အခန်း ၅၆၅-၅၆၇
Vol. 38 Ch. 565-567
အခန်း (၅၆၅ )
တန်ဖိုးတစ်ခုပေးဆပ်ရလိမ့်မယ် (၂)
လုချန်းက ပြုံး၍
“ဗိုလ်ချုပ်ရွှမ်ယွမ်။ ခင်ဗျား ရှေ့တန်းကို သွားချင်တယ်လို့တော့ မပြောနဲ့နော်”
ရွှမ်ယွမ်ချန်းက ချက်ချင်းပင်
“ကျွန်တော့်က မေးကြည့်ရုံ သက်သက်ပါ။”
လုချန်းက
“ဗိုလ်ချုပ်ရွှမ်ယွမ်။ ကျွန်တော်က ခင်ဗျားကို သံချပ်ကာ မြင်းတပ် ငါးသောင်းနဲ့ ရန်ခရိုင်မှာ စောင့်ခိုင်းထားတဲ့အတွက် ခင်ဗျားအတွက် ဘာမှ လုပ်စရာ မရှိဘူးလို့ မထင်ပါနဲ့။”
“ခင်ဗျားရဲ့ တာဝန်က အရေးကြီးတယ်။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ရင် ယုံအန်းခရိုင်ကို သူတို့ရဲ့ အဓိကတပ်တွေ လွှတ်မှာမဟုတ်ဘူး။ သူတို့က ကျူးနိုင်ငံတော်ကို ဖြတ်ပြီး မြောက်ပိုင်းပြည်နယ်ကို ဝင်မယ့် အနေအထား အရမ်းများတယ်။”
“ဝူနိုင်ငံတော်ရဲ့ တပ်တွေက ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းတွေကို ကျော်ပြီး ရန်ခရိုင်ကို တိုက်ရိုက် တိုက်ခိုက်နိုင်မယ်ဆိုရင် ခင်ဗျားတို့ အားလုံးက ကျွန်တော့်ကို ကာကွယ်ပေးမယ့် အရေးပါတဲ့ အင်အားစုတွေ ဖြစ်လာလိမ့်မယ်။”
“ဒါမှမဟုတ် ခင်ဗျားက ကျွန်တော့်ကို မကာကွယ်ချင်ဘူးလား။”
ရွှမ်ယွမ်ချန်းက ချက်ချင်းပင်
“မင်းသား ခွင့်လွှတ်ပါ။ ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး။ မင်းသားကို ကာကွယ်ရတာ ကျွန်တော့်ရဲ့ ဂုဏ်ပါ။”
“ကျွန်တော် ရှေ့တန်းကို သွားဖို့ စဉ်းစားရတာက အဓိကက ကျွန်တော့်ညီမကြောင့်ပါ။ သူက ရန်ခရိုင်မှာ တိုက်ပွဲဝင်ဖို့ အခွင့်အရေး မရှိဘူးလို့ ပြောနေတယ်။ ရှေ့တန်းကို သွားချင်တယ်တဲ့။ ဒါကြောင့် ကျွန်တော် သွားဖို့ အခွင့်အရေး ရှိမလားဆိုတာ စုံစမ်းကြည့်ဖို့ စဉ်းစားခဲ့မိတာပါ။”
ထိုအကြောင်းကို ကြားသောအခါ လုချန်း အံ့အားသင့်သွားခဲ့သည်။
သူ ရွှမ်ယွမ်ယွမ်ချီကို ရန်ခရိုင်သို့ ခေါ်ဆောင်လာခဲ့ပြီးနောက်ပိုင်း သူမကို ရွှမ်ယွမ်ချန်း၏ အနက်ရောင် မြင်းတပ်တွင် ထားခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်များနှင့် အမျိုးမျိုးသော တိုက်ပွဲနည်းဗျူဟာများကို လေ့လာစေခဲ့သည်။
လုချန်း၏ မူလရည်ရွယ်ချက်မှာ ရွှမ်ယွမ်ယွမ်ချီကို သူ့အတွက် ခေါ်ယူရန် ဖြစ်သည်။ သူသည် ထိုသို့ ရဲစွမ်းသတ္တိရှိပြီး လှပသော အမျိုးသမီးကို အတော်လေး နှစ်သက်ခဲ့သည်။
သို့သော် မင်းသားစံအိမ်တွင် အမျိုးသမီးများစွာ ရှိနေပြီဖြစ်သောကြောင့် သူ၏ မောင်းမဆောင်ကို တိုးချဲ့ရန် စိတ်ကူးမရှိခဲ့ပေ။ ထို့ကြောင့် သူမအား ရွှမ်ယွမ်ချန်း၏ စစ်တပ်တွင် လေ့လာခွင့်ပေးခဲ့ပြီး သူ၏ ဘေးတွင် မထားခဲ့ပေ။
ရွှမ်ယွမ်ယွမ်ချီ ဒီလောက် မြန်မြန် မငြိမ်မသက် ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လုချန်း အတွေးနက်သွားခဲ့သည်။
အချိန်အတန်ကြာမှ လုချန်းက နောက်ဆုံးတွင်
“ဗိုလ်ချုပ်ရွှမ်ယွမ်။ ဗိုလ်ချုပ်ယွမ်ချီရဲ့ စစ်ရေးလေ့လာမှုတွေက ဘယ်လိုရှိလဲလို့ ခင်ဗျား ထင်လဲ။”
ရွှမ်ယွမ်ချန်းက
“သူလေ့လာဖို့ လိုတာတွေကို လေ့လာပြီးပါပြီ။ လိုအပ်တာက လက်တွေ့တိုက်ပွဲ အတွေ့အကြုံပါပဲ။”
လုချန်းက
“ပြန်ပြီး သူ့ကို ပြောပြပါ။ တကယ်လို့ သူ ရှေ့တန်းကို သွားချင်တယ်ဆိုရင် မနက်ဖြန် မင်းသားစံအိမ်ကို လာပြီး ကျွန်တော့်ကို တွေ့ဖို့ ပြောပါ။ သူ ဘယ်လောက် စိတ်ဆုံးဖြတ်ထားလဲဆိုတာ ကျွန်တောိ မြင်ချင်တယ်။”
ရွှမ်ယွမ်ချန်း ခဏမျှ မှင်တက်သွားပြီး
“မင်းသား သူ့ကို ရှေ့တန်းကို တကယ် လွှတ်ဖို့ ရည်ရွယ်တာလား။”
ရွှမ်ယွမ်ချန်းသည် လုချန်း၏ ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ မင်းသားသည် သူ့ညီမ၏ ခန္ဓာကိုယ်ကို သိသိသာသာ တပ်မက်နေပြီး သူမကို အစောကတည်းက စိတ်ဝင်စားခဲ့သည်။ မဟုတ်ပါက မင်းသား သူမကို ရန်ခရိုင်သို့ ဖြားယောင်းခေါ်ဆောင်လာမည် မဟုတ်ပေ။
သူမ၏ ခန္ဓာကိုယ်ကို တပ်မက်နေပါက ထိုသို့ အန္တရာယ်ရှိသော နေရာသို့ အဘယ့်ကြောင့် စေလွှတ်နိုင်မည်နည်း။
လုချန်းက ပြုံး၍
“သူရဲ့ စိတ်ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ တကယ်လို့ သူရှေ့တန်းကို သွားဖို့ သေချာ စိတ်ဆုံးဖြတ်ထားရင် ကျွန်တော် သူ့ကို ယုံအန်းခရိုင် ချက်ချင်း စေလွှတ်ပါမယ်။”
ရွှမ်ယွမ်ချန်းက
“ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် ပြန်ပြီး သူ့ကို ချက်ချင်း ပြောပြပါ့မယ်။”
“ကျွန်တော့်ကို ခွင့်ပြုပါ။”
လုချန်းက ဘာမှ ထပ်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ရွှမ်ယွမ်ချန်းသည် လှည့်၍ မင်းသားစံအိမ်မှ ထွက်ခွာခဲ့ပြီး ရွှမ်ယွမ်ယွမ်ချီ နေထိုင်ရာသို့ တိုက်ရိုက် ဦးတည်ခဲ့သည်။
လုပ်စရာ အခြားကိစ္စ မရှိတော့သောကြောင့် လုချန်းလည်း ထရပ်ကာ ညစာစားရန် ပင်မဆောင်သွားဖို့ ပြင်လိုက်သည်။ သူ တံခါးဝသို့ ရောက်ရှိသည်နှင့် အစေခံတစ်ဦး၏ အသံကို အပြင်ဘက်မှ ကြားလိုက်ရသည်။
“မင်းသား။ မုယုံသခင်မက တွေ့ခွင့် တောင်းပါတယ်။”
ပြန်လည် တုံ့ပြန်ခြင်း မရှိပဲ စာကြည့်ခန်း တံခါးဆီသို့ လုချန်း တိုက်ရိုက် လျှောက်သွားလိုက်၏။ ထိုအခါ ရိုးရှင်းသော အနက်ရောင် အနားသတ် အဖြူရောင် ဝတ်စုံ ဝတ်ထားသော မုယုံရွှီကို ရပ်နေသည်ကို တွေ့လိုက်ရသည်။
လုချန်း ထွက်လာသည်ကို မြင်သောအခါ မုယုံရွှီ ခဏမျှ အံ့အားသင့်သွားပြီး
“ကျွန်မ လာရောက်တာ မင်းသားကို အနှောင့်အယှက် ပေးမိသွားလား။”
လုချန်းက ပြုံး၍
“မုယုံမိန်းကလေး မင်းသားစံအိမ်ကို ဒီလောက် ညဉ့်နက်မှ လာတာ အရေးကြီးတဲ့ ကိစ္စ ရှိလို့လား။”
မုယုံရွှီ အနည်းငယ် အံ့အားသင့်သွားသည်။ သူမ သတင်းအချက်အလက် စုဆောင်းရန် လာခဲ့သော်လည်း မင်းသားစံအိမ်သို့ ဒီလောက် ညဉ့်နက်မှ ရောက်လာခြင်းက မသင့်တော်ပါ။ ညစာစားချိန်ပင် ဖြစ်နေပြီး ထို့နောက်တွင် အိပ်ရာဝင်ချိန် ဖြစ်ပေလိမ့်မည်။
သူမက ဒီလိုအချိန်မျိုးမှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ သူမ၏ ကိုယ်ခန္ဓာကို ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့တာလား။
သူမ အစက ဒီလောက် ညဉ့်နက်မှ လာရောက်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ ဝူနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ကို စစ်ကြေညာတော့မည် ဖြစ်သောကြောင့် မြောက်ပိုင်းပြည်နယ်၏ တပ်ဖြန့်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို မြောက်ပိုင်းနယ်စားမင်းသားထံမှ စုံစမ်းသင့်သည်ဟု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နားက ဖြတ်သွားစဉ် ရုတ်တရက် ရုတ်တရက် တွေးမိသွား သောကြောင့်ဖြစ်သည်။ ထို့နောက် ဘာမှထပ် မစဉ်းစားပဲ မြောက်ပိုင်းနယ်စားမင်းသားထံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမ၏ စိတ်များ ရှုပ်ထွေးသွားခဲ့သည်ဟု မုယုံရွှီ ခံစားမိခဲ့သည်။ သူမသည် ယခုလို အချိန်တွင် မြောက်ပိုင်းနယ်စားမင်းသားထံ မည်သို့ ချဉ်းကပ်ခဲ့သနည်း။ အထူးသဖြင့် သူ့ကို တွေ့ရန် ဆင်ခြေတစ်ခု မပြင်ဆင်ရသေးချိန်တွင် ဖြစ်သည်။ ယခုလို အချိန်၌ မြောက်ပိုင်းနယ်စားမင်းသားထံ ချဉ်းကပ်ခြင်းသည် သူမ ဘာကြောင့် ထိုနေရာသို့ ရောက်နေသည်ဆိုသည့် ရည်ရွယ်ချက်ကို သိသာထင်ရှားစေပေလိမ့်မည်။
ထိုစဉ် မုယုံရွှီ၏ စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ဆင်ခြေတစ်ခု ဖန်တီးလိုက်သည်။ သူမက ပြုံးလိုက်ပြီး တည်ငြိမ်သောအသံဖြင့်
“ကျွန်မ မင်းသားကို လာတွေ့ဖို့ ကိစ္စတစ်ခုခု ရှိမှပဲ လာရမှာလား။”
လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။ ထို့နောက် မုယုံရွှီဆီသို့ တည့်တည့် လျှောက်သွားကာ အဆောင်ထဲရှိ အစေခံများကို ဂရုမစိုက်ဘဲ မုယုံရွှီ၏ နားရွက်နားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ဟုတ်ပါတယ်။ မင်း ကြိုက်တဲ့အချိန် ကိုယ့်ကို လာတွေ့လို့ရတယ်။”
“မင်း အချိန်ကိုက် လာခဲ့တာပဲ။ ကိုယ် ညစာစားတော့မှာ။ ကိုယ်နဲ့ လိုက်ခဲ့။”
ထိုစကားများကို ကြားသောအခါ မုယုံရွှီ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားခဲ့သည်။
ညစာလား။
သူမ နားလည်သော ညစာလား သို့မဟုတ် သူမက ညစာလား။
ဘာကြောင့်မှန်းမသိ ထိုလူ သူမ၏ အပျိုစင်ဘဝကို ရယူပြီးကတည်းက မသန့်ရှင်းသော အတွေးများ သူမ၏ စိတ်ထဲသို့ အမြဲ ရောက်ရှိလာတတ်သည်။ သူမသည် ထူးချွန်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုသို့သောအတွေးများဖြင့် ရှုပ်မနေသင့်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းသည် မုယုံရွှီ၏ သွယ်လျသော ခါးကို လက်ဖြင့် ဖက်ကာ လေပြင်းမိုးတိမ်ဆောင်သို့ လျှောက်သွားခဲ့သည်။
မုယုံရွှီက
“မင်းသားရဲ့ ဇနီးတွေ မြင်သွားမှာကို မစိုးရိမ်ဘူးလား။”
လုချန်းက ပြုံး၍
“ကိုယ့်ဇနီးတွေက ကိုယ်အပေါ်မှာ အရမ်း သည်းခံတတ်တယ်။ နောက်ပြီး သူတို့က မင်း ကိုယ့်မိန်းမဆိုတာ သိပြီးသား။ သူတို့ မြင်ရင်တောင် ဘာမှပြောမှာ မဟုတ်ဘူး။”
.............
အခန်း (၅၆၆ )
တန်ဖိုးတစ်ခုပေးဆပ်ရလိမ့်မယ် (၃)
မုယုံရွှီက ဆက်ပြီး
“မင်းသားက ကျွန်မ ဒီကို ဘာလုပ်ဖို့လာလဲဆိုတာ မသိချင်ဘူးလား”
ဟု မေးလိုက်သည်။
လုချန်းက
“ကိုယ် ခုနကပဲ ပြောခဲ့တာပဲလေ။ မင်းသားစံအိမ်ကို ဘယ်အချိန်မဆို လာလို့ရတယ်။ မင်းသားစံအိမ်ကို ကိုယ့်အိမ်လိုသဘောထားပြီး ဒီမှာ အေးအေးဆေးဆေး နေလို့တောင် ရတယ်။”
လုချန်း၏ စကားကို ကြားလိုက်သောအခါ မုယုံရွှီမှာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားသည်။ သူ ပိုဂရုစိုက်လေလေ သူမ ပို၍စိတ်မသက်မသာ ဖြစ်လေလေပင်။ သူမက တိုက်ရိုက်ပင်
“ဒီတစ်ခေါက် ကျွန်မ မင်းသားစံအိမ်ကို လာတဲ့ အဓိက အကြောင်းက ဧကရီက မြောက်ပိုင်းပြည်နယ်မှာ ဘယ်လိုလက်နက်တွေရှိလဲဆိုတာ စုံစမ်းဖို့ အမိန့်ပေးလိုက်လို့ပါ။”
ဒါက မုယုံရွှီ အခုမှ စဉ်းစားမိသော အကြောင်းပြချက်ပင် ဖြစ်သည်။ ကောင်းမွန်သော အကြောင်းပြချက် မရှိသည့်အတွက် သင့်တော်မည် ထင်ရသော အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမနှင့် လုချန်းတို့သည် ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကို ဤလူက အကြိမ်များစွာ ပြုစားခဲ့ပြီး ဖြစ်သည်။ သူမက သူ့အပေါ် ခံစားချက်ရှိနေပုံပြ၍ သစ္စာဖောက်ဟန်ဆောင်မည်ဆိုပါက သူရိပ်မိမည် မဟုတ်ဟု ထင်ရသည်။
မုယုံရွှီ၏ လိမ်ညာမှုကို ကြားလိုက်သောအခါ လုချန်းက ပြုံးရုံသာ ပြုံးလိုက်သည်။
သူ မုယုံရွှီကို စောစောက တွေ့ကတည်းက မုယုံရွှီ၏ အချက်အလက် အသစ်များကို စနစ်မှတဆင့် ကြည့်ပြီးဖြစ်သည်။ ထိုအထဲတွင် မုယုံရွှီ ယခုလာရောက်ခြင်းသည် မြောက်ပိုင်းပြည်နယ်၏ ကာကွယ်ရေးအစီအစဉ်များကို စုံစမ်းရန်နှင့် ၎င်းတို့ကို ဝူနိုင်ငံတော်သို့ ပေးအပ်ကာ မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
သို့သော် လုချန်း မုယုံရွှီ၏ လိမ်ညာမှုများနှင့် ပတ်သက်၍ အလွန်အမင်း စိတ်မပူပါ။ ဤအမျိုးသမီးကို အိပ်ယာထဲ၌ သူမ၏ ရည်ရွယ်ချက်အမှန်ကို ကိုယ်တိုင် ဝန်ခံစေလိုသည်။ ထို့ကြောင့် ယခုလောလောဆယ်တွင် မုယုံရွှီ ပြောသည်ကို ယုံချင်ယောင်ဆောင်လိုက်သည်။
ထိုအခါ လုချန်းက ပြုံးလျှက်
“ဪ ဒါကြောင့်ကိုး။ မုယုံမိန်းကလေးက ကျွန်တော့်ရဲ့ မိန်းမဖြစ်လာဖို့ အစီအစဉ် မရှိဘူးဆို။ အခုကျတော့ ဘာလို့ ကျွန်တော့်ကို သတင်းတွေ တက်တက်ကြွကြွ လာပေးနေတာလဲ။”
လုချန်း၏ စနောက်မှုကို ကြားလိုက်သောအခါ မုယုံရွှီ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။
မုယုံရွှီက ဆက်၍
“ ကိုယ့်ကိုယ်ကိုယ် မမြှောက်ပါနဲ့ မင်းသား။ ကျွန်မက မင်းသားနဲ့ ပူးပေါင်းဆောင်ရွက်ရုံ သက်သက်ပဲ။ မင်းသားရဲ့ မိန်းမအဖြစ်ကို တကယ် လက်ခံထားတာ မဟုတ်ဘူး။”
“ကျွန်မ ကျူးနိုင်ငံတော်ကို ပြန်လို့ မရတော့ဘူး။ မြောက်ပိုင်းပြည်နယ်မှာ ထောက်လှမ်းရေးသတင်းတွေ ထပ်ရပြီး အကျိုးဆောင်နိုင်ဖို့ဆိုတာ ဒီနည်းလမ်းပဲ ရှိတယ်။ ဒီလိုလုပ်မှပဲ ကျွန်မ ကျူးနိုင်ငံတော်ကို ပြန်နိုင်မှာ။ ဧကရီရဲ့ မျက်နှာသာကို ရဖို့ မျှော်လင့်ချက် ရှိမှာ။”
လုချန်းက
“သြော်။ ဒီလိုကိုး”
“ဒါဆို မုယုံမိန်းကလေးက ကျွန်တော့်အပေါ် ဘာခံစားချက်မှ မရှိဘူးပေါ့။”
မုယုံရွှီက ခံစားချက်ကင်းမဲ့စွာဖြင့်
“မင်းသားက သူ့နဲ့ အကြိမ်အနည်းငယ် အတူအိပ်ရုံနဲ့ ကျွန်မ သူ့အပေါ် ခံစားချက် ဖြစ်လာမယ်လို့ တကယ်ပဲ ထင်နေတာလား။”
“မင်းသားက ကျွန်မကို နည်းနည်းလေး အထင်သေးရာ မကျဘူးလား။”
လုချန်းက
“ကောင်းပါပြီ။ ဒါဆို ကိုယ်အတွေးလွန်နေတာ ဖြစ်မယ်ထင်တယ်။ ဒီလိုဆိုရင်တော့ စကားပြောရင် အပေးအယူအကြောင်းပဲ ပြောကြစို့။ ခံစားချက်အကြောင်း မပြောကြေး။”
“မင်းအတွက် အကျိုးဆောင်စရာတွေရအောင်၊ ကျူးနိုင်ငံတော်ကို ပြန်နိုင်အောင်၊ ဧကရီ့ဘေးကို ပြန်ရောက်အောင် ကူညီဖို့အတွက် ထောက်လှမ်းရေးသတင်းအချို့ ပေးနိုင်ပါတယ်။”
“ဒါပေမဲ့ မင်းလည်း တန်ဖိုးပေးတစ်ခု ပေးရမယ်။”
မုယုံရွှီ မျက်မှောင်ကြုတ်သွားပြီး
“ဘယ်လိုတန်ဖိုးလဲ”
ဟု မေးလိုက်သည်။
လုချန်းက ခြေလှမ်းရပ်ကာ လက်ဆန့်တန်းပြီး မုယုံရွှီ၏ နူးညံ့သော မေးစေ့ကို ကိုင်လိုက်ကာ သူမ၏ လှပသောမျက်နှာကို ကြည့်ရင်း
“တန်ဖိုးကတော့ မင်းရဲ့ ခန္ဓာကိုယ်ပဲ။ မင်းကို ကိုယ်ရဲ့ အိပ်ရာမှာ အလိုရှိတဲ့အခါတိုင်း မင်းသားစံအိမ်ကို ချက်ချင်း လာရမယ်။”
ထိုစကားကို ကြားလိုက်သောအခါ မုယုံရွှီ မဒေါသထွက်ပဲ ပို၍ပင် စိတ်ထဲတွင် ပျော်ရွှင်သွားသည်။
မုယုံရွှီ ပျော်ရွှင်ရခြင်းမှာ လုချန်းက သူမ၏ ခန္ဓာကိုယ်ကို စိတ်ကြိုက် ပြုစားမည်ဖြစ်၍ မဟုတ်ပေ။ မြောက်ပိုင်းနယ်စားမင်းသားနှင့် မကြာခဏ ထိတွေ့ခွင့်ရပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပုံမှန်လာရောက်ရန် တရားဝင် အကြောင်းပြချက်ရရှိ သွားသောကြောင့်ဖြစ်သည်။ ထို့ပြင် ဤအရာကို မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင်က စတင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
မုယုံရွှီက မျက်နှာထား တည်တည်ဖြင့်
“မင်းသားစံအိမ်ထဲက မိန်းမတွေက မင်းသားအတွက် မလုံလောက်သေးဘူးလား။”
လုချန်းက
“ကိုယ် မကြာသေးခင်ကမှ စာရေးတာကို သဘောကျလာလို့ မင်းကို မင်းသားစံအိမ်ကို ခေါ်ပြီး ကိုယ်နဲ့အတူ စာရေးစေချင်လို့ပါ။”
မုယုံရွှီက
“နားလည်ပါပြီ။ နောင်ဆိုရင် မင်းသား စာ ရေးကျင့်ချင်ရင် ကျွန်မဆီကို လူလွှတ်ပြီး ခေါ်ခိုင်းလိုက်လို့ ရပါတယ်။”
လုချန်းက
“တော်ပြီ တော်ပြီ။ ထမင်းဟင်း အဆင်သင့် ဖြစ်လောက်ပြီ။”
ထိုသို့ ပြောရင်း လုချန်း မုယုံရွှီ၏ ခါးကို ဖက်ကာ လေပြင်းမိုးတိမ်ဆောင်ဆီသို့ ဆက်လျှောက်သွားလိုက်သည်။
မကြာမီပင် လေပြင်းမိုးတိမ်ဆောင် အဝင်ဝသို့ ရောက်ရှိလာသည်။ လုချန်းတစ်ယောက် မုယုံရွှီ၏ ခါးကို ဖက်လျက် တံခါးဝတွင် ပေါ်လာသောအခါ လေပြင်းမိုးတိမ်ဆောင် အတွင်းရှိ ဇနီးမယားများ ခဏတာမျှ အံ့အားသင့်သွားကြသည်။ မုယုံရွှီကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။
ညစာ စားကြမည် ဟူသည်မှာ အိပ်ခန်းထဲတွင် စားသောက်ကြခြင်းကို ဆိုလိုသည်ဟု သူမ ထင်ခဲ့သည်။ လုချန်း၏ ညစာ ဖိတ်ကြားခြင်းက တကယ့် ညစာ စားသုံးခြင်းဖြစ်၏။ ထို့ပြင် သူ၏ ဇနီးမယားများနှင့်အတူ စားသောက်ရမည်ဟု မမျှော်လင့်ခဲ့ပေ။
ထိုအချက်က သူမကို ဇဝေဇဝါ ဖြစ်စေသည်။ မင်းသားစံအိမ်တွင် ထမင်းစားလျှင် အိမ်သားအားလုံး အတူတူ စားလေ့ရှိသလား။
သာမန်အားဖြင့် ဤကဲ့သို့ ခမ်းနားသော မင်းသားအိမ်တွင် ထမင်းစားချိန်၌ လူတိုင်း သီးခြားစီ စားလေ့ရှိ၏။ ယခုကဲ့သို့ စုဝေး၍ မစားသောက်ကြပေ။
ခဏအကြာတွင် မုကျိရွှမ်းက သတိပြန်ဝင်လာပြီး ရှေ့သို့ထွက်လာကာ ပြုံးလျက်
“မင်းသား။ သူက ကျွန်မတို့ရဲ့ ညီအစ်မအသစ်လား။ ကျွန်မမှတ်တာ အမှားဘူးဆိုရင် ဒါ မုယုံမိန်းကလေး ဖြစ်ရမယ် မဟုတ်လား။”
ထိုအခိုက်အတန့်တွင် လုချန်းက
“ပေါ့ပေါ့ဆဆ မပြောပါနဲ့ နှမတော်။ ကိုယ်က မုယုံမိန်းကလေးနဲ့ စာကြည့်ခန်းမှာ အရေးကိစ္စတွေ ဆွေးနွေးနေတုန်း ထမင်းစားချိန် ဖြစ်သွားလို့ ထမင်းအတူစားဖို့ ဖိတ်ခေါ်လိုက်တာပါ။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးများအားလုံး ပြုံးလိုက်ကြသည်။
လုချန်း၏ စကားကို သူတို့က ယုံကြည်ရမှာလား။
လုချန်း ဘယ်လိုလူမျိုးဖြစ်သည်ကို သူတို့ ကောင်းကောင်းသိကြ၏။ မုယုံရွှီလို အေးစက်ပြီး အရည်အချင်းရှိ လှပသည့်အမျိုးသမီးကို သူ ဘယ်လိုမှ လွှတ်ပေးမည် မဟုတ်ပေ။ အထူးသဖြင့် စာကြည့်ခန်းထဲတွင် သူတို့နှစ်ဦး ထိုသို့သော ကိစ္စများ ပြုလုပ်ခဲ့ပြီးသားဖြစ်လျှင် ဖြစ်သည်။
သို့သော် မုယုံရွှီ ရှက်ရွံ့ခြင်း မရှိစေရန် သူတို့က ပွင့်ပွင့်လင်းလင်းတော့ ထုတ်မပြောပါ။
မည်သို့ပင် ဖြစ်စေ မုယုံရွှီသည် ကျူးနိုင်ငံတော်က စေလွှတ်သော သံတမန်တစ်ဦး ဖြစ်သည်။ ကျူးနိုင်ငံတော်မှ သံတမန်တစ်ဦး မြောက်ပိုင်းနယ်စားမင်းသား၏ မိန်းမဖြစ်သွားသည်ဟူသော ကောလဟာလသည် မုယုံရွှီ၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည်။
မုကျိရွှမ်းက ဆက်၍
“ဪ ဒီလိုကိုး။ ကျွန်မ မှားသွားပါတယ်။ပေါ့ပေါ့ဆဆ မပြောသင့်ပါဘူး။”
ထိုစကားကို ပြောပြီးနောက် မုကျိရွှမ်းက မုယုံရွှီဘက်သို့ လှည့်ကာ
“မုယုံမိန်းကလေး။ ကျွန်မ တကယ်စိတ်မကောင်းပါဘူး။ ကျွန်မ နားလည်မှု လွဲခဲ့မိလို့ ခွင့်လွှတ်ပါ။”
ထို့နောက် မုယုံရွှီက
“ရပါတယ်။ မိဖုရား။ ကျွန်မက အတွင်းဆောင်ထဲမှာ ရှိနေတော့ မိဖုရား နားလည်မှုလွဲတာ မဆန်းပါဘူး။”
ထိုအချိန်တွင် မုကျိရွှမ်းက မုယုံရွှီရှေ့သို့ တက်သွားကာ သူမ၏လက်ကို ဆွဲပြီး
“ ထမင်းစားဖို့ အဆင်သင့်ဖြစ်ပါပြီ။ မုယုံမိန်းကလေး ထိုင်ပါဦး။”
............
အခန်း( ၅၆၇ )
မုယုံရွှီ၏ အလုံးစုံအလျှော့ပေးမှု (၁)
မုကျိရွှမ်း ဆွဲခေါ်လာ၍ ထမင်းစားပွဲတွင် ထိုင်မိသောအခါ မုယုံရွှီ နေရာမှားနေသလို ခံစားလိုက်ရသည်။ ယခင်က ဤကဲ့သို့ မြင်ကွင်းမျိုးကို သူမတစ်ခါမှ မကြုံဖူးပေ။
ငယ်စဉ်ကတည်းက လူအများကြီးနှင့် အတူတူထိုင်၍ ထမင်းစားသည့် အခြေအနေမျိုးကို သူမ မတွေ့ကြုံခဲ့ဖူးပေ။
နန်းတော်တွင် ရှိစဉ်က သူမသည် တစ်ယောက်တည်း ထမင်းစားပြီးနောက် အလုပ်လုပ်ခြင်း သို့မဟုတ် ဧကရီ သင်ကြားပေးထားသော ကျင့်စဉ်များကို လေ့ကျင့်ခြင်းများဖြင့်သာ အချိန်ကုန်ခဲ့သည်။
ထိုအခိုက်အတန့်တွင် မုကျိရွှမ်းနှင့် အခြားသူများက မုယုံရွှီကို ဂရုတစိုက် လုပ်ကိုင်ပေးနေကြရာ မင်းသားစံအိမ်၏ အဖွဲ့ဝင်တစ်ဦး လုချန်း၏ မယားများထဲမှ တစ်ဦးလိုပင် ဖြစ် နေသည်။
တစ်စုံတစ်ခု မှားနေကြောင်း မုယုံရွှီ လျင်မြန်စွာ သဘောပေါက်သွားသည်။ သူမသည် လုချန်း၏ မယားများထဲမှ တစ်ဦး မဟုတ်ပဲ ဘာကြောင့် သူတို့နှင့် ညီအစ်မများလို စကားပြောနေရသနည်း။
အမှန်စင်စစ် ဤအရာအားလုံးသည် မြောက်ပိုင်းနယ်စားမင်းသား၏ ကြံစည်မှုပင် ဖြစ်သည်။ သူမအား မင်းသားစံအိမ်မှ လူများနှင့် ကြိုတင် ရင်းနှီးစေပြီး သူမကို သူ့အမျိုးသမီးအဖြစ် ပုံသွင်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူ၏ လှည့်ကွက်လေးများကို သူမ မြင်နေပြီဖြစ်သည်။ သူမ သူ့ထောင်ချောက်ထဲသို့ ကျလိမ့်မည် မဟုတ်ပေ။
ညစာစားနေစဉ်အတွင်း နောက်ထပ် ပြဿနာတစ်ခုကို မုယုံရွှီ သတိပြုမိသည်။ မင်းသားစံအိမ်မှ အမျိုးသမီးများသည် လုချန်းရှေ့တွင် အနည်းငယ် ရိုင်းပြနေပုံရသည်။
အမျိုးသမီးအချို့ဆိုလျှင် သူတို့ဘာသာသူတို့ ဝိုင်သောက်နေကြပြီး မင်းသားကို လုံးဝ ဂရုစိုက်ကြပုံ မရပေ။
ဤအမျိုးသမီးများသည် လုချန်း၏ လူများ ဖြစ်သော်လည်း သူသည် မင်းသားတစ်ပါး ဖြစ်သည်။ သူတို့၏ အပြုအမူကို အနည်းငယ် ဂရုစိုက်သင့်သည်။ သို့သော် ထိုအမျိုးသမီးများက အလေးအနက် မထားကြပုံရသည်။
ဤအချက်က လုချန်း သူ၏အမျိုးသမီးများအပေါ် မည်မျှ လွတ်လွတ်လပ်လပ် ဆက်ဆံသည်ကို ထင်ရှားစေသည်။ ဤ သဟဇာတဖြစ်သော ပတ်ဝန်းကျင်အလယ်တွင် သူမကိုယ်တိုင် ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသလို မုယုံရွှီ ခံစားလာရသည်။
ထိုစဉ် မုကျိရွှမ်း၏ အသံက မုယုံရွှီ၏ နားထဲသို့ ရောက်လာ၏။
“မင်းသား။ မုယုံမိန်းကလေး ဒီည ဒီမှာပဲ တည်းခိုသင့်လား။ သူ့အတွက် အခန်းချက်ချင်း စီစဉ်ခိုင်းလိုက်ပါမယ်။”
မုကျိရွှမ်း၏ အသံကို ကြားလိုက်သောအခါ မုယုံရွှီ ရုတ်တရက် သတိပြန်ဝင်လာပြီး အတွေးထဲ နစ်မြောမသွားအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်သည်။
သူမသည် တာဝန်တစ်ခုအတွက် ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်က သူမကို မည်သို့မှ မလွှမ်းမိုးစေရပါ။ သူမ ရှေ့မှ မြင်ကွင်းကြောင့် သူမ စိတ်မလှုပ်ရှားသင့်ပေ။ သူမနှင့် မြောက်ပိုင်းနယ်စားမင်းသားကြားရှိ အရာအားလုံးသည် လိမ်လည်မှုများသာဖြစ်ပြီး သူမ၏ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန်သာ အရေးကြီးသည်။
ထိုစဉ် ဘေးမှ လုချန်းက
“မလိုပါဘူး။ မုယုံမိန်းကလေးနဲ့ ကိုယ် ဒီည စာကြည့်ခန်းမှာ ဆွေးနွေးစရာတွေ ရှိတယ်။ မိုးလင်းတဲ့အထိတောင် ကြာနိုင်တယ်”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီက လုချန်းကို မျက်နှာမဲ့၍ ကြည့်လိုက်သည်။ သူသည် စာကြည့်ခန်းထဲတွင် မကောင်းမှုများ ကျူးလွန်ရသည်ကို နှစ်သက်နေဆဲပင်။ မင်းသားစံအိမ်ထဲတွင် အခန်းလွတ်များစွာ ရှိနေသော်လည်း စာကြည့်ခန်းသို့ သွားရောက်၍ ထိုအမူကို ပြုလုပ်ရန် ရွေးချယ်နေသည်။
မုကျိရွှမ်းက ပြုံးလျှက်
“နားလည်ပါပြီ။”
ထို့နောက် မုကျိရွှမ်းက မုယုံရွှီဘက်သို့ လှည့်ကာ
“မုယုံမိန်းကလေး။ ဒီည ထမင်းစားရတာ အဆင်ပြေရဲ့လား။”
မုယုံရွှီက
“ဟုတ်ကဲ့။ မင်းသားစံအိမ်က ဟင်းလျာတွေက အရသာရှိလှပါတယ်။”
မုကျိရွှမ်းက
“ မုယုံမိန်းကလေး သဘောကျတယ်ဆို ဝမ်းသာပါတယ်။”
ထို့နောက် အမျိုးသမီးများသည် မုယုံရွှီအား ကျူးနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့၏ အစားအသောက်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကဲ့သို့သော သာမန်ကိစ္စရပ်များအကြောင်း စကားစမြည် ပြောကြသည်။
ညစာစားပြီးနောက် အစေခံတစ်ဦးက လုချန်းအတွက် ရေနွေးယူလာပေးသည်။ သူက မျက်နှာနှင့် ပါးစပ်ကို လျင်မြန်စွာ သုတ်ပြီးနောက် မုယုံရွှီကို
“မုယုံမိန်းကလေး။ အခုပဲ စာကြည့်ခန်းသွားရအောင်။”
လုချန်း၏ အသံကို ကြားလိုက်သောအခါ
မုယုံရွှီမှာ သတိပြန်ဝင်လာပြီး ချက်ချင်း မတ်တပ်ရပ်ကာ
“ကောင်းပါပြီ။”
ထိုအချိန်တွင် မုကျိရွှမ်းက မုယုံရွှီကို
ပြုံးလျှက်
“မုယုံမိန်းကလေး အချိန်ရရင် မင်းသားစံအိမ်ကို အလည်လာပါဦး”
ဟု ဖိတ်ခေါ်လိုက်သည်။
မုယုံရွှီက “အင်း” ဟုသာ တုံ့ပြန်လိုက်သည်။
ထို့နောက် မုယုံရွှီလည်း လုချန်းနှင့်အတူ စာကြည့်ခန်းသို့ လိုက်သွားသည်။ သူတို့ ထွက်သွားသောအခါ ဝမ်ချင်းစီက ခပ်တိုးတိုး ရယ်လိုက်ပြီး ချူးယုချင်ကို လှမ်းပြောသည်။
“ ကျွန်မက မင်းသားကို စာကြည့်ခန်းမှာ အနှောင့်အယှက်ပေးပြီး နိုင်ငံတော်ကိစ္စတွေ ဆောင်ရွက်တာကို နှောင့်နှေးစေတယ်လို့ ဒေါ်လေးချူး အမြဲပြောနေကျပဲ။ အခု မုယုံရွှီက မင်းသားနဲ့ စာကြည့်ခန်းမှာ တစ်ညလုံး အတူရှိနေမှာကိုကျတော့ ဘာမှ မပြောတော့ဘူးလား။”
ချူးယုချင်က နှာခေါင်းရှုံ့ကာ
“မင်းက မင်း။ သူက သူပဲ။ သူက မင်းသားစံအိမ်ကို နေ့တိုင်းလာနေတာ မဟုတ်ဘူး။”
“ နောက်ပြီး အခုက ညဘက်။ အနားယူရမယ့်အချိန်။ နေ့ခင်းကြောင်တောင် ချန်းလေးကို လာနှောင့်ယှက်တတ်တဲ့ မင်းလို ခွေးမနဲ့ မတူဘူး။”
ထိုသို့ ပြောပြီးနောက် ချူးယုချင်သည် ဝမ်ချင်းစီဟူသော မြူစွယ်တတ်သည့် ခွေးမနှင့် ဆက်လက်ရန်ဖြစ်လိုစိတ် မရှိတော့ပဲ လေပြင်းမိုးတိမ်ဆောင်မှ ထွက်ခွာသွား တော့သည်။
မကြာမီပင် လုချန်းနှင့် မုယုံရွှီတို့ စာကြည့်ခန်းသို့ ရောက်ရှိလာသည်။
စာကြည့်ခန်းသို့ ရောက်သည်နှင့် လုချန်းသည် မုယုံရွှီကို အလျင်စလို ဘာမှ မလုပ်ပေ။ နှစ်ဦးစလုံး အနားယူခန်းသို့ အရင်ဝင်သွားကြသည်။ ထိုနေရာတွင် လုချန်းက နဂါးဖီးနစ်လက်ဖက်ရည် တစ်အိုး ဦးစွာ နှပ်ပြီးနောက် မုယုံရွှီကို တစ်ခွက် ငှဲ့ပေးသည်။
“လက်ဖက်ရည်သောက်ရင်း စကားပြောကြစို့ မုယုံမိန်းကလေး။”
ထိုစကားကို ကြားသောအခါ မုယုံရွှီက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် လုချန်း ကြည့်လိုက်သည်။ သူသည် ယခင်က အမြဲတမ်း တိုက်ရိုက် လှုပ်ရှားတတ်သည်။ အဘယ်ကြောင့် ယနေ့တွင် ရုတ်တရက် ယဉ်ကျေးလာရသနည်း။
မုယုံရွှီ စဉ်းစားမနေတော့ပဲ စားပွဲတွင် ထိုင်ချလိုက်ပြီး နဂါးဖီးနစ်လက်ဖက်ရည် တစ်ခွက်ကို ဖြည်းညှင်းစွာ သောက်လိုက်သည်။
မုယုံရွှီက
“မင်းသား ဘာဆွေးနွေးချင်ပါလဲ။”
ပြုံးလျှက် လုချန်းက
“ယွဲ့ဧကရာဇ်က တခြားဘယ်သူ့ကိုမှ မရွေးပဲ မင်းကိုမှ မြောက်ပိုင်းပြည်နယ်ကို လာဖို့ ဘာကြောင့် တိတိကျကျ ရွေးချယ်ပြီး ကိုယ်နဲ့ နီးစပ်ဖို့ မင်းရဲ့ အလှကိုတောင်သုံးဖို့ ဘာလို့ ညွှန်ကြားခဲ့တယ်ဆိုတာ မင်းသိလား။”
ဤမေးခွန်းကို ကြားသောအခါ မုယုံရွှီ ခဏခန့် အံ့အားသင့်သွားသည်။
သူမ ထိုမေးခွန်းကို များများစားစား မစဉ်းစားခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏အမြင်တွင် ယွဲ့ဧကရာဇ်သည် ဧကရာဇ်ဖြစ်ပြီး နိုင်ငံ၏ အုပ်စိုးသူ ဖြစ်သည်။ သူမ ဘာလုပ်ချင်ချင် လုပ်နိုင်သည်။ သူမကို မြောက်ပိုင်းနယ်စားမင်းသားနှင့် နီးစပ်စေလိုလျှင်လည်း သူမတွင် ငြင်းဆန်ရန် သို့မဟုတ် သံသယဝင်ရန် အနေအထားမရှိပေ။
ထို့ပြင် မုယုံရွှီသည် သူမ၏ အလှကို သူမကိုယ်တိုင် သိသည်။ ဧကရာဇ်၏ မျက်လုံးထဲတွင် သူမသည် ဆွဲဆောင်မှုရှိပြီး မြောက်ပိုင်းနယ်စားမင်းသား၏ နှစ်သက်မှုများနှင့် ကိုက်ညီသည်ဟု ထင်မြင်ခြင်းကြောင့် မြောက်ပိုင်းပြည်နယ်သို့ စေလွှတ်ခြင်း ဖြစ်နိုင်သည်ဟု တွေးမိသည်။
.............