← Chapters

၄၉ရက်ကြာ ကျိန်စာတိုက်ခြင်းအံ့ဖွယ်စွမ်းအား

Vol. 23 Ch. 343

၄၉ရက်ကြာ ကျိန်စာတိုက်ခြင်းအံ့ဖွယ်စွမ်းအား

Vol. 23 Ch. 343

“သန့်စင်ရွှေခန္ဓာ။”

ချီမင်၏ကိုယ်ပေါ်တွင် ရွှေရောင်အလင်းဖျော့ဖျော့ ပေါ်လာသည်။ ထိုစွမ်းအားက ကျိန်စာတိုက်ခြင်းအံ့ဖွယ်စွမ်းအား ခေါင်းဖြတ်ဆေဘာခုနစ်လက်၏စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပေးနိုင်သည်။သို့ပေမဲ့ အပြည့်အဝတော့ မဟုတ်ချေ။

သန့်စင်ရွှေခန္ဓာက နည်းစနစ်အားလုံးကို ဆန့်ကျင်နိုင်သည်ဟု ဆိုရမည်။ သို့ပါသော်လည်း ထိုအခိုက်တွင် ခေါင်းဖြတ်ဆေဘာခုနစ်လက်၏စွမ်းအားကို အပြည့်အဝမခုခံနိုင်တော့ပေ။

၎င်းက သန့်စင်ရွှေခန္ဓာသည် စွမ်းအားမကြီးတော့သည်ဟု မဆိုလိုပေ။ သန့်စင်ရွှေခန္ဓာ၏စွမ်းအားက အင်မတန်သန်မာလေသည်။သို့ပေမဲ့ ၎င်းက ချီမင်မဟာရွှေအမြူတေတာအိုကျမ်းကို ကျင့်ကြံတုန်းက နားလည်ဆုပ်ကိုင်နိုင်ခဲ့သည့် အံ့ဖွယ်စွမ်းအားတစ်ခုသာဖြစ်သည်။

အဓိကအကြောင်းပြချက်ကတော့ ချီမင်၏ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းသည်။ သူက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သာရှိသေးသည်။ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကို သုံးနေသည့်သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြစ်သည်။

နှစ်ဖက်ကြားမှ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်က အဓိကအဆင့်ကြီးသုံးဆင့်လောက်ဖြစ်သည်။ကြားထဲတွင် ဆန်းကြယ်အင်မော်တယ်၊မဟာဆန်းကြယ်အင်မော်တယ်နှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်တို့ရှိသေးသည်။

အတော်လေးချဲ့ကားထားသည့် ကျင့်ကြံခြင်းအဆင့်ခြားနားချက်ကြောင့် သာမန်အခြေအနေအောက်တွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးက ဆန်းကြယ်အင်မော်တယ်တစ်ပါးကို လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်နိုင်သည်။

ချီမင်ကတော့ မတူပေ။ သူက ဆန်းကြယ်အင်မော်တယ်အဆင့်ဆိုသော်လည်း မဟာတာအိုကို ကျင့်ကြံထားသူဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်ထားကာ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားများကို ကျင့်ကြံထားသည်။ သူက ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏ကာကွယ်ပေးမှုကိုလည်း ရရှိထား၏။

မော့ဝူလင်းတို့က သာမန်ကျင့်ကြံသူများသာဖြစ်သည်။ မဟာတာအိုကျင့်ကြံသူနှင့် သာမန်ကျင့်ကြံသူများကြားတွင် ဥပဒေသကျင့်ကြံသူ၊စည်းမျဉ်းကျင့်ကြံသူနှင့်ကောင်းကင်တာအိုကျင့်ကြံသူဟူ၍ရှိသေး၏။

ထို့ပြင် ချီမင်က အထွတ်အထိပ်အံ့ဖွယ်စွမ်းအားများကို နားလည်ထားပြီး သူ့တွင် ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးလည်းရှိလေသည်။

ချီမင်က မော့ဝူလင်းကိုတောင် သတ်နိုင်သည်။

ဤသည်ကနေကြည့်လျှင် သိသာပါ၏။

ချီမင်၏လက်ရှိအင်အားက ဥပဒေသများကိုကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်သို့ရောက်နေပြီဖြစ်သည်။

သူက လက်ချိတ်စည်းကိုဖွဲ့စည်းကာ သူ့ကို ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကိုသုံးသည့်ရန်သူကို ပြန်တွက်ချက်ချင်သည့်အတွက် ကမ္မကိုဖန်တီးလိုက်သည်။ သို့ပေမဲ့ ထင်ထားသလို မအောင်မြင်ပေ။ သူက ထူထဲသည့် မြူခိုးများသာ မြင်နိုင်သည်။ အချက်အလက်များကလည်း သူသိချင်သလောက် မသိလိုက်ရပေ။

သူက ရန်သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးဟုသာ တွက်ချက်နိုင်သည်။

သူတို့က အတော်လေးသန်မာပါ၏။

သူတို့အကုန်လုံးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ ဖြစ်သည်။

ကမ္မက လုံလောက်စွာမနီးစပ်သည့်အတွက် သူက မတွက်ချက်နိုင်ပေ။

"အလျင်မလိုနဲ့ဦး။"

အတွေးတစ်ချက်ဖြင့် ချီမင်က အံ့ဖွယ်စွမ်းအားကိုပြန်ရုတ်သိမ်းလိုက်ကာ ဆက်၍တွက်ချက်မနေတော့ပေ။ သူက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကို အပြီးတိုင် မဖြေရှင်းနိုင်ပေ။ သူက သူတို့ဖော်သည့်ဆေးကို ပြန်စားရအောင် စီစဉ်တော့သည်။

ချီမင်က ညာဘက်လက်ကိုယမ်းကာ သူ၏ဒန်တျန်းထဲမှ လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်ကို ထုတ်ယူလိုက်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်ပြီး သူ၏ဓမ္မစွမ်းအားများကို စာအုပ်အားရစ်ပတ်လျက် စတင်သန့်စင်တော့၏။

သူက ကျိန်စာတိုက်အံ့ဖွယ်စွမ်းအား လက်သည်းခေါင်းမြားခုနစ်ချောင်းကို ကျင့်ကြံထားတာကြာပြီဖြစ်သည်။ သူက ပြန်လည်သန့်စင်နေရသည်။ သူထိုစာအုပ်ကိုရလာသည်မှာ နှစ်ပေါင်း(၁၀၀၀၀၀၀)ကျော်ကြာပေပြီ။ သို့ပေမဲ့ ချီမင်က ထိုအံ့ဖွယ်စွမ်းအားကိုသုံးဖို့ တစ်ခါမှအခွင့်အရေးမရခဲ့ပေ။

ယခု နောက်ဆုံးတော့ လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်က သူ၏စွမ်းအားကိုပြသဖို့ အချိန်ရောက်လေပြီ။

သို့ပေမဲ့ ချီမင်က စိတ်ရှည်ရှည်ဖြင့် စောင့်ဖို့ လိုအပ်နေပါသေးသည်။ သူက ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကိုသုံးလျက် သူ၏အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။သို့ပေမဲ့ ၎င်းက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်၏ကျိန်စာစွမ်းအားကိုတော့ မတားဆီးနိုင်ပေ။

မြင်ကွင်းကပြောင်းလဲသွားသည်။

နောက်ထပ် အင်မော်တယ်မြို့တော်တစ်ခုတွင် ချီမင်ကိုလိုက်လံဖမ်းဆီးနေခဲ့သည့် လက်သည်းငါးခုရွှေနဂါးတမန်တော်၊အမှောင်အဖွဲ့အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်တို့မှာ တိတ်ဆိတ်သည့်ဂူစံအိမ်တစ်ခုတွင် ရှိနေသည်။

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က အလယ်ဗဟိုတွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်နေ၏။ သူ့အနားတွင် ကျိန်စာစွမ်းအားများ စုဝေးနေသောကြောင့် မရေမတွက်နိုင်သောစာလုံးများ ဖြစ်ပေါ်လာသည်။

သူ့ရှေ့တွင်တော့ ခေါင်းဖြတ်ဓားသုံးလက် သိပ်သည်းနေပြီးပေသည်။

အနက်ရောင်ခေါင်းဖြတ်ဓားသုံးချောင်းအောက်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုရှိသည်။ ထိုပုံရိပ်က ချီမင်ကို ကိုယ်စားပြုလေသည်။

သုံးရက်ကြာသွားသည်။

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ခေါင်းဖြတ်ဓားသုံးလက်ကို သိပ်သည်းပြီးသွားခဲ့ပြီဖြစ်သည်။

(၄၉)ရက်ကြာပြီးလျှင် ခေါင်းဖြတ်ဓား(၄၉)လက်လုံးကို သိပ်သည်းနိုင်မည်ဖြစ်ကာ တစ်လက်တည်းအဖြစ်ပေါင်းစည်းပြီး ထိုမှုန်ဝါးဝါးပုံရိပ်ကို ခုတ်ပိုင်း ဖျက်ဆီးမှာဖြစ်သည်။ ထိုအချိန်မှာပဲ ကျိန်စာတိုက်ခြင်းအမှုပြီးစီးကာ ချီမင်ကိုအောင်မြင်စွာ သတ်ဖြတ်နိုင်မှာဖြစ်သည်။

နောက်ထပ်(၄၆)ရက်ကျန်သေးသည်။

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကို မပြီးမြောက်သေးပေ။

သူ ခေါင်းဖြတ်ဆေဘာခုနစ်လက်အသုံးပြုခြင်းပြီးမြောက်သွားသည်နှင့် ချီမင်ကတော့ တန်ပြန်တိုက်ခိုက်မှာဖြစ်သည်။

"ဘယ်လို အခြေအနေကြီးပါလိမ့်။"

လက်သည်းငါးခုရွှေနဂါးတမန်တော်က အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင် ဘယ်ဘက်တွင် ရပ်နေသည်။ သူ ကာကွယ်နေလျက် မေးလိုက်သည်။"ဘယ်လောက်ကြာဦးမလဲ။"

"အခြေအနေဘယ်လိုလဲ။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်မှလည်း မေးလိုက်သည်။

"မစိုးရိမ်ပါနဲ့။" အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ခေါင်းမော့လိုက်သည်။ သူ့အကြည့်က တည်ငြိမ်နေပြီး ယုံကြည်ချက်အပြည့်ရှိပေသည်။ "ငါထင်ထားတဲ့အတိုင်းပဲ။ ကောင်းကင်ဉာဏ်အလင်းက တစ်ဖက်သူရဲ့ နာမည်အရင်းမဟုတ်ဘူး။"

“ဒါပေမဲ့အဆင်ပြေပါတယ်။”

"ငါတို့ ကောင်းကင်ဉာဏ်အလင်းရဲ့အရှိန်အဝါအကြွင်းအကျန်ကို လွှမ်းခြုံအိမ်ယာမြို့ကနေ ယူထားတယ်။ ကောင်းကင်ဉာဏ်အလင်းဆိုတာက သူ့ရဲ့တာအိုနာမည်ဆိုတော့ သူနဲ့ဆိုင်နေသေးတယ်။ ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်က မဟာအံ့ဖွယ်စွမ်းအားဆိုတော့ ကျိန်စာတိုက်တာ အောင်မြင်သွားပြီ။ ကောင်းကင်ဉာဏ်အလင်းကို စပြီးကျိန်စာတိုက်နေပြီ။ သူ မလွတ်မြောက်နိုင်တော့ဘူး။ခုခံလို့လည်းမရဘူး။ သူကျိန်စာတိုက်ခံရတာရှာတွေ့သွားရင်တောင် ငါတို့ကိုမရှာနိုင်ရင် သေလိမ့်မယ်။"

"ဟုတ်ပြီ။"

"သူ ကျုပ်တို့ကိုရှာတွေ့ရင်တောင် ကျုပ်တို့ပေါင်းပြီး သူ့ကို သတ်လို့ရတယ်။"

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်" လက်သည်းငါးခုရွှေနဂါးတမန်တော်က ထပ်ခါတလဲ ခေါင်းညိတ်သည်။

" အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆိုတဲ့ အတိုင်းပဲ။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က မေးသည်။"ဒီကျိန်စာအံ့ဖွယ်စွမ်းအားနည်းစနစ်ရဲ့ အင်အားက အံ့မခန်းပဲ။"

"ငါမင်းတို့ကို နောက်(၄၆)ရက်လောက်တော့ ဒုက္ခပေးရဦးမယ်။"အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့။"

"မစိုးရိမ်ပါနဲ့။"

လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့်အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က တပြိုင်တည်းပြောလိုက်သည်။

အချိန်ကုန်ဆုံးသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာ လေးဆယ့်ခြောက်ရက်ကြာသွားသည်။

ချီမင်၏ဘက်ခြမ်းတွင် သူက တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။ တိတ်ဆိတ်သည့်နေရာတစ်ခုကိုရှာထားကာ သူ၏ခြေရာလက်ရာများကို ဖုံးကွယ်ရန် အစီအရင်များကို တပ်ဆင်ထားသည်။ သူက ခေါင်းအသာမော့ပြီး ခေါင်းဖြတ်ဓား(၄၉)ချောင်းကို ကြည့်လိုက်သည်။

ကျိန်စာအံ့ဖွယ်စွမ်းအားက အကန့်အသတ်သို့ရောက်ရှိနေပေသည်။

"အချိန်ကျပြီ။" ချီမင်၏အကြည့်က တောက်ပသွားသည်။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်မော်တယ်ဘုရင်သုံးယောက်ဘက်ခြမ်းတွင်တော့ ။

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က တင်ပျဉ်ခွေချိတ်ထိုင်နေသည်။ သူက လက်ချိတ်စည်းများကိုဖွဲ့စည်းထားသောကြောင့် ကျိန်စာစာလုံးများမှာ အဆက်မပြတ်ထွက်လာနေသည်။ ခေါင်းဖြတ်ဓားလေးဆယ့်ကိုးချောင်း ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသည့် ကျိန်စာစွမ်းအားများမှာ တစ်ဂူလုံး ပြည့်နှက်နေသည်။

အပူချိန်က အေးစက်နေသည်။

“အထင်ကြီးစရာပဲ။”

အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူ့မျက်လုံးများက အကြောက်တရားများဖြင့် ပြည့်နှက်နေ၏။"ကျိန်စာအံ့ဖွယ်စွမ်းအားက အတော်လေးကြောက်ဖို့ကောင်းတယ်။ တကယ့်ကို ထူးဆန်းတယ်။ ပြန်တိုက်ထုတ်ဖို့ မဖြစ်နိုင်သလောက်ပဲ။"

"ဟုတ်တယ်။"

လက်သည်းငါးခုရွှေနဂါးတမန်တော်ကလည်း ခေါင်းညိတ်သည်။"ငါတို့သာ မတော်တဆ ကျိန်စာအံ့ဖွယ်စွမ်းအားနဲ့ တိုက်ခိုက်ခံရရင် မလွတ်နိုင်ဘူး။ ငါတို့မသေရင်တောင် မျက်နှာပျက်စရာကြီ။"

“ဟားဟား..."

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ဖျော့တော့သွား၏။ သူ၏အနှစ်သာရ၊စွမ်းအင်နှင့်ဝိညာဉ်တို့မှာ အင်အားကုန်ခမ်းနေပေမဲ့ ကျယ်လောင်စွာရယ်မောလိုက်လေသည်။ သူက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကို အကောင်းမွန်ဆုံးသုံးနိုင်ဖို့ အင်အားများစွာစိုက်ထုတ်ခဲ့ရသည်။ထို့ကြောင့် သူ့ကိုအတော်လေးလည်း အင်အားကုန်ခမ်းသွားစေသည်။

"တာအိုမိတ်ဆွေတို့"

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။"အချိန်ကျပြီ။ ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်က အောင်မြင်သွားပြီ။ (၄၉)ချောင်းလုံး သိပ်သည်းပြီးသွားပြီ။ အခု ဓားအားလုံးကိုပေါင်းစပ်ပြီး ကျိန်စာတိုက်ဖို့ပဲကျန်တော့တယ်။ အဲ့ဒီအချိန်ရောက်ရင် ကောင်းကင်ဉာဏ်အလင်းက ကျိန်းသေပေါက်သေရမယ်။"

"ကောင်းတယ်။"လက်သည်းငါးခုရွှေနဂါးတမန်က ရယ်မောလိုက်သည်။

"တာအိုရောင်းရင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်မှ ပြောလိုက်သည်။

"တာအိုရောင်းရင်းတို့ ကျုပ်ကို ကူဦး။" အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ပြောသည်။" ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကို အောင်မြင်တဲ့အထိသုံးဖို့ကျုပ်ရဲ့ စွမ်းအင်တွေ အတော်ကုန်သွားရတယ်။ ကျုပ်ကို ခင်ဗျားတို့ရဲ့စွမ်းအား ငှားဖို့လိုတယ်။ အဲ့ဒါမှ ကျိန်စာအံ့ဖွယ်စွမ်းအားကို ကောင်းကင်ဉာဏ်အလင်းအပေါ်ချပြီး သတ်မှရမှာ။"

“ပြဿနာမရှိပါဘူး။”

လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့် အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်နောက်ကို လျင်မြန်စွာလျှောက်သွားသည်။ သူတို့က လက်မြှောက်ကာ ဓမ္မစွမ်းအားများကို အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထဲသို့ ထိုးသွင်းလိုက်သည်။

"ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်။ ခုတ်ပိုင်း"

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့် အမှောင်အဖွဲ့အင်မော်တယ်ဘုရင်တို့ထောက်ပံ့ပေးထားသော ဓမ္မစွမ်းအားများကို ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ထဲသို့ ထည့်လိုက်သည်။ သူက အော်ဟစ်လိုက်လေ၏။"သေလိုက်တော့။"

ထိုအခိုက်တွင် ခေါင်းဖြတ်ဓား(၄၉)လက်က တစ်လက်ထဲအဖြစ်ပေါင်းစပ်သွားပြီး ကြီးမားသည့်အနက်ရောင်ခေါင်းဖြတ်ဓားကြီးတစ်လက်အဖြစ်ပြောင်းလဲသွားတော့၏။ ၎င်းတွင် ကြောက်မက်ဖွယ်ရာကျိန်စာစွမ်းအားများပါဝင်နေသည့် ကျိန်စာပုံစံကွက်များ ရေးထွင်းထားသည်။

ထို့နောက်မှာ ခေါင်းဖြတ်ဓားမှာ အောက်က ပုံရိပ်ကို ဖြတ်တောက်လိုက်သည်။

အလင်းများ လက်သွားသည်။

အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွင် စိတ်လှုပ်ရှားသည့်အမူအရာတစ်ခုပေါ်လာသည်။

"အသေးစားကောင်းကင်ကြယ်တာရာအစီအရင်"

တစ်ချိန်တည်းမှာ ချီမင်က အော်ဟစ်လိုက်သည်။ သူ၏ခေါင်းပေါ်က ခေါင်းဖြတ်ဓား(၄၉)လက်မှာ တစ်လက်တည်းအဖြစ်ပေါင်းစပ်သွားပြီး သူ့ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။

သူသာ ထိသွားရင် မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။

အရေးကြီးသည့်အခိုက်တွင် ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူပြင်ဆင်ထားတာကြာပြီဖြစ်သည့် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က ချက်ချင်းပေါ်လာတော့သည်။ ၎င်းက အစီအရင်ကြီးတစ်ခုအဖြစ်ပြောင်းလဲကာ ချီမင်ကိုဖုံးအုပ်သွား၏ကြယ်တာရာကောင်းကင်ကြီးတစ်ခုပေါ်လာသည့်အတိုင်းပင်။

ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်က ခုတ်ပိုင်းချသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ ကျိန်စာစွမ်းအားတို့မှာ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ထဲသို့ စိမ့်ဝင်လာသည်။

ဤသည်ကနေကြည့်လျှင် သိသာပါ၏။

အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က အင်မတန်သန်မာသည်။သူက ချီမင်၏ကောင်းကင်လျှို့ဝှက်ချက်များကိုဖုံးကွယ်ပေးနိုင်သလို ကြောက်မက်ဖွယ်ရာခုခံစွမ်းအားလည်းရှိသည်။ သို့ပေမဲ့ ကျိန်စာကိုတော့ အပြည့်အဝမကာကွယ်ပေးနိုင်ချေ။

ဥပမာအနေဖြင့်။

ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုတပ်ဆင်ထားသည်။သို့ပေမဲ့ ကျိန်စာစွမ်းအားကတော့ အစီအရင်ကိုဖြတ်ကျော်နိုင်သေး၏။ ၎င်းက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်၏စွမ်းအားအနည်းငယ်ကိုသာ အားနည်းသွားစေသည်။

ဆယ်ပုံတစ်ပုံလောက်သာ လျော့ကျသွား၏။

“သန့်စင်ရွှေခန္ဓာ။”

ချီမင်က သူ၏အံ့ဖွယ်စွမ်းအားကို အစွမ်းကုန်လည်ပတ်လိုက်သည်။

ရွှေရောင်အလင်းလက်သွားသည်။

သန့်စင်ရွှေခန္ဓာ၏စွမ်းအားက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကို နောက်ထပ်အနည်းငယ်အားနည်းသွားစေသည်။

ကျိန်စာအံ့ဖွယ်စွမ်းအားက အတော်လေးကွဲပြားသည်။

ချီမင်က သန့်စင်ရွှေခန္ဓာနှင့်အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုသုံးကာ ကျိန်စာအံ့ဖွယ်စွမ်းအားကို ဖြေရှင်းနိုင်သေးသည်။သို့ပေမဲ့ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်နှင့်မဟာမူလအစနည်းစနစ်တို့နှင့်တော့ ကျိန်စာအံ့ဖွယ်စွမ်းအားကို မခုခံနိုင်ပေ။

မဟာကပ်ဘေးဒုက္ခနည်းစနစ်ကဲ့သို့သော တိုက်ခိုက်ရေးအံ့ဖွယ်စွမ်းအားက ကျိန်စာအံ့ဖွယ်စွမ်းအားများကို မတိုက်ခိုက်နိုင်ပေ။

"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"

ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းကာ အံ့ဖွယ်စွမ်းအားအားလုံးကိုဖြေရှင်းနိုင်သည့်အပြင် တစ်ဖက်၏နည်းစနစ်ကို ပြန်ပြီးတောင်ထိန်းချုပ်နိုင်သည့် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။

သူကအထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးလိုက်တာနဲ့ ဓမ္မစွမ်းအားများ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများစုဝေးလာပြီး ချီမင်နှင့်အတော်လေးတူညီသည့် ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲကာ သူ့ရှေ့မှ ပိတ်ကာလိုက်သည်။

All Chapters