အခန်း ၅၅၆-၅၅၈
Vol. 38 Ch. 556-558
အခန်း (၅၅၆)
လေပြင်းမိုးတိမ်ဆောင်သည် သင့်တော်သော အမည်တစ်ခုဖြစ်၏ (၂)
လုချန်းတစ်ညလုံး အပြစ်ဒဏ်ခံနေခဲ့ရသည်ကို မုကျိရွှမ်းတို့ မသိခဲ့ကြပေ။
နံနက်အရုဏ်တက်ချိန် ပြတင်းပေါက်မှ အလင်းရောင်ကို မြင်လိုက်ရတော့မှ လုချန်းအနည်းငယ် သတိပြန်ဝင်လာသည်။ သူ အလွန် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ခန္ဓာကိုယ်အတွင်း သွေးများဆူပွက်နေဆဲဖြစ်သည်။
ထိုအချိန်တွင် ကျင့်စဉ်ကျင့်နေသော ယွမ်ရှန်ရှန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ တစ်ညလုံး လေ့ကျင့်ပြီးနောက် သူမ၏စွမ်းအား အလွန်အမင်း ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ ထို့ကြောင့် သူမ နောက်ထပ် ဆက်ကျင့်ရန် မလိုအပ်တော့ပေ။
ဤအရာသည် ယွမ်ရှန်ရှန်အတွက် အလွန်ပျော်ရွှင်စရာကောင်းသော အံ့အားသင့်ဖွယ်ရာ တစ်ခုဖြစ်သည်။ သူမ၏တပည့် ဤမျှအသုံးဝင်မည်ဟု သူမမျှော်လင့်မထားခဲ့ပေ။
မဟုတ်ပါ။ ဤတပည့်၏ ကျေးဇူးကြောင့်ရရှိသော ကျင့်စဉ်နည်းလမ်းသည် သူမအတွက် အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။
သူမသည် ယခင်က နှစ်ငါးဆယ်၊ တစ်ရာ၊ သို့မဟုတ် ငါးရာအထိပင် တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားခဲ့၏။ ယခု သူမ ထိုသို့ကြာမြင့်စွာ ကျင့်ကြံအားထုတ်ဖို့ လုံးဝမလိုအပ်တော့ပေ။
ဤကမ္ဘာလောကတွင် စွမ်းအင်ပြည့်ဝမှု မရှိသောကြောင့် စွမ်းအားပြန်လည်ရရှိရန်အတွက် ကြာမြင့်စွာ လေ့ကျင့်ရန် လိုအပ်သည်။ ယခုအခါ အခြားနည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပြီဖြစ်၍ ယွမ်ရှန်ရှန် အလွန်အားရ ကျေနပ်မိသည်။
ကောင်းကင်ဘုံ အဆင့် ကျင့်စဉ်များသည် အမှန်တကယ်ပင် အသုံးဝင်လှသည်။
ဤအရာက ယွမ်ရှန်ရှန်အတွက် အချက်တစ်ချက်ကို အတည်ပြုပေးသည်။ လုချန်းသည် အောက်ကမ္ဘာမှ လာသူမဟုတ်နိုင်ဟူသော အချက်ဖြစ်သည်။ ဤမျှပြည့်စုံသော ကျင့်စဉ်နည်းလမ်းကို ပိုင်ဆိုင်ထားသူသည် စည်းမျဉ်းစည်းကမ်းပြည့်စုံသော ကမ္ဘာတစ်ခုမှ လာသူဖြစ်နိုင်သည်။
လောလောဆယ်တွင် လုချန်း မည်သူဖြစ်သည်ကို ယွမ်ရှန်ရှန် ဆက်လက်စဉ်းစားရန် မရည်ရွယ်ပေ။ အဘယ်ကြောင့်ဆိုသော်လုချန်းသည် ယခုအခါ သူမ၏တပည့်ဖြစ်နေပြီဖြစ်ကာ သူမ၏အခြားတပည့်တစ်ဦး၏ လက်တွဲဖော်လည်း ဖြစ်လာမည်ဖြစ်သည်။ ဆရာတစ်ဦးအနေဖြင့် သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ စွမ်းအားပြန်လည်ရရှိရန် အသုံးချခြင်းက ပြဿနာမရှိဟု သူမယူဆသည်။
ထိုအချိန်တွင် လုချန်းလည်း အနည်းငယ် သတိပြန်ရလာသည်။ လုချန်းက
“ဆရာမ။ တစ်ညလုံးကုန်သွားပြီ။ အချိန်တန်ပြီထင်ပါတယ်။”
လုချန်းသည် တုံးအသူမဟုတ်။ ဤအဆင့်သို့ရောက်ပြီးမှတော့ ယွမ်ရှန်ရှန်၏ ရည်ရွယ်ချက်ကို နားမလည်ပဲ နေမည်မဟုတ်ပေ။ ဤမိန်းမသည် သူ့ကို အသုံးချနေသည်။ သူ၏ ကျင့်စဉ်ကို အခမဲ့အသုံးချနေခြင်းဖြစ်သည်။
ယွမ်ရှန်ရှန်က လုချန်း၏ ခန္ဓာကိုယ်ကို တစ်ချက် ထပ်မံကြည့်ရှုလိုက်ရာ သူ၏ အခြေအနေသည် မနေ့ကနှင့် အတူတူပင်ဖြစ်နေဆဲ၊ အလွန်စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်ကို တွေ့ရှိရသည်။ ယွမ်ရှန်ရှန် အနည်းငယ် တုန်လှုပ်သွားခဲ့၏။
ဒီလူ...
တစ်စုံတစ်ရာ မှားယွင်းနေသည်...
နှစ်ပေါင်း သုံးထောင်ကျော် အသက်ရှင်နေထိုင်ခဲ့သော ယွမ်ရှန်ရှန်သည် ကျင့်စဉ်များကြောင့် အချစ်ရေးကိစ္စများတွင် မပါဝင်ခဲ့ဖူးသော်လည်း ထိုကိစ္စများနှင့် ပတ်သက်၍ အလွန်နားလည်သည်။
သူမသည် ချစ်မှုရေးရာ ကိစ္စများစွာကို လျှို့ဝှက်စွာ ချောင်းကြည့်ခဲ့ဖူးသော်လည်း လုချန်းကဲ့သို့သော အမျိုးသားကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူ၏ ထူးခြားသော ခန္ဓာဗေဒဆိုင်ရာ ဖွဲ့စည်းပုံတစ်ခုကြောင့် ဖြစ်နိုင်သည်ဟု ယွမ်ရှန်ရှန် တွေးမိသည်။
ထို့နောက် သူမ၏ တန်ခိုးစွမ်းအားဖြင့် အာရုံခံကြည့်ရာ လုချန်း၏ ခန္ဓာကိုယ်သည် ပုံမှန်လူတစ်ဦးနှင့် သိသိသာသာ မကွာခြားကြောင်း တွေ့ရှိခဲ့ရသည်။
ထိုအချိန်တွင် ယွမ်ရှန်ရှန်သည် ကုလားထိုင်မှ ထလိုက်ပြီး လုချန်းထံ တိုက်ရိုက်ချဉ်းကပ်လာသည်။ တစ်ညလုံး သူ့ကိုညှဉ်းပန်းနှိပ်စက်ခဲ့သော ဤအေးစက်သည့် စွမ်းအားရှင်မိန်းမကို မြင်လိုက်တော့ လုချန်း၏စိတ်လှုပ်ရှားမှုများ ပို၍ပင် မြင့်တက်လာသည်။
သို့သော် ဒါက ညှဉ်းပန်းနှိပ်စက်မှုကို လုချန်း ကြိုက်နှစ်သက်သောကြောင့် မဟုတ်ပေ။ သူထိုမိန်းမကို အနိုင်ယူလိုသောကြောင့်သာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ၏ခန္ဓာကိုယ် လှုပ်ရှားမရသေးပေ။ သူသည် အလွန်အားနည်းနေဆဲဖြစ်သည်။ ယွမ်ရှန်ရှန်သည် ဤကမ္ဘာသို့ သူ ရောက်ရှိပြီးနောက် မကိုင်တွယ်နိုင်သော ပထမဆုံးသော မိန်းမဖြစ်သည်။
လုချန်းထံ ရောက်ရှိလာပြီးနောက် ယွမ်ရှန်ရှန်သည် သူမ၏နူးညံ့သောလက်ဖြင့် သူ၏ရင်ဘတ်ကို ညင်သာစွာ ထိလိုက်ပြီး တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ထိုနေရာကို စမ်းသပ် စူးစမ်းကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကြောင့် သူ၏ခန္ဓာဗေဒဆိုင်ရာ အခြေအနေများ ဤမျှတည်ငြိမ်စွာ ရှိနေခြင်းဖြစ်နိုင်သည်ဟု ယွမ်ရှန်ရှန် ယူဆလိုက်သည်။
ထိုအတွေးဖြင့် ယွမ်ရှန်ရှန်လည်း အချိန်ထပ်၍မဖြုန်းတော့ပဲ
“မင်းကျေးဇူးကြောင့် ငါ့ရဲ့စွမ်းအား အများစုပြန်ရသွားပြီ။ မင်းတောင်းဆိုချက်တစ်ခုခုပြောပါ။ အလွန်အကျွံမဟုတ်သရွေ့ ငါဖြည့်ဆည်းပေးနိုင်တယ်။”
လုချန်းသည် စိတ်ထဲတွင် သူမ၏တစ်ကိုယ်လုံးကို ဝါးမျိုလိုက်ရန် တောင်းဆိုမည်ဟု တွေးမိသည်။
သို့သော် သူသည် ထိုသို့တကယ်ပြောမည်မဟုတ်ပေ။ လုချန်းက
“တပည့် မဆုံးဖြတ်ရသေးပါဘူး။ စဉ်းစားပြီးမှ ဆရာမကို တောင်းဆိုပါမယ်။”
ယွမ်ရှန်ရှန်က အေးစက်စွာဖြင့်
“ ကောင်းပြီလေ။”
ထိုအချိန်တွင် လုချန်း ရုတ်တရက် စိတ်ကူးတစ်ခုရလိုက်ပြီး ပြုံး၍
“ဆရာမ မြောက်ပိုင်းပြည်နယ်ကို ရောက်နေတာဆိုတော့ ခဏလောက် နေသွားပါဦးလား။ တပည့်ကို သေချာ ဂါရဝပြုခွင့် ပေးပါဦး။”
ယွမ်ရှန်ရှန်က မျက်နှာအမူအယာ မပါစွာဖြင့် ပြန်ဖြေသည်။
“မလိုဘူး။ ငါ လျှို့ဝှက်လဝန်းနန်းတော်က အချိန်အကြာကြီး ခွာနေလို့မရဘူး။”
လုချန်းသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်မိသည်။ ဤမိန်းမသည် သူ့ကို အသုံးချပြီးနောက် ထွက်ခွာသွားလိုသည်။
လုချန်းက
“ကျွန်တော့်ရဲ့ ဖခင် ဧကရာဇ်က လေငြိမ်တောင်နဲ့ လေးမျက်နှာတောင်တို့နဲ့ ပေါင်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို အန္တရာယ်ပြုဖို့ ကြံစည်နေတယ်လို့ သံသယရှိပါတယ်။”
ယွမ်ရှန်ရှန်က စိုးရိမ်မှုမရှိပဲ
“အရင်တုန်းကဆိုရင် ငါစိုးရိမ်မိမှာပဲ။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့စွမ်းအား အများစုပြန်ရသွားပြီ။ သူတို့ လျှို့ဝှက်လဝန်းနန်းတော်ကို ထိပါးရဲရင် ပျက်စီးခြင်းကသာ သူတို့ကို စောင့်မျှော်နေလိမ့်မယ်။”
ထိုစကားနှင့်အတူ ယွမ်ရှန်ရှန်က လုချန်း၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်သည်။ ယခုမူ ကြည့်ရှုခံရခြင်းအတွက် ရှက်ရွံ့စိတ် တစ်စွန်းတစ်စပင် လုချန်း မဖြစ်တော့ပေ။
သူ၏အင်အားကို ပြသခြင်း၊ သူ၏ပိုင်ဆိုင်မှုများကို ပြသခြင်းဟုသာ သဘောထားလိုက်သည်။
ယွမ်ရှန်ရှန်က ဆက်ပြောလိုက်သည်
“မင်းရဲ့ခန္ဓာကိုယ်ဟာ ဒီကျင့်စဉ်နဲ့ အလွန်ကိုက်ညီတယ်။ ဒါပေမဲ့ သတိပေးချင်တာက ကာမဂုဏ်မှာ စွဲလန်းမသွားဖို့ပဲ။ တစ်ခါ စွဲလန်းသွားပြီဆိုရင် တခြား ဘာကိုမှ မတွေးနိုင်တော့ပဲ လမ်းမှား ရောက်သွားဖို့ အရမ်းလွယ်တယ်။”
“ငါ့ရဲ့ လှည့်ကွက်လေးတစ်ခုနဲ့တင် မင်းတစ်ညလုံး စွဲလန်းသွားပြီး မရုန်းနိုင်ခဲ့ဘူး။ ငါက မင်းရဲ့ အသက်ကို မလိုချင်တဲ့သူမို့ မင်းကံကောင်းတာ။ တကယ်လို့ တခြား မရိုးသားတဲ့ ရည်ရွယ်ချက်ရှိသူသာ ဆိုရင် မင်း အခုလောက်ဆို သေနေလောက်ပြီ။”
လုချန်း စိတ်ထဲတွင် မကျေနပ်သော်လည်း ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်သည်။
“တပည့် ဆရာရဲ့ ဆုံးမစကားကို နာယူပါမယ်။”
ယွမ်ရှန်ရှန်က
“ကောင်းပြီ။ ငါထွက်ခွာရမယ့်အချိန်ရောက်ပြီ။”
ယွမ်ရှန်ရှန် ထွက်ခွာတော့မည်ဆဲဆဲတွင် သူမ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ နောက်တစ်ခဏတွင် သူမ၏ လက်ထဲတွင် အပြာရောင် ခိုငှက်တစ်ကောင် ပေါ်လာသည်။
...............
အခန်း (၅၅၆)
လေပြင်းမိုးတိမ်ဆောင်သည် သင့်တော်သော အမည်တစ်ခုဖြစ်၏ (၂)
“ဒါကတော့ ဝိညာဉ်ခိုငှက်ပဲ။ နောင်တစ်ချိန် မင်း ကျင့်စဉ်မှာ မရှင်းတာတွေရှိရင် စာရေးပြီး ဒီခိုနဲ့ ငါ့ဆီ အကြောင်းကြားလို့ရတယ်။”
ယွမ်ရှန်ရှန်လက်ထဲက ခိုငှက်ကို တစ်ချက်ကြည့်ရင်း တစ်ခုခုပြောရန်ပြင်လိုက်စဉ် ယွမ်ရှန်ရှန် ထိုနေရာမှာပင် ရုတ်တရက် ပျောက်ကွယ်သွားကာ အပြာရောင်ခိုငှက်လေးသာ ကျန်ရစ်ခဲ့တော့သည်။
ယွမ်ရှန်ရှန်ပျောက်ကွယ်သွားပြီးနောက် လုချန်း၏ကိုယ်ပေါ်မှ ကန့်သတ်ချက်များ ပွင့်သွားခဲ့သည်။ သူ၏ ကိုယ့်ခန္ဓာကိုယ်ကို အမြန်ငုံ့ကြည့်လိုက်ရာ ပုံမှန်အတိုင်းဖြစ်နေသည်ကိုတွေ့မှ လုချန်း သက်ပြင်းချနိုင်ခဲ့သည်။
စားပွဲပေါ်မှာ ယွမ်ရှန်ရှန်ထားခဲ့သည့် ဝိညာဉ်ခိုငှက်ကိုကြည့်ရင်း လုချန်း ဒေါသထွက်နေသည်။ သူအခု အလုပ်ချင်ဆုံးက ဒီဝိညာဉ်ခိုကို သတ်ပြီး စွပ်ပြုတ်လုပ်သောက်ကာ အမုန်းတရားများကို ဖြေဖျောက်ချင်ခြင်းပင်ဖြစ်သည်။
သို့သော် သူတကယ်တမ်း ထိုသို့မလုပ်ခဲ့ပေ။ ယွမ်ရှန်ရှန်ထုတ်လွှတ်ခဲ့သည့် အတွင်းအားကြောင့် အေးခဲနေသည့် ကြမ်းပြင်ပေါ်က နှင်းစက်များကို သူထပ်မံကြည့်လိုက်မိသည်။
လုချန်းသက်ပြင်းချလိုက်သည်။ ညလုံးပေါက် မိန်းမတစ်ယောက်၏ နှိပ်စက်ခြင်းကိုခံရပြီးနောက် အနမ်းတစ်ချက်၊ ပွေ့ဖက်ခြင်းတစ်ချက်ပင်မရခဲ့သည်မှာ မည်မျှဆိုးရွားလိုက်ပါသနည်း။
ရှိပါစေတော့။ နောက်ဆုံးတော့ သူသည် ယွမ်ရှန်ရှန်၏ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီဖြစ်သည်။ ယခု ချန်ဝမ်ရွန်နှင့် သူအလိုရှိသလို ပျော်ပါးနိုင်ရုံသာမက လျှို့ဝှက်လဝန်းနန်းတော်၏ အထောက်အပံ့ကိုပါ ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤလောကတွင် သူ၏အဆင့်အတန်းသည် ပိုမိုခိုင်မာလာပြီဖြစ်သည်။
ထိုအကြောင်းကိုတွေးလိုက်မိပြီး လုချန်း ချက်ချင်းလှည့်ကာ စာကြည့်ခန်းရှိ အနားယူခန်းဆီသို့ လျှောက်သွားကာ ဗီရိုထဲမှ အဝတ်တစ်စုံကိုထုတ်ကာ ဝတ်ဆင်လိုက်သည်။
မနက်ခင်း။
မုကျိရွှမ်းသည် နဂါးဖီးနစ်ပင်ကို ရေလောင်းနေသည်။ အပင်မှာ အကိုင်းအခက်သစ်များထွက်နေပြီဖြစ်သည်။ နဂါးဖီးနစ်ပင်၏ လျှို့ဝှက်ချက်များကို သိရှိသော တစ်ဦးတည်းသောသူအနေနှင့် မုကျိရွှမ်း ထိုအပင်ကို အထူးဂရုစိုက်သည်။
ထိုအချိန်တွင် လုချန်း အဆောင်အတွင်းသို့ ပြေးဝင်လာခဲ့သည်။ သူ့ကိုမြင်သည်နှင့် မုကျိရွှမ်းက ပြုံးလျက်
“မင်းသားအတွက် မနက်စာပြင်ဆင်ထားပြီးပါပြီ။ အားပြည့်စေတဲ့ အစာတွေချည်းပါပဲ။”
မုကျိရွှမ်းစကားမဆုံးမီ သူမ ရုတ်တရက် ဟန်ချက်ပျက်သွားသည်။ အနီရောင်ဝတ်စုံကြပ်ကြပ်ဖြင့် မုကျိရွှမ်းကိုမြင်ပြီး လုချန်း၏မျက်လုံးများ ရွှေရောင်တောက်ပလာသည်။ သူ၏အလင်းအရိပ်နည်းလမ်း ကိုအသုံးပြုကာ မုကျိရွှမ်းရှေ့သို့ ချက်ချင်းပေါ်လာပြီး သူမကို ပွေ့ချီလိုက်သည်။
စာကြည့်ခန်းထဲတွင် တစ်ညလုံးရပ်နေခဲ့ရပြီး ခန္ဓာကိုယ်ထဲမှ ပိတ်ဆို့နေသည့် ဖိအားများကို ဖယ်ရှားနိုင်ခဲ့သော်လည်း ညကသူခံစားခဲ့ရသည့် အရာအားလုံးသည် စိတ်ကူးယဉ်မှုများသာ ဖြစ်ခဲ့သဖြင့် လုချန်း သည်းမခံနိုင်တော့ပေ။
ဟန်ချက်ပျက်သွားပြီး မုကျိရွှမ်း ခဏတာမျှ ကြောင်သွားကာ
“အို။ မင်းသား”
ဟု လန့်အော်လိုက်သည်။
မုကျိရွှမ်း နောက်ထပ်စကားမပြောမီတွင် လုချန်း သူမကို လေပြင်းမိုးတိမ်ဆောင်ဆီသို့ သယ်ဆောင်သွားခဲ့သည်။ ထို့နောက် တံခါးဝရှိ အစေခံအား
“ရှောင်ရိုး။ ဒေါ်လေးကျောင်းတို့ကို သွားခေါ်ပါ။ မင်းသားက သူတို့နဲ့ ကိစ္စတချို့ ဆွေးနွေးချင်တယ်လို့ ပြောလိုက်ပါ။”
ဟု အမိန့်ပေးလိုက်သည်။
အစေခံ၏တုံ့ပြန်မှုကို မစောင့်တော့ပဲ လုချန်း လေပြင်းမိုးတိမ်ဆောင်ထဲသို့ ဝင်သွားကာ မုကျိရွှမ်းကို အိစက်သော အိပ်ရာပေါ် ပစ်တင်လိုက်သည်။
မုကျိရွှမ်းကတော့ အနည်းငယ် ဇဝေဇဝါဖြစ်နေဆဲပင်။ လုချန်း ညကမပြန်လာသဖြင့် စာကြည့်ခန်းထဲတွင် ပျော်ပါးခဲ့သည်ဟု သူမထင်ထားခဲ့သည်။
သို့သော် နောက်တစ်ခဏတွင် သူမ လုချန်း၏ သားကောင်ဖြစ်သွားတော့သည်။
မုကျိရွှမ်း များများစားစားမတွေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လုချန်း၏ ဇနီးဖြစ်နေသည့်အတွက် သူ့ကို ပြုစုစောင့်ရှောက်ရန်မှာ သူမ၏တာဝန်ပင်ဖြစ်သည်။
သို့သော် မကြာမီ တစ်ခုခုမှားနေသည်ကို သူမ သတိပြုမိသွားသည်။ လုချန်းသည် ယနေ့ အထူးပင် အားအင်ပြည့်ဝနေပုံရပြီး တစ်စုံတစ်ခုကြောင့် ဒေါသထွက်နေသည်ဟု သူမသံသယရှိလာသည်။
ကံကောင်းစွာဖြင့် ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့ လေပြင်းမိုးတိမ်ဆောင် သို့ အချိန်မီရောက်လာခဲ့သည်။
နံနက်ပိုင်းတွင် လုချန်း၏ ဇနီးမယားများသည် လေပြင်းမိုးတိမ်ဆောင်တွင် စကားပြောဆိုကာ လက်ဖက်ရည်သောက်လေ့ရှိကြသည်။
ယနေ့လည်း ထိုအတိုင်းပင်ဖြစ်သည်။
ချူးယုချင် လေပြင်းမိုးတိမ်ဆောင်သို့ ရောက်လာသောအခါ ရဲလိနန်ရန်နှင့် အခြားသူများ မည်သည့်စကားမှ မပြောပဲ တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ချူးချင်လီကတော့ လေပြင်းမိုးတိမ် ဆောင်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေခဲ့သည်။
ခန်းမဆောင်ထဲ ဝင်လာပြီး ချူးယုချင်က
“ဘာတွေဖြစ်နေတာလဲ”
ဟု မေးလိုက်သည်။
ဤအချိန်တွင် မုကျိရွှမ်း၊ ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့ မရှိသည်ကို ချူးယုချင် သတိပြုမိလိုက်သည်။ ပုံမှန်ဆိုလျှင် ကျောင်းညီအစ်မသည် မင်းသားစံအိမ်တွင် အအားဆုံးဖြစ်သည့်အတွက် အဆောင်သို့ အစောဆုံး ရောက်နေတတ်သူများ ဖြစ်ကြသည်။ စံအိမ်ထဲရှိ အခြားအမျိုးသမီးများအားလုံးတွင် အနည်းနှင့်အများ တာဝန်များရှိကြသော်လည်း သူတို့၏ အဓိကတာဝန်မှာ ကလေးများကို ပြုစုစောင့်ရှောက်ရန်သာ ဖြစ်သည်။
သို့သော် ယနေ့တွင်မူ အချိန်နှောင်းနေပြီဖြစ်သော်လည်း သူတို့ပေါ်မလာသေးပေ။
ချူးယုချင်က ဆက်လက်၍
“ယိုယိုနဲ့ ရှောင်ရှောင် အပြင်သွားကြတာလား။ ဘာလို့ သူတို့ကို မတွေ့ရတာလဲ။”
“အခုက အရေးကြီးတဲ့ အချိန်။ အပြင်သွားရင် အဖော်ခေါ်သွားတာ အကောင်းဆုံးပဲ။”
မကြာမီပင် ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို စစ်ကြေညာတော့မည်ဖြစ်ပြီး ရန်ခရိုင်တွင် ဝူနိုင်ငံတော်၏ သူလျှိုများ ခြေရှုပ်နေမည်မှာ သေချာသည်။ ထိုသူလျှိုများက လုချန်း၏ ဇနီးမယားများကို ထိခိုက်အောင် မလုပ်ဟု မည်သူမှ မသေချာနိုင်ပေ။
ထို့နောက် ချူးချင်လီက
“အစ်မ၊ အစ်မက အဆင့်လွန်ပညာရှင်ဖြစ်နေပြီ။ အစ်မရဲ့ အကြားအာရုံ အဲဒီလောက်တောင် ညံ့နေတုန်းလား။ လေပြင်းမိုးတိမ် ဆောင်ထဲမှာ ဘာတွေဖြစ်နေလဲ နားထောင်ကြည့်ပါဦး။”
ချူးချင်လီ၏စကားကို ကြားလိုက်သည်နှင့် ချူးယုချင်သည် ခဏမျှ ကြောင်သွားခဲ့ပြီးနောက် လေတိုက်မိုးတိမ်ဆောင် အတွင်းရှိ အခြေအနေကို နားစွင့်လိုက်သည်။ နောက်တစ်ခဏတွင် တစ်ချက်တစ်ချက် ထွက်ပေါ်လာသော အသံများကို သူမ ကြားလိုက်ရသည်။
ထို့ပြင် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ အားလုံးထိုနေရာတွင် ရှိနေသည်မှာ ရှင်းလင်းသွားသည်။
ချူးယုချင်က ဇဝေဇဝါဖြင့်
“ချန်းလေးက ညကတစ်ညလုံး စာကြည့်ခန်းထဲမှာပဲနေပြီး မပြန်လာဘူး မဟုတ်လား။ မနက်စောစောစီးစီး ဘယ်လိုဖြစ်တာလဲ...”
“သူ့ကို ဘယ်လိုနတ်ဆိုးမျိုးက ဝင်ပူးနေလဲ ဘယ်သူသိမှာလဲ”
ဟု ချူးချင်လီက ပြန်ပြောလိုက်သည်။
ချူးယုချင်က နဖူးကို အနည်းငယ်တွန့်လိုက်ပြီး
“ချင်လီ။ ငါနင့်ကို အကြိမ်ကြိမ်ပြောပြီးပြီ။
ချန်းလေးက မင်းသားတစ်ပါးပဲ။ နင်ကလည်း သူ့အမျိုးသမီးဖြစ်နေပြီဆိုတော့ သူ့ကို ပိုပြီးလေးစားမှုပြရမယ်”
ဟု ပြောလိုက်သည်။
ထိုအချိန်တွင် ရဲလိနန်ရန်က ပါးစပ်ကိုအုပ်ပြီး ရယ်မောရင်း
“ချူးလေးက မင်းသားရဲ့မျက်နှာသာ မရတာကြာလို့ မကျေမနပ်ဖြစ်နေတာနေမှာပေါ့။ အထဲက အသံတွေကြောင့် အဲဒီလိုတုံ့ပြန်တာဖြစ်နိုင်တယ်။”
ထိုစကားကို ကြားလိုက်သည်နှင့် ချူးချင်လီ၏ မျက်နှာသွင်ပြင်ပြောင်းလဲသွားပြီး
“ကျွန်မက အဲဒီလိုမိန်းမမျိုးမဟုတ်ဘူး”
ဟု အမြန်ပြန်ပြောလိုက်သည်။
ချူးယုချင်လည်း ချူးချင်လီကို ဆက်ပြီးဆုံးမ မနေတော့ပေ။ ထို့နောက် သူမ၏အကြည့်က လေပြင်းမိုးတိမ်ဆောင်ဆီသို့ လှည့်သွားကာ မျက်နှာတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
လုချန်းသည် ယခုပုံမှန်ပြန်ဖြစ်လာပုံရသော်လည်း သူ့အပေါ်ရှိ ဖိအားများ ယနေ့ အရမ်းများလာပြီဟု သူမခံစားနေရသည်။ မဟုတ်လျှင် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မ နှစ်ယောက်လုံးကို ထိုကိစ္စများ လုပ်ရန် အဘယ်ကြောင့် လေပြင်းမိုးတိမ်ဆောင်သို့ခေါ်မည်နည်း။
လုချန်း၏ စိုးရိမ်ပူပန်မှုများကို သူမ မမျှဝေနိုင်သည်ကို တွေးမိသောအခါ ချူးယုချင် စိတ်မသက်သာသလို ခံစားလိုက်ရသည်။ သူမသည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်နေသော်လည်း သူ့ဝန်ထုပ်ဝန်ပိုးကို မသက်သာစေနိုင်ခဲ့ပေ။
ထိုအချိန်တွင် ချူးယုချင် တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိလိုက်သည်။
သူမသည် မြောက်ပိုင်းပြည်နယ်ကိစ္စများနှင့်ပတ်သက်၍ လုချန်း၏ စိုးရိမ်ပူပန်မှုများကို မျှဝေမပေးနိုင်သော်လည်း သူ့ကို စိတ်အေးချမ်းသာစေနိုင်သည်။
ထိုအတွေးနှင့်အတူ ချူးယုချင်လည်း လေပြင်းမိုးတိမ်ဆောင်သို့ ဆုံးဖြတ်ချက် ခိုင်မာစွာ ဦးတည်သွားခဲ့သည်။
ထိုအခါ ချူးချင်လီ အံ့အားသင့်သွားပြီး “အစ်မ၊ ဘာလုပ်နေတာလဲ”
ဟု အမြန်မေးလိုက်သည်။
ချူးယုချင်၏မျက်နှာနီရဲသွားပြီး
“ချန်းလေး ဘာဖြစ်နေလဲ သွားကြည့်မလို့။ နင်တို့ဆက်ပြီး စကားပြောနေကြပါဦး။”
ထိုစကားကိုကြားသော် ချူးချင်လီလည်း ဘာမှထပ်မပြောတော့ပဲ ချူးယုချင်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ထို့နောက် ချူးယုချင် လေပြင်းမိုးတိမ် အဆောင်ထဲသို့ အမြန်ဝင်သွားသည်။
ထိုစဉ် ရဲလိနန်ရန်က လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက်
“လေပြင်းမိုးတိမ်ဆိုတဲ့ နာမည်က တကယ်မှန်တယ်။ မင်းသားက တကယ်ပဲ အနာဂတ်ကို ကြိုမြင်ခဲ့တယ်။”
ဟု ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုလိုက်သည်။
.................
အခန်း (၅၅၈)
တပည့် ဆရာ့ကို ကျေးဇူး တင်ပါတယ် (၁)
ယွမ်ရှန်ရှန်အပေါ် အခဲမကြေဖြစ်ခဲ့သော ဒေါသများအားလုံးကို ဖွင့်ထုတ်လိုက်ပြီးနောက် လုချန်း နောက်ဆုံးတွင် စိတ်ပေါ့ပါးသွားခဲ့သည်။ သို့သော် သူ့စိတ်အနက်ရှိုင်းဆုံးတစ်နေရာတွင် သူမပေးခဲ့သည့် အရှက်ရမှုများကို အမှတ်ရနေပြီး လက်စားချေရန် ဆုံးဖြတ်ထားခဲ့သည်။
သူအစကတည်းက တွေးထားသည့်အတိုင်း ထိုအမျိုးသမီး သူ့ကို ကလေးတစ်ရာ မမွေးပေးပြီးမချင်း သူစိတ်ကျေနပ်မှုရမည်မဟုတ်ပေ။
တစ်ညလုံး စာကြည့်ခန်းတွင် တစ်ညလုံးရပ်နေစေခဲ့ကာ စွမ်းအင်ကုန်ခမ်းအောင် လုပ်ခဲ့ပြီးမှ ဘာမှမဖြစ်သလို ပြန်သွားခဲ့သည်။ ဒီလောက်တော့ မလွယ်ပါ။ သူယခင်က အခြားမည်သည့်အမျိုးသမီးဆိီမှာမှ ယခုလို အရှက်ရမှုမျိုး မကြုံဖူးခဲ့ပေ။
.......
နေ့လည်ပိုင်း။
ယနေ့ စာကြည့်ခန်းသို့သွားပြီး ရုံးကိစ္စများကို ကိုင်တွယ်ရန် လုချန်း မစီစဉ်ထားခဲ့ပေ။ယခုရက်ပိုင်းများအတွင်း အစိုးရ ကိစ္စများကို ကိုင်တွယ်ပြီးနောက် သူသည် အနည်းငယ်စိတ်ညစ်နေပြီး တစ်နေ့လုံးအနားယူရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သူသည် ချူးယုချင်တို့နှင့် ဆက်ဆံရေးကို လေ့ကျင့်နေစဉ် အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
“မင်းသား။ တပ်မှုးချင်က တွေ့ဆုံလိုပါတယ်။”
ထိုစကားကိုကြားသောအခါ လုချန်းလည်း ချက်ချင်းလုပ်ဆောင်မှုများကို ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ အရေးကြီးသောကာလတွင် အနားယူရန် အချိန်မရှိပေ။
ထို့နောက် လုချန်းမှာ မထချင်ပဲ ထရပ်ကာ အမြန်ရေချိုးပြီး စာကြည့်ခန်းသို့ ဦးတည်သွားတော့သည်။
စာကြည့်ခန်းအတွင်းသို့ဝင်ရောက်ပြီးနောက် လုချန်းက
“တပ်မှူး ချင် ဘာကိစ္စနဲ့လာတာလဲ”
လုချန်း၏မျက်နှာပေါ်ရှိ တင်းမာသော အမူအရာကို မြင်သောအခါ မှားယွင်းသောအချိန်တွင် သူ ရောက်ရှိလာသည်ကို ချင်ယူရှန် သိမြင်လိုက်ပြီး
“မင်းသား ဝူနိုင်ငံတော်ရဲ့ ကုန်သည်လှည်းတန်းတွေ ပြန်လည်ဆုတ်ခွာသွားပါပြီ။ နောက်ပြီး ဝူနိုင်ငံတော်က စစ်တပ်သုံးသိန်းက မြောက်ဘက် ချီတက်ဖို့ စစုစည်းနေပါပြီ။”
“ဒီစစ်တပ်ရဲ့ ချီတက်နှုန်းက အလွန်မြန်ဆန်ပါတယ်။ အကြောင်းကတော့ သူတို့နဲ့အတူ ထောက်ပံ့ရေးပစ္စည်းတွေ လုံးဝ မပါဝင်လို့ပါ”
ဟု အလျင်အမြန်ပြောလိုက်သည်။
ပုံမှန်အခြေအနေများတွင် စစ်ပွဲဆင်နွှဲသော နိုင်ငံတစ်နိုင်ငံသည် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းကို အရင်ခိုင်မာအောင် တည် ဆောက်ရမည် ဖြစ်သည်။
“ဆန်နဲ့ မြင်းစာ မရောက်မချင်း စစ်သည်တွေ မလှုပ်ရှားရ” ဟူသော စကားပုံတစ်ခု ရှိ၏။ ဝူနိုင်ငံတော်၏ ယခု လုပ်ဆောင်ချက်များသည် ပုံမှန်မဟုတ်တာ ထင်ရှားလှသည်။
အင်အားသုံးသိန်းရှိသော စစ်တပ်သည် မည်သည့်စားနပ်ရိက္ခာမှ မသယ်ဆောင်ပဲ မြောက်ဘက်သို့ချီတက်နေကြသည်။ ရှေ့တန်းရောက်လျှင် သူတို့ဘာစားကြမည်နည်း။
ချင်ယူရှန်၏စကားကိုကြားသောအခါ တစ်ခုခုမှားယွင်းနေသည်ဟု လုချန်း ခံစားမိသည်။ ထို့နောက် ချင်ယူရှန် စားပွဲပေါ်တင်ထားခဲ့သည့် ထောက်လှမ်းရေးအစီရင်ခံစာကို ချက်ချင်းကောက်ယူကာ သေချာဖတ်ရှုကြည့်လိုက်သည်။
ထောက်လှမ်းရေးအစီရင်ခံစာထဲတွင် ချင်ယူရှန်ပြောသည့်အတိုင်းပင် အင်အားသုံးသိန်းရှိသော စစ်တပ်သည် မည်သည့်စားနပ်ရိက္ခာမှ မသယ်ဆောင်လာကြောင်း ဝူနိုင်ငံတော်ရှိ သူတို့၏သူလျှိုများက အစီရင်ခံထားသည်။
လူသားများသည် ကျောက်တုံးများမဟုတ်ပေ။ သူတို့ အစာစားရမည်ဖြစ်သည်။ ဝူနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်ကို အလျင်စလို တိုက်ခိုက်ရန် အလွန်အမင်း စိတ်အားထက်သန်နေလျှင်ပင် မည်သည့်ထောက်ပံ့ရေးပစ္စည်းမှ မယူဆောင်သွားခြင်းက မဖြစ်နိုင်ပေ။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက ချင်ယူရှန်အား
“ဒီစစ်သည် သုံးသိန်းပါတဲ့တပ်ကြီးက ဘာလို့ ရိက္ခာတွေ မယူလာတာလဲဆိုတာ စုံစမ်းပါ။”
ချင်ယူရှန်က
“ကျွန်တော်တို့လူတွေ အချက်အလက်တွေ စုဆောင်းနေပါတယ်။ ဒါပေမဲ့ တကယ့်အကြောင်းရင်းကို ရှာဖွေဖို့ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။”
ထိုစဉ် လုချန်း တစ်စုံတစ်ရာကို သတိရသွားပြီး
“ဒါနဲ့ ဝူနိုင်ငံတော်ရဲ့ ကုန်သည်အသင်း ဘယ်နှစ်သင်းကို သိမ်းသွင်းနိုင်ခဲ့ပြီလဲ”
ဟု မေးလိုက်သည်။
ချင်ယူရှန်က
“ကျွန်တော်တို့ ကုန်သည်အသင်းလေးသင်းကို လျှို့ဝှက် သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဒီအသင်းတွေက ဝူကျန်းဝမ်နဲ့ ဘာမှဆက်စပ်မှုမရှိပါဘူး။ သူရဲ့အဖွဲ့ထဲက မဟုတ်ပါဘူး။ ကျွန်တော်တို့ ဝူနိုင်ငံတော်က ဝန်ကြီးတချို့နဲ့လည်း အဆက်အသွယ်ပြုလုပ်ထားပြီးပါပြီ”
လုချန်းက
“အင်း။ ကောင်းတယ်။ ဝူနိုင်ငံတော်ရဲ့ ဝန်ကြီးတွေကို အမြန်သိမ်းသွင်းပါ။ ဝူကျန်းဝမ် ကျူးနိုင်ငံတော်နဲ့ မဟာမိတ်မဖွဲ့နိုင်သရွေ သူ့ကို ပြစ်တင်ရှုံ့ချခိုင်းပါ။”
ချင်ယူရှန်က
“ဟုတ်ကဲ့။ ကျွန်တော်နားလည်ပါပြီ”
ဝူနိုင်ငံတော်၏ဝန်ကြီးများအား ဝူကျန်းဝမ်ကို အပြစ်တင် ရှုံ့ချခိုင်းခြင်းက အခြေခံအုတ်မြစ်တစ်ခု ချထားသော သဘောမျှသာ ဖြစ်သည်။ ဝန်ကြီးအနည်းငယ်၏ စွပ်စွဲပြစ်တင်မှုဖြင့် ဝူကျန်းဝမ်၏အာဏာကို လျှော့ချနိုင်မည်ဟု လုချန်းမယုံကြည်ပေ။
လုချန်း၏ ရည်ရွယ်ချက်မှာ စစ်ပွဲပြီးဆုံးပြီးနောက် ဝူနိုင်ငံတော်အား မင်းသမီး ဝူကျန်းဝမ်ကို မြောက်ပိုင်းပြည်နယ်သို့ ပို့ပေးစေရန်ဖြစ်သည်။
လုချန်းက
“ကောင်းပြီ။ အခြားကိစ္စမရှိရင် ခင်ဗျားပြန်နိုင်ပါပြီ”
ချင်ယူရှန်သည် ချက်ချင်းပင်
“ဟုတ်ကဲ့။ ကျွန်တော့်ကို ခွင့်ပြုပါ။”
ထို့နောက် ချင်ယူရှန် စာကြည့်ခန်းမှ အလျင်အမြန်ထွက်ခွာသွားခဲ့သည်။
ချင်ယူရှန် ထွက်ခွာသွားပြီးနောက် လုချန်း ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ မြေပုံကို ကြည့်ကာ
“တကယ့်စစ်ပွဲက စတော့မယ်” ဟုဘာသာသူ ရေရွတ်လိုက်သည်။
...
ထိုအတောအတွင်း။
ရှနိုင်ငံတော်။
နန်းတော်။
ဆွမ်ဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး အရိပ်ကိုယ်ရံတော်တစ်ဦးထံမှ အစီရင်ခံစာကို နားထောင်နေရင်း ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။
“ဘယ်သူထင်မိမှာလဲ။ ဘယ်သူထင်မိမှာလဲ။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ဆိုတဲ့ ဆူးကို ဖယ်ရှားပေးလိမ့်မယ်လို့။”
ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်ဟူသော ကင်ဆာအကျိတ်ကြီးကို မည်သို့ကိုင်တွယ်ရမည်ကို တွေးတောနေစဉ် ယခုအခါ သူလုပ်စရာမလိုတော့ပဲ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် စစ်တပ်စေလွှတ်မည်ဟု ကြားသိလိုက်ရသည်။
ဆွမ်ဧကရာဇ်သည် လူမိုက်မဟုတ်ပေ။ ဝူနိုင်ငံတော် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်လိုခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများကို သူအပြည့်အဝနားလည်သည်။
ဝူနိုင်ငံတော်သည် ရှနိုင်ငံတော်၏ ပြည်တွင်းပဋိပက္ခကို အခွင့်ကောင်းယူ၍ မြောက်ပိုင်းပြည်နယ်ကို ဖျက်ဆီးရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။ နောင်တစ်ချိန်တွင် ရှနိုင်ငံတော်ကို သိမ်းပိုက်မည့် စစ်ဆင်ရေး၌ မြောက်ပိုင်းပြည်နယ်၏ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်ပင်ဖြစ်သည်။
မြောက်ပိုင်းပြည်နယ်မရှိပါက မြောက်ဘက်တွင် ခြိမ်းခြောက်မှုမရှိတော့ပဲ ရှနိုင်ငံတော်ကို လွပ်လွပ်လပ်လပ် တိုက်စစ်ဆင်နိုင်မည်ဖြစ်သည်။
ထို့ပြင် မြောက်ပိုင်းပြည်နယ်သည် အခြားနိုင်ငံကြီးများအတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသား၏ ရည်မှန်းချက်များမှာ အလွန်ကြီးမားလွန်းသည်။
သူသည် ကမ္ဘာကြီးကိုလွှမ်းမိုးမည်ဟု ပြောဆိုရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ရထားလမ်းများဖောက်လုပ်မည်ဟုလည်း ပြောဆိုခဲ့သည်။ ထိုမျှကြီးမားသော ရည်မှန်းချက်နှင့် မြောက်ပိုင်းပြည်နယ်၏ တိုးတက်လာသော စစ်ရေးအင်အားတို့ကြောင့် ဝူနိုင်ငံတော် အနနှင့် မြောက်ပိုင်းပြည်နယ်ကို ဆက်လက်တိုးတက်ခွင့်ပြုရန် လုံးဝမဖြစ်နိုင်တော့ပေ။
သို့သော် ဆွမ်ဧကရာဇ်ကတော့ အလွန်ကျေနပ်မှုရှိနေသည်။ မူလက သူ၏အစီအစဉ်မှာ မြောက်ပိုင်းပြည်နယ်ကို ပြည်တွင်းစစ်ထဲ ဆွဲသွင်းပြီး လုချန်းကိုပါ နေပြည်တော်ခေါ်ကာ နယ်စားများအားလုံးကို ဖယ်ရှားရန်ဖြစ်သည်။
သူ့အကြံ မအောင်ခဲ့သော်လည်း ထိုအရာက ဝူနိုင်ငံတော်အား မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် သွယ်ဝိုက်သောနည်းဖြင့် လှုံ့ဆော်ပေးခဲ့သည်။
ရှနိုင်ငံတော်၏ လက်ရှိပြည်တွင်းရှုပ်ထွေးမှုကြောင့် ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို စစ်တိုက်ရန် အကြံအစည်ရှိလာခြင်းဖြစ်သည်။ အကယ်၍ ရှနိုင်ငံတော်တွင် ပြည်တွင်းရှုပ်ထွေးမှုများမရှိပဲ ဆွမ်ဧကရာဇ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်သာ ရှိနေပါက မြောက်ပိုင်းပြည်နယ်၏ ကြီးမားသော ခြိမ်းခြောက်လာနိုင်မှုကို ဝူနိုင်ငံတော် ကောင်းကောင်းနားလည်ထားလျှင်တောင် ယခုအချိန်တွင် မြောက်ပိုင်းပြည်နယ်ကို စစ်ပြုဦးမည်မဟုတ်ပေ။
.............