ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်၊ တာဝန်
Vol. 23 Ch. 332
ချီမင်က မျက်မှောင်ကြုံ့သည်။ တိုက်ပွဲထဲတွင် နှစ်ဖက်က အကွက်အနည်းငယ်သာ ဖလှယ်ရသေးသော်လည်း ယင်းတိုက်ကွက်အနည်းငယ်တွင်မှာပင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်မင်ဟဲသည် ရှုံးနိမ့်သွားပြီဖြစ်၏။
"ဒါက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးရဲ့ အင်အားလား"
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်သည်။"ဒါမှမဟုတ် ငါကပဲ အရင်တုန်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တွေကို အထင်ကြီးမိတာလား။ တကယ်လက်တွေ့မှာ အရမ်းအားနည်းနေမယ်မထင်ထားဘူး။"
သူက အင်အားကုန်တောင် မသုံးရသေးချေ။ သူက မဟာအံ့ဖွယ်စွမ်းအားကိုတောင် အသုံးမပြုရသေးပေ။ သူက ကိုယ်ပိုင်အင်မော်တယ်ရတနာကိုသုံးပြီးတိုက်ရုံရှိသေး မင်ဟဲက ရှုံးနိမ့်သွားပြီဖြစ်သည်။
"အဟွတ် ဟွတ်"
မင်ဟဲက သွေးပါသည်အထိချောင်းဆိုးလိုက်ရပြီးမှ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက ခေါင်းအသာခါ၍ ညာဘက်လက်ကို လှုပ်ခါလိုက်သည်။ ကောင်းကင်စက်ဝန်းအင်မော်တယ်ဓား(၁၀၈)ချောင်းက သူ့ထံသို့ ပြန်ရောက်လာခဲ့သည်။ အင်မော်တယ်ဓားပေါ်တွင် အက်ကွဲရာအသေးလေးများ ရှိနေသည်။ ပြန်ပြင်ဖို့ဆိုရင် အချိန်များစွာတန်ဖိုးကြီးကုန်ကြမ်းများစွာလိုအပ်ပါလိမ့်မည်။
"စီနီယာရဲ့အင်အားက တကယ့်ကိုနက်နဲတာပဲ။ ကျွန်တော်ရဲ့အားနည်မှုကြောင့်ရှက်မိပါတယ်။"
မင်ဟဲက ဒဏ်ရာများကို တည်ငြိမ်အောင်လုပ်ပြီး ချီမင်ကို ဦးညွှတ်လိုက်သည်။"ကျွန်တော် စီနီယာကို ထပ်ပြီး မတိုက်ရဲတော့ပါဘူး။ စီနီယာနဲ့ယဉ်ရင် ကျွန်တော့်အင်အားက ပုရွက်ဆိတ်တစ်ကောင်းအတိုင်းပါပဲ။"
"ပေမရှည်နဲ့" ချီမင်က အသံနိမ့်နိမ့်ဖြင့် ပြောသည်။"မင်းရဲ့အံ့ဖွယ်စွမ်းအားတွေကို အခုချက်ချင်း သုံးစမ်း။ မင်းရဲ့အင်အားကို ငါမကျေနပ်ဘူးဆိုရင် ဒီနေ့က မင်းသေမဲ့နေ့ဖြစ်သွားလိမ့်မယ်။"
"ဒါ.."မင်ဟဲသည် ထိတ်လန့်သွားလေ၏။"စီနီယာ"
ချီမင်၏အကြည့်က အေးစက်စက်သာဖြစ်နေသည်။
ဂလု!
မင်ဟဲက တံတွေးမျိုချလျက် သူ့ခန္ဓကိုယ်က အေးစက်သွားသည်။ သူသည် စီနီယာကောင်းကင်ဉာဏ်အလင်းအလေးအနက်ဖြစ်နေသည်ကို နားလည်သွားခဲ့၏။ ရိုးရိုးသားပြောရလျှင် စီနီယာကောင်းကင်ဉာဏ်အလင်းက သူ့ကိုမည်သည့်အတွက်ကြောင့် ပြဿနာရှာနေမှန်းမသိသည့်အတွက် စိတ်ရှုပ်နေရပါသည်။
ယခင်အချိန်များ၌လည်း မင်ဟဲက ချီမင်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံလေ၏။ နောက်ပိုင်း ချီမင်မြို့အရှင်အိမ်တော်၌နေတော့လည်း ပိုပြီးတောင် ကောင်းစွာဆက်ဆံပါ၏။
မင်ဟဲက ထပ်မံမငြင်းရဲတော့ပေ။ ချီမင်၏တောင်းဆိုချက်ကိုကြားတော့ သူလုပ်နိုင်သမျှ အကုန်သာ လုပ်ရတော့သည်။
မင်ဟဲသည် အသက်ပြင်းပြင်းရှုကာ နှလုံးသားထဲ၌ တွေးမိနေသည်။" စီနီယာကောင်းကင်ဉာဏ်အလင်းက ငါ့ကိုမသတ်လောက်ဘူးလို့တော့ ထင်တာပဲ။ စီနီယာကောင်းကင်ဉာဏ်အလင်းက ငါ့ကို သတ်ချင်ရင် အဲ့ဒီလောက်အားစိုက်နေစရာ မလိုဘူး။ ငါကို တန်းသတ်လို့ရတယ်။"
“ဒီတော့"
"စီနီယာကောင်းကင်ဉာဏ်အလင်းက ငါ့ခွန်အားအစစ်ကို စမ်းသပ်ချင်တာများလား။ တခြား အဓိပ္ပာယ်များ ရှိနိုင်သေးလား။ ငါ့အတွက် အခွင့်အလမ်းတစ်ခုများ လား။
မင်ဟဲက များစွာတွေးတောနေသည်။
"ဟုတ်ကဲ့!” သူက ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။
"တိုက်ခိုက်"
သူက အော်ဟစ်ပြီး လက်ဝေ့ယမ်းလိုက်သည်။ ဓမ္မစွမ်းအားသည် လည်ပတ်နေပြီး ဥပဒေသများ လိုက်ပါလာ၏။ သူက အံ့ဖွယ်စွမ်းအားသုံးကာ မှော်စာလုံးများဖွဲ့စည်းပြီး ကြောက်မက်ဖွယ်ကြမ်းကြုတ်သားရဲကြီးကိုးကောင်အဖြစ်ပြောင်းလဲလိုက်သည်။
"ကြမ်းကြုတ်သားရဲနည်းစနစ်"
ဝေါင်း! ဝေါင်း! ဝေါင်း!
ကြမ်းကြုတ်သားရဲ ကိုးကောင်းသည် ထပ်ခါတလဲဟိန်းဟောက်နေကြသည်။ ရန်လိုသည့် ချီများမှာ ကောင်းကင်ပေါ်သို့ မြင့်တက်လာပြီး ကောင်းကင်ယံ၌ တိမ်မည်းများ ဝန်းရံလာတော့၏။ ချီမင်၏အမူအရာက ပြောင်းလဲသွားသည်။သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။ အထွတ်အထိပ်တာအိုဖြင့်ဖွဲ့စည်းထားသည့် မဟာကပ်ဘေးဒုက္ခနည်းစနစ်သည် ချီမင်၏နောက်တွင် ပေါ်လာသည်။
ကပ်ဘေးဒုက္ခ၏စွမ်းအားက မြင့်တက်လာသောပြီး အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်လိုက်ဟန်ရသည်။ ထိုစွမ်းအားက တုန်ခါလှိုင်းထလျက် ကြမ်းကြုတ်သားရဲကိုးကောင်ကို ဖုံးအုပ်သွားသည်။ ချက်ချင်းပဲ မဟာကပ်ဘေးဒုက္ခနည်းစနစ်သည် သားရဲအားလုံးကို ဖျက်ဆီးပစ်ပါတော့သည်။
"ဟူး..."မင်ဟဲက သက်ပြင်းချသည်။"ဒါက မဟာအံ့ဖွယ်စွမ်းအားပဲ။"
"ဒါ..."မင်ဟဲသည် အတော်လေးထိတ်လန့်သွားခဲ့၏။
"မင်းရဲ့အင်အားက ငါ့ကိုတကယ်စိတ်ပျက်သွားစေတယ်။" ချီမင်က ဆက်ပြောသည်။ သူ့ညာဘက်လက်ကို ရိုက်ချပြီး ခပ်ဖျော့ဖျော့ အော်ဟစ်သည်။"မဟာကပ်ဘေးဒုက္ခလက်ဝါး"
ချီမင်၏ ဓမ္မစွမ်းအားက သိပ်သည်းသွားပြီး လက်ဝါးက ကျရောက်လာသည်။ မဟာကပ်ဘေးဒုက္ခနည်းစနစ်၏စွမ်းအားသည် စုဝေးလာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားနှင့်မဟာတာအိုအင်မော်တယ်ဝင်ပေါက်၏ဓမ္မစွမ်းအားများကြောင့် ချက်ချင်းဆိုသလိုပင် ကြီးမားဖျော့တော့သည့် လက်ချိတ်စည်းတစ်ခု ပေါ်လာသည်။
ယင်းက မင်ဟဲကို ဖုံးအုပ်သွား၏။
"စီနီယာ" မင်ဟဲက အံ့ဩသွား၏။"ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံအံ့ဖွယ်စွမ်းအား၊ မိုးမြေပြောင်းလဲမှုကိုးခုအံ့ဖွယ်စွမ်းအား..."
မင်ဟဲ ထိတ်လန့်ကြောက်ရွံ့သွားသည်။ သူက ခန္ဓာကိုယ်ထဲ၌ အင်အားကုန်စုစည်းကာ အင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ခုလုံးကို ဖွင့်လှစ်လိုက်သည်။ သူက အံ့ဖွယ်စွမ်းအားများကို တစ်ခုပြီးတစ်ခုသုံးနေသည့်အတွက်ကြောင့် ဥပဒေသစွမ်းအားများ မြင့်တက်လာသည်။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
မင်ဟဲက သွေးအန်လိုက်ရသည်။ သူ၏အသေးစားအံ့ဖွယ်စွမ်းအားများက ချီမင်ထံမှ ရိုက်ချက်တစ်ချက်ကိုတောင် မခုခံနိုင်ချေ။ မင်ဟဲက မြင့်မြတ်ကောင်းကင်နှောင်းပိုင်းအဆင့်ဖြစ်နေရင်တောင် သူက ချီမင်၏ပြိုင်ဘက်မဟုတ်သေးပေ။
၎င်းက မဟာတာအိုကျင့်ကြံသူနှင့်ဥပဒေသကျင့်ကြံသူများကြားမှ ခြားနားချက်ဖြစ်သည်။
"ကပ်ဘေးဒုက္ခအံ့ဖွယ်စွမ်းအား"
မင်ဟဲက သူသေတော့မည်ဟု ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံးက တုန်ယင်လာခဲ့သည်။ ထိုနောက်ဆုံးအခိုက်မှ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊"ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်"
မင်ဟဲက ကောင်းကင်ပေါ်သို့ အော်ဟစ်ကြုံးဝါးကာ ဓမ္မစွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ဥပဒေသစွမ်းအားများ စုဆုံလာပြီး သူက မဟာအံ့ဖွယ်စွမ်းအားတစ်ခုကို ထုတ်သုံးသည်။ ၎င်းကို ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်ဟု ခေါ်သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ ရရှိထားသည့် မဟာအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်သည်။
မင်ဟဲက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်သို့ ချိုးဖြတ်နိုင်သွားပြီးသည့်နောက်မှာ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်သို့သွားရန် စီစဉ်ပေးခံရပြီး မြို့အရှင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ နှစ်သန်းပေါင်းများစွာကြာခဲ့ပြီဖြစ်၏။
ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်သည် မင်ဟဲ ရွှေအင်မော်တယ်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားတုန်းက ရခဲ့သည့် ဆုလာဘ်ဖြစ်သည်။ သူက ၎င်းမဟာအံ့ဖွယ်စွမ်းအားကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
မင်ဟဲ ကျင့်ကြံအားထုတ်လာခဲ့သည်မှာ ကြာလှပေပြီ။
နှစ်ဆယ်သန်းလောက် ရှိခဲ့ပြီ။
သူက ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်ကို အသေးစားအောင်မြင်မှုအဆင့်ထိကျင့်ကြံနိုင်ခဲ့သည်။ အသေးစားအောင်မြင်မှုအဆင့်ကိုရောက်တော့ သူ့အနေဖြင့် ထပ်မံတိုးတက်ဖို့ ခက်ခဲသွားပြီဖြစ်သည်။
ချီမင်ကတော့ မတူပေ။ အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်အပြင် သူက အံ့ဖွယ်စွမ်းအားအားလုံးနီးပါးကို နက်နဲခြင်းအဆင့်ထိ ကျင့်ကြံထားနိုင်ခဲ့သည်။
ထိုအခိုက်တွင် ချီမင်သည် မင်ဟဲထံမှ ဖိအားကို ခံစားမိလိုက်တော့သည်။ သူက ခေါင်းအသာမော့ကာ မင်ဟဲကို ကြည့်လိုက်သည်။ကိုးပြည်ထောင်၏စွမ်းအားနှင့်အတူ မဟာအံ့ဖွယ်စွမ်းအားသည် မင်ဟဲ၏ခေါင်းထက်တွင် ထွက်ပေါ်လာသည်။
ကိုးပြည်ထောင် ထွက်ပေါ်လာသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။
သိပ်မကြာလိုက်ခင်မှာပဲ ကိုးပြည်ထောင်မိုးမြေအစီအရင်တစ်ခု ဖွဲ့တည်လာသည်။
၎င်းက ချီမင်ကို အလယ်ဗဟို၌ ချိတ်ပိတ်ထား၏။
"စီနီယာ" မင်ဟဲက အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့အကြည့်များက တိက်ခိုက်လိုစိတ်များဖြင့် တောက်လောင်နေ၏။ သူကကျယ်လောင်စွာဖြင့်ဆို၏။"ကျွန်တော်ရဲ့ အင်အားကနိမ့်ပါးပြီး ကျင့်ကြံခြင်းအဆင့်ကလည်း အောက်ခြေအဆင့်မှာပါပဲ။ စီနီယာနဲ့ယှဉ်ရင် ကျွန်တော်က တောက်ပတဲ့လမင်းကြီနဲ့ယှဉ်ပြိုင်နေရတဲ့ ပိုးစုန်းကြူးအကောင်ငယ်အတိုင်းပါပဲ။"
“ဒါပေမဲ့..."
"ကျွန်တော် ဒီမဟာအံ့ဖွယ်စွမ်းအားကို ကျင့်ကြံလာတာ နှစ်သန်းချီရှိပါပြီ။ အခုဆို အသေးစားအောင်မြင်မှုအဆင့်တောင် ရောက်နေပြီ။ စီနီယာ ဂရုစိုက်ဖို့လိုတယ်။"
"တိုက်ခိုက်"
အော်ဟစ်ကြုံးဝါးသံ ထွက်ပေါ်လာခဲ့သည်။
မင်ဟဲ၏လက်က ကျရောက်လာသည်။ ကိုးပြည်ထောင်ကန့်သတ်မဲ့နည်းစနစ်၏စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကိုးပြည်ထောင်မိုးမြေအစီအရင်ဖြစ်သွားသည်။ အစီအရင်၏စွမ်းအားသည် ချီမင်ကို ပိတ်လှောင်လိုက်ပြီး မရေမတွက်နိုင်သော အလင်းတန်းများ ကျရောက်လာခဲ့သည်။
“ဟားဟား..."
ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက စိတ်အခြေနေကောင်းသွားတော့သည်။"ဒါမျိုးကမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါး ရှိသင့်တဲ့ခွန်အားမျိုး။"
"ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်"
ချီမင်သည် အော်ဟစ်လိုက်၏။ ထိုအခိုက်တွင် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၏စစ်မှန်သည့်စွမ်းအားကို ပြသခဲ့သည်။ အတိတ်တွင် သူက ရန်သူများနှင့်ရင်ဆိုင်ရလျှင် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက် ပညာရပ်၏လျှို့ဝှက်ဆန်းကြယ်နည်းစနစ်များကို သီးခြားစီခွဲကာထုတ်သုံးခဲ့ရသည်။
ယခု ချီမင်သည် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၏အံ့ဖွယ်စွမ်းအားများနှင့် လျှို့ဝှက်ဆန်းကြယ်နည်းစနစ်များကို ပေါင်းစပ်လျက် အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ထုတ်သုံးလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်နည်းစနစ်များနှင့်အံ့ဖွယ်စွမ်းအားများသည် ကွန်ရက်တစ်ခုအဖြစ် ဖွဲ့စည်းလာသည်။
“လာ!”
ချီမင်က လက်ယမ်းလိုက်သည်။သူ့အကြည့်များက တောက်ပနေသည်။ မဟာတာအိုသည် သူ၏အံ့ဖွယ်စွမ်းအားနောက်မှ ထွက်ပေါ်လာပြီး ပြောင်းလဲသွားသည်။ "ဥပဒေသဖန်တီးခြင်း၊ယင်ယန်ပြောင်းပြန်လှန်ခြင်း၊ကြယ်ရွှေ့ပြောင်းခြင်း၊ကောင်းကင်စူးစမ်းခြင်း..."
သိသာလှသည်။
သူက လျှို့ဝှက်ဆန်းကြယ်နည်းစနစ်များနှင့်အံ့ဖွယ်စွမ်းအားများကို တစ်ခုပြီးတစ်ခု ထုတ်သုံးနေသည်။ သူထုတ်သုံးသည့်အကြိမ်တိုင်း သူ့ခေါင်းထက်၌ အလွန်အမင်းတောက်ပသည့် ကြယ်တစ်လုံးအဖြစ်ပြောင်းလဲသွား၏။"လက်သည်းခေါင်းမြားခုနစ်ချောင်း"
ချီမင်သည်နောက်ဆုံးသော အံ့ဖွယ်စွမ်းအားနည်းစနစ်ကို သုံးခဲ့သည်။
ချီမင်၏ခန္ဓာကိုယ်ထဲမှ လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်သည် ပျံသန်းထွက်ခွာလာပြီး ခေါင်းပေါ်မှ ကြယ်တာရာ(၃၆)လုံးအဖြစ်ပြောင်းလဲသွားကာ အလင်းများတောက်ပလာသည်။
"ကောင်းကင်ကြယ်တာရာအစီအရင်"
ချီမင်က ခပ်တိုးတိုးအော်လိုက်သည်။ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၏စွမ်းအားသည် ပေါက်ကွဲထွက်သွား၏။ ကြယ်တာရာသုံးဆယ့်ခြောက်လုံးသည် ကောင်းကင်း၌ ဖြေးညင်းစွာ လည်ပတ်နေပြီး အလွန်အမင်းစွမ်းအားကြီးသည့် ကောင်းကင်ကြယ်တာရာအစီအရင်အဖြစ် ဖွဲ့တည်သွား၏။
"ကျိုးပျက်"
ထိုအခိုက်တွင် ချီမင်၏ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ဖြင့်ဖွဲ့စည်းထားသော ကောင်းကင်ကြယ်တာရာအစီအရင်သည် ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်ဖြင့် ဖွဲ့စည်းထားသော ကိုးပြည်ထောင်မိုးမြေအစီအရင်ဖြင့် ထိပ်တိုက်တွေ့သွား၏။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
အစီအရင်နှစ်ခုက တိုက်မိသွားသည်။
မျက်စိကျိန်းဖွယ်တောက်ပသည့် အလင်းတန်းများ အဆက်မပြတ်ထွက်ပေါ်လာပြီး မိုးမြေကလှုပ်ခါသွားကာ တိုက်ပွဲအနီးနားမှ နေရာလွတ်များတွင် အက်ကွဲကြောင်းများ ပေါ်လာစေသာည်။
ချီမင်၏ကောင်းကင်ကြယ်တာရာအစီအရင်က သိသာစွာဖြင့် ပိုပြီးသန်မာသလို ပိုပြီးပြည့်စုံ၏။ အားနည်းချက်မရှိပေ။ သူထိန်းချုပ်နိုင်သည့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားကြောင့် ၎င်းက ပိုပြီးတောင် သန်မာလာသည်။
မင်ဟဲက သနားစဖွယ်အော်ဟစ်ကာ သွေးအန်ရပြန်သည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်လာခဲ့သည်။ သူဖွဲ့စည်းထားသည့် ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်၏ကိုးပြည်ထောင်မိုးမြေအစီအရင်သည် အားနည်ချက်များစွာ ရှိနေခဲ့သည်မှာ သိသာလှ၏။ သူက ကိုးပြည်နယ်ကန့်သတ်မဲ့နည်းစနစ်ကို အသေးစားအောင်မြင်မှုအဆင့်ထိကျင့်ကြံထားရသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် အားနည်းချက်များစွာ ရှိသည်မှာ သဘာဝကျပါ၏။
ခရက်! ခရက်!
အက်ကွဲသံများ ထွက်လာခဲ့သည်။
ကိုးပြည်ထောင်မိုးမြေအစီအရင်က ပြိုကျသွားပြီး မင်ဟဲတွင် စိတ်ပျက်သွားသည့်အကြည့်တစ်ချက်ပေါ်လာသည်။ သူတစ်ကိုယ်လုံတွင် သေခြင်း၏အရိပ်အငွေ့များ ဝန်းရံနေသည့်အလား တုန်ယင်နေသည်။
"စီနီယာ....စီနီယာ"
မင်ဟဲက ပါးစပ်ဟကာ တောင်းပန်ချင်သည်။
“စုဆောင်း!”
ချီမင်က ညာလက်မြှောက်ကာ အင်အားကို ပြန်ထိန်းချုပ်လိုက်သည်။ သူက ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၏စွမ်းအားကိုဖယ်ရှားလိုက်တော့ ကောင်းကင်ကြယ်တာရာအစီအရင်သည်လည်း ပျောက်ကွယ်သွား၏။
ကိုးပြည်ထောင်မိုးမြေအစီအရင်လည်း မရှိတော့ပေ။
မင်ဟဲက သွေးတစ်ပွက်အန်ထုတ်ရပြန်သည်။
"မဆိုးဘူး"
ချီမင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် မင်ဟဲကို ကြည့်နေသည်။ သူက သာမန်အတိုင်းသာ ပြောသည်။"ငါ နောက်ဆုံးမှာ မင်းပြတဲ့စွမ်းအားကို အတော်လေးစိတ်ကျေနပ်တယ်။"
"ကျေး....ကျေးဇူးတင်ပါတယ်။စီနီယာ။" မင်ဟဲက အရိုအသေပြုလိုက်သည်။
"မင်ဟဲ" ချီမင်ကပြောသည်။"မင်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က ငါပေးမဲ့တာဝန်ကိုထမ်းဆောင်ဖို့ အရည်အချင်းပြည့်မှီတယ်။ ငါ့ကို မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အဆင့် ကျင့်ကြံခြင်း နည်းစနစ်တွေကို ကူပြီးရှာပေး။ မင်းတစ်မျိုးရှာတွေ့တိုင်း ငါမင်းကို တာအိုဟောကြားပေးမယ်။"
“!!!” မင်ဟဲက ပျော်ရွှင်စိတ်လှုပ်ရှားသွားတော့သည်။
"ဟုတ်ကဲ့!”
မင်ဟဲက အထွန့်မတက်ပေ။သူက အတော်လေးတောင် ပျော်ရွှင်သွားရ၏။ သူက ထိုကဲ့သို့သော အကျိုးကျေးဇူးမျိုးရလာမည်ဟု မထင်ထားချေ။ သူသာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကို ရှာတွေ့နေသရွေ့ စီနီယာကောင်းကင်ဉာဏ်အလင်း ၏တာအိုဟောကြားမှုကို နားထောင်နိုင်ပေသည်။
အကျိုးကျေးဇူးကောင်းတစ်ခုပါပေ။
"သွား" ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။
မင်ဟဲက လှည့်ကာ ထွက်သွားတော့၏။
နောက်ပိုင်းအချိန်တွင်းမှာ ချီမင်က သီးသန့်ကျင့်ကြံနေခဲ့သည်။
နှစ်တစ်ရာကြာသွားသည်။
ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်ထံမှ အသိပေးချက်ကို ရရှိလိုက်သည်။ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ဆယ်ခုထိဖွင့်နိုင်ထားပြီဖြစ်ကာ မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကိုနက်နဲခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။