← Chapters

အခန်း ၅၄၇-၅၄၉

Vol. 37 Ch. 547-579

အခန်း ၅၄၇-၅၄၉

Vol. 37 Ch. 547-579

အခန်း (၅၄၇)

တံခါးနှင့် ပြတင်းပေါက်တွေ ပိတ်လိုက်ပြီဆိုတာနဲ့ မင်းဟာ ကိုယ့်အမျိုးသမီးပဲ

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ပင်မတံခါးဝ။

ရထားပေါ်မှ ဆင်းလာပြီးနောက် မုယုံရွှီသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ဆိုင်းဘုတ်ကို ငေးကြည့်ရင်း အတွေးများစွာ ဖြင့်ရှုပ်ထွေးနေခဲ့သည်။

ဤဘဝတွင် မြောက်ပိုင်းပြည်နယ်သို့ ပြန်လာရမည်၊ ရန်ခရိုင်သို့ ပြန်ရောက်မည်၊ သို့မဟုတ် မြောက်ပိုင်းနယ်စားမင်းသားကို ပြန်မြင်ရမည်ဟု သူမ မထင်ခဲ့ပေ။

သို့သော် မျှော်လင့်မထားပဲ ခဏအကြာတွင် ယွဲ့ဧကရာဇ်က သူမအား ပြန်လည်စေလွှတ်လိုက်ခြင်းဖြစ်သည်။

မုယုံရွှီ ညင်သာစွာ သက်ပြင်းချလိုက်သည်။

မကြာသေးမီက မြောက်ပိုင်းနယ်စားမင်းသားနှင့် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ပြောင်းတွေးလိုက်ရုံနှင့် သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ် အလိုအလျောက် တုန်ယင်လာမိသည်။

ကျူးနိုင်ငံတော်သို့ ပြန်ရောက်ပြီးနောက် ယောက်ျားများ၏ အိပ်ရာထဲ၌ ပျမ်းမျှစွမ်းဆောင်ရည်ကို သူမ သုတေသနလုပ်ခဲ့သည်။ သုတေသန၏ နောက်ဆုံးရလဒ်မှာ မြောက်ပိုင်းနယ်စားမင်းသားလောက် မည်သူမှ ပြင်းထန်မှုမရှိကြောင်း အဖြေရသည်။

ထိုသို့သော သုတေသနများ အပါအဝင် သူမ၏လုပ်ရပ်များကြောင့် ကျူးနိုင်ငံတော် နန်းတွင်းရှိ အချို့အရာရှိများက သူမအား ကိုယ်ကျင့်တရား မစောင့်စည်းသူ၊စည်းကမ်းမဲ့သူ စသည်ဖြင့် မတရား စွပ်စွဲလာကြသည်။

သို့သော် ယွဲ့ဧကရာဇ်၏ ကာကွယ်မှုကြောင့် စွပ်စွဲခံရသည့်တိုင် သူမ ဘာမှမထိခိုက်ခဲ့ပေ။

သူမ ကျူးနိုင်ငံတော်မှ မြောက်ပိုင်းပြည်နယ်သို့ ပြန်လည်ထွက်ခွာလာတော့ ကျူးနိုင်ငံတော်ရှိ ထိုဝန်ကြီးများက သူတို့၏ စွပ်စွဲချက်များ အကျိုးသက်ရောက်မှု ရှိလာသဖြင့် ယွဲ့ဧကရာဇ်က မုယုံရွှီနှင့် ဆက်ဆံရေးဖြတ်တောက်ကာ မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်လိုက်သည်ဟု ထင်မှတ်နေခဲ့ကြသည်။

ကျူးနိုင်ငံတော်တွင် စုဆောင်းခဲ့သော ယောက်ျားများနှင့်ပတ်သက်သည့် အချက်အလက်များကို သတိရမိသည်နှင့် မုယုံရွှီ၏ ပါးပြင်များ အနီ ရောင် သမ်းလာခဲ့သည်။ ထိုအချိန်တွင် စံအိမ်မှ အစေခံမိန်းကလေး၏ အသံကို ကြားလိုက်ရသည်။

“မုယုံမိန်းကလေး။ ကျွန်မနောက် လိုက်ခဲ့ပါ။”

အစေခံမလေး၏ အသံကို ကြားသောအခါ မုယုံရွှီသည် အသိပြန်ဝင်လာပြီး သူမ၏ အတွေးရိုင်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။

နောက်ပိုင်းတွင် လုချန်းထံမှ အချက်အလက်များ ရယူရန် နည်းလမ်းရှာရမည်။ ဤသို့သော မသန့်ရှင်းသော အတွေးများဖြင့် စိတ်မညစ်ညူးစေရန် လိုအပ်သည်။ သူမ၏ စိတ်သည် အမျိုးသားနှင့် အမျိုးသမီး ကိစ္စများဖြင့် ပြည့်နှက်နေပါက မြောက်ပိုင်းနယ်စားမင်းသားထံမှ ထောက်လှမ်းရေး အချက်အလက်များကို မည်သို့ စုဆောင်းနိုင်မည်နည်း။

အစေခံမိန်းကလေး၏ လမ်းညွှန်မှုဖြင့် မုယုံရွှီစာကြည့်ခန်းသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီး လုချန်းရှေ့တွင် ရပ်လိုက်သည်။

လုချန်းကို တွေ့မြင်သည်နှင့် မုယုံရွှီက

“ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားကို ဂါရဝပြုပါတယ်”

ဟု နှုတ်ဆက်လိုက်သည်။

လုချန်းက မုယုံရွှီကို စူးစိုက်ကြည့်လိုက်သည်။ သူမသည် အရင်ကလိုပင် အဖြူရောင်ပေါ်တွင် အနက်ရောင် အနားသပ်ပါ သော ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်တည်ငြိမ်သော အငွေ့အသက်များ ထွက်ပေါ်နေကာ တစ်ဖက်လူ၏ စိတ်နှလုံးကို လှုပ်ရှားစေနိုင်စွမ်းရှိနေသည်။ လုချန်း ပြုံးလျက်

“ကိုယ်တို့ မတွေ့တာ သိပ်မကြာသေးပါဘူး။ ဒါတောင် ရွှီက အခု အရမ်းစိမ်းနေသလိုပဲ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် မုယုံရွှီက မျက်နှာအပြောင်းအလဲမရှိပဲ

“ ကျွန်မက ကျူးနိုင်ငံတော်ရဲ့ သံတမန်ပါ မင်းသား။ ကျူးနိုင်ငံတော် တစ်ခုလုံးကို ကိုယ်စားပြုတဲ့သူမို့လို့ ကျေးဇူးပြုပြီး မင်းသားအနေနဲ့ နည်းနည်းလေးတော့ လေးစားမှု ပြပေးပါဦး။”

မုယုံရွှီ စကားဆုံးသည်နှင့် လုချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် စာကြည့်ခန်း၏ တံခါးများနှင့် ပြတင်းပေါက်များအားလုံး ပိတ်သွားသည်။

မုယုံရွှီ တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် သူမ လုချန်း၏ လက်ထဲသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ သူမ ရုန်းကန်ရန် ကြိုးစားသော်လည်း လုချန်းကို လုံးဝတွန်းဖယ်နိုင်ခြင်း မရှိကြောင်း သဘောပေါက်သွားသည်။

ထိုအချိန်တွင် လုချန်းက ပြုံးလျက်

“တံခါးတွေနဲ့ ပြတင်းပေါက်တွေ ပွင့်နေတုန်းက မင်းက ကျူးနိုင်ငံတော်ရဲ့ သံတမန်ပဲ။ ပိတ်လိုက်တာနဲ့ မင်းက ကိုယ့်မိန်းမပဲ။”

မုယုံရွှီသည် မထိတ်လန့်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ ကိုယ်ခန္ဓာသည် ကြာမြင့်စွာကတည်းက ထိုကာမဂုဏ် နှစ်သက်သူ၏အပိုင် ဖြစ်နေပြီဖြစ်သည်။ သူမက မျက်နှာအပြောင်းအလဲမရှိပဲ

“မင်းသားက နည်းနည်းတော့ လွန်လွန်းနေပြီ ထင်တယ်။”

လုချန်းက မုယုံရွှီ၏ စကားကို အလေးမထားပဲ

“ဒီတစ်ခေါက် ပြန်သွားတုန်းက ကိုယ် မင်းအတွက် ဆွဲပေးခဲ့တဲ့ အပျိုစင် အမှတ်အသားကို ယွဲ့ဧကရာဇ် သံသယဝင်သွားသေးလား”

ဟု မေးလိုက်သည်။

မုယုံရွှီက

“မဝင်ပါဘူး”

ဤစကားကို ကြားသောအခါ လုချန်းက

“ကိုယ့်ရဲ့ ပုံဆွဲစွမ်းရည်က တော်တော်ကောင်းပုံရတယ်။ ယွဲ့ဧကရာဇ် တကယ် မသိလိုက်ဘူးပဲ။”

ထို့နောက် လုချန်းက မုယုံရွှီအားပွေ့ချီလိုက်သည်။ မုယုံရွှီသည် အံ့အားသင့်သွားခဲ့ပြီး တုံ့ပြန်ဖို့ အချိန်မရမီတွင် လုချန်းက စာကြည့်ခန်းအတွင်းရှိ အနားယူခန်းသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

မုယုံရွှီ အနည်းငယ် အကူအညီမဲ့သလို ခံစားရသည်။ သူမ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူမသည် ယွဲ့ဧကရာဇ် စေလွှတ်လိုက်သော သူလျှိုတစ်ဦးဖြစ်သဖြင့် လုချန်းနှင့် အတိုင်းအတာတစ်ခုအထိ ခပ်လှမ်းလှမ်းနေသင့်သည်။ လုချန်းက ထိုအရာများကို ဂရုမစိုက်ပဲ သူမအား သူ၏မိန်းမအစစ်အမှန်ကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သည်။

ဟုတ်ပါသည်။ ဤအခြေအနေတွင်လည်း အကျိုးကျေးဇူးများ ရှိနေသည်။ သူမ၏ မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခံရသော တာဝန်မှာ မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်ရန်ဖြစ်ပြီး ယခုအခါတွင် သူက သူမအား သူ၏မိန်းမအဖြစ် ဆက်ဆံနေခြင်းဖြစ်သည်။ နောင်တွင် သူ့ထံမှ အချက်အလက်များ ရယူရန် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

သို့သော် မုယုံရွှီ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။ သူမ လုချန်းအား လုံးဝငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။

မကြာမီ လုချန်းက မုယုံရွှီအား အနားယူခန်းရှိ အိပ်ရာပေါ်တင်လိုက်ပြီး သူမ၏ လှပသော မျက်နှာကို ငုံ့ကြည့်နေလိုက်သည်။

လုချန်းက

“ယွဲ့ဧကရာဇ်က မင်းကို ဘယ်လိုသတင်းအချက်အလက်တွေ စုဆောင်းဖို့ ပြန်လွှတ်လိုက်တာလဲ။ တိုက်ရိုက်မေးပါ။ ကိုယ် အခုပဲ အဖြေပေးကောင်း ပေးလိုက်နိုင်တယ်။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူက သူမကို နောက်ပြောင်နေခြင်းဟုတ်မဟုတ် သူ၏အကြည့်မှ ဖော်ထုတ်ရန် ကြိုးစားနေသော်လည်း သူ့မျက်လုံးများက အလွန် ကြည်လင်နေသောကြောင့် ပြော၍မရနိုင်ပေ။

ထို့နောက် မုယုံရွှီက

“ ဘာလို့ ဒီအချိန်မှာ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ဘူးဆိုတာကို ဖော်ထုတ်ဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ ဧကရီ သိချင်နေပါတယ်။ အခုချိန်မှာ ကြေညာလိုက်တာက မြောက်ပိုင်းပြည်နယ်အတွက် ပြဿနာတွေ အများကြီး ဖြစ်စေနိုင်တယ် မဟုတ်လား။”

မုယုံရွှီပြောသော ပြဿနာမှာ ဝူနိုင်ငံတော်နှင့် သက်ဆိုင်ကြောင်း ထင်ရှားသည်။ မြောက်ပိုင်းပြည်နယ်သို့ အလာလမ်းတွင် သူမသည် ဝူနိုင်ငံတော်၏ လှုပ်ရှားမှုများကို သိရှိခဲ့ရသည်။ ဝူနိုင်ငံတော်သည် တပ်များကို မြောက်ဘက်တွင် စုစည်းနေပြီဖြစ်ပြီး မကြာမီ မြောက်ပိုင်းပြည်နယ်ကို စစ်ကြေညာနိုင်သည့် အလားအလာ ရှိသည်။

ထိုလာမည့် စစ်ပွဲသည် ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်ကြောင်း လုချန်း၏ ဖော်ထုတ်မှုနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ လုချန်းသာ ကျူးကဲ့ကျုံကောင်းကို အပြင်မလွှတ်ပဲ မရှင်းလင်းသော အခြေအနေကို ထိန်းသိမ်းထားပြီး အခြားသူများအား ထင်ကြေးပေးစေခဲ့ပါက ဝူနိုင်ငံတော်သည် သူတို့၏ တပ်များကို ဤမျှ ပွင့်ပွင့်လင်းလင်း စေလွှတ်ရဲမည်မဟုတ်ပေ။

လုချန်းက

“ဒါဆို အဲ့ဒီကိစ္စပေါ့။ ရှင်းပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းပြည်နယ်ရဲ့ စွမ်းအားက အင်မတန် ခိုင်မာလာပြီမို့လို့ ဘယ်နိုင်ငံကိုမှ ကြောက်စရာ မလိုတော့ဘူး။ ဒါကြောင့် ကိုယ်တို့ရဲ့ စွမ်းအားကို ဆက်ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်။”

“တစ်စုံတစ်ယောက်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ချင်တယ်ဆိုရင် မြောက်ပိုင်းပြည်နယ်ကလည်း အဲဒီရန်ဘက်အင်အားစုကို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ အသင့်ဖြစ်နေပြီ။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ ခဏခန့် အံ့အားသင့်သွားပြီးနောက်

“ မြောက်ပိုင်းပြည်နယ်ဟာ ရန်ဘက်အင်အားစုတွေကို ရင်ဆိုင်ဖို့ ကောင်းကင်လူသားအပေါ် မှီခိုစရာ မလိုတော့ပဲ စစ်အင်အားတစ်ခုတည်းနဲ့ တစ်ကမ္ဘာလုံးကို ယှဉ်နိုင်ပြီလို့ မင်းသားက ဆိုလိုချင်လား”

ဟု မေးလိုက်သည်။

လုချန်းက သူ၏လက်ကို မြှောက်လိုက်ပြီး မုယုံရွှီ၏ နှင်းကဲ့သို့ ဖြူစင်သော မေးစေ့ကို ပွတ်သပ်လိုက်ကာ

“ကမ္ဘာတစ်ခုလုံးနဲ့ ယှဉ်နိုင်တယ်ဆိုတာကတော့ လွန်ရာကျပါတယ်။ ဒါပေမဲ့ နိုင်ငံ တစ်နိုင်ငံ နှစ်နိုင်ငံလောက် တိုက်ခိုက်တာကို ခံနိုင်ရည်ရှိဖို့ကတော့ ဘာပြဿနာမှ မရှိဘူး။”

မုယုံရွှီ၏စိတ်ထဲတွင် လုချန်း ပြောသော စကား၏ မှန်ကန်နိုင်ခြေကို မြန်မြန်ဆန်ဆန် အကဲဖြတ်လိုက်သည်။ သူ၏အကြည့်က အတည်ပြုပေးသကဲ့သို့ ခံစားရပြီး လုချန်းက သူမကို လိမ်မည်မဟုတ်ဟုလည်း သူမခံစားရသည်။

လုချန်းက ဆက်ပြောသည်။

“မြောက်ပိုင်းပြည်နယ် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းကင်လူသားအဆင့် စွမ်းအားရှင် ရှိရုံနဲ့ မလုံလောက်ဘူး။ ကောင်းကင်နှင့် ညီညွတ်ခြင်း အဆင့်ကို ဝင်ရောက်လာတဲ့ အဆင့်လွန် ပညာရှင်တွေ ပိုများလာတာနဲ့အမျှ ကျူးကဲ့ကျုံကောင်း ကောင်းကင်လူသားအဆင့် မဟုတ်တာက တစ်ချိန်မှာ ပေါ်လာမှာပဲ။

ဒါကြောင့် စစ်ပွဲတစ်ပွဲ ဆင်နွှဲပြီး မြောက်ပိုင်းပြည်နယ်ရဲ့ အနေအထားကို ပြသလိုက်တာ ပိုကောင်းပါတယ်။”

မုယုံရွှီက

“ ဒါက နည်းနည်းတော့ စွန့်စားလွန်းတယ်လို့ မထင်ဘူးလား မင်းသား။ မင်းသား မြောက်ပိုင်းပြည်နယ်‌ရောက်တာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။ နိုင်ငံကြီး တစ်နိုင်ငံက မြောက်ပိုင်းပြည်နယ်ကို သူ့ရဲ့ အင်အားအကုန်နဲ့ တိုက်ခိုက်မယ်ဆိုရင် မြောက်ပိုင်းပြည်နယ် ခံနိုင်ရည်ရှိဖို့ မသေချာပါဘူး။”

ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်အား မကြာမီတိုက်ခိုက်မည့်အကြောင်းကို မုယုံရွှီ တိုက်ရိုက်မဖော်ပြပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် သိပြီးဖြစ်မည်ဟုလည်း သူမယုံကြည်သည်။

လုချန်းက မုယုံရွှီ၏ တောက်ပသောမျက်လုံးများထဲသို့ ကြည့်ကာ ပြုံး၍

“မင်းက ကိုယ့်အတွက် စိုးရိမ်နေတာလား။”

မုယုံရွှီက အေးစက်စွာဖြင့်

“မင်းသား စိတ်ကူးယဉ်နေတာပါ။”

ထိုစကားနှင့်အတူ လုချန်း၏ တိုက်ရိုက်ကြည့်ရှုမှုကို ရှောင်ရှားရန် သူမ၏အကြည့်ကို လှည့်လိုက်သည်။

ထိုအချိန်တွင် လုချန်း၏လက်သည် မုယုံရွှီ၏ ခါးပတ်ဆီသို့ ရောက်သွားပြီး

“အမြင့်ဆုံးစွန့်စားမှုက အမြင့်ဆုံးအကျိုးကျေးဇူးကို ဖြစ်စေနိုင်တယ်။ ဓားကို ဆွဲထုတ်ရဲသူသာ ရန်သူကို ဟန့်တားနိုင်တယ်။ ဓားကို ဝှေ့ယမ်းရဲမှ အချို့သောသူတွေကို ဓားမဆွဲထုတ်ရဲအောင် လုပ်နိုင်တယ်။”

မုယုံရွှီ အနည်းငယ် စကားလုံးမဲ့သွားသည်။ လုချန်း၏လက်က စတင်လှုပ်ရှားလာနေရင်း သူက ဒီလိုစကားတွေ အေးအေးဆေးဆေး ပြောနေသည်။

နောက်တွင် ဖြစ်လာမည့်အရာကို သူမသိသော်လည်း လုချန်းကို မတားဆီးခဲ့ပေ။

သူမ၏စိတ်ထဲတွင် ဤအရာသည် လုချန်းထံမှ သတင်းအချက်အလက်များ ရယူခြင်းအတွက် သူမပေးရမည့် အဖိုးအခအဖြစ် တွေးလိုက်သည်။

အခန်း (၅၄၈)

အရမ်း ‘အ’ လိုက်တာ

လုချန်းသည် မုယုံရွှီနှင့် ရင်းရင်းမနေရတာ အတော်ကြာပြီဖြစ်သည်။ ထိုအေးစက် လှပသော အမျိုးသမီးကို ရင်ဆိုင်ရသောအခါ လုချန်း အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားမိသည်။

ထိုအချိန်တွင် မုယုံရွှီ၏ စိတ်များ အနည်းငယ် ရှုပ်ထွေးနေသည်။ သူမ မြောက်ပိုင်းနယ်စားမင်းသား စံအိမ်သို့ လာရောက်ခြင်းက တကယ်ပင် ထောက်လှမ်းရေးသတင်းများ စုဆောင်းရန်လား ဟု သူမ ကိုယ်သူမ သံသယဝင်လာသည်။

မုယုံရွှီ၏ဝမ်းဗိုက်ပေါ်ရှိ အပျိုစင် အမှတ်အသားကို ညင်သာစွာ ပွတ်သပ်ရင်း လုချန်းက

“ဒီအမှတ်အသားက ရှိနေသေးမယ်လို့ မထင်မိဘူး။ ကိုယ့်ရဲ့ရေးဆွဲထားနည်းလမ်းက တော်တော်ကြာရှည်ခံနိုင်တာပဲ။”

လုချန်း၏စကားကို ကြားရသောအခါ မုယုံရွှီသည် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ အိပ်ရာပေါ်တွင် လဲလျောင်းနေစဉ် အနည်းငယ်ငုံ့ကြည့်လိုက်ပြီး နောက်တစ်ခဏတွင် အပ်ဖြင့်ထိုးခံလ်ုက်ရသကဲ့သို့ သူမ၏မျက်လုံးများ ကျယ်လာကာ လုချန်း၏ ချောမောလှပသော မျက်နှာကို စိုက်ကြည့်လိုက်သည်။

လုချန်းက ဆက်ပြောလိုက်သည်

“ဒါပေမဲ့ ယွဲ့ဧကရာဇ် ပေးထာတဲ့ အပျိုစင် အမှတ်အသားက တော်တော်လှပါတယ်။”

မုယုံရွှီ၏ကိုယ်ပေါ်ရှိ အရုပ်သည် အသဲပုံသဏ္ဌာန်၏ ပတ်လည်တွင် ညီညာလှပသော ကနုတ်အချို့ဖြင့် ဝန်းရံထားပြီး အလွန် ထူးခြားဆန်းပြားစွာ လှပနေသည်။

လုချန်း အနည်းငယ် သိလိုစိတ် ပြင်းပြနေသည်။ ယွဲ့ဧကရာဇ်သည် အဘယ်ကြောင့် ထိုကဲ့သို့ ဒီဇိုင်းကို အပျိုစင် အမှတ်အသား အဖြစ် ဖန်တီးခဲ့ရသနည်း။

ဤလောကတွင် အမျိုးသမီးတစ်ဦး အပျိုစင်ဘဝ ပျက်စီးခြင်း ရှိ၊ မရှိ ခွဲခြားသိမြင်နိုင်သော အပျိုစင် အမှတ်အသားပုံစံ ရှိနေနှင့်ပြီးသားဖြစ်ရာ ဤမျှ ရှုပ်ထွေးအောင် ပြုလုပ်ရန် မလိုအပ်ပေ။

အပျိုစင် အမှတ်အသားသည် မုယုံရွှီ၏ဝမ်းဗိုက် နေရာအတော်များများကို လွှမ်းခြုံထားပြီး ဖန်တီးရေးဆွဲရန် အားစိုက်ထုတ်မှုများစွာ လိုအပ်မည်ဖြစ်သည်။ သူ မုယုံရွှီအား အပျိုစင် အမှတ်အသား ပြန်လည်ဖော်ထုတ်ပေးခဲ့စဉ်က အချိန်များစွာ ကုန်ဆုံးခဲ့သည်။ ဒါတောင် သူ၏အမှတ်အသားသည် အမှန်တကယ်အကျိုးသက်ရောက်မှုမရှိပဲ အလှဆင်ရုံသာ သက်သက်သာ ဖြစ်သည်။

ရိုးရိုး တက်တူးတစ်ခု အတွက်ပင် လုချန်း၏အချိန်များစွာ ကုန်ဆုံးခဲ့ရပါက အမှန်တကယ် အလုပ်လုပ်‌သော အပျိုစင်အမှတ်အသားကို ဖန်တီးရန် ပို၍ပင် ခက်ခဲမည်ဖြစ်သည်။ ယွဲ့ဧကရာဇ်က အဘယ်ကြောင့် ဤမျှ အားစိုက်ထုတ်ခဲ့ရသနည်း။

လုချန်း၏စကားကို နားထောင်ရင်း မုယုံရွှီက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး ဘာမှမပြောပဲ နေလိုက်သည်။

ထိုအချိန်တွင် လုချန်းက ဆက်ပြောသည်။

“ဒီအပျိုစင် အမှတ်အသားမှာ ထူးခြားတဲ့ အဓိပ္ပာယ် တစ်ခုခုရှိလို့လား။”

မုယုံရွှီက နက်ရှိုင်းစွာ အသက်ရှူသွင်းပြီး

“ကျွန်မ... မသိဘူး”

လုချန်းက ဆက်လက်မေးမြန်းလိုက်သည်။

“ယွဲ့ဧကရာဇ်နားမှာ ရှိတဲ့ အမျိုးသမီးတိုင်းမှာ ဒီလို အပျိုစင် အမှတ်အသားရှိလား။”

လုချန်း၏မေးခွန်းကို ကြားရသောအခါ မုယုံရွှီသည် ချက်ချင်းပင် သတိထားလာသည်။ သူတို့သည် လက်ရှိအချိန်တွင် မကောင်းမူ ပြုလုပ်နေသော်လည်း ယွဲ့ဧကရာဇ်နှင့်သက်ဆိုင်သော ကိစ္စရပ်များကို အလွယ်တကူ ဖွင့်ဟပြောဆိုသည်အထိတော့ သူမ အသိစိတ် မမဲ့သွားပေ။

မုယုံရွှီက လုချန်း၏မျက်လုံးများကို ကြည့်ရင်း

“ရှင်က ကျွန်မကို... အသုံးချပြီး... ဧကရာဇ်အကြောင်း စုံစမ်းချင်တာလား”

လုချန်းက ပြုံးလိုက်သည်။ မုယုံရွှီ ဤမျှ သတိထားနေမည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သူ၏မေးခွန်းက သာမန်‌မေးခွန်းသာဖြစ်သည်။

“ ကိုယ်မင်းကို မြောက်ပိုင်းပြည်နယ်မှာ ထားချင်တယ်ဆိုတာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ မဟုတ်ဘူး။ ကိုယ်မင်းကိုပဲ လိုချင်တာ။”

“ဒီအရုပ်မှာ တစ်ခုခုထူးခြားတာရှိလားဆိုတာကို ကိုယ်စပ်စုမိတာပါ။ မင်းဒီလောက် သတိကြီး နေစရာ မလိုပါဘူး။”

“မပြောချင်ရင် မပြောပါနဲ့။”

မုယုံရွှီက လုချန်း၏မျက်လုံးများကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးများသည် တပ်မက်ဖွယ်ကောင်းနေပြီး အခြားအရာများကို အာရုံမစိုက်ဟု ထင်ရသည်။

အချိန်အတန်ကြာပြီးနောက် မုယုံရွှီက နောက်ဆုံးတွင်

“ကျွန်မတစ်ယောက်တည်းမှာပဲ အပျိုစင် အမှတ်အသားရှိတယ်။ အခြားနန်းတွင်းအစေခံတွေမှာတော့ အမှတ်အသား အသေး‌လေးတွေပဲ ရှိတယ်။”

မုယုံရွှီဖြေကြားသည်ကို မြင်သောအခါ လုချန်းအနည်းငယ်ပြုံးလိုက်ပြီး

“ယွဲ့ဧကရာဇ်က မင်းကို တော်တော် အလေးထားပုံရတယ်။ ဒါပေမဲ့ ကိုယ်နားမလည်ဘူး။ မင်းကို ဒီလောက်အလေးထားရင် သူက မင်းကို ကိုယ့်ဆီမှာ ထားချင်ပါ့မလား။”

“ခွေးတစ်ကောင်ဆီကို အသား ပေါက်စီ လွှင့်ပစ်သလိုမျိုး ပြန်မရတော့မှာကို သူကြောက်ဘူးလား။”

မုယုံရွှီသည် လုချန်း၏မေးခွန်းကို မဖြေခဲ့ပေ။ သူ၏မေးခွန်းသည် သူမအား အလွန်အမင်း ရှက်ရွံ့စေခဲ့သည်။ ယွဲ့ဧကရာဇ်က သူမအား ဤမျှအရေးကြီးသော တာဝန်ကို ပေးအပ်ရခြင်းမှာ သူမအပေါ် ယုံကြည်မှုရှိ သောကြောင့်ဟု မုယုံရွှီ ယုံကြည်သည်။

မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီး မြောက်ပိုင်းနယ်စားမင်းသားနှင့် အကြိမ်အနည်းငယ်အိပ်ပြီးနောက် သူမ၏ယုံကြည်မှုများ စတင်ယိုင်နဲ့လာခဲ့သည်။ ယခု သူမကိုယ်သူမ ကိုယ်ကျင့်သိက္ခာကင်းမဲ့သော အမျိုးသမီးတစ်ဦးဖြစ်နေပြီလားဟု သံသယဝင်လာသည်။

မုယုံရွှီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်း ဆက်မမေးတော့ပဲ မုယုံရွှီ၏ဝမ်းဗိုက်ပေါ်ရှိ အပျိုစင် အမှတ်အသားကို ပြန်လည်လေ့လာနေသည်။

အချိန်အတန်ကြာပြီးနောက် လုချန်း ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ၏စနစ်အား စိတ်ထဲတွင် မေးမြန်းလိုက်သည်

“ဒီအရုပ်ပုံစံက တကယ်ပဲ မိန်းမတစ်ယောက်ရဲ့ အပျိုရည် ပျက်ပြားမှုကို ဆုံးဖြတ်နိုင်သလား”

[ဟုတ်ကဲ့။ ဤကျိန်စာပုံစံကို အချစ်သော့ခတ်အမှတ်အသားဟု ခေါ်ပါသည်။ ဤကျိန်စာပုံစံရှိသော မိန်းမတစ်ဦးကို ယောက်ျားတစ်ဦးက ပထမဆုံးအကြိမ် ကာမဆက်ဆံပါက အမှတ်အသားသည် ယောက်ျား၏ကိုယ်ထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ထိုအချိန်မှစ၍ သူသည် ထိုမိန်းမကို ချစ်ကြိုက်စွဲလန်းသွားမည်ဖြစ်ကာ ကျိန်စာပုံစံသည် မိန်းမ၏ကိုယ်မှ ပျောက်ကွယ်သွားမည်ဖြစ်သည်။]

စနစ်၏ရှင်းလင်းချက်ကို မြင်ရသောအခါ လုချန်းသည် တုန်လှုပ်သွားပြီး သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ဘာ....

အချစ်သော့ခတ်ကျိန်စာလား။

ဒါက တကယ်ပဲ ကျိန်စာတစ်ခုလား။

တကယ်ပဲ ကာကွယ်ဖို့ မဖြစ်နိုင်တဲ့အရာလား။

ဘာလို့ ဒီနေရာမှာ ကျိန်စာတစ်ခု ထားရှိမှာလဲ။

သူ မုယုံရွှီကို ပထမဆုံးအကြိမ် ဆက်ဆံခဲ့တုန်းက သူ့ကိုယ်ထဲကို ကျိန်စာဝင်သွားပြီလား။

လုချန်းက စိတ်ထဲတွင် ထပ်မေးလိုက်သည်။

“ဒါပေမဲ့ ကျွန်ုပ်မှာ ဘာမှ မူမမှန်တာ မရှိသလို ခန္ဓာကိုယ်မှာလည်း ဘာမှ မဖြစ်ဘူး။ အချိန်တစ်ခုကြာမှ သက်ရောက်မှုရှိတာများလား။”

လုချန်း နားမလည်နိုင်ဖြစ်နေစဉ် စနစ်၏အသံထပ်မံကြားလိုက်ရသည်။

[အချစ်သော့ခတ်အမှတ်အသားကို အစပျိုးရန်အတွက် ကျိန်စာပုံစံထဲက အရာဝတ္ထု လိုအပ်ပါသည်။ ၎င်းသည် အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းဖြစ်သော်လည်း အဆိပ်ခုခံနိုင်သော ခန္ဓာကိုယ်ရှိသည့် သခင့်ကို မထိခိုက်စေနိုင်ပါ။]

စနစ်၏ရှင်းလင်းချက်ကို ကြားလိုက်ရသည်နှင့် လုချန်း သဘောပေါက်သွားသည်။

ထိုအခိုက်တွင် လုချန်း၏နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာသည်။ ယွဲ့ဧကရီသည် မုယုံရွှီလို အရေးပါပြီး တန်ဖိုးထားရသော အမျိုးသမီးကို သူ့ဘေးနားသို့ စေလွှတ်ခဲ့သည့် အကြောင်းအရင်းက မဆန်းတော့ပေ။ ယွဲ့ဧကရာဇ်သည် မုယုံရွှီကို အသုံးပြု၍ သူ့ကို ထိန်းချုပ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

လုချန်းတွေးမိလိုက်သည်။ ယွဲ့ဧကရာဇ်သည် ကြီးမားသော ရည်မှန်းချက်များရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ရမည်။ မဟုတ်လျှင် နှစ်ပေါင်းများစွာ အထူးလေ့ကျင့်မွေးထုတ်ထားသော မုယုံရွှီကို မြောက်ပိုင်းပြည်နယ်သို့ အဘယ်ကြောင့်စေလွှတ်မည်နည်း။

ယွဲ့ဧကရာဇ်သည် သူ့အား သူမ၏ အသုံးချခံ ကိရိယာတစ်ခုအဖြစ် ပြောင်းလဲကာ ပြောမပြနိုင်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားနိုင်သည်။

သို့သော် ထိုအမျိုးသမီး ဘာလုပ်လိုသည်ကို လုချန်း မသိသေးပေ။

လုချန်း ရုတ်တရက်ရပ်တန့်ကာ သူမကိုစိုက်ကြည့်နေသည်ကို မုယုံရွှီမြင်လိုက်ရသဖြင့် အနည်းငယ်တုန်လှုပ်သွားကာ နောက်ခဏတွင် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ။”

“ဘာမှမဟုတ်ဘူး”

လုချန်းက ပြုံးရယ်ကာ

“ဘာမှ မဟုတ်ပါဘူး။ မင်းရဲ့ ဧကရီ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်သွားရင် တော်တော်လေး ဒေါသထွက်နေမလားလို့ တွေးနေတာပါ။”

မုယုံရွှီသည် လုချန်းဆိုလိုချင်သည့် “မြွေပါလည်းဆုံး သားလည်းဆုံး” ဆိုသည့် အဓိပ္ပါယ်ကို နားမလည်ပဲ မျက်နှာနီရဲကာ ဇဝေဇဝါဖြစ်နေသည်။

လုချန်းက

“ကောင်းပြီ။ ဒါတွေ ဆက်မပြောကြတော့ဘူး။ မင်းလည်း နောက်ဆုံးတော့ ပြန်လာပြီ။ ကိုယ်တို့ ကောင်းကောင်း စကားပြောကြတာပေါ့”

ဟုဆိုကာ ရုတ်တရက်တစ်ခုခုစဉ်းစားမိသလို နှုတ်ခမ်းများကွေးကာ

“ဒီအမှတ်အသားလေးက သိပ်လှတယ်။ နောက်ကျောမှာလည်း တစ်ခုဆွဲမလား”

ဟု မေးလိုက်သည်။

မုယုံရွှီမှ မဖြေနိုင်မီပင်က လုချန်းက သူမကိုလှန်ပစ်လိုက်ပြီး စုတ်တံနှင့်ဆေးများကို စာကြည့်ခန်းမှ လှမ်းယူကာ သူမ၏ ကျောပေါ်တွင် အလားတူပုံစံဆွဲလိုက်သည်။

လုချန်း ဘာလုပ်မည်ကိုမသိသော်လည်း အန္တရာယ်မရှိသည့်အတွက် မုယုံရွှီ မတားဆီးခဲ့ပေ။

သို့သော် လုချန်း ရေးဆွဲပြီးသည်နှင့် သူမအလွန်စိတ်တိုနေသည်ကို သိသိသာသာ ခံစားရသည်။

သူမ၏စိတ်ကိုဖြေသိမ့်ကာ ဤအရာအားလုံးသည် ယွဲ့ဧကရာဇ်အတွက်နှင့် မြောက်ပိုင်းပြည်နယ်မှ အချက်အလက်များရယူရန် အတွက်သာဖြစ်သည်ဟု သဘောထားလိုက်သည်။

လုချန်းနှင့် မုယုံရွှီတို့သည် အနားယူခန်းတွင် တစ်ရက်ကြာနေထိုင်ခဲ့ကြသည်။ မုယုံရွှီ ထွက်ခွာလာပြီးနောက် တွေဝေနေခဲ့သည်။ မင်းသားစံအိမ်သို့ ဝင်ရောက်လာကတည်းက ဖြစ်ပျက်လာမည့် အခြေအနေများကို သူမ ကြိုတင်မှန်းဆခဲ့သည်။ ထို့ပြင် ယွဲ့ဧကရာဇ်၏ ရည်ရွယ်ချက်မှာ သူမအား မြောက်ပိုင်းနယ်စားမင်းသားထံ ဤနည်းဖြင့်ချဉ်းကပ်စေရန်ဖြစ်၏။ သူမလည်း ထိုအခြေအနေကို အပြည့်အဝလက်ခံထားပြီးဖြစ်သည်။

သို့သော် လုချန်း အဘယ်ကြောင့် သူမကို ဤမျှယုံကြည်နေရသည်ကို နားမလည်နိုင်သေးပေ။ မြောက်ပိုင်းနယ်စားမင်းသားသည် အမျိုးသမီးများ၏ နှလုံးသားကို ဤနည်းဖြင့်သိမ်းပိုက်နိုင်သည်ဟု အမှန်တကယ်ယုံကြည်နေတာလား။

လုချန်း၏ ယုံကြည်မှုအပြည့်ရှိ‌နေသော အပြုံးကို တွေးမိသည်နှင့် ရထားအတွင်းရှိ မုယုံရွှီလည်း “အရမ်းအလိုက်တာ” ဟု နှာခေါင်းရှုံ့၍ ရေရွတ်လိုက်မိသည်။

...............

အခန်း (၅၄၉)

ထပ်လေ့လာဖို့လိုနေသေးတယ်

မုယုံရွှီသည် ညစာစားချိန်ရောက်မှသာ ထွက်ခွာသွားခဲ့သည်။ လုချန်း စာကြည့်ခန်းထဲတွင် ပျင်းရိစွာ ကိုယ်လက်ဆန့်လိုက်သည်။

မိန်းမတစ်ဦးနှင့် ရင်းနှီးစွာ ဆက်ဆံပြီးတိုင်း သူ၏ ရည်မှန်းချက်များ ပိုမိုအားကောင်းလာသည်ကို လုချန်း သတိထားမိသည်။

မုယုံရွှီ မထွက်ခွာမီက သူ အနည်းငယ် ဗိုက်ဆာနေသော်လည်း ယခုအခါတွင် ပင်မဆောင်သို့ ပြန်သွားစားရန် စိတ်မပါတော့ပေ။ စားပွဲပေါ်တွင် စုပုံနေသောစာရွက်စာတမ်းများကို ကိုင်တွယ်ဖြေရှင်းလိုစိတ်သာ ဖြစ်ပေါ်နေသည်။

ထိုအချိန်တွင် တံခါးဝရှိ အစေခံမိန်းကလေးတစ်ဦးက

“မင်းသား။ ဒီည ညစာစားဖို့ ပြန်လာမလားလို့ မိဖုရားက မေးခိုင်းလိုက်ပါတယ်။”

ထိုအခါ လုချန်းလည်း အရင်ညစာစားပြီးမှ အလုပ်ကိစ္စများ စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် လုချန်းက

“ခဏနေရင် လာခဲ့မယ်”

ထို့နောက် လုချန်းလည်း လေပြင်းမိုးတိမ် ဆောင်ဘက်သို့ လျှောက်သွားခဲ့သည်။ လေပြင်းမိုးတိမ်ဆောင်နားသို့ ရောက်ရှိပြီး အဆောင်တွင်းသို့ မဝင်ရောက်မီတွင် အစေခံမိန်းကလေးတစ်ဦးက နောက်မှ

“မင်းသား။ ရွှမ်ယွမ်သခင်ကြိီး တွေ့ခွင့်တောင်းပါတယ်”

ထိုအသံကို ကြားသောအခါ လုချန်း ခဏခန့် အံ့အားသင့်သွားသည်။ ခြေလှမ်းများ ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကာ သူ့နောက်မှ အစေခံမလေးကို ကြည့်ရင်း ရှုပ်ထွေးသော အမူအရာဖြင့်

“ဒီလောက် နောက်ကျတဲ့အချိန်ကြီး ဘာကိစ္စ ရှိလို့လဲ”

ဟု မေးလိုက်သည်။

အစေခံမိန်းကလေးက

“ကျွန်မ မသိပါဘူး”

လုချန်းက ဆက်မေးသည်။

“သူက အခု ဘယ်မှာလဲ”

အစေခံမိန်းကလေးက

“သူ စာကြည့်ခန်းထဲမှာ မင်းသားကို စောင့်နေပါတယ်”

လုချန်းလည်း မတတ်သာတော့ပေ။ သူသည် စာကြည့်ခန်းထဲမှ ခုနကမှ ထွက်လာပြီး ယခုတစ်ဖန် ပြန်သွားရမည်ဖြစ်သည်။

လုချန်းက စံအိမ်တံခါးဝရှိ အစေခံမိန်းကလေးအား

“ အရေးကြီးကိစ္စပေါ်လာလို့ ငါ ချက်ချင်းပြန်ထွက်သွားတယ်လို့ မိဖုရားကို သွားပြောပါ။ ငါ့ကိုမစောင့်ပဲ သူတို့ဘာသာ စားခိုင်းလိုက်”

ဟု မှာကြားလိုက်သည်။

စကားပြောပြီးသည်နှင့် လုချန်း စာကြည့်ခန်းသို့ တစ်ဖန်ပြန်သွားခဲ့သည်။ ထိုအချိန်တွင် ရွှမ်ယွမ်ချောင်ကဲသည် စာကြည့်ခန်းတံခါးဝတွင် ရပ်နေပြီး အနည်းငယ် စိုးရိမ်ပူပန်နေပုံ ပေါက်နေသည်။

လုချန်း ချဉ်းကပ်လာသည်ကို တွေ့မြင်သည်နှင့် ရွှမ်ယွမ်ချောင်ကဲက ချက်ချင်း ကြိုဆိုရန် ချဉ်းကပ်လာသည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက စူးစမ်းလိုစိတ်ဖြင့်

“ဒီလောက် နောက်ကျတဲ့အချိန်ကြီး ဘာကိစ္စ ရှိလို့လဲသခင်ကြီး ရွှမ်ယွမ်”

ဟု မေးလိုက်သည်။

ရွှမ်ယွမ်ချောင်ကဲက

“မင်းသားနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား။”

လုချန်းလည်း တိုက်ရိုက် စာကြည့်ခန်းထဲသို့ ဦးတည်လျှောက်သွားခဲ့သည်။

“ဝင်ခဲ့ပါ သခင်ကြီး ရွှမ်ယွမ်။”

စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ရွှမ်ယွမ်ချောင်ကဲက တံခါးကို ချက်ချင်းပိတ်ကာ

“ကျွန်တော် အစောပိုင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားကြီးတစ်ခု ရုတ်တရက် ခံစားလိုက်ရပါတယ်။ ကျွန်တော့်ကို အလွန်အမင်း စိုးရိမ်ပူပန်စေပြီး မသက်မသာ ဖြစ်စေနိုင်တဲ့ ဖိအားမျိုးပါ။ ခန္ဓာကိုယ်ထဲက ကလီစာအားလုံး ထိန်းချုပ်ခံရသလို ခံစားရပါတယ်”

ဟု တိုက်ရိုက် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း၏ မျက်ခုံးများသည် ချက်ချင်းတွန့်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာ အလွန်တင်းမာသွားခဲ့သည်။

ရွှမ်ယွမ်ချောင်ကဲသည် ကောင်းကင်လူသား အဆင့်ရှိသူ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ကောင်းကင်အဆင့်ရှိသူအား ဖိအားပေးနိုင်ပါက ထိုသူသည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာသော အလွန်အားကောင်းသည့် ပုဂ္ဂိုလ်ဖြစ်ရမည်။

ထို့ပြင် ထိုသူသည် ရွှမ်ယွမ်ချောင်ကဲ ကောင်းကင်အဆင့်ရှိကြောင်း သိရှိပြီး ရည်ရွယ်ချက်ရှိရှိဖြင့် စမ်းသပ်ခြင်းလည်းဖြစ်နိုင်သည်။

ကောင်းကင်လူသားအဆင့်ရှိသူကိုပင် ခြိမ်းခြောက်နိုင်သော ပုဂ္ဂိုလ်တစ်ဦး မြောက်ပိုင်းပြည်နယ်သို့ ရုတ်တရက် ပေါ်ထွက်လာခြင်းသည် လုချန်းအတွက် စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်သည်။

မြောက်ပိုင်းပြည်နယ်တွင် လက်ရှိအချိန်အထိ အစွမ်းထက်ဆုံးသောသူများမှာ ကောင်းကင်လူသားအဆင့်ရှိသူများဖြစ်သည်။ အကယ်၍ ကောင်းကင်အဆင့်ထက် ပိုမိုအားကောင်းသူတစ်ဦး ရောက်ရှိလာပါက သူတို့အနေဖြင့် ရင်ဆိုင်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သေနတ်များဖြင့် အဆင့်မြင့်ပညာရှင်များကို ရင်ဆိုင်နိုင်သော်လည်း အဆင့်လွန်ပညာရှင်တစ်ဦးကိုပင် သတ်ရန် ခက်ခဲသည်။ “ကောင်းကင်လူသားအဆင့်ထက် သာလွန်သူ”ကို ရင်ဆိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

မည်သူ ဖြစ်နိုင်သနည်း။

လုချန်းက

“ ရွှမ်ယွမ် သခင်ကြီးရဲ့ အမြင်အရ ဘာလို့ ခံစားရတာလဲ”

ဟု မေးလိုက်သည်။

ရွှမ်ယွမ်ချောင်ကဲက

“မြောက်ပိုင်းပြည်နယ်ကို ကောင်းကင်လူသားအဆင့်တစ်ဦး ရောက်လာပြီး ကျွန်တော့်အခြေအနေကို စမ်းသပ်နေတယ်လို့ သံသယရှိပါတယ်။”

ရွှမ်ယွမ်ချောင်ကဲ၏ အဖြေကို ကြားသောအခါ လုချန်း တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် လုချန်း တစ်စုံတစ်ရာကို ရုတ်တရက်သတိရသကဲ့သို့ သူ၏နှုတ်ခမ်းထောင့်များ မထိန်းနိုင်အောင် ကွေးသွားခဲ့သည်။

ယခုအချိန်မှစ၍ သူ၏မိန်းမများနှင့် အိပ်ရာထဲတွင် အချိန်ဖြုန်းခြင်းကို ရပ်တန့်ကာ ပိုမိုအလုပ်ကြိုးစားရန် လိုအပ်သည်ဟု လုချန်းနားလည်သွားခဲ့သည်။

သူအလုပ်ကြိုးစားမှသာ ထိုသူ၏ သဘောကျမှုကို ရရှိနိုင်မည်ဖြစ်သည်။

ထိုအတွေးဖြင့် လုချန်းက ရွှမ်ယွမ်ချောင်ကဲအား

“လာမည့်ကာလတွင်း မင်းသားစံအိမ်ပတ်ဝန်းကျင်ကို ပို အာရုံစိုက်ပါ။ လာရောက်လည်ပတ်သူ ဘယ်သူဖြစ်နိုင်လဲဆိုတာ ကျွန်တော်ခန့်မှန်းပြီးပါပြီ။ အဲဒီလူက စံအိမ်ကို အန္တရာယ် မပြုသရွေ့ ရွှမ်ယွမ်သခင်ကြီး စိုးရိမ်စရာ မလိုပါဘူး။”

လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် ရွှမ်ယွမ်ချောင်ကဲသည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ဧည့်သည်မှာ မင်းသားသိထားပြီးသူဖြစ်သည်ဟု သိရသဖြင့် စိုးရိမ်စရာ မရှိတော့ပေ။

ထိုဧည့်သည်မှာ သူတို့ကဲ့သို့သော အနာဂတ် လူသားဧကရာဇ်ထံ ခစားရန် ရောက်ရှိလာသူဖြစ်မည်ဟု ရွှမ်ယွမ်ချောင်ကဲ ယူဆလိုက်သည်။ ထိုသို့ဆိုလျှင် ထိုဧည့်သည်သည် သူ့ထက် ပိုအားကောင်းသော်လည်း မြောက်ပိုင်းပြည်နယ်အတွက် အန္တရာယ်မဖြစ်စေနိုင်ပေ။

ဤသို့ဖြင့် မင်းသားသည် မရည်ရွယ်ပဲ နောက်ထပ် အင်အားကြီး မဟာမိတ်တစ်ဦးကို ရရှိခဲ့ပြီး မြောက်ပိုင်းပြည်နယ်၏ အင်အားကို တစ်ဖန် အားဖြည့်ပေးလိုက်ပြန်သည်။

ရွှမ်ယွမ်ချောင်ကဲက ချက်ချင်းပင်

“ကျွန်တော် နားလည်ပါပြီ”

ဟု တုံ့ပြန်လိုက်သည်။

လုချန်းက

“ကောင်းပါပြီ။ ဒီနေ့အတွက်တော့ ပြန်လို့ရပြီ။ ကိစ္စတစ်ခုခု ရှိရင် ကျွန်တော် ခေါ်လိုက်ပါမယ်။”

ရွှမ်ယွမ်ချောင်ကဲက

“ဟုတ်ကဲ့ မင်းသား။ ကျွန်တော်ကို ခွင့်ပြုပါ။”

ရွှမ်ယွမ်ချောင်ကဲ ထွက်ခွာသွားပြီးနောက် လုချန်းလည်း စာကြည့်ခန်းထဲတွင် ထိုင်ကာ အတွေးနက် နေခဲ့သည်။

အကယ်၍ သူမ တကယ် ရောက်ရှိလာခဲ့ပါက ချက်ချင်းပေါ်လာမည် မဟုတ်ပဲ နောက်ကွယ်မှ လျှို့ဝှက်စွာ စောင့်ကြည့်နေမည်သာ ဖြစ်သည်။ ထိုအမျိုးသမီးက သူ့အား စမ်းသပ်မှုတစ်စုံတစ်ရာ ပြုလုပ်ဦးမည်လား။

ထိုသို့အတွေးများဖြင့် လုချန်း လေပြင်းမိုးတိမ်ဆောင်သို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူ၏ ဇနီးများ ညစာစားနေကြပြီ ဖြစ်သည်။ သူပြန်ရောက်သည်ကို တွေ့မြင်ကြသော အခါတွင် အချို့က ရေဇလုံများဆောင်လာကြသည်။ အချို့က ထမင်းပန်းကန်များ တည်ခင်းကြသည်။ အချို့က ဝိုင်များဖြည့်ပေးကြသည်။

လုချန်း ကထိုင်ခုံယူပြီးနောက် သူ၏ ဇနီးများနှင့်အတူ ညစာစားရင်း မြောက်ပိုင်းပြည်နယ်၏ ကိစ္စအချို့ကို ပြောဆိုနေကြသည်။ မိသားစုတစ်စုလုံး ခန်းမကြီးထဲတွင် ပျော်ရွှင်ချမ်းမြေ့စွာ စားသောက်နေကြပုံ ပေါ်နေသည်။

.......

ထိုအတောအတွင်း

ခေါင်မိုးတစ်ခုပေါ်တွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လေပြင်းမိုးတိမ်ဆောင်ကို မျက်နှာသေဖြင့် စောင့်ကြည့်နေသည်။

လုချန်း သူ၏အမျိုးသမီးများနှင့် ရယ်မောပြောဆိုနေသည်ကို မြင်သောအခါ ထိုအမျိုးသမီး သူမဘာသာ ရေရွတ်လိုက်သည်။

“သူက တကယ် ရှုပ်ပွေတဲ့ ယောက်ျားပဲ။ ဒါပေမဲ့ သူ့အမျိုးသမီးတွေကို တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံပုံရတယ်။”

“ဒါပေမဲ့ ဒါတစ်ခုတည်းနဲ့ သူက ကောင်းတဲ့လူလို့ သက်သေပြဖို့ မလုံလောက်သေးဘူး။ ငါ သူ့ကို နောက်ထပ် စောင့်ကြည့်ဖို့ လိုသေးတယ်။”

ညစာစားပြီးနောက် လုချန်း ရဲလိနန်ရန်၏ အခန်းသို့ သွားရောက်ခဲ့သည်။ သူ ဝင်လိုက်သည်နှင့် ရဲလိနန်ရန်က သူ့အဝတ်အစားများကို စတင်ချွတ်ပေးတော့သည်။

လုချန်းအား အဝတ်ချွတ်ပေးခြင်းက သူမအတွက် အကျင့်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။ လုချန်း ရောက်လာသည်နှင့် သူမ သူ့အဝတ်အစားများကို ကိုယ်တိုင် ချွတ်ပေးပြီး ပြုစုပေးလေ့ရှိသည်။

သို့သော် ရဲလိနန်ရန် မမျှော်လင့်ထားသည်မှာ သူမ လုချန်း၏ အဝတ်အစားများကို စတင်ချွတ်ပေးစဉ် သူက သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကို ဆုပ်ကိုင်လိုက်ပြီး

“နန်ရန်။ ကိုယ် ရေအရင်ချိုးမယ်။ ဒီနေ့ညစောစောအိပ်ကြရအောင်။”

ထိုစကားကို ကြားလိုက်ရတော့ ရဲလိနန်ရန် အံ့အားသင့်သွားခဲ့သည်။ သို့သော် နောက်ထပ်မေးမြန်းခြင်း မပြုပဲ

“ နားလည်ပါပြီ။”

ထို့နောက်လုချန်းသည် သူ၏အဝတ်အစားများကို ယူ၍ ဘေးရှိ ရေချိုးခန်းသို့ သွားသည်။ အစေခံများက လုချန်းကို ရေချိုးဖို့ ကူညီပေးရန် ရေချိုးခန်းထဲသို့ ဝင်လာမည် ပြုကြသော်လည်း သူက တားမြစ်လိုက်သည်။

လုချန်းလို အဆင့်အတန်း မြင့်မားသူတစ်ဦးအတွက် အစေခံမလေးများက ရေချိုးရန် ကူညီပေးခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ ပုံမှန်အားဖြင့် လုချန်း ရေချိုးသည့်အခါ အစေခံမလေးများက သူ့ကျောကို ပွတ်တိုက်ပေးခြင်း သို့မဟုတ် သူ့မယားများက သူ့ကို ရေချိုးပေးခြင်းတို့ ပြုလုပ်ကြသည်။ သို့သော် ယနေ့မူ သူသည် ယခင်လို မဟုတ်ပဲ တစ်ယောက်တည်း ရေချိုးခဲ့သည်။

ဤအချက်က ရဲလိနန်ရန်ကို ပို၍ပင် ရှုပ်ထွေးစေသည်။

လုချန်း ဒီနေ့ ဘာတွေဖြစ်နေတာလဲ။

ရေချိုးပြီးနောက် လုချန်းက ရဲလိနန်ရန်၏ အိပ်ရာပေါ်တွင် ထိုင်ကာ သူမအား

“နန်ရန်။ မင်းလည်းရေချိုးလိုက်ပါလား။”

ရဲလိနန်ရန်က

“ဟုတ်ကဲ့ မင်းသား”

ထို့နောက် ရဲလိနန်ရန်လည်း ရေချိုးရန် ရေချိုးခန်းသို့ သွားလိုက်သည်။ သူမ ပြန်ထွက်လာသောအခါ အဖြူရောင် အတွင်းခံအဝတ်အစားများသာ ဝတ်ဆင်ထားသည်။ သူ့ရှေ့မှ လှပသော မြင်ကွင်းက လုချန်း၏ စိတ်နှလုံးကို တစ်နည်းနည်းဖြင့် လှုပ်ရှားနေစေ ဆဲဖြစ်သည်။

သို့သော် မျက်လုံးတစ်စုံက သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားနေရသဖြင့် သူသည် ပုံမှန်မဟုတ်ပဲ အလွန်ထိန်းထိန်းသိမ်းသိမ်း ပြုမူခဲ့သည်။

ရဲလိနန်ရန် ရေချိုးပြီး ပြန်လာသောအခါ လုချန်းလည်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ဖက်လိုက်ပြီး မျက်လုံးများ မှိတ်ကာ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။

............

All Chapters