← Chapters

အခန်း ၅၅၃-၅၅၅

Vol. 37 Ch. 553-555

အခန်း ၅၅၃-၅၅၅

Vol. 37 Ch. 553-555

အခန်း (၅၅၃)

အခုမှတွေ့ရတဲ့ လူကြီးကို အလွန်ရင်းနှီးသလို ခံစားရတဲ့ မျိုးဆက်သစ်လူငယ် (၂)

သူ့ရဲ့ အကြောင်း....

သူအကြောင်းက ဘာထူးထူးခြားခြား ရှိလို့လဲ။

သူက ရှဧကရာဇ်ရဲ့ သား၊ ရှနိုင်ငံတော်ရဲ့ မင်းသား မဟုတ်ဘူးလား။ အဲ့ဒါ အပြင် သူမှာ တခြား ဘာထူးခြားတဲ့အကြောင်း ရှိနိုင်မှာလဲ။

ထိုအချိန်တွင် လုချန်းက

“သခင်မကြီး ဘာကိုဆိုလိုတာပါလဲ”

ဟု ရှုပ်ထွေးစွာ မေးလိုက်သည်။

ယွမ်ရှန်ရှန်သည် ထိုင်ခုံတွင် စောင်းလျက်ထိုင်ကာ သူမ၏သွယ်လျသော ခြေထောက်များကို လှစ်ပြလျက်

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ မြောက်ပိုင်းပြည်နယ်ကို ရောက်ခဲ့တယ်။ ရောက်ပြီးတဲ့နောက် သွားသင့်တဲ့ နေရာအားလုံးကို သွားလည်ခဲ့တယ်။”

“ရေနွေးငွေ့အားသုံး ရထား၊ သေနတ်၊ မြောက်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးပုံစံ စတာတွေဟာ တစ်ခုတည်းသော အချက်ကို သက်သေပြနေတယ်။”

စကားပြောနေစဉ် ယွမ်ရှန်ရှန်၏ ခရမ်းရောင်မျက်ဆန်များသည် လုချန်း၏ မျက်လုံးများကို စူးစိုက်ကြည့်နေသည်။ ယွမ်ရှန်ရှန်၏ ပြင်းထန်သော အကြည့်ကို ခံစားရသောအခါ လုချန်း၏ စိတ်အတွင်းထဲတွင် ဗလာဖြစ်နေသကဲ့သို့ ခံစားရ၏။ သူ၏အတွင်းစိတ်ကို ဖော်ထုတ်ခံရသလိုပင်။

လုချန်းက

“ဘာကို သက်သေပြနေတာပါလဲ”

ဟု ဆက်မေးလိုက်သည်။

ယွမ်ရှန်ရှန်က

“မင်းဟာ ဒီကမ္ဘာကလူ မဟုတ်ဘူးဆိုတာကို သက်သေပြနေတာ”

ဟု အေးစက်စွာ ပြောလိုက်သည်။

ဤစကားကို ကြားရသောအခါ လုချန်း၏ နှလုံး တဟုန်ထိုး ခုန်သွားသည်။

သူ့တွင် စနစ်ရှိခြင်းနှင် အခြားခောတ်ကမ္ဘာမှ ရောက်ရှိလာခြင်းသည် သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်၏။ မျှော်လင့်မထားပဲ ထိုအချက်ကို အခြားသူတစ်ဦးက ဖော်ထုတ်လိုက်သည်။

လုချန်း၏မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာသည်။ သူ၏စိတ်အတွင်းမှ ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း ယွမ်ရှန်ရှန်က မြင်နိုင်နေပုံရ သည်။

ယွမ်ရှန်ရှန်က

“မင်း မယုံနိုင်တာကို နားလည်တယ်။ ဒီကမ္ဘာမှာ ဘယ်သူက မင်းရဲ့ အကြောင်းသိနိုင်မှာလဲလို့ မင်းတွေးနေမှာပေါ့”

ဟု အေးစက်စွာ ပြောသည်။

လုချန်းက

“ သခင်မကြီး ပြောနေတဲ့အကြောင်း ကျွန်တော်နားမလည်ဘူး”

ဟု ပြောလိုက်သည်။

လုချန်း ဝန်မခံမည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က

“ငါ ဝမ်ရွန်ဆီက မင်းအကြောင်း ပထမဆုံးကြားတဲ့အခါတုန်းက မင်းဟာ ထာဝရတန်ခိုးရှင်တစ်ပါးရဲ့ အမွေကို ရရှိထားပြီး ထာဝရတန်ခိုးရှင်နဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်ခဲ့တယ်။”

“ဒါပေမဲ့ မင်းကို ပထမဆုံးမြင်တဲ့အခါ မင်းမှာ ထာဝရတန်ခိုးရှင်ရဲ့ အရိပ်အယောင်တစ်ခုတောင် မတွေ့ခဲ့ဘူး။ မင်းဟာ ထာဝရတန်ခိုးရှင်နဲ့ တွေ့ဖူးတယ် ဒါမှမဟုတ် ထာဝရတန်ခိုးရှင်ရဲ့ အမွေကို ရရှိထားတယ်ဆိုရင် မင်းမှာ ထာဝရတန်ခိုးရှင်ရဲ့ အရိပ်အယောင်တစ်ခုခုတော့ ရှိမှာပဲ။”

“ဒါကြောင့် မြောက်ပိုင်းပြည်နယ်က အရာတွေဟာ ထာဝရတန်ခိုးရှင်က မင်းကို ပေးတာမဟုတ်ပဲ မင်းကိုယ်တိုင် ဖန်တီးထားတာလို့ ငါ ကောက်ချက်ချလိုက်တယ်။”

လုချန်းက

“ကျွန်တော်က လူဝင်စားခြင်း နည်းလမ်းနဲ့ ဒီခန္ဓာကိုယ်ကို ရထားတယ်လို့ သခင်မကြီးက သံသယရှိနေတာလား”

ဟု မေးလိုက်သည်။

လုချန်း၏စကားကို ကြားရသောအခါ ယွမ်ရှန်ရှန်၏ အေးစက်နေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဝင်စားတာ....။ မင်းဒါကိုတောင် သိနေပါလား။ ငါ့ရဲ့မှန်းဆချက် မှန်နေပြီထင်တယ်။ ဒီကမ္ဘာမှာ လူဝင်စားတယ် ဆိုတာကို သိသူ အလွန်နည်းတယ်။”

“ဒါပေမဲ့ မင်းဟာ ဝင်စားခြင်း နည်းလမ်းနဲ့ ဒီကမ္ဘာကို ရောက်လာတာမဟုတ်ဘူးလို့ ထင်တယ်။ မင်းအမေက ငါ့ရဲ့တပည့်ပါ။ သူ အထူးတာဝန်တစ်ခုနဲ့ လာခဲ့တယ်ဆိုတာ အရင်တည်းက ငါ သိခဲ့တယ်။ ဒါကြောင့် သူတောင်အောက်ကိုဆင်းတဲ့အခါ ငါ မတားဆီးခဲ့ဘူး။”

“အခုကြည့်ရတာ မင်း ဒီကမ္ဘာကို ရောက်လာနိုင်တာက မင်းအမေရဲ့ ရည်ရွယ်ချက်ရှိလို့ ဖြစ်ရမယ်။ မင်း ဘာကြောင့် ဒီကမ္ဘာမှာ ပေါ်လာတာလဲဆိုတာ ငါမသိပေမဲ့ အချက်တစ်ခုကိုတော့ ငါသေချာပြောနိုင်တယ်။ မင်းရောက်လာတာက မတော်တဆမဟုတ်ဘူး။ ပြီးတော့ ဒီကမ္ဘာကို တုန်လှုပ်ချောက်ချားဖွယ် အပြောင်းအလဲတွေ ဖြစ်စေလိမ့်မယ်။”

ယွမ်ရှန်ရှန်၏စကားများကို ကြားရသောအခါ လုချန်း၏နှလုံး ပို၍တုန်လှုပ်သွားသည်။ ဤအမျိုးသမီး ဤမျှများပြားစွာ သိရှိထားမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

သူ့မှာ စနစ်ရှိကြောင်း သူမခန့်မှန်းနိုင်မလား..

လုချန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က

“ငါလည်း မင်းလိုပဲ။ ဒီကမ္ဘာကလူ မဟုတ်ဘူး”

လုချန်း တခါထပ် အံ့အားသင့်သွားသည်။

ယွမ်ရှန်ရှန်သည်လည်း အခြားကမ္ဘာက ရောက်လာသူလား။

လုချန်းက ယွမ်ရှန်ရှန်သည်လည်း ကမ္ဘာဂြိုလ်မှပင် လာသူလားဟု မေးမြန်းရန် စဉ်းစားနေစဉ် ယွမ်ရှန်ရှန်က

“ငါက ထာဝရဘုံက လာတာ။ မတော်တဆ အချိန်ရဲ့ ဝဲဂယက်ထဲကို စုပ်ယူခံလိုက်ရပြီး ဒီကမ္ဘာကို ပြုတ်ကျလာတာ။ ဒီမှာ ပိတ်မိနေပြီး ဘယ်မှ မသွားနိုင်တော့ဘူး။”

ဒါက...

ယွမ်ရှန်ရှန်၏ အခြေအနေနှင့် သူ၏အခြေအနေ မတူညီကြောင်း လုချန်းသည် ချက်ချင်း နားလည်လိုက်သည်။ ယွမ်ရှန်ရှန်သည် ရုပ်ခန္ဓာဖြင့် ဤကမ္ဘာသို့ ရောက်ရှိလာပြီး သူကမူ ဝိညာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ယွမ်ရှန်ရှန် ပြောသော အချက်အလက်များကို စဉ်းစားပြီးနောက် လုချန်း သူ၏စိတ်ခံစားချက်များကို ငြိမ်သက်အောင် ကြိုးစားကာ

“ကျွန်တော်က တကယ်ပဲ ဒီကမ္ဘာကလူ မဟုတ်ပါဘူး သခင်မကြီး။ ကျွန်တော် အိပ်ပျော်သွားပြီး နိုးလာတော့ ဒီနေရာမှာ ရှိနေတာပါ”

“အံ့အားသင့်စရာပါပဲ။ ဒီကမ္ဘာမှာ ကျွန်တော့်လိုလူတွေ ရှိနေသေးတယ်ဆိုတာ မသိခဲ့ဘူး။ ဒါကြောင့်မို့လို့ သခင်မကြီးကို ပထမဆုံးမြင်တဲ့အခါ ရှင်းမပြနိုင်တဲ့ ရင်းနှီးမှုကို ခံစားရတာပါ။”

ထိုစကားကို ကြားတော့ ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး

“ငါနဲ့ မရင်းနှီးချင်နဲ့။ မင်းက ဒီကမ္ဘာက မဟုတ်ပေမဲ့ မင်း မြောက်ပိုင်းပြည်နယ်မှာ လုပ်ဆောင်နေတာတွေကို ကြည့်ခြင်းအားဖြင့် မင်းက အဆုံးစွန် ပြောရရင် အောက်ကမ္ဘာက ဖြစ်မယ်လို့ ငါပြောနိုင်တယ်။”

“ရေနွေးငွေ့အင်ဂျင်၊သေနတ် ...ဒါတွေအားလုံးက အောက်ကမ္ဘာရဲ့ ထုတ်ကုန်တွေပဲ။”

လုချန်း တစ်ခဏမျှ ကြောင်အသွားသည်။

ဒီအမျိုးသမီးကို လှည့်စားဖို့ ခက်ပုံရတယ်။

ယွမ်ရှန်ရှန်က

“မင်း ဘယ်လိုနည်းနဲ့ ဒီကမ္ဘာကို ရောက်လာတာလဲဆိုတာကို ငါထပ်ပြီး မပြောတော့ဘူး။ မင်းက ယွဲ့ရဲ့ ကလေးဖြစ်လို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ကို မင်းရဲ့ ဆရာအဖြစ် သတ်မှတ်ပြီး အခုကစပြီး ငါ့ရဲ့ ညွှန်ကြားချက်တွေကို ကျိုးကျိုးနွံနွံ လိုက်နာပါ။ ရွန်ရွန်ကို မင်းနဲ့ လက်ထပ်ခွင့်ပြုရုံတင်မကဘူး။ ငါ ဒီကမ္ဘာကနေ ထွက်သွားဖို့ နည်းလမ်းတစ်ခု တွေ့ရင်လည်း မင်းကို အစောဆုံး အကြောင်းကြားမယ်။”

ယွမ်ရှန်ရှန်၏စကားကို ကြားရသောအခါ လုချန်းသည် စိတ်ထဲတွင် အံ့အားသင့်သွားသည်။ ဤအမျိုးသမီး သူနှင့် ချန်ဝမ်ရွန်၏ ပေါင်းသင်းမှုကို ဤမျှလွယ်ကူစွာ သဘောတူလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အရင်ဆုံး စမ်းသပ်မှုများ ခံရမည်ဟု ထင်ခဲ့သည်။

ထပ်မတွေးတော့ပဲ လုချန်းက ချက်ချင်းပင် “တပည့် လုချန်း ဆရာမကို ဂါရဝပြုပါတယ်”

လုချန်း အလျင်အမြန် ဆုံးဖြတ်ချက်လိုက်သည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က

“မင်းက ဉာဏ်ကောင်းတဲ့လူပဲ။ ဝမ်ရွန်ကို ကောင်းကောင်းဆက်ဆံမယ်လို့ မျှော်လင့်တယ်။ သူ့ကိုစိတ်ဆင်းရဲအောင် လုပ်ခဲ့ရင် ရက်စက်တယ်လို့ ငါ့ကို အပြစ်မတင်နဲ့။”

ထိုအချိန်တွင် လုချန်းက

“ဆရာမ။ ဝမ်ရွန် ဘယ်အချိန်မှာ မြောက်ပိုင်းပြည်နယ်ကို ပြန်လာနိုင်မလဲ”

ဟု မေးလိုက်သည်။

............

အခန်း( ၅၅၄ )

အခုမှတွေ့ရတဲ့ လူကြီးကို အလွန်ရင်းနှီးသလို ခံစားရတဲ့ မျိုးဆက်သစ်လူငယ် (၃)

ယွမ်ရှန်ရှန်က အေးစက်စွာပြောပြန်‌ပြောလိုက်သည်။

“ရွန်ရွန်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင် အဖြစ် ရှိနေတုန်းပဲ။ သူလျှို့ဝှက်လဝန်းနန်းတော်ကနေ လွယ်လွယ်ကူကူ ထွက်သွားမှာ မဟုတ်ဘူး။ နောင်ဆိုရင် ရွန်ရွန့်ကို တစ်နှစ်ကို ရက်အနည်းငယ်လောက် တောင်ပေါ်ကဆင်းပြီး မင်းနဲ့ ပြန်ဆုံခွင့် ပေးမယ်။ မင်းသူ့ကို တွေ့ချင်ရင်တော့ လျှို့ဝှက်လဝန်းနန်းတော်ကို သွားရှာရလိမ့်မယ်”

ဒါက...

နွားကျောင်းသားနှင့် ရက်ကန်းသမတို့၏ ပုံပြင်နှင့်ဆင်နေသည်။

ထိုအချိန်တွင် နှစ်ဦးတွဲဖက်လေ့ကျင့်သည့် ယင်ယန်ကျင့်စဉ်နည်းလမ်းကို ယွမ်ရှန်ရှန် ရုတ်တရက်သတိရသွားပြီး

“မင်းနဲ့ ရွန်ရွန် ပေါင်းစပ်ကျင့်စဉ် ကျင့်ကြတယ်လို့ ငါကြားတယ်။ မင်းရဲ့ အဲ့ဒီ ကျင့်စဉ် ငါ့ကို ပြပါ။ ဒီကျင့်စဉ်က မကောင်းတဲ့ ကျင့်စဉ် ဟုတ်မဟုတ်ဆိုတာ ငါစစ်ဆေးရမယ်။ အကယ်၍ မကောင်းတဲ့ ကျင့်စဉ်ဆိုရင် မင်းကိုဆက်မကျင့်ဖို့ တားမြစ်ရမယ်။”

လုချန်းသည် အံ့အားသင့်သွားသည်။ ယွမ်ရှန်ရှန်သည် အဘယ်ကြောင့် နှစ်ဦးတွဲဖက်လေ့ကျင့်ရသည့် ယင်ယန်ကျင့်စဉ်နည်းလမ်းကို စိတ်ဝင်စားရပါသနည်း။

သို့သော် ရွေးချယ်စရာမရှိသည့်အတွက် လုချန်းလည်း နောက်ဆုံးတွင် ယွမ်ရှန်ရှန်အား နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ပြသရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ရှန်ရှန်သည် သူ၏ အကြီးမားဆုံးသောလျှို့ဝှက်ချက်ကို သိရှိပြီးဖြစ်၏။ သူမ၏စွမ်းရည်များကို ထည့်သွင်းစဉ်းစားလျှင် သူမနှင့် ရန်မဖြစ် သင့်ပေ။

ထို့ပြင် ယွမ်ရှန်ရှန်၏ သဘောကျမှုရရှိပါက ဤ‌ ခောတ်ကမ္ဘာသာမက နောင်တွင် အခြားကမ္ဘာများသို့ပင် ခရီးသွားနိုင်မည်ဖြစ်သည်။ သူမထံမှ အချက်အလက်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်းက သူ၏စိတ်ထဲတွင် စနစ်အား

“စနစ်။ ကျွန်ုပ်ရဲ့ ကျင့်စဉ်ကို တိုက်ရိုက်ထုတ်ယူပြီး အခြားသူကို ပြနိုင်သလား”

[ပြနိုင်ပါသည်။]

နောက်တစ်ခဏတွင် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် ဖောက်ထွင်းမြင်ရသော ပုံ ဆောင်ခဲ တစ်ခုအဖြစ် စုစည်းသွားသည်။ လုချန်း စိတ်ထဲမှ တွေးကြံလိုက်သည်နှင့် ထိုပုံသဏ္ဍန်သည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

ထို့နောက် လုချန်းက ထိုပုံဆောင်ခဲကို ယွမ်ရှန်ရှန်ထံ ပေးလိုက်သည်။

“ဆရာမ။ ဒါက ကျွန် တော်ကျင့်နေတဲ့ နှစ်ဦးပေါင်းစပ် ယင်ယန် ကျင့်စဉ်ပါ”

ယွမ်ရှန်ရှန်က လုချန်းထံမှ ပုံဆောင်ခဲကိုယူကာ ချိုးဖျက်လိုက်သည်။ ထို့နောက် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ အဓိကအချက်များ သူမ၏စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။

ယွမ်ရှန်ရှန်သည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်၏ အဆင့်တိုင်းကို အလေးအနက်ထားစစ်ဆေးပြီး မကြာမီပင် ကျင့်စဉ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့သည်။

ထိုကျင့်စဉ်သည် တကယ်ပင် မဖောက်ပြန်သော ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့်အမျိုးသားများအတွက်သာမက အမျိုးသမီးများအတွက်ပါ အကျိုးရှိပြီး ဆိုးကျိုးတစ်စုံတစ်ရာ မရှိပေ။

သို့သော် ထိုအချက်က ယွမ်ရှန်ရှန်အား အံ့အားသင့်စေသည်။

မြောက်ပိုင်းပြည်နယ်တွင် လုချန်းတီထွင်ခဲ့သော ရေနွေးငွေ့အင်ဂျင်နှင့် သေနတ်များကို ကြည့်ပါက သူ‌သည် အောက်ကမ္ဘာမှလာသူဖြစ်ရမည်။ ထိုကဲ့သို့သော အောက်ကမ္ဘာတွင် ဤမျှပြည့်စုံသော ကျင့်စဉ်နည်းလမ်း မည်သို့ရှိနိုင်သနည်း။

သူမလည်း ဤမျှပြည့်စုံသော ကျင့်စဉ်နည်းလမ်းကို မကြုံဖူး‌ပေ။ သူမကိုယ်တိုင် ထိုနည်းကို စမ်းသပ်လိုစိတ်ပင် ဖြစ်ပေါ်လာသည်။

ယွမ်ရှန်ရှန် မျက်လုံးမှိတ်ကာ အချိန်အတန်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက

“ဆရာမ။ ကျွန်တော့်ရဲ့ ကျင့်စဉ်နည်းလမ်းအကြောင်း ဘယ်လိုထင်ပါသလဲ”

ဟု သတိထားမေးလိုက်သည်။

ထိုအချိန်တွင် ယွမ်ရှန်ရှန်က သူမ၏ခရမ်းရောင်မျက်လုံးများကိုဖွင့်ကာ

“ဒီကျင့်စဉ်မှာ ဘာမှမှားတာမရှိဘူး။ ဒါပေမဲ့ ငါဆက်ပြီး စစ်ဆေးဖို့တော့ လိုသေးတယ်”

သူမပြောနေစဉ် သူ၏ ခန္ဓာကိုယ် ရုတ်တရက် မလှုပ်ရှားနိုင်တော့သည်ကို လုချန်း ခံစားလိုက်ရသည်။ နောက်တဒင်္ဂတွင် သူ၏အဝတ်အစားများ ရေခဲဖြစ်သွားပြီး မြေပြင်ပေါ်သို့ ကျိုးပဲ့ကျသွားကာ ယွမ်ရှန်ရှန်ရှေ့တွင် အဝတ်မဲ့ဖြစ်သွားသည်။

လုချန်း ချက်ချင်း စိတ်ရှုပ်ထွေးသွားသည်။

ယွမ်ရှန်ရှန်၏ ဤအပြုအမူက ဘာအဓိပ္ပါယ်လဲ။

ဤအမျိုးသမီးသည်...

သူမသည် တကယ်ပင်...

ဒါက တော်တော် တိုက်ရိုက်ဆန်လွန်းနေပြီ မဟုတ်လား။

သူတို့သည် ခုမှသာတွေ့ဆုံခြင်းဖြစ်သည်။

သူသည် ယွမ်ရှန်ရှန်ဆိုသော နတ်သမီးနှင့်ပတ်သက်၍ အချို့သောအတွေးများရှိသော်လည်း အချိန်ယူကာ တဖြည်းဖြည်းဩဇာလွှမ်းမိုးပြီးမှ နောက်ဆုံးတွင် သူမ၏နှလုံးသားကိုသိမ်းပိုက်ရန် စီစဉ်ထားသည်။ သို့သော် ယွမ်ရှန်ရှန်က ဤမျှတက်ကြွစွာလုပ်ဆောင်နေပြီး သူမ ကိုယ်တိုင် သူ၏အဝတ်များကို ချိုးဖျက်လိုက်သည်။

အနည်းငယ် ရှက်ရွံ့နေသော လုချန်းက “ဒါက ဘာအတွက်လဲ ဆရာမ”

ဟု မေးလိုက်သည်။

ယခင်က သူသည် အခြားသူများ၏အဝတ်များကို ဆုတ်ဖြဲရန် အမြဲတက်ကြွသူဖြစ်သည်။ အမျိုးသမီးတစ်ဦးက သူ့အား ဒီလိုမျိုး လုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

လုချန်း၏စကားကို လျစ်လျူရှုကာ ယွမ်ရှန်ရှန်က

“ငါ့မျက်လုံးကိုကြည့်”

ဟု အေးစက်စွာပြောလိုက်သည်။

မသိစိတ်၏ နှိုးဆော်မှုဖြင့် လုချန်းလည်း သူမ၏မျက်လုံးများကိုကြည့်လိုက်မိသည်။ နောက်တခဏတွင် သူ၏သွေးများ ဆူပွက်လာပြီး ခန္ဓာကိုယ်တွင်း ထိန်းချုပ်မရသော မငြိမ်မသက်ဖြစ်မှုများ ဖြစ်ပေါ်လာကာ ထူးဆန်းသောပြောင်းလဲမှုများလည်း ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် လုချန်း သတိလစ်မသွားသေးသော်လည်း သူ၏အတွင်းမှ အသံတစ်ခုက ယွမ်ရှန်ရှန်ကို အောင်နိုင်ရန် ဝမ်ချင်းစီအား ပြုမူသကဲ့သို့ သူမကိုဆက်ဆံရန် လှုံဆော်နေသည်။

သို့သော် လုချန်းသည် မိုက်မဲသူ မဟုတ်ပေ။ ဤအရာအားလုံးသည် ယွမ်ရှန်ရှန်၏လုပ်ရပ်ဖြစ်ကြောင်း သူသိသည်။

ဤအမျိုးသမီးက အဘယ်ကြောင့် ထိုသို့ပြုလုပ်နေရသနည်း။

သူမက သူ့အား အရှက်ရစေလိုတာလား။

ယွမ်ရှန်ရှန်က မျက်နှာအမူအရာမပြောင်းလဲပဲ

“မင်းရဲ့ ကျင့်စဉ်ကို ငါ့ ထပ်စစ်ဆေးဖို့ လိုနေသေးတယ်”

လုချန်း၏နှလုံး ခုန်ထွက်လုနီးပါးဖြစ်သွားပြီး

“ဆရာမ ဒါက ဘာကိုဆိုလိုတာလဲ။ အခု ကျွန်တော် ဆရာမကို ဆရာအဖြစ် သတ်မှတ်လိုက်ပြီ။ ရွန်ရွန်ကလည်း ကျွန်တော့် မိန်းမဆိုတော့ ဆရာမက ကျွန်တော့် ခန္ဓာကိုယ်ကို ဘယ်လိုကြည့်နိုင်မှာလဲ”

ဟု အလျင်အမြန်ပြောလိုက်သည်။

ယွမ်ရှန်ရှန်က

“ငါ့အတွက်တော့ မင်းနဲ့ ဝက်၊ နွား၊ သိုးတွေက ဘာမှ မကွာခြားဘူး”

ဟု အေးစက်စွာပြောလိုက်သည်။

ထာဝရ ကောင်းကင်ဘုံ လောကသားများသည် သာမန်လူသားများကို တိရစ္ဆာန်များကဲ့သို့သာ မြင်လေ့ရှိသည်။

အနည်းငယ် ဒေါသထွက်နေသော လုချန်းလည်း ယွမ်ရှန်ရှန်အား နှိမ်နင်းပြီး ပြင်းထန်စွာ ဆက်ဆံလိုသော်လည်း သူ၏လက်နှင့်ခြေများကို ကြီးမားသောအင်အားတစ်ခုက ချုပ်နှောင်ထားသဖြင့် ခန္ဓာကိုယ်၏တစ်စိတ်တစ်ပိုင်းသာ လှုပ်ရှားနိုင်သည်။

ဒီနှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိ နတ်သမီး၏ ‘အကြမ်းဖက်’ ခံရတော့မည် ဟုလုချန်း တွေးနေစဉ် ယွမ်ရှန်ရှန်သည် ထိုင်ခုံပေါ်တွင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကိုသာ စိုက်ကြည့်နေသည်ကို သတိထားမိသည်။

လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။

သူမက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို စစ်ဆေးမှာ မဟုတ်လား။ သူအသင့်ဖြစ်နေပြီဖြစ်သော်လည်း ဘာလုပ်ဆောင်မှုမှ မပြသသည်မှာ အဘယ်ကြောင့်နည်း။

လုချန်း ရှုပ်ထွေးနေစဉ် ရုတ်တရက် နွေးထွေးသောလှိုင်းတစ်ခု သူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာပြီး နောက်ခဏတွင် သူ၏ကိုယ်တွင်းရှိ စွမ်းအားများ ယွမ်ရှန်ရှန်ထံသို့ စီးဆင်းနေသည်ကို အံ့အားသင့်စွာတွေ့ရှိရသည်။ တစ်ချိန်တည်းတွင် ယွမ်ရှန်ရှန်၏ခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအားများလည်း သူ့ထံသို့ စီးဝင်နေသည်။

ဘာ့ကြောင့်လဲ...

သူတို့ခန္ဓာကိုယ်များ ထိတွေ့မှုမရှိသေးပဲ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်က အဘယ်ကြောင့် အလိုအလျောက်အလုပ်လုပ်နေရသနည်း။

လုချန်း အံ့အားသင့်နေစဉ် ယွမ်ရှန်ရှန်က

“ငါထင်ထားတဲ့အတိုင်းပဲ ဒီကျင့်စဉ်က ကောင်းကင်ဘုံ အဆင့်ထက် အဆင့်မြင့်တယ်” ဟု တီးတိုး ရေရွတ်လိုက်သည်။

ယွမ်ရှန်ရှန်၏ စကားများ ဆုံးသည်နှင့် တပြိုင်နက် သူ၏ ကျောရိုးတစ်လျှောက်မှ ဦးခေါင်းအထိ စူးရှသော ခံစားမှုတစ်ခုကို လုချန်း ခံစားလိုက်ရပြီး သူ၏ ကျင့်စဉ်သည် သူ့ကိုယ်အတွင်း၌ ထိန်းမရအောင် တိုးတက်လာခဲ့သည်။

............

အခန်း (၅၅၅)

လေပြင်းမိုးတိမ်ဆောင်သည် သင့်တော်သော အမည်တစ်ခုဖြစ်၏ (၁)

ထိုအချိန်တွင် လုချန်း အနည်းငယ်အံ့အားသင့်နေမိသည်။

သူနှင့် ယွမ်ရှန်ရှန်တို့သည် ဘာမျှမလုပ်ခဲ့ကြဘဲ မီတာအနည်းငယ်အကွာတွင်သာ ရှိနေသော်လည်း သူ၏အတွင်းအားများ ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့သည်။

ဘာဖြစ်နေတာလဲ....

ယွမ်ရှန်ရှန်က ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။

ယွမ်ရှန်ရှန် သူ့အား ယနေ့ပြုလုပ်ခဲ့သော အရာများကို မှတ်သားထားပြီး တစ်နေ့နေ့တွင် ယနေ့ဖြုန်းတီးခဲ့ရသော အတွင်းအားအားလုံးကို ယွမ်ရှန်ရှန်၏ ကိုယ်ခန္ဓာထဲသို့ ပြန်လည်ထည့်သွင်းရန် လုချန်း တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

ယွမ်ရှန်ရှန်သည် အလွန်မြန်ဆန်စွာ လုပ်ဆောင်နေသည်။ လုချန်း၏ အတွင်းအားများသည် စုပ်ထုတ်ခံရသည်နှင့် တပြိုင်နက် အအေးလှိုင်းများကြောင့် နှင်းပွင့်များဖြစ် သွားသည်။ အခန်းထဲတွင် နှင်းပွင့်များ ကြွေကျနေသည်ကို ကြည့်နေသော်လည်း ယွမ်ရှန်ရှန်၏ မျက်နှာတွင် မည်သည့်ပြောင်းလဲမှုမှ မရှိပေ။

ထိုအချိန်တွင် လုချန်းသည် တစ်စုံတစ်ခုကို သိမြင်လိုက်ရသည်။ ယွမ်ရှန်ရှန်၏ မျက်လုံးထဲတွင် သူသည် ဝက်၊ နွား၊ သိုးကဲ့သို့သော မွေးမြူရေးတိရစ္ဆာန်များနှင့် မခြားနားပေ။ သူ၏ကိုယ်ခန္ဓာအစုံကို မြင်ရသည့်တိုင် သူမစိတ်မလှုပ်ရှားပေ။

လူသားများသည် ဝက်၊ နွား၊ သိုးတို့၏ အဝတ်မဲ့ကိုယ်ခန္ဓာများကို မြင်ရသည့်အခါ ရှက်ကြောက်ပြီး မျက်နှာနီမြန်းသွာကြမည် မဟုတ်ပါ။

တိရစ္ဆာန်များ တစ်ကောင်နှင့်တစ်ကောင် မျိုးပွားသည်ကို မြင်ရသည့်အခါ လူသားများတွင် ဘာမှမခံစားရသလို ၎င်းတို့၏ကိုယ်ခန္ဓာများကို မြင်ရသည့်အခါလည်း ဘာမှမခံစားရပေ။

ဤသည်က အဆင့်မြင့်သတ္တဝါများ အဆင့်နိမ့်သတ္တဝါများကို မြင်သောအမြင်ဖြစ်သည်။

ထိုအချိန်တွင် ယွမ်ရှန်ရှန်၏ အကြည့်သည် အဆင့်နိမ့်သတ္တဝါကို ကြည့်နေသော အကြည့်ပင်ဖြစ်သည်။ ယွမ်ရှန်ရှန်၏ အမြင်တွင် ထာဝရ ကောင်းကင်ဘုံသားများသည် အဆင့်မြင့်သတ္တဝါများဖြစ်ပြီး လူသားများမှာ အဆင့်နိမ့်သတ္တဝါများသာဖြစ်သည်။

ထိုအချိန်တွင် လုချန်း၏မျက်နှာ ဒေါသဖြင့် နီမြန်းလာသည်။ သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဆရာမ။ ဒီကျင့်စဉ်က ဒီလိုကျင့်ရတာ မဟုတ်ဘူး။ မှန်မှန်ကန်ကန် ကျင့်နိုင်ဖို့အတွက် ခန္ဓာကိုယ်ချင်း ထိတွေ့မှု လိုအပ်တယ်။”

ထိုစကားကိုကြားလိုက်ရသည်နှင့် ယွမ်ရှန်ရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ဘာလဲ။ ငါနဲ့ လိင်ကိစ္စလုပ်ချင်နေတာလား။”

ယွမ်ရှန်ရှန်၏ အေးစက်သော အပြုအမူကို မြင်လိုက်ရသည်နှင့် လုချန်းထံ၌ သူမကို ခုန်အုပ်ချင်စိတ် အမှန်တကယ် ဖြစ်ပေါ်သွားသော်လည်း ကံမကောင်းစွာပင် သူ၏အင်အားမှာ မလုံလောက်သေးပေ။

လုချန်းက ဒေါသဖြင့် တွေးမိသည်။ ဤမိန်းမ သူ၏လက်ထဲသို့ မကျရောက်ပါစေနှင့်ဟု ဆုတောင်းသည်။ မဟုတ်လျှင် ကလေး တစ်ရာမမွေးပြီးမချင်း သူ သူမကို လွှတ်ပေးမည်မဟုတ်ပေ။

လုချန်းက

“ဆရာမက ကျင့်စဉ်ကို စစ်ဆေးပြီးပြီဆိုတော့ တပည့်ကို ပြန်လွှတ်ပေးဖို့ အချိန်မတန်သေးဘူးလား။”

လုချန်း ပြောလိုက်သော်လည်း ယွမ်ရှန်ရှန်က သူ့ဘက်သို့ အာရုံမစိုက်ပဲ ကျင့်စဉ် လည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းထားသည်။

လုချန်း ပြောစရာ စကားမဲ့ သွားသည်။

ဒီမိန်းမက ဘာလုပ်ချင်‌နေတာလဲ။ ကျင့်စဉ်၏ အလားအလာကို အတည်ပြုပြီးပြီမဟုတ်ဘူးလား။ သူ့ကို အဘယ်ကြောင့် မလွှတ်ပေးသေးတာလဲ။

အချိန်တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ လုချန်းသည် သူ့ရှေ့တွင် ရှိနေသော ငွေရောင်ဆံပင်နှင့် ခရမ်းရောင်မျက်ဆံရှိသည့် မိန်းမကို ကြည့်ရင်း သူ၏ရင်ထဲ ပိုမိုပူလောင်လာသည်။

ယွမ်ရှန်ရှန်၏ နှင်းကဲ့သို့ဖြူသော အသားအရေ၊ နူးညံ့သော လည်ပင်းရိုး၊ သွယ်လျပြည့်ဖြိုးသော ကိုယ်ခန္ဓာနှင့် ဆွဲဆောင်မှုရှိသော အနီရောင်နှုတ်ခမ်းများသည် လုချန်း၏ အနက်ရှိုင်းဆုံးသော ဆန္ဒများကို အဆက်မပြတ် လှုံ့ဆော်ပေးနေပြီး သူ၏ စိတ်ဆန္ဒများကို အဆုံးမဲ့ အတိုင်းအတာအထိ လောင်ကျွမ်းစေသည်။

လုချန်းက သူ့ကိုယ်သူ တွေးမိသည်။ ဤယုတ်ညံ့သောမိန်းမက သူ၏ကိုယ်ခန္ဓာအားလုံးကို မြင်ပြီးသော်လည်း ထိတွေ့ခွင့်မပြုပဲ သူ၏ဆန္ဒများကို နှိုးဆွရန် ဤကဲ့သို့ယုတ်ညံ့သည့် နည်းလမ်းများကို အသုံးပြုနေသည်။

နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အဘယ်ကြောင့် ယွမ်ရှန်ရှန် ယခုလို လည်ပတ်နိုင်သည်ကို လုချန်း နားလည်သလောက် ဖြစ်သွားပြီဖြစ်သည်။ သူတို့၏ကိုယ်ခန္ဓာများ ထိတွေ့မှုမရှိပဲ မီတာအနည်းငယ်ကွာဝေးနေသော်လည်း ယွမ်ရှန်ရှန်က အထူးနည်းလမ်းတစ်ခုဖြင့် လုချန်း၏အတွင်းဆန္ဒများကို အဆမတန်မြှင့်တင်ပေးပြီး သူ၏နှလုံးသားကို ဖမ်းစားလိုက်သည်။

ထို့နောက် နှစ်ဦးလေ့ကျင့်ရန် အခြေအနေများ ပြည့်စုံသွားပြီး နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့သည်။ သို့သော် လုချန်းကတော့ အနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်သည်။

ယုတ္တိရှိရှိ စဉ်းစားလျှင် ယွမ်ရှန်ရှန်လည်း သူ့အပေါ် ထိုကဲ့သို့သော အတွေးများရှိမှသာ ဤကျင့်စဉ် အလုပ်ဖြစ်နိုင်သည်။

သို့သော် ယွမ်ရှန်ရှန်၏ အေးစက်သောမျက်နှာကို ကြည့်လျှင် သူမ၏ နှစ်သက်မှုသည် ၉၀ ရှိသော်လည်း သူ့အပေါ် ချစ်ခြင်းမေတ္တာမရှိပေ။

ချစ်ခြင်းမေတ္တာမရှိပါက ထိုကျင့်စဉ်ကိုအဘယ်ကြောင့် အသုံးပြုနိုင်သေးသနည်း။

လုချန်း အံ့အားသင့်နေစဉ် သူ၏အထက်ပိုင်းသို့ တစ်ခုခု စီးဆင်းလာသည့် ထိုခံစားချက်က နောက်တစ်ကြိမ် ပြန်ဝင်လာသည်။

လုချန်းသည် အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူသည် ယွမ်ရှန်ရှန်၏ အရုပ်တစ်ရုပ်နှင့် မခြားနားတော့ပေ။

ကောင်းပြီ။ သူအခု အနည်းငယ် နစ်နာရမည်ဆိုလျှင်လည်း ခံရမည်ပင်ဖြစ်သည်။ သို့သော် သူယနေ့ အရှက်ရခဲ့ရမှုကို အမှတ်ရနေမည်ဖြစ်ပြီး တစ်နေ့နေ့တွင် အကြွေးပြန်ယူရမည် ဖြစ်သည်။

ထိုအတောအတွင်း လုချန်း ဆက်လက်စိတ်လှုပ်ရှားနေပုံကို မြင်ပြီး ယွမ်ရှန်ရှန် မျက်ခုံးအနည်းငယ်တွန့်လိုက်သည်။

ဘာဖြစ်နေတာလဲ....

ယွမ်ရှန်ရှန် အံ့အားသင့်သွားသော်လည်း အလေးမထားပဲ နေလိုက်သည်။ ဒါက သူမ၏အင်အားအချို့ကို ပြန်လည်ဖြည့်တင်းရန် အခွင့်အရေးပင်ဖြစ်သည်။

သူမသိမြင်လိုက်သည်က ဤကျင့်စဉ် နည်းလမ်းသည် အလွန်ကောင်းမွန်ပြီး လုချန်းနှင့်အတူ လေ့ကျင့်သောအခါ သူမ၏စွမ်းအားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ကာ အကျိုးကျေးဇူးများသာရှိပြီး ဆိုးကျိုးမရှိပေ။

လုချန်းအတွက်လည်း ဘာမှထိခိုက်မည်မဟုတ်ပေ။ အများဆုံး အင်အားအနည်းငယ်သာ ကုန်ဆုံးမည်ဖြစ်သည်။ ထို့ပြင် ဒါက လုချန်းအတွက်လည်း အကျိုးရှိသည်။ ကောင်းကင်လူသားအဆင့်သို့ မရောက်ရှိနိုင်သော်လည်း သူ၏အင်အားကို ပိုမိုမြှင့်တင်ရန် အထောက်အကူဖြစ်စေသည်။

အချိန်များစွာကုန်လွန်ပြီးနောက် လုချန်း၏သတိ ဝေဝါးလာပြီး ယွမ်ရှန်ရှန်နှင့် လိင်ကိစ္စလုပ်နေသည်ဟု ခံစားရသည်။ သို့သော် ဒါက မဖြစ်နိုင်သော အရာဖြစ်သည်။ ဤအရာအားလုံးမှာ စိတ်ကူးယဉ်မှုသာဖြစ်သည်။

သို့သော် စိတ်ကူးယဉ်မှု ဟုတ်ဟုတ် မဟုတ်ဟုတ် ခံစားချက်များကတော့ အမှန်ပင်ဖြစ်သည်။ ယွမ်ရှန်ရှန်က မည်သည့်နည်းလမ်းဖြင့် သူ၏အမျိုးသမီးများနှင့်သာ ရရှိဖူးသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်တာလဲဆိုတာကို‌တော့ လုချန်းမသိပေ။

ညနက်သန်းခေါင်အချိန်တွင် စာကြည့်ခန်း၏မီးများ ဖွင့်ထားဆဲဖြစ်ပြီး လုချန်း၏အသံကို အခါအားလျော်စွာ ကြားနိုင်သည်။

မုကျိရွှမ်းနှင့် လုချန်း၏ မယားများသည် သူ လေပြင်းမိုးတိမ်‌ဆောင်သို့ ပြန်လာကာ ညစာစားရန် စောင့်နေကြသော်လည်း လုချန်း မပြန်လာခဲ့ပေ။ မုကျိရွှမ်းက အစေခံတစ်ဦးအား လုချန်းကို ‌အခေါ်လွှတ်လိုက်သည်။

မကြာမီ အစေခံမလေး မျက်နှာနီမြန်းလျက် ပြန်လာသည်။ အစေခံမလေး၏ မျက်နှာနီရဲနေသည်ကို မြင်သောအခါ ဘာတွေဖြစ်နေသည်ကို အားလုံး နားလည်သွားပုံရပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။

လုချန်းသည် ရက်ပေါင်းများစွာ ပုံမှန်မဟုတ်စွာ နေခဲ့သဖြင့် သူ၏ အတွင်းဖိအားများ အလွန်များပြားနေမည်ကို လူတိုင်း စိုးရိမ်ခဲ့ကြသည်။ နတ်ဆိုးဝင်ပူးသလိုအထိ ဖြစ်မည်ကို စိုးရိမ်နေကြသည်။

ကံကောင်းစွာဖြင့် လုချန်း မနေနိုင်တော့ပေ။ သူတို့ ထင်သည်မှာ သူသည် စာကြည့်ခန်းထဲတွင် ထိုအမျိုးသမီးနှင့် ထပ်မံ ထိပ်တိုက်ရင်ဆိုင်နေရခြင်း ဖြစ်နိုင်သည်။

..........

All Chapters