← Chapters

အခန်း ၅၄၁-၅၄၃

Vol. 37 Ch. 541-543

အခန်း ၅၄၁-၅၄၃

Vol. 37 Ch. 541-543

အခန်း (၅၄၁)

ယွဲ့ဧကရာဇ်၏ အကြံအစည်

ယွဲ့ဧကရာဇ်၏ စကားကို ကြားသောအခါ မုယုံရွှီ အနည်းငယ် အံ့အားသင့်သွားသည်။ သူမ၏ အကြံအစည်ကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ခိုင်းမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထိုအချိန်တွင် ယွဲ့ဧကရာဇ်က

“နင့်ရဲ့ အကြံအစည်အစစ်ကို မထုတ်ဖော်ပဲနဲ့ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ယုံကြည်မှုကို ဘယ်လိုလုပ်ရနိုင်မှာလဲ။”

မုယုံရွှီ ချက်ချင်း သဘောပေါက်သွားသည်။ သူမမြောက်ပိုင်းပြည်နယ်လာရခြင်း ရည်ရွယ်ချက် အစစ်အမှန် ပေါ်ပေါက်သွားမည်ကို ယွဲ့ဧကရာဇ် အစကတည်းက ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရည်ရွယ်ချက်ကို ထုတ်ဖော်မှသာ သူမ၏ နောက်ကြောင်းကို အသုံးပြု၍ မြောက်ပိုင်းနယ်စားမင်းသား၏ သနားခြင်းကို ရယူနိုင်မည်ဖြစ်ပြီး ယွဲ့ဧကရာဇ်က အတင်းအကြပ် ခိုင်းစေသောကြောင့် ထောက်လှမ်းရေး အချက်အလက်အတွက် သူမ၏ ကိုယ်ခန္ဓာကို ပေးအပ်ရသည်ဟု သူမကိုယ်သူမ ပုံဖော်နိုင်မည်ဖြစ်သည်။

ထို့နောက် ယွဲ့ဧကရာဇ်က

“နောက်ပြီး လျှို့ဝှက် လက်နက်တွေနဲ့ပတ်သက်ပြီး နင့်ရဲ့ စုံစမ်းမှုက ဘယ်လိုလဲ”

ဟု မေးလိုက်သည်။

မုယုံရွှီ စိတ်တည်ငြိမ်လာပြီး

“မြောက်ပိုင်းပြည်နယ်မှာ အထူးလက်နက်တစ်ခု ရှိနေတာ မှန်ပါတယ်။ သူတို့က အဲဒါကို အများအပြား ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားရဲ့ ခွင့်ပြုချက်ကို မရသေးတဲ့အတွက် အဲဒီ လက်နက်တွေရဲ့ စွမ်းအားအတိုင်းအတာကို မသိသေးပါဘူး”

ဟု အလျင်အမြန် ပြန်ဖြေလိုက်သည်။

မုယုံရွှီ စကားပြောလို့ ပြီးသည်နှင့် အနီရောင်ကန့်လန့်ကာများကို လေပြင်းတစ်ချက် တိုက်ခတ်လိုက်ရာ ယွဲ့ဧကရာဇ်၏ အံ့မခန်းလှပသော မျက်နှာကို မုယုံရွှီ မြင်တွေ့လိုက်ရသည်။

နောက်တစ်ခဏတွင် မုယုံရွှီ ယွဲ့ဧကရာဇ် ထံသို့ ပျံသန်းသွားသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ် ယွဲ့ဧကရာဇ်က သူမ၏ လည်ပင်းကို တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်သည်။

ယွဲ့ဧကရာဇ်က အေးစက်စက် လေသံဖြင့် “နင် မြောက်ပိုင်းပြည်နယ်မှာ နေခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲ။ ဒီကိစ္စ‌လေးကိုတောင် သေချာ မစုံစမ်းနိုင်ဘူးလား။”

မုယုံရွှီ အသက်ရှူမဝ ဖြစ်နေပြီး စကားမပြောနိုင်တော့‌ပဲ မျက်နှာလည်း နီရဲလာသည်။

“အရှင်... အရှင်မ။ ကျွန်မ... ကျွန်မ...”

မုယုံရွှီ စကားမဆုံးခင်မှာပင် ယွဲ့ဧကရာဇ်က

“နင့်ရဲသန့်စင်မှုကို ဆုံးရှုံးရမှာ ကြောက်လို့ မြောက်ပိုင်းနယ်စားမင်းသားကို မချဉ်းကပ်သေးတာလား။”

ထိုသို့ပြောရင်း မုယုံရွှီ၏ အဝတ်အစားများသည် အင်အားတစ်မျိုးဖြင့် ရုတ်တရက် ဆုတ်ဖြဲခံလိုက်ရပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ အပျိုစင် အမှတ်အသား ပေါ်လာသည်။

မုယုံရွှီ၏ အပျိုစင် အမှတ်အသား ကျန်ရှိနေသေးသည်ကို မြင်သောအခါ ယွဲ့ဧကရာဇ်က မုယုံရွှီအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ မုယုံရွှီလည်း မခံစားနိုင်တော့ပဲ ချောင်းအနည်းငယ် ဆိုးလိုက်သည်။

ယွဲ့ဧကရာဇ်က

“နင်မြောက်ပိုင်းပြည်နယ်မှာ ဒီလောက်ကြာနေပြီ။ အပျိုစင် အမှတ်အသား ရှိနေတုန်းပဲ။ တာဝန်ကို လုံးဝ အာရုံမစိုက်ဘူးထင်တယ်” ဟု ဆက်ပြောလိုက်သည်။

မုယုံရွှီ အလျင်အမြန်ပင်

“အရှင်မ။ ကျွန်မ မှားသွားမှန်း သိပါပြီ။ နောက်ထပ်အခွင့်အရေး တစ်ကြိမ် ပေးပါ။”

ထို့နောက် ယွဲ့ဧကရာဇ်က တစ်ဖက်လှည့်ကာ သူမ၏ ဖီးနစ်အိပ်ရာသို့ လျှောက်သွားရင်း

“ရက်အနည်းငယ်အတွင်း မြောက်ပိုင်းပြည်နယ်ကို ပြန်သွားပါ။ ကျူးကဲ့ကျုံကောင်းက ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း မြောက်ပိုင်းနယ်စားမင်းသားက ဘာကြောင့် ထုတ်ဖော်ခဲ့သလဲဆိုတာ နင်ရှာဖွေရမယ်။”

မုယုံရွှီက

“တာဝန်ကို ကျွန်မ သေချာပေါက် ပြီးမြောက်အောင် ထမ်းရွက်ပါ့မယ်။”

ထိုစဉ် ယွဲ့ဧကရာဇ်က ခေါင်းမလှည့်ပဲ ရပ်တန့်လိုက်ပြီး

“နင့်ရဲ့ အသက်ကို ငါ ကယ်ခဲ့တယ်ဆိုတာ နင် မှတ်မိနေဖို့ မျှော်လင့်တယ်။”

မုယုံရွှီက ချက်ချင်း ဒူးထောက်လိုက်ပြီး “ကျွန်မ အမြဲမှတ်မိပါတယ်။ ဒီဘဝမှာ အရှင်မအတွက် ဘာမဆို လုပ်ဖို့ ဆန္ဒရှိပါတယ်။”

ယွဲ့ဧကရာဇ်က အေးစက်စက် လေသံဖြင့်

“နင် သွားလို့ရပြီ။”

ယွဲ့ဧကရာဇ်၏ စကားများဆုံးသွားသည်နှင့် အိပ်ရာပေါ်ရှိ စောင်များ လေထဲသို့ မြောက်တက်လာပြီး မုယုံရွှီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် သူမ ယွဲ့ဧကရာဇ်၏ အိပ်ဆောင်မှ ထွက်ခွာသွားသည်။

ထွက်ခွာလာပြီးနောက် မုယုံရွှီ သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ အနာဂတ်နှင့်ပတ်သက်၍ မရေရာမှုများ သူမ စတင်ခံစားလာရသည်။ အစက မြောက်ပိုင်းပြည်နယ်တွင် ကြုံတွေ့ခဲ့ရသော အရာအားလုံးကို ယွဲ့ဧကရာဇ်အား ပြောပြရန် သူမ စဉ်းစားထားသော်လည်း အချိန်တန်သောအခါ ဘာမှပြောမပြနိုင်ခဲ့ပေ။

ထို့ပြင် ယွဲ့ဧကရာဇ်က သူမ မြောက်ပိုင်းနယ်စားမင်းသားထံ ချဉ်းကပ်ရခြင်း ရည်ရွယ်ချက်ကို တမင်ဖော်ထုတ်ခိုင်းပြီး ထိုအချက်ကို အသုံးပြု၍ မြောက်ပိုင်းနယ်စားမင်းသား၏ ယုံကြည်မှုကို ရယူခိုင်းခဲ့သည်။

အကယ်၍ သူမ မင်းသားထံ၌ သစ္စာဖောက်ဟန်ဆောင်ခဲ့လျှင်တောင် နောက်ဆုံးတွင် ကျူးနိုင်ငံတော်သို့ ပြန်ရောက်သောအခါ ဧကရာဇ်က သူမကို ယုံကြည်ဦးမည်လား။

မဖြစ်နိုင်ပါ။

သူမ မြောက်ပိုင်းနယ်စားမင်းသားရှေ့မှာ ကျူးနိုင်တော်ကို အမှန်တကယ်သစ္စာဖောက်ခြင်းလား သို့မဟုတ် ဟန်ဆောင် သစ္စာဖောက်ခြင်းလား ဆိုသည်ကို မည်သူမှ တိတိကျကျ ပြောနိုင်မည် မဟုတ်ပေ။ ယွဲ့ဧကရာဇ်ကလည်း သူမကို ထိုမျှလောက် ယုံကြည်လိမ့်မည်ဟု သူမ မထင်ပေ။

အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် ယွဲ့ဧကရာဇ် ပြောသည့်အတိုင်း လုပ်ဆောင်ရန် မုယုံရွှီ ဆုံးဖြတ်လိုက်သည်။ ယွဲ့ဧကရာဇ် ပြောခဲ့သည့် စကားများက မှန်ကန်သည်။

ယွဲ့ဧကရာဇ် မရှိခဲ့လျှင် သူမသည် ယခုအချိန်တွင် သေဆုံးပြီး ဖြစ်လိမ့်မည်။

နှစ်ပေါင်းများစွာအတွင်း ပြစ်ဒဏ်သား အရာရှိတစ်ဦး၏ သမီးဖြစ်သူ သူမအား သေဆုံးစေလိုသူများစွာ ရှိခဲ့သည်။ သို့သော် ယွဲ့ဧကရာဇ်၏ ကာကွယ်မှုအောက်တွင် သူမ အသက်ရှင်ရုံသာမက သူမ၏ ရာထူးသည်လည်း တဖြည်းဖြည်း မြင့်မားလာခဲ့သည်။

ယွဲ့ဧကရာဇ်က သူမအပေါ် ကြမ်းတမ်းစွာဆက်ဆံသော်လည်း ယွဲ့ဧကရာဇ်မရှိလျှင် သူမသည် ယခုလိုအောင်မြင်မှုများ ရရှိမည်မဟုတ်ပေ။

နိုင်ငံရေးတိုက်ပွဲများသည် အလွန်ရှုပ်ထွေးသောကိစ္စရပ်များဖြစ်သည်။ မုယုံမိသားစုသည် ယွဲ့ဧကရာဇ်ကို ဆန့်ကျင်သည့်အတွက် သုတ်သင်ခံခဲ့ရသော်လည်း အမှန်တွင် ယွဲ့ဧကရာဇ်ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပဲ သူမကို ထောက်ခံသော အရာရှိများကသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ထိုအရာရှိများသည် ဤအပြစ်သားအရာရှိ၏သမီးကို အလွန်သေ‌စေလိုခဲ့ခြင်းဖြစ်သည်။

သူမ၏ ရာထူး မြင့်မားလာသည်နှင့်အမျှ သူမ၏ မိသားစုကို ယခင်က အန္တရာယ်ပြုခဲ့သူများအတွက် ခြိမ်းခြောက်မှု ပိုမိုကြီးမားလာသည်။ သူမ၏ မလျော်ကန်သော အပြုအမူများအကြောင်း လူအများကြားတွင် ကောလာဟလများစွာ ထွက်ပေါ်နေခြင်းကလည်း ထိုသူများနှင့် အလွန်ဆက်စပ်နေသည်။ ယွဲ့ဧကရာဇ်အား သူမကို အလွန်အမင်း အလေးအနက်မထားစေလိုသောကြောင့် ဖြစ်သည်။

ယွဲ့ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားထံ သူမခန္ဓာကိုယ်ကို ပေးအပ်ခိုင်းခြင်းနှင့်ပတ်သက်၍တော့ မုယုံရွှီ ဂရုမစိုက်ပေ။ သူမ လိုလားသောအရာများနှင့်နှိုင်းယှဉ်လျှင် သူမ၏ စင်ကြယ်မှုသည် သူမ၏မျက်လုံးထဲတွင် အရေးမပါလှပေ။ တစ်ခုတည်းသော ပြဿနာမှာ စင်ကြယ်မှုဆုံးရှုံးပြီးနောက် ယခင်ကကဲ့သို့ သူမ ယွဲ့ဧကရာဇ်အနားတွင် မနေနိုင်တော့ခြင်းသာဖြစ်သည်။

အရင်တုန်းက သူမသည် ယွဲ့ဧကရာဇ်၏ အိပ်ယာနွေး အစေခံဖြစ်ခဲ့သည်။ သူမ၏ စင်ကြယ်မှု ဆုံးရှုံးသွားပါက ယွဲ့ဧကရာဇ်၏ စရိုက်လက္ခဏာအရ သူမအား ဆက်လက် အသုံးပြုတော့မည် မဟုတ်သည်မှာ သေချာပေသည်။

သူမ၏လက်ရှိအဆင့်အတန်းသည် ယွဲ့ဧကရာဇ်၏အနားတွင် ရှိနေခြင်းကြောင့်သာဖြစ်သည်။ ယွဲ့ဧကရာဇ်၏ အနားတွင် သူမ ဆက်လက်မရှိနိုင်တော့ပါက ဧကရာဇ်၏ နှစ်သက်မှုကို ဆက်လက်ရရှိဦးမည်လား ဆိုသည်က မသေချာပေ။

......

မုယုံရွှီ ယွဲ့ဧကရာဇ်၏ အိပ်ဆောင်မှ ထွက်ခွာပြီး မကြာမီပင် အရာရှိအချို့ ယွဲ့ဧကရာဇ် အိပ်ဆောင်၏ ကန့်လန့်ကာများ အပြင်ဘက်တွင် ပေါ်လာကာ နဂါးနက်နိုင်ငံတော်နှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုအချိန်တွင် အရာရှိတစ်ဦးက

“နဂါးနက်နိုင်ငံတော်ရဲ့ ခြိမ်းခြောက်မှုက ကြီးမားပါတယ် အရှင်မ။ ကျွန်တော်တို့ စစ်တပ်စေလွှတ်ပြီး သူတို့ကို ရှင်းပစ်သင့်ပါတယ်”

ထိုအရာရှိ စကားမဆုံးခင်မှာပင် အခြားဝန်ကြီးတစ်ဦးက

“နဂါးနက်နိုင်ငံတော်မှာ အများဆုံး လူဦးရေ နှစ်သန်းပဲ ရှိပါတယ်။ ဘာများ ခြိမ်းခြောက်နိုင်မှာလဲ။ ကျွန်တော်မြင်တာက အခုလက်ရှိ ခြိမ်းခြောက်မှု အစစ်အမှန်က မြောက်ပိုင်းပြည်နယ်က လာတာပါ။ မြောက်ပိုင်းပြည်နယ်မှာ ကောလာဟလတွေ ထွက်နေတာက ကျူးကဲ့ကျုံကောင်းက ကောင်းကင်လူသားအဆင့်ကို မတက်လှမ်းနိုင်သေးဘူးဆိုတာပါပဲ။”

“မြောက်ပိုင်းပြည်နယ်မှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်မရှိတဲ့အတွက် ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ရဲ့ ခြိမ်းခြောက်လာနိုင်မှုကို အချိန်မီဖယ်ရှားသင့်တယ်လို့ ယူဆပါတယ်။”

“ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့်ကို တကယ် တက်လှမ်းသွားတဲ့အထိ စောင့်နေမယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးဖို့ သိပ်မလွယ်တော့ပါဘူး။”

ထိုအချိန်တွင် ယွဲ့ဧကရာဇ်က ဖီးနစ်အိပ်ရာပေါ်တွင် တစ်စောင်းလှဲလျောင်းလျက်

“နဂါးနက်နိုင်ငံတော်က ကုန်သည်လှည်း အများအပြား ကျူးနိုင်ငံတော်ထဲ ဝင်ရောက်နေတယ်ဆိုတဲ့ သတင်း မကြားကြဘူးလား။”

ထိုအခါ အနီရောင် ကန့်လန့်ကာများ အပြင်ဘက်မှ ဝန်ကြီးတစ်ဦးက

“မှန်ပါတယ် အရှင်မ။”

ယွဲ့ဧကရာဇ်က အေးစက်စက် လေသံဖြင့်

“သူတို့ ကျူးနိုင်ငံတော်ထဲ ဘာလုပ်ဖို့ ရောက်လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရပြီလား။”

အနက်ရောင်နှင့် အနီရောင် ဝတ်စုံဝတ်ဆင်ထားသော စစ်အရာရှိတစ်ဦးက “ရှင်းရှင်းလင်းလင်း သိရပါပြီ။ သူတို့ ကျူးနိုင်ငံတော်ထဲ ဝင်ရောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က မြောက်ပိုင်းပြည်နယ်က ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ပါ။”

ယွဲ့ဧကရာဇ် ခဏခန့် စဉ်းစားလိုက်ပြီး

“နဂါးနက်နိုင်ငံတော်မှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တွေ ရှိနေနိုင်တယ်။ လွင်ပြင်ဒေသမျိုးနွယ်စုတွေ နဂါးနက်နိုင်ငံတော်ကို တိုက်ခိုက်တာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတယ်။ ဒါက တကယ်တော့ ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုပဲ။”

“ဒါပေမဲ့ နဂါးနက်နိုင်ငံတော်လို အစွန်အဖျား ဒေသတွေမှာ တည်ရှိနေတဲ့ နိုင်ငံငယ်လေးနဲ့ နှိုင်းယှဉ်ရင် မြောက်ပိုင်းပြည်နယ်ကို ကျွန်မ ပိုပြီး စိုးရိမ်တယ်။”

ထို စကားကိုကြားလိုက်ရသည်နှင့် ယွဲ့ဧကရာဇ်၏ အာရုံစိုက်မှုသည် မြောက်ပိုင်းပြည်နယ်အပေါ်တွင်သာ ရှိနေဆဲဖြစ်ကြောင်း အရာရှိများ နားလည်သွားကြသည်။

နဂါးနက်နိုင်ငံသည် ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့သော်လည်း နိုင်ငံတည်ထောင်ပြီး ကတည်းက သိသိသာသာ လှုပ်ရှားမှုများ မရှိခဲ့ပေ။

မြောက်ပိုင်းနယ်စားမင်းသားကတော့ သူ၏နယ်မြေသို့ရောက်ရှိသည်နှင့် တပြိုင်နက် အလှုပ်အခတ် များစွာဖြစ်ပေါ်စေခဲ့ပြီး မီးရထားလမ်းများကို တစ်ကမ္ဘာလုံး ချဲ့ထွင်လို့သည့် အကြံအစည်များကိုပင် ကြေညာခဲ့သည်။

ထို့နောက် ဝန်ကြီးတစ်ဦးက

“အရှင်မ။ အရှင်မလည်း မြောက်ပိုင်းပြည်နယ်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေတာဆိုတော့ ဘာကြောင့် ဝူနိုင်ငံတော်ရဲ့ ကမ်းလှမ်းချက်ကို သဘောမတူရတာပါလဲ။”

“ရှနိုင်ငံတော်ရဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် မြောက်ပိုင်းပြည်နယ်ကို ရှင်းပစ်နိုင်ခဲ့ရင်တောင် ရှနိုင်ငံတော်က အရေးယူရဲမှာ မဟုတ်ပါဘူး။”

ယွဲ့ဧကရာဇ်က အေးစက်စွာဖြင့်

“အလျင်စလို မလုပ်ပါနဲ့။ မြောက်ပိုင်းပြည်နယ်ကို ဖယ်ရှားလိုတဲ့ ကျွန်မတို့ရဲ့ ဆန္ဒထက် ဝူနိုင်ငံတော်ရဲ့ ဆန္ဒက ပိုကြီးပါတယ်။ ဝူဧကရာဇ်က ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး။ သူတို့ကို မြောက်ပိုင်းပြည်နယ်ရဲ့ အင်အား ဘယ်လိုလဲဆိုတာ အရင် စမ်းသပ်ခိုင်းလိုက်ပါ။”

ဝူကျန်းဝမ်သည် ယွဲ့ဧကရာဇ်၏ သူငယ်ချင်းကောင်းဖြစ်သော်လည်း သူငယ်ချင်းဟူသည် သူငယ်ချင်း၊ နိုင်ငံဟူသည် နိုင်ငံပင်ဖြစ်သည်။ ဝူကျန်းဝမ်ကြောင့် ဝူနိုင်ငံတော်ကို မဟာမိတ်အဖြစ် သူမ သတ်မှတ်မည်မဟုတ်ပေ။

ယွဲ့ဧကရာဇ် အကြံက ဝူနိုင်ငံတော်ကို အရင်ဦးဆောင်လှုပ်ရှားစေလိုပြီး ဖြစ်နိုင်လျှင် မြောက်ပိုင်းပြည်နယ်၏ တကယ့် အင်အားကို ရှာဖွေစေလိုသည်။

...............

အခန်း (၅၄၂ )

ဝူဧကရာဇ်က မြောက်ပိုင်းပြည်နယ်ကို နှစ်လအတွင်း စစ်ချီတိုက်ခိုက်ရန် အမိန့်ချမှတ်လိုက်ပြီ (၁)

ယွဲ့ဧကရာဇ် တွေးထားသည့်အတိုင်း ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် စွမ်းအားရှင် မဟုတ်ကြောင်း သိရှိရသောအခါ ဝူနိုင်ငံတော်မှ အရာရှိတိုင်း ငြိမ်သက်စွာ ထိုင်နေနိုင်တော့ခြင်း မရှိတော့ပေ။ တစ်ဦးပြီးတစ်ဦး ဝူဧကရာဇ်အား မြောက်ပိုင်းပြည်နယ်ကို ရှင်းပစ်ရန်နှင့် မြောက်ပိုင်းနယ်စားမင်းသား၏ ခြိမ်းခြောက်မှုကို အမြစ်ပြတ်ချေမှုန်းရန် အကြံပေးကြသည်။

မြောက်ပိုင်းပြည်နယ်၏ ရည်မှန်းချက်သည် ဝူနိုင်ငံတော်ကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာ မြင်းတပ်ကြီးသည် ယုံအန်းခရိုင်တွင် တပ်စွဲထားခြင်းကြောင့် ဝူနိုင်ငံတော် ပြည်သူများ၏ ခေါင်းပေါ်တွင် ဓားတစ်ချောင်း ချိတ်ဆွဲထားသလို အမြဲခံစားနေရသည်။

.......

ဝူနိုင်ငံတော်။

နန်းတွင်းအစည်းအဝေးတွင် စိတ်ခံစားမှုများ ပြင်းထန်နေပြီး ဝန်ကြီးများက မြောက်ပိုင်းပြည်နယ်ကို ချက်ချင်း တပ်များစေလွှတ် တိုက်ခိုက်ရန် ဆွေးနွေးနေကြ၏။ မြောက်ပိုင်းပြည်နယ် ပိုမိုအားကောင်းလာခြင်းမှ တားဆီးရန်ဖြစ်သည်။

အခုအချိန်မှာတောင် မြောက်ပိုင်းပြည်နယ်သည် ဤမျှ ကြီးမားသော အင်အားကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ သူတို့အား ဆက်လက်ကြီးထွားခွင့်ပြုပါက ဝူနိုင်ငံတော်သည် နှစ်အနည်းငယ်အတွင်း မြောက်ပိုင်းပြည်နယ်ကို ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ခန်းမကြီးထဲရှိ ဝန်ကြီးများ၏ စကားကို နားထောင်ရင်း ဝူဧကရာဇ်ကတော့ ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ သူက တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး မြောက်ပိုင်းပြည်နယ်ကို တပ်များ မစေလွှတ်ရန် ပထမဆုံး အကြံပေးမည့်သူ မည်သူဖြစ်မည်ကို သိလိုစိတ် ပြင်းပြနေခဲ့သည်။

ခဏအကြာတွင် ဝူဧကရာဇ်၏ အကြည့်က ချိုက်ကျိလျှံထံသို့ ကျရောက်သွားပြီး ပြုံးလျက်

“ချိုင် လူကြီးမင်းကကော ရှနိုင်ငံတော်ရဲ့ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးသင့်တယ်လို့ ထင်သလား။”

ထိုမေးခွန်းကို ကြားသောအခါ ချိုင်ကျိလျှံက

“ကျွန်တော်တို့ သတိထားသင့်တယ်လို့ ထင်ပါတယ်။ မြောက်ပိုင်းနယ်စားမင်းသားက ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ဘူးဆိုတဲ့ အချက်ကို ဒီလောက်ကြာအောင် ဖုံးကွယ်ထားခဲ့ပြီး အခုမှ ရုတ်တရက် ထုတ်ဖော်လိုက်တာဆိုတော့ သူ့မှာ တခြားလျှို့ဝှက် ရည်ရွယ်ချက် တစ်ခုခု ရှိရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

သူ၏စကားကို ကြားသောအခါ စစ်ဝန်ကြီး ကထရပ်ပြီး ကြားဖြတ်ပြောလိုက်သည်

“ ချိုင်လူကြီးမင်းက အရမ်း သတိထားနေသလို မဖြစ်နေဘူးလား။ ရှနိုင်ငံတော် နယ်မြေထဲမှာ အရိပ်အယောင် ကောင်းကင်လူသားအဆင့် အနည်းငယ် ပေါ်လာလို့ မြောက်ပိုင်းနယ်စားမင်းသားက အမှန်တရားကို ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး။ ဒါ့ကြောင့် ကျူးကဲ့ကျုံကောင်းရဲ့ တကယ့်အခြေအနေကို မဖြစ်မနေ ဖွင့်ဟရတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား။ မြောက်ပိုင်းနယ်စားမင်းသားမှာ တခြား အကြံအစည် ဒါမှမဟုတ် လှည့်ကွက်တစ်ခုခု ရှိနိုင်တယ်လို့ ဘာလို့ ထင်ရတာပါလဲ။”

“ခင်ဗျား မြောက်ပိုင်းနယ်စားမင်းသားဆီက လာဘ်စားထားတာများ ဖြစ်နေမလား။”

စစ်ဝန်ကြီးသည် စစ်ကို အလိုလားဆုံးသူဖြစ်သည်။ စစ်ပွဲမှတစ်ဆင့်သာ စစ်ဝန်ကြီးဌာနသည် လုပ်ဆောင်စရာများ ရှိလာမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ယခု စစ်ပွဲကို လိုလား‌နေသူများမှာ စစ်ဝန်ကြီးဌာန တစ်ခုတည်းတော့ မဟုတ်ပေ။ နန်းတွင်းရှိ အရာရှိတိုင်းနီးပါး မြောက်ပိုင်းပြည်နယ်ကို ဖယ်ရှားလိုကြသည်။

မြောက်ပိုင်းပြည်နယ်တွင် ထူးခြားသော ရတနာများစွာ ရှိသည်။ မြောက်ပိုင်းပြည်နယ်ကို သိမ်းပိုက်နိုင်ခဲ့လျှင် ထိုကောင်းမွန်သော အရာအားလုံးကို လုယူနိုင်မည်ဖြစ်သည်။

ဟုတ်ပါသည်။ မြောက်ပိုင်းပြည်နယ်၏ ရတနာများအပြင် ဝူနိုင်ငံတော်သားများအနေနှင့် သူတို့အပေါ် ဤမျှကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ရှိနေသည်ကို မြင်လိုကြမည် မဟုတ်ပေ။

ယခုအခါတွင် ရှနိုင်ငံတော် ပြည်တွင်းရေး ရှုပ်ထွေးနေပြီး မြောက်ပိုင်းပြည်နယ်ကို အာရုံစိုက်နိုင်စွမ်းမရှိတော့ပေ။ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ပါက ရှနိုင်ငံတော်မှ စစ်ကူမစေလွှတ်နိုင်တော့ပေ။ ယခုအချိန်က ဝူနိုင်ငံတော်အတွက် မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးရန် အကောင်းဆုံးအခွင့်အရေးဖြစ်၏။ ထိုအခွင့်အရေးကို လုံးဝ လက်လွတ်မခံသင့်ပေ။

ထို့ပြင် နောက်ထပ် အချက်တစ်ခုရှိသေးသည်။ မြောက်ပိုင်းပြည်နယ်ကို မရှင်းပစ်ခဲ့လျှင် နောက်ပိုင်း ရှနိုင်ငံတော်ကို တိုက်ခိုက်သောအခါ မြောက်ပိုင်းပြည်နယ်မှ တပ်ကူများ စေလွှတ်ပေးနိုင်ခြေ အလွန်ရှိသည်။

မြောက်ပိုင်းပြည်နယ်သည် သံချပ်ကာမြင်းတပ်များကို ဝူနိုင်ငံတော်၏ ဦးခေါင်းပေါ်တွင် တပ်စွဲထားပြီးဖြစ်သည်။ ဝူနိုင်ငံတော်အား ရှနိုင်ငံတော်ကို တိုက်ခိုက်ခွင့်ပြုမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြသထားခြင်းဖြစ်သည်။ ထို့ကြောင့် ဝူနိုင်ငံတော် ရှနိုင်ငံတော်ကို သိမ်းပိုက်လိုပါက မြောက်ပိုင်းပြည်နယ်၏ ခြိမ်းခြောက်မှုကို အရင်ဖယ်ရှားရမည်ဖြစ်သည်။

ချိုင်ကျိလျှံက စစ်ဝန်ကြီး၏စကားကို လျစ်လျူရှုကာ

“ ကျွန်တော့်အမြင်အရတော့ အခု လူတွေက ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ဘူးဆိုတာ သိနေကြပေမဲ့ မြောက်ပိုင်းနယ်စားမင်းသား အနေနှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟထုတ်ဖော်ဖို့ မလိုအပ်ပါဘုး။ သူ ဆက်ငြင်းနေလို့ရတယ်။ တခြားအင်အားစုတွေကို ထင်ကြေးပေးခိုင်းထားလို့ရပါတယ်။”

“အဲ့ဒီလိုဆိုရင် သူ့မှာ ခြိမ်းခြောက်နိုင်တဲ့ အချက်တစ်ချက် ရှိနေသေးတာပဲ။ ကျူးကဲ့ကျုံကောင်း တကယ် အောင်မြင် မအောင်မြင်ဆိုတာကို ဘယ်သူမှ လောင်းကြေးထပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု သူက ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ဘူးဆိုတာကို ရုတ်တရက် ထုတ်ဖော်လိုက်တာဆိုတော့ အဲဒီ ခြောက်လှန့်နိုင်တဲ့ အချက်ကို လုံးဝ ဆုံးရှုံးသွားပြီ။”

ဝူဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“ခြောက်လှန့်နိုင်တဲ့ အစွမ်း မရှိတော့ဘူးလို့ ဘယ်သူ‌ပြောလဲ။ အခု ချိုင်လူကြီးမင်းကို ခြောက်လှန့် နေတယ် မဟုတ်ဘူးလား။ အနည်းဆုံးတော့ ခင်ဗျားကို မြောက်ပိုင်းပြည်နယ်ကို စစ်ချီမယ့်ကိစ္စ ထောက်ခံစကားမပြောရဲအောင် လုပ်နိုင်တယ်။”

ထို့နောက် ဝူဧကရာဇ်က ခန်းမကြီးကို တစ်ချက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ကျုပ် ဆုံးဖြတ်ပြီးပြီ။ နှစ်လအတွင်း ကျုပ်တို့ တပ်တွေကို မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ စေလွှတ်မယ်။”

ထိုစကားကို ကြားသောအခါ ချိုင်ကျိလျှံ တစ်စုံတစ်ရာ မပြောမီ မင်းသမီး ကျန်းဝမ်၏ အဖွဲ့မှလွဲ၍ ခန်းမကြီးထဲရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိအားလုံး တစ်ပြိုင်နက်တည်း ဒူးထောက်ကာ

“အရှင်မင်းကြီး ဉာဏ်ပညာရှိတော်မူပါတယ်”

ဟု အော်ဟစ်လိုက်ကြသည်။

ဝူဧကရာဇ် ခန်းမကြီးကို တစ်ဖန် ခြုံကြည့်လိုက်သောအခါ အရာရှိများစွာ ဒူးမထောက်ကြသည်ကို သတိထားမိသည်။ ထိုအရာရှိများမှာ အများအားဖြင့် ချိုင်ကျိလျှံနှင့် ဝူကျန်းဝမ်တို့နှင့် နီးစပ်သူများဖြစ်သည်။ ဝူဧကရာဇ်၏ နဖူးတွင် အရေးအကြောင်းများ ပေါ်လာသည်။

ယခုလိုဆက်သွား‌နေခြင်းက ရေရှည်အတွက် လုံးဝ မကောင်းဟု ဝူဧကရာဇ် ခံစားမိသည်။ သူသည် ဤအခွင့်အရေးကို အသုံးချ၍ သူ့သားများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရမည်။

သူ၏ သမီးသည် နန်းတော်တွင် အရှိန်အဝါ ပိုမိုကြီးမားလာပြီး အနာဂါတ် အိမ်ရှေ့စံအား ပြဿနာများ ဖန်တီးပေးနိုင်စွမ်း သိသာသာ ရှိနေသည်။

ဝူဧကရာဇ် ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင်း မြင်သောအခါ ချိုင်ကျိလျှံလည်း ထပ်မံအကြံမပြု ရဲတော့ပေ။ သို့သော် ထိုအချိန်တွင် သူက

“မင်းကြီးက မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းသမီး ကျန်းဝမ်ကို ကျူးနိုင်ငံတော် ထပ်စေလွှတ်ပြီး ကျူးနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆက်လက် ဆွေးနွေးသင့်တယ်လို့ အကြံပြုပါတယ်။”

“ကျူးနိုင်ငံတော်ဟာ မြောက်ပိုင်းပြည်နယ်နဲ့ နယ်နိမိတ်များစွာ ထိစပ်နေပါတယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ ခြိမ်းခြောက်မှုက ကျူးနိုင်ငံတော်အတွက် အကြီးမားဆုံးပါပဲ။ ဒါကြောင့် အမြစ်ပြတ်ချေမှုန်းဖို့ ကျူးနိုင်ငံတော်က စိတ်အားအထက်သန်ဆုံး ဖြစ်မှာပါ။ နောက်ပြီး ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ဘူးဆိုတာ အခုဆို သေချာသလောက် ရှိနေပါပြီ။

ဝူနိုင်ငံတော်က ဒီအချိန်မှာ မဟာမိတ်ဖွဲ့ဖို့ ဦးဆောင်အဆိုပြုခဲ့မယ်ဆိုရင် ကျူးနိုင်ငံတော်က သဘောတူလိမ့်မယ်လို့ ယုံကြည်ပါတယ်”

ဝူဧကရာဇ်က အေးစက်စွာဖြင့်

“ဒီကိစ္စကိုနောက်မှ ကျန်းဝမ်နဲ့ ဆွေးနွေးမယ်။ အခု တပ်တွေ စေလွှတ်မယ့် ကိစ္စ ဆွေးနွေးမယ်...”

မြောက်ပိုင်းပြည်နယ်သည် သာမန်နယ်စားပြည်နယ်တစ်ခု‌တော့ မဟုတ်ပေ။ မြောက်ပိုင်းဒေသရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို ဖျက်ဆီးနိုင်ခဲ့ပြီး ထျန်းချီဘုရင်ကို အနိုင်ယူနိုင်ခဲ့သည်မှာ သူတို့၏ အင်အားကို ပြသ‌နေခြင်းဖြစ်သည်။

ထို့ကြောင့် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်မည့်အချိန်တွင် အပြည့်အဝပြင်ဆင်ထားရန် အလွန်အရေးကြီးသည်။ စစ်အင်အားဖြင့် ပြဿနာများဖြေရှင်းရန် နှစ်သက်တတ်သော ဝူဧကရာဇ်ပင် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရေးကိစ္စတွင် အလွန်သတိထားခဲ့သည်။

နန်းတွင်းအစည်းအဝေးပြီးဆုံးသွားသောအခါ ချိုင်ကျိလျှံသည် ချက်ချင်းပင် ဝူကျန်းဝမ်၏ စိမ်းလန်းသောမိုးတိမ်ခန်းမ‌ ဆောင် သို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင် ဝူကျန်းဝမ်သည် ဇိမ်ကျသောထိုင်ခုံပေါ်တွင် ပျင်းတွဲ့စွာထိုင်လျက် လက်တစ်ဖက်ဖြင့် ဦးခေါင်းကိုထောက်ပြီး အခြားလက်ဖြင့် စာရွက်တစ်ရွက်ကို ကိုင်ကာ အာရုံစိုက်စွာ ကြည့်ရှုနေသည်။

ထိုစဉ် တစ်စုံတစ်ဦးက

“ချိုင်လူကြီးမင်း တွေ့ခွင့်တောင်းပါတယ်မင်းသမီး။”

ဝူကျန်းဝမ်က ပျင်းရိစွာဖြင့်

“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”

စကားဆုံးသည်နှင့် ချိုင်ကျိလျှံ ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။

ခန်းမကြီးထဲသို့ ဝင်ရောက်သည်နှင့် ချိုင်ကျိလျှံက

“မင်းသမီးကို ဂါရဝပြုပါတယ်။”

ဝူကျန်းဝမ်က ကိုယ်နေဟန်ထား မပြောင်းလဲပဲ သူမ၏ အကြည့်သည် လက်ထဲရှိ ထောက်လှမ်းရေး အချက်အလက်များပေါ်တွင် ဆက်လက်စူးစိုက်နေသည်။

သို့သော်လည်း အနီရောင် ကန့်လန့်ကာတစ်ခုက သူတို့ကို ခွဲခြားထားသောကြောင့် အတွင်းမှ အခြေအနေကို ချိုင်ကျိလျှံ မမြင်နိုင်ပေ။

ထိုအချိန်တွင် ဝူကျန်းဝမ်က အေးစက်စွာဖြင့်

“ချိုင်လူကြီးမင်းက ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။”

ချိုင်ကျိလျှံက တိုက်ရိုက်ပင်

“မင်းကြီးက နှစ်လအတွင်း မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက် ဖျက်ဆီးပစ်ဖို့ စီစဉ်နေပါတယ်။”

ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ် အံ့အားသင့်သွားပြီး သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ကျယ်ပြန့်သော ထောက်လှမ်းရေးကွန်ရက်ကြီးတစ်ခုကို ထိန်းချုပ်ထားသူတစ်ဦးအနေနှင့် ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း သတင်းကို သူမ သိရှိထားပြီးဖြစ်သည်။ သို့သော်လည်း မြောက်ပိုင်းနယ်စားမင်းသားက ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းသည် မြောက်ပိုင်းပြည်နယ်တွင် ကောင်းကင်လူသားအဆင့် သိုင်းပညာရှင်များ လုံးဝ မရှိတော့ဟု မဆိုလိုကြောင်း သူမ နားလည်ထားသည်။

သူမ မြောက်ပိုင်းပြည်နယ်သို့ ရောက်စဉ်က သူမ၏ ကိုယ်ရံတော် ပေဟုန်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် ရှိနေခြင်းကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီး ထိုခံစားချက်သည် ပေဟုန်အတွက် သေစေနိုင်လောက်အောင် ကြီးမားသော ခြိမ်းခြောက်မှုပင် ဖြစ်ခဲ့သည်။

ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်သည့်တိုင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်း၌ အခြားအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းပြီးသား ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။ ထို့ပြင် မြောက်ပိုင်းပြည်နယ်က ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲခြင်းက သူတို့ အနေနှင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် မည်သည့်အင်အားစုကိုမှ မကြောက်တော့ကြောင်း ပြသနေသည်။

ဝူနိုင်ငံတော်က ဒီလိုအချိန်မှာ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်‌တော့မှာလား။

ဝူကျန်းဝမ် စကားမပြောသည်ကို မြင်သောအခါ ချိုင်ကျိလျှံက

“မင်းကြီးရဲ့ စကားက မိုးကြိုးသွားလိုပါပဲ။

ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိပါတယ်။ မင်းသမီး အနေနဲ့ ယွဲ့ဧကရာဇ်ကို ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆွဲဆောင်ပြီး မြောက်ပိုင်းပြည်နယ်ရဲ့ ခြိမ်းခြောက်မှုကို ပူးပေါင်းဖယ်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဝူကျန်းဝမ် ခဏခန့် တွေးတောလိုက်၏။ သူမ၏ အတွေးများသည် နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်၏ လျှို့ဝှက်လက်နက်များဆီသို့ ရောက်ရှိသွားသည်။ မြောက်ပိုင်းပြည်နယ်တွင် လျှို့ဝှက်လက်နက်များ ပိုင်ဆိုင်ထား‌ကြောင်း သူမသိထားသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သူမ လုံလုံလောက်လောက် မစုံစမ်းနိုင်သေးပေ။

ထို့နောက် ဝူကျန်းဝမ်က

“မြောက်ပိုင်းပြည်နယ်မှာ လျှို့ဝှက်နက်နဲတဲ့ လက်နက်တွေ ပိုင်ဆိုင်ထားတာ ချိုင်လူကြီးမင်း သိလား”

ဟု မေးလိုက်သည်။

ချိုင်ကျိလျှံက

“မင်းသမီးက တိမ်ဖောက်မြားနှင့် တိမ် ဖောက်လေးအကြောင်းကို ပြောတာလား။”

“ အဲ့ဒီလက်နက်ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ တိမ် ဖောက်လေးကို အသုံးပြုဖို့က အရည်အချင်းမြင့်မားတဲ့ စစ်သည်တွေ လိုအပ်ပါတယ်။ ဘယ်သူမဆို အသုံးပြုနိုင်တာမျိုး မဟုတ်ပါဘူး။”

..............

အခန်း( ၅၄၃ )

ဝူကျန်းဝမ်၏ ဒုတိယအကြိမ်မြောက် ကျူးနိုင်ငံတော်ခရီးစဉ်

ချိုင်ကျိလျှံ၏ စကားကို ကြားလိုက်သော်လည်း ဝူကျန်းဝမ်သည် ချက်ချင်းမတုံ့ပြန်ပဲ နေလိုက်သည်။

ဝူကျန်းဝမ် တိတ်ဆိတ်နေသည်ကို မြင်သော ချိုင်ကျိလျှံက သူမ၏စိုးရိမ်မှုမှာ တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားအကြောင်း ဖြစ်မည်ဟု ထင်ကာ ဆက်ပြောလိုက်သည်။

"မင်းသမီး။ တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြားက အစွမ်းထက်ပေမဲ့ ဒီလက်နက်နှစ်ခုကို ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက အလွန်ရှားပါးပါတယ်။ မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်က အဲ့ဒီလက်နက်ကို အကြီးအကျယ် တပ်ဆင်နိုင်မှာ မဟုတ်ပါဘူး"

ထိုအချိန်တွင် ဝူကျန်းဝမ် သတိပြန်ဝင်လာပြီး စိုးရိမ်သည့် လေသံဖြင့်

"တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြားသက်သက်ဆိုရင် ကျွန်မစိုးရိမ်နေမှာ မဟုတ်ဘူး။ ကျွန်မ နားလည်သလောက် မြောက်ပိုင်းပြည်နယ် ပိုင်ဆိုင်ထားတဲ့ နက်နဲဆန်းကြယ်တဲ့ လက်နက်တွေက တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြားလို့ ခေါ်တဲ့ လက်နက်တွေတင် မဟုတ်ဘူး။"

"တိမ်ဖောက်လေးနဲ့ တိမ်ဖောက်မြားက ရှနိုင်ငံတော်တောင်ပိုင်းက အာဏာရှိ မိသားစုတွေ ထုတ်လုပ်တဲ့ လက်နက်တွေပါ။ သူတို့က အလွန်အစွမ်းထက်ပေမဲ့ အသုံးပြုရ မလွယ်ပါဘူး။"

"ဒါပေမဲ့ မြောက်ပိုင်းပြည်နယ်က သတင်းထွက်နေတဲ့ လက်နက်တွေကတော့ မတူဘူး။ သာမန်လူတွေတောင် အသုံးပြုနိုင်ပုံရပြီး သူတို့ရဲ့ စွမ်းအားက တိမ်ဖောက်လေးလို့ ခေါ်တဲ့ လက်နက်ထက် မလျော့ပါဘူး။"

ဝူကျန်းဝမ်၏ ဤစကားကို ကြားလိုက်ရသော ချိုင်ကျိလျှံ၏ အတွေးများ ခဏတာ မျှ ဗလာဖြစ်သွားပြီး နဖူးတွန့်ကာ

"ဒီလိုဆိုရင် မြောက်ပိုင်းပြည်နယ်က ကျွန်တော်တို့ ထင်ထားတာထက်တောင် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပြီ။"

"မင်းကြီးက မြောက်ပိုင်းပြည်နယ်ကို ကြီးထွားဖို့ အခွင့်အရေး မရခင် အမြစ်ပြတ်ချေမှုန်းသင့်ပါတယ်။ မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးလာပြီးရင် တခြားနိုင်ငံတွေကို တိုက်ခိုက်ဖို့ စိတ်ဝင်စား လာနိုင်ပါတယ်။"

မူလက ချိုင်ကျိလျှံသည် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် ကန့်ကွက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းပြည်နယ်တွင် အကြံအစည်တစ်ခုခု ရှိနေသည်ဟု သူခံစားနေရသောကြောင့်ဖြစ်သည်။ သို့သော် မြောက်ပိုင်းပြည်နယ်၏ သာမန်စစ်သည်များပင် တိမ်ဖောက်လေးကဲ့သို့သော လက်နက်များ ပိုင်ဆိုင်ထားသည်ကို ကြားသောအခါ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်နေပြီဟု သူခံစားလာရသည်။

မကြာသေးမီက ဝူနိုင်ငံတော်၏ သူလျှိုတစ်ဦးသည် ရှနိုင်ငံတော်မှ တိမ်ဖောက်လေးတစ်ခုနှင့် တိမ်ဖောက်မြားများကို ရရှိခဲ့ပြီး ချိုင်ကျိလျှံကိုယ်တိုင် ထိုလက်နက်၏ စွမ်းအားကို စမ်းသပ်ခဲ့သည်။

တိမ်ဖောက်လေးမှ ပစ်လွှတ်သော မြားတစ်စင်းသည် ထိပ်သီးပညာရှင်တစ်ဦးကို အလွယ်တကူ သတ်နိုင်သည်။ မြောက်ပိုင်းပြည်နယ်၏ သာမန်စစ်သည်များတွင် ထိပ်သီးပညာရှင်များကို သတ်နိုင်သည့် စွမ်းအားရှိပါက မြောက်ပိုင်းပြည်နယ်၏ လက်နက်အင်အား ကြီးမားလာပါက ဝူနိုင်ငံတော်အတွက် အလွန်အန္တရာယ်ရှိလာမည်ဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားသည် ကမ္ဘာကို သိမ်းပိုက်ရန် ရည်မှန်းချက်ကို ကြာမြင့်စွာကတည်းက ဖော်ထုတ်ပြောဆိုထားပြီးဖြစ်သည်။ ဤကဲ့သို့ကြီးမားသော ရည်မှန်းချက်ရှိပြီး ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်များ ပိုင်ဆိုင်ထားပါက မြောက်ပိုင်းပြည်နယ်သာ အင်အားကြီးထွားလာလျှင် စစ်မက်ဖြစ်ပွားရန် တွန့်ဆုတ်နေတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဝူနိုင်ငံတော်အနေနှင့် မည်သည့်နည်းနှင့်မဆို ထိုအန္တရာယ်ကို ဖယ်ရှားသင့်သည်။ ယခုအချိန်တွင် မဖယ်ရှားနိုင်ပါက ဝူနိုင်ငံတော်တွင် နောက်ထပ်အခွင့်အရေး မရှိတော့ပေ။

ဝူကျန်းဝမ် စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် အစေခံတစ်ဦး၏ အသံ တံခါးဝတွင် ထွက်ပေါ်လာသည်။

"မင်းသမီး။ မင်းကြီးက သူ့စာကြည့်ခန်းကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။"

ဝူကျန်းဝမ်တွင် အလုပ်ရှိနေသည်ကို မြင်သော ချိုင်ကျိလျှံက ချက်ချင်းပင်

"မင်းသမီး အလုပ်ရှိနေတာဆိုတော့ ကျွန်တော်ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ပြန်ခွင့်ပြုပါ။"

ထို့နောက် ချိုင်ကျိလျှံ နောက်လှည့်ပြီး စိမ်းလန်းသောမိုးတိမ် ခန်းမမှ ထွက်ခွာသွားသည်။

ချိုင်ကျိလျှံ ထွက်ခွာသွားပြီးနောက် ဝူကျန်းဝမ်လည်း သူမ၏ ကုလားထိုင်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ ထို့နောက် အစေခံအား သူမ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုလုပ်ခိုင်းပြီးနောက် ဝူဧကရာဇ်၏ စာကြည့်ခန်းသို့ ဦးတည်သွားသည်။

သူမ၏ဖခင်က သူမကို ဒီအချိန်မှာ ဘာကြောင့် ခေါ်ရသည်ကို ဝူကျန်းဝမ် အတော်လေး ခန့်မှန်းမိသည်။ သူမ၏ဖခင်သည် သူမအား ကျုးနိုင်ငံတော်သို့ နောက်ထပ်တစ်ကြိမ် သွားရောက်စေကာ ကျုးနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ရန် ဆက်လက်ကြိုးပမ်းစေလိုခြင်းဖြစ်သည်။

ဝူကျန်းဝမ် စာကြည့်ခန်းသို့ ရောက်သောအခါ ဝူဧကရာဇ်က တိုက်ရိုက်ပင် ပြောလိုက်သည်။ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် သူမအား ကျူးနိုင်ငံတော်သို့ သံတမန်အဖြစ် ထပ်မံသွားရောက်စေလိုကြောင်း၊ မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးရာ၌ ကျူးနိုင်ငံတော်၏ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဝူဧကရာဇ်က ပြောခဲ့သည်။

ဝူနိုင်ငံတော်၏ မင်းသမီးတစ်ဦးအနေနှင့် ဝူကျန်းဝမ်သည် ဝူနိုင်ငံတော်နှင့်သက်ဆိုင်သော အရေးကြီးကိစ္စများတွင် ပါဝင်ရမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မတွန့်မဆုတ်ပဲ ဧကရာဇ်၏ တောင်းဆိုချက်ကို သူမ လက်ခံလိုက်သည်။

ယခုအချိန်တွင် ကျုးနိုင်ငံတော်နှင့် ဝူနိုင်ငံတော်အကြား မဟာမိတ်ဖွဲ့နိုင်ပါက သူမ၏ဂုဏ်သတင်း ပိုမိုမြင့်မားလာမည်မှာ သေချာသည်။

သို့သော် ဝူကျန်းဝမ် အနည်းငယ်စိုးရိမ်နေသည်။ သူမနှင့် ယွဲ့ဧကရာဇ်တို့သည် မိတ်ဆွေကောင်းများဖြစ်သော်လည်း ယနေ့ယွဲ့ဧကရာဇ်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ယွဲ့ဧကရာဇ်သည် ယခု ကျုးနိုင်ငံတော်၏ အုပ်စိုးသူဖြစ်သည်။

လက်ရှိ ယွဲ့ဧကရာဇ်သည် အရေးကိစ္စများ ဆုံးဖြတ်ရာ၌ ပုဂ္ဂလိက ဆက်ဆံရေးသာမက နိုင်ငံတော်၏ အကျိုးစီးပွားကိုလည်း ကြည့်မည်ဖြစ်သည်။ ယခင်တစ်‌ခေါက်က ယွဲ့ဧကရာဇ် ဝူနိုင်ငံတော်နှင့် မဟာမိတ်မဖွဲ့ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ယွဲ့ဧကရာဇ်အတွက် ကျူးနိုင်ငံတော်၏ အကျိုးစီးပွားသည် သူတို့၏မိတ်ဆွေဖြစ်မှုထက် ပိုအရေးကြီးကြောင်း သက်သေပြနေသည်။

ဝူကျန်းဝမ် ကျူးနိုင်ငံတော်သို့ နောက်တစ်ကြိမ်သွားရောက်လျှင်လည်း မဟာမိတ်ဖွဲ့နိုင်မည်ဟု အတိအကျ မသေချာသော်လည်း ကျူးနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့နိုင်ခြင်းမရှိလျှင်ပင် ဝူနိုင်ငံတော်၏ တပ်များ ကျူးနိုင်ငံတော် နယ်မြေကို ဖြတ်သန်းခွင့်ရရှိရန် ညှိနှိုင်းနိုင်မည်ဖြစ်သည်။

ကျုးနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်သည် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေသည်။ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်လိုပါက ယုံအန်းခရိုင်မှသာ တိုးဝင်ခြင်းက မလုံလောက်ပေ။ ယုံအန်းခရိုင်သည် အလွန်သေးငယ်ပြီး မြောက်ပိုင်းပြည်နယ်၏ သံချပ်ကာမြင်းတပ်များက စောင့်ရှောက်ထားသည်။ စစ်ဖြစ်ပါက မြောက်ပိုင်းပြည်နယ်သည် ယုံအန်းခရိုင်သို့ စစ်ကူများ စေလွှတ်ကာ ကာကွယ်ရန် သေချာပေါက် ပြင်ဆင်လိမ့်မည်။

မြောက်ပိုင်းပြည်နယ်ကို အောင်နိုင်ရန် အကောင်းဆုံးနည်းဗျူဟာမှာ ယုံအန်းခရိုင်ကို ရှောင်ကွင်းပြီး ကျူးနိုင်ငံတော်မြေကို ဖြတ်သန်းကာ မြောက်ပိုင်းပြည်နယ်၏ ပင်မနယ်မြေကို တိုက်ရိုက်တိုက်ခိုက်ရန်ဖြစ်သည်။

ယုံအန်းခရိုင်မှ မြင်းတပ်များကို ထိန်းထားရန်နှင့် အခြားနေရာများသို့ အကူတပ်များ မရောက်ရှိစေရန် စစ်တပ်တစ်တပ်ကို ချထားရမည်။

ထို့ကြောင့် ယခုအကြိမ် ကျူးနိုင်ငံတော်သို့ သွားရောက်မည့် အစီအစဉ်သည် ဝူကျန်းဝမ်အတွက် အလွန်အရေးကြီး၏။ မည်သို့ပင်ဖြစ်စေ ကျူးနိုင်ငံတော်၏ ထောက်ခံမှုကို ရရှိရန် လိုအပ်သည်။

ရက်အနည်းငယ်အကြာတွင် ဝူကျန်းဝမ် ကျူးနိုင်ငံတော်သို့ ထပ်မံခရီးထွက်လိုက်သည်။

---

မြောက်ပိုင်းပြည်နယ်။

ယနေ့တွင် လုချန်း စာရွက်စာတမ်းများကို စောစီးစွာ ကိုင်တွယ်ပြီးစီးခဲ့သည်။ သူ့ထံသို့ ပေးပို့လာသော စာရွက်စာတမ်းများသည် အရေးကြီးသည့်ကိစ္စများဖြစ်ပြီး အခြားကိစ္စအများစုကို ကျူးကဲ့ကျုံကောင်းထံ လွှဲအပ်ထားသဖြင့် လုချန်း ယခင်ကကဲ့သို့ အလုပ်များမနေတော့ပေ။

စာရွက်စာတမ်း ကိစ္စများကို ဆောင်ရွက်ပြီးနောက် ဝမ်ချင်းစီ၏ အဆောင်သို့ ဦးတည်သွားခဲ့သည်။

အဆောင်ထဲသို့ မဝင်မီပင် သူမ၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို ချော့မြှူနေသည့် ဝမ်ချင်းစီ၏ အသံကို သူ ကြားလိုက်ရသည်။

အဆောင်ထဲသို့ ဝင်ရောက်လိုက်ပြီးတာ‌တောင် ဝမ်ချင်းစီသည် သူ ရောက်လာသည်ကို သတိမထားမိပဲ ကလေးငယ်ကို ဆက်လက် ချော့မြှူနေပုံရသည်။

ထိုအချိန်တွင် ဝမ်ချင်းစီက သူမ၏ ရင်ခွင်ထဲရှိ ကလေးငယ်အား

"ကျိလေး။ မင်း ကြီးလာရင် လိမ်လိမ်မာမာ နေရမယ်။ မင်းအဖေလို အပျော်မက်ပြီး နေရာတကာ ဒုက္ခပေးတတ်တဲ့သူမျိုး မဖြစ်နဲ့နော်။"

ထိုစကားကို ကြားသောအခါ လုချန်းက ရယ်မောလိုက်ပြီး

"ကျွန်‌တော်က ဘယ်တုန်းကများ နေရာတကာ ဒုက္ခပေးဖူးလို့လဲ ဝမ်မိန်းကလေး။ ခင်ဗျား ကလေးရှေ့မှာ ကျွန်တော့်နာမည်ကို ဖျက်ဆီးနေတာပဲ။"

လုချန်း၏ အသံကို ကြားပြီးမှ ဝမ်ချင်းစီ၏ အစေခံများ သတိပြန်ဝင်လာပြီး ချက်ချင်းပင် ဦးညွှတ်က

"မင်းသားကို ဂါရဝပြုပါတယ်။"

ဝမ်ချင်းစီလည်း ကလေးကို အလျင်အမြန် ပွေ့ချီကာ

"မင်းသားကို ဂါရဝပြုပါတယ်။"

သူမ ခုနက ပြောလိုက်သော စကားများကို ဝမ်ချင်းစီ လုံးဝ ဂရုစိုက်ပုံမရပေ။ လုချန်းကြားခဲ့သည်ဖြစ်စေ၊ မကြားခဲ့သည်ဖြစ်စေ သူမအတွက် ပြဿနာမရှိပေ။

ကလေးကို ပွေ့ချီရင်း ဝမ်ချင်းစီက "မင်းသား နားကြားမှားတာ ဖြစ်ပါမယ်။ ကျွန်မက ကျိလေးကို နောင်မှာ မင်းသားဆီကနေ ပိုပြီး သင်ယူဖို့ ပြောနေတာပါ။"

လုချန်းက ပြုံးလိုက်ပြီးနောက် ဝမ်ချင်းစီအနား ချဉ်းကပ်ကာ သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ပြီး

"တကယ်လား။ ဒါဆို နားကြားမှားတာပေါ့"

"ဝမ်မိန်းကလေး တော်တော်ကြာကြာ အနားယူနေတာပဲ။ ဘယ်လောက်ကြာမှ ပြန်ကောင်းလာမှာလဲ။ ကျွန်တော် ဝမ်မိန်းကလေးကို အလုပ်တွေ အများကြီး လွှဲပေးဖို့ စီစဉ်နေတာ။"

လုချန်း၏ မေးခွန်းကို ကြားသောအခါ

ထိုလူဆိုးက ဘာကို ရည်ညွှန်းနေသည်ကို ဝမ်ချင်းစီ ချက်ချင်းသိလိုက်ပြီး

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား။ ကျွန်မရဲ့ ကျန်းမာရေး အတော်လေး ပြန်ကောင်းလာပါပြီ။"

လုချန်း၏ အကူအညီဖြင့် ဝမ်ချင်းစီ၏ ကျန်းမာရေးသည် ကလေးမမွေးမီက နီးပါး ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကလေးက ငယ်ရွယ်သေးပြီး ဝမ်ချင်းစီ၏ ပြုစုစောင့်ရှောက်မှု လိုအပ်သည်ဟု ယူဆသောကြောင့် သူမကို လုချန်း မရှာခဲ့ပေ။

သို့သော် အခုတော့ ကလေးကို နို့ထိန်းက ပြုစုစောင့်ရှောက်နေပြီဖြစ်ပြီး ဝမ်ချင်းစီတွင် အချိန်ပိုများ ရှိနေပြီဖြစ်သည်။

ထိုစဉ် လုချန်းက

" ဒီလိုလား။ ဒါဆို သေချာ စစ်ဆေးရတော့မယ်။"

ထိုစကားနှင့်အတူ လုချန်းက အနားရှိ နို့ထိန်းအား

"ကလေးကို ကောင်းကောင်း ဂရုစိုက်ပါ။ ကျွန်တော် ဝမ်မိန်းကလေးနဲ့ စကားပြောစရာ ရှိလို့။"

ထိုစကားကို ကြားသောအခါ နို့ထိန်းမိန်းမ ဝမ်ချင်းစီနားတိုးလာပြီး ကလေးကို ယူရန် အသင့်ဖြစ်နေ၏။

လုချန်း၏ စကားကို ကြားသောအခါ ဝမ်ချင်းစီလည်း စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကလေးကို နို့ထိန်းအား လွှဲပေးလိုက်သည်။

ကလေးကို နို့ထိန်းအား လွှဲပေးပြီးသည်နှင့် လုချန်းလည်း ဝမ်ချင်းစီအား ပွေ့ချီကာ အခန်းထဲသို့ ဝင်လိုက်သည်။

ထိုအဖြစ်အပျက်ကြောင့် အဆောင်ထဲရှိ အစေခံမိန်းကလေးများ၏ ပါးပြင်များ နီရဲသွားကြသည်။ နို့ထိန်းကတော့ သူမဘာသာသူမ တိုးတိုးလေး ရယ်မောလိုက်သည်။ သူတို့၏ အမြင်တွင် ထိုအရာက မင်းသားနှင့် သူတို့၏ သခင်မတို့ကြားရှိ နက်ရှိုင်းသော ချစ်ခင်မှု၏ ပြယုဂ် ဖြစ်သည်။

............

All Chapters