အခန်း ၅၄၄-၅၄၆
Vol. 37 Ch. 544-546
အခန်း (၅၄၄)
ဒီလိုစကားမျိုး နောက်ထပ်မပြောနဲ့ (၁)
လုချန်းသည် ဝမ်ချင်းစီကို ပွေ့ချီကာ အခန်းထဲရှိ ကုတင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။ သူမကို ငုံ့ကြည့်ရင်း မျက်လုံးချင်းဆုံကာ
“ဘယ်သူထင်မှာလဲ။ ကလေးမွေးပြီးမှ ဝမ်မိန်းကလေးက ပိုရင့်ကျက်တင့်တယ်လာမယ်လို့”
ဟု စနောက်သလို ပြောလိုက်သည်။
ဝမ်ချင်းစီက နှုတ်ခမ်းနားသို့ လက်ချောင်းများ ရွှေ့ကာ ပြုံးစစဖြင့်
“မင်းသားလေးမှာ ထူးခြားတဲ့ စိတ်နေစိတ်ထားတစ်ခုရှိတယ်။ မင်းသားက ကလေးမွေးပြီးသား အမျိုးသမီးတွေကို ပိုသဘောကျပုံပဲ။”
လုချန်း အံ့အားသင့်သွားပြီး
“ဪ... ဘာလို့ အဲဒီလိုထင်ရတာလဲ။ မင်း ကလေးမမွေးခင်ကတည်းက ကိုယ် မင်းအပေါ် အင်အားတော်တော်များများ ရင်းနှီးမြှုပ်နှံခဲ့တာပဲ။”
ဝမ်ချင်းစီက
“မကြာသေးခင်ကမှ ကြားရတာက မင်းသားက အစ်မနန်ရန်နဲ့ ယောင်ယောင်တို့ကို လျစ်လျူရှုပြီး ကလေးရှိတဲ့ အမျိုးသမီးအဆောင်တွေကိုပဲ မကြာခဏ သွားရောက်နေတယ်လို့ ကြားတယ်။”
“ကျွန်မ ကလေးမွေးထားတာ မကြာသေးပေမဲ့ မင်းသားက ကျွန်မကို လာရှာတယ်။ ဒါက မင်းသားလေးရဲ့ စိတ်နေစိတ်ထားကို သက်သေမပြနေဘူးလား။”
လုချန်း ရယ်မောလိုက်သည်။ သူ မကြာသေးမီက မုကျိရွှမ်းနှင့် ကျောင်းညီအမတို့ထံ မကြာခဏ သွားခြင်းမှာ ကလေးရှိ၍ မဟုတ်ပဲ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ဖြင့် သူတို့၏ စွမ်းအားမြှင့်တင်ပေးရန်ဖြစ်သည်။ သို့သော် ဝမ်ချင်းစီကမူ သူ မိခင်များကို နှစ်သက်၍ သွားသည်ဟု ထင်မြင်နေခြင်းဖြစ်သည်။
လုချန်းက
“မင်း အဲဒီလိုပြောရင် ကိုယ့်ကလေးတွေကို မမွေးသေးတဲ့ အမျိုးသမီးတွေ ဝမ်းနည်းသွားကြမှာပေါ့။”
ဤခေတ်ကာလတွင် ကလေးရှိသော အမျိုးသမီးများကို တန်ဖိုးထားသော အယူအဆသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ သိုင်းပညာရှင်များအတွက် ကိုယ်ဝန်ရရှိရန် အတော်ခက်ခဲသည်။ အကယ်၍ ထိုစကားများရှောင်ဝမ်ယောင် နှင့် ရဲလိနန်ရန် တို့နားထဲ ရောက်ရှိသွားပါက သူတို့ မည်သို့ထင်မည်နည်း။
သူတို့သည် မင်းသား၏ကလေးကို မမွေးဖွားနိုင်သောကြောင့် မင်းသားက သူတို့ကို ခွဲခြားဆက်ဆံလာသည်ဟု သေချာပေါက် ထင်မြင်ကြမည်။
ထို့နောက် လုချန်းသည် ဝမ်ချင်းစီအား မျက်နှာတည်တည်ဖြင့် သေချာပြောလိုက်သည်။
“ချင်းစီ။ ဒီလိုစကားမျိုးတွေ နောက်ဆို မပြောရဘူးနော်”
ဟု သတိပေးလိုက်သည်။
လုချန်း၏ တည်ကြည်သောပုံစံကို မြင်သောအခါ ဝမ်ချင်းစီလည်း သူမ၏ စကားများ၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ချက်ချင်း သဘောပေါက်သွားပြီး
“ကျွန်မ မှားသွားမှန်း သိပါပြီ။ အပြစ်ဒဏ်ကိုလည်း ခံယူပါ့မယ်”
ဟု လျင်မြန်စွာ ပြောလိုက်သည်။
ပြောပြီးနောက် ဝမ်ချင်းစီက သူမ၏ မက်မွန်ပန်းကဲ့သို့ မျက်ဝန်းများဖြင့် လုချန်းကို မော့ကြည့်လိုက်သည်။
ထို့နောက် လုချန်းက ဝမ်ချင်းစီ၏ ကိုယ်ကို ချက်ချင်း လှည့်လိုက်ပြီးနောက် သူမကို ဖြန်းခနဲရိုက်လိုက်သည်။
ဝမ်ချင်းစီ၏ နူးညံ့သော ကိုယ်ခန္ဓာ တုန်ယင်သွားပြီး သူမ၏ မျက်နှာ နီမြန်းသွားသည်။
လုချန်းက
“မင်းက ကိုယ်ဝန်ရှိနေတော့ ကိုယ့်ရဲ့ ဆုံးမမှုကင်းမဲ့နေပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း အထင်ကြီးလာလို့ မဆင်မခြင် ပြောဆိုမိတာ ထင်တယ်။ မင်းကို ကောင်းကောင်း ဆုံးမသင့်တယ်။”
ထိုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝမ်ချင်းစီက
“ကျွန်မ အစောပိုင်းက ပြောခဲ့တဲ့ စကားက မသင့်လျော်ပေမဲ့ မင်းသားလေးကတော့ အဲ့ဒီအတိုင်းပဲ လုပ်ခဲ့ပါတယ်။ မကြာသေးခင်က မင်းသားစံအိမ်ပတ်ဝန်းကျင်မှာ ဒီလိုစကားတွေ မကြာခဏ ကြားနေရပါတယ်။”
လုချန်းသည် ဇဝေဇဝါဖြစ်စွာဖြင့်
“ဘာစကားတွေလဲ”
ဟု မေးလိုက်သည်။
ဝမ်ချင်းစီက ရဲရဲဝံ့ဝံ့ပင်
“မင်းသားလေးက မကြီးပြင်းသေးတဲ့ ကလေးတစ်ယောက်လိုပဲ ကိုယ့်ကလေးတွေဆီက အစားအစာတွေ လုယူပြီး သူတို့ကို ဗိုက်မပြည့်အောင် လုပ်တယ်လို့ ကျွန်မ ကြားပါတယ်”
ဒါက...
လုချန်းသည် ချက်ချင်း တိတ်ဆိတ်သွားပြီး စကားဆက်မပြောတော့ပေ။
လုချန်း ရုတ်တရက် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကုတင်ပေါ်မှ ဝမ်ချင်းစီက တိုးညင်းစွာ ရယ်မောလိုက်ပြီးနောက်
“ဟဲဟဲဟဲ။ မင်းသား။ ကျွန်မက မှန်တာပြောမိသွားပုံပဲ။ မဟုတ်ရင် မင်းသား ဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားရတာလဲ။”
လုချန်းလည်း ထိုအချိန်တွင်မှ သတိပြန်ဝင်လာပြီး လက်ဖဝါးကို ပြန်မြှောက်ကာ ဝမ်ချင်းစီ၏ တင်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုး ဖြစ်နေဟန်ဖြင့်
“မင်း ဘယ်လိုလုပ် ကိုယ့်ကို စွပ်စွဲရဲနေတာလဲ။ မင်း အဆုံးအမခံချင်နေတယ် ထင်တယ်။”
“ကောင်းပြီ။ မင်းအမြင်မှာ ကိုယ်က အဲဒီလိုလူ ဖြစ်နေမှတော့ ဒီနေ့ အဲဒီလို အပြုအမူမျိုး မလုပ်ဘူးဆိုရင် အလကားပဲပေါ့။”
ဝမ်ချင်းစီက ခေါင်းကို အနည်းငယ်လှည့်၍ သူမနောက်မှ လုချန်းကို ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
“မင်းသား။ မနက်ဖြန် ကျိလေးအတွက် နို့ထိန်းမိခင် တစ်ယောက်နှစ်ယောက် ပိုရှာပေးဖို့ မမေ့ပါနဲ့နော်။”
လုချန်းက
“ကိုယ်သိပါတယ်”
ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူ၏ စကားဆုံးသည်နှင့် ဝမ်ချင်းစီ ဘာမှ ထပ်မပြောနိုင်မီပင် သူမ၏ နီမြန်းသော နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်တော့သည်။
နောက်ဆုံးတွင် ဝမ်ချင်းစီသည် သူမ၏ လျှာဖျားမှ ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် ကြီးမားသော နစ်နာမှုကို ပေးဆပ်လိုက်ရလေသည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိ လုချန်း ဝမ်ချင်းစီအပေါ် ပြင်းထန်သော အပြစ်ပေးခြင်းကို နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူမ၏ နားနား ကပ်ကာ
“ချင်းစီ။ မိုးစက်ရဲတိုက်ကို ဆက်လက် ဦးစီးဖို့ စဉ်းစားထားသေးလား”
ဟု မေးလိုက်သည်။
လုချန်း၏ မေးခွန်းကို ကြားသောအခါ ဝမ်ချင်းစီ သတိပြန်ဝင်လာပြီး ချက်ချင်းပင်
“မင်းသားက ကျွန်မကို အိမ်မှာပဲ ကလေးတွေ အမြဲစောင့်ရှောက်နေစေချင်တာလား။”
လုချန်းက ပြုံးလျက်
“အဲဒီလိုတော့ မဟုတ်ပါဘူး။”
“ကိုယ်မေးကြည့်တာပါ။ မိုးစက်ရဲတိုက်ရဲ့ အလုပ်ပမာဏက သိသိသာသာ တိုးလာနိုင်တယ်။ မင်းလည်း ကလေးမွေးထားတာ မကြာသေးဘူး။ မိုးစက်ရဲတိုက်ရဲ့ ကိစ္စတွေ စီမံခန့်ခွဲရမယ်။ ကလေးကိုလည်း အချိန်ပေးရမယ်ဆိုတော့ မင်းရဲ့အချိန်နဲ့ စွမ်းအင်တွေကို ပိုယူနိုင်တာမို့လို့ပါ”
ဟု ရှင်းပြလိုက်သည်။
ဝမ်ချင်းစီက ပြုံးလျက်
“ဒါဆို အခုကစပြီး မင်းသားနဲ့အတူ နေရမယ့်အချိန်တွေကို ကလေးနဲ့ပဲ ဖြုန်းရတော့မှာပေါ့…”
ဝမ်ချင်းစီ စကားမဆုံးမီပင် သူမ၏ မျက်နှာပေါ်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး လုချန်း၏ ပြင်းထန်သော အပြစ်ပေးခြင်းကို တစ်ဖန် ရင်ဆိုင်လိုက်ရပြန်သည်။
ထို့နောက် လုချန်းက
“ကိုယ့်ရဲ့ အမျိုးသမီးတစ်ယောက် အနေနှင့်ကိုယ်ကို ပြုစုဂရုစိုက်ရတာက မင်းရဲ့ တာဝန်ပဲ။ မင်းက ကိုယ့်ကို မပြုစုဖို့ပါ စဉ်းစားရဲတယ်။ မင်းက ပိုပြီး ရဲတင်းလာပြီပဲ”
ထိုအချိန်တွင် ဝမ်ချင်းစီက ဝေဝါးသော မျက်ဝန်းများဖြင့်
“ကျွန်မ မှားမှန်းသိပါပြီ မင်းသား။ ခွင့်လွှတ်ပေးပါ”
ဟု သနားဖွယ် တောင်းပန်လိုက်သည်။
လုချန်းသည် စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။ ဘယ်လောက်တောင် လိမ္မာပါးနပ်တဲ့ မြေခွေးမလဲ။
ထို့နောက် သူ အစောပိုင်းက ဆွေးနွေးခဲ့သော ကိစ္စကို ဘေးဖယ်ထားပြီး ဝမ်ချင်းစီကို ဆက်လက် အပြစ်ပေးနေတော့သည်။
အတန်ကြာပြီးနောက် လုချန်းက
“ပညာရှိကြီး ကျူးကဲ့ကျုံကောင်းဟာ ကောင်းကင်လူသားအဆင့် မဟုတ်ဘူးဆိုတဲ့ သတင်းက နိုင်ငံကြီးအားလုံးကို ပျံ့နှံ့သွားပြီဆိုတော့ သူတို့ဆီက လှုပ်ရှားမှုတွေ သိသိသာသာ ရှိလာမှာ သေချာတယ်။ မြောက်ပိုင်းပြည်နယ်ကို သူတို့ မတိုက်ခိုက်ခင်မှာ မိုးစက်ရဲတိုက်ရဲ့ ကုန်သည်အုပ်စုတွေက အဲ့ဒီ နိုင်ငံတွေကနေ ထွက်ခွာဖို့ လိုအပ်တယ်။”
မိုးစက်ရဲတိုက်ကို မူလက အဓိက နိုင်ငံကြီးများအကြောင်း ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရန် တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ကြီးမားသော စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
မိုးစက်ရဲတိုက် အချိန်မီ နိုင်ငံကြီးများမှ မဆုတ်ခွာပါက နိုင်ငံတစ်ခုက မြောက်ပိုင်းပြည်နယ်ကို စစ်ကြေညာသည်နှင့် မိုးစက်ရဲတိုက်ကို ဦးစွာ ပစ်မှတ်ထားမည်မှာ သေချာ၏။ ထိုသို့ဖြစ်ပါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွက် ကြီးမားသော ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည် ဖြစ်သည်။
ဝမ်ချင်းစီသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းပင် ပြင်ပကိစ္စများကို အနီးကပ် စောင့်ကြည့် လေ့လာခဲ့သောကြောင့် လက်ရှိအခြေအနေကို ကောင်းစွာသိရှိနေသည်။ အသက်ကို ပုံမှန်ပြန်ရှူ လိုက်ပြီးနောက်
“မင်းသား စိတ်ချပါ။ ကျွန်မ မိုးစက်ရဲတိုက်ရဲ့ ကွန်ယက်ကို ရန်ဘက်ဖြစ်တဲ့ နိုင်ငံတွေကနေ တတ်နိုင်သမျှ အမြန်ဆုံး ရုပ်သိမ်းပါ့မယ်။”
သူမ၏ စကားကြောင့် စိတ်သက်သာရာရသွားပြီး လုချန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းစီက
“မင်းသားမှာ တခြား ဘာများ ရှိသေးလဲ”
ဟု မေးလိုက်သည်။
ဝမ်ချင်းစီ၏ ခါးကိုဖက်ထားရင်း လုချန်းက
“မရှိတော့ဘူး။ ဒီကိစ္စတစ်ခုပဲ မင်းနဲ့ လာဆွေးနွေးတာပါ။”
“ကောင်းပြီ။ ဒီကိစ္စကို ထားလိုက်တော့။ ကျိ လေးအတွက် ညီလေးတစ်ယောက် ဒါမှမဟုတ် ညီမလေးတစ်ယောက် ရဖို့ ကိစ္စကို အရင် စဉ်းစားကြစို့။”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ဤလူဆိုးသည် သူမကို ကိုယ်ဝန်ရစေရန် အရင်တစ်ခေါက်က ပရိယာယ်များ သုံးခဲ့သည်။ ယခုလည်း ထိုနည်းဗျူဟာကို ထပ်မံ အသုံးပြုရန် စီစဉ်နေပြီဖြစ်သည်။ ဤလူကို သူမ အလိုလိုက်တော့မည် မဟုတ်ပေ။
ကလေးတစ်ယောက်တည်းနှင့် သူမအတွက် လုံလောက်ပြီ။ နောက်ထပ် ကလေးယူရန် မလိုအပ်ပေ။ သူမ၏ လက်ရှိကလေးကိုပင် အနာဂတ်တွင် ကာကွယ်ပေးနိုင်မည်လားဆိုတာ မသေချာသေးပေ။ နောက်ထပ်တစ်ယောက်ရှိလာပါက ပို၍ပင် ကာကွယ်ရန် ခက်ခဲလိမ့်မည်။
သို့သော် ဤဆုံးဖြတ်ချက်သည် ဝမ်ချင်းစီအတွက် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လိုက်ရသည်။ အဆုံးတွင် သူမသည် လုချန်း၏ အမျိုးမျိုးသော လှည့်ကွက်များကို မရှောင်တိမ်းနိုင်ပဲ လိုက်လျောခဲ့ရသည်။
.............
အခန်း( ၅၄၅ )
မုယုံရွှီ မြောက်ပိုင်းပြည်နယ်သို့ ပြန်လာခြင်း
နံနက်ခင်း။
လုချန်း ဝမ်ချင်းစီ၏ ကိုယ်သင်းနံ့ကြားမှ နိုးလာစဉ် သူမက သူ့ကို မကျေမနပ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လုချန်းက ပြုံးလျက်
“ဝမ်မိန်းကလေး။ ဘာလို့ အဲ့ဒီလို မျက်လုံးတွေနဲ့ ကြည့်နေတာလဲ”
ဟု မေးလိုက်သည်။
ဝမ်ချင်းစီက ညှိုးငယ်သော လေသံဖြင့် “မိဖုရားက မင်းသားကို နည်းနည်း သတိထားဖို့ ကျွန်မကို ပြောတာ မဆန်းပါဘူး။ အခု ကျွန်မရဲ့ ကလေး ဗိုက်ဆာနေလိမ့်မယ်။”
လုချန်းက မျက်နှာပြောင်တိုက်၍
“ကိုယ်အတိုင်းအတာကို သိပါတယ်။ နောက်မှ ကျိလေးအတွက် နို့ထိန်း ထပ်ရှာပေးပါ့မယ်။”
ဝမ်ချင်းစီက လုချန်းကို မျက်စောင်းထိုးလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ထို့နောက် လုချန်း ထလိုက်ကာ ခြေလက်ဆန့်တန်းလိုက်သည်။ ဝမ်ချင်းစီလည်း အလျင်အမြန် ထလာပြီး အဝတ်အစားများကို ကောက်ယူကာ ဝတ်ဆင်ပေးရန် ပြင်ဆင်လိုက်သည်။
လုချန်းက ဝမ်ချင်းစီ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး
“နောက်မှ ဝတ်တော့မယ်။ ကိုယ် ရေအရင်ချိုးချင်လို့။”
ဝမ်ချင်းစီလည်း သူမလုပ်နေသည့်အရာကို ရပ်လိုက်သည်။ လုချန်းက သူမကို ကြည့်ကာ ပြုံးလျက်
“ဝမ်မိန်းကလေးလည်း မနေ့က ချွေးတော်တော်လေး ထွက်ထားတာဆိုတော့ ရေချိုးသင့်တယ်။”
ဝမ်ချင်းစီက
“မင်းသား အရင်သွားချိုးပါ။”
သူမ လုချန်းနှင့်အတူ ရေချိုးရန် မလိုလားပေ။ ရေချိုးနေစဉ် သူ ဘာတွေ ထပ်လုပ်ဦးမလဲ မသိနိုင်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် လုချန်းက အခန်းထဲရှိ အစေခံမလေးများအား
“ရေနွေး အဆင်သင့် ဖြစ်ရဲ့လား သွားကြည့်လိုက်ပါဦး”
ဟု မေးလိုက်သည်။
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် အစေခံမလေး ရေချိုးခန်းထဲသို့ ဝင်သွားသည်။
မကြာမီ သူမ ပြန်လာပြီး
“ရေနွေး အဆင်သင့် ဖြစ်ပါပြီ မင်းသား။”
ထိုအခါ လုချန်းက ဝမ်ချင်းစီကို ပွေ့ချီကာ ရေချိုးခန်းဆီသို့ လျှောက်သွားရင်း
“ကိုယ်တို့ လင်မယား ဖြစ်တာ ဒီလောက်ကြာနေပြီ။ ရှက်စရာ မရှိပါဘူး”
လုချန်းက သူမကို ပွေ့ချီလိုက်သည်နှင့် ဝမ် ချင်းစီလည်း သူ၏လည်ပင်းကို အမြန်ဖက်တွယ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပဲ ရေချိုးခြင်းကို မလွှဲမရှောင်သာ ခံယူလိုက်သည်။
မကြာခင် ရေချိုးခန်းထဲမှ ရေသံများ ထွက်ပေါ်လာပြီး ဝမ်ချင်းစီ ပြန်ထွက်လာသောအခါ သူမ၏ ခွန်အားများ ကုန်ခန်းနေကာ ကုတင်ပေါ်မှ ထချင်စိတ်ပင် မရှိတော့ပဲ လဲလျောင်းနေသည်။
အစေခံမလေး၏ အကူအညီဖြင့် အဝတ်အစားများ ဝတ်ဆင်ပြီး လုချန်းက ကုတင်ပေါ်မှ ဝမ်ချင်းစီကို ကြည့်ရင်း ရယ်မောကာ
“ဝမ်မိန်းကလေးက ကလေးမွေးပြီးမှ ပိုပြီး ဆွဲဆောင်မှုရှိလာတာပဲ။”
ထိုစကားကို ကြားသောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေသော ဝမ်ချင်းစီက ခေါင်းကိုလှည့်၍ လုချန်းကို ကြည့်ရင်း
“မင်းသား အခြားအဆောင်တွေမှာ အချိန်ပိုပေးသင့်တယ်။ ဒီရက်ပိုင်းတွေမှာ နန်ရန်နဲ့ ယောင်ယောင်တို့က မင်းသားကို လွမ်းနေကြတယ်။”
လုချန်းက
“စိတ်မပူပါနဲ့။ ကိုယ်က ‘ဘက်မလိုက်ပဲ အားပေးခြင်း’ ဆိုတဲ့ အယူအဆကို နားလည်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ကျိရွှမ်းတို့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ သူတို့ဆီ သွားနေတာပါ။”
“အခု ကျိရွှမ်းတို့က အတွင်းအား လေ့ကျင့်ခန်း စတင်နေပြီဆိုတော့ ကိုယ်နေ့တိုင်း သွားနေစရာ မလိုတော့ဘူး။”
“မင်း ကောင်းကောင်း အနားယူလိုက်ပါ။
ကိုယ့်ကို ဒီနေ့အတွက် ခွင့်ပြုဦး။”
စကားဆုံးသည်နှင့် လုချန်း အခန်းထဲမှ ထွက်သွားသည်။ ဝမ်ချင်းစီက ကုတင်ပေါ်တွင် လဲလျောင်းလျက် သူ့ပုံရိပ်ကို ကြည့်နေပြီး လိုက်မပို့တော့ပဲ
“ကောင်းကောင်းသွားပါ မင်းသား။”
ဝမ်ချင်းစီ၏ အဆောင်မှ ထွက်လာပြီးနောက် လေပြင်းမိုးတိမ်ဆောင်သို့ နံနက်စာ စားဖို့ သွားရန်စဉ်းစားနေစဉ် အစေခံမလေးတစ်ဦး သူ၏ရှေ့သို့ အလျင်အမြန် ရောက်လာပြီး
“မင်းသား။ တပ်မှူး ချင် တွေ့ခွင့်တောင်းပါတယ်။”
ထိုစကားကို ကြားသည်နှင့် လုချန်း ဘာမှ ထပ်မမမေးတော့ပဲစာကြည့်ခန်းသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
စာကြည့်ခန်းတံခါးသို့ ရောက်သောအခါ ချင်ယူရှန်နှင့် လျှံဇွန်းတို့ နှစ်ဦးစလုံး ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ရှိနေခြင်းက သူတို့တွင် အလွန်အရေးကြီးသော ထောက်လှမ်းရေး အစီရင်ခံစာများ ရှိနေကြောင်း ဖော်ပြနေသည်။
သူတို့က လုချန်း ချဉ်းကပ်လာသည်ကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်ကာ
“ မင်းသားကို ဂါရဝပြုပါတယ်”
လုချန်းက မရပ်တန့်ပဲ စာကြည့်ခန်းဆီသို့ ဆက်သွားကာ လမ်းလျှောက်ရင်း
“အထဲဝင်ပြီး ပြောကြတာပေါ့။”
သူတို့နှစ်ဦးလည်း ချက်ချင်း လုချန်းနောက်သို့ လိုက်ပါကာ စာကြည့်ခန်းထဲသို့ ဝင်သွားကြသည်။
စာကြည့်ခန်းထဲသို့ ရောက်သည်နှင့် ချင်ယူရှန်က ယနေ့နံနက်က ရန်ခရိုင်သို့ ရောက်ရှိလာသော အစီရင်ခံစာကို ထုတ်ယူကာ လုချန်းထံ ပေးလိုက်သည်။
လုချန်းလည်း အစီရင်ခံစာကို လက်ခံပြီး ဖွင့်ကာ တစ်ချက် ကြည့်လိုက်သည်။ ထိုအချိန်တွင် ချင်ယူရှန်က
“နန်းတွင်းက သတင်းအရတော့ ကောင်းကင်လူသားအဆင့် ရှိသူမှသာ မင်းကြီးကို ကုသနိုင်မှာလို့ ဆိုပါတယ်။
“မင်းကြီးရဲ့ ရောဂါကို ကုသဖို့အတွက် နိုင်ငံတော် ပညာရှိကြီးက လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်က အကြီးအကဲတွေကိုနေပြည်တော်ကို ဖိတ်ခေါ်ပြီး ကောင်းကင်လူသားအဆင့်ကို ဘယ်လို တက်လှမ်းရမလဲ ဆိုတာ ဆွေးနွေးနေပါတယ်။”
ထိုစကားကို ကြားသောအခါ လုချန်း ရယ်မောလိုက်ပြီး
“ဒါက သူတို့အတွက် ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။”
ရှနိုင်ငံတော်နယ်နိမိတ်အတွင်း အခြားကောင်းကင်လူသားများ ပေါ်ထွက်လာခြင်းအား ဆွမ်ဧကရာဇ် မလိုလားကြောင်း လုချန်းကောင်းစွာ သဘောပေါက်လိုက်သည်။ လေးမျက်နှာတောင်နှင့် လေငြိမ်တောင်မှ အကြီးအကဲ နှစ်ဦးစလုံးသည် ကောင်းကင်နှင့် ညီညွတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ သို့သော် ယင်းမှာ အရိပ်အယောင် ကောင်းကင်လူသားအဆင့်သာ ဖြစ်သည်။ ကောင်းကင်နှင့် ညီညွတ်ခြင်းအဆင့် ပြီးမြောက်မှသာလျှင် တကယ့်ကောင်းကင်လူသားအဆင့် ရောက်နိုင်သည်။
ထိုအချိန်တွင် ရှနိုင်ငံတော်သည် အင်အားကြီး ပြိုင်ဘက် နှစ်ဦးကို ရင်ဆိုင်ရလိမ့်မည်။
သူ၏ဖခင်က ထိုအကြီးအကဲနှစ်ဦးကိုနန်းတော်သို့ ဖိတ်ခေါ်ပြီးနောက် ထောင်ချောက်ဆင်ပြီး ရှင်းလင်းပစ်ရန် ကြံစည်နေခြင်း ဖြစ်နိုင်သည်။
သူ၏လက်ထဲရှိ အစီရင်ခံစာကို ကြည့်ရင်း လုချန်းက
“လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်က အကြီးအကဲ နှစ်ဦးစလုံးက ဒီအချိန်မှာ နေပြည်တော်ကို သွားလောက်တဲ့အထိတော့ မိုက်မဲကြမှာ မဟုတ်ပါဘူး...”
လုချန်း စကားမဆုံးသေးခင်မှာပင် အစီရင်ခံစာထဲ၌ လေးမျက်နှာတောင်နှင့် လေငြိမ်တောင်မှ အကြီးအကဲ နှစ်ဦးသည် နန်းတော်၏ ဖိတ်ကြားချက်ကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် လက်ခံခဲ့ကြောင်း ဖော်ပြထားသည်ကို သတိပြုမိလိုက်သည်။
ထိုအရာကို မြင်သော် လုချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအဖိုးအိုနှစ်ဦးသည် မိုက်မဲသူများ မဖြစ်သင့်ပေ။ ဒါက ထောင်ချောက်တစ်ခုဖြစ်ကြောင်း မမြင်နိုင်ကြဘူးလား။
သို့မဟုတ် သူ၏ဖခင်က သူတို့ မငြင်းနိုင်အောင် နည်းလမ်းတစ်ခုခုကို အသုံးပြုလိုက်လို့လား။
ချင်ယူရှန်က
“ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ နိုင်ငံတော် ပညာရှိကြီးက လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်က အကြီးအကဲနှစ်ဦးကို အခြေအနေတချို့ ကတိပေးခဲ့လို့ သူတို့ မတွန့်ဆုတ်ပဲ သဘောတူခဲ့ကြတာလို့ ယူဆရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လူတွေက အဲ့ဒီ အခြေအနေတွေက ဘာတွေ ဘာလဲဆိုတာကိုတော့ မတွေ့ရှိရသေးပါဘူး။”
လုချန်း တိတ်ဆိတ်သွားပြီး လက်ထဲမှ အစီရင်ခံစာကို ချကာ စားပွဲအား လက်ချောင်းများဖြင့် ဖြည်းဖြည်းချင်း ခေါက်နေသည်။
ခဏအကြာတွင် လုချန်း၏ အကြည့်က
လျှံဇွန်းထံသို့ ရောက်ရှိသွားသည်။
“တပ်မှူး လျှံမှာရော အစီရင်ခံစရာ တစ်ခုခု ရှိသေးလား။”
ထိုအခါမှ လျှံဇွန်းက နောက်ဆုံးတွင် စကားစပြောလိုက်သည်။
“ဝူနိုင်ငံတော်က သူလျှိုတစ်ဦးက သတင်းပို့လာပါတယ်။ ဝူနိုင်ငံတော်က နောက်နှစ်လနေရင် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဝူမင်းသမီးကိုလည်း ကျူးနိုင်ငံတော်ကို ထပ်မံ စေလွှတ်လိုက်ပြီး မြောက်ပိုင်းပြည်နယ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ ကျူးနိုင်ငံတော်ကို စည်းရုံးနေတယ်လို့ သိရပါတယ်။”
ဤစကားကို ကြားသောအခါ လုချန်း မအံ့သြပေ။ ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်သည် ရန်ခရိုင်၌ နယ်နိမိတ် အနည်းငယ်သာ ထိစပ်နေသည်။ ဝူနိုင်ငံတော် မြောက်ပိုင်းပြည်နယ်ကို ချေမှုန်းလိုပါက ကျူးနိုင်ငံတော်ကို ဖြတ်သန်းသွားရလိမ့်မည်။
ထို့ပြင် ကျူးနိုင်ငံတော်အတွက်လည်း မြောက်ပိုင်းပြည်နယ်သည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သောကြောင့် ဝူနိုင်ငံတော်က ဝူကျန်းဝမ်ကို ကျူးနိုင်ငံတော်သို့ သံတမန်အဖြစ် စေလွှတ်ခြင်းက မဆန်းကြယ်ပေ။
ထို့ပြင် ယခုတစ်ကြိမ်တွင် ပူးပေါင်းဆောင်ရွက်မှု တစ်မျိုးမျိုး ရရှိရန် အလွန်ဖြစ်နိုင်ခြေ မြင့်မားသည်။ မဟာမိတ်ဖွဲ့ခြင်း မရှိသည့်တိုင်အောင် ကျူးနိုင်ငံတော်က ဝူတပ်များ ဖြတ်သန်းသွားလာခွင့်ကို သေချာပေါက် သဘောတူလိမ့်မည်။
ယခုတော့ မုယုံရွှီ ပြန်လာမည်လား မလာဘူးလား ဆိုသည့်အချက်ပေါ်၌သာ မူတည်တော့သည်။ မုယုံရွှီသာ မြောက်ပိုင်းပြည်နယ်သို့ ပြန်လာရန် စီစဉ်နေသေးပါက ယွဲ့ဧကရာဇ်သည် ယခုအချိန်တွင် မြောက်ပိုင်းပြည်နယ်ကို စစ်ရေးအရ လှုပ်ရှားရန် စိတ်မပါသေးကြောင်း ပြသနေခြင်းဖြစ်လိမ့်မည်။
လုချန်း ထိုသို့ တွေးနေစဉ် တံခါးဝမှ စစ်သည်တစ်ဦးက
“မင်းသား။ မုယုံမိန်းကလေး ကျူးနိုင်ငံ တော် စံအိမ်ကို ပြန်ရောက်ပါပြီ။”
ထိုစကားကို ကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ ယွဲ့ဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်ကို အနည်းငယ် ကြောက်ရွံ့နေပုံရသည်။ ယခုအခြေအနေအရ ကျူးနိုင်ငံတော်သည် ဝူနိုင်ငံတော်နှင့် ပူးပေါင်း၍ တပ်များ စေလွှတ်လိမ့်မည် မဟုတ်ပဲ အများဆုံးအနေနှင့် ဖြတ်သန်းခွင့်သာ ပေးလောက်မည်ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် လုချန်းက ချင်ယူရှန်ကို အရင်လှမ်းပြောလိုက်သည်။
“တပ်မှူး ချင်။ နန်းတွင်းက လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ခိုင်းထားပါ။ သတင်းအသစ် တစ်ခုခု ရတာနဲ့ ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပါ။”
ချင်ယူရှန်က
“ဟုတ်ကဲ့ မင်းသား “
ထို့နောက် လုချန်းက လျှံဇွန်းကို ကြည့်လိုက်သည်။
“တပ်မှူး လျှံ။ ဝူနိုင်ငံတော်က သူလျှိုတွေကို လှုပ်ရှားခိုင်းလိုက်ပါ။ သူတို့ရဲ့ မှူးမတ်တွေကို လာဘ်ထိုးပြီး နန်းတွင်းမှာ သူတို့ရဲ့ မင်းသမီးကို ပိုပြီး ပြစ်တင်ဝေဖန်ခိုင်းပါ။”
လျှံဇွန်းက
“ဟုတ်ကဲ့ မင်းသား။”
“ကောင်းပြီ။ တခြား ဘာမှ မရှိတော့ရင် သွားနိုင်ပါပြီ။”
ချင်ယူရှန်နှင့် လျှံဇွန်းတို့ နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း
“ကျွန်တော်တို့ကို ခွင့်ပြုပါ”
............
အခန်း (၅၄၆)
သူမကို စာကြည့်ခန်း လွှတ်လိုက်ပါ
နိုင်ငံတော် ပညာရှိက လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြီးအကဲနှစ်ဦးကို နေပြည်တော်သို့ ဖိတ်ကြားသည့်ကိစ္စအား
လုချန်း စိုးရိမ်နေ၏။ အရေးအကြီးဆုံးမှာ ထိုအကြီးအကဲ နှစ်ဦးစလုံးက ထိုဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်းပင် ဖြစ်သည်။
ဆွမ်ဧကရာဇ်၏ နောက်ဆက်တွဲ ရည်ရွယ်ချက်များကို လုချန်း နားမလည်နိုင် တော့သဖြင့် ကျူးကဲ့ကျုံကောင်းကို ခေါ်ယူကာ အမြင်ချင်း ဖလှယ်ရန် ဆုံးဖြတ်ခဲ့သည်။
ကျူးကဲ့ကျုံကောင်း စာကြည့်ခန်းသို့ ရောက်လာပြီးနောက် လုချန်းက ချင်ယူရှန် ပေးထားသော ထောက်လှမ်းရေးအစီရင်ခံစာကို လွှဲပေးလိုက်ပြီး အရင် ဖတ်ကြည့်ရန် ကျူးကဲ့ကျုံကောင်းကို တောင်းဆိုလိုက်သည်။
ကျူးကဲ့ကျုံကောင်း၏ အကြည့်က သူ၏လက်ထဲရှိ အစီရင်ခံစာပေါ်သို့ ကျရောက်သွားပြီး အချိန်အတော်ကြာအောင် မျက်လုံးမခွာနိုင် ဖြစ်နေသည်။
ထိုအချိန်တွင် လုချန်းက
“ဆွမ် ဧကရာဇ် နောက်ထပ် ဘာတွေ လုပ်တော့မယ်လို့ ပညာရှိကြီး ခန့်မှန်းပါသလဲ။”
ကျူးကဲ့ကျုံကောင်းက ချက်ချင်း မဖြေသေးပေ။ ခဏမျှ စဉ်းစားပြီးနောက်မှ
“လေးမျက်နှာတောင်နဲ့ လေငြိမ်တောင်က အကြိီးအကဲနှစ်ဦးကို နိုင်ငံတော် ပညာရှိရဲ့ ဖိတ်ကြားချက် လက်ခံအောင် လုပ်နိုင်တာက လျှို့ဝှက်လဝန်းနန်းတော် ပါဝင်နေလို့ ဖြစ်ရမယ်။”
လုချန်း၏ စိတ်ထဲတွင် ခဏတာမျှ ဗလာဖြစ်သွားပြီး ကျူးကဲ့ကျုံကောင်း၏ စကားအဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။
လျှို့ဝှက်လဝန်းနန်းတော်သည် ရှနိုင်ငံတော် နယ်မြေအတွင်း၌ တည်ရှိပြီး အဓိက အင်အားစုအားလုံးကို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ သူတို့တွင် ကောင်းကင်လူသား ရှိနေသောကြောင့် လျှို့ဝှက်လဝန်းနန်းတော်သည် နှစ်ပေါင်းများစွာကြာအောင် အခြားအင်အားစုများကို ဖိနှိပ်ခဲ့၏။ အဓိကအင်အားစုများမှ လူတိုင်း ဒေါသထွက်ခဲ့ကြသော်လည်း ပါးစပ်မဟရဲခဲ့ကြပေ။
ယခုမူ လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြိီးအကဲ နှစ်ဦးစလုံး ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်များ ရှိနေကြပြီဖြစ်သည်။
ထို့ပြင် ရှနိုင်ငံတော် တော်ဝင်မျိုးနွယ်များနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ကြား နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပဋိပက္ခများလည်း ရှိသည်။ လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသားအဆင့် စွမ်းအားရှင် တစ်ဦးက ရှနိုင်ငံတော် တော်ဝင်မျိုးနွယ် အဆင့်လွန် ပညာရှင်များစွာကို သတ်ဖြတ်ခဲ့သောကြောင့် တော်ဝင်မျိုးနွယ်များ၏ အင်အားကို နည်းပါးစေခဲ့ပြီး အာဏာရှိ မိသားစုများ၏ အင်အား အလွန်ကြီးထွားလာခဲ့သည်။
ဆွမ်ဧကရာဇ်သည် အားနည်းသော အနေအထားတွင် အချိန်အတန်ကြာ နေခဲ့ရသည်။
ယခုမူ နန်းတွင်းမှ တစ်စုံ တစ်ယောက်သည်လည်း ကောင်းကင်နှင့် ညီညွတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြီးအကဲ နှစ်ဦးစလုံးလည်း ကောင်းကင်နှင့် ညီညွတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့သာ ကောင်းကင်လူသားအဆင့်သို့ အတူတကွ တက်လှမ်းနိုင်ခဲ့ပါက အနာဂတ်တွင် လျှို့ဝှက်လဝန်းနန်းတော်ကို ချေမှုန်းနိုင်မည်ဟု မျှော်လင့်နိုင်စရာ ရှိသည်။
လုချန်းက
“ပညာရှိကြီး ပြောတဲ့အတိုင်းဆိုရင် ဧကရာဇ်က လေငြိမ်တောင်နဲ့ လေးမျက်နှာတောင် နှစ်ဖွဲ့နဲ့ ပူးပေါင်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို ချေမှုန်းဖို့ စီစဉ်နေတာပေါ့။”
လုချန်း ခဏမျှ စဉ်းစားပြီးနောက်
“ရှနိုင်ငံတော်ရဲ့ လက်ရှိ ရှုပ်ထွေးနေတဲ့ အခြေအနေနဲ့ဆိုရင် ဧကရာဇ်က နည်းနည်းလေး အလောတကြီး လုပ်နေသလို မဖြစ်ဘူးလား”
နေပြည်တော်တွင် အိမ်ရှေ့စံနေရာလုပွဲ ပိုမို ပြင်းထန်လာနေသည်။ နယ်စားမင်းသားများသည်လည်း ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားအဆင့် မဟုတ်တော့ကြောင်း ကြားသောအခါ ပြန်လည် ထကြွချင်လာကြသည်။ ယခု နယ်စားများသည် စစ်သားများ စဉ်ဆက်မပြတ် စုဆောင်းနေပြီး မြင်းများ ဝယ်ယူနေကြသည်။
ရှနိုင်ငံတော်၏ အခြေအနေမှာ နေပြည်တော်၌သာ ရှုပ်ထွေးနေသည် မဟုတ်ပေ။ ဒေသအသီးသီးတွင်လည်း လုံးဝရှုပ်ထွေးနေသည်။ သို့သော် သူ့ဖခင် ဧကရာဇ်က လျှို့ဝှက်လဝန်းနန်းတော်ကို ကိုင်တွယ်ဖြေရှင်းရန် စဉ်းစားနေသေးတာလား။
ကျူးကဲ့ကျုံကောင်းက
“ ကျွန်တော့် အမြင်အရတော့ မင်းကြီးက လျှို့ဝှက်လဝန်းနန်းတော်ကို အလျင်စလို ကိုင်တွယ်ဖြေရှင်းလိုစိတ် မရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်လူသားအဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး တက်လှမ်းချင်နေတာပါ။”
“လေငြိမ်တောင်နဲ့ အရပ်လေးမျက်နှာတောင်က အကြီးအကဲနှစ်ဦး နေပြည်တော်ကို ဒီအချိန်မှာ ရောက်လာတာက မင်းကြီးရဲ့ လမ်းစဉ်ကို ကူညီဖို့ပဲ ဖြစ်ပါလိမ့်မယ်။”
လုချန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။
“ ကျွန်တော် နားလည်ပါပြီ။”
ကျူးကဲ့ကျုံကောင်း ဆိုလိုသည်မှာ သူ့ဖခင် ဧကရာဇ်နှင့် လေငြိမ်တောင်၊ လေးမျက်နှာတောင်တို့မှ ပညာရှင်များသည် လျှို့ဝှက်လဝန်းနန်းတော်ကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက် ရှိကြသော်လည်း သူတို့၏ လက်ရှိအင်အားဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကို ယှဉ်နိုင်စွမ်း မရှိသေးပေ။
ထို့ကြောင့် လေငြိမ်တောင်နှင့် လေးမျက်နှာတောင်သည် ရှနိုင်ငံတော်အတွင်းရှိ ကမောက်ကမများကို ဦးစွာ ဖြေရှင်းပေးမည်ဖြစ်၏။ ထို့နောက် ဧကရာဇ်အား ကောင်းကင်လူသားအဆင့်သို့ တိုးတက်ရောက်ရှိနိုင်ရန် ကူညီမည်ဖြစ်သည်။ ထို့နောက် သူတို့ပူးပေါင်း၍ လျှို့ဝှက်လဝန်းနန်းတော်ကို ကိုင်တွယ်ဖြေရှင်းကြမည်။
ဤအချက်သည် ကျူးကဲ့ကျုံကောင်း ယခင်က ခန့်မှန်းခဲ့သည်နှင့် ကိုက်ညီနေသည်။
ဆွမ်ဧကရာဇ်၏ ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန် လမ်းကြောင်းမှာ ရှနိုင်ငံတော်၏ နယ်စားများအားလုံးကို ချေမှုန်းပြီး နိုင်ငံတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်ရန်ဖြစ်သည်။ ယခင်က ကျူးကဲ့ကျုံကောင်း ခန့်မှန်းခဲ့သည်ကို လုချန်း ပြန်အမှတ်ရမိလိုက်ပြီး နေပြည်တော်တွင် ဖြစ်ပျက်ခဲ့သည်များနှင့် ဆက်စပ်ကြည့်လိုက်သည်။
ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း၊ မြောက်ပိုင်းပြည်နယ်တွင်လည်း ကောင်းကင်လူသားအဆင့် မရှိကြောင်း ဆွမ်ဧကရာဇ် ယုံကြည်ပုံရသည်။ ထို့ကြောင့် လေငြိမ်တောင်နှင့် လေးမျက်နှာတောင်တို့၏ စွမ်းအားကို အသုံးပြု၍ ကျူးကဲ့ကျုံကောင်းကို ချေမှုန်းရန်၊ ထို့နောက် ရှနိုင်ငံတော်၏ နယ်စားများအားလုံးကို ဖျက်ဆီးကာ နောက်ဆုံး သူကိုယ်တိုင် ကောင်းကင်လူသားအဆင့် သို့တက်လှမ်းရန် ကြည်စည်ထားပုံရသည်။
သူ ကောင်းကင်လူသားအဆင့် ဖြစ်လာသည်နှင့် လေငြိမ်တောင်နှင့် လေးမျက်နှာတောင်မှ အကြီးအကဲနှစ်ဦးကို ကောင်းကင်လူသားအဆင့် ဖြစ်လာရန် ကူညီပြီး သူတို့ သုံးဦး ပူးပေါင်း၍ လျှို့ဝှက်လဝန်းနန်းတော်ကို ချေမှုန်းကြမည်ဖြစ်သည်။
ဟုတ်ပါသည်။ သူ့ဖခင် ဧကရာဇ်သည် သူ၏ ကတိကို ထိန်းသိမ်းပြီး ထိုနှစ်ဦးနှင့် ရိုးသားစွာ ပူးပေါင်းဆောင်ရွက်မည်လား ဆိုသည်ကတော့ နောက်ပိုင်း ကိစ္စသာဖြစ်သည်။
သို့သော် သူ့ဖခင် ဧကရာဇ်၏ စရိုက်ကို ထောက်ရှုလျှင်တော့ သူတို့နှစ်ဦးနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ဟု လုချန်း ခံစားမိသည်။ ထိုနှစ်ဦးကလည်း ထိုအချက်ကို ကောင်းစွာ သဘောပေါက်နေကြပြီး အပေါ်ယံသာ ပူးပေါင်းဆောင်ရွက်နေကြကာ နောက်ကွယ်တွင် ကိုယ်ပိုင်အကြံအစည်များ ရှိနေကြခြင်းလည်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် လုချန်းက
“နေပြည်တော်က ကိစ္စတွေကို ခဏဘေးဖယ်ထားလိုက်ပါဦး။ ကျွန်တော် ပညာရှိကြီးကို ဒီနေရာ ခေါ်ယူရတဲ့ နောက်ထပ် အကြောင်းရင်း ရှိပါသေးတယ်။ ကျွန်တော်တို့ သူလျှိုတွေရဲ့ အဆိုအရ နှစ်လနေရင် ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ပါလိမ့်မယ်။ ပြီးတော့ ဝူကျန်းဝမ်ကိုလည်း ကျူးနိုင်ငံတော်ဆီကို သံတမန်အဖြစ် ထပ်စေလွှတ်ထားတယ်။ သူတို့ချင်း မဟာမိတ်ဖွဲ့ပြီး ပူးပေါင်းတိုက်ခိုက်ဖို့ ရည်ရွယ်ထားပါတယ်။”
ထိုစကားကို ကြားသောအခါ ကျူးကဲ့ကျုံကောင်း ခဏမျှ စဉ်းစားပြီးနောက်
“ ကျူးနိုင်ငံတော်က သံတမန် ပြန်လာပြီလို့ အစောပိုင်းက ကျွန်တော် ကြားလိုက်ပါတယ်။ ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုရင် သူတို့ ဒီကို သံတမန်တွေ ထပ်မလွှတ်သင့်ပါဘူး။”
လုချန်းက
“ ကျွန်တော်လည်း ဒီလိုပဲ တွေးနေတာပါ။ ကျူးဧကရာဇ်က ဘာလို့ ဝူနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ပြီး မြောက်ပိုင်းပြည်နယ်ကို အတူတူ ကိုင်တွယ်ဖြေရှင်းဖို့ မစဉ်းစားတာလဲဆိုတာပဲ နားမလည်နိုင် ဖြစ်နေတာပါ။”
ကျူးကဲ့ကျုံကောင်းက
“ယွဲ့ဧကရာဇ်က သတိကြီးသူပါ။ ကျွန်တော့် အမြင်အရတော့ သူက ဝူနိုင်ငံတော်ကို မြောက်ပိုင်းပြည်နယ်ရဲ့ အင်အားကို အရင် စမ်းသပ်စေချင်တာပါ။ မြောက်ပိုင်းပြည်နယ်က သူ ထင်ထားသလောက် အင်အားမကြီးဘူးဆိုရင် သူလည်း မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်လာနိုင်ပါတယ်။”
“မင်းသားက မြောက်ပိုင်းပြည်နယ်ကို အနာဂတ်မှာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် အကောင်းဆုံး လုပ်ဆောင်သင့်တာက ဝူနိုင်ငံတော်ရဲ့ စစ်တပ်တွေကို လုံးဝ ချေမှုန်းပစ်လိုက်ဖို့ပါပဲ။”
လုချန်းသည်လည်း သူ၏အင်အားကို ပြသလိုသော်လည်း ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ပိုင်းပြည်နယ်အတွက် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေး ကာလတစ်ခုကို ရရှိစေရန်ဖြစ်၏။ အလကားပြသရုံသက်သက် မဟုတ်ပေ။
မည်သည့် စစ်ရေးလှုပ်ရှားမှုမဆို နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် နောက်ခံပြုထားရသည်။
လုချန်း ခဏမျှ စဉ်းစားပြီးနောက် ဖြစ်ပေါ်လာတော့မည့် စစ်ပွဲနှင့် ပတ်သက်သော ကိစ္စအချို့ကို ကျူးကဲ့ကျုံကောင်းနှင့် ဆွေးနွေးလိုက်သည်။
နှစ်နာရီကြာ ဆွေးနွေးပြီးနောက် ကျူးကဲ့ကျုံကောင်း စာကြည့်ခန်းမှ ထွက်သွားသည်။ လုချန်းလည်း ထွက်ခွာရန် ပြင်ဆင်နေစဉ် တံခါးဝမှ စစ်သည်တစ်ဦးက
“မင်းသား။ ဝူနိုင်ငံတော်က သံတမန်က သူတို့ ဝူနိုင်ငံတော်ကို ပြန်ပြီး သတင်းပို့မယ်လို့ ပြောပြီး မြောက်ပိုင်းပြည်နယ်ကနေ ထွက်ခွာသွားပါပြီ။”
ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ဝူနိုင်ငံတော်က သံတမန်သည် အမှန်တကယ်ပင် မြန်မြန်ဆန်ဆန် ထွက်ပြေးသွားပြီဖြစ်သည်။ ဝူနိုင်ငံတော်မှ မြောက်ပိုင်းပြည်နယ်ကို တပ်များ စေလွှတ်မည့် အစီအစဉ်ကို သူတို့ကြိုသိနှင့်နေပြီး မြောက်ပိုင်းပြည်နယ်က သူတို့ကို တစ်ခုခုလုပ်မှာ ကြောက်ရွံ့၍ အလျင်အမြန် ထွက်ပြေးခဲ့ခြင်း ဖြစ်ပုံရသည်။
လုချန်းက
“သူတို့ သွားချင်ရင် သွားပါစေ။ သူတို့ကို အနှောင့်အယှက် မပေးပါနဲ့။”
မြောက်ပိုင်းပြည်နယ်နှင့် ဝူနိုင်ငံတော်သည် နှစ်လအတွင်း စစ်ဖြစ်တော့မည် ဖြစ်သော်လည်း အခြားနိုင်ငံ၏ သံတမန်ကို သတ်ခြင်းကဲ့သို့သော အလုပ်မျိုးကို လုချန်း မလုပ်လိုပေ။ သူသည် နိုင်ငံရေး အတွေ့အကြုံနုနယ်သူ မဟုတ်တော့ပေ။ ဘာကို လုပ်သင့်ပြီး ဘာကို မလုပ်သင့်သည်ကို သူကောင်းစွာ နားလည်ထားသည်။
လုချန်း၏ အမိန့်ကို လက်ခံရရှိသည်နှင့် တံခါးဝမှ စစ်သည်က ချက်ချင်းပင်
“ဟုတ်ကဲ့ မင်းသား။”
ထို့နောက် စစ်သည်လည်း စာကြည့်ခန်းတံခါးဝမှ ထွက်ခွာသွားသည်။ ထိုအချိန်တွင် လုချန်းက တံခါးဝသို့ လျှောက်သွားပြီး အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ ထိုစဉ် မင်းသားစံအိမ်မှ အစေခံမလေးတစ်ဦး စာကြည့်ခန်းဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။
လုချန်း တံခါးဝတွင် ရပ်နေသည်ကို မြင်သောအခါ အစေခံမလေးက အလျင်အမြန် ဦးညွှတ်ကာ
“မင်းသားလေးကို ဂါရဝပြုပါတယ်။”
လုချန်း ခေါင်းညိတ်လိုက်ပြီး
“ဘာကိစ္စလဲ”
ဟု မေးလိုက်သည်။
အစေခံမလေးက
“ မုယုံမိန်းကလေးက တွေ့ခွင့်တောင်းပါတယ် မင်းသား”
လုချန်း သိပ်မအံ့သြပဲ
“သူ့ကို စာကြည့်ခန်း လာခိုင်းလိုက်ပါ။”
လုချန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် မြင့်တက်သွားသည်။ ပင်မဆောင်သို့ နံနက်စာ စားဖို့သွားရန် သူစီစဉ်ထားသော်လည်း ယခုမူ အစီအစဉ် ပြောင်းရတော့မည်။
မုယုံရွှီ မရှိစဉ်ကာလတစ်လျှောက်လုံး လုချန်း သူမအကြောင်းကို စဉ်ဆက်မပြတ် တွေးတောနေခဲ့သည်။
...
ထိုအတောအတွင်း...
ရန်ခရိုင်၏ တောင်ဘက်တံခါးဝတွင် အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး မြင်းစီးလျက် မြို့တံခါးဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည်။
ထိုအမျိုးသမီးသည် အံ့မခန်း လှပပြီး သူမ၏ ရှည်လျားနက်မှောင်သော ဆံပင်များက လေထဲတွင် လွင့်မျောနေသည်။ တန်ခိုးရှင်တစ်ပါး၏ အငွေ့အသက်က သူမကို ဖုံးလွှမ်းထားကာ သူမဖြတ်သန်းသွားတိုင်း လူတိုင်း၏ အကြည့်များကို ဆွဲဆောင်လျက်ရှိသည်။
“ဒီအမျိုးသမီးက ဘယ်သူလဲ။ အရမ်း... အရမ်းလှတာပဲ...”
“မင်းသားရဲ့ မိဖုရားတစ်ပါးများလား”
“ဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ”
...
လမ်းပေါ်ရှိ လူတိုင်း သူမအား ငေးမောနေကြစဉ် မြို့တံခါးရှိ စစ်သည်များက ထိုအမျိုးသမီး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
“မိန်းကလေး။ မြင်းပေါ်က ဆင်းပြီး မှတ်ပုံတင်ပါ။”
ထိုအမျိုးသမီးကတော့ မြို့တံခါးရှိ စစ်သည်များကို အာရုံမစိုက်ပေ။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် သူမ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော စစ်သည်များသည် တစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်သွားပြီး မျက်လုံးများ အသက်မဲ့သွားကာ သူမအတွက် လမ်းဖယ်ပေးလိုက်ကြပြီးနောက် မျက်နှာသေဖြင့်
“မိန်းကလေး။ ဝင်လာပါ”
ဟု ပြောလိုက်ကြသည်။
............