← Chapters

ကောင်းကင်နှင့်မြေကြီးကာမအစီအရင်

Vol. 23 Ch. 336

ကောင်းကင်နှင့်မြေကြီးကာမအစီအရင်

Vol. 23 Ch. 336

ချီမင်က တည်ငြိမ်စွာဖြင့်သာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးကို ကြည့်နေသည်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်တစ်ယောက်၊အလယ်ပိုင်းအဆင့်တစ်ယောက်နှင့် အစောပိုင်းအဆင့် သုံးယောက်ဖြစ်သည်။

အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်သည်။

သို့ပေမဲ့ သူတို့ပုံစံကနေ အသက်အပိုင်းအခြားကိုတော့ မဆုံးဖြတ်နိုင်ပေ။ သူတို့ပုံစံလေးတွေက ကြည့်လိုက်ရင် နှစ်ဆယ်ကျော် သုံးဆယ်လူငယ်လေးများဟုသာ ထင်ရသည်။

တကယ်တော့ အနည်းဆုံးနှစ်သန်းတစ်ရာလောက်ရှိလောက်ပေပြီ။

ချီမင်တောင် နှစ်တစ်သိန်းကျော်သက်တမ်းရှိနေပြီဖြစ်သည်။ သူက အတိအကျမမှတ်မိပေမဲ့ တွက်ကြည့်လိုတော့ရပါ၏။

သူက (၁၂၈၄၅၆)နှစ်ရှိပါပြီ။

အဆင့်နိမ့်ကမ္ဘာမှာဆို သူ့အသက်ဖြင့်ဆိုလျှင် ဘိုးဘေးတစ်ဦးအနေဖြင့် ယူဆနိုင်ပြီဖြစ်၏။

သို့ပေမဲ့ ၎င်းက အထက်ကမ္ဘာတွင်တော့ သာမန်သာဖြစ်သည်။

အထက်ကမ္ဘာတွင်အင်မော်တယ်များ၌ ကောင်းကင်နှင့်ညီမျှသော ဘဝသက်တမ်းမျိုးရှိလေသည်။ သို့ပေမဲ့ သူတို့က ကောင်းချီးကုသိုလ်များထံမှ သက်ရောက်ခံရကာ ကပ်ဘေးဒုက္ခများကိုလည်းတွေ့ကြုံရပေသည်။ သာမန်အားဖြင့် အထက်ကမ္ဘာအင်မော်တယ်များ အင်မော်တယ်ဘုရင်များအပါအဝင် သူတို့က နှစ်(၁၂၉၆၀၀)ပြည့်တိုင်း ကောင်းချီးများ လျော့ကျတတ်သည်။

အဆင့်မြင့်လေ ကောင်းချီးပိုများများရှိလေတော့ဖြစ်သည်။

"အရမ်းကောင်းတယ်။” မော့ဝူလင်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးကို ကြည့်လိုက်သည်။ ညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း တိုကင်တစ်ခုကို ထုတ်လိုက်သည်။ တိုကင်ပေါ်တွင် လက်သည်းငါးခုရွှေနဂါးတစ်ကောင်ကို ထွင်းထုထား၏။ အသက်ဝင်နေသည့်အလား ရုပ်လုံးကြွနေသည်။

၎င်းက လက်သည်းငါးခု ရွှေနဂါးတိုကင်ဖြစ်သည်။

ထို့အရာအပြင် လက်သည်းခုနစ်ခုစစ်မှန်နဂါးနှင့်လက်သည်းကိုးခု ဘိုးဘေးနဂါးတိုကင်တို့လည်းရှိလေ၏။

လက်သည်းငါးခုရွှေနဂါးတိုကင်က အနိမ့်ဆုံးဖြစ်ပါ၏။

လက်သည်းကိုးခုဘိုးဘေးနဂါးကတော့ အမြင့်ဆုံးဖြစ်သည်။

ထိုနဂါးတိုကင်များက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ ထုတ်လုပ်ထားခြင်းဖြစ်၏။ နဂါးတိုကင်ကို ကိုင်ဆောင်ချင်ပါက အနည်းဆုံးအထက်ကမ္ဘာအင်မော်တယ်ဘုရင်ကျင့်ကြံခြင်း အဆင့်မျိုးရှိရပေမည်။ ထို့ပြင် သူတို့ကကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို လုံလောက်စွာ သစ္စာစောင့်သိရမည့်အပြင် အထောက်အကူပြုမှုများလည်း လုပ်ဆောင်နိုင်ရမည်။

သာမန်အားဖြင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က လက်သည်းငါးခုရွှေနဂါးတိုကင်ကို အင်မော်တယ်မြို့တော်များနှင့်လောကများရှိ စွမ်းအားကို သုံးစွဲနိုင်သည့်အခွင့်အာဏာကို ပေးထားသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏နယ်နိမိတ်ထဲမှ ပထမတန်းစားဂိုဏ်းအားလုံးက တိုကင်ကိုင်ဆောင်ထားသည့်သူ၏အမိန့်ကို လိုက်နာရပေမည်။

သူတို့ကအမိန့်မနာခံခဲ့လျှင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်၏။

ထို့ပြင် နဂါးတိုကင်ကိုကိုင်ဆောင်ထားသည့်သူကို နဂါးတမန်တော်ဟု ခေါ်သည်။

နဂါးတိုကင်၏အဆင့်အလိုက် လက်သည်းငါးခုရွှေနဂါးတမန်တော်၊ လက်သည်းခုနစ်ခုစစ်မှန်တမန်တော် နှင့် လက်သည်းကိုးခုဘိုးဘေးနဂါးတမန်တော်ဟူ၍ဖြစ်သည်။

နဂါးတမန်တော်များ၏စွမ်းအားက မနည်းလှပေ။ ကိုးပြည်နယ်နဂါးပွဲကြည့်စင်၏လက်အောက်ခံဖြစ် ကာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှတည်ထောင်သည့် စွမ်းအားကြီးအဖွဲ့အစည်းတစ်ခု လည်း ဖြစ်သည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏စုစုပေါင်းအင်အားမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကိုးပြည်ထောင်နဂါးပွဲကြည့်စင်က အမှောင်အဖွဲ့နန်းတော်နှင့်တော့ ခြားနားပါ၏။ သူတို့ပိုင်ဆိုင်ထားသည့်စွမ်းအားအတိုင်းအတာက မဆက်စပ်သလို တစ်ဖက်နှင့်တစ်ဖက်လည်း မနှောက်ယှက်ကြပေ။ သို့ပေသော်လည်း နှစ်ဖွဲ့လုံးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ တည်ထောင်ထားသည့် အဖွဲ့အစည်းများဖြစ်ကာ မင်းဆက်၏စွမ်းအားအစိတ်ပိုင်းများသာဖြစ်သည်။

ကိုးပြည်ထောင်နဂါးပွဲကြည့်စင်နှင့် အမှောင်အဖွဲ့နန်းတော်အပြင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က စွမ်းအားကြီးအဖွဲ့အစည်းများစွာ တည်ထောင်ထားခဲ့သည်။အင်မော်တယ်သတ်ဖြတ်ခြင်းခန်းမ၊နတ်ဆိုးသတ်ဖြတ်ခြင်းခန်းမ၊ကိုးကွယ်ခြင်းစင်မြင့်စသည်ဖြင့် တည်ထောင်ထားသည်။

ထိုစွမ်းအားအဖွဲ့အစည်းများက အားမနည်းပေ။ တစ်ဖွဲ့စီတိုင်းက ထိပ်သီးအဖွဲ့အစည်းများနှင့်ယှဉ်ပြိုင်နိုင်ပြီး ပိုပြီးတော့တောင် သန်မာနိုင်သည်။

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အဖွဲအစည်းများစွာ တည်ထောင်ခဲ့ပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အုတ်မြစ်ဖြစ်သည့် လုပ်ပိုင်ခွင့်များစွာရှိသည့် သုံးဖွဲ့သာရှိ၏။ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်အားကို ထောက်ခံပံ့ပိုးပေးထားကြသည်။

ထိုစွမ်းအားထောက်တိုင်ကြီးသုံးခုက တာအိုကာကွယ်ခြင်းနန်းတော်၊ကိုးပြည်နယ်ထိန်းသိမ်းရေးခန်းမနှင့် အင်မော်တယ်မင်းဆက်၏ဝန်ကြီးအဖွဲ့အစည်း ဖြစ်သည်။

တာအိုကာကွယ်ခြင်းနန်းတော်ကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်ပါရီယန်မိသားစုဝင်များက တိုက်ရိုက်အုပ်ချုပ်သည်။ အခြေခံအားဖြင့် အဖွဲ့ဝင်များအားလုံးက အင်ပါရီယန်မိသားစုဝင်များဖြစ်သည်။ သူတို့က အတော်လေးစွမ်းအားကြီးပြီး စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများကို နားလည်ထားကြသည်။

တကယ်တော့…

ကောလဟာလများအရ တာအိုကျင့်ကြံသူဆိုသူက တာအိုကာကွယ်ခြင်းနန်းတော်မှဖြစ်သည်။

ကိုးပြည်နယ်၏ထိန်းသိမ်းရေးခန်းမကတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏များစွာသော တော်ဝင်မိသားစုများက တည်ထောင်ထားခြင်းဖြစ်၏။ ၎င်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ဂိုဏ်းအဖွဲ့အစည်းများကို စီမံခန့်ခွဲသည်။

အင်မော်တယ်မင်းဆက်၏ဝန်ကြီးအဖွဲ့အစည်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အကြီးအကဲများဖြင့် တည်ဆောက်ထား၏။ သူ့အင်အားကအတော်လေးကျယ်ပြန့်ပြီး စွမ်းအားကြီးပေသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏နောက်ဆုံးပိတ် ဆုံးဖြတ်ချက်ကိုတောင် အကျိုးသက်ရောက်စေ၏။

အင်အားကြီးအဖွဲ့အစည်းသုံးခုက တစ်ဖက်တည်းမှာဖြစ်သည်။ သူတို့က တစ်ယောက်နှင့်တိုက်ခိုက်ကြပေမဲ့ အချင်းချင်းလည်း ထောက်ပံ့ပေးကြသေး၏။ သို့ပေသော်လည်း ခေတ်ကပ်ဘေးဒုက္ခကရောက်လာတော့မည်။သေမျိုးကမ္မနှင့်ကမ္မကပ်ဘေးချီတို့သည် ပြည်နယ်ကိုးလောကတွင် တဖြည်းဖြည်းပြည့်နှက်လာသောကြောင့် ထိုစွမ်းအားကြီးအဖွဲ့အစည်းသုံးခုကြားရှိတိုက်ပွဲများမှာလည်း ပိုပြီး ပြင်းထန်လာသည်။

၎င်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အတွင်းပိုင်းပဋိပက္ခတစ်ခုသာမဟုတ်ပေ။

ပြည်နယ်ကိုးလောကတွင် ဂိုဏ်းများ၊မျိုးနွယ်စုများနှင့် အဖွဲ့အစည်းများကြားမှတိုက်ပွဲများက ပိုပြီးစိပ်လာသည်။

ကိုးပြည်နယ်မှ နေရာဒေသများစွာတွင် ကြမ်းကြုတ်သားရဲများ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာကာ သားရဲလှိုင်းများကို မကြာခဏဖြစ်ပေါ်လာစေသည်။ယင်းကြောင်းပဲ အင်မော်တယ်များစွာ သေကြေပျက်စီးနေရသည်။

"ကာမဂိုဏ်း အမိန့်နာခံ" မော့ဝူလင်းက လက်သည်းငါးခုရွှေနဂါးတိုကင်ကို ကိုင်ဆောင်လျက် ချီမင်ကို ညွှန်ပြလိုက်သည်။ သူက ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးကို ကြည့်ကာ လေးနက်စွာအမိန့်ပေးလိုက်သည်။"အခု ငါ့ကိုကူညီပြီးတော့ ကောင်းကင်ဉာဏ်အလင်းကိုဖမ်းဖို့ အမိန့်ပေးတယ်။ ဒီတာဝန်ပြီးရင် ငါ မင်းတို့ကာမဂိုဏ်းရဲ့အကျိုးဆောင်မှုကို ကျိန်းသေပေါက်မှတ်ထားပေးမယ်။"

"ဒါကြီးက..."

"စိတ်ဝိညာဉ်မဲ့ အင်မော်တယ်ဘုရင် ကျွန်တော်တို့..."

"ဟုတ်ကဲ့!”

ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက တစ်ဦးကိုတစ်ဦးကြည့်ပြီ ချီမင်ကို ဆက်ကြည့်လာ၏။ သူတို့ အသက်ပြင်းပြင်းရှုကာ စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်၏အမိန့်ကို ဂလန်ဂဆန်မလုပ်ရဲပေ။

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက လျင်မြန်စွာလှုပ်ရှားသွားပြီး ချီမင်ကို ဝိုင်းလိုက်သည်။ သူတို့အကြည့်များသည် စူးရှနေပြီး ဓမ္မစွမ်းအားများမှာ တဟုန်ထိုးမြင့်တက်နေလျက် ဥပဒေသသစွမ်းအားများသည် ဖြည်းညင်းစွာဖြင့် ပျံ့နှံ့သွား၏။

"သူတို့က ကာမဂိုဏ်းရဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဘိုးဘေးငါးပါးပဲ။"

"မြင့်မြတ်ကောင်းကင်ငါးပါး။"

"သူတို့ တိုက်တော့မယ်။"

"အရှင်အင်မော်တယ်ဘုရင်ဖမ်းချင်တာ သူမလား။ ကောင်းကင်ဉာဏ်အလင်းဆိုပါလား။ ငါ သူ့အကြောင်းကို တစ်ခါမှမကြားဖူးဘူး။ဒါပေမဲ့ အရှင်အင်မော်တယ်ဘုရင်ကတောင် ဖမ်းဆီးဖို့ အားစိုက်ထုတ်နေရတယ်ဆို တော့ သူ့နောက်ခံက မသေးလောက်ဘူး။သူ့အင်အားကလည်း အတော်သန်မာမှာပဲ။"

"ကောင်းကင်ဉာဏ်အလင်းကလည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်နိုင်လား။"

"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။"

"သူ့ကိုယ်ပေါ်က စွမ်းအင်အတက်အကျရ သူ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်မှာပဲ ရှိတယ်ဆိုတာ ကျုပ်သေချာတယ်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး လုံးဝမဟုတ်ဘူး။"

"ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်လား။ မဖြစ်နိုင်တာ။ သူက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဆိုရင် ကိုးပြည်ထောင်နဂါးပွဲကြည့်စင်က ဘယ်လိုလုပ်ပြီး လက်သည်းငါးခုရွှေနဂါးတမန်တော်တစ်ယောက် လွှတ်လိုက်မှာလဲ။"

“ဟုတ်တယ်။"

"တစ်ဖက်က ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာဖြစ်ရမယ်။"

"သူသာ တကယ်ကြီးဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဆိုရင် ဒီတိုက်ပွဲက မစခင်တည်းက ပြီးနေပြီ။"

“…”

ပတ်ဝန်းကျင်တွင် အင်မော်တယ်များက အခြေအနေကြည့်လျက် ဆွေးနွေးနေကြသည်။

"မြန်မြန်ပူးပေါင်းပြီး ကောင်းကင်နှင့်မြေကြီးကာမအစီအရင်ကို သုံးဖို့ ပြင်ဆင်ကြ။"

"ငါထင်တာ မမှားဘူး။ တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းက သာမန်မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က တိမ်မိုးကြိုးပြည်နယ်ရဲ့ကောင်းကင်မဲ့မြို့တော်မှာ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို ချိုးဖောက်ပြီး ကောင်းကင်မဲ့မြို့တော်ကို ဖျက်ဆီးပစ်ခဲ့တယ်။"

"အဲ့ဒီအချိန်တုန်းက လူပေါင်းများစွာသေခဲ့ရပြီး သွေးချောင်းစီးခဲ့ရတယ်။ အခုထိ ကောင်းကင်မဲ့မြို့တော်က တစ္ဆေမြို့ကြီးတစ်မြို့ဖြစ်နေတုန်းပဲ။"

"အစွမ်းကုန်တိုက်ကြ။"

"တိုက်ကြ"

ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးသည် အော်ဟစ်လိုက်ကြ၏။ သူတို့က ဓမ္မစွမ်းအားများကို ပေါင်းစည်းလျက် ဥပဒေသစွမ်းအားများကို စုစည်းလိုက်သည်။ လက်ချိတ်စည်းများကိုဖွဲ့တည်လိုက်တော့ အစီအရင်စာလုံးများ ပေါ်လာတော့သည်။

အချိန်တိုလေးအတွင်းမှာ ကောင်းကင်နှင့်မြေကြီးကာမအစီအရင်ဖြစ်တည်လာသည်။

"မျက်ခွက်ပြောင်နေကြတာလား။" ချီမင်က ခေါင်းခါကာ သူတို့တပ်ဆင်လိုက်သည့် ကောင်းကင်နှင့်မြေကြီးကာမအစီအရင်ကို ကြည့်လိုက်သည်။ ချီမင်၏မျက်လုံးထဲတွင် ၎င်းကအားနည်းချက်များနှင့်ပြည့်နှက်နေ၏။"ဒါကိုလည်း အစီအရင်လို့ ခေါ်တာပေါ့။"

"ဖရိုဖရဲကမ္ဘာဖျက်ဓား"

ချီမင်က ညာဘက်လက်ကို ထုတ်ပြီး ကိုယ်ပိုင်အင်မော်တယ်ရတနာဖရိုဖရဲကမ္ဘာဖျက်ဓားကို ထုတ်ဖော်လိုက်သည်။ ဓားက ဖရိုဖရဲဓားချီများဝန်းရံလျက် ထက်ရှသည့်အလင်းတန်းအဖြစ်ပြောင်းလဲကာ အရာအားလုံးကိုပိုင်းဖြတ်တော့မည့်ဟန်ပင်။

သူက ဓားတစ်ချက်သာသုံးပြီး ကောင်းကင်နှင့်မြေကြီးကာမအစီအရင်၏ဟာကွက်ကို ရိုက်ချလိုက်သည်။ စွမ်းအားကြီးဓမ္မစွမ်းအားများဖြင့် သူက အစီအရင်တစ်ခုလုံးကို ဖြိုခွဲလိုက်သည်။

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက ထိတ်လန့်သွားတော့၏။ ချီမင်၏အင်အားက သူတို့မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ သူတို့က ချီမင်ကို ကောင်းကင်နှင့်မြေကြီးကာမအစီအရင်ဖြင့် အချိန်တစ်ခုလောက်ထိတော့ ပိတ်ထားနိုင်မည်ဟု ထင်ခဲ့တာဖြစ်သည်။

အခုကြည့်ရသလောက်တော့ တစ်ချက်တောင်မခံနိုင်လိုက်ပေ။

ဘုန်း

ကောင်းကင်နှင့်မြေကြီးကာမအစီအရင်သည် ပြိုကွဲသွားပြီး ပေါက်ကွဲမှု၏နောက်ဆက်တွဲက ပျံ့နှံ့သွားကာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးကို လွင့်ထွက်သွားစေတော့သည်။ သူတို့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး ဒဏ်ရာရသွားတော့သည်။

"ဟူး"

"တစ်ချက်တည်းပဲ။ တစ်ချက်တည်းပဲဟ။"

"အရမ်းကို သန်မာလွန်းနေသလားလို့။ ကာမဂိုဏ်းရဲ့မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက ပူးပေါင်းပြီး အစီအရင်ချလိုက်တာတောင် ကောင်းကင်ဉာဏ်အလင်းရဲ့ တစ်ချက်ကလေးတောင် မခံနိုင်ဘူး။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။"

"တော်တော်လေး ကြောက်ဖို့ကောင်းတယ်။

"စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်ကိုယ်တိုင်လှုပ်ရှားလာတာ မအံ့ဩတော့ပါဘူး။ သူက ကောင်းကင်ဉာဏ်အလင်းရဲ့အင်အားကို ကာမဂိုဏ်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးနဲ့ စမ်းသပ်ခိုင်းတာပဲ။"

“…”

ပတ်ဝန်းကျင်တွင် အင်မော်တယ်များက ချီမင်၏အင်အားကို တက်ကြွစွာ ဆွေးနွေးနေကြသည်။

"ဘိုးဘေး!”

"ဒါကြီးက..."

"ဘိုးဘေးငါးပါးက ပူးပေါင်းပြီးတာတောင် တိုက်ကွက်တစ်ချက်တောင် မခံနိုင်ဘူး။"

“!!!”

ကာမဂိုဏ်း၏ရွှေအင်မော်တယ်ဘိုးဘေးနှင့် နတ်မိမယ်လေးများက မယှဉ်သာလောက်အောင် ထိတ်လန့်သွားကြတော့၏။ သူတို့က အံ့ဩနေကြပြီး နှလုံးသားထဲ၌ စိတ်လှုပ်ရှားကြောက်ရွံ့မှုများ ပြည့်နှက်နေကြ၏။

"အမှိုက်တစ်အုပ်ပဲ။" မော့ဝူလင်းသည် အသက်ပြင်းပြင်းရှုလိုက်၏။ သူက ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးကို အေးစက်စွာ ကြည့်လိုက်သည်။" မင်းတို့က ကောင်းကင်ဉာဏ်အလင်းရဲ့ ဓားကိုတောင် မတားဆီးနိုင်တော့ဘူး။"

"ကျွန်တော်တို့...ကျွန်တော်တို့.."

"အင်မော်တယ်...အင်မော်တယ်ဘုရင်..."

“…”

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက ခေါင်းငုံ့ထားသည်။

"မော့ဝူလင်း" ချီမင်၏အကြည့်က တည်ငြိမ်နေသည်။"အခုငါ့အလှည့်ပဲ။"

“ထွက်လာခဲ့။” ချီမင်က လက်ဝေ့ယမ်းကာ အင်မော်တယ်သားရဲခြောက်ကောင်ကို ဆင့်ခေါ်လိုက်သည်။ သေမင်း၊အမှောင်မီးလျှံ၊ယင်လေး၊ကပ်ဘေးလေး၊လင်းနို့လေးနှင့်ဟော့ချန်ချင်းတို့ ပေါ်လာသည်။ သူတို့က ချီမင်ဘေးတွင်ရပ်လာသည်။

"ဂါဝရပြုပါတယ် သခင်။"

“…”

အမှောင်မီးလျှံတို့က ဦးညွှတ်လိုက်သည်။

ချီမင်၏အင်မော်တယ်သားရခြောက်ကောင်သည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်၏။

သူတို့အားလုံးက သန်မာကြပါ၏။

ထို့ပြင် ချီမင်သည် ဗုဒ္ဓနတ်ဆိုးမြေနီမှုန့်ကို မဆင့်ခေါ်ခဲ့ပေ။ သိပ်မကြာခင်တုန်းကပဲ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။

ဗုဒ္ဓနတ်ဆိုးမြေနီမှုန့်က စည်းမျဉ်းများကို ကျင့်ကြံသည်။

သူက အထက်ကမ္ဘာစည်းမျဉ်းအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။

သူ့တိုက်ခိုက်ရေးအင်အားက အတော်လေးပြင်းထန်သည်။

တကယ်တော့…

သူက ချီမင်၏အင်အားထက်တောင် သာလွန်လောက်သည်။

ဗုဒ္ဓနတ်ဆိုးမြေနီမှုန့်က ချီမင်၏ဝှက်ဖဲဖြစ်သည်။ ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါးလည်းရှိသေးသည်။ သူက အလွယ်တကူ မသုံးနိုင်ပေ။ သူ့မှာ ဝှက်ဖဲလုံလောက်စွာရှိမှ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ရန်သူများကို ဖြေရှင်းနိုင်မှာဖြစ်သည်။

"အင်မော်တယ်သားရဲခြောက်ကောင် နားထောင်ကြ" ချီမင်ကအော်ဟစ်လိုက်သည်။"မော့ဝူလင်းကို သတ်"

"ဟုတ်။"

"ဟုတ်ကဲ့!”

"တိုက်ကြ"

“…”

ဘုန်း ဘုန်း

ဟော့ချန်ချင်းတို့က ညီညာစွာအော်ဟစ်လိုက်သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဖြင့်ရင်ဆိုင်ရလျှင်ပင် မကြောက်ရွံ့သွားပေ။ သူတို့က အင်အားကုန်ထုတ်သုံးလိုက်သည်။ ဥပဒေသစွမ်းအားများပျံ့နှံ့လာပြီး မော့ဝူလင်းကို တိုက်ခိုက်လိုက်သည်။

"မင်းတို့ ထွက်မလာသေးဘူးလား။" မော့ဝူလင်းက အော်ဟစ်လိုက်သည်။

"ဟုတ်။"

"ဟုတ်ကဲ့ပါ အရှင်နဂါးတမန်တော်။"

“…”

ပတ်ဝန်းကျင်တွင် ပုံရိပ်များ ပျံသန်းထွက်လာသည်။ သူတို့က နဂါးတမန်တော်၏ လက်အောက်ငယ်သားများဖြစ်သည်။ ပုံမှန်အားဖြင့် လက်သည်းငါးခုရွှေနဂါးတမန်တော်တွင် လက်အောက်ငယ်သားတမန်ငယ်ကိုးပါးရှိသည်။

ထိုနဂါးတမန်တော်ငယ်ကိုးပါးက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်သည်။

ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်လာသည်။

ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်က မော့ဝူလင်း၏နဂါးတမန်တော်ငယ်ကိုးပါးကို ပိတ်ဆို့လိုက်သည်။ သူတို့က ကောင်းကင်ယံ၌ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

All Chapters