← Chapters

အခန်း ၅၆၈-၅၇၀

Vol. 38 Ch. 568-570

အခန်း ၅၆၈-၅၇၀

Vol. 38 Ch. 568-570

အခန်း (၅၆၈ )

မုယုံရွှီ၏ အလုံးစုံအလျှော့ပေးမှု (၂)

သတိပြန်ဝင်လာသောအခါ မုယုံရွှီက မျက်နှာထားတည်တည်ဖြင့်

“ဒါက ဧကရီရဲ့ ဆုံးဖြတ်ချက်ပါ။ ဧကရီရဲ့ အစေခံတစ်ယောက်အနေနဲ့ ကျွန်မက သူ့အမိန့်ကို နာခံဖို့ပဲ လိုတယ်။ ဘာကြောင့်လဲဆိုတာကို စဉ်းစားနေစရာ မလိုပါဘူး”

လုချန်းက ရယ်မောလိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံ သောက်လိုက်ပြီး

“မင်းကတော့ ယွဲ့ဧကရာဇ်အတွက် တကယ်ပဲ အသုံးဝင်တဲ့ ကိရိယာတစ်ခုပဲ။ ဘာမှ မစဉ်းစားဘူးကိုး။”

ထို့နောက် မုယုံရွှီက

“မင်းသားရဲ့ အမြင်အရဆိုရင် ဧကရိီက ကျွန်မကို မြောက်ပိုင်းပြည်နယ်ကို ဘာကြောင့် စေလွှတ်ခဲ့တာလဲ”

ဟု မေးလိုက်သည်။

မုယုံရွှီ စကားမဆုံးသေးခင်မှာပင် လုချန်းက လက်ဖက်ရည်ခွက်ကို ချပြီး လက်မြှောက်ကာ မုယုံရွှီ၏ မေးစေ့ကို ဆွဲကိုင်ရင်း သူမ၏ အေးစက်ပြီး အလွန်လှပသော မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ယွဲ့ဧကရာဇ်က မင်းကို စေလွှတ်ရတဲ့ အကြောင်းရင်းက မင်းက ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လောက်အောင် လှပတာရယ်၊ ဒါ့အပြင် တခြားအရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်။”

မုယုံရွှီက

“ဘာအကြောင်းရင်းလဲ။”

လုချန်း ပြုံးလိုက်ပြီး မုယုံရွှီ၏ မေးစေ့ကို လွှတ်ကာ ထရပ်လိုက်ပြီး ကုတင်ဆီသို့ လျှောက်သွားသည်။ ကုတင်ဘေးရောက်သောအခါ လုချန်း ကုတင်စွန်းတွင် ထိုင်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ မုယုံရွှီမှာ ခဏတာမျှ ရပ်တန့်သွားသည်။ လုချန်းက သူမနှင့် စကားကို ဆက်ပြောလိမ့်မည်ဟု ထင်ခဲ့သည်။ လက်ဖက်ရည် အနည်းငယ် သောက်ပြီးသည်နှင့် သူ၏ အတွေးများက ထိုသို့သော ကိစ္စများဆီသို့ လှည့်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ထို့နောက် လုချန်းက ကုတင်ကို ပုတ်လိုက်သည်။

“မုယုံမိန်းကလေး။ ဒီမှာ လာထိုင်ပါ။ ယွဲ့ဧကရာဇ်က တခြားဘယ်သူ့ကိုမှ မလွှတ်ပဲ မင်းကိုမှ ဘာကြောင့် စေလွှတ်ခဲ့တယ်ဆိုတာ ကိုယ် ပြောပြမယ်။”

မုယုံရွှီ ဘာမှ ထပ်မစဉ်းစားတော့ပဲ ဖြည်းညှင်းစွာ ထရပ်ကာ လုချန်းဘေးတွင် ထိုင်ချလိုက်သည်။ သူမ ထိုင်လိုက်သည်နှင့် လုချန်း၏ လက်က သူမ၏ ခါးကိုဖက်လိုက်၏။ ထို့နောက် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ပွတ်သပ်ရင်း

“ယွဲ့ဧကရာဇ် မင်းကို စေလွှတ်ရတဲ့ အရေးအကြီးဆုံး အကြောင်းရင်းက မင်းရဲ့ ဝမ်းဗိုက်ပေါ်က အပျိုစင်အမှတ်အသားကြောင့်ပဲ။”

ထိုစကားကို ကြားသောအခါ မုယုံရွှီ အံ့အားသင့်သွားပြီး သိလိုစိတ်ဖြင့်

“အပျိုစင်အမှတ်အသား....။ ဒါက အပျိုစင်အမှတ်အသားနဲ့ ဘာဆိုင်လို့လဲ”

ဟု မေးလိုက်သည်။

လုချန်းက မုယုံရွှီ၏ မေးခွန်းကို မဖြေပဲ သူမ၏ နီရဲသော နှုတ်ခမ်းကို နမ်းလိုက်သည်။ ထို့နောက် သူမကို ကုတင်ပေါ်သို့ ညင်သာစွာ လှဲချလိုက်ရာ သူမ၏ ဆံထုံးကျွတ်ကာ ဆံပင်များ ကုတင်ပေါ်တွင် ပြန့်ကျဲသွားသည်။

လုချန်း အစပြုသည်ကို မြင်သောအခါ မုယုံရွှီလည်း ခုနက စကားများကို ဆက်မစဉ်းစားတော့ပေ။ လုချန်းကို ဦးစွာ ပြုစုပြီးမှ မြောက်ပိုင်းပြည်နယ်၏ စစ်ရေးဖြန့်ကြက်မှုမြေပုံများကို သူ့ထံမှ ရယူရန် နည်းလမ်းရှာမည်ဟု တွေးလိုက်သည်။

သို့သော် လုချန်းက ဘာမှ ဆက်မလုပ်သေးပေ။ သူက မုယုံရွှီ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ အပျိုစင်အမှတ်အသားကို ထိလိုက်ရင်း

“မင်းရဲ့ အပျိုစင်အမှတ်အသားက သာမန်အမှတ်အသား မဟုတ်ဘူး။”

ထိုအချိန်တွင် မုယုံရွှီ၏ မျက်လုံးများ ဝေဝါးနေပြီး လုချန်း၏ စကားကို ဂရုမစိုက်နိုင်တော့ပေ။

“မင်းသား၊း။ ကျွန်မရဲ့ အပျိုစင်အမှတ်အသားက ပျက်စီးသွားတာ ကြာပြီပဲ။ အခုမှ ဒါကို ပြောနေလို့ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ကျေးဇူးပြုပြီး အချိန်မဆွဲပါနဲ့တော့။”

သူမ စကားပြောရင်း မုယုံရွှီ၏ လက်က မြှောက်တက်လာပြီး လုချန်း၏ လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။

မုယုံရွှီ၏ အပြုအမူကို မြင်သောအခါ လုချန်း ရယ်မောလိုက်ပြီး

“မင်းရဲ့ အပျိုစင်အမှတ်အသားက တကယ်တော့ ကျိန်စာပုံစံတစ်ခုပဲ။ ယောက်ျား တစ်ယောက်က မင်းရဲ့ အပျိုစင်ဘဝကို ချိုးဖျက်လိုက်တာနဲ့ ဒီကျိန်စာပုံစံက သူ့ကို သက်ရောက်လိမ့်မယ်။ အဲ့ဒီအခါကျရင် သူက မင်းကို အရမ်း စွဲလန်းသွားလိမ့်မယ်။ မင်းကို မခွဲနိုင်တော့ဘဲ မင်းအမိန့်တွေကို နာခံပြီး မင်းကိုစိတ်ကြိုက် ခြယ်လှယ်ခွင့်ပေးလိမ့်မယ်။”

လုချန်း၏ စကားကို ကြားလိုက်သောအခါ တွေဝေနေခဲ့သော မုယုံရွှီလည်း ချက်ချင်း သတိပြန်ဝင်လာပြီး မယုံကြည်နိုင်စွာဖြင့် လုချန်းကို ကြည့်လိုက်သည်။

လုချန်း ပြောသည့်အတိုင်း မှန်ကန်သည်ဆိုလျှင် သူမ၏ အပျိုစင်ဘဝကို ချိုးဖျက်ခဲ့သူ မှာ သူဖြစ်သောကြောင့် သူသည်ယခုအခါ ကျိန်စာပုံစံ၏ သက်ရောက်မှုကို ခံနေရပြီး အခြေခံအားဖြင့် သူမ၏ ကျွန်ဖြစ်နေသည်ဟု မဆိုလိုပေဘူးလား။

သတိပြန်ရလာသောအခါ မုယုံရွှီက လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း

“မင်းသား။ ဒီလိုမျိုး မစနောက်ပါနဲ့။ ဒါက သာမန်အပျိုစင်အမှတ်အသားသက်သက်ပဲ။ မင်းသား ပြောသလို စွမ်းအားတွေ တကယ်ရှိတယ်ဆိုရင် အခုဆိုရင် မင်းသားက ကျွန်မကို လုံးလုံးလျားလျား ချစ်နေပြီး ကျွန်မရဲ့ စေခိုင်းရာကို နာခံနေရမှာပေါ့။”

“ဒါပေမဲ့ ကျွန်မ မြင်ရသလောက်တော့ မင်းသားက ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ သဘောကျပုံရတယ်။ ကျိန်စာသင့်နေပုံလည်း မရပါဘူး။”

လုချန်းက မုယုံရွှီ၏ အပျိုစင်အမှတ်အသားကို ပွတ်သပ်ရင်း

“ကိုယ် ဒီကျိန်စာပုံစံရဲ့ သက်ရောက်မှုကို မခံရတာက ကိုယ့်ရဲ့ ခန္ဓာကိုယ်က ထူးခြားလို့ပါ။”

“ကိုယ် မင်းကို ချစ်မိသွားပြီလားဆိုတာနဲ့ ပတ်သက်ရင်တော့ ကျိန်စာပုံစံ မပါရင်တောင် မင်းကို ချစ်မိမှာပဲ။ ပြီးတော့ မင်းကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ခေါ်ပြီး ကိုယ့်ဇနီး လုပ်ခိုင်းမှာပဲ။”

လုချန်း၏ စကားကို ကြားသောအခါ မုယုံရွှီ တိတ်ဆိတ်သွားပြီး ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျက် လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူ သူမကို လှည့်စားနေသည့် လက္ခဏာ တစ်စုံတစ်ရာ ရှိမရှိ ရှာဖွေနေသည်။

သို့သော် လုချန်း၏ အကြည့်မှာ အလွန်တည်ကြည်နေပြီး လိမ်ညာနေသည့်ပုံ မပေါ်ပေ။ သူက ဆက်၍

“မင်းက ကျူးဧကရီနဲ့ နီးစပ်တဲ့ အစေခံတစ်ယောက်။ သူက မင်းကို အထူးယုံကြည်ပြီး တန်ဖိုးထားတယ်။ သူ့အတွက် မင်းက အရမ်းအသုံးဝင်တဲ့ ကိရိယာတစ်ခုပဲ။ ဒီလို အသုံးဝင်တဲ့ ကိရိယာတစ်ခုကို သူက ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ စွန့်ပစ်ရတာလဲဆိုတာ မစဉ်းစားမိဘူးလား။”

မုယုံရွှီ ဆက်မပြောသေးပေ။

လုချန်းက ဆက်၍

“မင်းက သူအတန်ဖိုးထားဆုံး ကိရိယာ ဖြစ်နေလို့ပဲ သူက မင်းကို သုံးပြီး ကိုယ့်ကို ထိန်းချုပ်ချင်တာ။ ကိုယ့်ကို သူ့ရဲ့ စစ်တုရင်ခုံထဲက အရုပ်တစ်ရုပ် ဖြစ်အောင် လုပ်ချင်တာ။ ကံမကောင်းစွာနဲ့ပဲ သူလုပ်ထားတဲ့ အပျိုစင်အမှတ်အသားက သက်ရောက်မှု မရှိဘူးဆိုတာ သူမတွက်ထားမိဘူး။”

မုယုံရွှီ လုချန်း၏ စကားများကို ယုံချင်လာသလို ဖြစ်သွား၏။ ဧကရီက သူမကို မြောက်ပိုင်းပြည်နယ်သို့ ဘာ့ကြောင့်ရွေးချယ် စေလွတ်သည်ဆိုတာကိုလည်း စဉ်းစားလိုက်မိသည်။

ကျူးနိုင်ငံတော်သည် မသေးငယ်ပေ။ လုချန်းကို ဆွဲဆောင်နိုင်သော လှပသည့် အမျိုးသမီးများစွာ ရှိနိုင်သော်လည်း ယွဲ့ဧကရာဇ်က သူမကို တိတိကျကျ ရွေးချယ်ခဲ့သည်။

အားထားရသော အစေခံတစ်ဦးဖြစ်သည့် သူမ၏ ရှိနေခြင်းသည် ဧကရီအတွက် နိုင်ငံတော်ကိစ္စများကို ဆောင်ရွက်ရာတွင် ပိုမို လွယ်ကူစေသည်မှာ သေချာသည်။

...........

အခန်း (၅၆၉ )

မုယုံရွှီ၏ အလုံးစုံအလျှော့ပေးမှု (၃)

မြောက်ပိုင်းနယ်စားမင်းသား ပြောသည်များက မှန်ပါသည်။ သူမသည် အလွန်အသုံးဝင်သော ကိရိယာဖြစ်သောကြောင့် ယွဲ့ဧကရီက သူမကို အပြင်သို့ မစေလွှတ်သင့်ပေ။ သို့မဟုတ် ကျူးနိုင်ငံတော်တွင် ရှိနေသည်ထက် မြောက်ပိုင်းပြည်နယ်တွင် ပိုမို အသုံးဝင်သည်ဟု ဧကရီ ထင်မြင်ယူဆခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မြောက်ပိုင်းနယ်စားမင်းသားသည် ရည်မှန်းချက်ကြီးပြီး အရည်အချင်းရှိသူဖြစ်သည်။ သူ့ကို သူမမှတဆင့် ထိန်းချုပ်နိုင်လျှင် နောင်တွင် အလွန်အသုံးဝင်လိမ့်မည်။

သို့သော်လည်း ထိုအချက် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အရေးမကြီးတော့ပေ။

လုချန်း ယွဲ့ဧကရာဇ်၏ ကြံစည်မှုကို သိမြင်ပြီးဖြစ်၏။ အပျိုစင်အမှတ်အသား၏ ရည်ရွယ်ချက်ကို သူနားလည်ပြီးဖြစ်သည်။ အရေးအကြီးဆုံးမှာ ထိုအပျိုစင်အမှတ်အသားသည် လုချန်းအပေါ် အကျိုးသက်ရောက်မှု မရှိခြင်းကြောင့် ယွဲ့ဧကရာဇ်၏ အစီအစဉ် ပျက်ပြားသွားပြီဟု ‌ဆိုလိုသည်။

ထိုစဉ် လုချန်းက ပြုံးလျှက်

“အစက ယွဲ့ဧကရာဇ်က မင်းကို သုံးပြီး ကိုယ့်ကို ထိန်းချုပ်ဖို့ စီစဉ်ခဲ့တာ။ ဒါပေမဲ့ အခု မင်းရဲ့ အပျိုစင်ဘဝ ပျက်စီးသွားပြီ။ အပျိုစင်အမှတ်အသားက ကိုယ့်အပေါ် အလုပ်မလုပ်တော့ဘူး။ အပျိုစင်အမှတ်အသားက အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ ယွဲ့ဧကရာဇ် သိရင် သူ မင်းကို ဆက်ယုံကြည်မယ်လို့ မင်းထင်လား။”

“ဒါက ရိုးရှင်းတဲ့ ယုတ္တိဗေဒပဲ။ မင်းက ကိုယ့်ကို ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘူး။ ကိုယ်က မင်းရဲ့ အပျိုစင်ဘဝကို ရယူခဲ့တာ။ နောက်ဆုံးရလဒ်က မင်း ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတာ ဖြစ်နိုင်တယ်။ အပျိုစင်အမှတ်အသား အလုပ်မလုပ်တော့ဘူးဆိုတာ ယွဲ့ဧကရာဇ် သိသွားတာနဲ့ မင်းက သူ့အတွက် အသုံးမဝင်တော့ဘူး။”

မုယုံရွှီ အနည်းငယ် တွေဝေသွားသည်။ ယွဲ့ဧကရာဇ်က အစကတည်းက အပျိုစင်အမှတ်အသားအကြောင်း သူမကို မပြောပြခြင်းမှာ အံ့သြစရာ မရှိပေ။ ထိုအမှတ်အသား အကျိုးသက်ရောက်မှု မရှိလျှင် သူမ ယွဲ့ဧကရာဇ်အတွက် အသုံးမဝင်တော့မည်ကို စိုးရိမ်ပြီး ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ကောင်း ဖောက်သွားနိုင်သည်။

ထိုအချိန်တွင် မုယုံရွှီက

“ဒါတွေအားလုံး ကျွန်မကို ပြောပြတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။”

လုချန်းက

“မင်း ကိုယ့်အပေါ် လုံးဝ စွဲလမ်းသွားစေပြီး ကိုယ်ရဲ့ မိန်းမ ဖြစ်လာစေဖို့ပဲ။”

ထိုသို့ ပြောပြီးနောက် လုချန်းက မုယုံရွှီ၏ နီရဲသော နှုတ်ခမ်းများကို ထပ်မံ နမ်းလိုက်သည်။

အနည်းငယ် ခုခံပြီးနောက် လုချန်းနှင့် ပူးပေါင်းဆောင်ရွက်ရန်မှတစ်ပါး သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

လုချန်း ပြောခဲ့သည်များကို ပြန်စဉ်းစားမိသောအခါ မုယုံရွှီ စိုးရိမ်စိတ်များ ဝင်လာသည်။ သို့သော် ကိုယ်ခန္ဓာ၏ ထိတွေ့ခံစားမှုများနှင့် သူမ၏ စိတ်လှုပ်ရှားမှုများက သူမ၏ စိုးရိမ်ပူပန်မှုအားလုံးကို လုံးဝ မေ့ပစ်လိုစိတ် ဖြစ်ပေါ်စေသည်။

အချိန် မည်မျှကြာသွားသည်မသိ သူမ၏ ကျောပြင်တွင် ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏ သတိအနည်းငယ် ကြည်လင်လာပြီး ခေါင်းလှည့်ကြည့်လိုက်ရာ လုချန်းဆိုသော ထိုလူဆိုးက စုတ်တံကို ကိုင်ပြီး သူမ၏ ကျောပြင်ပေါ်တွင် စာရေးနေသည်ကို တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် မုယုံရွှီ၏ ကိုယ်ခန္ဓာပူလောင်နေပြီး မခံမရပ်နိုင် ဖြစ်နေသည်။ သူက လက်ရှိကိစ္စကို ဂရုမစိုက်ပဲ သူမ၏ ကျောပြင်ပေါ်တွင် စုတ်တံဖြင့် ရေးနေသည်။

ထို့နောက် မုယုံရွှီက

“မင်းသား...။ ညကအရှည်ကြီး ကျန်ပါသေးတယ်။ စာရေးဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ် မဟုတ်လား။ အဓိက ကိစ္စကို အရင် ပြီးအောင်မလုပ်ဘူးလား။”

မုယုံရွှီ၏ ထိုသို့ ဆွဲဆောင်မှုရှိသော အခြေအနေကို မြင်သောအခါ လုချန်းလည်း စာရေးခြင်းကို ရပ်လိုက်သည်။

“အဓိကကိစ္စကို လုပ်စေချင်ရင် ဒီည မင်းသားစံအိမ်ကို မင်းလာရတဲ့ တကယ့် အကြောင်းရင်းကို ပြောပြပါ။”

မုယုံရွှီ၏ ရင်ထိတ်သွားသည်။

သူမ၏ လိမ်ညာမှုများကို မြောက်ပိုင်းနယ်စားမင်းသား မြင်သွားခဲ့ပြီ။

မဟုတ်ပါ။ မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ စကားကို အစကတည်းက မယုံကြည်ခဲ့ဟုပြောလျှင် ပိုမှန်သည်။

ကိုယ်ခန္ဓာအတွင်းမှ မသက်မသာဖြစ်မှုကို အောင့်အီး၍ မုယုံရွှီက

“မင်းသား။ ကျွန်မ ပြောပြီးပြီ မဟုတ်လား... ကျွန်မ ဧကရီကြောင့် လာတာပါလို့...”

လုချန်းက သူမစကားကို ဖြတ်တောက်လိုက်ပြီး

“မင်းအခုလာတဲ့ ရည်ရွယ်ချက်ကို မပြောချင်ဘူးဆိုရင် မပြောပါနဲ့တော့။ ကိုယ်

စာ ရေးဆက်ကျင့်တော့မယ်။”

မုယုံရွှီက စိတ်ပျက်စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဤလူယုတ်မာသည် သူမကို စနောက်နေပြီး သတင်းအချက်အလက် ထုတ်ယူရန်အတွက် ယုတ်မာသော နည်းလမ်းများကို သုံးနေခြင်းဖြစ်သည်။

အခြားရွေးချယ်စရာမရှိတော့ပဲ မုယုံရွှီက နောက်ဆုံးတွင်

“ဧကရီက... ကျွန်မကို မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ဖြန့်ကြက်မှုမြေပုံကို ရယူခိုင်းထားတာပါ။”

မုယုံရွှီ စကားမဆုံးသေးခင်မှာပင် လုချန်းက စုတ်တံကို ပစ်ချလိုက်ပြီး သူမ၏ နီရဲသော နှုတ်ခမ်းများကို ထပ်မံ နမ်းလိုက်သည်။

.......

မိုးသောက်ယံ။

လုချန်း နိုးလာသောအခါ လန်းဆန်းနေသည်ဟု ခံစားရသည်။ မုယုံရွှီက‌တော့ နိုး‌ နေပြီဖြစ်ပြီး ကုတင်ဘေးတွင်ထိုင်‌နေသည်။ သူမ၏ အဝတ်အစားများက ခန္ဓာကိုယ်၏ တစ်ဝက်ကိုသာ ဖုံးအုပ်ထားသဖြင့် အလွန်ဆွဲဆောင်မှုရှိနေသည်။

လုချန်း နိုးလာသည်ကို မြင်သောအခါ မုယုံရွှီ၏ မျက်လုံးများတွင် ရှုပ်ထွေးနေသော အ‌ရိပ်အယောင်များ ပေါ်လာ၏။ ပြီးခဲ့သည့်ညက လုချန်း၏ ပြင်းထန်သော စစ်ဆေးမေးမြန်းမှုအောက်တွင် သူမ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာရခြင်း၏ ရည်ရွယ်ချက်ကို ဖွင့်ဟခဲ့မိသည်။

ယခု သူမ ဒုက္ခရောက်နေပြီ။ ဧကရီ ပေးအပ်သော တာဝန်ကို သူမ ပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။ လုချန်းက သူမ စစ်တပ်ဖြန့်ကြက်မှုမြေပုံကို လာယူသည်ကို သိနေပြီဖြစ်သောကြောင့် စစ်တပ်ဖြန့်ကြက်မှု ပုံစံများအမှန်များကို သူမအား ပြောပြမည် မဟုတ်သလို မြေပုံအစစ်ကိုလည်း ပြသမည် မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေ ဒါတွေက အရေးမကြီးတော့ပါ။ ဒါက ဝူနိုင်ငံတော်ကို ကူညီပေးခြင်းမျှသာ ဖြစ်သည်။ သူမ စစ်တပ်ဖြန့်ကြက်မှုမြေပုံကို မရရှိခဲ့လျှင်လည်း ယွဲ့ဧကရာဇ်က သူမကို အပြစ်တင်မည် မဟုတ်ပေ။

ထိုသို့ တွေးမိပြီး မုယုံရွှီ အဝတ်ဆက်ဝတ်နေလိုက်၏။ လုချန်းကို တစ်ခွန်းမျှ မပြောတော့ပေ။

မုယုံရွှီ တိတ်ဆိတ်စွာ အဝတ်ဝတ်သည်ကို ကြည့်နေရင်း လုချန်းက စူးစိုက်ကြည့်ကာ

“ဘာလို့ ဘာမှမပြောတာလဲ”

ဟု မေးလိုက်သည်။

မျက်နှာထားတည်တည်ဖြင့် မုယုံရွှီက

“မင်းသားရှေ့မှာ ကျွန်မရဲ့ စကားတွေကို ကျွန်မ မပိုင်တော့ဘူး။ ဒါ့ကြောင့် ကျွန်မ ဘာမှမပြောချင်ဘူး”

လုချန်း ရယ်မောလိုက်သည်။ မုယုံရွှီ၏ ဆိုလိုချင်သော “ကျွန်မစကားတွေကို ကျွန်မ မပိုင်” ဆိုသည်မှာ ပြီးခဲ့သည့်ညကို ရည်ညွှန်း နေခြင်း ဖြစ်မည်။ သူ၏ အခန်းထဲတွင် မုယုံရွှီအတွက် သူ့ကို နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ထို့နောက် လုချန်းက

“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်တပ်ဖြန့်ကြက်မှုမြေပုံ တစ်စိတ်တစ်ပိုင်းကို မင်းကို ပေးမယ်။ ဒါဆို မင်း ယွဲ့ဧကရာဇ်ကို ပြန်အစီရင်ခံနိုင်ပြီ။”

မုယုံရွှီက ဂရုမစိုက်သလိုဖြင့်

“မင်းသားက စစ်တပ်ဖြန့်ကြက်မှုမြေပုံ အတုကို သုံးပြီး ဝူနိုင်ငံတော် စစ်တပ်ကို လှည့်စားဖို့ ရည်ရွယ်တာ မဟုတ်လား။”

စစ်တပ်ဖြန့်ကြက်မှုမြေပုံသည် အရေးပါသော စစ်ရေးလျှို့ဝှက်ချက် ဖြစ်သည်။ ရန်သူကို အတုယောင်မြေပုံဖြင့် ထောင်ချောက်ဆင်ရန် အကြံအစည် မရှိပါက မည်သူမှ ထိုမြေပုံကို အလွယ်တကူ ပေးအပ်မည် မဟုတ်ပေ။

လုချန်းက သူမကို မြေပုံအစစ် ပေးမည်ဟု မုယုံရွှီ မယုံကြည်ပေ။

လုချန်းက

“ကိုယ်က စစ်တပ်ဖြန့်ကြက်မှုမြေပုံကို မင်းကနေတဆင့် ဝူနိုင်ငံတော်ကို ပေးဖို့ စီစဉ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီမြေပုံရဲ့ တစ်စိတ်တစ်ပိုင်းက တကယ့်အစစ်ပါ”

ထိုသို့ ပြောပြီးနောက် လုချန်းက လက်ဝှေ့ယမ်းလိုက်ရာ သူ၏ စာကြည့်ခန်းမှ မြေပုံလိပ်တစ်ခု အခန်းထဲသို့ ပျံဝင်လာပြီး မုယုံရွှီရှေ့တွင် ဝဲနေသည်။

သူမရှေ့တွင် ဝဲနေသော မြေပုံကို ကြည့်ရင်း မုယုံရွှီလည်း နောက်ဆုံး မနေနိုင်တော့ပဲ မြေပုံကို ယူကာ စစ်တပ်ဖြန့်ကြက်မှု ပုံစံများကို တစ်ချက် ကြည့်လိုက်သည်။

ထိုမြေပုံသည် မြောက်ပိုင်းပြည်နယ်၏ တပ်ဖြန့်ကြက်ထားမှုများကို ဖော်ပြထားသည်မှာ မှန်သော်လည်း တပ်ဖွဲ့အရေအတွက် အတိအကျ မပါဝင်သဖြင့် ထောက်လှမ်းရေးတန်ဖိုးက သိသိသာသာ လျော့နည်းသွားသည်။

ခံတပ်တစ်ခုကို စစ်သည်တစ်ရာဖြင့် ကာကွယ်ထားခြင်းနှင့် စစ်သည်တစ်သိန်းဖြင့် ကာကွယ်ထားခြင်းကြားက ကွာခြားချက်သည် သိမ်းပိုက်ရန် ကြိုးစားသော ရန်သူအတွက် လုံးဝကွဲပြားခြားနားသော စိန်ခေါ်မှု ဖြစ်သည်။

ရယ်မောလျက် လုချန်းက

“ဘယ်လိုလဲ။ မင်းအပေါ် ကိုယ်တော်တော် ရက်ရောခဲ့တယ် မဟုတ်လား။”

“ဒီအပေးအယူနဲ့ မင်း ကျေနပ်လား”

မုယုံရွှီ လုချန်းကို လှည့်ကြည့်လိုက်သည်။ သူက ကုတင်ပေါ်တွင် လှဲလျက် သူမ၏ အကြည့်ကို ပြန်တုံ့ပြန်နေ၏။ ထို့နောက် သူမက

“ကျေးဇူးပါပဲ မင်းသား”

ဟု ဖျော့တော့စွာ ပြောလိုက်သည်။

“ကျွန်မ ဒီနေ့ ပြန်သွားပါဦးမယ်။ မင်းသား ကျွန်မကို ထပ်လိုအပ်ရင် လူလွှတ်ပြီး ခေါ်လိုက်လို့ ရပါတယ်။”

မုယုံရွှီမှာ စိတ်ထဲတွင် အရှုံးပေးလိုက်ပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စဉ်းစားကြည့်လျှင် ဤလူကို သူမ ဘာမှ မလုပ်နိုင်တော့တာ ထင်ရှားသည်။

..........

အခန်း (၅၇၀ )

ဝူနိုင်ငံတော်မှ စွပ်စွဲပြစ်တင်မှု မုန်တိုင်း (၁)

မုယုံရွှီသည် အဝတ်အစားများ ဝတ်ဆင်ပြီးနောက် သူမ၏ ကျဆုံးခဲ့ရသည့် မင်းသားစံအိမ်ဆို‌သော နေရာမှထွက်ခွာခဲ့သည်။

သူမ၏ နေအိမ်သို့ ပြန်ရောက်သည်နှင့် သံရုံးမှ လူများကို စစ်တပ်ဖြန့်ကြက်မှုမြေပုံများ ကျူးနိုင်ငံတော်သို့ ပေးပို့ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။ ထိုမြေပုံများ အစစ်ဖြစ်စေ၊ အတုဖြစ်စေ ပေးပို့ရမည် ဖြစ်သည်။

သူမ၏တက်ကြွမှုကို မပြသလျှင် ဧကရီက သူမကို သံသယဝင်လာနိုင်သည်။

အလုပ်ကိစ္စများကို ပြီးစီးပြီးနောက် သူမ၏ အခန်းသို့ ပြန်လာပြီး အစေခံများကို ရေနွေးယူလာရန် အမိန့်ပေးကာ ရေနွေးဖြည့်ထားသော ရေချိုးကန်ထဲတွင် ရေချိုးခဲ့သည်။

ရေနွေးပြည့်နေသော ရေစည်ထဲတွင် ရေချိုးနေစဉ် သူမ၏ကိုယ်ပေါ်ရှိ စာလုံးများကို မြင်တွေ့သောအခါ မနေ့ညက ဖြစ်ရပ်များကို မုယုံရွှီ သတိရမိပြီး လုချန်းပြောခဲ့သော စကားများကိုလည်း ပြန်လည် အမှတ်ရလာသည်။

မုယုံရွှီ၏ ရင်ထဲတွင် ပြောမပြနိုင်အောင် ရှုပ်ထွေးနေသည်ဟု ခံစားရသည်။ အပျိုစင်အမှတ်အသားကိစ္စသာ မှန်ကန်ပါက မြောက်ပိုင်းနယ်စားမင်းသားက သူမ၏ အပျိုစင်ဘဝကို ရယူခဲ့ပြီး ကျိန်စာအဆိပ်သင့်ခြင်း မရှိသည်ကို ယွဲ့ဧကရီ သိရှိသွားပါက သူမကို ဆက်လက် ယုံကြည်တော့မည် မဟုတ်ပေ။

သူမ၏ အနေအထားဖြင့် ဧကရီ၏ မျက်နှာသာပေးမှု ဆုံးရှုံးသွားသောအခါ သူမကို ဖယ်ရှားပစ်ရန် ကြိုးစားချင်သော လူပေါင်းများစွာ၏ ပစ်မှတ်ဖြစ်လာမည်။ သူမ ယခုထိ အသက်ရှင်ရပ်တည်နေနိုင်ခြင်းမှာ ယွဲ့ဧကရာဇ်က သူမကို ဂရုတစိုက်ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

သူမ တကယ်ပဲ ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ရတော့မှာလား။

“သစ္စာဖောက်ခြင်း” ဟူသော စကားလုံးက သူမ၏ ရင်ကို နာကျင်စွာ ထိုးဖောက်လိုက်သည်။ ယွဲ့ဧကရာဇ်ကို သစ္စာဖောက်ရန် သူမ တစ်ခါမှ စဉ်းစားခဲ့ဖူးခြင်း မရှိပေ။ ဧကရီက သူမကို မကြာခဏ အပြစ်ပေးပြီး ကိစ္စအမျိုးမျိုးကို လုပ်ခိုင်းသည့်တိုင် သူမတွက် တရားမျှတသည်ဟု အမြဲတမ်း ယုံကြည်ခဲ့ပြီး ဧကရီ့အပေါ်တွင်လည်း မည်သည့် မကျေနပ်ချက်မျှ မထားခဲ့ပေ။

ထိုစဉ် မုယုံရွှီသည် သူမ၏ လက်မောင်းကို မြှောက်လိုက်ကာ ရေစည်ထဲမှ ရေများကို ကစားလိုက်၏။ ရေလှိုင်းသံဖြင့် သူမ၏ အတွေးများကို ဆက်လက်မတွေးတော့ရန် တားဆီးလိုက်သည်။

သူမ ဆက်တွေးနေလျှင် ကိုယ်ခန္ဓာက ပြန်ပြီး ထူးဆန်းလာလိမ့်မည်။

ထို့နောက် ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ကာ သူမ၏ ခြေသလုံးကို မြှောက်ပြီး ခြေသလုံးပေါ်တွင် ရေးထားသော စာလုံးများကို ကြည့်လိုက်သည်။ ထို့နောက်

“ဟူး။ ဒီ လူဆိုးက ငါရဲ့ ကြမ္မာဆိုးတစ်ခုပဲ” ဟု သူမဘာသာ ရေရွတ်လိုက်သည်။

........

နေ့လယ်ပိုင်း။

လုချန်းသည် သူ၏ စာကြည့်ခန်းတွင် ယမ်းလက်နက်များအတွက် ပိုမိုကောင်းမွန်သော ဒီဇိုင်းများကို စစ်ဆေးနေစဉ် အစေခံတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“မင်းသား။ ရွှမ်ယွမ်သခင်မက မင်းသားကို တွေ့ဆုံလိုပါတယ်။”

လုချန်းက

“ဝင်ခွင့်ပြုလိုက်ပါ”

ဟု ခပ်အေးအေး ပြောလိုက်သည်။

နောက်တစ်ခဏတွင် ရွှမ်ယွမ်ယွမ်ချီ စာကြည့်ခန်းထဲသို့ ဝင်လာသည်။ လုချန်း၏ အကြည့်သည် စားပွဲပေါ်ရှိ ပုံစံထုတ်ဒီဇိုင်းများပေါ်တွင်သာ ရှိနေပြီး ရွှမ်ယွမ်ယွမ်ချီကို လှည့်မကြည့်ပေ။

ထို့နောက် ရွှမ်ယွမ်ယွမ်ချီက

“မင်းသား ကျွန်မကို ကိစ္စတစ်ခုခုကြောင့် ခေါ်တာပါလား”

ဟု မေးသည်။

ရွှမ်ယွမ်ယွမ်ချီသည် အပေါ်ယံအားဖြင့် တည်ငြိမ်နေသော်လည်း သူမ၏ ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများဖြင့် ဖုံးလွှမ်းနေသည်။ ယနေ့ မင်းသား၏ မေးခွန်းများကို ရိုးသားစွာ ဖြေဆိုပါက သူမကို ရှေ့တန်းသို့ သွားခွင့်ပြုလိမ့်မည်ဟု သူမ၏ အစ်ကိုက မနေ့ညက သူမကို ပြောခဲ့သည်။

တိုက်ပွဲဝင်ခြင်းသည် သူမ အမြဲတမ်း အိပ်မက်မက်ခဲ့ရသည့်အရာ ဖြစ်သည်။

ရွှမ်ယွမ်ယွမ်ချီ၏ စကားကို ကြားသော်လည်း လုချန်းက ခေါင်းမော့ မကြည့်သေးပေ။ သူက စားပွဲပေါ်ရှိ ယမ်းလက်နက်ပုံစံဒီဇိုင်းများကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး မေးလိုက်သည်။

“ယွမ်ချီ။ မင်းရှေ့တန်းသွားချင်တယ်လို့ မင်းအစ်ကိုဆီက ကြားတယ်။ ဟုတ်လား”

ရွှမ်ယွမ်ယွမ်ချီက

“ဟုတ်ပါတယ် မင်းသား။ ကျွန်မ သင်ယူသင့်တာတွေ အားလုံးနီးပါး သင်ယူပြီးပါပြီ။ အခု ကျွန်မ လိုအပ်တာက တကယ့်တိုက်ပွဲ အတွေ့အကြုံပါ။”

လုချန်းက ခပ်အေးအေးဖြင့်

“စစ်မြေပြင်ဆိုတာ လူတွေ သေကြတဲ့ နေရာပဲ။ မင်းထင်သလောက် ရိုးရှင်းတာ မဟုတ်ဘူး။ မင်း တကယ်ပဲ အသင့်ပြင်ထားပြီလား။”

ရွှမ်ယွမ်ယွမ်ချီက တွန့်ဆုတ်ခြင်းမရှိပဲ

“ကျွန်မ စစ်မြေပြင်ကို ဝင်ဖို့ အစောကြီးကတည်းက အသင့်ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး စိတ်ချပါ မင်းသား။”

ထိုအခိုက်အတန့်တွင် လုချန်းက ရွှမ်ယွမ်ယွမ်ချီကို မော့ကြည့်လိုက်သည်။

ရွှမ်ယွမ်ယွမ်ချီသည် အနက်ရောင်နှင့် အနီရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်ခန္ဓာအလှကို အပြည့်အဝ ဖော်ပြနေသည်။ ဆံထုံးကို မြင့်မြင့် ထုံးထားပြီး သူမ၏ ဖြူဖွေးချောမွတ်သော နဖူးကို ဖော်ထားသည်။ သူမ ကြည့်ရတာ အလွန်တက်ကြွလန်းဆန်းနေပုံရသည်။

လုချန်းက တိုက်ရိုက်ပင်

“မင်းကို ရှေ့တန်းသွားခွင့်ပြုနိုင်တယ်။ ဒါပေမဲ့ အခြေအနေတစ်ခု ရှိတယ်။”

ရွှမ်ယွမ်ယွမ်ချီက

“ပြောပါ မင်းသား”

“စစ်ပြီးရင် မင်းသားစံအိမ်ကို ပြန်လာပြီး ကိုယ်ရဲ့ ကိုယ်ရံတော် လုပ်ရမယ်။”

ဒါက...

ရွှမ်ယွမ်ယွမ်ချီ ခဏခန့် ထိတ်လန့်သွားပြီးနောက်

“မင်းသားရဲ့ အခြေအနေကို ကျွန်မ သဘောတူပါတယ်။”

ဒါက ရွှမ်ယွမ်ယွမ်ချီအတွက် စိတ့်အနှောင့်အယှက်တစ်ခု မဟုတ်ပေ။ သူမ ယူမြို့တော်မှ ရန်ခရိုင်သို့ စတင် ရောက်ရှိလာစဉ်ကပင် လုချန်း၏ ကိုယ်ရံတော်လုပ်ကာ သူ့ဘေးတွင် စစ်‌ရေးဗျူဟာများ သင်ယူရန် သဘောတူခဲ့ဖူး၏။ သို့သော် ထိုစဉ်က သူမအစ်ကို ဦးဆောင်သော စစ်တပ်တွင် တာဝန်ပေးခြင်း ခံခဲ့ရသည်။

သူမ ရန်ခရိုင်သို့ ပြန်ရောက်သည်နှင့် မင်းသားက ယခင်ကအတိုင်း စစ်တပ်တစ်ခုကွပ်ကဲရန် သူမကို တာဝန်ပေးလိမ့်မည်ဟု ရွှမ်ယွမ်ယွမ်ချီ တွေးထားသည်။

လုချန်း၏ စံအိမ်၌ အမျိုးသမီးများစွာ ရှိနေပြီးဖြစ်ရာ သူ သူမကို စိတ်ဝင်စားမည် မဟုတ်‌လောက်ပေ။ လက်ရှိတွင် ရွှမ်ယွမ်ယွမ်ချီသည် သူမ၏ ယခင်က လုချန်းအပေါ်ရှိခဲ့သော အထင်သေး‌သည့် အတွေးများကို စွန့်လွှတ်ခဲ့ပြီဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသားအပေါ် သူမ၏ ခံစားချက်များ ပိုမို နက်ရှိုင်းလာခဲ့သည်။

ရွှမ်ယွမ်ယွမ်ချီ သဘောတူသည်ကို မြင်သောအခါ လုချန်းက

“ကောင်းပြီ။ ရက်အနည်းငယ်အတွင်း ရိက္ခာ‌တွေကို ယုံအန်းခရိုင် ပို့လိမ့်မယ်။ မင်း ရိက္ခာပို့ယာဉ်တန်းနဲ့ လိုက်သွားပါ။ ဗိုလ်ချုပ်မုကို မင်းအတွက် နေရာရှာပေးဖို့ ကိုယ် စာရေးလိုက်ပါမယ်။”

ရွှမ်ယွမ်ယွမ်ချီက စိတ်လှုပ်ရှားစွာဖြင့် ဒူးတစ်ဖက် ထောက်လိုက်ပြီး

“ကျေးဇူးတင်ပါတယ် မင်းသား။”

လုချန်းက

“ကောင်းပါပြီ။ ထပါ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ”

“ဟုတ်ကဲ့ပါ မင်းသား။ ကျွန်မကို ခွင့်ပြုပါဦး။”

စကားဆုံးသည်နှင့် ရွှမ်ယွမ်ယွမ်ချီလည်း စာကြည့်ခန်းမှ ရွှင်မြူးစွာဖြင့် ထွက်ခွာသွားသည်။ သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း လုချန်း ရင်ထဲတွင် မသက်သာမှု အနည်းငယ် ခံစားလိုက်ရသည်။

သို့သော် ရွှမ်ယွမ်ယွမ်ချီကို ထိုသံချပ်ကာဝတ်စုံနှင့် မြင်သောအခါ ဤအမျိုးသမီးအတွက် စစ်မြေပြင်သည် သင့်တော်သော နေရာဟုလည်း လုချန်းခံစားနေရသည်။ သူမကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် အတင်းအကျပ် ထားရှိခြင်းက မသင့်လျော်ပေ။ ထိုအရာက သူမ၏ ပင်ကိုစရိုက်ကို ဖျက်ဆီးရာ ရောက်လိမ့်မည်။

.........

လဝက်ခန့် အကြာတွင် ဝူကျန်းဝမ် ဝူနိုင်ငံတော်သို့ ပြန်ရောက်လာခဲ့သည်။ သူမ ရောက်သည်နှင့် နန်းတွင်းရှိ ဝန်ကြီးအများအပြား၏ စွပ်စွဲပြစ်တင်မှုကို ရင်ဆိုင်လိုက်ရသဖြင့် ဝူကျန်းဝမ် အံ့အားသင့်သွားသည်။

ယွဲ့ဧကရာဇ်ကို ဝူနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ရန် သူမ မစည်းရုံးနိုင်ခဲ့ခြင်းသည် သူမ၏ ညံ့ဖျင်းမှုကြောင့်ဟု စွပ်စွဲနိုင်သော်လည်း ဤမျှလောက် ပြင်းထန်သော စွပ်စွဲပြစ်တင်မှုကို သူမ မခံရသင့်‌‌ချေ။

သူမ၏ အာဏာ ကြီးထွားလာသည်နှင့်အမျှ ဝန်ကြီးအချို့တွင် မကျေနပ်မှုများ ရှိလာနိုင်သော်လည်း ဝူကျန်းဝမ်ကို စုပေါင်း၍ မကြောက်မရွံ့ စွပ်စွဲပြစ်တင်ရဲသည်အထိ သတ္တိ မရှိသင့်ပေ။

နောက်ကွယ်မှ တစ်စုံတစ်ဦးက ကြိုးကိုင်နေသည်ဟု ဝူကျန်းဝမ် သံသယရှိလာသည်။ ထို့ကြောင့် သူမ မရှိစဉ် ဝူနိုင်ငံတော်တွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း စုံစမ်းရန် သူမ၏ ဩဇာအာဏာကို အသုံးပြုခဲ့သည်။ နန်းတွင်း ဝန်ကြီးများ၏ သဘောထားများ ဤမျှ သိသိသာသာ ပြောင်းလဲသွားရခြင်း၏ အကြောင်းရင်းကိုလည်း စုံစမ်းခဲ့သည်။

မည်သူက သူမကို ပစ်မှတ်ထား နေသနည်း။

စိမ်းလန်းသောမိုးတိမ်ခန်းမဆောင်အတွင်း၌ အမျိုးသမီးကိုယ်ရံတော်တစ်ဦး၏ အသံသည် ခန်းမဆောင်တစ်ခွင်တွင် ပဲ့တင်ထပ်နေ၏။ ဝူကျန်းဝမ်သည် ခမ်းနားထည်ဝါသော ထိုင်ခုံတစ်ခုပေါ်တွင် လှဲလျောင်းရင်း ကိုယ်ရံတော်၏ အစီရင်ခံမှုကို တိတ်ဆိတ်စွာ နားထောင်နေသည်။

ခဏအကြာတွင် ဝူကျန်းဝမ် ဝူနိုင်ငံတော်၌ မရှိစဉ် ဖြစ်ပျက်ခဲ့သော အဓိက ဖြစ်ရပ်များအားလုံးကို အစီရင်ခံပြီးစီးသွားခဲ့သည်။

ကိုယ်ရံတော်၏ အသံမဆုံးသေးခင်မှာပင် ဝူကျန်းဝမ်က နှာခေါင်းရှုံ့ကာ

“ချိုင်လူကြီးမင်းကို ခေါ်ခဲ့ပါ။”

ဝူကျန်းဝမ် စကားဆုံးသည်နှင့် ချိုင်ကျိလျှံ၏ အသံ ခန်းမဆောင်အပြင်ဘက်မှ ထွက်ပေါ်လာ၏။

“မင်းသမီး ခေါ်ဖို့ မလိုပါဘူး။ ကျွန်တော် ရောက်နေပါပြီ။”

ခန်းမဆောင်ထဲသို့ ဝင်လာပြီးနောက် ချိုင်ကျိလျှံသည် အနီရောင် ကန့်လန့်ကာဖြင့် ကာဆီးထားသော နေရာမှ ဝူကျန်းဝမ်ကို ဦးညွှတ်အရိုအသေပြုကာ

“ မင်းသမီးကို အရိုအသေပြုပါတယ်။”

ထိုအခိုက်အတန့်တွင် ဝူကျန်းဝမ်က

“ချိုင်လူကြီးမင်း အခုတလော တော်တော် အလုပ်များနေပုံပဲ။”

ချိုင်ကျိလျှံက

“မင်းကြီးက မြောက်ပိုင်းပြည်နယ်ကို စစ်တပ်စေလွှတ်ဖို့ စီစဉ်ထားတာဆိုတော့ ကျွန်တော်လည်း လုပ်စရာ ကိစ္စတွေ အများကြီး ရှိတာပေါ့။”

ဝူကျန်းဝမ်က

“ချိုင်လူကြီးမင်း သိသင့်တာက နန်းတွင်းက ဝန်ကြီးအများအပြားက ကျွန်မကို အခုတလော နာမည်ဖျက်နေကြတယ် ဆိုတာပဲ။”

ချိုင်ကျိလျှံက

“ ဒေါသကို ထိန်းချုပ်ပါ မင်းသမီး။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက မင်းသမီးအတွက် တကယ် မကောင်းပါဘူး။ ဒါပေမဲ့ နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က လှုံ့ဆော်နေတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စအတွက် မင်းသမီး ပြဿနာ အများကြီး မဖြစ်သင့်ပါဘူး။”

ဝူကျန်းဝမ်က

“ဒါကို ဘယ်သူက နောက်ကွယ်ကနေ လှုံ့ဆော်တာဖြစ်နိုင်လဲ ချိုင်လူကြီးမင်း”

“ကျွန်မရဲ့ အစ်ကိုမောင်တွေထဲက တစ်ယောက်လား။ ဒါမှမဟုတ် ‘သူ’ ဖြစ်နိုင်မလား”

ဝူကျန်းဝမ်က တိတိကျကျ မပြောသော်လည်း ချိုင်ကျိလျှံက “သူ” ဆိုသည်မှာ အထူးသဖြင့် တစ်စုံတစ်ဦးကို ရည်ညွှန်းကြောင်း နားလည်ခဲ့သည်။

ထို ‘သူ’က ဝူဧကရာဇ်ကို ဆိုလိုသည်မှာ ထင်ရှားသည်။ ဝူဧကရာဇ် သူမကို မယုံကြည်တော့သဖြင့် သူမ၏ အာဏာ တိုးချဲ့ခြင်းကို တားဆီးရန် ပြုလုပ်ခြင်းလည်း ဖြစ်နိုင်သည်။ ကျူးနိုင်ငံတော်နှင့် မဟာမိတ်ဖွဲ့ရန် မအောင်မြင်ခဲ့မှုသည် အမှန်တကယ်ပင် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့သည်။

ထိုအချိန်တွင် ချိုင်ကျိလျှံက

“ကျွန်တော့်အမြင်အရတော့ မင်းသမီးရဲ့ အစ်ကိုမောင်တွေက ဒါကို မင်းသမီးကို စွပ်စွဲပြစ်တင်ဖို့ အခွင့်အရေးအဖြစ် မြင်နေတာ ဖြစ်နိုင်ပါတယ်။”

ဝူကျန်းဝမ်က အေးစက်စွာ နှာခေါင်းရှုံ့ကာ

“ကျွန်မက ဝူနိုင်ငံတော်ရဲ့ ကောင်းကျိုးအတွက် ပြေးလွှားလုပ်ကိုင်ခဲ့တာကို သူတို့က ပူးပေါင်းပြီး ကျွန်မကို နာမည်ဖျက်နေကြတယ်။”

ဤအချိန်အထိ ချိုင်ကျိလျှံရော ဝူကျန်းဝမ်ပါ နောက်ကွယ်က ကြိုးကိုင်သူ မည်သူဖြစ်နိုင်သည်ကို မည်သည့် သဲလွန်စမှ မရရှိကြ သေးပေ။

ယခုအချိန်သည် ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်တို့ စစ်ဖြစ်နေသော အရေးကြီးသော အချိန်ဖြစ်ပြီး မြောက်ပိုင်းနယ်စားမင်းသားက ဝူနိုင်ငံတော်မှ ဝန်ကြီးများကို စည်းရုံး၍ ရန်သူနိုင်ငံ၏ မင်းသမီးတစ်ပါး စွပ်စွဲပြစ်တင်ဖို့ စဉ်းစားလိမ့်မည်ဟု သူတို့၏ စိတ်ထဲတွင် တစ်ခါမှ မပေါ်ခဲ့ပေ။

မည်သို့ပင်ဆိုစေ စစ်ပွဲကို စတင်ခဲ့သူမှာ ဝူဧကရာဇ်ဖြစ်၏။ မင်းသမီးကျန်းဝမ် မဟုတ်ပေ။ ဝေဖန်ပြစ်တင်ခိုင်းမှုက အကျိုးသက်ရောက်မှု ရှိသည်ဆိုလျှင်ပင် သူမ၏ မင်းသမီးဘွဲ့ ဆုံးရှုံးခြင်းက ဝူနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ်ကြား ပဋိပက္ခအပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။

ဝူကျန်းဝမ်နှင့် ချိုင်ကျိလျှံတို့ နောက်ကွယ်က ပြဿနာရှာသူကို ရှာဖွေဖို့ စဉ်းစား‌သောအခါ ထိုအချက်နှင့် ပတ်သက်၍ တိုက်ရိုက်အကျိုးရှိနိုင်သူများကိုသာ စဉ်းစားနိုင်ကြသည်။

ပြစ်တင်ဝေဖန်ခြင်းမှ အကျိုးအမြတ်ရရှိသူသည် ပြဿနာရှာသူ ဖြစ်နိုင်ပေသည်။

ရှင်းနေသည့်အချက်တစ်ခုက သူမကို နှိမ်နင်းနိုင်လျှင် သူမ၏ အစ်ကိုမောင်များအတွက် အလွန် အကျိုးရှိမည် ဖြစ်သည်။ ထို့ကြောင့် ဝူကျန်းဝမ်နှင့် ချိုင်ကျိလျှံတို့၏ ပထမဆုံး အတွေးက ထို အသုံးမကျသော မင်းသားများက ဝန်ကြီးများနှင့် ပူးပေါင်းကြံစည်ကြခြင်း ဖြစ်မည်ဟု ယူဆခြင်းဖြစ်သည်။

ထိုစဉ် ဝူကျန်းဝမ် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး မျက်မှောင်ကြုတ်ကာ

“ဒီကိစ္စက ဒီလောက် ရိုးရှင်းတယ်လို့ ကျွန်မ မထင်ဘူး။ ကျွန်မရဲ့ အစ်ကိုမောင်တွေ တကယ်လုပ်တာ ဖြစ်ရင်တောင် ဖခင်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် သူတို့ရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေကို လုံးဝ တားဆီးမှာပဲ။”

ပြင်းထန်သော အန္တရာယ် အငွေ့အသက် တစ်ခုကို ဝူကျန်းဝမ် ခံစားလိုက်ရ၏။ သူမ၏ ဖခင် သူမနှင့် ဝေးကွာသွားပြီဟု ခံစားလိုက်ရခြင်းဖြစ်သည်။ မဟုတ်လျှင် သူက ထိုဝန်ကြီးများကို သူမ၏ နာမည်ဖျက်ခွင့် ဘာ့ကြောင့်ပေးရမည်နည်း။

သူမ၏ ဖခင်အတွက် ထိုဝန်ကြီးများကို တားဆီးခြင်းက ပြဿနာမဟုတ်ပေ။ သူ ဘာမှ လုပ်ဆောင်မှု မရှိခြင်းက သူလည်း သူမကို နှိမ်နင်းရန် စဉ်းစားနေခြင်း ဖြစ်နိုင်သည်ကို ပြသနေသည်။ ထို့ကြောင့် သူမကို ဝေဖန်ပြစ်တင်သည့် ကိစ္စများ နန်းတွင်း၌ ဤမျှကြာကြာ ဆက်ရှိနေနိုင်ခြင်း ဖြစ်သည်။

ဝူကျန်းဝမ်၏ စကားကို ကြားပြီးနောက် ချိုင်ကျိလျှံလည်း ခဏတာမျှ တိတ်ဆိတ်သွားပြီး

“မင်းသမီး။ ဒီအကြောင်းတွေ အများကြီး မစဉ်းစားတာ အကောင်းဆုံးပါ”

ချိုင်ကျိလျှံသည် သူမကဲ့သို့ပင် ပညာရှိသူဖြစ်သောကြောင့် ဝူဧကရာဇ်၏ အတွေးများကို နားမလည်ပဲ နေမည်မဟုတ်ပေ။ မင်းသမီးကျန်းဝမ်သည် ပြီးခဲ့သည့်နှစ်က အောင်မြင်မှုများ အတော်ရခဲ့ပြီး မင်းသားများ၏ အနေအထားများကို သိသိသာသာ ခြိမ်းခြောက်ခဲ့သည်။ ထိုမင်းသားများသည် ဝူနိုင်ငံတော်တွင် တဖြည်းဖြည်း အရေးမပါတော့သည်အထိ ဖြစ်လာခဲ့သည်။

ယခုခေတ်တွင် ဝူနိုင်ငံတော်၏ သာမန်ပြည်သူများက ဝူနိုင်ငံတော်၏ မင်းသမီးကိုသာ သိကြပြီး ဝူနိုင်ငံတော်၏ မင်းသားများကိုမူ မသိကြသလောက် ဖြစ်‌နေသည်။

ဝူဧကရာဇ် သူမအား မကျေမနပ် ဖြစ်နေနိုင်သည်ဟု ဝူကျန်းဝမ် တွေးလိုက်ပြီး နောင်တွင် သူမ ပိုမို နှိမ့်ချစွာ နေထိုင်ရမည်ဟု စဉ်းစားလိုက်သည်။

....

ထိုအတောအတွင်း

ဝူနိုင်ငံတော်၏ အိမ်ထောင်စုရေးရာ ဝန်ကြီးကျောင်းယွမ်ပိုင်၏ အိမ်သို့ ယနေ့ ထူးခြားသော ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။

ဧည့်ခန်းမတွင် ကျောင်းယွမ်ပိုင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားပြီး လည်ပင်းတွင် ရွှေဆွဲကြိုးထူထူ ဆွဲထားသော သက်လတ်ပိုင်း ခပ်ဝဝ အမျိုးသားတစ်ဦး ဖြစ်၏။ ထိုသူ့ထံမှ ကြွယ်ဝချမ်းသာသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ကျောင်းယွမ်ပိုင်က ပြုံးလျှက်

“ချွမ်ရှင်းချန်။ ခင်ဗျား မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့ပါတယ်။ ခင်ဗျား မင်းသားဝူမင်း ကို သစ္စာခံမယ်လို့ ကျွန်တော် လုံးဝ မတွေးခဲ့မိပါဘူး။”

ချွမ်ရှင်းချန်က ပြုံးလျှက်

“မင်းသမီးက အမျိုးသမီးတစ်ယောက်ပဲ။ သူ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ထီးနန်းကို ဆက်ခံနိုင်ဖို့ အခွင့်အရေး မရှိဘူး။ သူ့နောက် လိုက်တာ ဘယ်မှ ရောက်မှာ မဟုတ်ဘူး။”

ကျောင်းယွမ်ပိုင်က

“ခင်ဗျား ဝူမင်းမင်းသားကို သစ္စာခံပြီးပြီဆိုတာ မင်းသမီးကျန်းဝမ် သိသွားမှာ မကြောက်ဘူးလား”

ဟု မေးလိုက်သည်။

ချွမ်ရှင်းချန်က ပြုံးလျှက်

“မင်းသမီးက သူ့မျက်စိထဲ အမှုန်အမွှား လေးတစ်ခုတောင် အဝင်မခံတတ်ပါဘူး”

“ ဒါပေမဲ့ ကျောင်းလူကြီးမင်း မဖော်ထုတ်ဘူးဆိုရင် မင်းသမီးက ကျွန်တော် မင်းသား ဝူမင်းဘက်ကို ပါသွားပြီဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။”

ထိုသို့ ပြောရင်း ချွမ်ရှင်းချန်က သူ၏ လက်ထဲမှ ငွေလွှဲလက်မှတ် တစ်ထပ်လ

ကို ထုတ်ယူကာ ကျောင်းယွမ်ပိုင်ရှေ့တွင် ချထားလိုက်သည်။

“ဒါက ကျွန်တော့်ဘက်က ရိုးသားမှုရဲ့ ပြယုဂ်ပါ ကျောင်းလူကြီးမင်း။ ကျေးဇူးပြုပြီး လက်ခံပေးပါ။”

ကျောင်းယွမ်ပိုင်သည် သူ့ဘေးရှိ ငွေလွှဲလက်မှတ်အထပ်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသော်လည်း ထိုတောက်ပမှုကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး သူ့မုတ်ဆိတ်ကို ပွတ်သပ်ကာ ရွှင်ပြုံးသော မျက်နှာဖြင့်

“ဟုတ်ပါပြီ။ ကောင်းပါပြီ။ မင်းသား ဝူမင်းကို ခင်ဗျားကောင်းကြောင်း ကျွန်တော် ပြောပြပါမယ်။”

ထိုအခိုက်အတန့်တွင် ချွမ်ရှင်းချန်က စာရွက်အထပ်တစ်ခုကို ထုတ်ယူကာ ပြုံးလျှက်

“ကျောင်းလူကြီးမင်း။ ဒီစာရွက်တွေထဲမှာ မင်းသမီးကျန်းဝမ် နှစ်ပေါင်းများစွာအတွင်း လုပ်ခဲ့တဲ့ မသမာမှုတွေ ရေးမှတ်ထားပါတယ်။ မင်းသားအတွက် အလွန် အသုံးဝင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

ထိုစကားကို ကြားသောအခါ ကျောင်းယွမ်ပိုင် စိတ်လှုပ်ရှား သွားပြီး ချွမ်ရှင်းချန်၏ လက်ထဲမှ စာရွက်များကို အလျင်အမြန် ယူလိုက်သည်။ ခဏတာ ကြည့်ရှုပြီးနောက် သေချာ သိမ်းဆည်းလိုက်သည်။

“မင်းသားက ဒါတွေအတွက် ခင်ဗျားကို သေချာပေါက် ဆုချလိမ့်မယ်။”

ချွမ်ရှင်းချန်က အေးဆေးစွာဖြင့်

“ဒါက ကျွန်တော် လုပ်သင့်တဲ့ အရာပါ။”

.........

All Chapters