← Chapters

အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးဦး

Vol. 23 Ch. 345

အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးဦး

Vol. 23 Ch. 345

ချီမင်က လက်သည်းခေါင်းမြားခုနစ်ချောင်းကိုသုံးကာ အင်မော်တယ်ဘုရင်တစ်ပါးကို ကျိန်စာတိုက်နိုင်သွားသည်။ သူက အထွတ်အထိပ်ကမ္မနည်းစနစ်ကိုသုံးကာ ရန်သူကိုပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ကျိန်စာ၏စွမ်းအားက အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏ဝိညာဉ်သုံးပါးနှင့်စိတ်ဝိညာဉ်ခုနစ်ပါးကို ပျောက်ကွယ်သွားစေသည်။ ထို့နောက် သူက အသိစိတ်၏အမတဓာတ်ကို ဖျက်ဆီးပစ်သည်။

၎င်းက အမှန်တကယ့်ကို သေသွားစေသည်။

သူက လုံးဝကိုသေဆုံးသွားပြီဖြစ်၏။

"ဒါ....ဒါ.."

လက်သည်းငါးခုရွှေနဂါးတမန်တော်၏ကိုယ်က တုန်ရီသွားခဲ့သည်။ သူက သူ့အဖော်သေသွားတာကိုကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရပေမဲ့ ဘာမှမတတ်နိုင်ခဲ့ပေ။ သူက ဘာလို့သေသွားရမှန်တောင် မသိလိုက်ရပေ။ အနက်ရောင်မြားတစ်စင်းပေါ်လာပြီး အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမမှ အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏အသိစိတ်ကို အတင်းအကြပ်ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်း၏။

မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပါ၏။

"ဟူး..."

အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က သက်ပြင်းချလိုက်သည်။ သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်လာသည်။"ဒါက ကျိန်စာပဲ။ ကျိန်စာတိုက်ခံလိုက်ရတာ။"

"မြောင်ချင်းဟယ်က ကျိန်စာတိုက်ခံရပြီးသေသွားတာပဲ။"

အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၏အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆိုသူ၏နာမည်အရင်းမှာမြောင်ချင်းဟယ်ဖြစ်သည်။ သူသေသွားမှသာ အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က နာမည်ရင်းကို ထုတ်ပြောလာခဲ့သည်။သူ့အသံမှာ ကြောက်လန့်မှုများ ဖုံးလွှမ်းနေခဲ့သည်။

“ကျိန်စာ!”

လက်သည်းငါးခုရွှေနဂါးတမန်တော်က သက်ပြင်းချလိုက်ပြန်သည်။"အတော်လေး ကြောက်ဖို့ကောင်းတာပဲ။ မြောင်ချင်းဟယ်က ခေါင်းဖြတ်ဆေဘာခုနစ်လက်နည်းစနစ်ကိုသုံးပြီး ကောင်းကင်ဉာဏ်အလင်းကို ကျိန်စာတိုက်ချင်ခဲ့တယ်။"

“ဒါပေမဲ့အဆုံးမှာတော့..."

"ကောင်းကင်ဉာဏ်အလင်းက ဘာမှမဖြစ်သွားခဲ့ဘူး။ အဲ့ဒီ့အစား မြောင်ချင်းဟယ်ကသာ ကျိန်စာတိုက်ခံရပြီးသေသွားရတယ်။ အစကနေ အဆုံးထိ ငါတို့ ဘာမှမသိခဲ့ရဘူး။"

အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။"ဒီကိစ္စက ငါတို့မျှော်လင့်ချက်ထက်ကျော်သွားတာပဲ။ မြောင်ချင်းဟယ်က သူ့ဖော်တဲ့ဆေးသူပြန်စားလိုက်ရတယ်။ တစ်ဖက်က သူ့ကို မဟာကျိန်စာအံ့ဖွယ်စွမ်းအားသုံးပြီး သတ်သွားတယ်။ အဲ့သလို အင်အားမျိုးက ကြောက်ဖို့ကောင်းလွန်းတယ်။"

"ဒါဆို ငါတို့..."လက်သည်းငါးခုရွှေနဂါးတမန်တော်က ခေါင်းအသာ ငုံ့လိုက်သည်။

"လောလောဆယ်တော့ ပြန်ဆုတ်ထားရအောင်။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က အသံနိမ့်နိမ့်ဖြင့်ပြော၏။"ငါတို့သာ ဆက်လိုက်နေရင် မြောင်ချင်းဟယ်လိုပဲ ကောင်းကင်ဉာဏ်အလင်းဆီကနေ အသတ်ခံရနိုင်တယ်။"

"အစကနေအဆုံးထိ ငါတို့ မြောင်ချင်းဟယ်ကို ကောင်းကင်ဉာဏ်အလင်းက ဘယ်လိုကျိန်စာတိုက်သွားလဲမသိရဘူး။ ကျိန်စာရဲ့ ကြားခံက ဘာဖြစ်မလဲမသိဘူး။"

"ကောင်းကင်ဉာဏ်အလင်းက ငါတို့သရုပ်မှန်ကိုလည်းမသိသလို နောက်ခံကိုလည်းမသိဘူး။ ငါတို့နာမည်ရင်းမပြောနဲ့ တာအိုနာမည်တောင် သိတာမဟုတ်ဘူး။"

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အံ့ဖွယ်စွမ်းအားတတ်ထားလဲ ငါတို့မသိဘူး။ ငါတို့သာ ဂရုမစိုက်ရင် သေသွားလိမ့်မယ်။"

လက်သည်းငါးခုရွှေနဂါးတမန်တော်ကလည်း နောက်ပြန်ဆုတ်ချင်၏။"ဒီလိုဆိုမှတော့ ငါတို့ ပြန်ဆုတ်ပြီး အင်မော်တယ်မင်းဆက်ကို သတင်းပြန်ပို့ကြတာပေါ့။ အင်မော်တယ်ဌာနချုပ်က ပိုပြီးသန်မာတဲ့သူတွေလွှတ်ပေးလို့ရအောင် သတင်းပို့ရမယ်။"

"ငါလည်း အဲ့လိုထင်တယ်။" အမှောင်အဖွဲ့အင်မော်တယ်ဘုရင်မှ ပြောလိုက်သည်။

လက်သည်းငါးခုရွှေနဂါးတမန်တော်နှင့် အမှောင်အဖွဲ့အင်မော်တယ်ဘုရင်က မြောင်ချင်းဟယ်၏အလောင်းကို ယူဆောင်သွားသည်။ သူ့နဖူးပေါ်က မြားနက်က ပျောက်ကွယ်သွားပြီး နဖူးမှာ အပေါက်ကြီးတစ်ခုကျန်ခဲ့သည်။

မြောင်ချင်းဟယ်၏အလောင်းတွင် ကျိန်စာစွမ်းအားအနည်းငယ်ကျန်နေသေးသည်။ သာမန်အင်မော်တယ်သာထိလိုက်ပါက ကြောက်မက်ဖွယ်ကျိန်စာစွမ်းအားကြောင့် ချက်ချင်းကို ကျိန်စာသင့်သွားပေမည်။ သူတို့၏ဝိညာဉ်သုံးပါးနှင့်စိတ်ဝိညာဉ်ခုနစ်ပါးမှာ ပျောက်ကွယ်ပြီး သေသွားပေလိမ့်မည်။

ဤသည်ကနေကြည့်လျှင် သိသာပါ၏။

ချီမင်နားလည်ထားသည့် လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်က အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည်။အထူးသဖြင့် သူ၏အဆက်မပြတ်သန့်စင်မှုအောက်တွင်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားနှင့် လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်မှာ ပေါင်းစပ်သွားပြီး ချီမင်က ၎င်းကို ဆန်းကြယ်အင်မော်တယ် ထိပ်တန်းအဆင့်ထိ အကြိမ်ကြိမ်သန့်စင်ခဲ့ပြီးပြီဖြစ်သည်။

ချီမင်ဘက်တွင်တော့။

"သူတို့ လက်လျော့သွားပြီပဲ။"

ချီမင်က ရပ်တန့်သွား၏။ သူက ညာဘက်လက်ကိုဝေ့ယမ်းပြီး လက်သည်းခေါင်းမြားခုနစ်ချောင်း လျှို့ဝှက်နက်နဲနည်းစနစ်ကိုဖယ်ရှားလိုက်၏။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကို အောင်မြင်စွာဖြင့် ကျိန်စာတိုက် သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

…

သူက ထိုအရာကို အာရုံခံမိလိုက်၍ လက်ချောင်းများဖြင့် လက်တွက်ချက်လိုက်သည်။ ယခင်တုန်းက သူ့ကိုလိုက်လံဖမ်းဆီးနေခဲ့သည့် တခြားအင်မော်တယ်ဘုရင်နှစ်ပါးက ရပ်သွားတာကို တွေ့လိုက်ရပါ၏။

"ဟီးဟီး"

ချီမင်က အခြေခံအားဖြင့် ရလဒ်ကို တွက်ချက်လိုက်သည်။ သူက အေးစက်စက်ရယ်မောလိုက်သည်။"သူတို့ လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်ကို ကြောက်သွားတာပဲ။ တကယ်တော့ အထွတ်အထိပ်ကမ္မနည်းစနစ်က အရမ်းအားကောင်းပေမဲ့ ငါနဲ့တခြားအင်မော်တယ်ဘုရင်နှစ်ပါးကြားမှာ ရှိတဲ့ကမ္မဆက်နွယ်ချက်က မလုံလောက်ဘူး။ ငါ လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်ကိုသုံးပြီး သူတို့ကို ကျိန်စာတိုက်သတ်ဖို့ ကမ္မမျဉ်းကို သုံးလို့မရဘူး။"

"သူတို့ သေမှာတော့ ကြောက်သားပဲ။"

သူက လျစ်လျူရှုလိုက်တော့သည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကို ကျိန်စာတိုက်ပြီး သတ်နိုင်နေပြီဖြစ်သည်။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို သတိပေးချင်တာဖြစ်သည်။သို့မှသာ သူ့ကိုကြောက်ပြီး နောက်ထပ်လူများ မလွှတ်ရဲအောင်ဖြစ်သည်။

ချီမင်၏အကြံက မအောင်မြင်လောက်ပေ။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ပြည်နယ်ကိုးလောကတွင် ခေတ်တစ်ခေတ်ကြာ ထိပ်တွင် ရပ်တည်လာခဲ့တာဖြစ်သည်။ သူတို့အင်အားက အတော်လေးနက်ရှိုင်းပြီး ပြည်နယ်ကိုးလောကတစ်ခုလုံးကို ထိန်းချုပ်ထားတာဖြစ်သည်။ သူတို့က ချီမင်သည် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးကို သတ်လိုက်ရုံမျှဖြင့် ကြောက်လန့်ပြီး သူ့နောက်ကို လူထပ်မလွှတ်အောင်လုပ်လို့မရနိင်သေးပေ။

သေချာပေါက်ကို မဖြစ်နိုင်ပေ။

ထို့ပြင်....

ချီမင်ကလည်း ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းတွင် ပါနေပြီဖြစ်သည်။ စာရင်းဝင်တဲ့သူများအားလုံးထဲတွင် နှစ်ယောက်သာ အသက်ရှင်နေသေးတာဖြစ်သည်။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ချီမင်ကိုသတ်ဖြတ်ရန် ပိုပြီးသန်မာသည့်သူများကို လွှတ်လာမှာဖြစ်သည်။ သူတို့က သူ့ကိုရှင်သန်ဖို့ အခွင့်အရေးပေးမှာမဟုတ်ပေ။

မြင်ကွင်းက ပြောင်းလဲသွားသည်။

အ‌င်မော်တယ်မင်းဆက် ပြည်နယ်တွင်။

ကိုးပြည်ထောင်အင်မော်တယ်ဌာနချုပ်တွင်။

ခမ်းနားသည့် အင်မော်တယ်နန်းတော်များ တစ်နေရာပြီး တစ်နေရာတွေ့နေရသည်။ တိမ်နှင့်မြူခိုးများမှာ ဝန်းရံနေပြီး အင်မော်တယ်ချီများမှာပျံ့နှံ့လျက် သဘာဝဥပဒေသများမှာ ယှက်နွယ်နေ၏။ စည်းမျဉ်းများသည် ပိုက်ကွန်များသဖွယ်ယှက်နွယ်နေပြီး ကောင်းကင်ဘုံ(၃၃)လွှာကဲ့သို့ ခမ်းနားသည့် မြင်ကွင်းကို ဖော်ဆောင်နေ၏။

အနီးကပ်လာလေ အင်မော်တယ်ဌာနချုပ်အနီးသို့ရောက်လာလေဖြစ်ပြီး ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့် နီးလာလေဖြစ်သည်။

ပြန်လည်မွေးဖွားရာလမ်းစဉ်ခြောက်သွယ်ခန်းမတွင်။

စွမ်းအားကြီးပုံရိပ်ကိုးခုပေါ်လာသည်။ သူတို့က အင်မော်တယ်နယ်ပယ်ကိုကျော်လွန်တော့မည့် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ရောက်နေကြသူများဖြစ်၏။ သို့ပါသော်လည်း ၎င်းတို့က ပုံရိပ်ယောင်များဖြစ်ကာ ခန္ဓာကိုယ်အစစ်မဟုတ်ပေ။

နေရာတစ်ခုလုံးက မည်းနက်နေသည့် အထီးကျန် စကြဝဠာတစ်ခုအလား။သို့ပေမဲ့ ကြယ်တာရာတို့မှာ မျောလွင့်နေပါသေးသည်။ အချို့ကြယ်များမှာ တောက်ပလွန်းနေပြီး အချို့မှာ အတော်လေးမှေးမှိန်နေ၏။

ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ခန်းမတွင် ထိုမျောလွင့်နေသည့်ကြယ်များက အင်မော်တယ်မင်းဆက်၏များအင်မော်တယ်ဘုရင်များကို ကိုယ်စားပြု၏။ ကြယ်ရောင်ပိုတောက်လေ အထက်ကမ္ဘာအင်မော်တယ်ဘုရင်က ပိုသန်မာလေဖြစ်သည်။

စွမ်းအားကြီးပုဂ္ဂိုလ်ကိုးယောက်ကတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးကို ကိုယ်စားပြုသည်။

ထိုအကြီးအကဲကိုးယောက်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ထိပ်ဆုံးကို ကိုယ်စားပြုနိုင်ကြသူများဖြစ်သည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးယောက်ထိပ်တွင် မင်းဆက်၏ဧကရာဇ်သာကျန်တော့သည်။

"ဒီကိစ္စက တာအိုကျင့်ကြံသူ ကောင်းကင်ဉာဏ်အလင်းနဲ့ဆိုင်တယ်။သူကို မဖြေရှင်းနိုင်သေးဘူး။ ကိစ္စက ပိုပြီးပြဿနာများလာတော့မယ် ထင်တယ်။"

" လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က တိမ်မိုးကြိုးပြည်နယ်မှာထောင်ခဲ့တဲ့ လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို တစ်ဖက်က ဖျက်ဆီးပြီးလွတ်မြောက်သွားတယ်။ ငါတို့ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က မျက်နှာပျက်ခဲ့ရတယ်။"

"အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ရဲ့လွှမ်းခြုံအိမ်ယာမြို့တော်မှာလည်း ကောင်းကင်ဉာဏ်အလင်းက မော့ဝူလင်းကိုသတ်ခဲ့တယ်။ သူ့အသိစိတ်ပါ ဖျက်ဆီးခံရပြီး လုံးဝကို သေသွားခဲ့ရတယ်။ သူက ပြန်တောင်မရှင်နိုင်တော့ဘူး။"

"ဒီကိစ္စက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို အရှက်ရစေတယ်။"

"တကယ်တော့ အဲ့ဒီကိစ္စက အရေးမကြီးပါဘူး။"

"အရေးကြီးတာက သိပ်မကြာခင်ကမှ သူ့နောက်ကို အထက်ကမ္ဘာအင်မော်တယ်ဘုရင်သုံးပါးလိုက်သေးတယ်။ အခု တစ်ယောက်ကကျိန်စာမိသွားတယ်။ မြောင်ချင်းဟယ်က ကောင်းကင်ဉာဏ်အလင်းဆီမှာ အသက်ခံရပြီး သူ့အသိစိတ်ကလည်း ဖျက်ဆီးခံလိုက်ရတယ်။ ကျန်တဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ယောက်က ပြန်ပြေးလာရပြီး တာဝန်ကိုတောင် လက်လျော့သွားတယ်။"

" တာအိုကျင့်ကြံသူ ကောင်းကင်ဉာဏ်အလင်းရဲ့ ခြိမ်းခြောက်နိုင်စွမ်းက အတော်လေးကြီးတယ်။ သူ ဆက်ပြီးကြီးထွားလာရင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အခြေခံကို လှုပ်ခတ်လာလိမ့်မယ်။ ကျုပ်တို့သာ သူ့ကို ကမ္ဘာဦးပြည်နယ်ဘက်သွားပြီး ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုဝင်ခွင့်ပေးလိုက်ရင် ကျုပ်တို့ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တစ်ခုလုံး ကပ်ဆိုက်သွားလိမ့်မယ်။"

"ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို ထပ်ပြီးအသက်သွင်းရမယ်။ပြီးတော့ တာအိုကျင့်ကြံသူကောင်းကင်ဉာဏ်အလင်းကို ပစ်မှတ်ထားရမယ်။ သူ ကမ္ဘာဦးပြည်နယ်ကို မရောက်ခင် သူကို သတ်မှရမယ်။"

"နောက်တစ်ကြိမ်လား"

"သဘောတူတယ်။"

အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးက တန်ပြန်ဆောင်ရွက်ဖို့ ဆွေးနွေးနေကြသည်။

"ပြန်လည်မွေးဖွားခြင်းတာအိုခြောက်ပါး။ အသက်သွင်း"

အကြီးအကဲကိုးပါးက ငြင်သာစွာအော်လိုက်ကြသည်။ သူတို့က ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို သုံးချင်ကြတာဖြစ်သည်။ ထိုရတနာကိုအသက်သွင်းဖို့က အကြီးအကဲကိုးပါးလုံး၏ခွင့်ပြုချက်ကိုလိုပေ၏။ တစ်ယောက်လောက်ပဲ လက်မခံရင်တောင် သူတို့က ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို မသုံးနိုင်ပေ။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ဧကရာဇ်ကတော့ သဘာဝအတိုင်း ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို တိုက်ရိုက် သုံးနိုင်ပေသည်။ ကောင်းကင်တာအိုရတနာကစွမ်းအားကြီးပေသည်။၎င်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုတောင် ဖိနှိပ်နိုင်သည့် ကမ္မရတနာလည်းဖြစ်သည်။

ချက်ချင်းပဲ လမ်းစဉ်ခြောက်သွယ်ပေါ်လာသည်။

ကောင်းကင်နတ်ဘုရားလမ်းစဉ်၊လူသားလမ်းစဉ်၊အဇူရာလမ်းစဉ်၊ငရဲလမ်းစဉ်၊ဆာလောင်သရဲလမ်းစဉ် နှင့် သားရဲလမ်းစဉ်တို့ဖြစ်သည်။

ခမ်းနားသည့် စွမ်းအားများပါဝင်နေသည်။

သူတို့က မိုးမြေကောင်းကင်တာအိုကိုထိတွေ့မိသွားသည်။

ခမ်းနားသည့် အလင်းတန်းတို့ထွက်လာပြီး ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကိုဖုံးအုပ်သွားသောကြောင့် ရတနာ၏အခြေအနေအမှန်ကို မမြင်ရတော့ပေ။

လမ်းစဉ်ခြောက်သွယ်ပြောင်းလဲသွားသည်ကိုသာ မြင်နိုင်သည်။ မတူညီသည့် ကမ္ဘာခြောက်ခုမှာ ထပ်လျက်တည်ရှိနေပြီးမှ မရေမတွက်နိုင်သော ကမ္ဘာငယ်လေးများ အဖြစ်ပြောင်းလဲသွားတော့သည်။ ခမ်းနားမြင့်မြတ်လွန်းလှသည်။

သိပ်မကြာခင်မှာပဲ တုန်ခါမငြိမ်သက်မှုများ ပျောက်ကွယ်သွားသည်။အကြောင်းကတော့ ချီမင်နှင့်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကြားတွင် သင့်တော်သည့် ကမ္မက ဖွဲ့တည်သွားသောကြောင့်ဖြစ်သည်။ သူက တိုက်ပွဲများတွင်လည်း ကောင်းကင်လျှို့ဝှက်ချက်များဖော်ထုတ်မိခဲ့သည်။ မြောချင်းဟယ်၏အလောင်းတွင် ကြားခံအဖြစ်ကျိန်စာစွမ်းအားကလည်း ကျန်ခဲ့သည်။

ဒီတစ်ကြိမ်တော့ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ချီမင်၏အကြောင်းအရာများစွာကို တွက်ချက်နိုင်သွား၏။

ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ချီမင်၏အနာဂတ်အခြေအနေကို တွက်ချက်နိုင်သွားခဲ့သည်။ သူက မြောက်ပိုင်းပြည်နယ် သက်ရှည်ဒေသ အသက်မြစ်အင်မော်တယ်မြို့တော်မှ ကမ္ဘာဦးပြည်နယ်ကို သွားနေကြောင်း အတည်ပြုနိုင်လိုက်သည်။

"ဟုတ်ပြီ”

အကြီးအကဲကိုးပါးက ခေါင်းမော့လာသည်။ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်၏မငြိမ်သက်မှုများက တည်ငြိမ်သွားသည်။"ဒီတစ်ကြိမ်တော့ မတော်တဆမဖြစ်အောင် ဥပဒေသကျင့်ကြံတဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးပို့လိုက်မယ်။ ကိုးမြို့တော်အင်မော်တယ်အစီအရင်ကို တည်ဆောက်ပြီး ကောင်းကင်ဉာဏ်အလင်းကို အသေသတ်ခဲ့။"

"နောက်တစ်ကြိမ်လုပ်မယ်"

"သဘောတူပါတယ်။"

“…”

သူတို့က ညီညာစွာပြောလိုက်သည်။

မည်းနက်နေသည့် နေရာလွတ်ထဲတွင် ခမ်းနားသည်ကြယ်ကိုးလုံးမှာ လှုပ်ခါသွားသည်။ ထိုကိုးလုံးက ဥပဒေသကိုကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးကို ကိုယ်စားပြုသည်။

အခု ထိုကိုးယောက်ကို အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးက အထူးအစီအရင်ကိုသုံးပြီး အမိန့်ပေးလိုက်သည်။

ဥပဒေသကို ကျင့်ကြံသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကိုးပါးက အမိန့်ကိုလက်ခံရလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကြယ်ကိုးလုံးက မတူညီသည့် ပုံရိပ်ကိုးခုအဖြစ်ပြောင်းသွားသည်။ ထိုကိုယ်ပွားပုံရိပ်များက မူလကိုယ်၏သိစိတ်အမျှင်လေးများဖြစ်ပါ၏။

"အကြီးအကဲကိုးပါးကို အရိုအသေပြုပါတယ်။" မတူညီသည့်ကိုယ်ပွားကိုးယောက်က အရိုအသေပြုလိုက်လေ၏။

"သွားတော့" အင်မော်တယ်မင်းဆက်၏အကြီးအကဲကိုးပါးက ဘာမှအထွေအထူးပြောမနေတော့ပေ။

All Chapters