အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ် လိုက်လံဖမ်းဆီးခြင်း
Vol. 23 Ch. 334
လွန်ခဲ့သည့်နှစ်တစ်သောင်းတွင် ချီမင်က ဗုဒ္ဓဖရိုဖရဲဂိမ်းမြေအောက်စခန်းကို အကြိမ်ပေါင်း သုံးသန်းမှ လေးသန်းထိ ရှင်းလင်းခဲ့သည်။ သူက ၎င်းထံမှ မရေမတွက်နိုင်လောက်သော ပစ္စည်းပေါင်းများစွာ ရခဲ့သည်။
သိုင်းနည်းစနစ်များ၊အံ့ဖွယ်စွမ်းအားများ၊အင်မော်တယ်ရတနာများ၊နတ်ဆိုးရတနာများ၊အစေခံများနှင့် များစွာသော အင်မော်တယ်သလင်းကျောက်များ ရရှိခဲ့သည်။
ထိုအရာများအပြင် ချီမင်က အမွေအနှစ်သလင်းကျောက်နှင့် သွေးမျိုးဆက်သလင်းကျောက်များ ရရှိခဲ့ပါသေး၏။ ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်က ယင်းသွေးမျိုးဆက်အမွေအနှစ်သလင်းကျောက်များကို စုပ်ယူပေါင်းစပ်ပြီးနောက်မှာ ထပ်မံတိုးတက်သွားခဲ့သည်။
ဟော့ချန်ချင်းက ရှားပါးအင်မော်တယ်သားရဲ မြင့်မြတ်ကောင်းကင်ဓားသူတော်စင်ဖြစ်လာသည်။ သေမင်းက ရှားပါးအင်မော်တယ်သားရဲ မြင့်မြတ်ကောင်းကင်သေမင်း ဖြစ်လာခဲ့သည်။ ကပ်ဘေးလေးက ရှားပါးအင်မော်တယ်သားရဲ မြင့်မြတ်ကောင်းကင်ကပ်ဆိုးဖြစ်လာခဲ့သည်။ ယင်လေးက ရှားပါးအင်မော်တယ် မြင့်မြတ်ကောင်းကင်ယင်အပျိုစင်ဖြစ်လာသည်။ လင်းနို့လေးက ရှားပါးအင်မော်တယ်သားရဲ မြင့်မြတ်ကောင်းကင်ထိုက်ချီအင်မော်တယ်လင်းနို့ဖြစ်လာပြီး အမှောင်မီးလျှံက ရှားပါးအင်မော်တယ်သားရဲ မြင့်မြတ်ကောင်းကင်လေဟာနယ်စစ်မှန်နဂါး ဖြစ်လာသည်။
ဆယ်နှစ်အတွင်းမှာ အဆတစ်ရာထရီလီယန်မြှင့်တင်ပေးမှုအောက်တွင် သူတို့က အင်မော်တယ်သားရဲကြီးထွားရာနေရာ၌ ကြီးထွားလာခဲ့ကြသည်။
ယခု ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်းလုံးက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ သူတို့က ဥပဒေသအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ကို ပြီးပြည့်စုံသည့်အထိ တည်ဆောက်ထားပြီးကြပေသည်။
သူတို့က နောက်တစ်ဆင့်တက်လှမ်းချင်ပါက ပိုပြီးတော့ ခက်ခဲလာပေတော့မည်။
လွန်ခဲ့သည့် နှစ်တစ်သိန်းအတွင်းမှာ နတ်ဆိုးဗုဒ္ဓမြေနီမှုန်သည်လည်း ကြီးမားစွာ တိုးတက်ခဲ့သည်။ အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် ကြာရှည်စွာ ကျင့်ကြံခဲ့ပြီး စည်းမျဉ်းအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ကို ဖွင့်လှစ်နိုင်ခဲ့သည်။
သူက နောက်တစ်ဆင့်ဆိုလျှင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကို ရောက်တော့ပေမည်။
ပုံမှန်အားဖြင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းချင်ပါက ပထမဆုံးခြေလှမ်းက အင်မော်တယ်ဝင်ပေါက်အားလုံးကို ပေါင်းစပ်ရမည်ဖြစ်သည်။ ပေါင်းစပ်ပြီးသွားရင်တော့ သူက စွမ်းအားအလုံးစုံကို ပိုင်ဆိုင်သွားကာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကို ခြေချနိုင်မည်ဖြစ်၏။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ ရှားပါးအင်မော်တယ်သားရဲ မြေနီမှုန့်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်သိန်းကြာ ကျင့်ကြံခဲ့ပါတယ်။ စည်းမျဉ်းအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ခုကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ စွမ်းအင်အားလုံးက တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားပါပြီ။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်မှ ထွက်ခွာလာခဲ့သည်မှာ ကြာပေပြီ။ သူက အင်မော်တယ်မြို့တော်များကို သွားရောက်လည်ပတ်ခဲ့သည်။
သွားလာလည်ပတ်ရင်းဖြင့် ချီမင်က ကိစ္စများစွာ ကြုံခဲ့ရ၏။
သူက သူ့အတွေ့အကြုံများဖြင့် ကိုးပြည်နယ်ခရီးသွားမှတ်တမ်းကိုတောင် ရေးသားခဲ့သည်။
နှစ်တစ်သောင်းလောက်ခရီးသွားလာခဲ့အပြီးမှာ ချီမင်သည် အခြေခံအားဖြင့် ပြည်နယ်ကိုးလောကကို ပို၍နားလည်လာခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏သမိုင်းကြောင်းကိုလည်း များစွာသိရှိခဲ့ရသည်။
ပြည်နယ်ကိုးလောက၊အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်၊မဟာငြိမ်းခြမ်းခြင်းစနစ်၊ကောင်းကင်ခိုးယူခြင်းဒေသ။
လွှမ်းခြုံအိမ်ယာမြို့တော်တွင် အင်မော်တယ်အဆောက်အအုံတစ်ခုရှိသည်။
ယင်းကို ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်ဟုခေါ်သည်။
အခန်းတစ်ခုထဲတွင် ချီမင်က အင်မော်တယ်ဝိုင်ကောင်းတစ်ခွက်ကို အရသာခံနေသည်။ အရသာက တကယ့်ကို နှစ်သက်ဖွယ်ရာပင်။ စစ်မှန်သည့် အင်မော်တယ်ဝိုင်တစ်ခွက်ဖြစ်သည်။ သေမျိုးတစ်ယောက်သာ ပါးစပ်အပြည့်တစ်ခွက်သောက်လိုက်ရရင်ဖြင့် အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်မည့်အရည်အချင်းဖြင့် ပြန်လည်မွေးဖွားလာပေမည်။
"မဆိုးဘူး၊မဆိုးဘူး။”
ချီမင်က မျက်လုံးမှေးကာ ကြည့်လိုက်သည်။ ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်တွင် ထင်ရှားသည့်ကိုယ်ဟန်များဖြင့် အလှနတ်မိမယ်လေးများ၊စရိုက်လက္ခဏာများစွာဖြင့် အလှလေးများ ပြည့်နှက်နေသည်။ သူတို့၏အကအလှများမှာ ကျက်သရေအပေါင်းခညောင်းနေကာ အင်မော်တယ်မြူခိုးမျာ ဝန်းရံလျက်ရှိသည်။ မထင်မရှားဝေဝေဝါးဝါးဖြင့် မြင်နေရပြီး စွဲမက်ဖွယ်ကောင်းလှပေသည်။
ချီမင်၏ဘေးတွင် ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏ထိပ်တန်းအလှလေးနှစ်ပါး ခစားနေသည်။ ထိုထိပ်တန်းအလှလေးနှစ်ယောက်က ပိုလို့တောင် လှပသည်။ ထို့ပြင် သူတို့မှာ အထူးရုပ်ခန္ဓာများ ရှိသည်။ သူတို့နှင့်အိပ်ယာအထက်မွေ့လျော်ပြီးတိုင်း ကျင့်ကြံခြင်းကိုတိုးမြှင့်ပေးနိုင်သည့် အာနိသင်မျိုးရှိသည်။
၎င်းရုပ်ခန္ဓာမျိုးကို ကာမအင်မော်တယ်ခန္ဓာဟုခေါ်သည်။
ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏ထိပ်တန်းအလှလေးများက ကျင့်ကြံခြင်းအဆင့်မြင့်မားပေမဲ့ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်၌သာ ဖြစ်သည်။
ချီမင်က ပြည်နယ်ကိုးလောကတစ်ခွင်ကို နှစ်တစ်သောင်းကြာ ခြေဆန့်ခဲ့သည်။ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်မှထွက်လာခြင်းသာ မဟုတ်ဘဲ တိမ်မိုးကြိုးပြည်နယ်၏နယ်နိမိတ်မှထွက်လာကာ အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကို ရောက်ရှိလာခဲ့သည်။
ကံမကောင်းစွာဖြင့် ချီမင်က အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်တွင် ပန်းမက်မွန်သီးတောင်ကို ရှာမတွေ့သလို သူကြားဖူးသည့် ကောင်းကင်ဘုံနှင့်ညီမျှသည့် မဟာပညာရှိ မျောက်ဘုရင်စွန်းဝူခုန်းကို မတွေ့ခဲ့ရပေ။ ၎င်းက ချီမင်ထင်ထားသည့် အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်မဟုတ်ပေ။
ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်ကတော့။
လွှမ်းခြုံအိမ်ယာမြို့တော်တွင်ရှိသော ပထမတန်းစားဂိုဏ်းဖြစ်သည့် ကာမအင်မော်တယ်ဂိုဏ်း၏စီးပွားရေးတစ်ခုဖြစ်သည်။ ကာမအင်မော်တယ်ဂိုဏ်းက ကာမတာအိုကို ကျင့်ကြံကြသည်။ ပန်းပေါင်းတစ်ရာအင်မော်တယ်မျှော်စင်၏နတ်မိမယ်လေးများမှာ အမှန်တကယ်တော့ ကာမအင်မော်တယ်ဂိုဏ်း၏ တပည့်များသာဖြစ်သည်။
တကယ်တော့။
ချီမင်က နှစ်တစ်သောင်းကြာ လှည့်လည်သွားလာနေခဲ့သည့်အတွက် အထက်ကမ္ဘာကလည်း သေမျိုးလူသားတို့၏အဆင့်နိမ့်လောကနှင့် ကွာခြားမှုမရှိသည်ကို ပိုပိုပြီးခံစားမိလာသည်။
ပဋိပက္ခမျိုးစုံ ပြဿနာပေါင်းစုံရှိပေသည်။
သို့ပေသော်လည်း အဆင့်နိမ့်သေမျိုးကမ္ဘာများတွင် သေမျိုးများ၏ဘဝသက်တမ်းက နှစ်တစ်ရာသာရှိပြီး ကျင့်ကြံသူများကလည် ဘဝသက်တမ်း၏နှောင်ကြိုးကနေ မလွတ်မြောက်နိုင်ပေ။ တက်လှမ်းပြီး အင်မော်တယ်များဖြစ်လာမှသာ ထာဝရဘဝကို ပိုင်ဆိုင်နိုင်ပေသည်။
အဆင့်နိမ့်သေမျိုးကမ္ဘာများတွင် လှည့်စားမှုများ ပဋိပက္ခများ စစ်ပွဲများ ရှိသည်။
အထက်ကမ္ဘာတွင်တော့ အင်မော်တယ်များအပြင် အင်မော်တယ်အဆင့်သို့မတက်လှမ်းနိုင်သေးသည့် ကျင့်ကြံသူများစွာ ရှိနေသေးသည်။ ကျင့်ကြံသူအရေအတွက်က အတော်လေးများသည်။ အထက်ကမ္ဘာတွင်တော့ ကျင့်ကြံသူများက အောက်ကမ္ဘာရှိ သေမျိုးများကဲ့သိုပင်ဖြစ်သည်။
အထက်ကမ္ဘာရှိအင်မော်တယ်များကတော့ အဆင့်နိမ့်လောကများရှိ ကျင့်ကြံသူများကဲ့သို့ပင်။
အင်မော်တယ်များကတော့ မသေမျိုးများပင်။ သူတို့ဘဝသက်တမ်းက ကောင်းကင်တမျှရှည်လျား၏။သို့ပေမဲ့ ကောင်းချီ၏ချုပ်နှောင်ခြင်းကို ခံရသေးသည်။ ကောင်းချီးကုန်ဆုံးသွားသည့်အခိုက် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာမည်ဖြစ်ကာ သေဆုံးခြင်းမှ မလွတ်မြောက်နိုင်တော့ပေ။
အထက်ကမ္ဘာအင်မော်တယ်များ၏ပန်းတိုင်က ကုသိုလ်ကောင်းချီးများအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြကာ သူတို့၏ကျင့်ကြံခြင်းအဆင့်များကို တိုးမြှင့်ချင်ကြခြင်းဖြစ်သည်။ အင်မော်တယ်နယ်ပယ်မှ ကျော်လွန်ချိုးဖောက်နိုင်သရွေ့ ကောင်းချီး၏ချုပ်နှောင်မှုမှ လွတ်မြောက်ကာ အပြည့်အဝအချုပ်အနှောင်ကင်းကာ လွတ်လပ်သွားပေလိမ့်မည်။
တူညီစွာဖြင့် အထက်ကမ္ဘာတွင် အကောက်ကြံစည်မှုများ ပဋိပက္ခများ တိုက်ပွဲများ ကပ်ဘေးဒုက္ခများ ပြည့်နှက်နေခဲ့သည်။
ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ချီမင်၏အခန်းကို လာခေါက်သည်။
"ဧည့်သည် တစ်ယောက်ရောက်နေတယ်။"
ချီမင်က ဝိုင်ခွက်ကိုချကာ သူ့ဘေးက အလှလေးနှစ်ယောက်ကို အချက်ပြလိုက်၏။ သူက ညွှန်ကြားလိုက်သည်။" မင်းတို့နှစ်ယောက် တံခါးသွားဖွင့်ပြီး ကြိုဆိုပေးလိုက်။"
"ဟုတ်။" ထိပ်တန်းအလှလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဖြေးညင်းစွာ ထရပ်လာကြသည်။ သူတို့ တံခါးရှေ့လျှောက်သွားကာ ဖွင့်ပေးလိုက်သည်။
တံခါးအပြင်ဘက်တွင် လူတစ်ယောက်မတ်တပ်ရပ်နေ၏။
ထိုလူက ကြောက်မက်ဖွယ်ရာအရှိန်အဝါများကို ထုတ်လွှတ်နေသောကြောင့် အလှလေးနှစ်ဦး၏ခန္ဓာကိုယ်ကို တောင့်တင်းသွားစေပြီး လှုပ်ရှားလို့မရစေတော့ပေ။
"ကောင်းကင်ဉာဏ်အလင်း"
ထိုသူက တံခါးအပြင်ဘက်တွင်ရပ်နေသည်။အစိမ်းရောင်ဝတ်စုံဖြင့် လေးထောင့်မျက်နှာဖြင့် အမျိုးသားတစ်ဦးဖြစ်သည်။ သူက လက်နှစ်ဘက်ကို နောက်ပို့ထား၏။ သူ့မျက်ခုံးကြားတွင် လျှပ်စီးမိုးကြိုးသဏ္ဍာန်ကွေးနေသည့် အမှတ်အသားတစ်ခုရှိသည်။
" မင်းကို ငါရှာတာ ကြာနေပြီ။"
သူက ချီမင်ရှေ့ကို တိုက်ရိုက်လျှောက်လာခဲ့သည်။
"အဲ့တော့..."
ချီမင်က ပြုံးလိုက်သည်။ "ဂုဏ်ပြုပါတယ်။ နောက်ဆုံးတော့ ငါ့ကိုရှာတွေ့သွားပြီ။"
ဒုန်း။ ဒုန်း။
အလှလေးနှစ်ဦးက မြေပြင်ပေါ် ဒူးထောက်ကြသွားသည်။
လေးထောင့်မျက်နှာဖြင့် သက်လက်ပိုင်းအမျိုးသားသည် ချီမင်၏ရှေ့တွင် ရပ်နေလေ၏။ သူက နှစ်မီတာလောက်မြင့်ကာ ထိုင်နေသည့်ချီမင်ကို ငုံ့ကြည့်နေရသည်။ သူက အသံနိမ့်နိမ့်ဖြင့်ပြောသည်။" အခုပဲ အရှုံးပေးပြီး ငါနဲ့လိုက်ခဲ့မလား။ ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထိ ဖမ်းခေါ်သွားရမလား။"
ချီမင်၏အကြည့်က တည်ငြိမ်နေပြီး ပြန်မဖြေချေ။"ငါက မင်းတို့ကို ရှောင်နိုင်ပြီလို့ ထင်ထားတာ။"
"ဇွဲကြီးသားပဲ။"
လွန်ခဲ့တဲ့နှစ်တစ်ထောင်က ချီမင် အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်ကို ရောက်မလာခင် သူက တိမ်မိုးကြိုးပြည်နယ်ကို လည်ပတ်နေတုန်း ရုတ်တရက်ကြီး ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထံမှ ခြံခိုတိုက်ခိုက်ခံခဲ့ရသည်။ သူတို့က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကိုးဦးကိုတောင် စေလွှတ်ခဲ့သည်။
ထိုအချိန်က ချီမင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က သူ့ကို ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့သဖြင် သူက သတိတရဖြင့် ကောင်းကင်လျှို့ဝှက်ချက်များကို မဖုံးကွယ်မိခဲ့ပေ။ ထို့ကြောင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ကျွမ်းကျင်သူများက သူ့ကိုရှာတွေ့သွားပြီး ပစ်မှတ်ထားခဲ့ကြသည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်အဆင့်ကိုးဦး၊ များစွာသော ရွှေအင်မော်တယ်များနှင့် မဟာဆန်းကြယ်အင်မော်တယ်များ ပေါင်းကာ ကောင်းကင်မဲ့မြို့တော်တွင် လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို တည်ဆောက်ခဲ့သည်။
ချီမင် ထိုအခြင်းအရာကို မမျှော်လင့်ထားခဲ့ချေ။ သူက သတိထားနေပေမဲ့ သတိမပြုလိုက်မိခင်မှာပဲ ထောက်ချောက်ထဲသို့ ကျသွားခဲ့ပြီဖြစ်သည်။ သူက လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ထဲတွင် မိသွားခဲ့ပြီဖြစ်သည်။
တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲ၌ ချီမင်က ညတွင်းချင်းကျော်ကြားသွားခဲ့သည်ဟု ဆိုနိုင်၏။ သူက အစေခံစနစ်ကို တိုက်ရိုက်အသက်သွင်းကာ အစေခံများစွာကို ဆင့်ခေါ်ခဲ့သည်။ ထိုအစေခံများထဲတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်များ၊ဆန်းကြယ်အင်မော်တယ်များ၊မဟာဆန်းကြယ်အင်မော်တယ်များနှင့် ရွှေအင်မော်တယ်များစွာ ပါဝင်ခဲ့သည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် အင်မော်တယ်သားရဲများကိုတောင် ဆင့်ခေါ်ခဲ့၏။
ချီမင်ကိုယ်တိုင်လည်းပါဝင်ခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့်ထိုတိုက်ပွဲကို ဆင်နွှဲခဲ့သည်။ သူက မြင့်မြတ်ကောင်းကင်ကိုးဦးနှင့် လွတ်မြောက်ခြင်းမဲ့ပိုက်ကွန်ကို တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲက သုံးရက်နှင့်သုံးညကြာခဲ့သည်။
ချီမင်က ပိုက်ကွန်ကို အတင်းအကြပ်ဖောက်ထွက်ခဲ့၏။ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းက အံ့ဖွယ်စွမ်းအား အားလုံးကို ဖြေရှင်းနိုင်သည်။သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကိုးဦးကို သတ်ဖြတ်ရန် ပြိုင်ဘက်ကင်းအင်အားကို သုံးခဲ့လေ၏။
သူက မြင့်မြတ်ကောင်းကင်ကိုးဦးကို သတ်ခဲ့သည်။ သူ့လက်ထဲတွင် ရွှေအင်မော်တယ်များနှင့်မဟာဆန်းကြယ်အင်မော်တယ်များစွာ သေဆုံးခဲ့သည်။
ကောင်းကင်မဲ့မြို့တော်တစ်ခုလုံး ဖျက်ဆီးခံခဲ့ရ၏။
မရေမတွက်နိုင်လောက်သော သေကြေမှုများစွာ ဖြစ်ပျက်ခဲ့သည်။
တူညီစွာဖြင့် ချီမင်က သူ့အစေခံတစ်ဝက်ကျော်လောက် ဆုံးရှုံးခဲ့ရ၏။ အင်မော်တယ်သားရဲခြောက်ကောင်လုံးက ဒဏ်ရာပြင်းထန်စွာ ရခဲ့ရသည်။ သေမင်တောင် ထိုတိုက်ပွဲတွင် သေလုနီးပါးဖြစ်ခဲ့ရသည်။
ကံကောင်းချင်တော့ ချီမင်က သေမင်းကို အင်မော်တယ်သားရဲကြီးထွားရာနေရာထဲသို့ အချိန်ကိုက် ပြန်ခေါ်နိုင်ခဲ့၏။ မဟုတ်ရင် သေမင်းက အဝိုင်းခံရကာ သတ်ခံရလုနီးပါးပင်။
ထိုတိုက်ပွဲကပဲ ချီမင်ကို ကျော်ကြားသွားစေခဲ့သည်။ ကောင်းကင်မဲ့မြို့တော်တစ်ခုလုံး ဖျက်ဆီးခံခဲ့ရ၏။ မရေမတွက်နိုင်သော သက်ရှိများစွာ အင်မော်တယ်များစွာ သေဆုံးခဲ့ရသည်။ သွေးချောင်းစီးခဲ့ရပြီး ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ဖော်ဆောင်ခဲ့သည်။
ရိုးရိုးသားသားပြောရရင် ချီမင်က သူဘယ်လိုဖော်ထုတ်ခံခဲ့ရသလဲတောင် မသိခဲ့ပေ။ သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် သူ့ကို ဘယ်လိုပစ်မှတ်ထား ပြီးထောက်ချောက်ဆင်ခဲ့သလဲ တောင် သေချာမသိခဲ့ပေ။
ထိုကိစ္စများဖြစ်ပျက်ပြီးနောက်မှာ ချီမင်က သတိကြီးလာသည်။ သူက အံ့ဖွယ်စွမ်းအားများသုံးကာ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ခဲ့သည်။ သူ သွားသည့်နေရာတိုင်းကို မတော်တဆထောင်ချောက်ထဲတွင် မပိတ်မိအောင် ဂရုတစိုက်စစ်ဆေးခဲ့သည်။
မသိလိုက်စွာဖြင့် နှစ်တစ်ထောင်ကုန်လွန်သွားခဲ့သည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်အတွင်းမှာ ချီမင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထံမှ အစဉ်မပြတ်လိုက်လံဖမ်းဆီးခံနေခဲ့ရသည်။ သူတို့လွှတ်လိုက်သည့် ကျွမ်းကျင်သူများက ပိုပြီးသန်မာလာကြသော်လည်း ချီမင်က အကုန်လုံးကို ရှောင်ရှားနိုင်ခဲ့ကာ ထိပ်တိုက်မရင်ဆိုင်ခဲ့ချေ။
ဒီတစ်ကြိမ်တော့ ချီမင်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထံမှ ရှောင်နိုင်ခဲ့ပြီဟု ထင်နေတာဖြစ်၏။
ယခုကြည့်ရသလောက်တော့ ထိုသို့ဟုတ်ဟန်မရချေ။
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်" ချီမင်က မျက်နှာသေဖြင့် စဉ်းစားခန်းဝင်နေခဲ့သည်။ သူက တစ်ဖက်သူကို တည့်တည်ကြည့်ကာဆိုသည်။"ရိုးရိုးသားသားပြောရရင် ငါ အခုအရမ်းသိချင်နေတယ်။ ဘာလို့များ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ငါ့ကို ပြဿနာလိုက်ရှာနေရတာလဲ။"
"ငါ မပြောနိုင်ဘူး။" လေးထောင့်မျက်နှာသက်လတ်ပိုင်းအမျိုးသားက ဆိုသည်။
"မင်းက ဘယ်သူများလဲ။" ချီမင်က မေးလိုက်သည်။
"ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က အထက်ကမ္ဘာအင်မော်တယ်ဘုရင် မော့ဝူလင်း" လေးထောင့်မျက်နှာဖြင့်သူက ချီမင်၏မေးခွန်းကို ဖြေပေးလာသည်။
ချီမင်၏အမူအရာက အနည်းငယ်တည်ကြည်သွား၏။"သူတို့က အင်မော်တယ်ဘုရင်ကိုတောင် လွှတ်လာပြီပဲ။ အရင်အကြိမ်တွေတုန်းက အသန်မာဆုံးက စည်းမျဉ်းတွေကို ကျင့်ကြံတဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ပါပဲ။"