အင်မော်တယ်ဘုရင်ကို နှစ်ပိုင်းပိုင်းခြင်း
Vol. 23 Ch. 339
"ခုတ်ပိုင်း"
ချီမင်ကသူ့လက်ထဲမှ ကမ္မဓား၏ဓားရိုးကို ကိုင်လိုက်သည်။ သူက ဓား၏စွမ်းအားကို သိသာစွာ ခံစားနိုင်သည်။အဆုံးမဲ့ဓမ္မစွမ်းအားများကို ဓားထဲသို့ လောင်းထည့်လိုက်လေ၏။
ကမ္မက မော့ဝူလင်းကို ပစ်မှတ်ထားကာ ခုတ်ပိုင်းလိုက်သည်။ သူ့တွင် အထွတ်အထိပ်ကမ္မနည်းစနစ်၏ စွမ်းအားအစစ်အမှန်ပါဝင်လေသည်။ ချီမင်က ဓားကို ခုတ်ပိုင်းလိုက်ချိန်မှာပဲ ရွှေရောင်ဓားချီများပျံ့နှံ့သွားသည်။
"ဒါက..."
မော့ဝူလင်း၏မျက်ဆံများက ကျုံ့သွားသည်။ သူက သေစေလောက်တဲ့အန္တရာယ်ကို ခံစားမိ၍ အသံကျယ်ကြီး အော်ဟစ်လိုက်ပြန်သည်။ သူ အင်အားကုန်စုစည်းလိုက်သည်။"သတ်။"
ချီမင်၏ကမ္မဓားက ဖြတ်တောက်သွား၏။ ရွှေရောင်တောက်ပသည့် ကမ္မဓားချီများက ရွှေရောင်နဂါးငွေ့တန်းကြီးတစ်ခုသဖွယ်ဖြစ်နေပြီး အထွတ်အထိပ်အင်အားများ ပါရှိသည်။
သူက မော့ဝူလင်း၏မဟာဖျက်ဆီးခြင်းလက်ဝါးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ မဟာဖျက်ဆီးခြင်းလက်ဝါးက ချီမင်၏ကမ္မဓားကြောင့် နှစ်ပိုင်းပြတ်သွားတော့သည်။
မော့ဝူလင်းကအော်ဟစ်ရကာ သွေးအန်ထုတ်လိုက်ရသည်။ ချီမင်၏ဓားက မဟာဖျက်ဆီးခြင်းလက်ဝါးကို အနိုင်ယူသွားပြီး မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်း၏အံ့ဖွယ်စွမ်းအား ကို ပျောက်ကွယ်သွားစေသည်။ ကမ္မဓားချီ၏နောက်ဆက်တွဲအဟုန်က မော့ဝူလင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ခုခံရေးအံ့ဖွယ်စွမ်းအားကို ချိုးဖြတ်သွား၏။
သွေးများဖြာထွက်လာသည်။
သွေးစက်တိုင်းက တောင်ကြီးတစ်တောင်အလား လေးလံလှသည်။ သွေးစက်များက မြေပြင်ပေါ်သို့ ကျရောက်လာပြီး တောင်တန်းများပြိုကျကာ သွေးကန်ကြီးများ ဖြစ်သွားတော့သည့် အတိုင်းပင်။ ကမ္မဓားချီ၏နောက်ဆက်တွဲအဟုန်ကြောင့် မော့ဝူလင်း၏ရင်ဘက်ပေါ်တွင် သွေးရောင်ဓားဒဏ်ရာတစ်ချက် ပေါ်လာသည်။
အရိုးကိုတောင်မြင်နေရသည်။
"အဟွတ် ဟွတ်"
မော့ဝူလင်းက ကယိမ်းကယိုင်ဖြစ်သွားပြီး သွေးအန်သွားသည်။ သူ့မျက်နှာက ဖျော့တော့သွားပြီး မျက်လုံးထဲတွင် အကြောက်တရားများ ပေါ်လာသည်။ သူက ခေါင်းမော့ကာ ချီမင်ကို ကြည့်ပြီး အော်ဟစ်လိုက်သည်။"မင်း...မင်းဘယ်သူလဲ။ ဒါက ကမ္မပဲ။ မင်းရဲ့အံ့ဖွယ်စွမ်းအားမှာ ကမ္မတွေပါနေတာပဲ။"
"ကမ္မအံ့ဖွယ်စွမ်းအားက ဗုဒ္ဓကမ္ဘာရဲ့ အထင်ကရပုဂ္ဂိုလ်တွေပဲ သုံးနိုင်ကြတာ။"
"ကောင်းကင်ဉာဏ်အလင်း"
" မင်းက ဗုဒ္ဓကမ္ဘာရဲ့ ဗုဒ္ဓတစ်ပါးလား။"
"မဟုတ်ဘူး။" ချီမင်က ရှင်းပြလိုက်သည်။"ငါနဲ့ ဗုဒ္ဓကမ္ဘာနဲ့က ဘာမှ မဆိုင်ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ငါ့ရဲ့ဓားချက်အောက်မှာ မင်းသေရတော့မယ်။"
"အိပ်မက်မက်နေလိုက်။" မော့ဝူလင်းက အော်ဟစ်လိုက်ပြီး အဆင့်နိမ့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာတစ်ခုကို လျင်မြန်စွာဖြင့် ထုတ်ယူလိုက်သည်။ ထို့ပြင် သူက မဟာဖျက်ဆီးခြင်းအံ့ဖွယ်စွမ်းအားသုံးလိုက်ပြီး အံ့ဖွယ်စွမ်းအားကို အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာထဲသို့ ထည့်သွင်းလိုက်သည်။
"ပေါက်ကွဲစမ်း"
မော့ဝူလင်းက လက်ဝေ့ယမ်းကာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာကို လှမ်းပစ်လိုက်သည်။ ၎င်းက ချီမင်ပေါ်သို့ လျင်မြန်စွာဖြင့် ကျရောက်လာသည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာ ကို သူ့စွမ်းအားဖြင့် ဖောက်ခွဲပြီး ချီမင်ကို ရင်ဆိုင်နေခြင်းဖြစ်သည်။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာတစ်ခုကို ဖောက်ခွဲလိုက်ခြင်း၏စွမ်းအားက အင်မတန်ကြောက်မက်ဖွယ်ကောင်းပြီး ခုခံဖို့ရာခက်ခဲ၏။ မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်းနှင့် ပါတွဲသုံးလိုက်တော့ ပိုပြီးပြင်းထန်သွားသည်။
"ကောင်းကင်နဲ့မြေကြီးမဟာတာအို ကမ္မဓားကြာပန်း ပွင့်လန်း။"
ချီမင်၏အကြည့်က တည်ငြိမ်နေသည်။ သူကအန္တရာယ်ကို ခံစားမိပေမဲ့ လုံးဝမကြောက်ရွံ့ပေ။ ထိုအစား ခုခံလိုက်သည်။ ကမ္မဓားက ရွှေရောင်ဓားချီကို ထုတ်လွှတ်လိုက်သည်။ ကမ္ဘာကြီးထဲတွင် ကမ္မစွမ်းအားများ စုဝေးလာသည်။ အဆုံးမဲ့ဗုဒ္ဓအလင်းတန်းများ တောက်ပလာပြီး ဗုဒ္ဓပုံရိပ်များ ပေါ်လာသည်။
"မင်း...မင်း..မင်းပြောတော့ ဗုဒ္ဓကမ္ဘာကမဟုတ်ဘူးဆို။"
မော့ဝူလင်းက ထူးခြားဖြစ်စဉ်ကိုမြင်တော့ အော်ဟစ်လိုက်သည်။
ချီမင်ခုတ်ပိုင်းလိုက်သည့်ကမ္မဓားချီက စုဝေးလာသည်။ အချိန်တိုလေးအတွင်းမှာ ကြီးမားသည့်ကမ္မဓားကြာပန်းကြီးအဖြစ်ပြောင်းလဲသွား၏။ (၂၄)လွှာရွှေရောင်ဓားကြာပန်းက ပွင့်လန်းလာသည်။
"ကျဆင်း။"
ကမ္မဓားကြာပန်းက အဆုံးမဲ့စွမ်းအားများဖြင့် သက်ဆင်းလာသည်။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများပါဝင်ပြီး အရာအားလုံးကို ကြိတ်ချေပစ်လိုက်သည်။ ပြင်းထန်သည့်စွမ်းအားက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာ၏ဖောက်ခွဲအားကိုတောင် ပိတ်ဆို့ပေးနိုင်သည်။
ကမ္ဘာကြီးကိုတောင်လှုပ်ခါသွားစေသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။
ခရက်! ခရက်!
နေရာလွတ်တောင် အက်ကြောင်းများပေါ်လာပေမဲ့ လျင်မြန်စွာဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်။ ကြောက်မက်ဖွယ်စွမ်းအင်တုန်ခါမှုများသည် နေရာအနှံ့ဖြစ်ပေါ်လာပြီး မြေပြင်က ထပ်မံပြိုကျလာသည်။ တောင်တန်းများက ပြိုလဲကုန်ပြီး ဖျက်ဆီးခြင်းမြင်ကွင်းတစ်ခု ပေါ်လာပြန်သည်။
လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်က မြို့ကာကွယ်ရေးအင်မော်တယ်အစီအရင်ကို အစွမ်းကုန်လည်ပတ်လိုက်ပြီး တိုက်ပွဲနောက်ဆက်တွဲလှိုင်းများကို ပိတ်ဆို့နေရသည်။ မြို့ကိုမသက်ရောက်စေရန် ဆောင်ရွက်နေရ၏။
လွှမ်းခြုံအိမ်ယာမြို့တော်အပြင်ဘက်တွင်။
အင်မော်တယ်မြို့ငယ်များ၊ရွာများနှင့်မျိုးနွယ်စုများအတွက်တော့ မလွယ်လှပေ။ သူတို့က တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းကိုခံစားနေရပြီး သေကြေမှုများဖြစ်ပေါ်လာသည်။
ဂိုဏ်းအဖွဲ့အစည်းများမှာ ကာကွယ်ရေးအစီအရင်ကိုအသက်သွင်းထားသည့်အတွက် ချမ်းသာရာရသွားကြသည်။
မော့ဝူလင်း ကအော်ဟစ်ရကာ သွေးအန်ထုတ်လိုက်ရသည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာကိုဖောက်ခွဲပြီး ချီမင်ကိုရင်ဆိုင်ချင်ပေမဲ့ ချီမင်၏အင်အားကို ထိုမျှစွမ်းအားကြီးမည်ဟု မထင်ထားခဲ့ပေ။ သူက တန်ပြန်မှုကိုခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ သွေးများယိုစီးလာသည်။
မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ သူက သာမန်ကျင့်ကြံသူတစ်ဦးသာဖြစ်လျှင်ပင် အတော်လေးစွမ်းအားကြီးပေသည်။ ထိုဒဏ်ရာများက မော့ဝူလင်း၏အုတ်မြစ်ကို မထိခိုက်စေပေ။
ပတ်ဝန်းကျင်တွင် သက်ရှိများက တိုက်ပွဲကို ကြည့်နေကြ၏။
“ အရမ်းအားကောင်းတယ်။”
"ငါ အရှင်စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်က ကောင်းကင်ဉာဏ်အလင်းဆီမှာ ဖိနှိပ်ခံနေရမယ်လို့ မမျှော်လင့်ထားဘူး။ အခု သူက အရေးနိမ့်နေပြီ။"
"ကောင်းကင်ဉာဏ်အလင်းက ကမ္မအံ့ဖွယ်စွမ်းအားကို နားလည်ဆုပ်ကိုင်ထားတာပဲ။ အဲ့ဒီလိုစွမ်းအားမျိုးက ဗုဒ္ဓကမ္ဘာရဲ့စွမ်းအားကြီးပုဂ္ဂိုလ်တွေပဲ သုံးနိုင်တာ။"
“…”
အင်မော်တယ်များက ဆွေးနွေးနေကြသည်။
"တိုက်ခိုက်"
ချီမင်၏အကြည့်ကအေးစက်နေပြီး သူက အစွမ်းကုန်တိုက်ခိုက်လိုက်သည်။ သူက ကမ္မဓားချီများကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းနေသည်။ ဓားချီက အုံ့ကြွလာပြီး မော့ဝူလင်း၏လမ်းကြောင်းများကို ပိတ်ဆို့လိုက်သည်။
"မဟာ အံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်း"
မော့ဝူလင်းက အော်ဟစ်သည်။ ချီမင်၏လူသတ်တိုက်ကွက်နှင့်ရင်ဆိုင်ရတော့ သူက မရှောင်နိုင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ သူက အင်အားကုန်တိုက်ခိုက်ကာ ထပ်ခါတလဲအော်ဟစ်လိုက်သည်။ မဟာဖျက်ဆီးခြင်းအံ့ဖွယ်စွမ်းအားက လောကတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကမ္ဘာကြီးတစ်ခုတည်ဆောက်တော့မည့်အလားပင်။
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"
ချီမင်က ဘယ်ဘက်လက်ကို လှုပ်ရှားကာ နောက်ထပ်အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ ၎င်းက ချီမင်သည် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်နှင့်ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ပေါင်းစပ်ရာမှ ရရှိလာသည့် အံ့ဖွယ်စွမ်းအားဖြစ်သည်။
"ကျိုးပျက်"
ချီမင်သုံးလိုက်သည့်အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းနည်းစနစ်က တောက်ပသည့်အရောင်ကိုးရောင်အလင်းတစ်ချက်လက်လာသည်။ ထိုအလင်းတန်းများက ဖျက်ဆီးခြင်းလောကကို ဖြတ်တောက်သွား၏။
မော့ဝူလင်း၏မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်းကို ချီမင်၏အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းက ဖြေရှင်းလိုက်သည်။ မဟာအံ့ဖွယ်စွမ်းအားကပျောက်ကွယ်သွားပြီး မရှိမှုအဖြစ်ပြောင်းလဲသွား၏။
"ဘာ အဲ့ဒါကဘာကြီးလဲ။" မော့ဝူလင်းက ကြောက်လန့်သွားသည်။"ငါ့ရဲ့အံ့ဖွယ်စွမ်းအား.."
"မဟုတ်ဘူး။" မော့ဝူလင်းက အော်ဟစ်သည်။
"သေစမ်း"
ချီမင်၏ကမ္မဓားချီများ ရောက်ရှိလာတော့သည်။ မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာများအားလုံးကို ထုတ်သုံးရုံပဲရှိတော့ပေမဲ့ သူက ချီမင်၏ကမ္မဓားချီကို မခုခံနိုင်တော့ပေ။
ထိတ်လန့်ဖွယ်အော်သံများထွက်ပေါ်လာ၏။
မော့ဝူလင်းက သွေးအန်သွားပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပေါ်လာသည်။ သွေးများယိုစိမ့်နေပြီး ဒဏ်ရာများ ပြင်းထန်လာသည်။ သူ့မျက်နှာက ဖြူဖျော့သွားသည်။
ချီမင်ခုတ်ပိုင်းလိုက်သည့် ကမ္မဓားချီတွင် ကမ္မ၏စွမ်းအားများပါဝင်သည်။ မော့ဝူလင်းက ဒဏ်ရာရပြီးတော့ ကမ္မစွမ်းအားများက သူ့ဒဏ်ရာများထဲသို့တိုးဝင်သွားပြီး ပိုဆိုးသွားစေသည်။ ၎င်းက မော့ဝူလင်း၏သက်စောင့်စွမ်းအားများနှင့်ကောင်းချီကို တိုက်စားနေသည်။
"မင်း...မင်း.."
မော့ဝူလင်း၏မျက်နှာပေါ်တွင် အကြောက်တရာများ ပေါ်လာသည်။
"နဂါးတမန်တော်။"
"အိုးမဟုတ်ဘူး!”
"နဂါးတမန်တော် အန္တရာယ်ထဲကျရောက်နေပြီ။"
“…”
ကောင်းကင်တွင် နဂါးတမန်ငယ်ကိုးပါးက လှမ်းကြည့်လိုက်သည်။ သူတို့က မော့ဝူလင်း၏အခြေအနေကိုမြင်တော့ ထိတ်လန့်သွားကြသည်။ သူတို့က တိုက်ပွဲကထွက်ပြီး သူ့ကိုကူညီချင်ကြသည်။
"အိပ်မက်မက်နေလိုက်။"
"မင်းတို့ရဲ့ပြိုင်ဘက်က ငါတို့ပဲ။"
"တိုက်ခိုက်"
ဘုန်း ဘုန်း
ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်က အစွမ်းကုန်တိုက်ခိုက်ပြီး အံ့ဖွယ်စွမ်းအားနည်းစနစ်များကို တစ်ခုပြီးတစ်ခုထုတ်သုံးနေကြသည်။ သူတို့က အင်မော်တယ်သားရဲကြီးထွားရာနေရာထဲတွင် နှစ်ပေါင်းများစွာ ကြီးထွားလာကြပြီး အံ့ဖွယ်စွမ်းအားမျိုးစုံကို အကန့်အသတ်ထိနားလည်ကျင့်ကြံထားကြ၏။
ဟော့ချန်ချင်းက အတော်လေးသန်မာသည်။
နဂါးတမန်ငယ်ကိုးပါးက ဟော့ချန်ချင်းတို့လို ဥပဒေသများကို ကျင့်ကြံကြပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်ကြပေမဲ့ ဟော့ချန်ချင်းတို့၏ပြိုင်ဘက်မဟုတ်ပေ။
"ဒါ....ဒါ.."
"အရှင်မော့ဝူလင်းက ဒီအတိုင်းအတာထိတောင် ဖိနှိပ်ခံလိုက်ရပြီ။"
"ဟူး..."
"အရှင်မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးပဲ။ သူက သာမန်ကျင့်ကြံသူ ဆိုရင်တောင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်နေတုန်းပဲလေ။"
"အရမ်းသန်မာလွန်းတယ်။"
"ကောင်းကင်ဉာဏ်အလင်းက အရမ်းသန်မာလွန်းတယ်။"
“…”
ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးနှင့်အင်မော်တယ်များက ထိတ်လန့်သွားကြ၏။ သူတို့က မော့ဝူလင်းကအရေးနိမ့်နေသည်ကို မယုံနိုင်ပေ။
"ပေါက်ကွဲ။ ပေါက်ကွဲ။ ပေါက်ကွဲစမ်း။"
မော့ဝူလင်းက သေတော့မလိုဖြစ်နေသည်။ သူလို အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ယနေ့လိုအခြေအနေမျိုးထိ ကျရောက်နေရပြီး သေခြင်း၏ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပြီဖြစ်သည်။
မော့ဝူလင်းက အော်ဟစ်လိုက်သည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာများကို တစ်ခုပြီးတစ်ခုထုတ်ယူကာ ဖောက်ခွဲလိုက်သည်။ ထိုစွမ်းအားဖြင့် ချီမင်ကို တိုက်ခိုက်လိုက်သည်။
"အချိန်နေရာလွတ်ဝဲဂယက်"
ချီမင်က ညာဘက်လက်ကိုထုတ်ကာ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စွမ်းအားကို လျှို့ဝှက်စွာ သုံးလိုက်သည်။ အချိန်နှင့်နေရာလွတ်၏စွမ်းအားက မြင့်တက်လာပြီး မမြင်နိုင်သည့်ဝဲဂယက်တစ်ခု ဖြစ်လာသည။ ချီမင်၏အနားတွင် မှိန်ဖျော့ဖျော့ တံခါးတစ်ချပ်ပေါ်လာပြီး အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာများ၏ပေါက်ကွဲမှုစွမ်းအားကို အောင်မြင်စွာဖြင့် ကာဆီးပေးနိုင်သွားသည်။
"ကမ္မအတားအဆီး"
ချီမင်က လက်ဝေ့ယမ်းကာ ကမ္မ၏စွမ်းအားများကို ပေါက်ကွဲစေလိုက်ပြန်သည်။ ကြီးကျယ်ခမ်းနားသည့် ရွှေရောင်အလင်းမှာ ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားပြီး အတားအဆီးတစ်ခုဖြစ်ပေါ်လာကာ မော့ဝူလင်းကို ပိတ်လှောင်လိုက်သည်။
သူက မော့ဝူလင်းကို ကမ္မအတာအဆီးဖြင့် ပိတ်လှောင်လိုက်သောကြောင့် ထိုသူကအံ့ဖွယ်စွမ်းအားသုံးပြီး ထွက်ပြေးလို့မရတော့ပေ။ သူက ပြေးပေါက်ပိတ်သွားပြီဖြစ်၏။
"ကောင်းကင်ဉာဏ်အလင်း"
ထိုအခိုက်တွင်မော့ဝူလင်း၏မျက်လုံးများက နီရဲလာပြီး ကောင်းကင်ကိုကြည့်ကာ ကြုံးဝါးလိုက်သည်။ အင်မော်တယ်ဘုရင်နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ဓမ္မစွမ်းအားများ မြင့်တက်လာပြီး ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်သည့်စွမ်းအားကို ချီမင်ထံသို့ ပစ်လွှတ်လိုက်သည်။"သေလိုက်တော့။"
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"
ချီမင်၏အကြည့်က လှုပ်ရှားသွားပြီး အသံနိမ့်နိမ့်ဖြင့် ကြိမ်းမောင်းလိုက်သည်။ မမြင်နိုင်သည့်စွမ်းအင်တုန်ခါမှုလှိုင်းက ပျံ့နှံ့သွားပြီး လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။ မော့ဝူလင်း၏အံ့ဖွယ်စွမ်းအားက ပျောက်ကွယ်သွားပြီး မရှိမှုအဖြစ်ပြောင်းလဲသွားတော့သည်။
ဓမ္မစွမ်းအားများက ပျောက်ကွယ်သွားတော့သည်။
"မင်း...မင်း.."
မော့ဝူလင်း၏အမူအရာက တုန်လှုပ်သွားတော့သည်။ သူ့မျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး နေရာမှာတင် ကြက်သေ သေသွားသည်။ သူက သူ၏အံ့ဖွယ်စွမ်းအားက ထိုသို့ဖြေရှင်းခံလိုက်ရသည်ကို မတွေးမိနိုင်တော့ဟန်တူသည်။"ဘာ.. မင်းဘာလုပ်။"
ချီမင်၏အကြည့်က မထူးမခြားနားဖြစ်နေပေမဲ့ သတ်ဖြတ်လိုစိတ်များကတော့ သိသာစွာထွက်နေ၏။"မင်းက ဓမ္မစွမ်းအားပဲ ကျင့်ကြံတာ။ ကောင်းကင်နဲ့မြေကြီးကို မဆင်ခြင်မနားလည် သလို ဥပဒေသကိုလည်း မကျင့်ကြံဘူး။ အစတည်းက မင်းက လမ်းမှားကို လျှောက်ခဲ့တာ။"
"မင်းက ငါ့ကို အနိုင်ယူချင်တာလား။ ငါ့ကို သတ်ချင်တာလား။"
"ရယ်ချင်အောင် ပြောနေတယ်။"
"ကမ္မဓား"
ချီမင်၏ဓားက ခုတ်ပိုင်းသွားသည်။ ရွှေရောင်ဓားချီက မယှဉ်သာလောက်အောင် ခမ်းနားတောက်ပနေသည်။ ဓားချီက အရပ်မျက်နှာအနှံကို ခုတ်ပိုင်းသွားခဲ့သည်။ တခဏအတွင်းမှာ မော့ဝူလင်း၏ခုခံမှုကို ဖြတ်တောက်သွားသည်။
ဖျော့။
သွေးများပက်ဖြန်းသွားသည်။
မော့ဝူလင်းက အော်ဟစ်သည်။ သူ့အင်မော်တယ်ခန္ဓာက ချီမင်၏ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားသည်။ သို့ပေမဲ့ သူက မသေသေးပေ။ သူက နောက်ဆုံးမှာတော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ သူက မသေနိုင်သည့် သဘာဝကိုပိုင်ဆိုင်ထားပြီး သူ့အသိစိတ်က မပျက်စီးသေးချေ။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို သတ်ဖို့မလွယ်ကူပေ။တကယ်တော့ အင်မတန်ခက်ခဲတာဖြစ်သည်။ အင်မော်တယ်ခန္ဓာက ဖျက်ဆီးခံရရင်တောင် အသိစိတ်ကျန်နေသေးသရွေ့ ပြန်လည်ကျင့်ကြံနိုင်သေးသည်။