← Chapters

ရှေးဟောင်းအင်မော်တယ်မြို့တော်မှ ထွက်ခွာခြင်း နှစ်(၁၀၀၀၀၀၀)ကြာပြီးနောက်

Vol. 23 Ch. 333

ရှေးဟောင်းအင်မော်တယ်မြို့တော်မှ ထွက်ခွာခြင်း နှစ်(၁၀၀၀၀၀၀)ကြာပြီးနောက်

Vol. 23 Ch. 333

"မဟာတာအိုအင်မော်တယ်ဝင်ပေါက် ပွင့်စမ်း" ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်ကာ ခပ်တိုးတိုး အော်သည်။

ဖရိုဖရဲမဟာတာအိုကျမ်း ဆန်းကြယ်အင်မော်တယ်အပိုင်းသည် လည်ပတ်လာ၏။ ဓမ္မစွမ်းအားများသည် သူ့ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ တာအိုစာလုံးများသည် မဟာတာအိုစာလုံးအဖြစ်ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့က ချီမင်၏အနားတွင် လိပ်ပြာလေးများအလား ပျံဝဲနေခဲ့သည်။ အတော်လေး လှပြီး မတူညီသည့် အလှတရားများ စုနေကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်သည် ဆယ့်တစ်ခုမြောက်မဟာတာအို အင်မော်တယ်ဝင်ပေါက်ကိုဖွင့်ကာ အတွင်းကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူ၏ဓမ္မစွမ်းအားများသည် တဟုန်ထိုးတိုးမြှင့်လာလျက် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်၏စွမ်းအားကို စေ့ဆော်လိုက်သည်။

“ပေါင်းစည်း။”

ချီမင်က လက်ချိတ်စည်းများ ဖွဲ့စည်းကာ မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို ဆယ့်တစ်ခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထဲသို့ ပေါင်းစပ်လျက် မဟာတာအိုသာလွန်သူကို သိပ်သည်းလိုက်သည်။

မြေနတ်ဆိုးသည် ကောင်းကင်နှင့်မြေကြီးအဖြစ်ပြောင်လဲသွားခဲ့သည်။

သိပ်မကြာလိုက်ခင်မှာပဲ ဆယ့်တစ်ခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်သည် ပြီးပြည့်စုံသွားခဲ့သည်။

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်မှ ဖွဲ့စည်းထားသည့် မဟာတာအိုသာလွန်သူနှင့် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်မှ ဖွဲ့စည်းထားသည့် မဟာတာအိုသာလွန်သူတို့သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်မှ ထွက်လာကာ ချီမင်၏ဘယ်နှင့်ညာတွင် လာရပ်သည်။

ထိုအခိုက်တွင် မဟာတာအိုအံ့ဖွယ်စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခု အာရုံခံမိလိုက်သည်။

ချီမင်ကလည်း ခံစားမိသည်။

"တွက်ချက်ခြင်းစနစ်"

ချီမင်က ဆိုသည်။"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင် ထည့်မယ်။ မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်နဲ့ကောင်းကင်ကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ် တို့ကို တွက်ချက်မယ်။"

တင်း!

"ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့်မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်တို့ကို အဆတစ်ရာထရီလီယန်မြင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ထောင် ကုန်လွန်သွားခဲ့သည်။

နှစ်တစ်ထောင်တွင်း၌ ချီမင်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်ဆယ်ခုကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်(၂၁)ပေါက်ဖွင့်ပြီးသွားပြီဖြစ်သည်။ သူကဆန်းကြယ်အင်မော်တယ်အလယ်ပိုင်းအဆင့်သို့ ချိုးဖြတ်ရန်တော့ အတော်လေး ဝေးကွာနေသေးသည်။

ချီမင်၏အင်မော်တယ်သားရဲများလည်း များစွာ ကြီးထွားလာခဲ့ကြသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ လက်ရွေးစင်အင်မော်တယ်သားရဲ ဟော့ချန်ချင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာ ကျင့်ကြံခဲ့ပါတယ်။ အင်အားနဲ့ကျင့်ကြံခြင်းက တိုးမြှင့်သွားပြီး ဥပဒေသအင်မော်တယ်ဝင်ပေါက်(၉၄၂၇၅)ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်အဆင့်ထိရောက်ရှိသွားပြီး လက်ရှိအလားအလာရဲ့အကန့်အသတ်ထိရောက်ရှိသွားပါပြီ။"

…

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ လက်ရွေးစင်အင်မော်တယ်သားရဲ ယင်လေးကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာ ကျင့်ကြံခဲ့ပါတယ်။ အင်အားနဲ့ကျင့်ကြံခြင်းက တိုးမြှင့်သွားပြီး ဥပဒေသအင်မော်တယ်ဝင်ပေါက်(၉၄၂၇၅)ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်အဆင့်ထိရောက်ရှိသွားပြီး လက်ရှိအလားအလာရဲ့အကန့်အသတ်ထိရောက်ရှိသွားပါပြီ။"

…

အသိပေးချက် ခြောက်ခုပေါ်လာခဲ့သည်။

နတ်ဆိုးဗုဒ္ဓမြေနီမှုန့်မှလွဲ၍ သေမင်း၊အမှောင်မီးလျှံ၊ယင်လေး၊ကပ်ဘေးလေး၊ လင်းနို့လေးနှင့် ဟော့ချန်ချင်းတို့အားလုံး ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ထိ ကြီးထွားပြီးသွားသည်။ သူတို့က ကောင်းကင်နှင့်မြေကြီးဥပဒေသများကို ကျင့်ကြံထားကြသည့်အတွက် သင့်လျော်သည့်ခွန်အားကို ဖမ်းဆုပ်နိုင်ထားကြသည်။

"မဆိုးဘူး" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ ရှားပါးအင်မော်တယ်သားရဲ မြေနီမှုန့်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာ ကျင့်ကြံခဲ့ပါတယ်။ အင်အားနဲ့ကျင့်ကြံခြင်းက တိုးမြှင့်သွားပြီး စည်းမျဉ်းအင်မော်တယ်ဝင်ပေါက်(၁၇၈၁၉)ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပါတယ်။"

…

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က စဉ်းစားလိုက်သည်။"နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကို နားလည်တာဆိုတော့ ပိုပြီး သန်မာတယ်။ ဒါပေမဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အဆင့် ရောက်ဖို့ နှစ်တစ်ထောင် လောက်သုံးလိုက်ရတာပဲ။"

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့်မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်တို့ကို အဆတစ်ရာထရီလီယန်မြင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာ တွက်ချက်ခဲ့ပါတယ်။ မဟာအံ့ဖွယ်စွမ်းအားနှစ်ခုရဲ့ နက်နဲမှုများကို အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့ပါတယ်။၎င်း အံ့ဖွယ်စွမ်းအားနှစ်ခုကို အခြေခံအဖြစ်သုံးကာ အထွတ်အထိပ်အံ့ဖွယ်စွမ်းအား အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို တွက်ချက်နိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ပျော်ရွှင်သွားပြီး ခဏမျှစဉ်းစားခန်းဝင်လိုက်သည်။"နှစ်တစ်ထောင်လောက် အလိုအလျောက်ကျင့်ကြံပြီးတော့ ငါနောက်ဆုံးတော့ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို တွက်ချက်နိုင်ခဲ့ပြီ။ ငါ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနည်းစနစ်ကို လက်ခံမယ်။"

ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူက မျက်စိမှိတ်ကာ ဉာဏ်အလင်းပွင့်သည့် အခြေအနေထဲသို့ ဝင်ရောက်လိုက်သည်။ သူ့စိတ်ထဲတွင် ကမ္ဘာပေါင်းသန်းထောင်ပေါင်းများစွာ ဝင်ရောက်လာသလိုမျိုး အံ့ဖွယ်စွမ်းအားလျှို့ဝှက်ဆန်းကြယ်မှုများနှင့်သတင်းအချက်အလက်များ တိုးဝင်လာသည်။

လူသားမှမြေကြီး၊မြေကြီးမှမိုးကောင်းကင်၊ကောင်းကင်မှတာအို၊ တာအိုမှ သဘာဝ။

တာအိုက တစ်ခုကိုမွေးဖွားတယ်။တစ်က နှစ်ကိုမွေးဖွားတယ်။ နှစ်က သုံးကိုမွေးဖွားတယ်။နည်းစနစ်အားလုံးက တစ်ခုတည်းအဖြစ်ပြန်သွားတယ်။

…

ချီမင်သည် အဆက်မပြတ်နားလည်ဆင်ခြင်နေခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးကို ဆင်ခြင်နားလည်ခဲ့ပြီး အထဲမှ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖမ်းဆုပ်နိုင်ခဲ့သည်။ သူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအား၏စွမ်းအားကို ခံစားမိလိုက်သည်။များစွာသော ထူးခြားဖြစ်စဉ်များမှာ ချီမင်၏အနားတွင် ပေါ်ပေါက်လာသည်။

ချီမင်အနားတွင် အံ့ဖွယ်စွမ်းအားထူးခြားဖြစ်စဉ်မျိုးစုံ ပေါ်ပေါက်လာပြီးထိုဖြစ်စဉ်များကို ဆန်းကြယ်သည့်အင်အားတစ်ခုက ဖြေရှင်းလာသည်။

အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း။

၎င်းက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုဖြစ်သည်။ အတော်လေးစွမ်းအားကြီးပြီး မဟာအံ့ဖွယ်စွမ်းအားထက် သာလွန်သည်။ ယင်းစွမ်းအားသည် အထွတ်အထိပ်ကမ္မနည်းစနစ်နှင့် နှိုင်းယှဉ်နိုင်သည်။

သူက အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို ကျွမ်းကျင်ပါက ကမ္ဘာပေါင်းများစွာမှ များစွာသောအံ့ဖွယ်စွမ်းအားကိုဖြေရှင်းနိုင်တော့မည်ဖြစ်ကာ ရန်သူ၏အံ့ဖွယ်စွမ်းအားနည်းစနစ်များကို ခိုးယူနိုင်ပေမည်။

အတော်လေးကို လွှမ်းမိုးနိုင်စွမ်းပြင်းထန်ပေသည်။

“ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်။”

ချီမင်၏အပြုံးက ကြီးမားသွားသည်။ သူက အင်မတန်စိတ်အခြေနေကောင်းနေသည်။"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်ပြီး အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို ကျင့်ကြံမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကိုအဆတစ်ရာမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

တစ်နှစ်အကြာတွင်။

"စီနီယာ" မင်ဟဲရောက်လာသည်။

“ဝင်ခဲ့။”

"ဟုတ်ကဲ့” မင်ဟဲက အိမ်တော်ထဲသို့ လျှောက်ဝင်လာကာ ချီမင်၏ဂူစံအိမ်ဝသို့ ရောက်လာသည်။ သူက ဦးညွှတ်ကာဆိုသည်။" စီနီယာ ကျွန်တော် ဒီတစ်ခေါက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရခဲ့ပါတယ်။စီနီယာအတွက် လာပေးတာပါ။"

"မဆိုးဘူး" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

ထို့နောက်မှာ မင်ဟဲသည် ကျင့်ကြံခြင်းနည်းစနစ်ကို လွှဲပြောင်းပေးလိုက်သည်။ ကျင့်ကြံခြင်းနည်းစနစ်သိမ်းဆည်းထားသည့် ကျောက်စိမ်းစလစ်က အလင်းစီးကြောင်းတစ်ခုသဖွယ် ပျံသန်းလာပြီး ဂူစံအိမ်ထဲမှ ချီမင်၏လက်ပေါ်သို့ သက်ဆင်းသွား၏။

ချီမင်က လှန်လှောကြည့်လျက် အမှားမပါကြောင်း အတည်ပြုလိုက်သည်။

သူက ကျင့်ကြံခြင်းနည်းစနစ်ကို သိမ်းဆည်းလိုက်၏။ "လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က မင်းငါ့ကို မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကိုးခုယူလာခဲ့ပေးတယ်။ အခုတစ်ခေါက်ဟာနဲ့ဆို ဆယ်ခုရှိသွားပြီ။"

"ငါမင်းကို တာအိုကိုးကြိမ်တိတိသင်ကြားပေခဲ့ပြီးပြီ။ မင်း တစ်ခုခုရခဲ့လား။"

မင်ဟဲက ခေါင်းငုံ့လိုက်သည်။ သူက ပို၍ပို၍သာ လေးစားလာခဲ့ရသည်။"ကျွန်တော်က ဉာဏ်နှေးပါတယ်။ ကျွန်တော် စီနီယာပို့ချပေးတာကို အကြိမ်ပေါင်းများစွာ ကြားခဲ့ပြီးပေမဲ့ မိုးမြေစည်းမျဉ််းကိုတော့ နားမလည်နိုင်သေးပါဘူး။"

ချီမင်ကကောင်းကင်နှင့်မြေကြီးကို ခဏခဏသင်ကြားပေးခဲ့သည့်အတွက် မင်ဟဲ၏ကောင်းကင်နှင့်မြေကြီးအပေါ်နားလည်မှုကတော့ ပိုပြီးနက်ရှိုင်းလာခဲ့သည်။ သူက မိုးမြေစည်းမျဉ်းများကို နားလည်နိုင်ဖို့ အခွင့်အရေးတစ်ခုရခဲ့ပြီဖြစ်၏။

တစ်ချိန်တည်းမှာ မင်ဟဲ၏နားလည်မှုနက်နဲလာသည်နှင့်အမျှ သူက စီနီယာကောင်းကင်ဉာဏ်အလင်းအပေါ် နားလည်နိုင်စွမ်း ပိုခက်လာခဲ့သည်။ သူပိုသိလေ ပိုပြီးကြောက်လန့်လာခဲ့လေဖြစ်သည်။

မင်ဟဲက ယောင်ယောင်ဝါးဝါးခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာခဲ့၏။

ကျိလိန်တောင်တန်းတွင်တစ်စုံတစ်ခုကြောင့် ကြီးမားသည့်ထူးခြားဖြစ်စဉ်ကြီးတစ်ခုဖြစ်ပေါ်ခဲ့ရသည်။ တာအိုကျင့်ကြံသူတစ်ဦးပေါ်လာသည်ဟု သံသယဝင်ခဲ့ကြပေမဲ့ အဆုံးမှာတော့ သူတို့က မည်သည်အရာကိုမျှမစုံစမ်းနိုင်ခဲ့၍ ကိစ္စများက အနည်ထိုင်သွားခဲ့သည်။

ယခု ချီမင်နှင့် အချိန်တချို့ကြာ ဆက်သွယ်လာခဲ့သည်။မင်ဟဲက ချီမင်၏တာအိုဟောကြားခြင်းကို ထပ်ခါတလဲနားထောင်ခဲ့ရ၏။ သူ့ကျင့်ကြံခြင်းအဆင့်ကအတော်လေးနက်နဲပြီး ချောက်နက်ကြီးတစ်ခုအလား နားလည်ရခက်ခဲသည်။

မင်ဟဲသည် စီနီယာကောင်းကင်ဉာဏ်အလင်းကို တာအိုကျင့်ကြံသူတစ်ဦးဟု သံသယဝင်နေတာဖြစ်သည်။

သူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို သတင်းပေးဖို့တော့ မရည်ရွယ်ပေ။ ထိုအစား သူက ချီမင်၏ဘေးတွင်ဆက်၍နေကာ တာအိုသင်ကြားပေးမှုများကို နာယူနေခဲ့သည်။

၎င်းနည်းလမ်းတစ်ခုတည်းသာ ရှိသည်။

ထိုသို့ လုပ်မှသာလည်း မင်ဟဲတွင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရမှာဖြစ်သည်။

"အလျင်မလိုနဲ့ဦး။" ချီမင်က ပြောသည်။" မင်းတစ်နေ့တော့ မိုးမြေစည်းမျဉ်းတွေကို နားလည်လာမှာပါ။"

"ဟုတ်ကဲ့” မင်ဟဲက ပြောလိုက်သည်။

"ပြောပြလို့ရတဲ့ တာအိုဟာ ထာဝရတာအို မဟုတ်ဘူး။ နာမည်ပေးလို့ရတဲ့ နာမည်ဟာ ထာဝရနာမည်မဟုတ်ဘူး။"

ချီမင်က ထပ်မံ ဟောကြားလိုက်သည်။ မင်ဟဲ ကြားနိုင်ရုံသာဖြစ်သည်။ သူက ဂရုတစိုက်ထိုင်ကာ ဆင်ခြင်နေသောကြောင့် တာအိုဉာဏ်အလင်းပွင့်သွားတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်သောင် ကုန်လွန်သွားခဲ့သည်။

နှစ်တစ်သောင်းအတွင်းမှာ ချီမင်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၀၀)တည်ဆောက်နိုင်ခဲ့ကာ အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်(၁၀၀) သင်ယူခဲ့သည်။ သူက အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်(၁၀၀)လုံးကို ပေါင်းစပ်ပစ်ကာ မဟာတာအိုသာလွန်သူ(၁၀၀)အဖြစ် ပြောင်းလဲခဲ့သည်။

ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်က ကြီးမားစွာ တိုးတက်သွားပြီဖြစ်သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ဖွင့်တိုင်း သူ့အင်အားက အနည်းငယ်စီတိုးတက်လာသော်လည်း သူဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ကို ချိုးဖြတ်တုန်းကထက် များစွာ သာသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ အထွတ်အထိပ်ကမ္မနည်းစနစ်ကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင်နှစ်(၁၀၀၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ကောင်းကင်၏ကမ္မကို နားလည်ကာ ကမ္မကြာပန်းသန္ဓေသားကို သိပ်သည်းနိုင်ခဲ့သောကြောင့် မရေမတွက်နိုင်လောက်သော ကမ္မဗုဒ္ဓကမ္ဘာများအဖြစ်ပြောင်းလဲကာ အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါပြီ၊"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဒါက..."

ချီမင်က ပျော်ရွှင်သွားရသည်။"အထွတ်အထိပ်ကမ္မနည်းစနစ်က အဆင့်တက်သွားပြီ။"

"သိပ်သည်း"

ချီမင်က တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်သည်။ သူ့စိတ်ထဲတွင် စကားလုံးထရီလီယန်များစွာ ပေါ်လာခဲ့သည်။ ယင်းတို့အားလုံးက အထွတ်အထိပ်ကမ္မနည်းစနစ်နှင့် ပတ်သက်သည့် အမှန်တရားများနှင့် နက်နဲမှုများဖြစ်သည်။ မယုံနိုင်လောက်အောင် နက်နဲပေသည်။

သိပ်မကြာခင်မှာမဲ ချီမင်၏ခေါင်းထက်တွင် မရေမတွက်နိုင်လောက်သော ကမ္မစာလုံးများ ပေါ်လာပြီး ကမ္မကြာပန်းသန္ဓေသားတစ်ပွင် ပြောင်းလဲသွားတော့၏။ ရွှေရောင်အလင်းတောက်တောက်များထုတ်လွှတ်နေကာ ခမ်းနားတောက်ပလျက် ကောင်းကင်ကြီးပင် ထွန်းလင်းသွားရ၏။

ကမ္မကြာပန်းသန္ဓေသားသည် ဖွဲ့တည်သွားတော့၏။

အထွတ်အထိပ်ကမ္မနည်းစနစ်သည်လည်း အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်။

ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင်နှစ်(၁၀၀၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးကို နားလည်ခဲ့ကာ မရှိမှုမှ ရှိမှုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သင့်တာအိုနည်းစနစ်က သဘာဝနှင့်နီးစပ်ပြီး နည်းစနစ်အားလုံးက တစ်ခုတည်းအဖြစ်ပေါင်းစပ်လျက် အသေးစားအောင်မြင်မှုအဆင့်သို့ရောက်ရှိသွားပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"

ချီမင်၏စိတ်ထဲတွင် စကားလုံးထရီလီယန်ချီပေါ်လာပြန်၏။ ၎င်းတို့က အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း၏စစ်မှန်ရည်ရွယ်ချက်နှင့် နက်နဲမှုများအဖြစ်ပြောင်းလဲသွားပြီး အံ့ဖွယ်စွမ်းအား၏အားအင်ကို တဖြည်းဖြည်းဖမ်းဆုပ်နိုင်သွားသည်။

သိပ်မကြာခင်မှာပဲ ချီမင်က အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်းကို နားလည်သွားတော့၏။

မသိလိုက်ခင်မှာပဲ နောက်ထပ်(၁၀၀၀၀၀)ကုန်လွန်သွားသည်။

ထို့ပြင် လွန်ခဲ့သည့်နှစ်တစ်ထောင်လောက်က ချီမင်သည် ရှေးဟောင်းအင်မော်တယ်မြို့တော်မှ ထွက်ခွာလာခဲ့သည်။ အစပိုင်းမှာတော့ သူက အထီးကျန်ဆန်မှုကို ခံနိုင်ရည်ရှိပေသော်လည်း နှစ်(၁၀၀၀၀၀၀)ကျော်ကုန်လွန်သွားသည်နှင့် ကျင့်ကြံမှုကပေးသည့် ပျော်ရွှင်မှုကို ငြီးငွေ့လာခဲ့သည်။

သူက ရှေးဟောင်းအင်မော်တယ်မြို့တော်မှထွက်သွားဖို့ ရွေးချယ်ခဲ့သည်။

မင်ဟဲသည် သူ့ကိုလိုက်ပို့ပေးခဲ့၏။

"နှုတ်ဆက်ပါတယ်။ စီနီယာ။”မင်ဟဲက ဦးညွှတ်လိုက်သည်။

မင်ဟဲအပြင် ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်နှင့်ကျန်သောသူများလည်း သူ့ကို လိုက်လံပို့ပေးခဲ့ကြသည်။

ချီမင် ကခေါင်းအသာညိတ်ကာ များစွာတွန့်ဆုတ်မနေခဲ့တော့ချေ။"ကံမကုန်ရင် ငါတို့ပြန်ဆုံကြဦးမှာပါ။"

"ဟုတ်ကဲ့” မင်ဟဲနှင့်ကျန်သောသူများက ပြောလိုက်သည်။

"ခြေရာမဲ့ ပျံသန်းခြင်း"

ချီမင်က ရှေ့တစ်လှမ်းတက်ကာအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ သူက နေရာရွှေ့ပြောင်းလိုက်သည့်အလား နေရာလွတ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ အချိန်တိုအတွင်းမှာ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်မြေထဲမှ ထွက်လာခဲ့သည်။

သူက တစ်နေရာတည်း၌နေပြီး ကျင့်ကြံရန်မစီစဉ်ထားပေ။ ယင်းအစား သူက အထက်ကမ္ဘာတစ်ခုလုံးကို ခရီးထွက်မှာဖြစ်သည်။

သူ့ပထမရပ်နားရာက ပြည်နယ်ကိုးလောကတစ်ခုလုံးဖြစ်သည်။

ချီမင်က အပူပင်ကင်းမဲ့ကာ အချုပ်နှောင်မဲ့လေသည်။ သူ့ကို မည်သည့်အရာနှင့်မျှ မထိန်းချုပ်ထားနိုင်ချေ။ သူ့ကျင့်ကြံခြင်းအဆင့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင် မဆင်းမလာချင်း ဘယ်သူမှ သူ့ကိုမတားဆီးနိုင်ပေ။

အင်မော်တယ်ဘုရင်ဆိုရင်တောင် ချီမင်က ကူကယ်ရာမဲ့နေမည် မဟုတ်ပေ။

All Chapters