ကမ္မကြာပန်းသန္ဓေသားမှ အင်မော်တယ်ဘုရင်နှလုံးသားကို ဖိနှိပ်ခြင်း
Vol. 23 Ch. 338
ချီမင်၏တိုက်ချက်နှင့်ရင်ဆိုင်ရတော့ မော့ဝူလင်းက ဖိအားအကြီးအကျယ်ခံစားလိုက်ရသည်။ ထိုအခိုက်တွင် သူက ချီမင်သည်တကယ့်ကို သန်မာသည်ကို သူ့နှလုံးသားထဲ၌ ရှင်းလင်းစွာ သိသွားတော့သည်။
သူက ဂုဏ်သတင်းနှင့်ထိုက်တန်ပါ၏။
သံသယဝင်စရာမလိုလောက်အောင် စွမ်းအားကြီးလှ၏။
လွန်ခဲ့သည့်နှစ်တစ်ထောင်လောက်က ကောင်းကင်မဲ့မြို့တော်တွင် ချီမင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှတပ်ဆင်ထားသည့် လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို ဖောက်ထွက်ပြီး သူတို့စေလွှတ်ခဲ့သည့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကိုးပါးအပါအဝင် အင်မော်တယ်အားလုံးကို သတ်ဖြတ်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။
ကောင်းကင်မဲ့မြို့တော်တစ်ခုလုံး ဖျက်ဆီးခံခဲ့ရ၏။
အသက်ပေါင်းများစွာ သေကြေခဲ့ရသည်။
နှစ်တစ်ထောင်ကြာသွားခဲ့ပြီး ထိုမြို့ကြီးက တစ္ဆေမြို့ကြီးတစ်ခုဖြစ်လာခဲ့သည်။
"စိတ်ဝိညာဉ်ငါးပါး အံ့ဖွယ်ဒိုင်း။"
မော့ဝူလင်းအော်ဟစ်လိုက်သည်။"ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသား"
ချက်ချင်းပဲ မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ရတနာနှစ်ခုကို ထုတ်ယူလိုက်သည်။ စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်ဒိုင်းက လေးထောင့်ပုံစံပေ။ ပုံစံက အရမ်းကို သာမန်ဆန်သည့် ဒိုင်းတစ်ခုပါပေ။
ထိုအခိုက်တွင် စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်ဒိုင်းက အသက်ဝင်လာသည်။စစ်မှန်သည့်စွမ်းအားကို ထုတ်ပြလာလေ၏။ မိုးပြာနဂါး၊ကျားဖြူ၊မီးငှက်၊အနက်ရောင်လိပ်နှင့် ချီလင်ဟူသော နတ်ဘုရားသားရဲငါးကောင်ထွက်လာသည်။
ထိုအကောင်များက စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်မီးဖိုအသေးစားနှင့်တောင်သည်။
ဝေါင်း! ဝေါင်း!
နတ်ဘုရားသားရဲငါးကောင်က ဟိန်းဟောက်လျက် အချင်းချင်းပူးပေါင်းကာ ကြီးမားသည့် ခုခံရေးအင်မော်တယ်ရတနာအဖြစ်ပြောင်းလဲပြီး မော့ဝူလင်းကို ကာကွယ်ပေးလိုက်သည်။ ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသားကလည်း ထိုအချိန်၌ တိုက်ခိုက်လိုက်သည်။
အသံကျယ်ကြီးထွက်လာသည်။
ချီမင်၏ပုဆိန်က စိတ်ဝိညာဉ်ငါးပါးအံ့ဖွယ်ဒိုင်းကို ထိခတ်သွား၏။ ဖရိုဖရဲပုဆိန်အလင်းက အတော်လေးကျယ်ပြန့်ပြီး ကောင်းကင်ကိုတောင် နှစ်ခြမ်းခွဲတော့မည်အတိုင်းပင်။ အလင်းတန်းမှ ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းပစ်ချင်သည့်အလား အဖျက်စွမ်းအားတစ်ခုဖြစ်တည်လာသည်။
မော့ဝူလင်း၏ဒိုင်းက လွင့်စင်သွားပေမဲ့ တစ်ချိန်တည်းမှာ ၎င်းက ချီမင်၏ပုဆိန်ကို တားဆီးနိုင်လိုက်သည်။ ထိုအခိုက်တွင် ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသားက ချီမင်ကို တိုက်ခိုက်လာသည်။
ထိုအင်မော်တယ်ရတနာက နဂါးတစ်ကောင်အလား နေရာလွတ်ကိုဖြတ်ပြီး ချီမင်ထံသို့ ပျံသန်းလာ၏။ ထိုအရာတွင် ပြင်းထန်သည့်ချုပ်နှောင်စွမ်းအားကို ပိုင်ဆိုင်ထားပြီးသူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။
ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသားက ပိန်းပိတ်အောင်မဲမှောင်သည့်အရောင်အဆင်းရှိသည်။ အနက်ရောင်နဂါးတစ်ကောင်သို့မဟုတ် ချိန်းကြိုးတစ်ခုနှင့်တူပြီး ချီမင်ကို လှုပ်မရအောင်ပတ်ထားလေသည်။
"ဟားဟား.."မော့ဝူလင်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။သူက ကျေနပ်နေလေသည်။ "ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသားက ငါနှစ်သန်းတစ်ထောင်လောက် ငရဲကိုးထပ်ချီကို စုဆောင်းပြီးမှ နှစ်(၄၈၀၀၀၀)ကြာ သန့်စင်ခဲ့ရတဲ့ အဆင့်နိမ့်အထက်ကမ္ဘာ အင်မော်တယ်ဘုရင် ပစ္စည်းပဲ။ မြေကြီးချိတ်ပိတ်ကောင်းကင်ချည်နှောင်အံ့ဖွယ်စွမ်းအား နဲ့ပေါင်းလိုက်တော့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တောင် အချိန်တိုအတွင်းမှာ လွတ်မြောက်နိုင်ဖို့ခက်တယ်။မင်းဆိုပိုဆိုးတာပေါ့။"
"မြန်မြန်သေလိုက်တော့။"
မော့ဝူလင်းက အော်ဟစ်ကာ ကောင်းကင်သတ်ဖြတ်ခြင်းဓားသွားကို လျင်မြန်စွာ ထုတ်လိုက်သည်။ ယင်းက အထွတ်အထိပ်ဓမ္မစွမ်းအားများထွက်ပေါ်နေသည့် ငွေနက်ရောင်ဆေဘာတစ်လက်ဖြစ်သည်။ ကောင်းကင်ကိုတောင် ဖြတ်ပိုင်းမည့်ရည်ရွယ်ချက်ပါရှိသည့် ကောင်းကင်ဓားသွားမှာ လျင်မြန်စွာ ဖြင့်ကြီးမားလာသည်။
"ခုတ်ပိုင်း"
မော့ဝူလင်း၏လက်က ကျဆင်းလာသည်နှင့် ကောင်းကင်ယံမှ ကောင်းကင်သတ်ဖြတ်ခြင်းဓားသွားပါ ကျဆင်းလာသည်။ ၎င်းက ကောင်းကင်ကိုပါပိုင်းဖြတ်မည့်ရည်ရွယ်ချက်များသယ်ဆောင်ထားပြီး ချီမင်ကိုရော ကောင်းကင်ကိုပါ နှစ်ခြမ်းပိုင်းပစ်မည့်ဟန်ပင်။
"တိုက်ခိုက်"
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက အချင်းချင်းကြည့်ကာ ခပ်တိုးတိုးအော်လိုက်သည်။ သူတို့က ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး စွမ်းအားကြီးအံ့ဖွယ်စွမ်းအားကိုသုံးလိုက်၏။ တာအိုကျမ်းစာလုံးတို့သည် ပျံ့နှံ့ထွက်ပေါ်လာပြီး ခမ်းနားသည့်မြင်ကွင်းကို ဖော်ဆောင်နေသည်။
"မဟာတာအိုသာလွန်သူ"
ချီမင်၏မဟာတာအိုအင်မော်တယ်ဝင်ပေါက်များ ပွင့်ဟလာပြီး မဟာတာအိုသာလွန်သူများ ထွက်လာသည်။ မဟာတာအိုသာလွန်သူတိုင်းက ချီမင်၏အဓိကခန္ဓာနှင့်ညီမျှသည့်အင်အားရှိပြီး သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားနည်းစနစ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သည်။
အသံကျယ်ကြီးထွက်လာသည်။
ချီမင်က မဟာတာအိုသာလွန်သူစွမ်းအားကိုသုံးကာ ငရဲကိုးလွှာကောင်းကင်သန့်စင်ပိုးသားကို ချိုးဖြတ်လိုက်သည်။
ပြင်းထန်သည့် တိုက်ပွဲဖြစ်လာသည်။
အချိန်ကြာလာလေ ချီမင်နှင့်မော့ဝူလင်းကြားမှ တိုက်ပွဲက ပိုပြီးပြင်းထန်လာကာ အထွတ်အထိပ်သို့ရောက်ရှိလာသည်။ နှစ်ဖက်လုံးက စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများနှင့် အင်မော်တယ်ရတနာများကို တစ်ခုပြီးတစ်ခုထုတ်သုံးနေခဲ့သည်။
မသိလိုက်စွာဖြင့် သူတို့တိုက်ခိုက်လာသည်မှာ သုံးရက်နှင့်သုံးညကြာခဲ့သည်။
အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်ခဲနေသေး၏။
တိုက်ပွဲပတ်လည်တွင် လွှမ်းခြုံအိမ်ယာမြို့တော်မှလွဲပြီး ကျန်သောမြေနေရာများမှာ နောက်ဆက်တွဲအရှိန်ကြောင့် မဲနက်သွားကြသည်။ တောင်များမှာ ပြိုကျပျက်ဆီးကုန်သည်။ သူတို့ မြင်ရသလောက်ကတော့ ပျက်ဆီးယိုယွင်းမှုများသာ။
လွှမ်းခြုံအိမ်ယာမြို့တော်တွင်။
အင်မော်တယ်များက တိုက်ပွဲမြေပြင်ကို စူးစမ်းနေကြသည်။
"အရမ်း အားကောင်းတယ်။"
"ဒါက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေရဲ့ တိုက်ပွဲလား။ သူတို့က အင်မော်တယ်နယ်ပယ်ရဲ့ အကန့်အသတ်အဆင့်ကသူတွေပဲ။ အရှင်စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်က သာမန်ကျင့်ကြံသူဆိုရင်တောင် သူ့အင်အားက အရမ်းကိုပြင်ထန်တယ်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးကို အလွယ်လေးသတ်နိုင်တယ်။"
"ကောင်းကင်ဉာဏ်အလင်းရဲ့အင်အားက ပိုပြီးတောင် ကြောက်ဖို့ကောင်းတယ်။ အခုထိဆို တိုက်ခိုက်လာတာ သုံးရက်သုံးညကြာသွားပြီ။ အနိုင်ရတဲ့သူကို အဆုံးအဖြတ်ပေးဖို့ ခက်နေတုန်းပဲ။ ပြီးတော့ ကောင်းကင်ဉာဏ်အလင်းရဲ့အရှိန်အဝါက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်မှာပဲ။"
"ငါမယုံနိုင်သေးဘူး။"
"ကောင်းကင်ဉာဏ်အလင်းက တကယ်ကြီးဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်မှာလား။ သူက အရှင်မော့ဝူလင်းကို အဲ့ဒီအဆင့်လောက်နဲ့ တိုက်ခိုက်နိုင်နေတာ။ ပြီးတော့ အနိုင်ရတဲ့သူကို အဆုံးအဖြတ်ပေးဖို့ ခက်နေတုန်းလား။"
"အဲ့သလိုသာဆို တကယ့်ကို လန့်ဖို့ကောင်းသွားပြီ။ ငါ ဒီလိုကိစ္စကို တစ်ခါမှမကြားဖူးဘူး။"
"ဒါမှမဟုတ်။"
"ကောင်းကင်ဉာဏ်အလင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို ကျော်နေတာများလား။"
“…”
အင်မော်တယ်များက ဆက်မတွေးရဲတော့ပေ။ သူတို့က ဆွေးနွေးရုံသာ တတ်နိုင်ပါ၏။
မော့ဝူလင်းသည် အသက်ပြင်းပြင်းရှုလိုက်၏။ သူ့မျက်နှာက အနည်းငယ်ဖျော့တော့နေ၏။နှုတ်ခမ်းထောင့်တွင်လည်း သွေးစသွေးနများ ရှိလေ၏။ ချီမင်၏ကျေးဇူးကြောင့် သူကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များရှိနေသည်။
ထိုတိုက်ပွဲက သုံးရက်နှင့်သုံးညကြာခဲ့သည်။
မော့ဝူလင်းက စွမ်းအင်များစွာ သုံးစွဲပြီးသွားပြီး ဒဏ်ရာလည်းရထားသည်။
"တိုက်ပွဲက ပြီးသင့်နေပြီ။"
ချီမင်က မော့ဝူလင်းကို တည်ငြိမ်စွာဖြင့်စိုက်ကြည့်နေသည်။ ချီမင်ကလည်း သွေးစို့နေတဲ့ဒဏ်ရာတချို့ရထားလေသည်။ မော့ဝူလင်းနှင့်တိုက်ခိုက်ရာတွင် ချီမင်လည်း ဒဏ်ရာရထားပေမဲ့ သူက အဆင်ပြေနေသေးသည်။
"အထွတ်အထိပ်ကမ္မနည်းစနစ်"
ချီမင်က အတွေးတစ်ချက်ဖြင့် လက်ချိတ်စည်းကို ဖွဲ့စည်းကာ အထွတ်အထိပ်ကမ္မနည်းစနစ်ကို သုံးလိုက်သည်။ ကျယ်ပြန့်သည့် ကမ္မအရှိန်အဝါက သူ့ခန္ဓာကိုယ်ပေါ်တွင် စတင်ပျံ့နှံ့လာ၏။
အချိန်တိုလေးအတွင်းမှာ ကမ္မစာလုံးများထွက်ပေါ်လာသည်မှာ ကောင်းကင်၌ ကြယ်များထွက်လာသည့်အတိုင်းပင်။ သူတို့က လျင်မြန်စွာဖြင့်ပေါင်းစပ်သွားပြီး ကမ္မကြာပန်းသန္ဓေသားအဖြစ်ပြောင်းလဲကာ ချီမင်၏ခေါင်းထက်တွင် လွင့်မြောနေသည်။
တစ်ချိန်တည်းမှာ ချီမင်က မဟာတာအိုသာလွန်သူများကို ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းလိုက်သည်။ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများလည်း သူ့ကိုယ်ထဲသို့ ပြန်ရောက်သွား၏။ သူက စွမ်းအားများကို ပြန်ရုတ်သိမ်းသည်။ထို့နောက်မှာ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားတော့၏။
အကြောင်းအရင်းကတော့ သူက အံ့ဖွယ်စွမ်းအားများကို ပြန်ရုတ်သိမ်းမှသာ အထွတ်အထိပ်ကမ္မနည်းစနစ်၏စွမ်းအားနှင့် ရန်သူကိုအစွမ်းကုန်တိုက်ခိုက်နိုင်ပေမည်။
"ဒါက..."
မော့ဝူလင်း၏မျက်လုံးအိမ်များက အကြောက်တရားကြောင့် ကျဉ်းမြောင်းသွားသည်။ သူတို့ သုံးရက်သုံးညတိုက်ပြီးနောက်မှာ ချီမင်ပေါ်တွင်ဖိအားကိုခံစားခဲ့ရသည်။သို့ပေမဲ့ ဤတစ်ကြိမ်ကတော့ သူ့ထံကနေ သေလောက်သည့်အထိ အန္တရာယ်ကို ခံစားမိခြင်းဖြစ်သည်။
"မင်း.."
မော့ဝူလင်း၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားခဲ့သည်။ သူက အသက်ပြင်းပြင်းရှုကာ နှလုံးသားထဲမှအကြောက်တရားကို ဖိနှိပ်လျက် သူ့ကိုယ်ထဲမှ ဓမ္မစွမ်းအားနှင့်ခွန်အားကိုစုစည်းနေခဲ့သည်။
သူ့ကိုယ်ပေါ်တွင် နှလုံးခုန်သံထွက်လာသည်။ နှလုံးခုန်သံက အတော်လေးကျယ်လောင်ပြီး ကောင်းကင်နှင့်မြေကြီးနှင့်အတူ ပဲ့တင်ထပ်နေသည်။
"အင်မော်တယ်ဘုရင်နှလုံးသား" မော့ဝူလင်းက အော်ဟစ်လိုက်သည်။
မော့ဝူလင်း၏ခန္ဓာကိုယ်သည် လှုပ်ခါသွား၏။ သူ့ခေါင်းထက်တွင် ကြီးမားသည့်အင်မော်တယ်နှလုံးသားတစ်ခု လျင်မြန်စွာဖြင့်ပေါ်လာသည်။ အဖြူရောင်နေလုံးကြီးနှင့်တူကာ ခုန်ဆွခုန်ဆွဖြစ်နေသည်။
အင်မော်တယ်ဘုရင်နှလုံးသား။
တကယ်တော့ ၎င်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်၏စွမ်းအင်အားလုံးသိပ်သည်းသိမ်းဆည်း ထားသော စွမ်းအင်အားလုံး၏ရင်းမြစ်ကြီးတစ်ခုဖြစ်သည်။
ထိုအခိုက်တွင် မော့ဝူလင်း၏အင်မော်တယ်ဘုရင်နှလုံးသားက ချီမင်၏ကမ္မကြာပန်းသန္ဓေသားနှင့်တိုက်သွားပြီး ကြီးမားသည့် ပွတ်တိုက်မှုကြီးဖြစ်ပေါ်လာသည်။ သို့ပေမဲ့ ချီမင်၏ကမ္မကြာပန်းသန္ဓေသားက သိသာစွာဖြင့် မော့ဝူလင်း၏အင်မော်တယ်ဘုရင်နှလုံးသားထက် ပိုသန်မာ၏။
"မဟာ အံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်း"
မော့ဝူလင်းသည် အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏ခေါင်းသုံးလုံးလက်ခြောက်ဖက်ကပျောက်ကွယ်သွားပြီး ကိုယ်ပွားလည်းမရှိတော့ပေ။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်လက်နက်များသည်လည်းး သူ့ကိုယ်ထဲသို့ ပြန်ဝင်သွားတော့သည်။
တူညီစွာဖြင့် မော့ဝူလင်းကက သူ၏အံ့ဖွယ်စွမ်းအားများနည်းစနစ်များကို ပြန်သိမ်းကာ အင်အားကုန်သုံးလိုက်သည်။ သူက အင်မော်တယ်ဘုရင်နှလုံးသားကိုသုံးကာ မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်းကို သုံးလိုက်လေသည်။သူက စွမ်းအားကုန်ထုတ်သုံးလိုက်လေသည်။
မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်းက မော့ဝူလင်းနားလည်ထားသည့် မဟာအံ့ဖွယ်စွမ်းအားဖြစ်သည်။ သူ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကို ရောက်ပြီး လက်သည်းငါးခုရွှေနဂါးတမန်တော် ဖြစ်လာတုန်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်မော်တယ်မင်းဆက်တာအိုနန်းတော်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အတော်လေးစွမ်းအားကြီးပေသည်။
အကန့်အသတ်ထိကျင့်ကြံပြီးသွားပါက ကမ္ဘာကြီးကိုတောင် ဖျက်ဆီးနိုင်၏။ ဥပဒေသများနှင့်စည်းမျဉ်းများကိုပါ ဖျက်ဆီးနိုင်သည်။ အတော်လေးကို ဖျက်ဆီးနိုင်သည်ဟုဆိုရပေမဲ့ စွမ်းအားကြီးကျင့်ကြံခြင်းအဆင့်နှင့်နယ်ပယ်ကိုတော့လိုအပ်ပါ၏။
ခရက်! ခရက်!
မော့ဝူလင်းက လက်မြှောက်ကာ မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်း၏စွမ်းအားကို စုစည်းလိုက်သည်။ အင်မော်တယ်ဘုရင်နှလုံးသားကို ထိုထဲသို့ ပေါင်းစပ်လိုက်သည်။ မရေမတွက်နိုင်သောအလင်းများလင်းလက်လာပြီး မီးခိုရောင်အလင်းတစ်ချက် ထွက်လာသည်။
အချိန်တိုလေးအတွင်းမှာ မော့ဝူလင်းက မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်း၏စွမ်းအားကို ကောင်းကင်ကိုတောင်ဖုံးအုပ်နိုင်သည့် ကြီးမားသည့်လက်ဝါးကြီးတစ်ခုအဖြစ် သိပ်သည်းလိုက်သည်။ ခမ်းနားကြီးကျယ်ပြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါနိုင်သည်။
ခရက်! ခရက်!
နေရာလွတ်က ထိုစွမ်းအားကိုမခံနိုင်တော့သောကြောင့် အက်ရာများပေါ်လာသည်။သို့ပေမဲ့ အချိန်တိုလေးအတွင်းမှာ ပြန်လည်သက်သာလာပေမဲ့ ပြန်လည်အက်ကွဲလာပြန်ပြီး သံသရာလည်နေတော့လေ၏။
"ဒါက မဟာအံ့ဖွယ်စွမ်းအားပဲ။"
"အရှင်စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်က မဟာအံ့ဖွယ်စွမ်းအားကို သုံးလာပြီ။"
"အရမ်းသန်မာလွန်းတယ်။"
"မဟာအံ့ဖွယ်စွမ်းအားဖျက်ဆီးခြင်း။ ငါ ကြားဖူးတယ်။ အဲ့ဒါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့မဟာအံ့ဖွယ်စွမ်းအားပဲ။ အတော်လေး စွမ်းအားကြီးတယ်။ အကန့်အသတ်ထိကျင့်ကြံပြီးရင် ဥပဒေသတွေ စည်းမျဉ်းတွေကိုပါ ဖျက်ဆီးနိုင်တယ်။"
" ငါတစ်ချက်လောက်ကြည့်လိုက်တာတောင် ငါဝိညာဉ်က တုန်ယင်သွားသလို ခံစားရတယ်။"
"ကြောက်ဖို့ကောင်းလွန်းတယ်။"
“…”
ပတ်ဝန်းကျင်တွင် အင်မော်တယ်များက လေးစားစွာဖြင့် မျက်လုံးပြူးမျက်ဆံပြူးပြီး အော်ဟစ်နေကြသည်။
"မဟာဖျက်ဆီးခြင်းလက်ဝါး"
မော့ဝူလင်းက အော်ဟစ်သည်။ သူက အင်အားကုန်စုစည်းကာ ရိုက်ချလိုက်သည်။ ကောင်းကင်ကိုတောင် ပိတ်ကာထားနိုင်သည့် လက်ဝါးကြီးကာ ချီမင်ကို ဖုံးအုပ်သွားပြီး ဘက်ပေါင်းစုံမှ ပိတ်လှောင်ထားလိုက်တော့သည်။
ရှောင်ပြေးရန်နည်းလမ်းမရှိချေ။
လွတ်မြောက်ရန်နည်းလမ်းမရှိပေ။
သူက ခုခံရုံသာ တတ်နိုင်သည်။
ချီမင်က အသက်ပြင်းပြင်းရှုပြီး သူ့အကြည့်များကတော့ တည်ငြိမ်နေသည်။ သူက ကမ္မကြာပန်းသန္ဓေသား၏စွမ်းအားကိုခံစားမိပြီး ပြုံးလိုက်သည်။ သူက ဖြေးညှင်းစွာ လက်မြှောက်လိုက်သည်။
အသင်္ချေကမ္ဘာများ၏ကောင်းကင်နှင့်မြေကြီးတွင် ချီမင်၏ထိန်းချုပ်မှုအောက်တွင် ကမ္မပြောင်းလဲမှုသံသရာ၏စွမ်းအားမှ ကမ္မစွမ်းအားများစုဝေးလာသည်။
"ဒီကမ္ဘာပေါ်က အရာအားလုံးမှာ အကြောင်းရှိရင် အကျိုးရှိမယ်။"
ချီမင်ကဆိုသည်။"ဒါက ကမ္မပဲ။"
"ဓားလာစမ်း။" ချီမင်က ညာဘက်လက်ကိုမြှောက်ကာ ဓားကို ညင်သာစွာ ဆင့်ခေါ်လိုက်သည်။ သူက အော်ဟစ်လိုက်သည်။"ကမ္မဓား။"
ကလန်!
ဓားအော်သံနှင့်အတူ ကမ္မကြာပန်းသန္ဓေသားက ကြာပန်းတစ်ပွင့် ပွင့်လန်းလာသည့်အလား ပွင့်အာလာ၏။ ရွှေရောင်အလင်းများမှာ ခမ်းနားထည်ဝါစွာ အဆုံးမရှိတောက်ပလာသည်။ ပွင့်ချပ်ပေါင်း(၂၄)ချပ်ရှိပြီး (၂၄)လွှာ စတုတ္ထအဆင့် ကမ္မကြာပန်းဖြစ်သည်။
(၂၄)လွှာကမ္မရွှေကြာပန်း၏အလယ်ဗဟိုတွင် ရွှေရောင်ဓားတစ်ချောင်းစိုက်ဝင်နေ၏။
၎င်းက ကမ္မဓားဖြစ်သည်။
ဓားတစ်လက်ထွက်ပေါ်လာသည်။
ကမ္မဓားမှာ ဆင့်ခေါ်ခံလိုက်ရသည့်အလာ(၂၄)လွှာကမ္မရွှေကြာပန်းထံမှ အလျင်အမြန်ထွက်လာသည်။ ဓားက လေထုကိုဖြတ်ကာ ချီမင်၏လက်ထဲသို့ ရွှေနဂါးတစ်ကောင်အလား ပျံဝင်လာသည်။
ချီမင်က ကမ္မဓား၏ဓားရိုးကို ကိုင်လိုက်သည်။
သူက ပြုံးကာ တစ်ဖက်သူကို ကြည့်လိုက်သည်။ သူက သာမန်မျှသာ မေးလိုက်သည်။" မင်း ငါရဲ့နောက်ထပ်တိုက်ကွက်ကို ခုခံနိုင်ပါ့မလား။"