အင်မော်တယ်ဝင်ပေါက်နှလုံးသားအသွင်ပြောင်းမှု၊အင်မော်တယ်ဘုရင်၏နှလုံးသား၊ ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်း
Vol. 23 Ch. 335
မော့ဝူလင်းက ချီမင်ကို ကောင်းကင်ဉာဏ်အလင်းဟု ခေါ်လာခဲ့သည်။ ထို့ကြောင့် မော့ဝူလင်းက ချီမင်၏နာမည်အစစ်ကို မသိပေ။ အဓိပ္ပာယ်ကတော့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် လည်း သူ့နာမည်ရင်းကို မသိချေ။
ချီမင်က ကောင်းစွာဖုံးကွယ်နိုင်သေး၏။
မော့ဝူလင်းကလည်း နာမည်ရင်းမဟုတ်လောက်ပေ။
နာမည်တုသာဖြစ်သည်။
အထက်ကမ္ဘာတွင် ကျိန်စာတိုက်နိုင်သည့် အံ့ဖွယ်စွမ်းအားပေါင်းများစွာ ရှိသည်။ ရန်သူများက ကျိန်စာမတိုက်နိုင်ရန် နာမည်ရင်းကိုအလွယ်တကူ မဖော်ထုတ်ကြပေ။
ထိုကိစ္စများကြောင့် အထက်ကမ္ဘာအင်မော်တယ်များတွင် သူတို့ကိုယ်သူတို့ ပေးထားသည့် တာအိုနာမည်များရှိလာသည်။ ဥပမာအနေဖြင့် ချီမင်ယခင်ကြုံဖူးသည့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များ၏နာမည်များဖြစ်သည့် ရှေးဟောင်းအင်မော်တယ်မြင့်မြတ်ကောင်းကင်၊ငွေတောင်ပံမြင့်မြတ်ကောင်းကင်တို့သည် သူတို့ပေးထားသည့် တာအိုနာမည်များဖြစ်ကြလေသည်။ နာမည်အစစ်အမှန်များ မဟုတ်ပေ။
"ကောင်းကင်ဉာဏ်အလင်း" မော့ဝူလင်း၏အကြည့်က မထူးမခြားနားဖြစ်နေသည်။"မင်းအတွက်လွတ်လမ်းမရှိတော့ဘူး။ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အရေးကြီးပုဂ္ဂိုလ်တွေက မင်းကို ဘာလို့သတ်ချင်နေမှန်း ငါမသိပေမဲ့ မင်းမလွတ်နိုင်တော့ဘူး။"
"ပြီးတော့"
"မင်းရဲ့ နာမည်က ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းထဲကို ဝင်နေပြီ။ မင်းက အဆင့်သတ်မှတ်ချက်ထဲဝင်နေပြီဆိုတော့ မင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အင်မော်တယ်တွေကို သတ်ထားလို့ပဲ။ အဆင့်သတ်မှတ်ချက်မှာဝင်တဲ့ အင်မော်တယ်တွေအကုန်လုံးထဲမှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်ရဲ့ဖီးနစ်အရှင်ကလွဲရင် ကျန်တဲ့သူတွေက အကုန်သတ်ခံရတယ်။ အဆုံးမှာတော့ သေရတာပဲ။"
"ဒီတော့ မင်းကလည်း ခြွင်းချက်ဖြစ်လာမှာ မဟုတ်ဘူး။"
"အချိန်ကြာလေ မင်းအသက်ရှင်လေ မင်းကိုသတ်ဖို့လွှတ်မဲ့သူတွေက ပိုပြီးသန်မာလာလေပဲ။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်"
ချီမင်၏အကြည့်က အေးစက်သွားတော့၏။
သူက အထက်ကမ္ဘာကိုတက်လှမ်းတော့ ပြည်နယ်ကိုးလောကကို ရောက်လာခဲ့သည်။ သူက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကိုလည်း ရောက်ခဲ့ဖူးသည်။ သူက ထိုနေရာမှ ထွက်ဖို့ အတော်လေးကြိုးစားခဲ့ရသေး၏။
မူလက...
ချီမင်သည် ပြည်နယ်ကိုးလောက၏တိုက်ပွဲထဲသို့ ဝင်မပါခဲ့ချင်ပေ။
သူက ပြဿနာမရှာပေမဲ့ ပြဿနာကတော့ သူ့ကို ရှာလာပေပြီ။
အစကတော့ ချီမင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ရန်သူဖြစ်လာရန်အစီစဉ်မရှိပေ။ သူက ထိုသူများနှင့် ဆက်သွယ်ရန်တောင် အစီအစဉ်မရှိပေ။ ထို့ကြောင့် ချီမင်က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းသို့ရော ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရောပါ မပူးပေါင်းခဲ့ပေ။
ကံမကောင်းစွာဖြင့် ကိစ္စများက ထင်ထားသလို ဖြစ်မလာပေ။
ချီမင်၏တာအိုကျင့်ကြံသူဆိုသော သရုပ်မှန်သည် ပေါ်ပေါက်သွားခဲ့ပြီဖြစ်သည်။ သူဘာလို့ဖော်ထုတ်ခံလိုက်ရမှန်းမသိပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကတော့ သူကို ရန်သူအဖြစ်သတ်မှတ်လိုက်ပြီဖြစ်သည်။ သူတို့က ချီမင်ကို ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းတွင်ပါ ထည့်သွင်းခဲ့သည်။ သူတို့က ချီမင်ကို သတ်ရန်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်အားကို သုံးလာသည်။
အကြောင်းပြချက်က ရိုးရှင်းပေသည်။
ချီမင်က တာအိုကျင့်ကြံသူဖြစ်ပြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကတော့ နောက်ဆုံးခေတ်တွင် တာအိုကျင့်ကြံသူတစ်ဦးက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်သည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အုပ်ချုပ်သူက ချီမင်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်မြင်ကာ မကြီးထွားနိုင်ခင်မှာ သတ်ဖြတ်ရန် ဆောင်ရွက်လာခြင်းဖြစ်သည်။
"ရယ်ဖို့ကောင်းတယ်။ မျက်ခွက်လာပြောင်နေကြတာပဲ။"
ချီမင်က အံ့ဖွယ်စွမ်းအားသုံးကာ ကောင်းကင်လျှို့ဝှက်ချက်နှင့် ကမ္မကို စုစည်းလိုက်သည်။ သူက ဓမ္မစွမ်းအားများသုံးကာ ဒီကိစ္စ၏အမှန်တရားတစ်စိတ်တစ်ပိုင်းကို တွက်ချက်လိုက်သည်။"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်တည်ရှိလာတာ ခေတ်တစ်ခေတ်ရှိပြီ။ အခု ခေတ်ကာလကပ်ဘေးဒုက္ခက တားဆီးမရနိုင်တဲ့အရှိန်အဟုန်နဲ့ ရောက်လာတော့မယ်။ မိုးမြေကပ်ဘေးချီနဲ့ သေမျိုးကမ္ဘာရဲ့ ကမ္မက က မြင့်တက်နေပြီ။"
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အုပ်ချုပ်သူကလည်း ကမ္မကြောင့် အမြင် ဖုံးသွားပြီ။ သူက အမှန်တရားကိုတောင် မမြင်နိုင်တော့ဘဲ ရူးရူးမိုက်မိုက် ဆုံးဖြတ်ချက်တွေ ချလာတယ်။"
"အခု ပြည်နယ်ကိုးလောကက ပြောင်းလဲရတော့မယ်။"
"အရိုင်းအစိုင်းကောင်" မော့ဝူလင်က ကြိမ်းမောင်းလိုက်သည်။ သူ့အကြည့်က စူးရှနေပြီး သတ်ဖြတ်လိုစိတ်များ ထွက်နေသည်။"ကောင်းကင်ဉာဏ်အလင်း မင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့မြင့်မြတ်သူတွေကို အဓိပ္ပါယ်မရှိတာတွေပြောရဲတယ်ပေါ့။"
"မင်းတကယ် သေသင့်သွားပြီ။"
မော့ဝူလင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ သူက သာမန်ကျင့်ကြံသူတစ်ဦးဆိုပေမဲ့ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်နေသေးသည်။ သူက စွမ်းအားကြီးပေသည်။
မော့ဝူလင်းက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏မဟာပုဂ္ဂိုလ်များကို အုပ်ချုပ်သူများဟု ခေါ်ဆိုခဲ့သည်။ တစ်နည်းဆိုသော် ထိုသူများက မော့ဝူလင်ထက် စွမ်းအားကြီးပေလိမ့်မည်။
"စိတ်ဝိညာဉ်ငါးပါး အံ့ဖွယ်လက်ဝါး" မော့ဝူလင်းက အော်ဟစ်လိုက်သည်။
သူက လက်မြှောက်ကာ ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ်ဓမ္မစွမ်းအားများ တိုးထွက်လာသည်။ အင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)သည် ပေါင်းစပ်သွားပြီး အင်မော်တယ်ဘုရင်နှလုံးသားတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ်ဝင်ပေါက်များကို နှလုံးသားတစ်ခုအဖြစ်ပြောင်းလဲနိုင်ပါက အင်မော်တယ်ဘုရင်ဖြစ်လာပေလိမ့်မည်။
ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
မော့ဝူလင်း၏လက်ဝါးက ကျရောက်လာသည်။ ထိုလက်ဝါးရာကြီးက သန့်စင်သည့် အဆုံးမဲ့ဓမ္မစွမ်းအားများဖြင့် သိပ်သည်းထားခြင်းဖြစ်၏။ ၎င်းက ပတ်ဝန်းကျင်နေရာလွတ်ကို ချိတ်ပိတ်လိုက်ပြီး ချီမင်ကို ပစ်မှတ်ထားလိုက်၏။
"ဖရိုဖရဲပုကျုံးတောင်"
ကိုယ်ပိုင်အင်မော်တယ်ရတနာလက်နက်က သူ့ဒန်တျန်းထဲမှထွက်ပေါ်လာသည်။ တခဏအတွင်းမှာ သူ့ခေါင်းထက်ကို ပျံသန်းသွားပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။
ဖရိုဖရဲပုကျုံးတောင်က ကောင်းကင်ကို ပျံတက်သွားပြီး မော့ဝူလင်း၏လက်ရာကို ဖျက်ဆီးပစ်ကာ ယင်းရိုက်ချက်ကို တားဆီးလိုက်သည်။ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသည်။
ဘုန်း။
ထိုတိုက်ပွဲကြောင့် ချီမင်ရှိနေသည့် ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏အမြင့်ဆုံးအထပ်၌ ကြောက်မက်ဖွယ်တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။ သူ၏ဓမ္မစွမ်းအားများက ပျံ့နှံ့သွားသောကြောင့် နေရာလွတ်က တုန်ခါသွားပြီး လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။
ချက်ချင်းပဲ တစ်ခန်းလုံး ပေါက်ကွဲထွက်သွားတော့သည်။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏အမြင့်ဆုံးအထပ်က လွင့်ပျံသွားတော့သည်။
ကြီးမားသည့် အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။
"အား" ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့် ပန်းလေးနှစ်ပွင့်မှာ အံ့ဩထိတ်လန့်စွာ အော်လိုက်ကြရသည်။ သူတို့ကအနီးဆုံး၌ဖြစ်၍ အများဆုံးအသက်ရောက်ခံရခြင်းခံလိုက်ရသည်။ တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းကြောင့် သူတို့နှစ်ဦးသား လွင့်ထွက်သွားပါ၏။
သူတို့က သွေးအန်လိုက်ရပြီး ကြောက်လန့်တကြားအကြည့်များဖြင့် ကြည့်ကာ တည်ငြိမ်အောင် လုပ်လိုက်သည်။
"အတင့်ရဲလှ ချည်လား။ သူတို့က ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်ထဲမှာ ပြဿနာရှာရဲတာပဲ။"
"အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားတာပဲ။"
"ဘာဖြစ်ကုန်တာလဲ။"
“…”
ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏ပတ်ဝန်းကျင်တွင်။
အင်မော်တယ်များစွာ စပ်စုနေကြပြီး ရုတ်ရုတ်သဲသဲဖြစ်မှု၏အရင်းအမြစ်ကို စူးစမ်းနေကြသည်။ သူတို့မျက်လုံးများက စပ်စုချင်စိတ်များနှင့် သူများဒုက္ခရောက်တော့မည်ကို ရွှင်မြူးစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်က ကာမဂိုဏ်း၏စီးပွားရေးတစ်ခုဖြစ်ပြီး ၎င်းကို ကာမဂိုဏ်းက ကာကွယ်ပေးထားလေသည်။ လွှမ်းခြုံအိမ်ယာမြို့တော်တွင် ကာမဂိုဏ်းက အင်မတန်စွမ်းအားကြီးသည့် ပထမတန်းစားဂိုဏ်းဖြစ်ကာ စုစုပေါင်းမြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်အဆင့်ငါးဦးထိရှိလေသည်။
အတိတ်တုန်းက ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်တွင် ပြဿနာလာရှာသည့် အင်မော်တယ်များ ရှိခဲ့သည်။ တစ်ကြိမ်ကဆို ရွှေအင်မော်တယ်တစ်ဦး ပြဿနာလာရှာခြင်းမျိုးဖြစ်သည်။ အဆုံးမှာတော့ ထိုသူက ကာမဂိုဏ်း၏ရွှေအင်မော်တယ်ဘိုးဘေးထံမှ အသတ်ခံရကာ သူ့အလောင်းက မြို့ဂိတ်တံခါးအပြင်ဘက်၌ပဲ ပေါက်ကွဲထွက်သွားခဲ့သည်။ အချိန်များ ကုန်ဆုံးသွားခဲ့၏။သူ့အင်မော်တယ်ခန္ဓာက အချိန်၏တိုက်စားမှုဒဏ်ကိုခံစားရပြီး ဆွေးမြေ့သွားတော့သည်။
ထိုအချိန်ကစပြီး ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်တွင် ပြဿနာရှာရဲတဲ့သူ မရှိတော့ပေ။ လူတိုင်းက အင်မော်တယ်မျှော်စင်မှချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာကာ မချိုးဖောက်ရဲကြတော့ပေ။
ယနေ့မှာတော့ ဖြစ်လာခဲ့ပြန်သည်။ ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏ဂုဏ်သရေရှိအခန်းက ဖျက်ဆီးခံလိုက်ရပြီး ၎င်းကိစ္စကြောင့်ပဲ တစ်ထပ်လုံးလွင့်စင်ထွက်သွားခဲ့ရသည်။
စွမ်းအင်တုန်ခါမှုများနှင့် ဓမ္မစွမ်းအားများက ပျောက်ကွယ်သွားသည်။
ပုံရိပ်နှစ်ခုက လေထုကို ဆုတ်ဖြဲလိုက်သည်။
ချီမင်နှင့် မော့ဝူလင်းပေါ်လာသည်။ လူတိုင်း၏မြင်ကွင်းထဲသို့ ပေါ်လာသောကြောင့် အားလုံးက မြင်လိုက်ရသည်။
"ပြဿနာရှာတာ သူတို့လား။"
"အံ့ဩစရာပဲ။"
"သူတို့ချင်း ပြဿနာရှိတာလား။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်သူတို့ ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်ထဲမှာ တိုက်ခိုက်လို့မရဘူး။ ဒီထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်။"
"သူတို့ကတိုက်ခိုက်တဲ့အပြင် ဖျက်ပါဆီးလိုက်သေးတယ်။"
"ငါထင်တာတော့ သူတို့နှစ်ယောက်လုံး သေပြီပဲ။"
"ကာမဂိုဏ်းက ရွှေအင်မော်တယ်ဘိုးဘေး ရောက်လာတော့မယ်။"
“…”
အင်မော်တယ်များက ဆွေးနွေးနေကြသည်။
တစ်ချိန်တည်းမှာပဲ ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏နတ်မိမယ်လေးများနှင့် ကာမဂိုဏ်း၏တပည့်များက ခေါင်းမော့ကာ ကောင်းကင်ထက်မှ တိုက်ပွဲကို သိလိုစိတ်ဖြင့် ကြည့်နေကြသည်။
သူတို့ ပြဿနာရှာတဲ့သူတွေကို မတွေ့ရတာ ကြာပါပြီ။
"ကောင်းကင်ဉာဏ်အလင်း" မော့ဝူလင်းက ခပ်တိုးတိုးပြောသည်။"ငါမင်း ဘယ်လို လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကနေ ဖောက်ထွက်လာလည်း မြင့်မြတ်ကောင်းကင်ကိုးပါးကို ဘယ်လိုတွေပြန်သတ်ခဲ့လည်း မရေမတွက်နိုင်လောက်တဲ့သေကြေမှုတွေက ဘယ်လိုတွေဖြစ်လာလည်းဆိုတာမသိပေမဲ့ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး။"
"ယုံကြည်မှုရှိတာကောင်းပါတယ်။" ချီမင်က ပြုံးကာဆိုသည်။"ကံမကောင်းတာက မင်းမှာ အဲ့လိုခွန်အားမျိုးတော့မရှိဘူး။"
"မင်းက တကယ့်ကို အတော်လေး မောက်မာတာပဲ။" မော့ဝူလင်းက အသက်ပြင်းပြင်းရှုကာ ချီမင်ကို အကြိမ်အနည်းငယ်စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။" ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်လား။ မင်းက အခုထိငါ့ရှေ့မှာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ရဲသေးတယ်ပေါ့။ ဘာရည်ရွယ်ချက်များ ရှိလို့လဲ။"
"ငါက မင်းလွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို ဖြတ်ကျော်နိုင်ပြီး မြင့်မြတ်ကောင်းကင်ကိုးပါးကို သတ်နိုင်တယ်ဆိုတည်းက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဆိုတာ ယုံမယ်ထင်နေ သေးတာလား။"
"ဟဲဟဲ"
ချီမင်က ပခုံးတွန့်လိုက်သည်။ "ငါက တကယ်လည်း ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်လေ။"
"ကောင်းတယ်။ကောင်းတယ်။"မော့ဝူလင်းက အော်ဟစ်လိုက်သည်။"ဒီလိုဆိုမှတော့ ငါက မင်းရဲ့အယောင်ဆောင်မှုကို ချိုးဖြတ်ရမှာပေါ့။ မင်းကိုထပ်ပြီး မပုန်းနိုင်တော့အောင် လုပ်ပေးမယ်။ ငါမင်းကို အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးရဲ့ စွမ်းအားကို ပြပေးမယ်။"
မော့ဝူလင်းက အရင်တိုက်ခိုက်ဖို့ လုပ်လိုက်သည်။
ထိုအခိုက်တွင် ကာမဂိုဏ်း၏ရွှေအင်မော်တယ်ဘိုးဘေးများ ရောက်လာသည်။ ရွှေအင်မော်တယ်သုံးယောက်ရောက်လာကြသည်။ သူတို့ထဲကတစ်ယောက်က ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်အဆင့်၌ဖြစ်၏။ သူတို့ က တိုက်ပွဲနေရာသို့ ရောက်လာကြသည်။
"ရပ်။" ကာမဂိုဏ်း၏ရွှေအင်မော်တယ်ဘိုးဘေးများက အော်ဟစ်လိုက်ကြသည်။"အတင့်ရဲလှချည်လား။ ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်ထဲမှာ ပြဿနာရှာရဲတယ်ပေါ့။ မင်းတို့က ကာမဂိုဏ်းကို အလေးမထားတာလား။"
"ကာမဂိုဏ်း" မော့ဝူလင်းက ခဏလောက်ရပ်လိုက်ကာ အေးစက်စွာ လှည့်ကြည့်လိုက်သည်။"ပထမတန်းစားပါးမွှားဂိုဏ်းလေးကများ ငါ့ကို မခန့်လေးစားလုပ်ရဲတယ်ပေါ့။ ထွက်သွားစမ်း။"
မော့ဝူလင်း၏ကြောက်မက်ဖွယ်ရာကောင်းသည့်အသံလှိုင်းက ထွက်ပေါ်လာပြီး အရာအားလုံးကို လှုပ်ခါသွားစေ၏။ နေရာလွတ်တွင်လှိုင်းဂယက်များ ထလာပြီး အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး၏အရှိန်အဝါ ထွက်ပေါ်လာသည်။
"အော့။"
"ဒါ....ဒါက.."
"အင်မော်တယ်ဘုရင်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်။"
"အင်မော်တယ်...အင်မော်တယ်ဘုရင်..."
ကာမဂိုဏ်း၏ရွှေအင်မော်တယ်ဘိုးဘေးသုံးပါးသည် ထိတ်လန့်သွားတော့၏။ သူတို့က မော့ဝူလင်း၏အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ရပြီး နှုတ်ခမ်းထောင့်တွင် သွေးများ ယိုစီးကျလာသည်။ သူတို့တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူတို့ကထိတ်လန့်သွားကြပြီး အတွင်းဒဏ်ရာများ ခံစားလိုက်ရ၏။
"ဟူး"
" အထက်...အထက်ကမ္ဘာအင်မော်တယ်ဘုရင်။"
"ဘုရားရေ"
"အထက်ကမ္ဘာ အင်မော်တယ်ဘုရင်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးပဲ။"
"ကြောက်ဖို့ကောင်းသွားပြီ။"
"ငါ့မှာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးကို မြင်ရဖို ကံပါလာတာပဲ။"
"အင်မော်တယ်ဘုရင်။"
ပတ်ဝန်းကျင်မှ အင်မော်တယ်များက လေးစားစွာကြည့်နေကြပြီး အမူအရာနှင့်အသံများကပါ ရိုကျိုးသွားကြ၏။ သူတို့က မော့ဝူလင်းကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
ဂလု!
ကာမဂိုဏ်း၏ရွှေအင်မော်တယ်ဘိုးဘေးသုံးပါးက တံတွေးမျိုချကာ ဘာမှထပ်မပြောရဲတော့ပေ။ သူတို့က တိုက်ပွဲစက်ကွင်းမှ ဆုတ်ခွာသွားကြကာ ကာမဂိုဏ်း၏ဘိုးဘေးကြီးများနှင့်ဆက်သွယ်လိုက်ကြသည်။
သိပ်မကြာခင်မှာပဲ ကာမဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဘိုးဘေးငါးပါးရောက်လာသည်။ သူတို့က ခွန်အားကိုဖိနှိပ်ထား၍ ထူးခြားဖြစ်စဉ်များဖြစ်မလာပေ။ သူတို့ပေါ်လာသည်နှင့် မော့ဝူလင်းကို ဦးညွှတ်လိုက်ကြသည်။
"ကာမဂိုဏ်းက စိတ်ဝိညာဉ်မဲ့အင်မော်တယ်ဘုရင်ကို ကြိုဆိုပါတယ်။"
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးက အလွန်အမင်းနှိမ့်ချလျက် လေးစားစွာ ပြောလာခဲ့သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြင့်ရင်ဆိုင်ရတော့ သူတို့က မပျော်မရွှင်ဖြစ်မှုကို မပြရဲကြပေ။