ကောင်းကင်စက်ဝန်းဓားအစီအရင်၊ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ဦးနှင့် ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်း
Vol. 23 Ch. 331
မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာ ကျင့်ကြံခဲ့၏။ ထို့နောက်မှာ အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကျော်ကြာ ကျင့်ကြံခဲ့သေးပြန်သည်။
ယခု မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်သည် အစပြုသူအဆင့်မှ နက်နဲခြင်းအဆင့်ထိ တိုးမြင့်သွားခဲ့သည်။ ထိုနည်းစနစ်သည် အသေးစားအောင်မြင်မှုအဆင့်နှင့် အကြီးစားအောင်မြင်မှုအဆင့်ကိုပါ ကျော်ဖြတ်သွား၏။
ချီမင်သည် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို နက်နဲခြင်းအဆင့်သို့ မရောက်သေးသည့်အတွက် ဆယ်ခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထဲသို့ မပေါင်းစပ်နိုင်သေးချ။
သူက ခြေတစ်လှမ်းဆုတ်ကာ ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံအံ့ဖွယ်စွမ်းအားဖြင့်သာ ပေါင်းစပ်လိုက်သည်။ ထို့နောက် ဆယ်ခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ဖြင့်ပေါင်းစပ်ပြီး ဆယ်ယောက်မြောက်မဟာတာအိုသာလွန်သူကို သိပ်သည်းခဲ့သည်။
ချီမင်က သူ့ခန္ဓာကိုယ်မှ ဓမ္မစွမ်းအားများကို လည်ပတ်လိုက်သည်။ ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံအံ့ဖွယ်စွမ်းအားမှ အံ့ဖွယ်စွမ်းအားအဆောင်တစ်ခုဖြစ်တည်လာပြီး ကြက်သွေးရောင်နေလုံးပမာ တောက်ပသည့် အလင်းလုံးတစ်လုံးအဖြစ် ပြောင်းသွားသည်။ ဖြည်းညင်းစွာလည်ပတ်နေသည့် ရေဝဲဂယက်တစ်ခုနှင့်တူပြီး အတော်လေးနက်လှသည်။
တစ်ရက်ကြာပြီးနောက်မှာ ဆယ်ခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်သည် အပြည့်အဝတည်ဆောက်ပြီးစီးသွားကာ မဟာတာအိုသာလွန်သူမှာလည်း ပြီးပြည့်စုံသွားတော့၏။ ချီမင်၏အင်အားက တိုးတက်သွားသော်လည်း သိပ်တော့မသိသာပေ။
"မဆိုးဘူး" ချီမင်က ခေါင်းညိတ်လိုက်သည်။
ဆန်းကြယ်အင်မော်တယ်အဆင့်ကနေ မဟာဆန်းကြယ်အင်မော်တယ်အဆင့်၊ ရွှေအင်မော်တယ်အဆင့် နှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်တို့ကို ကျော်ဖြတ်ရဦးမည်ဖြစ်၏။ ထိုအဆင့်များအတွက် အင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ပေါက်ကို တည်ဆောက်နိုင်ရမည်ဖြစ်သည်။
နှစ်တစ်ရာပြည့်တိုင်း မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခုကို ဖွင့်လှစ်နိုင်သည့်အမြန်နှုန်းက သူဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ကိုတက်တုန်းကဖွင့်ခဲ့သည့် မဟာတာအိုအင်မော်တယ် ဝင်ပေါက်ကိုးခုဖွင့်ခဲ့သည့်အချိန်ကို ဖယ်လိုက်လျှင်ပင်
ချီမင်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကိုဖွင့်ဖို့ စုစုပေါင်းအချိန် နှစ်သန်းပေါင်း(၁၂.၉၆)လိုအပ်သည်။
ထိုအချိန်က အတော်လေး ကြာလွန်းသည်။
သူက မြှင့်တင်မှုသာ မလုပ်ခဲ့လျှင် ချိုးဖြတ်ဖို့ ကြာချိန်သည် ထိုထက်တောင် ပိုများသွားနိုင်၏။
၎င်းက မဟာတာအိုကိုကျင့်ကြံရသည့် အခက်အခဲပင်။
"အင်မော်တယ်ဝင်ပေါက်ကိုးခုကို ပေါင်းစပ်ပြီးကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားတာနဲ့ ငါ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ကို ခြေချနိုင်ပြီ။"
ချီမင်က ခဏမျှ စဉ်းစားနေခဲ့သည်။"ငါက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ကနေ အလယ်ပိုင်းအဆင့်ကို ချိုးဖြတ်ချင်ရင်တော့ မဟာတာအိုအင်မော်တယ် ဝင်ပေါက် ပေါင်း(၁၁၇၈၁) ပေါက် လိုအပ်တယ်။"
"ငါ တစ်ခုတော့ တည်ဆောက်ပြီးပြီ။ နောက်ထပ် (၁၁၇၈၀)ပေါက် လိုအပ်သေးတယ်။"
"ဒီနည်းနဲ့ဆို.."
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခုကိုဖွင့်တဲ့အမြန်နှုန်းအရ ငါ စုစုပေါင်းအချိန်(၁၁၇၈၀၀၀)နှစ်လိုမယ်။"
"အဲ့ဒါဆိုရင်တော့ ငါ ဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်ကို တက်လို့ရပြီ။"
"အချိန်က ကြာလွန်းတယ်။"
နောက်ပိုင်းနှစ်များတွင် ချီမင်သည် ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြို့အရှင်အိမ်တော်တွင်သာ အစဉ်အမြဲ နေထိုင်ခဲ့သည်။ ထို့ပြင် သူက မြို့အရှင်အိမ်တော်ထဲ၌ အခြေခံအားဖြင့် သီးသန့်ကျင့်ကြံနေခဲ့ခြင်းသာဖြစ်၏။ သူ့ကျင့်ကြံခြင်းအဆင့်က ပုံမှန်ကလေး တိုးတက်လျက်ရှိသည်။
ထို့ပြင် ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်မြေထဲတွင် ပထမတန်းစားဂိုဏ်းလေးခုဖြစ်သည့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၊ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနှင့် ဖုန်းမျိုးနွယ်တို့က အဆင့်တစ်ဆင့်တိုးတက်လာသော်လည်း ယင်းကြောင့် ပဋိပက္ခတော့ ဖြစ်မလာပေ။ ထိုအစား ပိုပြီးတည်ငြိမ်အေးချမ်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်နှစ်ကုန်လွန်သွားပြန်သည်။
ယနေ့မှာတော့ မြို့အရှင်အိမ်တော်တွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေကြသည်။
"ဂျူနီယာ မင်ဟဲက စီနီယာကို အရိုအသေပြုပါတယ်။"
ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြို့အရှင်က ချီမင်၏ရှေ့တွင် ရပ်နေခဲ့သည်။ သူက လေးစားစွာဦးညွှတ်လျက် ပြောသည်။"စီနီယာရုတ်တရက်ကြီး ကျွန်တော့်ကို ဘာလို့များ ခေါ်လိုက်တာပဲ။ ကျေးဇူးပြုပြီး ညွှန်ကြားပါ။"
ချီမင်က ခေါင်းအသာ ညိတ်ကာ မြို့အရှင်ကို အကဲဖြတ်နေခဲ့သည်။ ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များတွင် မြို့အရှင်မင်ဟဲက အသန်မာဆုံးဖြစ်ပါ၏။
"ငါ့ကို တိုက်"
"ဒီ..."မင်ဟဲက ကြောင်အသွားသည်။ သူက နားမလည်လိုက်၍ မတုံ့ပြန်လိုက်ပေ။ သူ့မျက်နှာက အနည်းငယ်ဖျော့တော့သွားသည်။"စီနီယာ...စီနီယာ ကျွန်တော် အမှားတစ်ခုခုများ လုပ်မိလို့လား။ ဒါမှမဟုတ် ကျွန်တော် ဧည့်ဝတ်မကျေသလိုများ ဖြစ်နေလို့လား။"
''ဘာများဖြစ်လို့ပါလဲ။"
'' ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်လေးနဲ့ စီနီယာကို ဘယ်လိုများ တိုက်ခိုက်ရဲပါ့မလဲ။"
မင်ဟဲက ချီမင်ကို မတိုက်ခိုက်ရဲပေ။
တကယ်တော့…
သူက ချီမင်ကို စော်ကားမိသလို ခံစားခဲ့ရသည်။
ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ရောက်နေသည့် မင်ဟဲကိုများ ခွန်အားစမ်းသပ်ချင်သည်ကြောင့်ပဲလား။
'' ငါ့ကို တိုက်ဖို့ ပြောနေတယ်။'' ချီမင်၏အကြည့်ကမဲမှောင်သွားပြီး အေးစက်စွာပြောလိုက်သည်။'' ပေရှည်မနေနဲ့။"
"ဟုတ်ကဲ့!”
မင်ဟဲက တုန်လှုပ်ကာ ဘာမှထပ်မပြောရဲတော့ပေ။ သူက အသက်ပြင်းပြင်းရှုကာ စိတ်အခြေအနေကို ထိန်းညှိလိုက်သည်။ ဓမ္မစွမ်းအားများ မြင့်တက်လာပြီး လျှပ်စီးနဂါးများမှာ ဟိန်းဟောက်နေ သည့်အလား ခရမ်းရွှေရောင်လျှပ်စီးမိုးကြိုးများအသွင် ပြောင်းလဲသွားပြီး ချီမင်ကို တိုက်ခိုက်သည်။
"လျှပ်စီးနဂါးနည်းစနစ်"
မင်ဟဲက လက်နှစ်ဖက်လုံးကို ရှေ့ပို့ကာ လက်ဝါးတစ်ချက်ပစ်လွှတ်သည်။
ချီမင်သည် မလှုပ်ပေ။ သူက လက်နှစ်ဖက်ကိုနောက်ပစ်လျက်သားဖြင့်ပင် သူ့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတစ်ချက် လင်းလက်သွား၏။ သူက သန့်စင်ရွှေခန္ဓာကို သုံးထားသည့်အတွက် ပြိုင်ဘက်ကင်းဖြစ်သလိုပေ။
လျှပ်စီးနဂါးမှာ အသက်ဝင်နေသည့်အလား ချီမင်ကို ဝင်စောင့်ပစ်သော်လည်း ပျောက်ကွယ်သွားရသည်။ ၎င်းတွင် ပါဝင်သည့်စွမ်းအားများမှာ ပျောက်ကွယ်ကာ မရှိမှုအဖြစ်ပြောင်းလဲသွားသောကြောင့် သူ့ကိုမထိခိုက်နိုင်တော့ချေ။
"ဒီ..."
မင်ဟဲသည် ကြောင်အသွားရပြန်၏။" တကယ်..တကယ်တော့ အသုံးမဝင်သေးပါဘူး။''
''ဒါက မင်းရဲ့အားကုန်လား။"
ချီမင်၏အမူအရာက အနည်းငယ်ရုပ်ဆိုးနေသည်။'' ဒါမှမဟုတ် ငါကများ မင်းရဲ့တိုက်ကွက်ကို မတားဆီးနိုင်ဘူးလို့ ထင်နေတာလား။ ဒါဆိုရင်တော့ မင်းက စိတ်ပျက်ဖို့ကောင်းသွားပြီ။"
"ကျွန်တော်..ကျွန်တော် မတွေးရဲပါဘူး။"
မင်ဟဲက တုန်လှုပ်သွားပြီး အာရုံစုစည်းလိုက်သည်။ သူက ရင်ဘက်ထဲက မသက်မသာဖြစ်မှုများကို ရှင်းထုတ်ရင်း ဥပဒေသစွမ်းအားများကို ထုတ်ဖော်လိုက်သောကြောင့် သူ့အရှိန်အဝါက ပြင်းထန်သွား၏။
သိပ်မကြာခင်မှာပဲ မင်ဟဲက မျက်စိထပ်ဖွင့်ပြန်သည်။ သူက ပြန်လည်တည်ငြိမ်သွားသည်။ သူက ချီမင်ကို တည်ငြိမ်စွာ ကြည့်ပြီး ဦးညွှတ်အရိုအသေပေးသည်။
"စီနီယာ" မင်ဟဲက ဆိုသည်။'' နောက်တစ်ကြိမ်မှာ ကျွန်တော် အကောင်းဆုံးလုပ်ပါမယ်။"
သူခေါင်းမော့ကာ စူးရှစွာ ကြည့်သည်။ ညာဘက်လက်ကိုဝေ့ယမ်းလျက် သူ့ကိုယ်ပေါ်တွင် ကိုယ်ပိုင်အင်မော်တယ်ရတနာပေါ်လာသည်။ ထိုအရာက အင်မော်တယ်ဓား(၁၀၈)ချောင်းဖြစ်၏။
ကောင်းကင်စက်ဝန်းဓားအစီအရင်ဖြစ်သေးသည်။
အထက်ကမ္ဘာတွင် ကိုယ်ပိုင်ရတနာအရည်အသွေးသည် ကျင့်ကြံခြင်းအဆင့်တိုးသည်နှင့် တိုးတတ်၏။ ကျင့်ကြံခြင်းအဆင့်အလိုက် အဆင့်များခွဲခြားထားသေးသည်။
အင်မော်တယ်အဆင့်ကိုယ်ပိုင်အင်မော်တယ်ရတနာ၊စစ်မှန်အင်မော်တယ်အဆင့်ကိုယ်ပိုင်အင်မော်တယ်ရတနာ၊ဆန်းကြယ်အင်မော်တယ်အဆင့်ကိုယ်ပိုင်အင်မော်တယ်ရတနာ၊မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကိုယ်ပိုင်အင်မော်တယ်ရတနာ၊ရွှေအင်မော်တယ်အဆင့်ကိုယ်ပိုင်အင်မော်တယ်ရတနာ၊မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကိုယ်ပိုင်ရတနာနှင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကိုယ်ပိုင်ရတနာတို့ဖြစ်ကြသည်။
အဆင့်ကြီးတိုင်းတွင် အဆင့်ငယ်အဖြစ် အနိမ့်၊အလယ်အလတ်၊အဆင့်မြင်နှင့် အဆုံးစွန်တို့ဖြစ်သည်။
ကျင့်ကြံခြင်းဆင့်ကွာခြားချက်အရ တူညီသည့်အဆင့်၌တောင် ကိုယ်ပိုင်အင်မော်တယ်ရတနာ၏စွမ်းအားက အင်မတန်ကွာခြားတတ်သည်။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်လက်နက်အထက်တွင် အထက်ကမ္ဘာရတနာရှိပါ၏။
ဥပမာအနေဖြင့် အချိန်ကာလရတနာ ကမ္ဘာတံခါးက အထက်ကမ္ဘာအင်မော်တယ်ရတနာဖြစ်သည်။
အထက်ကမ္ဘာရတနာအထက်တွင်တော့ ကောင်းကင်တာအိုရတနာရှိသည်။
ယခင်တုန်းက ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကိုကျင့်ကြံခဲ့တုန်းက သူက ကိုယ်ပိုင်ရတနာသုံးမျိုးဖြစ်သည့် သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ ကမ္ဘာဖျက်ဓား နှင့်ဓားတောင်တို့ကို သန့်စင်ခဲ့၏။
ယခု ချီမင်က ထိုတုန်းကကျင့်ကြံခြင်းအဆင့်၌ မဟုတ်တော့ချေ။ ထိုအစား သူက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်နေပြီဖြစ်၏။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ဆင်ခြင်ခဲ့ပြီး ဖရိုဖရဲမဟာတာအိုကျမ်းကို ကျင့်ကြံခဲ့သည်။
ကိုယ်ပိုင်ရတနာသုံးခုလုံးက ပြောင်းလဲမှုပြီးမြောက်သွားခဲ့သည်။
သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားသည် ပြည့်ဝစွာ ပွင့်အာလာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုဖြင့်ပေါင်းစပ်သွားတော့သည်။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်အဖြစ်တိုးတက်သွားပြီး ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ဖတ်(၂၄)ဖတ် ပွင့်အာလာသည်။
ကမ္ဘာဖျက်ဓားကလည်းအသွင်ပြောင်းမှု ပြီးဆုံးသွားတော့၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်ပေါင်းစပ်လျက် ဖရိုဖရဲကမ္ဘာဖျက်ဓားဖြစ်သွားပါတော့သည်။ ဖရိုဖရဲကို ဖွင့်လှစ်လျက် အရာခပ်သိမ်းကို ဖိနှိပ်နိုင်သည်။
ဓားတောင်လည်း မမျှော်လင့်ထားသည့် ပြောင်းလဲမှုကို ကြုံခဲ့ရသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုဖြင့်ပေါင်းစပ်ပြီးသွားသည်နှင့် ဖရိုဖရဲပုကျုံးတောင်အဖြစ် အောင်မြင်စွာ အဆင့်မြင့်သွားသည်။ ဖရိုဖရဲထက်ကျော်လွန်ပြီး မဟာတာအိုအဖြစ်ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင်၏ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခု ပေါင်းစပ်နိုင်ပါသေး၏။
၎င်းတို့က ဖရိုဖရဲမဟာပုဆိန်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယင်းအပြင်။
ထိုအချိန်၌ ချီမင်က ပစ္စည်းစာရင်းထဲမှ တန်ဖိုကြီးကုန်ကြမ်းပစ္စည်းများစွာ ထုတ်ယူလိုက်သည်။ထို့နောက် သန့်စင်တော့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ကိုပေါင်းစပ်ကာ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုလုံးကို ဆန်းကြယ်အင်မော်တယ် ထိပ်တန်းအဆင့်ကိုယ်ပိုင်ရတနာများအဖြစ် မြှင့်တင်ခဲ့သည်။
"ဓားချီမြစ်" မင်ဟဲက ညွှန်ပြလိုက်သည်။
ဓားချီများ မြင့်တက်လာသည်။
ကောင်းကင်ဓားတာအို(၁၀၈)ချောင်း ပျံထွက်လာသည်။
မရေမတွက်နိုင်သောဓားချီများပွင့်လန်းလာသောကြောင့် ကျယ်ပြန့်သည့်ဓားချီမြစ်တစ်စင်းဖြစ်တည် လာသည်။ စစ်မှန်နဂါးတစ်ကောင်အလား လှည့်ပတ်ကာ ချီမင်ကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်စက်ဝန်းအင်မော်တယ်ဓား(၁၀၈)ချောင်းဆိုပေသော်လည်း အမှန်တကယ်တော့ ကိုယ်ပိုင်အင်မော်တယ်ရတနာတစ်လက်သာဖြစ်သည်။ နောက်တစ်ခုကတော့ ကောင်းကင်စက်ဝန်းဓားအစီအရင်ဟုခေါ်သည်။
မင်ဟဲ၏ကိုယ်ပိုင်အင်မော်တယ်ရတနာက မြင့်မြတ်ကောင်းကင်ရွှေအင် မော်တယ်ထိပ်တန်းအဆင့်ဖြစ်သည်။
ချီမင်၏ကိုယ်ပိုင်ရတနာကလည်း ဆန်းကြယ်အင်မော်တယ်ထိပ်တန်းအဆင့်ဆိုသော်ငြား အဆင့်ကွာခြားချက်ကြောင့် မဟာတာအိုကိုကျင့်ကြံသည့်ချီမင်က ဥပဒေသကိုကျင့်ကြံသည့် မင်ဟဲထက်များစွာသာသည်။
ချီမင်၏ကိုယ်ပိုင်အင်မော်တယ်ရတနာက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားဖြင့်ပေါင်းစပ်ထားခြင်းဖြစ်ခဲ့သည်။ မင်ဟဲ၏ကောင်းကင်စက်ဝန်းဓားအစီအရင်ထက် ကျင့်ကြံခြင်းအဆင့်အားဖြင့်နိမ့်သော်လည်း ထိုရတနာက အတော်လေးစွမ်းအားကြီးပြီး မင်ဟဲ၏ကိုယ်ပိုင်အင်မော်တယ်ရတနာကို ခုခံနိုင်သည်။
"အချိန်ကိုက်ပဲ။" ချီမင်က ညာဘက်လက်ဖြင့် ဓားလက်ချောင်းကိုသုံးကာ ရှေ့သို့ညွှန်ပြလိုက်သည်။ ဖရိုဖရဲကမ္ဘာဖျက်ဓားသည် ဖရိုဖရဲဓားအလင်းတန်းအလား ကောင်းကင်ကိုဖြတ်ပိုင်းသွားပြီး မင်ဟဲ၏ဓားချီမြစ်ကို အလွယ်တကူ အနိုင်ယူသွားသည်။
"ကောင်းကင်စက်ဝန်းဓားအကာအကွယ်"
မင်ဟဲထိတ်လန့်သွားသည်။ သူက ကောင်းကင်စက်ဝန်းဓားအစီအရင်ကိုသုံးကာ ဓားအကာအကွယ်အဖြစ်ပြောင်းလဲသွားလျက် ချီမင်ဖရိုဖရဲကမ္ဘာဖျက်ဓားကို ခုခံလိုက်သည်။ ဓားအကာအကွယ်ပေါ်တွင် အက်ကွဲရာများပေါ်လာသည်။
"စွမ်းအားကြီး ရိုက်ချက်ပဲ" မင်ဟဲက အင်မတန်ထိတ်လန့်သွား၏။"စီနီယာက ကျွန်တော့်ရဲ့ ကောင်းကင်စက်ဝန်းဓားအကာအကွယ်ကို အလွယ်လေးချိုးဖြတ်သွားတာပဲ။"
"ဓားကြာပန်း"
ချီမင်က ဘယ်လက်ကို မြှောက်လိုက်သည်။ သူ့ဘယ်ဘက်လဲတွင် နှစ်ဆယ့်လေးလွှာဖရိုဖရဲဓားကြာပန်း လွင့်မြောနေခဲ့သည်။ ဖရိုဖရဲအလင်းမြူခိုးမှုန်များဖြင့် ပေါင်းစပ်သွားသည်။ မြူခိုးအလင်းတန်းတိုင်းက တကယ်တော့ ဖရိုဖရဲဓားချီများဖြစ်ကြသည်။
"ဖွင့်စမ်း"
ချီမင်က ခပ်တိုးတိုးပြောလိုက်သည်။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်က ကောင်းကင်သို့ ပျံတက်သွားသည်။ ထိုအရာက မင်ဟဲ၏ခေါင်းထက်တွင် လွင့်မြောနေကာ တာအိုအလင်းမြူခိုးများကို ထုတ်လွှတ်လိုက်သည်။
၎င်းအလင်းမြူခိုးမှုန်များက စွမ်းအားကြီးဖရိုဖရဲဓားချီများဖြစ်ကြသည်။
"အိုးမဟုတ်ဘူး!” မင်ဟဲက ထိတ်လန့်သွား၏။"ကောင်းကင်စက်ဝန်းဓားအစီအရင်။ အသက်သွင်း"
သူက အော်ဟစ်ကာ ကောင်းကင်စက်ဝန်းဓားအစီအရင်ကို အကန့်အသတ်ထိ အသက်သွင်းလိုက်သည်။ ကောင်းကင်အင်မော်တယ်ဓား(၁၀၈)ချောင်းက ပျံ့ထွက်သွားပြီး ပတ်ဝန်းကျင်ကို ကျရောက်လာသောကြောင့် ဓားအစီအရင်တစ်ခုစုဖွဲ့တည်လာသည်။ မရေမတွက်နိုင်သောဓားအလင်းတန်းများသည် ကြယ်ကလေးများကခုန်နေသည့်အလား ကောင်းကင်တခွင်၌တောက်ပနေလျက် ချီမင်၏ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို တားဆီးထားသည်။
ချီမင်က အခုမှ စမှာဖြစ်သည်။
"ဖရိုဖရဲပုကျုံးတောင်"
ချီမင် ပါးစပ်ဖွင့်ကာ ထွေးထုတ်ခဲ့သည်။ ဖရိုဖရဲပုကျုံးတောင်သည် ထွက်လာပြီး လေဖြင့်အတူ ကြီးမားလာသည်။ အဆက်မပြတ်ကြီးမားလာခဲ့သည်။ ဖရိုဖရဲမြူခိုးများသည် ပုကျုံးတောင်မှ ကောင်းကင်ထောက်တိုင်ကြီးများသဖွယ် ထွက်လာပြီး ဖိနှိပ်လာသည်။
"ဒါ...ဒါ.."မင်ဟဲက ထိတ်လန့်တကြားအော်လိုက်သည်။"မဟုတ်ဘူး။"
ခရက်! ခရက်!
ဖရိုဖရဲပုကျုံးတောင်က ကောင်းကင်စက်ဝန်းဓားအစီအရင်ကို တိုက်ရိုက်ဖိချသည်။ ကြောက်မက်ဖွယ်ဖိအားသည် ကောင်းကင်စက်ဝန်းဓားအစီအရင်ကို ကြေကွဲသွားစေသည်။
အက်ကြောင်းများ ပျံ့နှံ့သွား၏။
အသံကျယ်ကြီးထွက်လာသည်။
မင်ဟဲကအော်ဟစ်ရကာ သွေးအန်ထုတ်လိုက်ရသည်။ သူ့ကိုယ်ပိုင်အင်မော်တယ်ရတနာက ထိခိုက်သွားသောကြောင့် သူလည်းဒဏ်ရာရသွားသည်။ ကောာင်းကင်စက်ဝန်းဓားအစီအရင်က ပြိုကျလာပြီး ကောင်းကင်ဓားများသည် မင်ဟဲထံသို့ ပြန်ရောက်လာ၏။