ဖျက်ဆီးခြင်း
Vol. 23 Ch. 340
ဥပမာအနေဖြင့် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်တွင် အမတဓာတ်အစအနအချို့ပါရှိသည်။
အလွန်အမင်းရှည်ကြာသည့်အင်မော်တယ်ကမ္ဘာစစ်ပွဲကြီးတွင်။
တိုက်ပွဲက ပြင်းထန်ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းခဲ့သည်။ ထိုတိုက်ပွဲက အထက်ကမ္ဘာကို စုတ်ပြဲသွားစေသောကြောင့် မူလအစအင်မော်တယ်ဘုရင်၏အင်မော်တယ်ခန္ဓာက လေဟာနယ်စကြဝဠာထဲသို့ ကျပြီး နောက်ဆုံးမှာ လျှို့ဝှက်ဆန်းကြယ်ကမ္ဘာအဖြစ်ပြောင်းလဲသွားရသည်။
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က မသေဆုံးခဲ့ပေ။ ထိုအစား ၎င်းတွင် အမတဓာတ်အစအနပါဝင်တာကြောင့် ပြန်လည်ရှင်သန်လာခဲ့သည်။ သူက ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရယူချင်ခဲ့သည်။ ပထမအထက်ကမ္ဘာသို့ ပြန်တက်ဖို့တောင် ဆောင်ရွက်ခဲ့သည်။
ပြောရမည်ဆိုလျှင်။
မူလအစအင်မော်တယ်ဘုရင်က ပြည်နယ်ကိုးလောကမှမဟုတ်ပေ။သို့ပေမဲ့ အထက်ကမ္ဘာ၏လောကသုံးထောင်မှ တစ်ခုဖြစ်သည့် မဟာလောကဓာတ်နယ်ပယ်မှဖြစ်သည်။ သူက မဟာလောကဓာတ်နယ်ပယ်မှ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ သူက မဟာလောကဓာတ်နယ်ပယ်တွင် မူလအစအင်မော်တယ်ဟုခေါ်သည့် ဂိုဏ်းကို တည်ထောင်ခဲ့သည်။
ထို့အပြင် မူလအစအင်မော်တယ်ဘုရင်၏ရန်သူများက တခြား အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးဖြစ်သည်။ သူက သုံးယောက်တစ်ယောက် ဝိုင်းပြီး သတ်ခံခဲ့ရခြင်းဖြစ်သည်။ သူက နောက်ဆုံးမှာတော့ လေဟာနယ်စကြာဝဠာပင်လယ်ထဲသို့ ကျသွားခဲ့၏။
ချီမင်က မူလဇာစ်မြစ်ထံမှ သိရှိခဲ့ရသည်။
တခြားအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက မဟာလောကဓာတ်နယ်ပယ်မှ အခြားသောစွမ်းအားကြီးဂိုဏ်းသုံးခုမှ ဖြစ်သည်။ သူတို့ထဲက တစ်ယောက်က ကောင်းကင်လူသားမျိုးနွယ်ဖြစ်သည်။အခြားတစ်ယောက်မှာ အင်မော်တယ်ဘုရားကျောင်းမှဖြစ်ကာ နောက်ဆုံးတစ်ယောက်ကတော့ ကောင်းကင်တာအိုကျောင်းတော်မှဖြစ်သည်။
ကောင်းကင်တာအိုကျောင်းတော်ကတော့ ချီမင်အဆင့်နိမ့်ကမ္ဘာမှာတုန်းက သူ အချိန်ကာလရတနာ ကမ္ဘာတံခါးကိုသုံးပြီး ကမ္ဘာပေါင်းများစွာကို သွားခဲ့ဖူးသည်။ထိုထဲမှ ကျင့်ကြံခြင်းကမ္ဘာက ထင်သည်။ သူက ကျင့်ကြံခြင်းကမ္ဘာမှ အဆင့်နိမ့်ကမ္ဘာ၏ကောင်းကင်တာအိုကျောင်းတော်နှင့် ကြုံဖူးသည်။
သူတို့နှစ်ဖက်ကြားတွင် ဆက်သွယ်မှုကြီးတစ်ခုရှိလောက်သည်။
"အဟွတ် ဟွတ်"
မော့ဝူလင်းက သွေးအန်လိုက်သည်။ သူက ချီမင်ထံမှ ခါးမှ နှစ်ပိုင်းဖြတ်ခံလိုက်ရ၏။ နာကျင်မှုက မခံမရပ်နိုင်အောင်ပေ။သူက အံ့ဖွယ်စွမ်းအားသုံးကာ ဒဏ်ရာများကို ကုသလိုက်သည်။ မျက်စိကျိန်းလောက်ဖွယ်အလင်းတန်းများတောက်ပလာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။သူက အင်မော်တယ်ခန္ဓာတစ်ခုဖွဲ့စည်းဖို့ ကြိုးစားလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
အင်မော်တယ်ဘုရင်နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားသည်။
ပေါက်ကွဲတော့မည့်အလားပင်။
"ကောင်းကင်ဉာဏ်အလင်း" မော့ဝူလင်းက အော်ဟစ်သည်။
ကံမကောင်းချင်တော့ မော့ဝူလင်းက ချီမင်၏ပြိုင်ဘက်မဟုတ်ပေ။
တိုက်ပွဲထဲတွင် ချီမင်က နည်းစနစ်အားလုံးကို အသုံးပြုခဲ့သည်။ ဗုဒ္ဓနတ်ဆိုးမြေနီမှုန့်ကလွဲ၍ သူက ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးကိုတောင် လျှို့ဝှက်စွာဖြင့် သုံးခဲ့သည်။
ချီမင်၏အကြည့်က အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မနေတော့ဘဲ အော်ဟစ်လိုက်သည်။"မင်းဒီနေ့ သေရမယ်။"
"ကောင်းကင်နဲ့မြေကြီးမဟာတာအို ကမ္မပြန်လည်ဝင်စားခြင်း တာအိုသတ်ဖြတ်ခြင်းနည်းစနစ်"
ချီမင်က အသက်ပြင်းပြင်းရှုကာ သူ၏ဓမ္မစွမ်းအားများအားလုံးကို စုစည်းလိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက မြင့်တက်လာပြီး ကမ္မဓားနှင့်ပေါင်းစပ်သွားသည်။ ကမ္မ၏စွမ်းအားသည် သိပ်သည်းသွားတော့၏။
သူက တာအိုသတ်ဖြတ်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့လိုက်သည်။
ထိုအံ့ဖွယ်စွမ်းအားနည်းစနစ်က ချီမင် အင်မော်တယ်အဆင့်ကိုတက်တုန်းက ဖရိုဖရဲမဟာတာအိုကျမ်းမှနားလည်သဘောပေါက်ခဲ့သည့် နည်းစနစ်ဖြစ်သည်။ သူက ထိုအချိန်တုန်းကပဲ မဟာတာအိုအင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုနည်းစနစ် ရန်သူ၏ပန်းသုံးပွင့်ကို တိုက်ရိုက်ဖြတ်တောက်နိုင်သည်။
အတော်လေးကို လွှမ်းမိုးနိုင်စွမ်းပြင်းထန်ပေသည်။
"ပထမရိုက်ချက်"
ချီမင်က သူ့လက်ထဲမှဓားဖြင့် ခုတ်ချလိုက်သည်။ ဓားအလင်းတန်းမှာ ကျရောက်သွားသည်။ နေရာလွတ်မှာ ဓားကြောင့်နှစ်ခြမ်းပိုင်းသွားပြီး လျင်မြန်စွာဖြင့် မော့ဝူလင်းထံသို့ ကျရောက်လာသည်။ဓားအလင်းတန်းက ထိုသူ၏ခုခံမှုများကို ချိုးဖြတ်သွား၏။"ပန်းသုံးပွင် ဖြတ်တောက်ချက်။"
ချီမင်၏ဓားက မော့ဝူလင်း၏ခေါင်းပေါ်ကို ခုတ်ချသွားသည်။ ထိုဓားချက်တွင် ပါဝင်နေသည့်အံ့ဖွယ်စွမ်းအားက ပန်းသုံးပွင့်ကို သက်ရောက်သွားတော့သည်။
ဘုန်း
မော့ဝူလင်း၏ခေါင်းအထက်မှ ပန်းသုံးပွင့်သည် ချီမင်၏ဓားထံမှ ပူဖောင်းလေးများအလား ဖြတ်တောက်ခံလိုက်ရသည်။ ပန်းသုံးပွင့်မှာ ပျောက်ကွယ်သွားကာ ကောင်းကင်၌ အလင်းစက်လေးများအဖြစ်သာ ကျန်ခဲ့တော့၏။
"မဟုတ်ဘူး" မော့ဝူလင်းက ကြောက်လန့်သွား၏။ သူက ထိုကဲ့သို့အံ့ဖွယ်စွမ်းအားမျိုးနှင့် ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်သည်။ သူက မခုခံလိုက်နိုင်ပေ။ သူက ပန်းသုံးပွင့် ဖျက်ဆီးခံလိုက်ရတာသာ သိသာစွာ ခံစားမိလိုက်သည်။
မော့ဝူလင်း၏ဓမ္မစွမ်းအားများသည် လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားတော့သည်။ သူ့နယ်ပယ်က လျင်မြန်စွာဖြင့် အားနည်းလာသည်။ ခေါင်းထက်မှ ပန်းသုံးပွင့်ဆိုသည်က မိုးမျှော်တိုက်၏အခြေခံအုတ်မြစ်လိုမျိုးဖြစ်လေသည်။
ယခု ချီမင်က မော့ဝူလင်း၏ပန်းသုံးပွင့်ကို တာအိုသတ်ဖြတ်ခြင်းနည်းစနစ်သုံးကာ သတ်ဖြတ်လိုက်ခြင်းက မိုးမျှော်တိုက်တစ်ခု၏အုတ်မြစ်ကို ဖျက်ဆီးလိုက်ခြင်းနှင့်တူ၏။ ထို့သို့ဖြင့် အခြေခံက ဖျက်ဆီးခံလိုက်ရသည်။ မည်မျှခိုင်မာသည့် မိုးမျှော်တိုက်ဖြစ်ပါစေ အုတ်မြစ်ပျက်စီးသွားပါက ချက်ချင်းကိုပြိုကျလာပေမည်။
မော့ဝူလင်း၏ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာ လျော့ကျလာသည်။
"ဟူး"
"ဒါကြီးက ဘယ်လိုအံ့ဖွယ်စွမ်းအားမျိုးလဲ။"
"အရမ်းကြောက်ဖို့ကောင်းသွားပြီ။"
"သူက မော့ဝူလင်းရဲ့ပန်းသုံးပွင့်ကို ဖျက်ဆီးနိုင်တာလာ။"
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။!”
"အရမ်းကို ထိတ်လန့်ဖို့ကောင်းသွားပြီ။"
"ပန်းသုံးပွင့်ဖြတ်ခံလိုက်ရပြီ။ အဲ့ဒါက ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးလိုက်တာနဲ့ တိုက်ရိုက်ညီမျှတယ်။"
"ဒါ...ဒါ...ဒီ.."
ရှိနေကြသည့် အင်မော်တယ်များက ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရပြီး ကြောက်လန့်သွားကြသည်။ ချီမင်သုံးလိုက်သည့် အံ့ဖွယ်စွမ်းအားက အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။
အင်မော်တယ်များအားလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်ပါသည်။
"မပြီးသေးဘူး!”
ချီမင်က မော့ဝူလင်းကို ငုံ့ကြည့်ကာ သူ့လက်ထဲက ကမ္မဓားကို မြှောက်လိုက်ပြန်သည်။" ဒုတိယရိုက်ချက်။"
"ကောင်းချီးဖြတ်တောက်ခြင်း။"
ချီမင်က နောက်ထပ်ဓားချက်တစ်ချက် ထုတ်ဖော်လိုက်သည်။ ရွှေရောင်ဓားအလင်းက ခမ်းနားထည်ဝါပေသည်။
မူလတာအိုသတ်ဖြတ်ခြင်းနည်းစနစ်က ပန်းသုံးပွင့်ကို သာ ဖြတ်တောက်နိုင်သည်။
ယခု တာအိုသတ်ဖြတ်ခြင်းနည်းစနစ်က အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်ပေါင်းစပ်ထားခြင်းဖြစ်၏။
သူက အခု ပန်းသုံးပွင့်အပြင် ကောင်းချီးကိုပါ ဖြတ်တောက်နိုင်ပြီဖြစ်သည်။
ချီမင်၏ဓားချက်က မော့ဝူလင်း၏အင်မော်တယ်ခန္ဓာပေါ်သို့ ကျရောက်လာပြန်၏။သို့ပေမဲ့ သိသာထင်ရှားတဲ့ဒဏ်ရာတော့ပေါ်မလာချေ။ သို့ပါသော်လည်း ၎င်းက မော့ဝူလင်း၏ခန္ဓာကိုယ်ပေါ်မှ ကောင်းချီးအားလုံးကို ဖြတ်တောက်သွားသည်။
ပျောက်ကွယ်သွားခဲ့ပေပြီ။
"မဟုတ်ဘူး မဟုတ်။ မဟုတ်ဘူး။"
မော့ဝူလင်းက အကြောက်တရားအစစ်မှန်ကို ခံစားမိလိုက်သည်။ သူက ကောင်းချီးများပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။"ငါ့ရဲ့ကောင်းချီးတွေ။ ငါ့ရဲ့ကောင်းချီး။ မဟုတ်ဘူး။"
တစ်ချိန်တည်းမှာ မော့ဝူလင်း၏ကောင်းကင်လူသားကျဆင်းခြင်းငါးပါးသက်ဆင်းလာတော့သည်။
မော့ဝူလင်းက သူ့ကိုယ်ထဲမှ ကုသိုလ်များကို ချက်ချင်းပဲ စုစည်းလိုက်သည်။ ရွှေရောင်ကုသိုလ်အလင်းများသည် ခမ်းနားစွာတောက်ပလာတော့၏။ မော့ဝူလင်း၏နောက်တွင် ကုသိုလ်လှည်းဘီးတစ်ခု ပေါ်လာသည်။
ကံဆိုးချင်တော့။
အချည်းနှီးပင်။
ချီမင်က တတိယရိုက်ချက်ကို ထုတ်လွှတ်လိုက်သည်။
"တတိယရိုက်ချက်။"
ချီမင်၏အကြည့်က အေးစက်နေသည်။ ဓားမြည်သံက တွဲလျက်လိုက်ပါလာပြီး ဖြတ်တောက်သွား၏။ ရွှေရောင်ဓားချီများမှာ မော့ဝူလင်းကို လခြမ်းကွေးသဖွယ် ဖြတ်တောက်သွား၏။
ခရက် ခရက်
ချက်ချင်းပဲ ကုသိုလ်လှည်းဘီးမှာ ကြေမွသွားကာ အလင်းစက်များအဖြစ်ပြောင်းလဲသွားတော့၏။ သူမရေမတွက်နိုင်လောက်သော နှစ်ကာလပေါင်းများစွာကြာအောင် စုဆောင်းခဲ့ရသည့် ကုသိုလ်များကို ထိုအခိုက်တွင် ချီမင်က ဖျက်ဆီးပစ်ခဲ့သည်။
"ငါ့ရဲ့ ကုသိုလ်..ကုသိုလ်။"မော့ဝူလင်း၏ကိုယ်က တုန်ယင်လာသည်။ ထိုတဒင်္ဂတွင် သူက ချီမင်၏ထိတ်လန့်ဖွယ်ကောင်းမှုကို ခံစားမိလိုက်သည်။"မင်း..မင်းဘယ်သူလဲ။ မင်းရဲ့ သရုပ်မှန်က ဘာလဲ။"
"မင်း...မင်း.."
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
ထိုအံ့ဖွယ်စွမ်းအားမျိုးကို ကြားပင်မကြားဖူးခဲ့ချေ။
အံ့ဖွယ်စွမ်းအားက ပန်းသုံးပွင့်ကို ဖျက်ဆီးနိုင်သည်ကပင် လန့်စရာကောင်းနေပါပြီ။ အခု ကောင်းချီးနှင့်ကုသိုလ်ကိုပါ ဖြတ်တောက်နိုင်သည်။
အထက်ကမ္ဘာအင်မော်တယ်များအတွက် ကောင်းချီးကုသိုလ်တို့မရှိခြင်းက ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာမည်ဟု ဆိုလိုသည်။
မော့ဝူလင်း၏ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာသည်။
ပထမကျဆင်းခြင်း ညစ်ညမ်းခြင်း
မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ သူ့အဝတ်အစားက သန့်ရှင်းနေပြီး အမှုန်အမွှားများ မကပ်ညှိပေ။ သူ၏အင်မော်တယ်ချီများက သန့်စင်ခဲ့ပေမဲ့ ထိုအခိုက်တွင် ညစ်ညမ်းပြီး နောက်ကျိလာသည်။ သူက သေမျိုးတစ်ယောက်အတိုင်း ဖုန်မှုန့်များ ပေကျံကာ ညစ်ပတ်သွားသည့်အတိုင်းပင်။
"ဒါ...ဒါ...ဒီ.."
"ကောင်းကင်လူသားကျဆင်းခြင်းငါးပါး။ တကယ်ကြီး ကောင်းကင်လူသားကျဆင်းခြင်းငါးပါးပဲ။"
"ဘုရားရေ။"
"မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်လေ။ ကောင်းကင်ဉာဏ်အလင်းက သူ့ရဲ့ ပန်းသုံးပွင့်ကို အတင်းအကြပ်ဖြတ်တောက်လိုက်တာပဲ။ ဓားချက်က ကောင်းချီးနဲ့ကုသိုလ်ကိုဖြတ်တောက်လိုက်လို့ ကောင်းကင်လူသားကျဆင်းခြင်းငါးပါး ကျရောက်လာတာဖြစ်ရမယ်။"
"ဟူး"
"ကောင်းကင်လူသားကျဆင်းခြင်းငါးပါးပဲ။ အင်မော်တယ်အားလုံးကို ဖြူဖျော့သွားအောင်လုပ်နိုင်တဲ့အရာပဲ။"
“…”
ပတ်ဝန်းကျင်တွင် တိုက်ပွဲအနီးနားမှ အင်မော်တယ်များသည် တုန်ယင်ကြောက်လန့်လာကြသည်။ သူတို့က အကြောက်တရားကို ခံစားလိုက်ရသည်။ အင်မော်တယ်များ၏ကောင်းကင်လူသားကျဆင်းခြင်းငါးပါးအပေါ်အကြောက်တရားက သေမျိုးများက သေရမည်ကို ကြောက်သလိုပင်။
"မဟုတ်ဘူး" မော့ဝူလင်းက သနားစဖွယ်အော်ဟစ်သည်။ သူက လက်မခံချင်ပေမဲ့ ငြင်းပယ် လို့မရတော့ပေ။ သို့ပေသော်လည်း ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာမှုနှင့်အတူ ပန်းသုံးပွင့်ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် သူ့ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာ လျော့ကျနေသည်။ သူက ခုခံဖို့ရာ မစွမ်းသာပေ။
မျက်စိတစ်မှိတ်အတွင်းမှာ
ဒုတိယကျဆင်းခြင်း ဆံသားဖြူ
မော့ဝူလင်းက မူလက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်သည့်အတွက် သူက သဘာဝအတိုင်း သက်စောင့်စွမ်းအင်များ ပြည့်နှက်နေလေသည်။ သူက ခမ်းနားကျက်သရေရှိကာ သူ့တစ်ကိုယ်လုံးတွင် အလင်းတန်းများ ဖုံးအုပ်နေ၏။ သို့ပါသော်လည်း ထိုအခိုက်တွင် သူ့ဆံပင်များက ဆွေးမြေ့ ဖြူဖွေးလာသည်။ အလင်းရောင်များပျောက်ကွယ်သွားတော့ တစ်ခေါင်းလုံးက ဖြူဖွေးသွားလေသည်။
မော့ဝူလင်းက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
တတိယကျဆင်းခြင်း စိတ်အားနည်းချက်
မော့ဝူလင်းက ကြောက်လန့်ပြီး တုန်ယင်လာခဲ့သည်။ သူ၏စိတ်အနက်ထဲတွင် စိတ်နတ်ဆိုးများ ကြီးထွားလာသည်။ သူက စတင်မသက်မသာဖြစ်ကာ မကောင်းသည့်အတွေးများ ပေါက်ဖွားလာသည်။
စတုတ္ထမြောက်ကျဆင်းခြင်း ခန္ဓာဆွေးမြေ့ခြင်း
သေဆုံးခြင်းစွမ်းအားအရိပ်ငွေ့တို့မှာ မော့ဝူလင်း၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။ ညစ်ညမ်းချီများက သူ့ခန္ဓာကိုယ်ကို ဝန်းရံလာပြီး သူ၏သက်စောင့်စွမ်းအားများ ပျက်စီးသွားစေတော့သည်။ သူ့တစ်ကိုယ်လုံးက ယိုယွင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက ရေသောက်မြစ်ဆုံးရှုံးလိုက်ရသည့်အပင်တစ်ပင်အလား ညိုးရော်လာသည်။
ပိုပြီးအရေးကြီးသည်က။
မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး၏ကောင်းကင်လူသားကျဆင်းခြင်းငါးပါးက အတော်လေးကို ရုတ်ရုတ်သဲသဲဖြစ်စေသည်။ လေးခုမြောက်ကျဆင်းခြင်းက အသိသာအထင်ရှားဆုံးဖြစ်သည်။
သေဆုံးခြင်းနှင့် ညစ်ညမ်းချီတို့မှာ ပတ်ဝန်းကျင်ကို စတင်တိုက်စားလာသည်။
မော့ဝူလင်းက သူ့သေတော့မည်ကို သိပေသည်။ သူ့ခေါင်းတစ်ခုလုံးက ဖွေးဆွတ်နေကာ ခန္ဓာကိုယ်က ခြောက်သွေ့နေသည်။ ထိုအခိုက်တွင် သူက မဟာယနအဆင့်ထိကျသွားပြီး နောက်ဆုံးထွက်သက်ကို ရှုနေရသည်။"ကောင်းကင်ဉာဏ်အလင်း။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က မင်းကိုလုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။ ကျိန်းသေပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။"
"ငါက သာမန် လက်သည်းငါးခုရွှေနဂါးတမန်တော်တစ်ပါးပဲ။ ငါ့အထက်မှာ လက်သည်းခုနစ်ခုစစ်မှန်နဂါးတမန်တော်နဲ့ လက်သည်းကိုးခုဘိုးဘေးနဂါးတမန်တော် ရှိတယ်။အဲ့ထက် စွမ်းအားကြီးတဲ့သူတွေ ရှိသေးတယ်။"
"မင်း လွတ်မှာမဟုတ်ဘူး။ မင်းလွတ်မှာ မဟုတ်ဘူး။"
"ဟားဟား.."မော့ဝူလင်းက အေးစက်စွာ ကြည့်ကာ ကောင်းကင်ယံသို့ အော်ဟစ်လိုက်တော့သည်။"ငါမင်းကို စောင့်နေမယ်။"
မော့ဝူလင်း၏ရယ်သံကြားမှာပဲ သူ၏အင်မော်တယ်ခန္ဓာက ခြေထောက်ကနေ စတင် ပြာကျသွားတော့သည်။ လေတစ်ဝှေ့မှာ ဖုန်မှုန့်များဖြစ်သွားကာ ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားသည်။
ရုပ်ခန္ဓာဖြစ်စေ အနှစ်သာရဝိညာဉ်ဖြစ်စေ စစ်မှန်ဝိညာဉ်ဖြစ်စေ အသိစိတ်ဖြစ်စေ အကုန်လုံးပြာကျသွားတော့သည်။
ပဉ္စမြောက်ကျဆင်းခြင်း ဖျက်ဆီးခြင်းဖြစ်သည်။
ထိုအချိန်မှာတော့ မော့ဝူလင်းက သေသွားတော့သည်။
"သူတို့ လာပါစေ။" ချီမင် ဂရုမစိုက်စွာပြောလိုက်သည်။"လာတဲ့သူမှန်သမျှကို သတ်ပြစ်မယ်။ ငါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တစ်ခုလုံး အကြောက်တရားကို ခံစားမိတဲ့အထိ သတ်ဖြတ်ပစ်မယ်။"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။
မော့ဝူလင်း၏သိုလှောင်လက်စွပ်က ချီမင်၏လက်ထဲသို့ ကျရောက်လာသည်။ အထဲတွင် အင်မော်တယ်သလင်းကျောက်များ အင်မော်တယ်ဆေးများ၊ကုန်ကြမ်းများနှင့် ချီမင်လိုချင်သည့် ကျင့်ကြံခြင်းနည်းစနစ်များစွာရှိသည်။
သူက သိုလှောင်လက်စွပ်ကို ပစ္စည်းစာရင်းထဲသို့ ထည့်လိုက်ပြီး ခေါင်းမော့ကာ နဂါးတမန်ငယ်ကိုးပါးကို ကြည့်လိုက်သည်။
နဂါးတမန်ငယ်ကိုးပါးက မော့ဝူလင်း၏သေဆုံးခြင်းကိုတွေ့တော့ ကြောက်လန့်သွားကြသည်။ သူတို့က ထွက်ပြေးချင်လာကြသည်။
သို့ပေသော်လည်း အင်မတန်နောက်ကျသွားပြီဖြစ်၏။