← Chapters

အင်မော်တယ်ဘုရင်ကို သေတဲ့အထိ ကျိန်စာတိုက်ခြင်း

Vol. 23 Ch. 344

အင်မော်တယ်ဘုရင်ကို သေတဲ့အထိ ကျိန်စာတိုက်ခြင်း

Vol. 23 Ch. 344

ချီမင်က အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုသုံးပြီးတာနဲ့ သူက ၎င်းစွမ်းအားကို ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကိုခုခံမည့် အစားထိုးတစ်ခုအဖြစ်အဖြစ်ပြောင်းလဲလိုက်သည်။

ယင်းက ကျိန်စာအံ့ဖွယ်စွမ်းအားများကို ဖြေရှင်းသည့်နည်းလမ်းတစ်ခုဖြစ်သည်။

ချီမင်၏ကျင့်ကြံခြင်းအဆင့်က မလုံလောက်ပေ။ သူက အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို အမြင့်ဆုံးအဆင့် နက်နဲခြင်းအဆင့်ထိမကျင့်ကြံရသေးပေ။သူက အသေးစားအောင်မြင်မှုအဆင့်၌သာ ရှိသေး၏။

မဟုတ်ရင် ချီမင်က အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းနည်းစနစ်ကိုသုံးကာ ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်၏ကျိန်စာစွမ်းအားကို အပြည့်အဝဝါးမျိုနိုင်ပေလိမ့်မည်။

လက်ရှိစွမ်းရည်နှင့်အကျိုးသက်ရောက်မှုက လုံလောက်ပါသေး၏။

ခေါင်းဖြတ်ဆေဘာက ကျဆင်းလာပြီး အစားထိုးအရုပ်ကို ဖြတ်ပိုင်းသွားသည်။ အစားထိုးက ခေါင်းပြတ်သွားပြီး ပျောက်ကွယ်သွားတော့၏။

ပေါက်ကွဲမှုသည် ကောင်းကင်ယံ၌ အလင်းတန်းများဖြင့် ပြည့်နှက်သွားရ၏။

အစားထိုးက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်၏စွမ်းအားပြည့်ကို မခုခံနိုင်ချေ။ ကျန်ရှိနေသေးသည့် အနက်ရောင်ဆေဘာချီတို့မှာ ချီမင်၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။

သွေးများဖြာထွက်လာသည်။

ချီမင်၏လည်ပင်တွင် အလှီးခံထားရသည့်အတိုင်း ဆေဘာဖြတ်ရာကြီးပေါ်လာသည်။ သွေးများစီးကျလာသည်။ ချီမင်လည်း နာကျင်မှုအချို့ခံစားလိုက်ရသည်။

"အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးတဲ့ ကျိန်စာအံ့ဖွယ်စွမ်းအားနည်းစနစ်ဆိုတဲ့အတိုင်းပဲ။"

ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။"ခုခံရေးအလွှာလိုက်ကာထားတာတောင် ကျန်နေတဲ့စွမ်းအားနည်းနည်းက ငါ့ကိုဒဏ်ရာရသွားစေသေးတယ်။ အတော်လေးကို သန်မာတာပဲ။"

"ဒါပေမယ့်"

" မင်းတို့ ကိုယ်သေတွင်း ကိုယ်တူးလိုက်မိပြီ။"

"အထွတ်အထိပ်ကမ္မနည်းစနစ်"

ချီမင်က အသံနက်ကြီးဖြင့်အော်ဟစ်ကာ အထွတ်အထိပ်ကမ္မနည်းစနစ်ကို လည်ပတ်လိုက်သည်။ ချီမင်၏ခေါင်းပေါ်တွင် ကြီးကျယ်ခမ်းနားသည့် ကမ္မကြာပန်းသန္ဓေသားပေါ်လာသည်။

ထိုအခိုက်တွင် ချီမင်သည် ကမ္မကိုဖမ်းယူလိုက်သည်။ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ချီမင်ကို ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ဖြင့် ကျိန်စာတိုက်ချင်ခဲ့သည်။ သူက မအောင်မြင်ပေမဲ့ ကမ္မက ချိတ်ဆက်သွားခဲ့ပြီဖြစ်သည်။

ကမ္မတွင် ရှင်သန်ခြင်းရော သေဆုံးခြင်းပါ ပါဝင်သည်။

ကမ္မ၏မျဉ်းက အတော်လေး တင်းကြပ်သည်။

ချီမင်က အထွတ်အထိပ်ကမ္မနည်းစနစ်ကိုသုံးပြီး ကမ္မမျဉ်းကို လမ်းညွှန်ကာ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပေါ်သို့ ပစ်မှတ်ထားပေးလိုက်သည်။

တစ်ချိန်တည်းမှာ ချီမင်ကလည်းတခြားအထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးကို ဝေဝေဝါးဝါးခံစားမိလိုက်သည်။

လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့် အမှောင်အဖွဲ့အင်မော်တယ်ဘုရင်တို့ဖြစ်သည်။

“ဟားဟား..."

တိတ်ဆိတ်နေသည့် ဂူထဲတွင် အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ သူက ကျိန်စာအံ့ဖွယ်စွမ်းအားထံမှ တန်ပြန်မှုကိုခံစားလိုက်ရခြင်းဖြစ်သည်။သို့ပေမဲ့ အဆင်ပြေနေသေးသည်။ သူက စိတ်သက်သာရာရသွားတော့သည်။"အောင်မြင်ပြီ။"

သူ့ရှေ့က ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းနစ်ကနေဖွဲ့စည်းထားသည့် ခေါင်းဖြတ်ဆေဘာမှာ သူ့အောက်က ပုံရိပ်ကို သတ်ဖြတ်လိုက်ပြီဖြစ်၏။ တစ်နည်းဆိုသော် ချီမင်က သူ့လက်ထဲတွင် ကျိန်စာအံ့ဖွယ်စွမ်းအားဖြင့် သေဆုံးသွားပြီဖြစ်သည်။

ကံမကောင်းတာက အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က ချီမင်သည် အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို နားလည်ထားမည်ဟု မသိခဲ့ပေ။ ချီမင်က အစားထိုးတစ်ခုဖန်တီးကာ ကျိန်စာကိုခုခံခဲ့ခြင်းဖြစ်သည်။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"

လက်သည်းငါးခုရှေနဂါးတမန်တော်၏မျက်နှာတွင်လည်း အပြုံးများ ပြည့်နှက်သွားသည်။ သူက လက်ပြန်ရုတ်ကာ ဆိုသည်။"ကောင်းတယ်။ ကောင်းကင်ဉာဏ်အလင်းက ကျိန်စာမိသွားပြီဆိုတော့ သူအလောင်းရှိတဲ့နေရာကို တွက်ချက်ပြီး သွားယူရအောင်။ ကျုပ်တို့ တာဝန်ကို အပြီးသတ်ပြီးရင် ဆုလဒ်ကိုထုတ်ယူလို့ရပြီ။"

"ဟုတ်တယ်။"

အမှောင်အဖွဲ့အင်မော်တယ်ဘုရင်ကလည်း ကျေနပ်နေသည်။"ဒီတစ်ကြိမ်တော့ တာအိုရောင်းရင်းရဲ့ ကျိန်စာအံ့ဖွယ်စွမ်းအားကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကောင်းကင်ဉာဏ်အလင်းကိုသတ်ဖို့ကမလွယ်ကူဘူး။"

"မစိုးရိမ်ပါနဲ့။" အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က လက်ဝေ့ယမ်းကာ ဆိုသည်။" ကျုပ်အင်မော်တယ်ဆေးသုံးပြီး ဓမ္မစွမ်းအားကို အရင်ပြန်ဖြည့်တင်းလိုက်ဦးမယ်။ ပြီးမှပဲ ကောင်းကင်ဉာဏ်အလင်းရဲ့အလောင်းကို သွားယူတာပေါ့။"

"ကောင်းကင်ဉာဏ်အလင်းက ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကျိန်စာသင့်ထားတာ။ သူ့အလောင်းက ကျိန်စာစွမ်းအားတွေ စွန်းထင်းနေတာ။ တခြားအင်မော်တယ်တွေသာထိရဲရင် သေချာပေါက် ကျိန်စာသင့်လိမ့်မယ်။ ကျုပ်တို့ စိုးရိမ်စရာမလိုဘူး။"

"ဒါ.." လက်သည်းငါးခုရွှေနဂါးတမန်တော်က ဆိုသည်။"အရင်တည်ပြုလိုက်ရင် ပိုကောင်းမယ်။"

"ကောင်းပြီ။” အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်သည်။ သူက ကောင်းကင်လျှို့ဝှက်ချက်ကိုလည်ပတ်ကာ လက်ချောင်းများဖြင့် တွက်ချက်လိုက်သည်။ စက္ကအနည်းငယ်အတွင်းမှာပဲ သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားရသည်။ ဖြူဖျော့နေသည့် မျက်နှာက ပိုပြီးတော့တောင် ဖျော့တော့သွား၏။"မဖြစ်နိုင်ဘူး။"

"အိုးမဟုတ်ဘူး!”

"အား"

ရုတ်တရက် အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။ သူဘာမှမပြောနိုင်ခင်မှာပဲ ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရပြီး လဲကျသွားတော့သည်။"ကျိန်စာ..ကျိန်စာ.."

ဖျော့။

နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရပြန်သည်။

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က ဘာမှမပြောနိုင်တော့ဘဲ မေ့မြောသွားတော့၏။

"ဒါ....ဒါ.."

အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က ထိတ်လန့်သွားသည်။" ဘာဖြစ်သွားတာလဲ။"

" တစ်ခုခုတော့ ဖြစ်သွားပြီ။" လက်သည်းငါးခုရွှေနဂါးတမန်တော်က ထိတ်လန့်တကြားပြော၏။"သူ့ကို မြန်မြန်ကယ်ရအောင်။"

လက်သည်းငါးခု‌ရွှေနဂါးတမန်တော်နှင့်အမှောင်အဖွဲ့အင်မော်တယ်ဘုရင်သာ ချီမင်၏ကျင့်ကြံခြင်းအဆင့်မျိုးပိုင်ဆိုင်ထားပါက သူတို့က အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏ရင်ဘက်တွင် စိုက်ဝင်နေသော မည်းနက်နေသည့် မြားတစ်စင်းကို တွေ့နိုင်ပေသည်။

“လက်သည်းခေါင်းခုနစ်ချောင်းမြားအုပ်။”

ချီမင်၏အကြည့်က အေးစက်နေသည်။

ထိုအခိုက်တွင် ချီမင်၏ရှေ့တွင် လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်သည် မျောလွင့်နေခဲ့၏။ လေထဲတွင် ကောက်ရိုးရုပ်လေးတစ်ရုပ်လည်း ရှိနေသည်။ အရုပ်ပေါ်တွင် နာမည်တော့ ရေးထွင်းမထားပေ။

သို့ပေသော်လည်း ကမ္မကြိုးမျှင်များတော့ စည်းနှောင်ထား၏။

ချီမင်က အထွတ်အထိပ်ကမ္မနည်းစနစ်ကိုသုံးပြီး ကမ္မကို သုံးနိုင်လာသည်။ သူက ကမ္မစွမ်းအားကို အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်ပေါ်သို့ ပစ်မှတ်ထားလိုက်ပြီး သူ၏ကမ္မအရှိန်အဝါကိုဖြတ်ယူကာ လက်သည်ခေါင်းမြားခုနစ်ချောင်းစာအုပ်ထဲသို့ ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။

သိပ်မကြာလိုက်ခင်မှာပဲ ကောက်ရိုးရုပ်က အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဖြစ်ပြောင်းလဲသွားတော့သည်။

အခု ချီမင်က ကောက်ရိုးရုပ်သေးကို မြားဖြင့်တိုက်ရိုက်ပစ်လိုက်သည်။မြားက ဖြတ်တောက်သွားတော့၏။ သူက (၄၉)ရက်လုံးတစ်နေ့နှစ်ကြိမ် မပူဇော်ရသေးတောင် အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို ဒဏ်ရာအပြင်းအထန်ရရှိစေပြီး သတိမေ့သွားစေသည်။

"ဟီးဟီး" ချီမင်၏မျက်နှာပေါ်တွင် အေးစက်သည့်အပြုံးတစ်ခုပေါ်လာသည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးရှိကြောင်း ကမ္မဖြင့်တွက်ချက်ရင်း သိထားသည်။" မင်းက ငါ့ကို ကျိန်စာတိုက်ချင်တာမလား။ ဒါဆို ငါကလည်း မင်းကိုကျိန်စာတိုက်ခံရတဲ့ အရသာလေး ပေးမြည်းလိုက်မယ်။"

"ပထမမြား။"

ချီမင်က အသက်ပြင်းပြင်းရှုကာ ကောက်ရိုးရုပ်သေးကို ပစ်လွှတ်လိုက်သည်။

တစ်နည်းနည်းဖြင့် ကျိန်စာစွမ်းအားက စုပုံလာပြီး ပေါက်ကွဲထွက်ဖို့ အခွင့်အရေးကို စောင့်နေသည်။

နောက်တစ်နေ့။

"အဟွတ် ဟွတ်"

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်သည် ပြန်လည် သတိရလာသည်။ သူ့မျက်နှာက ဖျော့တော့နေသည်။ လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့်အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က သူ၏ဘေးတွင်ရပ်ကာ ကြည့်နေသည်။

"ဘာဖြစ်သွားတာလဲ။" လက်သည်းငါးခုရွှေနဂါးတမန်တော်က မေးလာသည်။

"ကျုပ်တို့ ကောင်းကင်ဉာဏ်အလင်းကို ကျိန်စာနဲ့မသတ်နိုင်လိုက်ဘူးလား။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်မှလည်း မေးလိုက်သည်။

"ငါတို့...ငါတို့မအောင်မြင်လိုက်ဘူး။"အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှုကာ ခေါင်းငုံ့လိုက်သည်။ သူ့မျက်နှာကဖျော့တော့သွားသည်။"ငါတို့ ကျိန်စာတိုက်တာ မအောင်မြင်လိုက်ဘူး။"

"ပြီးတော့ငါရဲ့ကျိန်စာအံ့ဖွယ်စွမ်းအားကို ဝါးမျိုသွားတယ်။"

လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့် အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင် ကျိန်စာမိနေပြီဆိုတာ မသိပေ။ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က သူကိုယ်တိုင်တောင်မသိပေ။

၎င်းက ချီမင်နှင့်သူတို့ကြားမှ ခြားနားချက်ဖြစ်သည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ဆင်ခြင်ထားပြီး အံ့ဖွယ်စွမ်းအားမျိုးစုံကို ဖမ်းဆုပ်နားလည်ထား၏။ ထို့ကြောင့် ချီမင်က သူကျိန်စာမိနေတုန်း ခဏလေးအတွင်းမှာ တန်းသိသွားခြင်းဖြစ်သည်။

သို့ပေသော်လည်း အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်ကတော့ မသိနိုင်ပေ။

"သေလိုက်ပါတော့။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်၏အကြည့်က အေးစက်နေသည်။"ကျုပ်တို့ ရက်တွေအများကြီး နှောင့်နှေးသွားပြီ။ ထပ်ပြီး နောက်ကျနေလို့မရတော့ဘူး။ ချီမင်က ကမ္ဘာဦးပြည်နယ်ထဲရောက်သွားရင် ပြဿနာများသွားလိမ့်မယ်။"

"အဟွတ် ဟွတ်"

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်က အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့်အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က ဂရုမစိုက်ပေ။ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်ကလည်း သူ့ဒဏ်ရာသက်သာပြီလား ဂရုမစိုက်အားပေ။

"တာအိုရောင်းရင်းတို့ ငါ့ရဲ့ ကျိန်စာအံ့ဖွယ်စွမ်းအားက မအောင်မြင်လိုက်ပေမဲ့ အံ့ဖွယ်စွမ်းအားကနေတစ်ဆင့် ကောင်းကင်ဉာဏ်အလင်းရဲ့တည်နေရာကို သိလိုက်တယ်။ ချက်ချင်းလိုက်ရအောင်။"

"ခင်ဗျားရဲ့ ဒဏ်ရာတွေကရော။" လက်သည်းငါးခုရွှေနဂါးတမန်တော်က မေးလာသည်။

“အဆင်ပြေပါတယ်။” အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ပြန်ဖြေလိုက်သည်။

အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်သည်။"ငါတို့ အခုဂရုမစိုက်နိုင်သေးဘူး။ ချက်ချင်းလိုက်ရအောင်။"

အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးက တိတ်ဆိတ်သည့်ဂူလေးထဲမှ ထွက်သွားကြတော့သည်။ ချီမင်၏နေရာကို သတ်မှတ်ပြီးတာနဲ့ သူတို့က လွတ်မြောက်ခြင်းအံ့ဖွယ်စွမ်းအားကိုသုံးကာ အင်အားကုန်လိုက်ဖမ်းတော့သည်။

ကံမကောင်းသည်က ချီမင်က တစ်နေရာတည်းမှာ အကြာကြီးမနေပေ။ သူက လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်ကို တစ်နေ့နှစ်ကြိမ် ကြိုက်တဲ့အချိန်မှာပူဇော်လို့ရပြီး ကျိန်စာစွမ်းအားကို တိုးမြှင့်နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ (၄၉)ရက်ကြာသွားသည်။

ယနေ့ ညနေခင်းမှာတော့ ချီမင်ကညာဘက်လက်ကိုဝေ့ယမ်းကာ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့်တစ်ထပ်တည်းတူနေသည့် ကောက်ရိုးရုပ်ကို ထုတ်ယူလိုက်၏။ သူက နောက်ဆုံးအကြိမ်အရုပ်ကို ဝတ်ပြုလိုက်သည်။

“နှုတ်ဆက်ပါတယ်။”

ချက်ချင်းပဲ လွန်ခဲ့သည့်ရက်များက ပေါက်ကွဲချင်ခဲ့သည့်ကျိန်စာစွမ်းအားမှာ စုပြုံလာပြီး အနက်ရောင်မြူခိုးအဖြစ်ပြောင်းလဲကာ ကောက်ရိုးရုပ်ကို ဖုံးအုပ်သွား၏။

အတော်လေး ကြောက်မက်ဖွယ်ကောင်းသည်။

"အား"

တစ်ချိန်တည်းမှာ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်သည် အော်ဟစ်လာ၏။ သူ၏ဝိညာဉ်သုံးပါးနှင့် စိတ်ဝိညာဉ်ခုနစ်ပါးမှာ တိုက်ရိုက်ပျောက်ကွယ်သွားတော့၏။ သူ၏အံ့ဖွယ်စွမ်းအားများမှာ ထိန်းချုပ်မှုလွတ်သွားက သူ့ခန္ဓာကိုယ်က ကောင်းကင်မှပြုတ်ကျလာသည်။

ဘုန်း

မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခုဖြစ်သွားသည်။

"ဘာဖြစ်သွားတာလဲ။"

"အိုးမဟုတ်ဘူး!”

လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့် အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က လျင်မြန်စွာ ရပ်တန့်သွား၏။ သူတို့မျက်နှာပေါ်တွင် ကြောင်အသွားသည့် အမူအရာပေါ်လာသည်။ သူတို့က ထိုသို့ဖြစ်လာမည်မထင်ထားပေ။

"မင်း.."

သူတို့ရှေ့မှာရပ်နေသည့် အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အင်မော်တယ်ဘုရင်သည်အကြောင်းမဲ့ ဝိညာဉ်သုံးပါးနှင့်စိတ်ဝိညာဉ်ခုနစ်ပါး ပျောက်ကွယ်သွားသည်။

အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏အသိစိတ်တွင် အမတဓာတ်အစအနပါသည်။ ဝိညာဉ်သုံးပါးပျောက်ကွယ်ပြီး စိတ်ဝိညာဉ်ခုနစ်ပါးပျက်စီးရင်တောင် ချက်ချင်းမသေပေ။ အသိစိတ်အဖျက်ဆီးမခံရသရွေ့ ပြန်လည်ရှင်သန်နိုင်သည်။

"ကျိန်စာ...ကျိန်စာပဲ။"

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်က သူ၏အသိစိတ်ကိုသုံးကာ လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့်အမှောင်အဖွဲ့အင်မော်တယ်ဘုရင်တို့ကို သတင်းပေးခဲ့သည်။ သူ့အသံက ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။"ကောင်းကင်...ကောင်းကင်ဉာဏ်အလင်းက မဟာကျိန်စာအံ့ဖွယ်စွမ်းအားကို တတ်မြောက်ထားတယ်။ မင်းတို့...မင်းတို့ ဂရုစိုက်ရမယ်။"

"သေလိုက်တော့။"

ဆွစ်!

ချီမင်က အနက်ရောင်မြားတစ်စင်ကိုပစ်လွှတ်လိုက်တော့သည်။ထိုမြားက ကောက်ရိုးရုပ်၏ခေါင်းကို ထိမှန်သွားတော့သည်။ မျက်ခုံးအလယ်ဗဟိုကိုထိမှန်သွားခြင်းဖြစ်ပြီး အရုပ်ခေါင်းမှ အမည်းရောင်ငွေ့များထွက်လာသည်။

သွေးများ စီးကျလာသည်။

သူက သနားစရာကောင်းသွားပေသည်။

"အား"

ထိတ်လန့်ဖွယ်အော်သံများထွက်ပေါ်လာ၏။

လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်၏ကျိန်စာစွမ်းအားက ပေါက်ကွဲထွက်လာသည်။

ထိုအခိုက်တွင် လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့်အမှောင်အဖွဲ့အင်မော်တယ်ဘုရင်တို့မှာ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထံမှထိတ်လန့်တကြားအော်ဟစ်သံသာကြားလိုက်ရတော့သည်။ အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမမှ အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏ခေါင်းတွင် မြားတစ်ချောင်းထွက်လာသည်။

မြားက အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမှ အင်မော်တယ်ဘုရင်၏ခေါင်းတွင်စိုက်နေခြင်းဖြစ်သည်။

ပိုပြီးအရေးကြီးသည်က။

ထိုသူ၏အသိစိတ်က မြားချက်ကြောင့်လုံးဝကို ပျက်သုန်းသွားတော့၏။ သူက ပြန်လည်ရှင်သန်ရန်တောင် မဖြစ်နိုင်တော့ပေ။ သူက သေဆုံးသွားပြီဖြစ်သည်။

All Chapters