ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်
Vol. 23 Ch. 342
ချီမင်က လွှမ်းခြုံအိမ်ယာမြို့တော်နယ်နိမိတ်ထဲမှထွက်ကာ ဝူချန်မြို့သို့ရောက်လာသည်။ ၎င်းကလည်း အင်မော်တယ်မြို့တစ်မြို့ဖြစ်ပါသည်။ သို့ပေသော်လည်းချီမင် ဝူချန်မြို့ကိုရောက်တော့ သူက အန္တရာယ်တစ်ခုချည်းကပ်လာတာကို ခံစားမိလိုက်သည်။
"သူတို့လာတာ မြန်လှချည်လား။"
ချီမင်က ရပ်တန့်သွား၏။ သူက လေဟာနယ်ထဲတွင် တင်ပျဉ်ခွေချိတ်ထိုင်ကာ အံ့ဖွယ်စွမ်းအားကို လည်ပတ်လိုက်သည်။ သူက လက်ချိတ်စည်းကိုဖွဲ့စည်းကာ ကောင်းကင်လျှို့ဝှက်ချက်အပြောင်းအလဲ များကို တွက်ချက်လိုက်သည်။
နာရီဝက်လောက်ကြာတော့ ချီမင်က မျက်လုံးဖွင့်လိုက်ကာ ချိတ်စည်းများလည်း ပျောက်ကွယ်သွား၏။
"အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးတောင်။" ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူ့အကြည့်များက လေးနက်နေသည်။"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က တကယ်ကြီးငါ့နောက်ကို လူတွေလွှတ်နေတာပဲ။ ရောက်လာတာ အတော်လေးမြန်တယ်။ ဒီတစ်ကြိမ်တော့ စုစုပေါင်းအထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးယောက်ပဲ။"
" မင်းတို့က ငါ့ကိုအရမ်းကို မြင့်မြင့်တွေးထားတာပဲ။"
"ပုံရိပ်ယောင်၊ ကြယ်ရွှေ့ပြောင်းခြင်း။"
ချီမင်က အံ့ဖွယ်စွမ်းအားများ သုံးလိုက်သည်။"သန့်စင်ရွှေခန္ဓာ"
ချီမင်၏ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ လင်းလက်လာသည်။ ထို့ပြင် သူက အံ့ဖွယ်စွမ်းအားနည်းစနစ်များကို တစ်ခုပြီးတစ်ခုသုံးကာ ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်လျက် သူ၏တည်နေရာကို ဖုံးကွယ်လိုက်သည်။
"ခြေရာမဲ့ ပျံသန်းခြင်း"
ချီမင်က နေရာရွှေ့ပြောင်းလိုက်သည်။ သူက လက်ချောင်းများဖြင့်တွက်ချက်နေရင်း ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ အမြန်ဆုံးဦးတည်လိုက်သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက ပြည်နယ်ကိုးခုထဲမှ တစ်ခုဖြစ်သည့် ကမ္ဘာဦးပြည်နယ်တွင်ရှိသည်။ ချီမင်လက်ရှိရောက်နေသည့် အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်နှင့်အတော်လေးဝေးသည်။ ချီမင်က အံ့ဖွယ်စွမ်းအားခြေရာမဲ့ပျံသန်းခြင်းကို သုံးရင်တောင် သူက လမ်းတစ်ဝက်မှာ မရပ်မနားသွားရင်တောင် အချိန်အတော်ကြာသွားရဦးပေမည်။
ပြန်တွေးကြည့်တော့ ချီမင်သည် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှထွက်လာခဲ့တာဖြစ်သည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ရုပ်သေးမျိုးနွယ်မှ အမွေခံအကြီးအကဲ ဖြစ်သည့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်က နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုသုံးကာ ချီမင်နှင့်တခြားသူကို ခေါ်ထုတ်ပေးသွားခြင်းဖြစ်သည်။ပြီးမှသာ သူတို့က လေတိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေက တိမ်မိုးကြိုးပြည်နယ်၌ မတည်ရှိပေ။
တကယ်တော့ ကမ္ဘာဦးပြည်နယ်၌သာရှိသည်။
ပြောရမည်ဆိုလျှင်။
ပြည်နယ်ကိုးလောက၏ပြည်နယ်ကိုးခုမှာ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်၊အနောက်နွား ပြည်နယ်၊တောင်ဘက်ရှုမြင် ပြည်နယ်၊မြောက်ပိုင်း ပြည်နယ်၊မြူနှင်းအင်မော်တယ်ပြည်နယ်၊ပင်လယ်ဒေသ ပြည်နယ်၊အင်မော်တယ်မင်းဆက် ပြည်နယ်၊ကမ္ဘာဦးပြည်နယ်နှင့် တိမ်မိုးကြိုးပြည်နယ်တို့ဖြစ်ကြသည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ခံတပ်က အင်မော်တယ်မင်းဆက် ပြည်နယ်၏ဗဟိုတွင် တည်ရှိသည်။
ကိုးပြည်နယ်တွင် ကိုယ်ရောက်ချင်သည့်နေရာသို့ချက်ချင်းသွားနိုင်သည့် နေရာရွှေ့ပြောင်းခြင်းအစီအရင်များရှိသည်။ သို့ပါသော်လည်း ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းထဲသို့ ဝင်နေတာဖြစ်သည်။ သူ ထိုဟင်းလင်းပြင်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို မသုံးနိုင်ပေ။
ထိုအစီအရင်များကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ တည်ဆောက်ထားခြင်းဖြစ်သည်။
အချိန်ကုန်ဆုံးသွားသည်။
အခြားတစ်ဖက်တွင် အင်မော်တယ်ဘုရင်သုံးပါးက ချီမင်၏တည်နေရာကို အသေမှတ်ကာ မြန်နှုန့်အပြည့်ဖြင့် လိုက်ဖမ်းနေသည်။ သို့ပေမဲ့ သူတို့က လမ်းတစ်ဝက်တွင် ရပ်သွားတော့သည်။
"ပျောက်သွားပြီ။"
အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမမှ အင်မော်တယ်ဘုရင်၏အကြည့်က မည်းမှောင်သွားသည်။ သူက သက်ပြင်းရှိုက်ကာ ဂရုတစိုက်တွက်ချက်ပေမဲ့ ချီမင်၏တည်နေရာကိုတော့ အတည်မပြုနိုင်သေးပေ။
သူက အသံနိမ့်နိမ့်ဖြင့်ဆိုသည်။"ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းထဲ ပါတဲ့သူဆိုတဲ့အတိုင်းပဲ။ ကောင်းကင်ဉာဏ်အလင်းရဲ့ကျင့်ကြံခြင်းက နားလည်ရခက်သလို သူ့ရဲ့အင်အားကလည်း ကြောက်ဖို့ကောင်းတယ်။ မော့ဝူလင်းတောင် သတ်ခံရတယ်။"
"ပြီးတော့..."
"အခု ကောင်းကင်ဉာဏ်အလင်းက ငါတို့ သူ့နောက်လိုက်နေတာ သိသွားပြီ။ သူက အံ့ဖွယ်စွမ်းအားသုံးပြီး ကောင်းကင်လျှို့ဝှက်ချက်ကို စည်းပိတ်ပြီး သူ့တည်နေရာကို ဖုံးကွယ်လိုက်ပြီ။"
"ငါ သူ့နေရာကို ခြေရာခံလို့မရတော့ဘူး။"
"ဒါကြီးက..."
ကိုးပြည်ထောင်နဂါးပွဲကြည့်စင်၏လက်သည်းငါးခုရွှေနဂါးတမန်တော်က ခဏမျှ စဉ်းစားလိုက်သည်။"ဒါဆို ငါတို့အခုဘာဆက်လုပ်ကြမလဲ။ ဆက်လိုက်မှာလား။ ဒါမှမဟုတ် တခြားနည်းထပ်စဉ်းစားကြမလား။ ငါတို့ သဲလွန်စကပျောက်သွာပြီ။ ဆက်လိုက်နေရင် မလွယ်တော့ဘူး။"
"ဟုတ်တယ်။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်ကခေါင်းညိတ်လိုက်သည်။"ငါတို့ သူနေရာကိုသိသွားရင်တောင် အဲ့ဒီအခြေနေက ပြောင်းလဲသွားမှာပဲ ကြောက်ရတယ်။ ငါတို့ တောင်ဘက်ကိုလိုက်ဖမ်းနေတုန်း ကောင်းကင်ဉာဏ်အလင်းက မြောက်ဘက်ကိုပြေးသွားရင်ရော။"
"ငါတို့ဂရုတစိုက်စဉ်းစားဖို့လိုတယ်။" အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က အသိနိမ့်နိမ့်ဖြင့်ဆိုသည်။" အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းထဲကို ဝင်နေတာ။ ဘာပဲဖြစ်ဖြစ် သူ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို ဘယ်လောက်ကြာကြာ ရုန်းကန်ရုန်းကန် နောက်ဆုံးကျရင် သေမှာပဲ။"
"အစကတည်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်ရဲ့ ဖီးနစ်အရှင်ပဲ အသက်ရှင်သေးတာ။"
"ကောင်းကင်ဉာဏ်အလင်းက အသက်ရှင်ချင်ရင် ရွေးချယ်စရာ နှစ်လမ်းပဲရှိတယ်။ ပထမတစ်ခုက ကမ္ဘာဦးပြည်နယ်ကိုသွားပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းရင်း အကာအကွယ်ယူတာပဲ။"
"ဒုတိယလမ်းက အနောက်နွား ပြည်နယ်ကိုသွားပြီး ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်နဲ့ပူးပေါင်းဖို့ပဲ။"
"သိသာတာကတော့ ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်တစ်ခုလုံးက အရမ်းကိုစွမ်းအားကြီးတဲ့ မျိုးကွဲတွေပဲ။ သူတို့ဘိုးဘေးဆို အင်မော်တယ်နယ်ပယ်ထက်တောင် ကျော်လွန်တဲ့ဖြစ်တည်မှုမျိုးပဲ။ သွေးမျိုးဆက်သန့်စင်အောင်လို့ သူက တခြားမျိုးနွယ်တွေကို အခြေခံအားဖြင့် ခေါ်ထားရင်တောင် ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်ရဲ့ လက်အောက်ခံမဟုတ်ရင်အစေခံဖြစ်လာကြတာပဲ။"
"ကောင်းကင်ဉာဏ်အလင်းကတော့ သေချာပေါက် လက်အောက်ခံလည်းမဖြစ်ချင်သလို အစေခံလည်းဖြစ်ချင်မှာမဟုတ်ဘူး။"
"ဒီလိုဆို သူ့မှာလမ်းတစ်ခုပဲကျန်တော့တယ်။ အဲ့ဒါက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုပူးပေါင်းဖို့ပဲ။ သူက သေချာပေါက် ကမ္ဘာဦးပြည်နယ်ကိုသွားမှာပဲ။"
"ခင်ဗျားရဲ့ ဆန်းစစ်တာက ကျိုးကြောင်းဆီလျော်တယ်။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က ဆိုသည်။"ကျုပ်တို့သာ ကောင်းကင်ဉာဏ်အလင်းကို ကမ္ဘာဦးပြည်နယ်ဘက်သွားခွင့်ပြုလိုက်ရင် သူ့ကို ဖြေရှင်းဖို့ လွယ်မှာမဟုတ်တော့ဘူး။"
"ဟုတ်တယ်။" လက်သည်းငါးခုရွှေနဂါးတမန်တော်က ခေါင်းညိတ်လိုက်သည်။"ကျုပ်တို့သူကို ကမ္ဘာဦးပြည်နယ်မရောက်ခင် သတ်မှရမယ်။ လွတ်ပေးလိုက်လို့မရဘူး။"
"ကောင်းကင်ဉာဏ်အလင်းကသာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို ပူးပေါင်းသွားရင် ငါတို့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက် ဒါမှမဟုတ် ပြည်နယ်ကိုးလောကတစ်ခုလုံးအတွက် ကပ်ဆိုက်နိုင်သွားတယ်။"
အင်မော်တယ်သတ်ဖြတ်ခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က သက်ပြင်းချလိုက်ပြန်သည်။ သူ့အမူအရာက တည်ကြည်နေသည်။ သူက နှလုံးသားထဲမှ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။"ကိစ္စကတော့ ဖြစ်ပြီးသွားပြီ။"
"ဒီနှစ်တွေတလျှောက် အထူးတလှယ်စုံစမ်းထားတဲ့အချက်အလက်တွေအရရော ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နဲ့ အထက်ကလူတွေတွက်ချက်ထားသလောက်ရောဆို။
"ကောင်းကင်ဉာဏ်အလင်းရဲ့ ခြိမ်းခြောက်နိုင်စွမ်းက အတော်လေးကြီးတယ်။ သူက တာအိုကျင့်ကြံသူပဲ၊ ပြီးတော့ လာမဲ့ခေတ်ကာလကပ်ဘေးဒုက္ခကလည်း ကောင်းကင်ဉာဏ်အလင်းနဲ့အတော်လေးဆက်နွယ်နေတယ်။"
"အဲ့လိုအခြေအနေတွေကြောင့် အထက်ကပုဂ္ဂိုလ်တွေက ကောင်းကင်ဉာဏ်အလင်းကို အရမ်းသတိထားနေတယ်။ သူတို့က သူ့ကိုရှင်းထုတ်ဖို့ ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းထဲ ကို တန်းထည့်ပစ်လိုက်တာ။"
"ငါ ကျိန်စာတိုက်တဲ့ ခေါင်းဖြတ်ဆေဘာခုနစ်လက်လို့ခေါ်တဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်။
"ငါက မဟာအံ့ဖွယ်စွမ်းအားသုံးပြီး ကောင်းကင်ဉာဏ်အလင်းကို ကျိန်စာတိုက်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်။"
"ငါ မဟာကျိန်စာတိုက်နည်းစနစ်ကို အချိန်ခဏလေးပဲ ကျင့်ကြံရသေးတယ်ဆိုတော့ အသေးစားအောင်မြင်မှုပဲ အဆင့်ကိုရောက်သေးတယ်။ အဲ့ဒါကြောင့် ဒီမဟာအံ့ဖွယ်စွမ်းအားကိုသုံးရင် ငါတန်ပြန်မှုအကြီးစားတစ်ခုကို ခံစားရလိမ့်မယ်။"
"ငါ့ကို မင်းတို့နှစ်ယောက်ကာကွယ်ပေးထားဖို့လိုတယ်။"
လက်သည်းငါးခုရွှေနဂါးတမန်တော်က ခေါင်းညိတ်ကာပြောသည်။"ကိစ္စမရှိဘူး။"
"မစိုးရိမ်နဲ့။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က ပြောသည်။"ကျုပ်တို့ရှိနေမှတော့ ခင်ဗျား အန္တရာယ်မကြုံစေရပါဘူး။"
အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်သည်။"ဒါဆို စလိုက်ရအောင်။"
ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ချီမင်၏ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးနှင့် ယှဉ်နိုင်သည့် ရတနာတစ်ခုဖြစ်သည်။ သို့ပေသော်လည်း ၎င်းက ချီမင်နှင့်ပတ်သက်သည့်အချက်အလက်အားလုံးကို မတွက်ချက်နိုင်ပေ။
ချီမင်က မဟာတာအိုကိုကျင့်ကြံပြီး သူ့ကို မိုးမြေမဟာတာအိုက ကာကွယ်ပေးထားသည်။ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ကောင်းကင်တာအိုရတနာအဆင့်မျှသာဖြစ်သည်။ သူက ချီမင်၏အရာအားလုံးကို မမြင်နိုင်ပေ။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တစ်ခုလုံးတွင် သူတို့က ချီမင်၏တာအိုနာမည်ကိုသာသိပြီး နာမည်ရင်းကိုတော့ မသိပေ။ သူတို့က ချီမင်သည် တာအိုကျင့်ကြံသူဆိုတာ သိထားပေမဲ့ မဟာတာအိုကိုကျင့်ကြံမှန်းတော့ မသိပေ။
သူတို့က ချီမင်အကြောင်း အနည်းငယ်သာသိသည်။
သာမန်အားဖြင့် ချီမင်က ခြိမ်းခြောက်မှုကြီးတစ်ခုဆိုတာသိတည်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အုပ်ချုပ်သူများက ချီမင်ကို ကိုယ်တိုင်သတ်ရမည်ဆိုပေမဲ့သူတို့က ထိုသို့မလုပ်ရဲပေ။
ခေတ်ကာကကပ်ဘေးဒုက္ခ ရောက်လာတော့မည်။ ပြည်နယ်ကိုးလောကတစ်ခုလုံးက မသိနိုင်တဲ့ အပြောင်းအလဲများဘက်သို့ ကူးပြောင်းနေသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အုပ်ချုပ်သူများတောင် ဘယ်လောက်စွမ်းအားကြီးကြီး အင်မော်တယ်နယ်ပယ်အပြင်ဘက်ကမဟုတ်ပေ။ သူတို့က ကောင်းချီး၏သက်ရောက်မှုကို ခံနေရဆဲဖြစ်သည်။
သူတို့သာ ခေတ်ကာလကပ်ဘေးဒုက္ခ၏ဦးတည်ရာကို ပြောင်းလဲပစ်ရင် ကျိန်းသေပေါက် တန်ပြန်မှုကို ခံစားရမှာဖြစ်သည်။ အဲဒီလိုအချိန်မျိုးကျရင် သူတို့က ဂရုမစိုက်လိုက်မိရင် ကောင်းချီးကုန်ဆုံးပြီးသေသွားနိုင်ပေသည်။
စွမ်းအားကြီးပုဂ္ဂိုလ်များက သတိကြီးသည်။ သူတို့သာ လုပ်နိုင်ခဲ့ရင် တိုက်ခိုက်မှာမဟုတ်ပေ။ မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ အပြင်းအထန် တိုက်ခိုက်မှာမဟုတ်ပေ။ သူတို့ငယ်သားတွေကို ခိုင်းလို့ရရင်တော့ သူတို့က လက်အောက်ခံများကိုပဲအကောင်းဆုံးခိုင်းမည်ဖြစ်ကာ ခေတ်ကာလကပ်ဘေးဒုက္ခထဲတွင် တတ်နိုင်သမျှ အနည်းဆုံးသာ ပါဝင်ပေလိမ့်မည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သာ ခေတ်ကာလကပ်ဘေးဒုက္ခထဲ ကျရောက်ရင်တောင် သူတို့က ရှင်သန်နိုင်သေးပေမည်။
လက်ရှိကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တွင် ထိပ်ဆုံးမှာရပ်တည်နေသူများက အနည်းငယ်သာရှိသည်။ သူတို့နောက်ဆုံးခေတ်၏စီနီယာများဖြစ်သည်။
တကယ်တော့…
ကိုးပြည်နယ်တွင် ပိုပြီးပြီးတောင် ကြောက်မက်ဖွယ်ကောင်းသည့် ပုန်းကွယ်နေကြသော မြေခွေးအိုကြီးများရှိသေးသည်။ သူတို့ ခေတ်ကာလများစွာ ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့က အင်မော်တယ်အဆင့်ကိုမချိုးဖြတ်ရသေးသော်လည်း သူတို့ရှင်သန်လာသည်မှာ ကြာနေပြီဖြစ်သည်။ သူတို့က အင်မော်တယ်နယ်ပယ်၏အကန့်အသတ်အဆင့်ရောက်နေပေပြီ။ သူတို့အင်အားက နက်နဲပြီး လျှို့ဝှက်အစီအစဉ်များတောင် ချမှတ်နေလောက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာမှာ သုံးရက်ကြာသွားသည်။ချီမင်က အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်၏နယ်စပ်သို့ ရောက်နေပေပြီ။ သူက အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်မှထွက်ကာ မြောက်ပိုင်း ပြည်နယ်သို့ ဦးတည်ပေတော့မည်။ သူက မြောက်ပိုင်း ပြည်နယ်ကို ဖြတ်သန်းပြီးတာနဲ့ ကမ္ဘာဦးပြည်နယ်သို့ရောက်တော့မည်ဖြစ်သည်။
ညနက်လာသည်။
ရုတ်တရက် ချီမင်က သူ့အသိစိတ်က ဝေဝါးလာသည်ကို ခံစားမိလိုက်သည်။ သူ့အံ့ဖွယ်စွမ်းအားက ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်က နေရာလွတ်ထဲမှ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့ ကျသွားတော့သည်။
ချီမင်က ထိတ်လန့်သွားသည်။ ရုတ်တရက်အပြောင်းအလဲက သူ့ကိုထိတ်လန့်သွားစေသည်။ သူအရင်တုန်းက တစ်ခါမှမဖြစ်ဖူးပေ။"ဘာဖြစ်တာတုန်း"
သူက ဂရုမစိုက်ဘဲမနေရဲပေ။တင်ပျဉ်ခွေချိတ်ထိုင်ကာ သန့်စင်ရွှေခန္ဓာကို လှည့်ပတ်လိုက်သည်။ အံ့ဖွယ်စွမ်းအားမျိုးစုံသုံးကြည့်မှ နောက်ဆုံးတော့ မူမမှန်မှုကို ရှာတွေ့သွားသည်။
ချီမင်၏အထက်တွင် တကယ့်ကိုခေါင်းဖြတ်ဓားသုံးချောင်းရှိနေသည်။ မီးခိုးနက်ရောင်သန်းကာ နဂါးပုံစံအမှတ်အသားများရှိနေသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ကျိန်စာစွမ်းအားများ ပါဝင်နေသည်။
"အင်မော်တယ်မင်းဆက် ပြည်နယ်က အထင်ကြီးဖို့ကောင်းသားပဲ။"
ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူ့အကြည့်များက အေးစက်နေသည်။"သူက ကျိန်စာတိုက်တဲ့အံ့ဖွယ်စွမ်းအားကိုတောင် နားလည်ဖမ်းဆုပ်ထားတာပဲ။ငါ့ရဲ့အရှိန်အဝါအမျှင်ရယ် တာအိုနာမည်ရယ်ကိုသုံးပြီး ကျိန်စာတိုက်နိုင်တယ်။"
လွန်ခဲ့သည့်သုံးရက်က အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က ချီမင်၏တာအိုနာမည်ကောင်းကင်ဉာဏ်အလင်းကိုသုံးပြီး လွှမ်းခြုံအိမ်ယာမြို့တော်ထဲမှ သူ့အရှိန်အဝါကိုဖမ်းယူခဲ့သည်။
သူက ထိုနှစ်ခုကိုပေါင်းစပ်ကာ
ကြားခံအဖြစ်သုံးခဲ့သည်။ သူတို့က ချီမင်၏နေရာမသိရင်တောင် နာမည်ရင်းမသိရင်တောင် ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကိုသုံးပြီး သူ့ကို ကျိန်စာတိုက်နိုင်သေးသည်။
ဤသည်ကနေကြည့်လျှင် သိသာပါ၏။
မဟာအံ့ဖွယ်စွမ်းအား ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်က ကြောက်မက်ဖွယ်ကောင်းပေသည်။
(၄၉)ရက်ကြာပြီးရင် ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်က ပြီးမြောက်သွားပေလိမ့်မည်။ ဆေဘာ(၄၉)ချောင်းက ကျဆင်းလာပြီး ချီမင်ကိုသေတဲ့အထိ တိုက်ခိုက်ပေလိမ့်မည်။ အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။