← Chapters

ရယူခြင်းနှင့်ထွက်ခွာခြင်း

Vol. 23 Ch. 341

ရယူခြင်းနှင့်ထွက်ခွာခြင်း

Vol. 23 Ch. 341

"အိုးမဟုတ်ဘူး!”

"ပြေး!”

"အရှင်မော့ဝူလင်းက သေသွားပြီ။ ငါတို့ ဆက်နေရင် သေသွားလိမ့်မယ်။ ဒီကနေပြေးတော့။ အထက်ကအရှင်တွေကို ဒီကကိစ္စတွေ အကုန်တင်ပြရမယ်။"

"စစ်မှန်နဂါးရွှေရောင်အလင်းလွတ်မြောက်ခြင်းနည်းစနစ်။"

ဆွတ်ရှ်စ် ဆွတ်ရှ်စ်

နဂါးတမန်ငယ်ကိုးပါးက သက်ဆိုင်ရာလွတ်မြောက်ခြင်းနည်းစနစ်တွေကိုသုံးပြီးရွှေနဂါးပုံစံအလင်းတန်းအဖြစ်ပြောင်းလဲကာ မတူညီနေရာကိုးနေရာသို့ ခွဲကာ ပြေးတော့သည်။

သူတို့ကအတော်လေး မြန်သည်။နေရာခုန်ကူးသွားသည့်အတိုင်းပင်။

"တိုက်ကြ"

"မင်းတို့မလွတ်ပါဘူး။"

"ထိုက်ချီသတ်ဖြတ်ခြင်းအစီအရင်"

"လေဟာနယ်နဂါးမီးတောက်"

"သေစမ်း.."

ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်က အရင်ဆုံးလိုက်ဖမ်းလိုက်သည်။ သူတို့ အော်ဟစ်နေရင်း နဂါးတမန်ငယ်ကိုးပါးနောက်သို့ လျင်မြန်စွာဖြင့် လိုက်လံဖမ်းဆီးရတော့၏။ သူတို့က အင်မတန်စွမ်းအားကြီးသည့်အံ့ဖွယ်စွမ်းအားများကိုသုံးနေသောကြောင့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာကာ နေရာလွတ်ကပါ တုန်ခါသွားရသည်။

"ကမ္မဓားကမ္ဘာ"

ချီမင်က သူ့လက်ထဲမှဓားဖြင့် ခုတ်ချလိုက်သည်။ ကမ္မစွမ်းအားများမှာ ရွှေရောင်ဓားအလင်းအဖြစ်ပြောင်းလဲကာ မိုးမြေကိုတောင် ဖုံးအုပ်သွားရသည်။ ချက်ချင်းပဲ ၎င်းက ထွက်ပြေးနေကြသည့်နဂါးတမန်ငယ်ကိုးယောက်ကိုဖမ်းမိသွား၏။

ရွှေရောင်ဓားအလင်းက ရွှေရောင်အလင်းမျက်နှာပြင်တစ်ခုသဖွယ်အတားအဆီးတစ်ခုအဖြစ် စုစည်းသွားသည်။ ယင်းက ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသကဲ့သို့ နဂါးတမန်ငယ်ကိုးပါး၏လွတ်လမ်းများကို ပိတ်ဆို့ထားသည်။

"တာအိုသတ်ဖြတ်ခြင်းနည်းစနစ်။"

ကလန်! ကလန်!

ချီမင်၏အကြည့်က အေးစက်နေသည်။ သူ့ဓားက တာအိုရယူမှုတောင် ဖြတ်တောက်နိုင်သည်ဟု ဆိုနိုင်သည်။ ရွှေရောင်ကမ္မဓားချီက နဂါးတမန်ငယ်ကိုးပါး၏ပန်းသုံးပွင့်ကိုလိုက်လံဖြတ်တောက်နေသည်။၎င်းက သူတို့၏တာအိုအောင်မြင်မှုနှင့်ကျင့်ကြံခြင်းအဆင့်ကိုဖြတ်တောက်နေခြင်းဖြစ်သည်။

ထိတ်လန့်ဖွယ်အော်သံများထွက်ပေါ်လာ၏။

"မဟုတ်ဘူး မဟုတ်ဘူး။"

"ငါ့ရဲ့ဓမ္မစွမ်းအားတွေ၊ကျင့်ကြံခြင်းတွေ။"

"မဟုတ်ဘူး"

"အား"

ကြောက်လန့်တကြားအော်ဟစ်သံများထွက်လာသည်။

"သေ"

ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်က တိုက်ခိုက်လိုက်သည်။ သူတို့က အံ့ဖွယ်စွမ်းအားပေါင်းစုံသုံးလာကြသည်။ ဖျက်ဆီးခြင်းစွမ်းအားလည်း ပါဝင်သည်။ ဥပဒေသစွမ်းအားများမှာ ရောထွေးယှက်နွယ်နေသောကြောင့် မျက်စိကျိန်းလောက်ဖွယ်တောက်ပသည့် အလင်းစီးကြောင်းကြီးဖြစ်ပေါ်လာကာ ကောင်းကင်ကိုတောင် ဖုံးအုပ်သွားသည်။

သွေးများဖြာထွက်လာသည်။

ကောင်းကင်ကြီးတွင် အလင်းများပြည့်နှက်နေပြီး ဖျက်ဆီးခြင်းစွမ်းအားက နဂါးတမန်ငယ်များကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်နေသည်။ ချီမင်က နဂါးတမန်ငယ်ကိုးပါး၏ပန်းသုံးပွင့်ကိုဖြတ်တောက်ထားသည့်အတွက် သူတို့ကျင့်ကြံခြင်းအဆင့်များက ကျဆင်းနေကြ၏။ သူတို့က ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်ကို မခုခံနိုင်တော့ချေ။

အချိန်တိုလေးအတွင်းမှာ နဂါးတမန်ငယ်ကိုးပါးလုံးမှာ ဟော့ချန်ချင်းတို့လက်ထဲ၌ သတ်ဖြတ်ခံလိုက်ရသည်။ သူတို့အလောင်းများက မြေပြင်ပေါ်သို့ ပြတ်ကျသွား၏။

"ရန်သူအားလုံး သတ်ဖြတ်ခံလိုက်ရပါပြီ။"

“…”

ဟော့ချန်ချင်းတို့က ချီမင်ထံသို့ ပျံသန်းလာကာ သတင်းပို့လိုက်သည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "ကောင်းတယ်။"

နောက်တော့ ဟော့ချန်ချင်းတို့က တိုက်ပွဲမြေပြင်ကိုရှင်းလင်းကာ တိုက်ပွဲဆုလဒ်များကို စုစည်းနေသည်။ ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များ ကိုသာ စိတ်ဝင်စားသည်။

သူက စစ်ဆေးလိုက်သည်။

ချီမင်က နဂါးတမန်ငယ်ကိုးပါးထံမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်(၁၂)ခု ရလိုက်ပြီး တခြားဆုလဒ်များက ပိုပြီးတော့တောင် များသေးသည်။

လွှမ်းခြုံအိမ်ယာမြို့တော်မှ တိုက်ပွဲမြေပြင်အနားတွင်။

အင်မော်တယ်များက တိုက်ပွဲအနေအထားကို ကြည့်နေကြသေးသည်။ သူတို့က တိုက်ပွဲရလဒ်ကို ရှင်းလင်းစွာဖြင့် မြင်လိုက်ရသည်။ မော့ဝူလင်း၏ပန်းသုံးပွင့်က ဖြတ်တောက်ခံရပြီး ကောင်းချီးကုသိုလ်လည်း ဖျက်ဆီးခံရ၏။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူက ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကိုကြုံရပြီး သေဆုံးသွားခဲ့ရသည်။ သူက ပြာကျသွားကာ အလောင်းတောင်မကျန်ခဲ့ပေ။ အတော်လေးကို သနားစဖွယ်ကောင်းပေသည်။

ထို့ပြင် နဂါးတမန်ငယ်ကိုးပါး၏ပန်းသုံးပွင့်ကလည်း ဖြတ်တောက်ခံရလိုက်သည်။ သူတို့က ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်ထံမှ သတ်ဖြတ်ခံလိုက်ရပြီး မပျက်စီးသေးသည့် အလောင်းများကျန်နေခဲ့သေး၏။

"စုပ်ယူ။"

ချီမင်က အတွေးတစ်ချက်ဖြင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ် များကို တွက်ချက်ခြင်းစနစ်ထဲသို့ ပစ်ထည့်လိုက်သည်။ စုစုပေါင်း မြင့်မြတ်ကောင်းကင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်အခု(၂၀) ရှိသည်။ ဆယ့်နှစ်ခုက နဂါးတမန်ငယ်ကိုးပါးထံမှဖြစ်ပြီး တခြားရှစ်ခုကတော့ မော့ဝူလင်း၏သိုလှောင်လက်စွပ်ထံမှဖြစ်သည်။

တွက်ချက်ခြင်းစနစ်က ကျင့်ကြံခြင်းနည်းစနစ်များထံမှ လျှို့ဝှက်ဆန်းကြယ်မှုများကို စုပ်ယူကာ ဖရိုဖရဲမဟာတာအိုကျမ်းထဲသို့ ပေါင်းစပ်နေခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းထဲသို့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၂၀)ပေါင်းစပ်နိုင်ပြီး ကျင့်ကြံခြင်းနည်းစနစ်အထဲမှစစ်မှန်ရည်ရွယ်ချက်များကိုပေါင်းစည်းနိုင်ခဲ့ပါတယ်။အနှစ်သာရများကိုစုပ်ယူကာ အညစ်အကြေးများကို ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ သင့်ရဲ့တွက်ချက်နှုန်းက အနည်းငယ်တိုးတက်သွားပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က မော့ဝူလင်း၏သိုလှောင်လက်စွပ်ထဲမှလည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်များကိုရှာတွေ့သွားပြီး တွက်ချက်ခြင်းစနစ်ထဲသို့ ပစ်ထည့်လိုက်သည်။ဖရိုဖရဲမဟာတာအိုကျမ်းက စုပ်ယူပေါင်းစပ်သွားတော့သည်။

တွက်ချက်နှုန်းက အနည်းငယ်တိုးတက်သွားသည်။

"မဆိုးဘူး" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

ချီမင်က ရှေးဟောင်းအင်မော်တယ်မြို့တော်ထံမှထွက်ခွာလာခဲ့ပြီး ခရီးထွက်နေခဲ့သည်မှာ နှစ်တစ်သောင်းကျော်ကြာခဲ့ပေသည်။ သူက တိမ်မိုးကြိုးပြည်နယ်ထံမှ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်သို့ လာခဲ့သည်။ထိုလမ်းတစ်လျှောက်တွင် ကိစ္စများစွာ ကြုံတွေ့ခဲ့သည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို အင်မော်တယ်သလင်းကျောက်များစွာ သုံးပြီးဝယ်ယူခဲ့သည်။

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များက အတော်လေးတန်ဖိုးရှိပေသည်။ အင်မော်တယ်သလင်းကျောက်များရှိရင်တောင် ဝယ်ယူဖို့မလွယ်ကူပေ။ သို့ပါသော်လည်း ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို ဝယ်ယူနိုင်ခဲ့သေးသည်။

ချီမင်တွင် အင်မော်တယ်သလင်းကျောက်များ မရှားပါးပေ။ သူက အင်မော်တယ်လေလံပွဲတွင် အထက်ကမ္ဘာရှိကျင့်ကြံခြင်းနည်းစနစ်များကို ဈေးကွက်တန်ဖိုးထက်များစွာမြင့်ပြီးသုံးကာ လေလံဆွဲခဲ့သည်။

"စီနီယာကို အရိုအသေပြုပါတယ်။"

လွှမ်းခြုံအိမ်ယာမြို့တော်တွင်။

ဒုန်း။ ဒုန်း။

လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်၊ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးနှင့် ရွှေအင်မော်တယ်များစွာက ဒူးထောက်ကာ ချီမင်ကို အရိုအသေပြုလိုက်သည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူ့အကြည့်က တည်ငြိမ်နေသည်။ သူက ညာဘက်လက်ကိုယမ်းလျက် မြို့ကာကွယ်ရေးအစီအရင်ကို ပူဖောင်းလေးတစ်ခုအလား ဖြိုခွဲလိုက်သည်။ အစီအရင်က ပျောက်ကွယ်သွားတော့သည်။

ဂလု!

လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်က တံတွေးမြို့ချကာ အထွန့်မတတ်ရဲပေ။

"ကာမဂိုဏ်း"

ချီမင်၏အကြည့်က ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးပေါ်သို့ ကျရောက်သွားသည်။

"ကျွန်တော်တို့...ကျွန်တော်တို့ဒီမှာပါ.."

"စီနီယာ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ။"

“…”

ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက တုန်ယင်သွား၏။

ချီမင်က ညွှန်ကြားလိုက်သည်။"မင်းတို့ ကာမဂိုဏ်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်နဲ့အံ့ဖွယ်စွမ်းအား အကုန်လုံးကို သွားပြီး ကူးလာခဲ့။ ငါအခု ချက်ချင်း မြင်ချင်တယ်။"

"ဒါကြီးက..."

"စီနီယာ"

ကာမဂိုဏ်းမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များ၏အမူအရာက အနည်းငယ်တောင့်တင်းသွားကြသည်။

"ဟုတ်ကဲ့!”

သူတို့ မနာခံဘဲ မနေရဲပေ။ သူတို့က ငြင်းလိုက်ရင် သေချာပေါက်သေသွားလောက်မည်။ ချီမင်က သနားနေစရာမနေပေ။

"သွား" ချီမင်က ပြောလိုက်သည်။"မင်းတို့ရဲ့ နည်းစနစ်တွေကို သွားကူးခိုင်းတာ။ မင်းတို့ထဲက တစ်ယောက်ပဲသွားရုံပဲ။"

"ဟုတ်။" ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက ခေါင်းကို အမြန်ညိတ်လိုက်သည်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်တစ်ယောက်က ထွက်သွားလေ၏။ သူက ကောင်းကင်ပေါ်သို့ ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားတော့၏။

"လွှမ်းခြုံအိမ်ယာမြို့အရှင်" ချီမင်က ဆက်ပြောသည်။"ကျုပ် လွှမ်းခြုံအိမ်ယာမြို့တော်ရဲ့စာကြည့်တိုက်ကို အရမ်းသိချင်နေတယ်။ လွှမ်းခြုံအိမ်ယာမြို့တော်ရဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နဲ့ အံ့ဖွယ်စွမ်းအား အကုန်လုံးကို သွားပြီး ကူးလာခဲ့။"

"ဟုတ်ကဲ့ပါ စီနီယာ" မြို့အရှင်က လျင်မြန်စွာ ပြောလိုက်သည်။

လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်အဆင့်အတန်းက ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြို့အရှင် မင်ဟဲနှင့် အတူတူပဲဖြစ်သည်။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အရာရှိတစ်ဦးဖြစ်သည်။

ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အဖွဲ့အစည်းဖြစ်သည့် ကိုးပြည်ထောင်နဂါးပွဲကြည့်စင်မှ လက်သည်းငါးခုရွှေနဂါးတမန်တော်ကို သတ်ခဲ့ပြီးပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်တစ်ထောင်က သူသည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကိုဖျက်ဆီးပြီး မြင့်မြတ်ကောင်းကင်ကိုးဦးနှင့် အင်မော်တယ်များကို သတ်ဖြတ်ခဲ့သည်။

ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ဆန့်ကျင်ဘက်တွင် လုံးဝကိုနေခဲ့သည်။

သာမန်အားဖြင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အရာရှိ ဖြစ်သော လွှမ်းခြုံအိမ်ယာမြို့အရှင်က သေချာပေါက် ချီမင်ကို ကျိန်းသေပေါက် မဖော်ရွေသင့်ပေ။ သို့ပါသော်လည်း ချီမင်ကအတော်လေးစွမ်းအားကြီးကာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်မော့ဝူလင်းကို သတ်ဖြတ်ထားလေသည်။

သူက စွမ်းအားကြီးလေသည်။

လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်က ချီမင်ကိုဘယ်လိုလုပ်များ စော်ကားရဲမှာလဲ။

သူက ညွှန်ကြားချက်များကို နားထောင်ရုံသာ တတ်နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နေ့တစ်ဝက်ကြာသွားပြီး ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဘိုးဘေး ပြန်လာသည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ခုနစ်ခုနှင့် အသေးစားအံ့ဖွယ်စွမ်းအားခြောက်ခုကို ပြန်ယူလာပြီး ချီမင်ကို လေးစားစွာပေးလိုက်သည်။

"စီနီယာ" ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်က ကျင့်ကြံခြင်းနည်းစနစ်များနှင့်အံ့ဖွယ်စွမ်းအားကျောက်စိမ်းစလစ်များကို ချီမင်ထံသို့လွှဲပေးလိုက်သည်။"ဒါက ကျွန်တော်တို့ ဂိုဏ်းရဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နဲ့ အသေးစားအံ့ဖွယ်စွမ်းအားတွေပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"

"မဆိုးဘူး" ချီမင်က ကျောက်စိမ်းစလစ်များကို ထုတ်ယူကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

နောက်ထပ်နာရီဝက်ကြာသွားသည်။

"စီနီယာ" လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင်ကလည်း ပြန်ရောက်လာသည်။"ဒါက ကျွန်တော်တို့မြို့မှာ ရှိတဲ့ ကျင့်ကြံခြင်းနည်းစနစ်အားလုံးပါ။ စုစုပေါင်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ရှစ်ခုနဲ့ အသေးစားအံ့ဖွယ်စွမ်းအားခုနစ်ခုပါ။"

"မဆိုးဘူး" ချီမင်က ခေါင်းအသာ ညိတ်ကာ ဆိုလိုက်သည်။" ကောင်းတယ်။"

"ကျွန်တော် စီနီယာရဲ့ညွှန်ကြားချက်ကိုအကောင်းဆုံးလုပ်ပေးပါမယ်။" မြို့အရှင်က ဆိုလိုက်သည်။

ချီမင်က ကျင့်ကြံခြင်းနည်းစနစ်များအားလုံကို တွက်ချက်ခြင်းစနစ်ထဲသို့ ပစ်ထည့်ကာ တွက်ချက်နှုန်းကို မြှင့်တင်လိုက်သည်။ သူက အသေးစားအံ့ဖွယ်စွမ်းအားများကိုတော့ ပစ္စည်းစာရင်းထဲသို့ ထည့်လိုက်သည်။သူက အနာဂတ်တွင် ကျင့်ကြံမည်ဖြစ်သည်။

နောက်တော့ ချီမင်က လွှမ်းခြုံအိမ်ယာမြို့တော်မှ ထွက်သွားလိုက်သည်။

ချီမင်က အမှန်တကယ်တော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ဆန့်ကျင်ဘက်သို့ရပ်တည်မိသွားမည်ဟု မထင်ထားခဲ့ပေ။ လွှမ်းခြုံအိမ်ယာမြို့တော်က ထွက်သွားပြီးနောက်မှာ သူဆက်သွားမည့်နေရာကို တွေးနေမိသည်။

သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်။

အမှန်တကယ်တော့…

ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ ပူးပေါင်းချင်သွားခြင်းဖြစ်သည်။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်အားက အတော်လေးကြီးမားသည်။ အခု ချီမင်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကို သတ်နိုင်ရင်တောင် မော့ဝူလင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် အဆင့်နိမ့်အင်မော်တယ်ဘုရင်သာဖြစ်သည်။

ချီမင်၏လက်ရှိအင်အားက မလုံလောက်သေးပေ။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို ခုခံဖို့ မဖြစ်နိုင်သေးပေ။ သူက သည်းခံပြီး ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ဖို့ ကြိုးစားရဦးပေမည်။

နေ့တစ်ဝက်ကြာတော့ လွှမ်းခြုံအိမ်ယာမြို့တော်တွင်။

ကောင်းကင်မှ ပုံရိပ်သုံးခုဆင်းလာသည်။

အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံသူများဖြစ်သည်။ တစ်ယောက်က ကိုးပြည်ထောင်နဂါးပွဲကြည့်စင်၏လက်သည်းငါးခုရွှေနဂါးတမန်တော်ဖြစ်ကာ တစ်ယောက်က အမှောင်အဖွဲ့နန်းတော်မှဖြစ်ပြီး နောက်ဆုံးတစ်ယောက်က အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမမှဖြစ်သည်။

"အရှင်တို့ကို ကြိုဆိုပါတယ်။" လွှမ်းခြုံအိမ်ယာမြို့အရှင်က ဦးညွှတ်လိုက်သည်။

"ကောင်းကင်ဉာဏ်အလင်းဘယ်မှာလဲ။" လက်သည်းငါးခုရွှေနဂါးတမန်တော်က မေးလာသည်။

"သူလွတ်သွားပြီလား။" အမှောင်အဖွဲ့မှ အင်မော်တယ်ဘုရင်မှ မေးလိုက်သည်။

"..."အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က ဘာမှမပြောပေ။

"အင်မော်တယ်ဘုရင်တို့" လွှမ်းခြုံအိမ်ယာမြို့တော်၏မြို့အရှင် လျင်မြန်စွာ ပြောလိုက်သည်။"အရှင်စိတ်ဝိညာဉ်မဲ့နဲ့ ကောင်းကင်ဉာဏ်အလင်းတို့ကြားက တိုက်ပွဲကအတော်ပြင်းထန်တယ်။ ဒါပေမဲ့ ကောင်းကင်ဉာဏ်အလင်းက ပိုပြီးသန်မာပါတယ်။ အရှင်စိတ်ဝိညာဉ်မဲ့က အရမ်းသူရဲကောင်းဆန်ပါတယ်။သူက တိုက်ပွဲထဲမှာပဲ သေသွားပါတယ်။"

"ကောင်းကင်ဉာဏ်အလင်းက အရှင်မော့ဝူလင်းကို သတ်ပြီးတာနဲ့ သူက နဂါးတမန်ငယ်ကိုးပါးကိုသတ်ပြီး လွှမ်းခြုံအိမ်ယာမြို့တော်ကနေ တန်းထွက်သွားပါတယ်။"

"ပြီးတော့.."

ရုတ်တရက် အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ခေါင်းခါလိုက်သည်။ သူက ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအားကိုလှည်ပတ်ပြီး ချီမင်ထွက်သွားတဲ့နေရာကို အတည်ပြုလိုက်နိုင်သည်။ သူက အသံတိုးတိုးဖြင့် ပြောသည်။"လိုက်ဖမ်းရအောင်။ ငါတို့ လွတ်သွားလို့မရဘူး။"

All Chapters