနိုင်ငံတော်၏ သူလျှိုတစ်ယောက်သာ ဖြစ်တဲ့အတွက် သူကြိုက်သလို လုပ်နိုင်ပြီဖြစ်သည်။
ထိုစဉ် မုယုံရွှီ တစ်ခုခုပြောရန် ပြင်လိုက်စဉ် လုချန်းက သူမနှုတ်ခမ်းများကို ချက်ချင်း ပိတ်လိုက်သည်။
မုယုံရွှီ နောက်ဆုံးတွင် ခုခံရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ လုချန်း၏ အင်အားက ကြီးမားလွန်းသည်ကို သူမခံစားမိပြီး ဤအချိန်တွင် သူ့ကိုခုခံရန် ကြိုးစားမှုများသည် အချည်းနှီးသာဖြစ်မည်ကို ကောင်းစွာနားလည်သွားသည်။ ထို့ကြောင့် သူ့အား လိုက်လျောပေးခြင်းက ကောင်းသည်။
လုချန်း အလိုရှိရာ ပြုပြီးနောက် သူမကို လွှတ်ပေးကောင်း လွှတ်ပေးလိမ့်မည်။ သူမသည် ကျူးနိုင်ငံတော်အတွက် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရန် မြောက်ပိုင်းပြည်နယ်သို့စေလွှတ်ခံရသော်လည်း သူမ၏ တရားဝင် ရာထူးမှာ ကျူးနိုင်ငံတော်၏ သံတမန်ဖြစ်သည်။ မြောက်ပိုင်းပြည်နယ်က ကျူးနိုင်ငံတော်နှင့် တိုက်ရိုက် ရန်ဖြစ်လိုခြင်း မရှိသရွေ့ မြောက်ပိုင်းနယ်စားမင်းသားသည် သူမ၏ အသက်ကို ခြိမ်းခြောက်မည်တော့ မဟုတ်ပေ။
သို့သော် နောက်ပိုင်းတွင် သူမ ဒုက္ခရောက်ရမည်ကိုတော့ ကြောက်နေမိသည်။
မကြာမီ မုယုံရွှီသည် လုချန်း၏ နမ်းရှုံ့မှုများကြောင့် သတိလစ်သွားပြီး သူ့အား သူ့အလိုကျ လုပ်ခွင့်ပေးလိုက်သည်။
အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် လုချန်းက ရုတ်တရက် သူမကို ပွေ့ချီလိုက်သည်။ မုယုံရွှီ၏ သတိပြန်ရလာပြီး ပြုတ်ကျသွားမည်စိုးသဖြင့် လုချန်းကို အလျင်အမြန် ပြန်ဖက်တွယ်လိုက်သည်။
လုချန်းက စားပွဲဆီသို့ လျှောက်သွားပြီး သူမ၏ ကိုယ်ကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် လက်ကို မြှောက်လိုက်ပြီး အတွင်းအားဖြင့် အရာဝတ္ထုများကို ဆွဲခေါ်လိုက်သည်။ နောက်ခဏတွင် အနီရောင်ဆေးနှင့် စုတ်တံတို့သည် စာကြည့်ခန်းအတွင်းရှိ စားပွဲပေါ်သို့ ပျံသန်းလာကြသည်။
ဤအချိန်တွင် မုယုံရွှီသည် စားပွဲပေါ်တွင် လဲလျောင်းနေပြီး လုချန်းကို ကြည့်ကာ
“ဟင်... မင်းသား... ဘာလုပ်နေတာလဲ”
ဟု မေးလိုက်သည်။
လုချန်းက ပြုံးပြီး
“အပျိုစင် အမှတ်အသားကို ရေးဆွဲနေတာပေါ့။ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပျိုစင်အမှတ်အသား ပြန်ဖော်ပေးမယ်လို့ ကိုယ်မင်းကို မပြောခဲ့ဘူးလား။”
ထိုစကားကို ကြားလိုက်ရတော့ မုယုံရွှီက အားနည်းစွာဖြင့်
“ဒီအဆင့်ရောက်နေမှတော့ အပျိုစင်အမှတ်အသား ရှိတာ မရှိတာက အရေးကြီးသေးတယ်လို့ မင်းသား ထင်နေတာလား”
လုချန်းက သူမချဉ်းကပ်လာသည့် ရည်ရွယ်ချက်ကို မြင်ပြီးသားဖြစ်သည်။ သူမ မြောက်ပိုင်းပြည်နယ်၏ အခြေအနေကို ဧကရီထံ အစီရင်ခံရန် ပြန်သွားပြီးနောက် ဧကရီက သူမကို မြောက်ပိုင်းပြည်နယ်သို့ ပြန်လာခွင့် ပေးတော့မည်မဟုတ်ပေ။
မုယုံရွှီ၏ ဤတာဝန် မအောင်မြင်ခြင်းက နောင်တွင် သူမအပေါ် ဧကရီ၏ အယုံအကြည် မဲ့ခြင်းဆီသို့ ဦးတည်သွားနိုင်သည်။ သူမသည် မြောက်ပိုင်းပြည်နယ်တွင် ဤမျှကြာအောင် နေခဲ့သော်လည်း အချက်အလက် အနည်းငယ်သာ စုဆောင်းရယူနိုင်ခဲ့ပြီး မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ ရည်ရွယ်ချက်ကို အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့သည်။ ဧကရီ သူမကို အလွန်စိတ်ပျက်သွားလိမ့်မည်။
နောင်တွင် သူမသည် ဧကရီ၏ ယုံကြည်ခြင်းနှင့် နှစ်သက်မြတ်နိုးခြင်းကို ခံရတော့မည်မဟုတ်ပေ။ ထို့ကြောင့် အပျိုစင် အမှတ်အသား ရှိခြင်း၊ မရှိခြင်းက အရေးမကြီးတော့ချေ။
မုယုံရွှီ စကားမဆုံးသေးခင်မှာပင် လုချန်းက စုတ်တံကို ကောက်ကိုင်လိုက်ပြီးနောက်
“ကိုယ် နည်းနည်း စပ်စုချင်တယ်။ ကိုယ် မှတ်မိတာ မမှားဘူးဆိုရင် မင်းရဲ့ မိဘတွေအပါအဝင် မိသားစုဝင်အားလုံး ယွဲ့ဧကရာဇ်ကို ဆန့်ကျင်တဲ့အတွက် ကွပ်မျက်ခံခဲ့ရတယ် မဟုတ်လား။”
“ယုတ္တိရှိရှိ စဉ်းစားရင် ယွဲ့ဧကရာဇ်က မင်းရဲ့ အကြီးမားဆုံး ရန်သူဖြစ်သင့်တယ်။ ဒါတောင် မင်းဘာလို့ သူ့ကို ဒီလောက် သစ္စာရှိပုံရတာလဲဆိုတာ ကိုယ်သိချင်တယ်။”
ထိုမေးခွန်းကို ကြားသောအခါ မုယုံရွှီ နှစ်ကြိမ်တိုင်တိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက်
“ကျွန်မရဲ့... ကျွန်မ မိဘတွေ ဧကရီ့ကြောင့် ဆုံးပါးခဲ့ရပေမဲ့ ကျွန်မက အဲ့ဒီတုန်းက ငယ်ပါသေးတယ်။ ဧကရီက ကျွန်မကို နန်းတော်ထဲ ခေါ်ယူပြီး မစောင့်ရှောက် ထားခဲ့ရင် ကျွန်မ ဒီနေ့အထိ အသက်ရှင်လာမှာ မဟုတ်သလို ကျွန်မရဲ့ လက်ရှိ စွမ်းအားတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဧကရီကို ကျေးဇူးတင်သင့်ပါတယ်။”
သူမ၏ စကားကို ကြားသောအခါ လုချန်းက ပြုံးပြီး
“သူခိုးကို မိဘလို သဘောထားတာပဲ။ အိုး... မဟုတ်ဘူး။ မိခင်လို သဘောထားနေတယ် ဆိုရမှာပေါ့။”
မုယုံရွှီက ဆက်ပြောလိုက်သည်။
“ကျွန်မရဲ့ မိသားစုဝင်တွေက အစောကြီးကတည်းက ဆုံးပါးသွားပြီ။ ကျွန်မ ဘာပဲလုပ်လုပ် သူတို့ ပြန်ရှင်လာမှာ မဟုတ်ဘူး။ ကျွန်မ မိသားစုအတွက် လက်စားချေသင့်တယ်လို့ မင်းသား ထင်လား။ သူတို့တွေရဲ့ အမှားကို ထပ်လုပ်မိပြီး လက်ရှိရထားသမျှအရာအားလုံး ဆုံးရှုံးသွားသင့်တယ်လို့ မင်းသားထင်လို့လား။”
လုချန်းက ပြုံးလျက်
“ကံမကောင်းစွာနဲ့ပဲ မင်း မိသားစုအတွက် လက်စားမချေရင်တောင် မင်း ဒီတစ်ခေါက် တာဝန်မအောင်မြင်ပဲ ကျူးနိုင်ငံတော်ကို ပြန်သွားရင် ယွဲ့ဧကရာဇ်က မင်းကို အလေးထားတော့မှာ မဟုတ်ဘူးလို့ ကိုယ်စိုးရိမ်တယ်။”
လုချန်း၏ စကားကို ကြားပြီးနောက် မုယုံရွှီ တိတ်ဆိတ်သွားသည်။ သူမ ထိုအရာကို အမှန်ပင် စိုးရိမ်နေခဲ့သည်။
ထို့နောက် လုချန်းက မုယုံရွှီ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် စတင်ရေးဆွဲတော့သည်။ သူက ရေးဆွဲနေရင်း
“ဒီလိုလုပ်ပါလား။ ကိုယ်တို့ ပူးပေါင်းကြစို့။ မင်း ဒီတစ်ခါ ပြန်သွားရင် ယွဲ့ဧကရာဇ်ကို ကိုယ်ဒီကိစ္စ သိသွားပြီလို့ မပြောနဲ့။ မင်း မြောက်ပိုင်းပြည်နယ်မှာ စုဆောင်းခဲ့တဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို ပုံမှန်အတိုင်းပဲ အစီရင်ခံပါ။ ဒီလိုဆိုရင် မင်း ယွဲ့ဧကရာဇ် အလေးထားတာကို ဆက်ပြီး ခံစားရနိုင်သေးတယ်။”
“ဘယ်လိုလဲ”
မုယုံရွှီက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက်
“မင်းသားက ကျွန်မကို သစ္စာဖောက်ခိုင်းနေတာလား”
လုချန်းက ပြုံးလျက်
“မင်း ကိုယ့်အိပ်ရာပေါ် တက်လာတဲ့အချိန်ကတည်းက မင်းရဲ့ဧကရာဇ်ကို သစ္စာဖောက်ပြီးသား ဖြစ်နေပြီ။”
မုယုံရွှီ ထပ်မံ တိတ်ဆိတ်သွားပြီး လည်ချောင်းမှ ဟမ်းဟူသော အသံသာ ထွက်လာတော့သည်။
ခဏအကြာတွင် လုချန်းက ဆက်လက်၍
“မင်းကို ကိုယ်က မင်းရဲ့ ဧကရီကို သစ္စာဖောက်ခိုင်းနေတာ မဟုတ်ဘူး။ မင်းမှာ ကိုယ်နဲ့အတူ နေဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး”
“ဒီတာဝန် မအောင်မြင်တော့ ဧကရီက မင်းအပေါ် မလွဲမသွေ စိတ်ပျက်လိမ့်မယ်။ နောက်ပြီး ရာဇဝတ်သားရဲ့ သမီးဖြစ်နေတဲ့ မင်းကို ဆက်ပြီးတန်ဖိုးထားဦးမယ်လို့ ထင်နေတုန်းပဲလား။”
“နောက်ထပ်တစ်ခုလည်း ရှိသေးတယ်။ မင်း တစ်ခုခုကို နားလည်မှု လွဲနေတယ်လို့ ကိုယ်ထင်တယ်။ မင်းကို ကိုယ်ပိုင်ဆိုင်ချင်တာက မင်းရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားလို့ပါ။ တစ်ခုခုအတွက် အသုံးချဖို့ မဟုတ်ဘူး။ ကိုယ်မင်းကို လူတစ်ယောက်အနေနဲ့ပဲ လိုချင်တယ်။ မင်းရဲ့ နှလုံးသားကို လိုချင်တယ်။”
မုယုံရွှီက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး “မင်းသားက ကျွန်မကို သူပြောတဲ့ စကားချိုချိုတွေကို ယုံမယ့် ရိုးအတဲ့ မိန်းကလေးတစ်ယောက်လို့ တကယ်ပဲ ထင်နေတာလား။”
လုချန်းက
“စကားချိုချိုတွေ ဟုတ်လား။ ကိုယ်ပြောတဲ့စကားတွေက အတော်လေး ရိုးသားပါတယ်”
ထိုအချိန်တွင် နှစ်ဦးစလုံး အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။ မုယုံရွှီ၏ စိတ်ခံစားမှုများက သူမကို အကျိုးအကြောင်း ဆီလျော်စွာ ဆင်ခြင်စဉ်းစားနိုင်စွမ်း မပေးတော့ပေ။ သူမ ဘာလုပ်ရမယ်မှန်းလည်း မသိတော့ပေ။ ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ခြင်းသည် သူမအတွက် ခက်ခဲသည်။ သူမ ငယ်စဉ်ကတည်းက ဧကရီက ပြုစုပျိုးထောင်ခဲ့သည်။ သူမ၏ မိဘများနှင့်ပတ်သက်သော အမှတ်တရများ၊ ခံစားချက်များ သူမတွင် မရှိပေ။
သူမ၏ မျက်လုံးထဲတွင် ဧကရီသည် သူမ၏ မိခင်နှင့် ပိုတူသည်။ ဧကရီကို သစ္စာဖောက်ရန် စဉ်းစားခြင်းကပင် အလွန်ခက်ခဲသည်ဟု ခံစားရသည်။
သို့သော်လည်း...
မြောက်ပိုင်းနယ်စားမင်းသား သူမ၏ ရည်ရွယ်ချက်အမှန်ကို သိသွားပြီဖြစ်ကြောင်း ပြောပြခဲ့လျှင် ဧကရီ က သူမကို အလေးထားတော့မည် မဟုတ်ပေ။ ထို့ပြင် ယခု မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ သန့်စင်မှုကို ရယူပြီးဖြစ်သည်။ သူမ၏ သန့်ရှင်းမှု ပျောက်ကွယ်ပြီးနောက်တွင်တော့ ဧကရီ၏ အနား၌ ဆက်လက်နေထိုင်ရန် ခက်ခဲလိမ့်မည်။
မုယုံရွှီ အလွန် စိုးရိမ်ပူပန်နေသည်။ စိုးရိမ်မှုများကြောင့် သူမ၏သတိတရား တဖြည်းဖြည်းဝေဝါးလာပြီး တစ်စုံတစ်ရာအပေါ်တွင် နစ်မြုပ်သွားသည်။
အချိန်မည်မျှကြာသွားသည် မသိ နောက်ဆုံးတွင် လုချန်းသည် မုယုံရွှီ၏ အပျိုစင်အမှတ်အသားကို ပြန်လည်ဖော်ထုတ်ပြီးစီးသွားသည်။ ထို့နောက် သူက လုံးဝအားအင်ကုန်ခန်းနေသော မုယုံရွှီကို ပွေ့ချီကာ အိပ်ရာသို့ ပြန်သွားသည်။
သူသည် သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိနေဆဲဖြစ်၏။ မုယုံရွှီ နောက်ဆုံးတွင် သူ့နှင့်ပူးပေါင်းဖို့ ရွေးချယ်လိမ့်မည်ဟု ယုံကြည်ထားသည်။
.............